← Chapters

နတ်ဘုရားမရေကန် ပွဲတော် (4)

Vol. 26 Ch. 260

နတ်ဘုရားမရေကန် ပွဲတော် (4)

Vol. 26 Ch. 260

ပထမဆုံးသုံးဦးကို ကြည့်ပြီးချိန်တွင် ကုကျစ်စုန့် သေသေချာတွေးတောလိုက်ပြီးနောက် သူမနောက်မှ ရဲအရာရှိဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက်တွင်တော့ သူမက ကလေးငယ်များကို ‘စတေးခံ’အဖြစ် ဝယ်ယူရန် ကူညီပေးခဲ့သည့် ‌နောက်ဆုံးလေးယောက်မြောက်၏ အခန်းရှေ့တွင် ရပ်လိုက်ပြီး တံခါးအား တွန်းဖွင့်လိုက်သည်။

အခန်းထဲတွင် ထိုင်နေသည်မှာ တရားခံလေးဦးအနက် တစ်ဦးတည်းသော အမျိုးသမီးတရားခံပင်။

သူမက အခန်းထဲတွင် ငေးမောစွာ ထိုင်နေခဲ့ပြီး အနည်းငယ်စိတ်လှုပ်ရှားနေဟန်လည်း ပေါ်သည်။

အခန်းပေါက်မှ လှုပ်ရှားသံကြောင့် သူမ မော့ကြည့်လာပြီး ကုကျစ်စုန့်ကို မြင်လိုက်ရချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့သည်။

အမျိုးသမီးသည်က ကန်စပ်၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကို မှတ်မိနေသေးသည်။

ဤမိန်းမလှလေးသည် ကြီးမားသော သစ်သားပုံးကြီးကိုပင် လဲကျသွား‌အောင် အသာလေး ကန်ချနိုင်သကဲ့သို့ အခြားလူတစ်ယောက်၏ မျက်နှာကိုလည်း အဝေးမှပင် ရောင်ကိုင်းသွား‌အောင် လုပ်နိုင်သည်!

သူမ စိတ်ထဲတွင် စိုးရိမ်ကြောက်လန့်နေခဲ့ပြီး ကုကျစ်စုန့်၏ မျက်ဝန်းနက်နက်များနှင့် အကြည့်ချင်းဆုံလိုက်ရချိန်တွင် အသက်ရှူသံများ ပြင်းထန်လာကာ သူမအား ဖောက်ထွင်းကြည့်ရှုခံနေရသည်ဟု ခံစားလိုက်ရသည်။

ထိုအမျိုးသမီး စကားကို ခပ်မြန်မြန်ပြောလိုက်သည်။

“သူတို့ ကလေးတွေ ဝယ်တယ်ဆိုတာကို ငါ တကယ်မသိဘူးလို့ ပြောပြီးပြီလေ.. ငါက တစ်မြို့တည်းသားတွေကို မြစ်နတ်ဘုရားမရဲ့ ဒေါသကြောင့် ဒုက္ခမရောက်စေချင်ရုံသက်သက်ပဲ.. ငါ့အဖေက ငါးဖမ်းသမားပဲ.. ငါ့မိသားစုအတွက်ဘဲ လုပ်ခဲ့တာပါ….”

သူမ တရစပ်ပြောဆိုနေသော်လည်း ကုကျစ်စုန့်၏ မျက်နှာမှာ ပြောင်းလဲသွားခြင်းမရှိပါချေ။

အတော်ကြာမှ ကုကျစ်စုန့် စကားစပြောလိုက်သည်။

“ကျွန်မ ရှင့်စကားကို ယုံပါတယ်.. ရှင့်ရဲ့ မျက်နှာအသွင်အပြင်အရဆိုရင် မိဘနန်းတော်ကြားမှ အချိတ်အဆက် ပြတ်နေတယ်။။ ဒီတော့ ရှင့်ရဲ့ မိခင်က ရှင်အရမ်းငယ်တုန်းက ဆုံးပါးသွားပြီး ဖခင်ရဲ့ လက်အောက်မှာပဲ ကြီးပြင်းလာခဲ့ရတယ်

ရှင်က နယ်မြေခံ၊ ရှင့်မိသားစုက အသေးစားစီးပွားရေးတစ်ခုခု လုပ်ကိုင်လိမ့်မယ်.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဲဒီစီးပွားရေးလည်း ကျရှုံးသွားတော့ ရှင့်ရဲ့အဖေက ငါးနဲ့ ဂဏန်းစီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ဆက်သွယ်ပြီးတော့မှ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းကို စပြီး လုပ်ခဲ့တာပဲ”

“ဒီတော့ ရှင်က ဒီလောက်တောင် သိတတ်ပြီးတော့ မြို့ထဲက လူတွေကိုလည်း အရမ်းဂရုစိုက်တဲ့ လူတစ်ယောက်ဆိုရင် ဘာလို့ ထွက်ပြေးရတာလဲ?”

ကုကျစ်စုန့် မှ သူမတို့ မိသားစု၏ အချက်အလက်များအား တစ်ခုပြီးတစ်ခု ပြောလိုက်ချိန်တွင် တရားခံအမျိုးသမီး ပို,ပို၍ တုန်လှုပ်လာခဲ့သည်။

သူမသည်က နယ်ခံတစ်ယောက်ဖြစ်သောကြောင့် ရဲများအနေဖြင့် သူမ၏ အချက်အလက်များ စုဆောင်းရန် လွယ်ကူသည်ဟု တွေးရင်း ကိုယ့်ကိုကိုယ် နှစ်သိမ့်နေခဲ့သည်။

ဤစကားလုံးများအတွက်နှင့် သူမကိုယ်သူမ ပြဿနာရှာရန်မလိုအပ်ပေ!!

သို့သော် ကုကျစ်စုန့်၏ နောက်ဆုံးစကားကို ကြားလိုက်ရချိန်တွင် သူမ မျက်နှာလုံးဝပျက်သွားခဲ့သည်။

အမျိုးသမီး စကားများ တုန်ယင်ကာ ခေါင်းကို ယမ်းလိုက်သည်။

“နင်.. နင်ဘာတွေပြောနေတာလည်း ငါမသိဘူး.. နင်က ရဲဖြစ်တာနဲ့ပဲ မဟုတ်တာတွေ လျှောက်ပြောလို့ ရရောလား? ငါ.. ငါဘာမှ မသိဘူးလို့ ပြောပြီးသားပဲ..ပြီး‌တော့ ငါ့ကို ရှေ့နေငှားပေး!”

ကုကျစ်စုန့် သူမ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းလေးများပေါ်တွင် မေးထောက်လိုက်ပြီး တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

သူမ၏ ရှည်လျားသည့် ပုတုန်းရောင်ဆံကေသာများသည်လည်း ပုခုံးထက်မှ ကျောပြင်သို့ လျှောကျနေပြီး မြောင်ရိုးရာ နက်ပြာရောင်ဝတ်စုံတို့နှင့် ပေါင်းစပ်လိုက်ချိန်တွင် ပင်ကိုယ်ဖြူနုသော အသားအရည်မှာ ပို၍ပင် လှပထင်ရှားနေခဲ့သည်။

တစ်ဖက်လူကို အေးစက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပါက အပြစ်ရှိသူများမှာ မျက်နှာလွှဲသွားရသည်။

“အိုကေ”

ကုကျစ်စုန့်၏ လေသံမှာ တည်ငြိမ်ပြီး ခံစားချက်မဲ့ကာ အေးစက်လွန်းလှသည်။

“ရှင်က ဒီမြို့မှာ မွေးတာ အသက်၃၅နှစ်ရှိပြီ.. ၁၉၈၇ ခုနှစ်ရဲ့နွေလယ်မှာ မွေးခဲ့တာ

ရှင့်ရဲ့ မွေးရက်နဲ့ မိဘတွေရဲ့ လွှမ်းမိုးမှုကြောင့် ရှင့်ရဲ့ ဓာတ်ကြီးငါးပါးက နယ်မြေဒေသကြောင့် သိပ်ပြီး ပြောင်းလဲမှုမရှိဘူး...ရှင့်မှာ ရွှေနဲ့မီးဓာတ်တို့ ရှိပေမယ့် ရေဓာတ်နည်းတယ်

ပြောရရင် ရှင်က သေသေချာချာဂရုစိုက်ပြီးတော့မှ နာမည်ကို ရွေးချယ်ရမှာ.. ဒါပေမယ့် ရှင့်မိဘတွေက အဲဒါတွေကို အယုံအကြည်မရှိဘဲ နာမည်ကို ဒီအတိုင်းပေးလိုက်ကြတယ်

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ ရှင့်ကို ပေးခဲ့တဲ့ နာမည်ရဲ့ အဓိပ္ပာယ်က ‘စူးရှသန်မာ’တယ်လို့ အဓိပ္ပာယ်ထွက်နေတယ်လေ

ဒါပေမယ့် မီးဓာတ်က အားပြင်းလွန်းနေရင် လွယ်လွယ်နဲ့ ပျက်စီးရတတ်တယ်၊ မီးက အားကောင်းလွန်းနေပြီး အမြန်မဖြေရှင်းနိုင်ဘူးဆိုရင် ဘေးဒုက္ခကပ်ဆိုးတွေဆိုက်တတ်တယ်

ရှင်အသက် ၁၁နှစ်အရွယ်တုန်းက ရေနဲ့ပတ်သတ်တဲ့ တစ်ခုတည်းသော ကပ်ကို ကြုံခဲ့ရတယ်”

ကုကျစ်စုန့် ခေတ္တရပ်လိုက်ပြီးနောက် ပြုံးလိုက်မိသည်။

“ဒါပေမယ့် ရှင်က ကံကောင်းပြီး အသက်ရှင်ခဲ့တယ်.. ရှင့်ကိုကယ်ဆယ်ပေးမယ့် လူကောင်းနဲ့ ဆုံခဲ့ရတယ်လေ”

အမျိုးသမီး၏ လည်ချောင်းတွင်းမှ ကွဲရှရှအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ နားနှစ်ဖက်ကို အုပ်ပြီးနောက် ခေါင်းကို ဆက်တိုက်ရမ်းလိုက်လေ၏။

သူမ ကုကျစ်စုန့်၏ ဆက်ပြောမည့်စကားများကို နားမထောင်ချင်တော့။

ဘယ်လိုလုပ်ပြီး..?

ဘယ်လိုလုပ်ပြီး ဒီအကြောင်းအရာတွေကို သိနေတဲ့ လူတစ်ယောက်ရှိနေရပါတာလဲ!?

ထိုအဖြစ်အပျက်သည်က သူမတစ်ဘဝလုံးတွင် ပြန်မစဉ်းစားချင်သည့် အတိတ်ဆိုးကြီးဖြစ်ကာ ယခုအချိန်ထိ နောင်တရ၍ မဆုံးပေ။

သူမ လွတ်မြောက်ချင်သည်ဆိုသည်နှင့် ကုကျစ်စုန့်၏ စကားများ ရပ်သွားမည်မဟုတ်ပေ?

“ထူးဆန်းတာက ရှင်က အဲဒီနှစ်တုန်းက ရေနဲ့ပတ်သတ်တဲ့ ကပ်ကို ကျော်နိုင်ခဲ့တယ်.. ဒါပေမယ့် အဲ့အဖြစ်အပျက်က ရှင့်တစ်ဘဝလုံးအတွက် အရိပ်မည်းကြီး ဖြစ်လာတာပဲ

အဲဒီအချိန်ကစပြီး ရှင်က ရေကို အရမ်းကြောက်သွားတယ်၊ ရှင့်အဖေက ငါး၊ဂဏန်းမွေးမြူရေးလုပ်ငန်း စမယ်လို့လည်း ဆိုရော ရှင်က အရမ်းကို ဆန့်ကျင်ခဲ့တာ

ရှင် ဘာကို ကြောက်နေတာလဲ? အဲဒီနတ်သမီးရေကန်ထဲမှာ တကယ်ကို ဘာရှိနေတာလဲ?

ပိုပြီး ထူးဆန်းတာက ရှင့်ကို အဲဒီဘဝလမ်းကြောင်းပြောင်းလဲစေမယ့် ကပ်ဆိုးကနေ ကယ်တင်ခဲ့တဲ့ လူပဲ.. သူ့ရဲ့ ဖြစ်တည်မှုက လုံးဝ လေထဲကို လွင့်သွားသလို ပျောက်သွားတယ်

ကျွန်မအနေနဲ့ကတော့ အဲဒီအမျိုးသမီး သေဆုံးသွားပြီဆိုတာကလွဲလို့ ကျန်တဲ့ ဖြစ်နိုင်ချေကို စဉ်းစားလို့ မရဘူး..”

အခန်းပြင်မှ ရဲအရာရှိများမှာ အခန်းတွင်းမှ ရုန်းကန်ကြောက်လန့်စွာ အော်ဟစ်နေသည့် အသံများအား ကြားလိုက်ရသည်။

သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း တွေးလိုက်မိသည်။ ကုကျစ်စုန့်က ထိုအမျိုးသမီးအား ကြမ်းတမ်းသည့် နည်းလမ်းများဖြင့် စစ်ဆေးနေတာများလား….?

ရဲသားများလည်း ဤတွေ့ဆုံခြင်းကို ရပ်တန့်ကာ ကုကျစ်စုန့်ကို အခန်းတွင်းမှ ခေါ်ထုတ်သင့်၊မသင့် တွေဝေနေခဲ့ကြသည်။

ထိုအခိုက်တွင် အနီး၌ လက်ပိုက်ကာ ရပ်နေသည့် ဂဲလီယိုချန်း ခေါင်းခါပြလိုက်သည်။

“စိတ်မပူပါနဲ့.. စုန့်စုန့်က အချက်အလက်တစ်ခုခုလိုချင်တယ်ဆိုရင် ကိုယ်ထိလက်ရောက်နှိပ်စက်ဖို့‌တောင် လိုမှာမဟုတ်ဘူး

အဲဒီလို လက်ပါတာက အောက်တန်းကျတဲ့ နည်းလမ်းလေ.. သူမ လုံးဝသုံးမှာ မဟုတ်ဘူး”

မသင်္ကာဖြစ်နေသည့် ရဲသားကတော့ ပြတင်းအနီးလျှောက်သွားကာ ချောင်းကြည့်လိုက်သည်။

အခန်းတွင်းမှ အမျိုးသမီးနှစ်ဦးသည် စားပွဲရှည်ကြီး၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေခဲ့ကြသည်။

သံသယရှိသူအမျိုးသမီးက ခေါင်းကို တင်းတင်းဆုပ်ကိုင်ထားပြီးနောက် မည်သို့သော အကြောင်းကြောင့်ရယ်မသိ၊ ခေါင်းကို ခါရမ်းကာ အင်မတန် စိတ်လှုပ်ရှားနေခဲ့သည်။

ကုကျစ်စုန့်က အေးဆေးစွာ ထိုင်ကြည့်နေပြီးနောက် အမျိုးသမီး၏ တီးတိုးစကားများကို နားထောင်နေခဲ့သည်။

“အဲဒီလို မဟုတ်ပါဘူး… ငါ တမင်လုပ်တာမဟုတ်ဘူး.. တမင်မဟုတ်ဘူး..”

ကုကျစ်စုန့် မျက်ဝန်းများကို မှေးစင်းလိုက်ရင်း ပြတ်သားစွာ ပြောလိုက်သည်။

“ဒီတော့ ရှင် ကပ်ဆိုက်ခဲ့တဲ့နေရာ၊ ရေနစ်ခဲ့တဲ့ နေရာက နတ်သမီးရေကန်မှာပဲ.. အဲဒီတုန်းက ရှင့်ကို လူတစ်ယောက်က ကယ်ဆယ်ခဲ့ပေမဲ့ အဲဒီအမျိုးသမီးကတော့ ရှင့်ကိုကယ်ရင်းအသက်ဆုံးခဲ့ရတယ်.. သနားစရာပဲ….”

“ရှင်က ဒီအဖြစ်အပျက်တွေအကြောင်း လူတွေကို အမှန်အတိုင်း ပြောမပြခဲ့ဘူး”

ကုကျစ်စုန့် အရှေ့သို့ အနည်းငယ်တိုးလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

“အစကတည်းက အဲဒီနတ်သမီးရေကန်မှာ ဘာဖြစ်ခဲ့တာလဲဆိုတာကို ရှင်သိတယ်.. ဒီကလေးတွေကို စတေးခံအဖြစ် ဝယ်မှာဆိုတာလည်း ရှင်သိထားပြီးသား..

ဒီစတေးခံတွေနဲ့ မြစ်နတ်ဘုရားမကို ယဇ်ပူဇော်ချင်တာက တကယ်ကို သူများတွေအတွက် စိတ်ပူလို့လား??”

မိနစ်အနည်းငယ်ကြာပြီးနောက် ကုကျစ်စုန့် အခန်းတွင်းမှ ထွက်လာပြီးနောက် တံခါးအပြင်မှ ဂဲလီယိုချန်းနှင့် ရဲအရာရှိတို့အား ကြည့်ကာ ပြောလိုက်သည်။

“သူ့မှာ ဝန်ခံစရာအချို့ရှိတယ်တဲ့.. အထဲကို ဝင်လာပြီး မှတ်တမ်းယူကြပါလား?”

ရဲအရာရှိများ အံ့ဩသွားရပြီးနောက် ခေါင်းငြိမ့်သည်။

“မစ်စ်ဂဲလီယိုချန်းနဲ့ ကျွန်တော်ဝင်ပြီး မှတ်တမ်းမှတ်ပေးပါ့မယ်”

အခန်းတွင်း၌ မှတ်တမ်းယူသည့် စက်ကိရိယာများ၊ စောင့်ကြည့်သည့် စက်များ တပ်ဆင်ထားသောကြောင့် အခြားရဲအရာရှိများမှ စောင့်ကြည့်ခန်းထဲသို့ သွားကာ စက်ကိရိယာများကို ဖွင့်ထားလိုက်သည်။

ထိုစက်များမှတစ်ဆင့် အခန်းတွင်းတွင် ဖြစ်ပျက်နေသည်များကို စောင့်ကြည့်ရေးမျက်နှာပြင်မှ မြင်တွေ့နေရသည်။

ရဲအရာရှိများနှင့် ဂဲလီယိုချန်းတို့ စောင့်ကြည့်ခန်းတွင်း ဝင်လိုက်စဉ် မြင်တွေ့ရသည်မှာ တည်ငြိမ်စွာ ထိုင်နေသည့် ကုကျစ်စုန့်ကိုပင်။

တစ်ဖက်မှ သံသယရှိသူ အမျိုးသမီးမှာတော့ မူးဝေနေဟန်ပေါ်ကာ မျက်လုံးထဲတွင်လည်း မျက်ရည်များစို့နေခဲ့သည်။

သူမသည်က ပြင်းထန်သည့် လောကဓံရိုက်ပုတ်မှု ခံထားရသည့်အလား ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အားအင်ကုန်ခမ်းနေခဲ့သည်။

နှစ်ယောက်လုံး ထိုင်လိုက်ချိန်တွင် ကုကျစ်စုန့်၏ အသံပေါ်ထွက်လာခဲ့သည်။

“ကျွန်မအနေနဲ့ ရှင် သဘာဝလွန်ဖြစ်ရပ်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့တယ်ဆိုတာကို ဘာလို့ အတပ်ပြောနိုင်တာလဲဆိုတော့ ရှင့်ရဲ့ ကံကြမ္မာက ယင်စွမ်းအင်တွေနဲ့ ညစ်ပေနေတယ်..

အဲဒါ ရှင့်ရဲ့မျက်နှာပေါ်မှာ မီးခိုးရောင်အရိပ်လိုမျိုး ဖုံးနေတယ်လေ.. ဒါပေမဲ့ ဘာလို့ အဲလိုဖြစ်နေတာလဲ၊ ဘာက သက်ရောက်သွားတာလဲဆိုတာကို မသိရဘူး

ဆိုလိုရင်းက ရှင်ကြုံခဲ့ရတဲ့ အရာက သာမန် မကောင်းဆိုးဝါးဝိဉာဉ်မဟုတ်ဘူး..ရှင့်အပေါ်မှာ သက်ရောက်နေတာကလည်း မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ စွမ်းအင်မျိုး မဟုတ်ဘူး”

“ကျွန်မသာ အကျိုးအကြောင်းစွမ်းအင်တွေအကြောင်းကို သိမထားဘူးဆိုရင် ဒီကိစ္စကို သေချာမြင်နိုင်မှာမဟုတ်ဘူး.. ရှင့်ရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ဆိုတာ ပိုဝေးသေးတယ်

ဒီတော့ ဘာလို့ မြန်မြန်လေး ဖြစ်ကြောင်းကုန်စင်ဝန်မခံချင်သေးတာလဲ?”

ရဲအရာရှိနှင့် ဂဲလီယိုချန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။

ကုကျစ်စုန့်၏ ပြောဆိုချက်အရ ဤအမျိုးသမီးသည်က ကလေးငယ်များကို စတေးရန် ဝယ်ယူရာတွင် ကူညီပေးသည့် အမှုအပြင် သူမကိုယ်တိုင် ကျူးလွန်ထားသော အပြစ်များ ရှိနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါလော?

အမျိုးသမီး၏မျက်နှာမှာ ညှိုးနွမ်းနေပြီးနောက် ရှိုက်ငိုရင်း ပြောလိုက်သည်။

“ကောင်းပါပြီ… ငါအကုန်လုံး ပြောပြပါ့မယ်”

All Chapters