← Chapters

ဒေါက်တာ Dott ရဲ့ BUG ၂

Vol. 74 Ch. 1107

ဒေါက်တာ Dott ရဲ့ BUG ၂

Vol. 74 Ch. 1107

နောက်ပြီး မြင်းများက သူတို့သခင်ကိုအသံနှင့်ခွဲနိုင်သည်။ ဉာဏ်အလွန်ကောင်းပြီး အမြင့်ဆုံး IQ က ၁၀ နှစ်သားကလေးအရွယ်လောက်ရှိနိုင်သည်။

ရုပ်ရှင်ထဲတွင် စစ်သူကြီးများအဝိုင်းခံရလျှင် သူတို့မြင်းကရုတ်တရက်ပြေးလာပြီးကယ်တတ်သည်။ ဒါ သူတို့ရဲ့သစ္စာရှိမှုအပြင် ဉာဏ်ကောင်းခြင်းလည်းပါသည်။

ခြင်္သေ့လေးက အလွန်ဉာဏ်ကောင်းသည်။ အခုနေမကောင်းသောအခါ ကလေးလိုဖြစ်နေသည်။ ကလေးတွေမိဘရှာသလို ခြင်္သေ့လေးက သခင်ကိုရှာသည်။

ခြင်္သေ့လေးခေါင်းနှင့်ဝှေ့နေသောချင်လင်လည်း လက်လှမ်းပြီးခေါင်းကိုသပ်ပေးလိုက်သည်။ သူ့အပြုအမူကြောင့် စိတ်သက်သာရာရသွား၏။

တခါတည်း ပူခြစ်နေသောသူ့ခန္ဓာကိုယ်ကိုလည်းခံစားမိသည်။

"ခြင်္သေ့လေး ဘယ်လိုနေလဲ?''

ချင်လင်က တန်းမေးသည်။

ကျန်းကွေ့ကျူက_

"အတည်ပြုပြီးပါပြီ.. ကူးစက်ခံရတာပဲ... ဒါပေမဲ့ ထူထူထောင်ထောင်ရှိသေးတယ်ဆိုတော့ မဆိုးသေးဘူး... ဒါပေမဲ့ စံအိမ်တခြားတိရစ္ဆာန်လေးတွေ နည်းနည်းဒုက္ခများနေတယ်... ဘဲလေးတွေသေကုန်ပြီ... ရှဉ့်လေးတွေ မတောင့်ခံနိုင်လောက်တော့ဘူး... အဖြေမရှာနိုင်ရင် အခြေအနေက အရမ်းဆိုးတော့မှာ''

ချင်လင်က ကျန်းကွေ့ကျူအား ဆေးထိုးအပ်နံပါတ် ၆ ပေးပြီး_

"ခြင်္သေ့လေးကိုအရင်ထိုးပေးလိုက်... ပြီးရင် ရှဉ့်လေးတွေကိုထိုးပေး... ကျန်တာကို ဆက်မထိန်းနိုင်တော့တဲ့ဝဂ်ယူနွား ဆင်ပျော် ကာယဗလဝက် ဒေါင်းဖြူတွေကိုထိုးမယ်''

ရှဉ့်လေးများအတွက် သေချာမှာလိုက်သည်။

ရှဉ့်လေးတွေကဂိမ်းထဲမှမဟုတ်သော်လည်း ချင်းလင်စံအိမ်အတွက်အဓိကကျသည်။ စံအိမ်မှာအနေကြာပြီး စံအိမ်အတွက်အလုပ်လုပ်ပေးသောကောင်လေးများဖြစ်သည်။

တခြားဂိမ်းတိရစ္ဆာန်များကိုမူ ဂိမ်းထဲမှထပ်ထုတ်နိုင်၍ အလျင်မလိုသေး။ မဟုတ်လို့ အားလုံးတစ်ခါတည်းကုလိုက်ရင် အာရုံစိုက်ခံနေရမည်။

သူဆေးရည်ထုတ်ရဦးမည်။

ဒီတော့ ဆက်မထိန်းနိုင်တော့မှ ဆေးထိုးပေးရုံသာ။

ကျန်းကွေ့ကျူက ဆေးမြင်ပြီးဝမ်းသာနေသည်။

သူမသိပြီးသားဖြစ်၍ ချက်ချင်းယူပြီး ခြင်္သေ့လေးကိုထိုးပေးလိုက်သည်။

"သူဌေး... ခြံမှာတိရစ္ဆာန်တွေအများကြီးကူးစက်ခံထားရတာ... ဆေးမလောက်ဘူးထင်တယ်''

သူမကဆေးထိုးပြီးမေးလိုက်သည်။

"ကျွန်တော်ပြောသလိုလုပ်ပါ... လောလောဆယ် ဒီဆေးကိုအများကြီးမထုတ်နိုင်သေးဘူး''

ချင်လင်က သာမန်ကာလျှံကာသာရှင်းပြသည်။

ဒါပေမဲ့ ဆေးရည်အမြန်ဆုံးထုတ်ရမည်။ မဟုတ်ရင် မွေးမြူရေးခြံကတိရစ္ဆာန်တွေသေတာ ထိုင်ကြည့်နေရမည်။

ဘာပဲဖြစ်ဖြစ် ဂိမ်းထဲကတိရစ္ဆာန်ထုတ်ပြီး အစားထိုးရတာလည်း ကရိကထများသည်။

ခြင်္သေ့လေးကိုဆေးထိုးပြီးသည်နှင့် မြင်းပြိုင်ကွင်းအပြင်ခေါ်သွားရန် ချင်လင်လည်း ကျန်းကွေ့ကျူအားမှာခဲ့သည်။

မွေးမြူရေးခြံတွင် ကူးစက်ခံရသောတိရစ္ဆာန်များသည်။ မြင်းပြိုင်ကွင်းမှမြင်းများတောင် ကူးစက်ခံရသည်။ ခြင်္သေ့လေးကို မွေးမြူရေးခြံမှာဆက်ထားရင် ဆေးထိုးပြီးလည်းပြန်ဖြစ်နိုင်သည်။

ချင်လင်က ခြင်္သေ့လေးကိုမွေးမြူရေးခြံအပြင်ထုတ်လာသည်။

ခြင်္သေ့လေးက အသာတကြည်လိုက်လာ၏။ ဆေးထိုးပြီးနောက် အာနိသင်မြန်မြန်ဆန်ဆန်ရပြီး မြင်းပြိုင်ကွင်းမှာလို ဟိုယိုင်ဒီယိုင်မဟုတ်တော့။

ချင်လင်က ခြင်္သေ့လေးကိုအပန်းဖြေစံအိမ်ပြန်ခေါ်လာသည်။ နေပြန်ကောင်း၍ဆော့ကစားနေပြီဖြစ်သော ဝမ်ချိုင်နှင့်ရှောင်ရွှယ်ကပြေးလာပြီး ခြင်္သေ့လေးကိုစူးစူးစမ်းစမ်းနှင့်ဟောင်ကြသည်။

"ဟီ.. ဟီ~''

ခြင်္သေ့လေးကလည်း ပြန်အော်သည်။

ခဏအကြာ ရှောင်ဝူနှင့်ရှောင်ပေါင်လည်းပျံလာပြီး ခြင်္သေ့လေးကျောပေါ်နားသည်။

"ကြည့်ကောင်းလိုက်တဲ့ကောင်!''

ရှောင်ဝူက ခြင်္သေ့လေးကိုချီးကျူးသည်။

ချင်လင်က ကောင်းယောင်ယောင်ကိုဖုန်းဆက်ပြီး ခြင်္သေ့လေးကိုဂရုစိုက်ခိုင်းသည်။ ထို့နောက် သူ့ရုံးခန်းထဲအပြေးပြန်လာ၏။

ရုံးခန်းထဲဝင်ဝင်ချင်း တံခါးလော့ချပြီး ဆေးနည်းတထပ်ကြီးထုတ်လိုက်သည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။

ဂိမ်းထဲမှပြန်ထွက်ပြီးနောက် သူ့စိတ်ထဲရှိဖန်သားပြင်ပေါ်မှဂိမ်းဇာတ်ကောင်ကိုကြည့်လိုက်ရာ ကျောပိုးအိတ်ထဲတွင် ဆေးနည်းအပုံလိုက်ရောက်နေပြီ။

သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားပြီး ဒေါက်တာ Dott ရှာကာ ဆေးနည်းဓာတ်ခွဲပြုပြင်မည်ကိုရွေးစေသည်!

ဓာတ်ခွဲမည့်ဆေးနည်းကိုသေတ္တာထဲထည့်လိုက်ရာ အသိပေးစာပေါ်လာသည်။

(လက်ရှိဆေးနည်းကိုဓာတ်ခွဲပြုပြင်လိုပါသလား?)

ချင်လင်က 'လုပ်မည်'ကိုတန်းရွေးလိုက်သည်။

ခဏအကြာ ဓာတ်ခွဲရလဒ်အသိပေးစာထွက်လာသည်။

(သင့်ဆေးနည်းက တန်ဖိုးလုံးဝမရှိပါ!)

ချင်လင် မျှော်လင့်ထားပြီးသား။ သူကျပန်းလျှောက်ရေးတဲ့ဆေးနည်းကအောင်မြင်ရင် ဂိမ်းထုတ်ကုန်ဆေးက အဖိုးမတန်ဖြစ်နေမှာပေါ့။

သူကချက်ချင်း ဒုတိယဆေးနည်းကိုထုတ်လိုက်သည်။

(စိတ်မကောင်းပါ... သင့်ဆေးနည်းက တန်ဖိုးမရှိပါ... ဓာတ်ခွဲမရပါ!)

…

(စိတ်မကောင်းပါ... )

…

(စိတ်မကောင်းပါ... )

သူက(ဓာတ်ခွဲမည်)ကို အဆက်မပြတ်နှိပ်သည်။ တစ်ခုမှအာနိသင်မရှိ။ နောက်ဆုံးစာရွက်အထိ (စိတ်မကောင်းပါ)ဖြစ်နေသည်။

တရုတ်တိုင်းရင်းဆေးပင်နာမည်တွေပါရုံနဲ့ ဆေးနည်းလွယ်လွယ်ဖြစ်မလာတာအမှန်ပင်။ သူ့ကံကိုသာ အားကိုးရတော့မည်။

ချင်လင်က ဆေးပင်နာမည်များမှတ်မိသောကြောင့် ရုံးခန်းထဲတွင်ဆက်ရေးသည်။

နေ့ဝက်ကြာပြီးနောက် နောက်ထပ်ဆေးနည်းတထပ်ကြီးရလာသည်!

လျှောက်ရေးတာကလည်း ဉာဏ်သုံးရသေးသည်။ မယုံရင် စာလုံးရေ ၈၀၀ ပါတဲ့စာစီစာကုံးတစ်ပုဒ်ရေးကြည့်ပါ!

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေပြီး ဂိမ်းထဲဆေးနည်းများထပ်ထည့်လိုက်သည်။ ထို့နောက် သူကဂိမ်းထဲမှထွက်၍ ဂိမ်းဇာတ်ကောင်အား တစ်ခုချင်းဓာတ်ခွဲကြည့်စေ၏!

ဖြစ်ချင်တော့ ဆေးနည်းတစ်ခုမှအသုံးမဝင်။

“အာ!”

ချင်လင် သက်ပြင်းမှုတ်ထုတ်လိုက်သည်။

သူ့ဦးနှောက်ကိုရေညှစ်ပြီး ဆေးနည်းဖန်တီးရပြန်သည်!

နောက်ရက်များတွင် သူ့ရုံးခန်းထဲအချိန်ကုန်သည်ကများသည်။

နေ့တိုင်းဆေးနည်းလျှောက်ရေးသော်လည်း 'စိတ်မကောင်းပါ'ဟူသောအသိပေးစာများသာတက်နေဆဲ။

အောင့်သက်သက်နှင့်ခံရခက်သည်။

စတုတ္ထမြောက်နေ့ ဓာတ်ခွဲသေတ္တာထဲဆေးနည်းထည့်လိုက်သောအခါ အံ့ဩစရာအသိပေးစာရလာသည်:

(ဟမ်? ဆေးနည်းကောင်းဖြစ်မယ်.. ခဏစောင့်ပါ)

……

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လိုင်းပေါ်မှာပျားပန်းခတ်နေသည်။

တိရစ္ဆာန်ရောဂါလည်းပိုပြန့်လာ၏။

အောင်းနေသောဗိုင်းရပ်စ်ကအုံကြွပြီး အိမ်မွေးတိရစ္ဆာန်၊မွေးမြူရေးတိရစ္ဆာန်များ ကူးစက်ခံရသည်။

ချင်းလင်မွေးမြူရေးမှတိရစ္ဆာန်အတော်များများနာကြ၏။

တခြားနေရာများလည်း အတူတူပင်။

နိုင်ငံရပ်ခြားတွင် ပိုဆိုးသည်။ အကြောင်းအရင်းမရှိ ရောဂါဖြစ်နှုန်းပိုပြင်းထန်လာပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။ တချို့နိုင်ငံများတွင် တိရစ္ဆာန်အသေအပျောက်များသည်။

ဒါကြောင့်လည်း ကမ္ဘာတလွှားသက်ဆိုင်ရာဓာတ်ခွဲခန်းများကိုပိုအလုပ်များစေသည်။

အမေရိကဓာတ်ခွဲခန်းတစ်ခု_

ဓာတ်ခွဲခန်းဌာနမှူး Bowens က ဖုန်းချလိုက်သည်။

လူကြီးတစ်ယောက်က သူလွှဲအပ်ထားသောကိစ္စအခြေအနေအကြောင်း ဖုန်းဆက်မေးခြင်းပင်။

Bowens မှာ တိရစ္ဆာန်ရောဂါတွင်ကမ္ဘာကျော်ပညာရှင်တစ်ဦးဖြစ်ပြီး အပူချိန်မြင့်သွေးခဲဗိုင်းရပ်စ်ကိုလေ့လာနေသည်။

ဖုန်းချပြီးနောက် Bowens က သူ့အတွင်းရေးမှူးကိုခေါ်ပြီးမေးသည်_

"ပူးပေါင်းသုတေသနအကြံပြုချက်က ဘယ်လိုလဲ? ဖိတ်ထားတဲ့နိုင်ငံတွေက လက်ခံလား?''

အတွင်းရေးမှူးက လောလောနှင့်ရှင်းပြသည်_

"မစ္စတာ Bowens.. အကြံပြုချက်ပြီးပြီ... ဖိတ်ထားတဲ့နိုင်ငံတွေကလက်ခံတယ်... ဘာပဲဖြစ်ဖြစ် ဒီလိုသုတေသနမျိုးမှာ ခင်ဗျားကကမ္ဘာ့အတော်ဆုံးပဲ... တိရစ္ဆာန်နာတာတွေက ကျွန်တော်တို့ထင်တာထက်ပိုပြင်းထန်နေတာ... တချို့နေရာတွေမှာ အသေအပျောက်များနေပြီ... သူတို့လည်း ပူးပေါင်းလုပ်ပြီး သူတို့နာမည်ဆယ်နိုင်ဖို့မျှော်လင့်နေကြတာ''

"အားလုံးက ပူးပေါင်းသဘောတူညီချက်ကိုလက်မှတ်ထိုးချင်တာလား?''

Bowens က ထပ်မေးသည်။

"ဟုတ်တယ်.. အားလုံးကလုပ်ချင်တယ်''

အတွင်းရေးမှူးကခေါင်းညိမ့်သည်။

"ကောင်းတယ်''

Bowens ပြုံးလိုက်သည်။ လက်မှတ်ထိုးထားသရွေ့တော့ သုတေသနအောင်မြင်ရင်တောင် အရှေ့တိုင်းနိုင်ငံတွေကိုနည်းပညာမပေးနိုင်။

ဒါကလည်း အရှေ့တိုင်းနိုင်ငံတွေနဲ့သီးခြားနေရတဲ့အကြောင်းရင်းပင်။

သူ့ဦးဆောင်မှုအောက်တွင် နိုင်ငံအသီးသီးကဓာတ်ခွဲခန်းတွေမှာ အရှေ့တိုင်းနိုင်ငံတွေထက်ပိုကောင်းတဲ့ကုသရေးအစီအစဉ်ရမည်။

အောင်မြင်တာနဲ့ ဒီကုသနည်းကို အရှေ့တိုင်းနိုင်ငံတွေက အပေးအယူလုပ်ရမည်။

တဖက်က သန့်စင်မြက်၊ချင်းလင်အားဖြည့်လက်ဖက်ရည်လိုနည်းပညာတွေနဲ့ သူတို့ကိုတားမြစ်ခဲ့တာများပြီ။

ဒီအစီအစဉ်အတိုင်းလုပ်နိုင်ရင် တဖက်ကနည်းပညာနဲ့လဲလှယ်ဖို့အခွင့်အရေးရမည်။

ဘာပဲဖြစ်ဖြစ် အရှေ့တိုင်းနိုင်ငံက သူတို့တိရစ္ဆာန်တွေသေစေချင်မှာမဟုတ်ဘူးမလား?

သူတို့လက်မခံရင် သတင်းလွှင့်ဖို့လည်းကြံထားသည်။

'လူတွေက အတ္တကြီးသည်။ စဉ်းစားကြည့်ပါ၊ အိမ်မွေးတိရစ္ဆာန်တွေ၊မွေးမြူရေးတိရစ္ဆာန်တွေ ဘယ်လိုဖြစ်သွားမလဲ?'

နည်းပညာချင်းဖလှယ်ဖို့ တဖက်ကိုဖိအားပေးမည်။

ဒါကလည်း ပူးပေါင်းသုတေသန၏ရည်ရွယ်ချက်ပင်။

ဘုရားပေးတဲ့အခွင့်အရေးလည်းဖြစ်သည်။

အဓိကက သူတို့မှာတခြားနည်းမရှိရင် မဖြစ်မနေနည်းလမ်းရှာရမည်။

All Chapters