← Chapters

နတ်ဘုရားမရေကန် ပွဲတော် (2)

Vol. 26 Ch. 257

နတ်ဘုရားမရေကန် ပွဲတော် (2)

Vol. 26 Ch. 257

ပျောက်ဆုံးသွားသော ကောင်လေး၏ မိဘများမှာ အဖြစ်ဆိုးအား လက်မခံနိုင်ဘဲ ကျန်ကလေးများမှ သားဖြစ်သူကို ထိခိုက်စေခဲ့သည်ဟုသာ ထင်နေခဲ့ကြသည်။

သို့သော် ကလေးများမှာ အပြစ်မရှိခဲ့ပေ။

သူတို့အားလုံး၏ စကားအရ နတ်သမီးရေကန်တွင်းသို့ သွား၍ ရေကူးရန် အကြံပြုခဲ့သည်မှာလည်း ယခုရေနစ်သည့် ကောင်လေးသာဖြစ်သည်။

ပြဿနာက ဤအခြေအနေသို့ ရောက်ရှိလာချိန်တွင် သာမန်လူများ ဖြေရှင်းနိုင်သည့် အရာမဟုတ်တော့ချေ။

ဒေသခံဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့လည်း စုံစမ်းစစ်ဆေးမှုများ ပြုခဲ့သော်ငြား အကြောင်းမထူးခဲ့ပေ။

ထိုအဖြစ်သည်က ပတ်ဝန်းကျင်ဒေသများသို့ပါ ပျံ့နှံ့သွားခဲ့သည်။

ယခင်က နတ်သမီးရေကန်တည်ရှိသည့် နေရာမှာ ဟူနန်ပြည်နယ်၏ ခေတ်နောက်ကျကာ ခေါင်လှီသော နေရာတစ်ခုဖြစ်ပြီး ‘မြစ်နတ်ဘုရား’၊ စုန်းမများကို ယုံကြည်ကြသည့် နေရာတစ်ခုဖြစ်သည်။

လူအများစုက နတ်သမီးရေကန်အတွင်း၌ ‘မြစ်နတ်ဘုရား’ရှိသည်ဟု ယုံကြည်ကြသည်။

တစ်ချို့က လှေစီးနေချိန်တွင် ရေကန်အောက်ကြမ်းပြင်၌ ကြီးမားသည့် အရိပ်တစ်ခုမြင်တွေ့ရသည်ဟုပင် ဆိုကြပြန်သည်။

ဤကလေးမှာ ‘မြစ်နတ်ဘုရား’မှ အစေအပါးအဖြစ် ခေါ်ဆောင်သွားခြင်းခံရသည်ဟုလည်း ပြောဆိုနေခဲ့ကြသည်။

တချို့ကတော့ သူသည်က ရေသရဲတစ်ကောင်၏ ဖမ်းဆီးခံရပြီးနောက် လူစားလဲခံလိုက်ရသည်ဟု ဆိုကြပြန်သည်။

တချို့က မိဘများမှာ အပြင်နယ်မှ တစ်စုံတစ်ဦးကို ရန်စမိသောကြောင့် ‘မြစ်ဖား’များ၏ အဆိပ်ခတ်ခံလိုက်ရသည်ဟု ဆိုကြသည်။

ခန္ဓာကိုယ်အား ငါး၊ပုဇွန်နှင့် ဂဏန်းများမှ စားသောက်သွားကြသည်ဟူ၍….

နောက်တစ်ရက်ကြာသည်ထိ အလောင်းက ပေါ်လာခြင်းမရှိသောကြောင့် ဒေသခံဝိဉာဉ်ဆိုင်ရာအထူးဌာနသားများသည် ပရိုဂရမ်တွင် ပို့စ်တင်ခဲ့ပြီး အခြားနယ်မြေများမှ အဖွဲ့သားများ လာရောက်ကူညီဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ထိုနေ့မှာပင် အနီးအနားမြို့တစ်မြို့မှ တောက်ကျန့်တစ်ဦးက ချက်ချင်းရောက်လာခဲ့ပြီးနောက် ကမ်းစပ်တွင် ဝိဉာဉ်ကယ်ဆယ်ရေး ပြုလုပ်ခဲ့သည်။

ကျန်လူများမှာလည်း ဘေးမှ ကြည့်ရှုနေခဲ့ကြသည်။

သူက လူတစ်ရပ်ခန့်ရှိသည့် အမွှေးတိုင်ချောင်းများအား ကမ်းစပ်တွင် စိုက်ထူကာ လက်တွင်းမှ ခေါင်းလောင်းတီး၍ ကယ်ဆယ်ရေးစတင်ခဲ့သည်။

ပထမက တည်ငြိမ်ကာ နေသာနေခဲ့သော ကောင်းကင်ပြင်က ချက်ချင်းပင် မိုးမှောင်ကျသွားခဲ့ပြီးနောက် လေကြမ်းများတိုက်၍ ၊ လှိုင်းကြမ်းများ ပုတ်ခတ်လာခဲ့သည်။

နောက်ဆုံးတွင်တော့ ကန်တွင်းမှ ရေလှိုင်းလှုံးကြီးတစ်ခုက ကမ်းစပ်တွင် အလုပ်လုပ်နေသော တောက်ကျန့်ကို ရုတ်တရက် လွှမ်းမိုးသွားသည်အထိ ရိုက်ခတ်ခဲ့ပြီးနောက် သူ စိုက်ထူထားသည့် အမွှေးတိုင်များလည်း စိုရွှဲသွားခဲ့လေသည်။

အရှက်ရသွားသော တောက်ကျန့်လည်း ဒေါသထွက်ကာ ဒေသခံဝိဉာဉ်ဆိုင်ရာဌာနသားများကို ရေကန်တွင်း၌ အားကောင်းသည့် စွမ်းအင်တစ်ခု ခံစားမိကြောင်း ပြောပြခဲ့သည်။

သူ့၏အထင်မှာ နတ်သမီးရေကန်တွင်းရှိ ယခင်က ရှိခဲ့သော ဝိဉာဉ်သတ္တဝါက လမ်းမှားရောက်သွားပြီးနောက် မကောင်းသည့် အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟုပင်။

သူ့တွင် ဤကိစ္စများနှင့်ပတ်သတ်၍ ဖြေရှင်းနိုင်စွမ်းမရှိဟု ဆိုကာ ပစ္စည်းကိရိယာများကို သိမ်းဆည်း၍ တစ်နေ့တည်းမှာပင် ထွက်ခွာသွားခဲ့သည်။

ထိုလုပ်ငန်းအား လက်ခံခဲ့သည့် ဒုတိယတောက်ကျန့်မှာ ကုကျစ်စုန့်ကဲ့သို့ပင် တခြားတစ်နယ်မှာ လာရောက်သူဖြစ်ပေသည်။

ထိုလူသည်က ဝိဉာဉ်ဆိုင်ရာအထူးဌာနတွင်လည်း နာမည်ကြီးတစ်ဦးဖြစ်သည်။

သူက အဆင့် ခြောက်ရှိသည့် တောက်ကျန့်တစ်ဦးဖြစ်ပြီး လုပ်နိုင်စွမ်းရှိသူတစ်ဦးဟုလည်း သတ်မှတ်ခံထားရသူပင်။

သူရောက်ရှိလာချိန်တွင် ပူဇော်ပသပွဲအား ချက်ချင်း မစတင်ခဲ့ပေ။

သူက ဒေသခံ ဝိဉာဉ်ဆိုင်ရာအဖွဲ့ထံမှ လှေငယ်တစ်စီး တောင်းဆိုခဲ့သည်။

ထို့နောက်တွင် လှေငယ်လေးဖြင့် ကန်ထဲတွင်‌ လှော်ခတ်နေခဲ့ပြီးနောက် ကန်၏ အလယ်ဗဟိုတည့်တည့်တွင် ရပ်လိုက်လေသည်။

နောက်ပိုင်းတွင် လှေပေါ်မှ ရှေ့တပြန်၊နောက်တပြန် လမ်းလျှောက်ကာ ပူဇော်ပသ၍ ဂါထာမန္တာန်များ ရွတ်ဆိုနေခဲ့သည်။

ကမ်းစပ်မှ လူများကတော့ သူ၏ ခြေဖဝါးအောက်မှ လှေငယ်၏ ဗိုက်သားအောက်၊ ရေပြင်တွင် တစ်စုံတစ်ရာ လှည့်ပတ်သွားလာနေသည့်အလား ရေပွက်များ ထနေခဲ့ခြင်းကို မြင်တွေ့နေရသည်ဟု ဆိုခဲ့ကြလေ၏။

မကြာခင်ပင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် အရှေ့ကို ညွှတ်ကျသွားပြီးနောက် သွေးအန်ကာ လှေပေါ်မှသည် ရေကန်၏အလယ်ဗဟိုချက်သို့ ပြုတ်ကျသွားခဲ့သည်။

ဘေးမှ ကြည့်ရှုနေကြသူများလည်း ထိတ်လန့်သွားခဲ့ကြပြီး ဘုတ်လှေတစ်စီးဖြင့် သူ့ကို အမြန် ဆယ်ထုတ်ခဲ့ကြသည်။

ထိုတောက်ကျန့်ကို ကယ်ဆယ်ပြီးနောက်တွင် နယ်မြေခံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြရလေ၏။

ဆေးရုံမှ စစ်ဆေးချက်အရ ဆရာဝန်က သူ၏ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ဒဏ်ရာရထားပြီး အသက်အန္တရယ်စိုးရိမ်ရသည်ဟု ဆိုလာခဲ့ပေသည်။

ဒုတိယတောက်ကျန့်သည်က ယနေ့အချိန်ထိ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေရဆဲဖြစ်လျေသည်။

ဤအမှုမှ လူအသက်များကို အန္တရာယ်ပြုလာခြင်းသည်က ချက်ချင်း သတင်းပျံ့နှံ့သွားပြီးနောက်ဆုံးတွင် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ ‘အန္တရာယ်’ရှိစာရင်းသွင်းခံလိုက်ရတော့သည်။

ဆုကြေးငွေက နှစ်ဆဖြစ်သွားခဲ့သော်ငြား မည်သူမျှ လက်မခံရဲတော့ပေ။

ကုကျစ်စုန့်က ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့သို့ ဝင်ရောက်ပြီး,ပြီးချင်း ထိုအမှုအား လက်ခံခဲ့သည်။

ယုံချန်မှ ဝိဉာဉ်အထူးဌာနသည်လည်း သူမအတွက် ဟူနန်ပြည်နယ်သို့ အမြန်ဆုံးရောက်ရှိမည့် လေယာဉ်စီစဉ်ပေးခဲ့ပြီးနောက် ဂဲလီယိုချန်းအား သူမကို သွားရောက်ကြိုပေးရန် တောင်းဆိုခဲ့သည်။

ဂဲလီယိုချန်းမှ ပြိုင်ကားလေးထဲတွင် ကားမောင်းနေရင်းဖြင့် ‘နတ်သမီးရေကန်တွင်း အလောင်းနစ်မြှုပ်သည့်အမှု’၏ လက်ရှိအခြေအနေအကြောင်းကို ကုကျစ်စုန့်ဆီသို့ အကြမ်းဖျင်းပြောပြခဲ့သည်။

“အစက‌တော့ ကိစ္စတွေက ဒီလောက် အလျင်လိုစရာမလိုဘူး.. ဒါပေမဲ့ မနေ့ညက တစ်ခုခု ထပ်ဖြစ်သွားခဲ့တယ်လေ

အဲဒီနတ်သမီးရေကန်နားက အိမ်မှာ တစ်ယောက်တည်းနေတဲ့ အန်တီတစ်ယောက်ရှိတယ်.. သူမက မနေ့ညတုန်းက ဘာတွေဖြစ်တာလဲဆိုတာ မသိပေမဲ့ အမျိုးသမီးတစ်ယောက် နတ်သမီးရေကန်ထဲကို ပြေးဆင်းသွားပြီး ရေနစ်သွားတာကို မြင်လိုက်ရတယ်တဲ့လေ”

“အနီးအနားက လူတွေက သူမကိုလည်း လိုက်ရှာကြတော့ ကန်ပေါ်မှာ အဲဒီအမျိုးသမီးရဲ့ ဖိနပ်ပဲ ပေါ်လာတော့တယ်‌.. အလောင်းလည်း ပေါ်မလာဘူး၊ ပျောက်ချင်းမလှပျောက်သွားတာ”

ဂဲလီယိုချန်း ပြောနေရင်းပင် ပင်ပန်းစွာ ပြုံးလိုက်မိသည်။

“ကြည့်ရတာ အစိုးရက လွှတ်လိုက်တဲ့လူတွေက နှစ်ခါလုံး မအောင်မြင်တဲ့အပြင် ဘာအချက်အလက်မှလဲ မသိရတော့… လူတွေက ငါတို့ကို သိပ်မယုံချင်ကြတော့ဘူးထင်ပါရဲ့..

သူတို့က ရဲကို မခေါ်တော့ဘဲ အနီးအနားက ထူးခြားပညာရှင်တစ်ယောက်ကို ခေါ်ပြီး လာကြည့်ခိုင်းကြတယ်တဲ့လေ”

စကားပြောနေရင်းဖြင့် ကုကျစ်စုန့် သိခဲ့ရသည်မှာ နတ်သမီးရေကန်အနီးမှ မြို့ငယ်လေးများကို ဟူနန်ပြည်နယ်၏ ‘ရှန်ခရိုင်’ဟု ခေါ်ဝေါ်ကြသည်။

ထိုမြို့ငယ်လေးများမှ လူအများစုသည်က မြောင်ကျေးရွာမှ နေရာရွှေ့ပြောင်းလာကြသည့် လူမျိုးအများစုဖြစ်ကြပေသည်။

ထို့ကြောင့် ဘာသာရပ် ကိုးကွယ်မှုကလည်း များစွာရှိကြသည်။ သူတို့သည်က အတိတ်မှ ရိုးရာအကျင့်စရိုက်များကို ထိန်းသိမ်းကာ ဒေသခံ ဒဏ္ဍာရီများကိုလည်း လက်ဆင့်ကမ်းယုံကြည်ကြသူများ ဖြစ်ကြပေသည်။

ထိုနယ်မြေတွင် နတ်ဝင်သည်အိုကြီးများနှင့် စိတ်ဝိညာဉ်ပညာရှင်များလည်း ရှိကြပြီး သူတို့က ကိုယ်ပိုင်ဒေသများတွင်လည်း လေးစားရိုသေခံရသူများ ဖြစ်ကြသည်။

“အဲဒီနတ်ဝင်သည်အိုကြီးကတော့ တကယ်ဆိုးရွားတာပါ.. အဲဒီညတုန်းက သူမက ဘေးနားက ရွာသားတွေကို သိုးအရှင်တစ်ကောင်နဲ့ ကြက်အရှင်တွေ သွားဝယ်ခိုင်းခဲ့တယ်

ပြီးတော့ အဲဒါတွေကို ကမ်းစပ်မှာတင် သတ်ပြီးတော့ အသေကောင်တွေကို သစ်ရွက်တွေနဲ့ပတ်၊ ကျောက်တုံးနဲ့ ချည်ပြီးတော့မှ နတ်သမီးရေကန်ထဲကို ပစ်ချခိုင်းတာ”

“မမျှော်လင့်ဘဲ အဲဒါတွေကို ချလိုက်ပြီး သိပ်မကြာခင် ခုနက အမျိုးသမီးရဲ့ ခန္ဓာကိုယ် ပြန်ပေါ်လာခဲ့တယ်လေ! ဒါကို ဗီဒီယိုမှတ်တမ်းတင်ထားတဲ့ ရွာသားတွေက အကုန်လုံးကိပြန်တင်ခဲ့တယ်”

အမျိုးသမီး၏ ခန္ဓာကိုယ်အား ပြန်ဆယ်လာခဲ့ချိန်တွင် ဖောရောင်နေသော အသားအရေက ပုံမှန်မဟုတ်ဘဲ ခရမ်းရောင်ဖြစ်နေခဲ့သည်။

ထို့အပြင် သူမ၏ မျက်နှာမှာလည်း နာကျင်မှုနှင့်အတူ ယုတ်မာရက်စက်သော အပြုံးတစ်ခုက ရောယှက်နေသောကြောင့် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

နတ်ဝင်သည်အိုကြီးကတော့ ‘မြစ်စောင့်နတ်ဘုရားမ’ဒေါသထွက်နေပြီဟု ပြောခဲ့ပြန်သည်။ ထို့အပြင် သူမက ဤသို့ဆက်ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်များတွင် ကမ်းစပ်၌‌ နေထိုင်ကြသူများသည်က မြစ်စောင့်နတ်ဘုရားမကို ပူဇော်ပသမှုနည်းပါးလာပြီး အယုံအကြည် လျော့ပါးလာခဲ့ကြသည်။

ယခင်ကကဲ့သို့ ငါးမျှားမထွက်ခင် သူမအား အရိုအသေပြုခြင်း၊ ဆုတောင်းခြင်းတို့ မရှိတော့။

ထို့ကြောင့် ဒေါသထွက်နေသည့် ‘မြစ်နတ်ဘုရားမ’က ပတ်ဝန်းကျင်တွင် နေထိုင်သည့် ရွာသားများအပေါ် အမျက်ရှလာခြင်း ဖြစ်သည်။

သိုး၊ ကြက်နှင့် အခြားယစ်ကောင်များ ပူဇော်ပသရုံမျှဖြင့် ‘နတ်ဘုရားမ’၏ ဒေါသအား မဖြေဖျောက်နိုင်ပေ။ ရှေးယခင်ကကဲ့သို့ ယဇ်ပလ္လင်တည်ဆောက်ကာ တကယ့် ယဇ်ပူဇော်ပသခြင်းများဖြင့် တောင်းပန်သည့် နည်းလမ်းအား အသုံးပြုရမည်ဖြစ်သည်။

ထိုသို့မပြုလုပ်ပါက ဤနယ်မြေဒေသမှ လူများ၏ အနာဂတ်ကောင်းမည်မဟုတ်ချေ။

ဂဲလီယိုချန်း ညည်းတွားလိုက်သည်။

“ဒီနယ်မြေခံလူတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ‘မြစ်နတ်ဘုရားမ’ကို ပူဇော်တဲ့ နည်းတစ်ခုရှိတယ်.. အဲဒါက ကန်ထဲကို သက်ရှိလူတွေနဲ့ ဖြည့်လိုက်တာပဲ

အဲဒီလိုလုပ်ရင် ရာသီဥတုလည်း သာယာပြီး သူတို့ကန်ကြီးလည်း သာယာတယ်လို့ ယုံကြတာ၊ ဒါတွေအကုန်လုံးက ရှေးလူတွေရဲ့ ယုံကြည်မှုတွေချည်းပဲ

အဲဒှလို မကောင်းတဲ့ ရိုးရာကြီးက လက်ဆင့်ကမ်းလာကြတာ နောက်ဆုံး ရှန်ပြည်နယ်ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့တည်ထောင်လို့ ပြီးတဲ့အချိန်ထိပဲ

အဲဒီအချိန်ကျမှ ဒီတစ်နယ်လုံးမှာ လူသားတွေနှင့် ယဇ်ပူဇော်တာတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးပြီး တားမြစ်လိုက်တယ်

ဒါကြောင့် ဒီမကောင်းတဲ့ သဘာဝလွန်ရိုးရာစရိုက်ကြီးလည်း ရပ်တန်းကနေ ရပ်သွားခဲ့တာလေ”

“အခု ဒီနတ်ဝင်သည်အိုကြီးပြောနေတဲ့ ‘မြစ်နတ်ဘုရားမပွဲတော်’ဆိုတာက အဲဒါကို ပြောတာ! သူမက နည်းဆောင်လမ်းပြလုပ်ပြီး အဲဒီရိုးရာကြီးကို ပြန်အသက်သွင်းလိုက်ရင် တခြားနားမလည်တဲ့ နယ်မြေတွေကလည်း လိုက်လုပ်ကြတော့မှာပေါ့!”

ထိုစကားကြားရပြီးနောက် မူလက အေးစက်နေသည့် ကုကျစ်စုန့်မျက်နှာက ပို၍ပင် တင်းမာလာခဲ့သည်။

“အခုကရော ဘယ်လိုအခြေအနေရှိသေးလဲ?”

“မနေ့ကတော့ ငါတို့လူတွေနဲ့ အလောင်းခွဲစိတ်ဆရာဝန်က အဲတီအမျိုးသမီးရဲ့ အလောင်းကို ယူသွားပြီး အနီးအနားက လူတွေကိုလည်း မေးမြန်းစစ်ဆေးကြည့်ခဲ့သေးတယ်

အလောင်းကို အရင်ခွဲစိတ်စစ်ဆေးပြီး ပြဿနာကိုလည်း အမြန်ဆုံးဖြေရှင်းပေးပါမယ်လို့ ပြောခဲ့သေးတယ်

သူတို့တွေကို ယဇ်ပူဇော်တာ မလုပ်ဖို့ လုံးဝ တင်းတင်းကျပ်ကျပ် သတိပေးခဲ့ပြီး အဲဒီလူတွေကလည်း ကတိပေးခဲ့တာလေ…”

ပြောစရာပင်မလိုပါချေ။ နောက်ထပ် မည်သည့်အရာများ ဆက်ဖြစ်သွားသည်ကို ကုကျစ်စုန့် သိနှင့်နေခဲ့သည်။

ဝိဉာဉ်ဆိုင်ရာအထူးဌာနကို ‘ယဇ်ပူဇော်ခြင်းမပြု’ဟု ကတိပေးခဲ့သော်ငြား နောက်ကွယ်တွင်တော့ ဆက်လုပ်နေခဲ့ကြခြင်းပင်။

ရလဒ်ကတော့ အနီးအနားတွင် စောင့်ဆိုင်းနေသည့် အဖွဲ့ဝင်များ သိရှိသွားခဲ့ပြီးနောက် ဂဲလီယိုချန်းအား လှမ်း၍ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

All Chapters