← Chapters

နတ်ဘုရားမရေကန် ပွဲတော် (1)

Vol. 26 Ch. 256

နတ်ဘုရားမရေကန် ပွဲတော် (1)

Vol. 26 Ch. 256

ကုကျစ်စုန့် အင်တာနက်ပေါ်မှ တောင်းပန်စကားများအပေါ် သေသေချာချာစဉ်းစာပြီးနောက် သူမ ပို့စ်တစ်ခုရေးလိုက်သည်။

ကုကျစ်စုန့် -gzs: [တကယ်တော့ ဘာမှ တောင်းပန်နေစရာမလိုပါဘူး.. အတိတ်မှာဖြစ်ခဲ့တာတွေက အကုန်ဖြစ်ပြီးသွားပြီလေ.. ရှင်တို့အားလုံးရဲ့ အခုရင်နာမှုတွေနဲ့ တောင်းပန်မှုတွေကလည်း တကယ်ကို စစ်မှန်ပါတယ်၊

ဒါပေမယ့် ကုကျစ်စုန့်က သေသွားပြီ၊ ဒီနေ့ရဲ့ မြင်ကွင်းတွေကို မြင်ရရင်တော့ သူမလည်း ဝမ်းသာနေမယ်ဆိုတာ သေချာပါတယ်]

ထိုပို့စ်တင်လိုက်ပြီးသည်နှင့် မရေတွက်နိုင်သည့် ကြည့်ရှု့သူများနှင့် ပရိတ်သတ်များ မှတ်ချက် ဝင်ရောက်ရေးသားခဲ့ကြသည်။

လူအများစုက သူမသည်က အတိတ်တွင် နှိပ်စက်ခံခဲ့ရသည်များကြောင့် စိတ်နေစိတ်ထား လုံးဝပြောင်းလဲသွားသည်ကို ဆိုလိုခြင်းဟု ယုံကြည်ခဲ့ကြသည်။

သူတို့မသိခဲ့ကြသည်မှာ ကုကျစ်စုန့်ရေးသားခဲ့သည့်စာသည်က အမှန်များသာလျှင်ဖြစ်ပေသည်။

ထိုနာကျင်ခံစားမှုများကို ခါးစည်းခံကာ ပျောက်ကွယ်သွားခဲ့ရသော ဝိဉာဉ်ငယ်လေးတစ်ခု အမှန်တကယ်ရှိခဲ့ပြီး ထိုအချက်ကိုလည်း သူမမှ လွဲ၍ အခြားသူများမသိနိုင်ပါချေ။

*

ကုကျစ်စုန့်တစ်ယောက် နောက်တစ်နေ့ မနက်အစောပိုင်းတွင်ပင် လေယာဉ်လက်မှတ်ဖြတ်ထားသည့်အတိုင်း ဟူနယ်ပြည်နယ်သို့ ခရီး စတင်ခဲ့သည်။

လေယာဉ်ဆိုက်ရောက်ပြီးနောက် သူမ ဦးထုတ်နှင့် နေကာမျက်မှန်တို့ကို တပ်ဆင်ကာ အနီးအနားတွင် မည်သူမှ မရှိသည့်အလား လေဆိပ်ထဲတွင် လျှောက်လာခဲ့သည်။

ဘေးမှ ဖြတ်သွားဖြတ်လာများမှာတော့ သူမအား ရင်းနှီးသည်ဟု ခံစားရသောကြောင့် မသိမသာ ကြည့်နေခဲ့ကြလေသည်။

တချို့လူများက သူမထံသို့ တိုက်ရိုက်လာ၍ အနုပညာရှင်တစ်ဦး ဟုတ်၊မဟုတ် မေးခွန်းထုတ်လိုကြပြီး တချို့ကတော့ သူမက အင်မတန်ချောမောလှပသောကြောင့် ဆက်သွယ်၍ ရနိုင်မည့် အချက်အလက်များ မေးမြန်းလိုကြသည်။

သို့သော် သူမ၏ အားကောင်းသည့် ကိုယ်ရှိန်ကိုယ်ဝါကြောင့် မည်သူတစ်ဦးတစ်ယောက်မှ စကားလာမပြောရဲခဲ့ကြပေ။

မကြာခင် ရိုးရာ မြောင်ဝတ်စုံ၊ ငွေလက်စွပ်နှင့် သရဖူတို့ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးအား မြင်လိုက်ရသောကြောင့် ကုကျစ်စုန့် ရပ်တန့် လိုက်သည်။

မြောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမချောလေးက သူမကို လက်ဝှေ့ရမ်းပြလိုက်လေသည်။

“ဒီဘက်မှာ!”

ထိုအမျိုးသမီးက တစ်ချိန်က သူမနှင့် တွေ့ဆုံခဲ့ဖူးသော ဂဲလီယိုချန်းပင်။

ကုကျစ်စုန့်: “အကြာကြီးစောင့်လိုက်ရပြီလား”

ဂဲလီယိုချန်းကတော့ အင်မတန် စိတ်ရွှင်နေဟန်ရသည်။

“ငါလည်း ခုနလေးကမှ ရောက်တာ၊ နင့်ကို ငါတို့ရဲ့ ရွာကို ခေါ်သွားပေးမယ်.. ငါက နင်လာမယ်ဆိုတာကိုကြားရပြီး အရမ်းကို ဝမ်းသာနေတာ!”

သူမက ပြောပြောဆိုဆိုဖြင့်ပင် ကုကျစ်စုန့်ကို သူမ၏ ကားထဲသို့ ခေါ်သွားခဲ့လေသည်။

သူမက သာမန်အဝတ်အစားကိုသာ ဝတ်ဆင်သော်လည်း သူမ မောင်းသည့် ကားကတော့ အနီရောင်ပြိုင်ကားတစ်စီးဖြစ်ပြီး မျက်လုံးထဲတွင် ထင်းခနဲ ဖြစ်နေခဲ့သည်။

ကားစက်နှိုးလိုက်သည့်အချိန်တွင်ပင် ဂဲလီယိုချန်း၏ ဖုန်းမှ အသံမြည်လာခဲ့သည်။

သူမ ဖုန်းကိုင်လိုက်ပြီးနောက် မြောင်ဘာသာစကားဖြင့် အနည်းငယ်ပြောလိုက်ရင်း လေသံမှာလည်း ကျယ်လောင်လာခဲ့သည်။

သူမ ဖုန်းချလိုက်ပြီးနောက် ကုကျစ်စုန့်အား တောင်းပန်လာသည်။

“တောင်းပန်ပါတယ် စုန့်စုန့်.. ငါတို့တွေ ရွာကိုအရင်သွားပြီး နားလို့မရတော့ဘူး.. အခုလေးတင် ဖုန်းရလိုက်တယ်၊

ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပြောတာကတော့ မင်ခရိုင်ဘက်မှာရှိတဲ့ နတ်သမီးရေကန်က ရွာသားတွေ လျှို့ဝှက်မြစ်ပူဇော်ပွဲ လုပ်နေတယ်တဲ့လေ!”

“ဒီတော့ ငါတို့တွေ အဲဒီကို အရင်သွားမှပဲ ရတော့မယ်”

ဂဲလီယိုချန်း၏ မျက်နှာပေါ်မှ ကူကယ်ရာမဲ့သည့် အမူအယာကြောင့် ကုကျစ်စုန့် မျက်ခုံးကိုပင့်ကာ ပြောလိုက်သည်။

“ဒါဆိုလည်း အဲ့ဒီကို အရင်သွားရအောင်.. ဘာပဲဖြစ်ဖြစ် ကျွန်မ ဟူနန်ပြည်နယ်ကိုလာရတဲ့ အကြောင်းရင်းကလည်း အဲဒါပဲလေ”

ဂဲလီယိုချန်း: “အိုကေ”

ဝိဉာဉ်ဆိုင်ရာအထူးဌာနတွင် ‘အထူးအဖွဲ့ဝင်’အဖြစ် ပူးပေါင်းလိုက်ပြီးနောက် ကုကျစ်စုန့်တွင် အချို့သော အရေးကြီးသည့် အချက်အလက်များကို သိပိုင်ခွင့်ရခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ ပြီးခဲ့သည့် နှစ်များမှ မှတ်တမ်းများကို လှန်လှောကြည့်ရှု့လိုက်ချိန်တွင် အထက်လူကြီးများမှာ နေရာပေါင်းစုံမှ သဘာဝလွန်ဖြစ်ရပ်များ၊ ပုံမှန်မဟုတ်သော အမှုကိစ္စများအား စုဆောင်းလေ့လာထားခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။

အင်မတန်အရေးပါသည့် ကိစ္စရပ်များမှအပ အခြားသော အချက်အလက်များကို ဝိဉာဉ်ဆိုင်ရာအထူးဌာနအတွက် သီးသန့် ပြုလုပ်ထားသော တရားဝင်ပရိုဂရမ်တွင် upload ထားမည်ဖြစ်သည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ သတ်မှတ်စစ်ဆေးချက်မှုအား အောင်မြင်ပြီး တရားဝင်အဖွဲ့ဝင်ဖြစ်လာသူများသာလျှင် ဤပရိုဂရမ်အား ဝင်ရောက်အသုံးပြုနိုင်သည်။

အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမသည်လည်း အတိတ်မှ ဖြေရှင်းပြီးဖြစ်သော်ဝ သဘာဝလွန်အမှုများကို ဖတ်ရှုနိုင်သည်၊ အခြားအဖွဲ့ဝင်များနှင့် ဆက်သွယ်ဆွေးနွေးနိုင်သကဲ့သို့ သဘာဝလွန်ပညာနှင့် ပတ်သတ်၍ လေ့လာစုံစမ်းမှုများလည်း ပြုလုပ်နိုင်သည်။

ထို့အပြင် ဤပရိုဂရမ်၏ အရေးကြီးဆုံးအချက်မှာ ‘လုပ်ဆောင်ရန်’များသာပင်။

ပုံမှန်အရဆိုပါလျှင် နေရာပေါင်းစုံမှ ရဲစခန်းများသည်က ပြစ်မှုတစ်ခုတိုင်ကြားခံရပြီး စစ်ဆေးပြီးလျှင် အင်မတန် ရက်စက်၊ကြမ်းကြုတ်ပြီး လူမဆန်သော အမှုများ၊ တရားခံက ရုတ်တရက်ပျောက်ဆုံးသွားခြင်း သို့မဟုတ် ထူးဆန်းသည့် အရောင်ရှိခြင်း အစရှိသည်တို့ တွေ့ရှိပါက ရဲတပ်ဖွဲ့မှ ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သားတစ်ဦးအား အကြောင်းကြားမည်ဖြစ်သည်။

ထိုမှသာ အဖွဲ့ဝင်များမှ ပြစ်မှုများတွင် သဘာဝလွန်ပညာရပ်များ ရောယှက်ပါဝင်နေခြင်း ရှိ၊မရှိ စောင့်ကြည့်စစ်ဆေးပေးရမည်ဖြစ်သည်။

မဖြေရှင်းနိုင်သည့် အမှုများ ရှာဖွေတွေ့ရှိပါက ဒေသခံဝိဉာဉ်အထူးအဖွဲ့သည် ပရိုဂရမ်သို့တင်ကာ ဆုကြေးငွေပေး၍ ကမ္ဘာအနှံ့မှ ထူးခြားပညာရှင်များအား ကူညီဖြေရှင်းပေးရန် ဖိတ်ခေါ်တတ်ကြသည်။

ပြစ်မှုကို ဖြေရှင်းပြီးချိန်တွင် ‘လုပ်ငန်း’အား လက်ခံခဲ့သည့် ထူးခြားပညာရှင်သည်က ဆုကြေးကောင်းကောင်းအပြင် တောက်ဓမ္မပညာတွင် အသုံးတည့်သည့် မှော်လက်နက်များနှင့် ကျမ်းစာများပါ ရရှိကြသည်။

ကုကျစ်စုန့် ဟူနန်ပြည်နယ်သို့ လာခဲ့ခြင်းသည်က ‘အန္တရာယ်ရှိသည်’ဟု သတ်မှတ်ထားခံရသော လုပ်ငန်းတစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

ယခုအချိန်တွင် သူမ၏ ‘မျှော်လွင့်နေသော ပင်လယ်၏ ဒဏ္ဍာရီ’ ဇာတ်လမ်းမှာလည်း ပြီးလုနီးပြီဖြစ်သည်။

ထို့အပြင် သူမနှင့် ချန်အန်းကုမ္ပဏီတို့သည် သင့်မြတ်မှုမရှိကြ။ ကုမ္ပဏီသည်က မကောင်းသော နည်းလမ်းများကို သုံး၍ သူမအတွက် ဖိတ်ခေါ်မှုများအားလုံးကို လက်ခံခဲ့သည်။

သူမက ထိုအရာများကို ငြင်းပယ်လိုက်ပြီးနောက် အချိန်အားလပာကာ ပျော်ရွှင်ပေါ့ပါးနေခဲ့ခြင်းပင်။

ဆိုရလျှင် ကိစ္စရပ်အား သိချင်ရုံသက်သက်ကြောင့်သာလျှင် ထိုလုပ်ငန်းအား လက်ခံလိုက်ခြင်းဖြစ်သည်။

အမှု၏ အမည်မှာ ‘နတ်သမီးရေကန်အတွင်း အလောင်းနစ်မြှုပ်ခြင်းအမှု’ ဖြစ်ပြီး ကုကျစ်စုန့်မတိုင်မီက အခြားပညာရှင်နှစ်ဦးသည်လည်း ဟူနန်ပြည်နယ်မှ နတ်သမီးရေကန်သို့ သွားရောက်၍ ပြဿနာကို ဖော်ထုတ်ရန် ကြိုးစားခဲ့ကြသည်။

နှစ်ဦးလုံးလည်း ကျရှုံးခဲ့ကြသည်။

သို့နှင့် သူမလည်း အမှုအား ဝင်နှိပ်ကြည့်လိုက်ပြီးနောက် ယေဘုယျအချက်အလက်များကို ကြည့်ရှုလိုက်သည်။

လွန်ခဲ့သော လေးရက်ခန့်က နယ်မြေခံ ကလေးငယ်တစ်စုမွ် လူကြီးများ၏ စကားများ၊ ကမ်းစပ်မှ သတိပေးစာများကို လျစ်လျှူရှုခဲ့ကြသည်။

သူတို့သည်က ပိတ်ရက်တွင် လူစု၍ အနီးအနားမှ ရေကန်ကြီးထဲတွင် ရေကူးရန် ပြင်ဆင်ထားခဲ့ကြလေသည်။

ကန်၏ အမည်မှာ ‘နတ်သမီးရေကန်’ဖြစ်ပေ၏။

ထိုကန်သည်က အနီးအနားတွင် နာမည်အကြီးဆုံးနှင့် အကြီးမားဆုံးရေချိုကန်ပင်။

ကန်၏ အနက်မှာ ဆယ်မီတာကျော်ရှိပြီး အနီးအနားမှ ရွာသားများက ကန်တွင်းမှ ငါးပုဇွန်များကို ဖမ်းဆီးတတ်ကြသည်။

ကမ်းစပ်နားမှ ရေတိမ်နေရာကတော့ အနက်တိမ်သော်ငြား ကန်အနီးတွင်‌ နေထိုင်သည့် လူဦးရေ များပြားလွန်းပြီး ပြဿနာတစ်ခုခုဖြစ်မည်ကို စိုးရိမ်သောကြောင့် ဒေသခံအစိုးရအဖွဲ့နဲ့ နေထိုင်သူများသည်က ကလေးငယ်များကို ကန်ထဲသို့ ဆင်းခွင့်မပေးကြ။

သို့သော် ထိုနေ့က ရေကူးသွားခဲ့ကြသည့် ကလေးငယ်အဖွဲ့တွင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပွားခဲ့ရသည်။

သူငယ်ချင်းများနှင့် ပြိုင်ဆိုင်နေသည့် ကောင်လေးတစ်ဦးသည်က ရေငုတ်သွားပြီးနောက်တွင် ပြန်မပေါ်လာတော့ပေ။

တခြားသော ကလေးငယ်များသည်က ပြဿနာ၏ အတိမ်အနက်ကို နားမလည်ကြသေးပေ။

သူတို့က တစ်ယောက်ပြီးတစ်ယောက် ရေငုတ်နေရာမှ အသက်မရှူနိုင်တော့သည့်အချိန်တွင် ခေါင်းလေးများ ရေပေါ်သို့ ပြန်ပေါ်လာပြီးနောက် ရယ်မောအော်ဟစ်နေခဲ့ကြသည်။

နောက်ဆုံးကျန်သည့် ကောင်လေးနှစ်ဦးမှ တစ်ဦး အသက်မအောင့်ထားနိုင်တော့၍ နီမြန်းသော မျက်နှာဖြင့် ပြန်ပေါ်လာချိန်တွင် အခြားသော ကလေးငယ်များအားလုံးက နောက်ဆုံးကျန်သည့် ကောင်လေးအား အထင်ကြီးနေခဲ့ကြသည်။

တစ်ဦးကဆိုလျှင် ဤသို့ပင် အော်ပြောခဲ့သည်:

‘ရပြီ၊ရပြီ .. ဘယ်သူမှ ဆက်ပြီးမအောင့်နိုင်ကြတော့ဘူး.. မင်းထွက်လာလို့ရပြီ၊ မင်း တော်တယ်ဆိုတာကို လက်ခံလိုက်ပြီ၊ ဒီတော့ ငါတို့တွေ အကုန်လုံး ဒီနေ့ မင်းကို အစ်ကိုကြီးလို့ ခေါ်ပြီး မင်းခိုင်းသမျှ လုပ်မယ်’

‘ယုံတောင်မယုံနိုင်ဘူး..မင်းဘယ်တုန်းက ဒီလောက်တော်သွားရတာလဲ? အိမ်က ရေပုံးထဲမှာများ အသက်အောင့်ပြီး လေ့ကျင့်ထားတာလား?’

သူငယ်ချင်းများက အကြိမ်များစွာ အော်ဟစ်ပြီး ထိုကလေးငယ်အား ပြန်တက်လာရန် ခေါ်လိုက်ကြသော်လည်း တုံ့ပြန်မှုအလျဉ်းမရှိခဲ့ချေ။

ထိုအခါမှသာလျှင် တစ်ခုခုမှားနေပြီဖြစ်ကြောင်းကို သူတို့ သတိထားမိလိုက်ကြသည်။

တစ်ယောက်မှ ထိတ်လန့်စွာဖြင့် ပြောခဲ့သည်။

‘ဘာဖြစ်တာလဲ? သူ တစ်ခုခုများ ဖြစ်လို့လား?’

‘ဖတ်ဖတ် ဖွဟဲ့ လျှောက်မပြောနဲ့.. ရေက ငါတို့ရဲ့ ရင်ဘတ်လောက်တောင် မရှိဘူး.. ဘယ်လိုလုပ်ပြီး တစ်ခုခု ဖြစ်ရမှာလဲ? ငါတို့ကို ခြောက်မနေနဲ့၊ မြန်မြန်ထွက်လာခဲ့တော့!!’

သို့သော် ကလေးများ၏ စကားမှာ စကားပြန်မရခဲ့ပေ။

သူတို့ အနီးအနားမှ ရေထဲတွင် လိုက်လံစမ်းကြည့်ခဲ့ကြသကဲ့သို့ ရေအောက်ကိုလည်း ပြန်ငုပ်ကြည့်ခဲ့ကြသည်။

အမှုန်ထနေသည့် ရေထဲတွင် အောင့်အည်းသည်းခံကာ တစ်စုံတစ်ယောက်များ ရေအောက်တွင် ရှိနေငြား မျက်လုံးများကိုပင် ဖွင့်ကြည့်ခဲ့ကြသည်။

သို့သော် ထိုကောင်လေး၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ချေ။

ထိုကောင်လေး အသက်အောင့်ပြိုင်ရန် ရေအောက်သို့ ငုတ်သွားသည်မှာ ဆယ်မိနစ်ကျော်ကြာသွားပြီဖြစ်သည်။

ကျန်ရှိနေသော ကလေးများသည်လည်း ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ကမ်းစပ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ကူးသွားခဲ့ကြသည်။

သူတို့က မိဘများနှင့် လူကြီးများကို ပြော၍ အပြစ်ပေးခံရခြင်းနှင့် ရဲများခေါ်ကာ အဖမ်းခံခြင်းတို့တွင် ရွေးချယ်ခဲ့ကြကာ အဆုံးတွင်တော့ ကလေးများက ရဲကိုသာ ခေါ်ခဲ့ကြလေသည်။

ဒေသခံရဲစခန်းမှ ထိုနေ့တစ်နေ့လုံး ကောင်လေးအား ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။

ရေကန်ထဲတွင် မျောလာသည့် အလောင်းလည်းမရှိသကဲ့သို့ ၊ ရေအောက်တွင်လည်း လူအလောင်းကို ရှာတွေ့ခြင်းမရှိခဲ့ပါချေ။

ကလေးငယ်များအားလုံးက ဤကောင်လေးမှာ သူတို့နှင့် အတူ ရေကူးသွားခဲ့ပြီး ပျောက်ဆုံးသွားသည်ဟု တစ်ပုံစံတည်း မပြောခဲ့ပါလျှင် ရဲသားများက သူတို့ လိမ်နေသည်ဟုသာ တွေးမိမည်ဖြစ်သည်။

All Chapters