← Chapters

အခန်း (၃၀၇)

Vol. 23 Ch. 307

အခန်း (၃၀၇)

Vol. 23 Ch. 307

ရှမ့်လန်သည် သန့်ရှင်းသော သဘက်တစ်ထည်နှင့် ပိုးဝတ်စုံတစ်ခုကို ယူကာ ရေချိုးခန်းထဲသို့ လှမ်းဝင်သွားခဲ့၏။ နတ်သမီးရွှယ်ရင်သည် ရေချိုးကန်ထဲတွင် ရှိနေ၏။ မွှေးရနံ့သည် ပြင်းရှသောဝိုင်ရနံ့ကဲ့သို့ပင် သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့၏။

သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ရေအောက်ထဲ၌ ထွင်းဖောက်မြင်နိုင်လုနီးပါး ရှိသည်။

ပြီးနောက် ရွှယ်ရင်သည် နာကျင်မှုကို ကြိတ်မှိတ်ခံကာဖြင့် မတ်တပ်ထရပ်၏။ ပြီးနောက် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “လိမ္မာတဲ့ ကလေးလေး.. ငါ့ကို သန့်ရှင်းအောင်လုပ်ပေးအုံး။ အဝတ်အစားလဲပေးပြီး ကုတင်ပေါ်ကို သယ်သွားပေး”

ရုတ်တရက် နတ်သမီးကဲ့သို့သော လှပလွန်းသည့်ခန္ဓာကိုယ်သည် ရှမ့်လန်၏ မျက်လုံးရှေ့တွင် ပေါ်ပေါက် လာခဲ့သည်။

ထိုအချိန်မှာပဲ .....

ဘုန်း ဘုန်း ဘုန်း...

သိုင်းပညာရှင်ဆယ်ဦးကျော်တို့သည် နံရံကို ဖြိုဖျက်ကာဖြင့် အခန်းထဲသို့ ရုတ်တရက်ပြေးဝင်လာကြ၏။ အားလုံးသောသူတို့သည် ကတုံးများဖြစ်ကြ၏။ နှင်းတောင်နတ်ဘုရားကျောင်းမှ သိုင်းထိပ်သီးကျွမ်းကျင်သူ ဘုန်းကြီးများပင်ဖြစ်၏။

ရောက်ရှိလာသူများထဲမှ တစ်ဦးက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။ “ချင်နိုင်ငံတစ်ခုလုံးမှာ သန့်စင်မြင့်မြတ်တဲ့ ကျောင်းတော်က တစ်ခုပဲ ရှိတယ်။ အဲဒါ နှင်းတောင်နတ်ဘုရားကျောင်းပဲ။ ရွှဲ့ပြည်နယ်က ရှမ့်လန် .... မင်းက ချင်နိုင်ငံမှာ လာပြီး ဘုံကျောင်းတစ်ခု တည်ဆောက်ချင်နေတယ်ဟုတ်လား။ ဒါငါတို့ ချင်လူမျိုးတွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးချင်တာပဲ။ မင်းက သေချင်နေတာပဲ ဖြစ်လိမ့်မယ်။ ဘုန်းတော်ကြီး ခူဟိုင်က မင်းကို အစိတ်စိတ် ဆွဲဖြဲပစ်ဖို့ ငါတို့ကို လွှတ်လိုက်တာပဲ”

“နတ်သမီးရွှယ်ရင်... ခင်ဗျားအဆိပ်ပြန်ထနေပြန်ပြီလား။ ခင်ဗျားအခု လှုပ်ရှားလို့မရဘူးမလား။ ဟား ဟား ဟား... ကျုပ်တို့အတွက် တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးဖြစ်လိမ့်မယ်”

“ကဲ...ညီတော်တို့ အထဲကိုဝင်ပြီး ရှမ့်လန်ကို အပိုင်းပိုင်းအစစဖြစ်အောင်လို့ ဆုတ်ဖြဲကြအောင်။ ပြီးရင် နတ်သမီးရွှယ်ရင်ရဲ့ ခန္ဓာကိုယ်အလှကို အားရပါးရ ကြည့်ရှုကြမယ်။ သူ့ဆီမှာ အဝတ်မပါလောက်ဘူး။ လောကမှာ အလှဆုံးလို့ ပြောကြတဲ့ နတ်သမီးပဲ။ တစ်ခါလောက်ကြည့်ရရင်ကို တန်ပါတယ်။ နောက်ဘဝကို ရောက်သွားမယ် ဆိုရင်တောင် တန်သေးတယ်”

“ဟား ဟား ဟား.... သူ့ကို ကြည့်ပြီးရင် နှင်းတောင်နတ်ဘုရားကျောင်းကို ပို့လိုက်မယ်။ ဘုန်းတော်ကြီး ခူဟိုင် ပျော်ရွှင်စေဖို့”

“ဘုန်းတော်ကြီး ခူဟိုင်သာ ဒီလိုလှပတဲ့ နတ်သမီးတစ်ယောက်ကို ပိုင်ဆိုင်ရမယ်ဆိုရင် ဘယ်လောက် ပျော်လိုက်မလဲ။ ဟား ဟား ဟား ဟား ဟား ဟား”

တကယ့်ကို ကျွမ်းကျင်လွန်းသည့် ဘုန်းတော်ကြီးဆယ်ဦးတို့သည် ရွှယ်ရင် ရေချိုးနေရာ အခန်းဆီသို့ တရှိန်ထိုး ပြေးဝင်လာခဲ့၏။ အားလုံးသောသူတို့သည် ရွှယ်ရင်၏ လှပလွန်းသည့်ခန္ဓာကိုယ်ကို မြင်တွေ့လိုစိတ်ဖြင့် ရူးသွပ် သွားလုမတတ်ပင်။

နတ်သမီးရွှယ်ရင်သည် မြူခိုးများဝေလျက်ရှိနေသည့် ရေထဲသို့ ပြန်လည်ကာ ထိုင်ချလိုက်၏။ လည်ပင်းမှ အောက်ပိုင်းထိ သူမ၏ ခန္ဓာကိုယ်ကို ရေဖြင့် ဖုံးကွယ်လိုက်၏။ သူမသည် ရှမ့်လန်အား လှမ်းကာ ပြောလိုက်၏။ “လိမ္မာတဲ့ကောင်လေး.. အဝတ်အစားတွေယူပြီး ရေချိုးကန်ထဲသာ ဝင်ခဲ့လိုက်တော့။”

ရှမ့်လန်သည် ငြင်းဆန်မနေတော့ချေ။ ရေချိုးစည်ထဲသို့ လှမ်းဝင်လိုက်၏။ ရုတ်တရက် သူ့၏ နှာခေါင်းထဲသို့ မွှေးရနံ့များက ပိုမိုကာ တိုးဝင်လာခဲ့၏။ ရှမ့်လန်သည် ဝိုင်အိုးထဲသို့ ပြုတ်ကျသွားသည့် ကြွက်တစ်ကောင်ကဲ့သို့ပင် ဖြစ်သွားခဲ့၏။ သုံးရက်သုံးညတိုင်တိုင် မူးယစ်သွားသော လူတစ်ကောင်ကဲ့သို့ပင် သူသည် ဝတ်ရုံဖြင့် နတ်သမီးရွှယ်ရင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံပေးလိုက်၏။ နတ်သမီး၏ ခန္ဓာကိုယ်ကို တခြားသောသူတို့ မြင်ခွင့်မရစေရန် သူ ကြိုးစားရပေလိမ့်မည်။

သို့ပေမည့် ရေချိုးစည်က အလွန်ကို သေးငယ်သောကြောင့် ရှမ့်လန် ဝင်လိုက်သည့်အချိန်တွင် မလွှဲသာမရှောင်သာဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်နှင့် ထိမိ၏။ နူးညံ့ပြီး အေးစက်လွန်းသည့် ကျောက်စိမ်း ကဲ့သို့သော ခန္ဓာကိုယ်သည် လောကကြီးထဲတွင် အမှန်တကယ် ရှိနေသည်လား။ တကယ့်ကို နူးညံ့ပြီး အိစက်လွန်းလှ၏။ နှင်းပွင့်များထက်ပင် ပိုမိုကာ ပျော့ပြောင်းလွန်း၏။

ဂျင်စင်းကို စားလိုက်ရသကဲ့သို့ပင် ဖွဖွလေးထိလိုက်ရုံနှင့် မမေ့နိုင်စရာ အရသာတစ်ခုကို ခံစားရပြီး အာရုံထဲတွင် တသက်တာ စွဲထင်ကျန်ရစ်တော့သလိုပင်။

ထို့အပြင် လူတို့သည် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်း နည်းပါးသူများသာ ဖြစ်၏။ အလွန်အားကောင်းလွန်းပြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် စိတ်ဆန္ဒ၏ အရှိန်အဝါအောက်တွင် မည်သည့်ခံစားချက်မဆိုတို့သည် အတိုင်းအဆမရှိ ကြီးထွားလာနိုင်ပေသည်။

ဘုန်း ဘုန်း ဘုန်း..

ခဏအတွင်းမှာပဲ နှင်းတောင်ဘုရားကျောင်းဆီမှ ဘုန်းကြီးများသည် အခန်းထဲသို့ ပြေးဝင်လာခဲ့ကြ၏။ ပြီးနောက် အခန်း၏ နံရံကို တိုက်ရိုက်ဆိုသလိုပဲ ရိုက်ချိုးဖျက်ဆီးလိုက်ကြ၏။

ရွှယ်ရင်သည် တစ်ဖက်လူများကို မျက်နှာမူကာဖြင့် ကြည့်ရှုလိုက်သည်။

“အင်း... လူတိုင်းကတော့ နတ်သမီးရွှယ်ရင်က ရေခဲလို ဖြူစင်ပြီး ကျောက်စိမ်းလို သန့်စင်တယ်လို့ ပြောကြတယ်။ တကယ်တော့ အားလုံးက အလိမ်အညာတွေပဲကိုး”

“နတ်သမီးက ဒီလိုကလေးတစ်ယောက်ကို အနီးကပ် ခေါ်ထားတယ်ဆိုတာ အခုမှပဲ မျက်မြင်တွေ့ရတော့တယ်။ ခင်ဗျားရဲ့ သန့်ရှင်းစင်ကြယ်တဲ့ နာမည်နဲ့ လုံးဝ မလိုက်တာပဲ။ ဒီကောင်လေးက ရုပ်ရည်ချောမောပြီး အသုံးမကျတဲ့ကောင်ပဲ ဖြစ်မှာ သေချာတယ်။ သူက နတ်သမီးကို ကျေနပ်အောင် လုပ်ပေးနိုင်လို့လား”

“ဟုတ်တယ် ဟုတ်တယ်။ ဒီကောင်လေးက နတ်သမီးကို ကျေနပ်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့ပဲ လုပ်ပေးနိုင်မှာမို့လို့လေ။ ဟား ဟား ဟား။ ကျုပ်တို့က ကာမဂုဏ်ကို ကျွမ်းကျင်တဲ့ ဇင်ဘုန်းကြီးတွေပဲ မဟုတ်လား။ နတ်သမီးကို လုံးဝ ကျေနပ်စေရမယ်။ မထူးတော့ပါဘူး။ ဒီလိုမျိုး လူရှေ့သူရှေ့မှာ ကောင်လေးတစ်ယောက်နဲ့ နေနေပြီးပြီဆိုမှတော့ ဘာရှက်စရာ လိုနေသေးလဲ”

ရှမ့်လန်သည် နှင်းတောင်ဘုရားကျောင်းဆီမှ ဤဘုန်းကြီးများ၏ ကာမရမ္မက်ကြီးလှပုံကို စောစောစီးစီးတည်းက ကြားခဲ့ပြီးသားဖြစ်၏။ ထိုသူတို့သည် တကယ့်ကို ရက်စက်ကြမ်းကြုတ်သည့် လူများလည်း ဖြစ်၏။ သို့ပေမည့် မျက်စိရှေ့၌ မျက်ဝါးထင်ထင် မြင်လိုက်ရသည့်အခါမှာတော့ တကယ့်ကို အံ့အားသင့် ဆွံ့အသွားမိ၏။ အမှန်ပင် သိမ်ဖျင်းပြီး ယုတ်မာရက်စက်လွန်းသည့် လူများဖြစ်နေ၏။

ဦးဆောင်လာခဲ့သည့် ဘုန်းကြီးသည် ရွှယ်ရင်၏ လက်များ မလှုပ်ရှားနိုင်ကြောင်း သိရှိလိုက်ချိန်မှာတော့ တကယ့်ကို ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ “အင်း.. နတ်သမီးက အဆိပ်တက်နေပြီ။ သူ လှုပ်လို့မရတော့ဘူး”

ထိုအချိန်မှာတော့ အိမ်ဝင်း၏ အပြင်ဘက်ဆီမှ ကျွမ်းကျင်သူတစ်ဒါဇင်ကျော်တို့သည် အထဲသို့ ပြေးဝင်လာရန် ကြိုးစားကြ၏။ ရွှဲ့နိုင်ငံ သံတမန်အဖွဲ့မှ စစ်သည်များသည် ဘာတစ်ခုမှမကြားဟန်ဆောင်ကာ အသေကောင်များ ကဲ့သို့ နေထိုင်နေကြသည်ဆိုသော်လည်း ကျင်းမိသားစုနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ စစ်သည်များ မှာတော့ ရဲရဲဝံ့ဝံ့ဖြင့် အထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

နှင်းတောင်ဘုရားကျောင်းဆီမှ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရခြင်းသည် နံရံကို ကြက်ဥနှင့် လှမ်းပေါက် သကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု သိရှိသော်လည်း သူတို့သည် ရှမ့်လန်အတွက် အသက်ပေး တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ကြသည်။

“အားလုံးပဲ နောက်ဆုတ်” ရှမ့်လန်သည် အော်ဟစ်ကာ အမိန့်ပေးလိုက်၏။

နှင်းတောင်ဘုရားကျောင်းမှ ဘုန်းကြီးများသည် သိုင်းပညာအရာ၌ ကျွမ်းကျင်လွန်း၏။ ကျင်းမိသားစုနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ လက်ရွေးစင် စစ်သည်ပေါင်းတစ်ဒါဇင်ကျော်တို့သည် ရှေ့သို့ လှမ်းတက် လိုက်သည်နှင့် အလဟဿ အသက်ဆုံးရှုံးရုံသာ ရှိပေလိမ့်မည်။

ထို့အပြင် ဘုန်းကြီးယုတ်များသည် နတ်သမီးရွှယ်ရင် မလှုပ်ရှားနိုင်သည်ကို သိရှိသည့်အချိန်မှာ တကယ့်ကို ဝမ်းသာအားရနှင့် တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ ရွှယ်ရင်သည် မလှုပ်ရှားနိုင်ရုံသာမက အဆိပ်ပင် တက်လျက် ရှိနေ၏။

နောက်ဆုံးအကြိမ် အဆိပ်တက်ခဲ့သည်ကို ရှမ့်လန်က မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။ နင်ယန်၏ ကျောက်ကပ် ကျောက်တည်သည့် နာကျင်မှုထက် အဆပေါင်းများစွာ ပိုမိုနာကျင်ပြီး သာမန်လူများသာဆိုပါက လုံးဝ ခုခံနိုင်မည့် အရာမျိုး မဟုတ်ကြောင်း သူ သိရှိပြီးဖြစ်သည်။

“ငါ့ကို တင်းတင်းဖက်ထားပါ။ ငါတို့ကြားမှာ နေရာလပ်မရှိစေနဲ့။ ငါ့လက်ကို ယူပြီးတော့ မင်းရဲ့ နားကို အုပ်ထားလိုက်” နတ်သမီး ရွှယ်ရင်က တီးတိုးပြောလိုက်၏။

ရှမ့်လန်သည် အံ့အားသင့်သွား၏။ အဘယ့်ကြောင့် ထိုသို့ ပြုလုပ်ခိုင်းရသည်နည်း။ သို့ပေမည့် သူသည် နတ်သမီး ပြောသည့်အတိုင်း လိုက်ပါပြုလုပ်လိုက်၏။ သူသည် ရွှယ်ရင်၏လက်များကို လှမ်းကိုင်ပြီး ထိုကျောက်စိမ်း ကဲ့သို့သော လက်လေးနှစ်ဖက်ဖြင့် သူ၏နားကို အုပ်လိုက်သည်။

ပြီးနောက်မှာတော့ ရှမ့်လန်သည် နတ်သမီး၏ နှင်းကဲ့သို့ဖြူဖွေးသည့်ခါးကို သူ၏လက်နှစ်ဖက်ဖြင့် ရစ်ပတ်ကာ ခန္ဓာကိုယ်နှစ်ခုကြား နေရာလပ်တစ်ခုမှ မကျန်အောင် ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်၏။ သူသည် တကယ့်ကို လှပပြီး နူးညံ့လွန်းသည့် နှင်းတောင်ကြီးတစ်ခုကို ပွေ့ဖက်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သူမ၏ခန္ဓာကိုယ်သည် သာမန်လူ၌ရှိနေရမည့် အပူချိန်ထက် အဆပေါင်းများစွာ ပိုမို များပြားနေကြောင်း ရှမ့်လန်က သတိပြုလိုက်မိသည်။ သို့ပေမည့် ခန္ဓာကိုယ်၏ တခြားသောတစ်ဖက်ခြမ်းမှာတော့ ရေခဲကဲ့သို့ပင် အေးစက်နေ၏။ နတ်သမီး၏ ခန္ဓာကိုယ်သည် ခပ်ကြမ်းကြမ်း တုန်ခါလို့နေသည်။

“ဒီမိန်းမ လက်တောင်မလှုပ်နိုင်ဘူး။ ကဲ.. ကောင်းကောင်း ပျော်ပါးလိုက်ကြရအောင်”

နတ်သမီးရွှယ်ရင်၏ ခန္ဓာကိုယ်ပေါ်၌ ဖုံးလွှမ်းထားသည့် ဝတ်ရုံကို ဆွဲယူရန် လက်တစ်ဒါဇင်ကျော်တို့က ရောက်ရှိလာခဲ့၏။ ထိုလက်များသည် တကယ့်ကို အရှက်ကင်းမဲ့စွာဖြင့် ရေအောက်တွင် ရှိနေသည့် သူမ၏ အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို တိုက်ရိုက်ထိတွေ့ရန် ကြိုးစားလာကြ၏။

လူနှစ်ယောက်မှာတော့ သူတို့၏ မွေးရာပါပစ္စည်းများကို ထုတ်ယူကာဖြင့် ရေချိုးစည်ထဲသို့ သေးပေါက် ထည့်ရန်ပင် ပြင်ဆင်လျက် ရှိနေသည်။

နတ်သမီးရွှယ်ရင်သည် ခါး၏အထက်ပိုင်းမှစပြီး လှုပ်ရှား၍ မရနိုင်တော့ရာ သိုင်းပညာအသုံးပြုရန်ဆိုသည်မှာ မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သူမ၏ ခန္ဓာကိုယ်ကလည်း အဆုံးစွန်ထိ တုန်ခါလျက် ရှိနေ၏။

ဘုန်းကြီးယုတ် တစ်ဒါဇင်ကျော်တို့၏ လက်များသည် သူမ၏ ဝတ်ရုံကို ဆွဲဖြဲလုနီးပါး ဖြစ်လာခဲ့၏။ တကယ့်ကို နတ်သမီးကဲ့သို့ လှပလွန်းသည့် ခန္ဓာကိုယ်သည် တခြားသောသူများ၏ရှေ့၌ ပေါ်ပေါက်သွားပေတော့မည်။

အလွန်အရေးကြီးသော အခြေအနေ၊ အခိုက်အတန့်ဆီသို့ ရောက်ရှိနေ၏။

ရုတ်တရက် ...

“အား..”

နတ်သမီးရွှယ်ရင်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် ကြိမ်နှုန်းမြင့် ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှင့်လိုက်၏။ ထိုအသံ၌ ကြီးမားလွန်းသည့် အသံလှိုင်းပေါက်ကွဲမှုများ ပါဝင်နေ၏။ အတွင်းအားဖြင့် ဖန်တီးထားသည့် အသံလွန်လှိုင်းတစ်ခုကဲ့သို့ပင်။

ဆရာကြီးကျင်းယုံ၏ဝတ္ထုထဲတွင် ပါဝင်သည့် ခြင်္သေ့ဟိန်းသံကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ၏ ဟိန်းသံက ဘာဖြစ်မည်နည်း။ လင်းပိုင်ဟိန်းသံများ ဖြစ်နေမည်လား။ သူ သေသေချာချာ မသိရှိချေ။

တစ်ခဏအတွင်းမှာပင် ဘုန်းကြီးယုတ် တစ်ဒါဇင်ကျော်တို့သည် ရုတ်တရက် အလွန် နာကျင်စွာ အော်ဟစ်ရင်း အောက်သို့ လဲကျသွားခဲ့၏။ တချို့သောသူများ၏ နားထဲမှ သွေးများ စီးကျလာခဲ့၏။ တချို့ဆိုလျှင် နားများ ကန်းသွားခဲ့၏။ အသံလှိုင်းများ၏ တိုက်ခိုက်မှုသည် နားကိုသာမက ဦးနှောက်ကိုပါ ထိခိုက်စေ၏။

ကြိမ်နှုန်းမြင့်မားလွန်းသည့် အသံလှိုင်းသည် ဦးနှောက်ကို ယာယီအားဖြင့် ထုံကျင်သွားစေခဲ့ပြီး ဦးနှောက် တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေရုံသာမက ခေါင်းတစ်ခုလုံး ကွဲထွက်သွားမတတ် နာကျင်မှုကို ခံစားရစေသည်။

ထို့ကြောင့် ဘုန်းကြီးယုတ် တစ်ဒါဇင်ကျော်တို့သည် အလွန်နာကျင်စွာ ထိုင်ချပြီး ခေါင်းကိုပိုက်ကာ အော်ဟစ်လျက် ရှိနေ၏။ ကံကောင်းစွာဖြင့် ဤဘုန်းကြီးယုတ်များသည် ရွှယ်ရင်အနားသို့ မျက်နှာမူထားသောကြောင့် သူမ၏ အမြတ်ဒေါသ ဟိန်းသံ၏ တိုက်ခိုက်မှုအကွာအဝေးတွင် တည်ရှိနေကြ၏။

ရှမ့်လန်သည် ရွှယ်ရင်၏ နောက်ဘက်တွင် ရှိ၏။ ထို့အပြင် သူ၏နားကိုသာ ပိတ်မထားခဲ့ပါက ကျိန်းသေပေါက် ဒဏ်ရာရရှိပေလိမ့်မည်။ သူ၏အားနည်းလွန်းသည့် ခန္ဓာကိုယ်ဖြင့် ရွှယ်ရင်၏ အသံလှိုင်းတိုက်ခိုက်မှုကို လုံးဝ ခံနိုင်မည် မဟုတ်ဘဲ တစ်ခါတည်း နားကွဲပြီး သေဆုံးသွားနိုင်သည်။

သို့ပေမည့် အသံလှိုင်းတိုက်ခိုက်မှုကို ထုတ်ဖော်ပြီးနောက် နတ်သမီးရွှယ်ရင်သည် သူမ၏ အားအင်အကုန်ကို ထုတ်ဖော်ခဲ့ရသောကြောင့် တိုက်ရိုက်ဆိုသလိုပင် သွေးတစ်လုတ် အန်ထွက်လာခဲ့၏။ သူမသည် ရှမ့်လန်အား စကားပြောလိုသော်လည်း တစ်လုံးတစ်ပါဒမှ မပြောနိုင်တော့ချေ။ ဤတိရိစ္ဆာန်အားလုံးကို သတ်ဖြတ်ရန် အခွင့်အရေးကို ချက်ချင်းယူဟု သူမက ရှမ့်လန်အား ပြောကြားလို၏။

သို့ပေမည့် သူမ ထိုကဲ့သို့သတိပေးရန်ပင် မလိုအပ်ချေ။ ဓားမြှောင်ကိုအသာဆွဲကိုင်ကာဖြင့် ရုတ်တရက် ခုန်ထွက်သွားခဲ့သည်။

ဇွပ် ဇွပ် ဇွပ် ....။

ထိုဘုန်းကြီးယုတ်များ ဦးနှောက်ထုံကျင်ကာကြောင့် လူးလွန့်လျက်ရှိနေသည်ကို အခွင့်ကောင်းယူကာဖြင့် သူသည် ထိုသူတို့၏ နောက်ကျောဆီသို့ ရောက်ရှိသွားပြီး မြန်မြန်ဆန်ဆန်ဆိုသလိုပဲ အားလုံးသောသူတို့ကို ဓားမြှောင်ဖြင့် ထိုးစိုက်ကာ သတ်ဖြတ်ခဲ့၏။

သို့ပေမည့် နောက်ဆုံးဘုန်းကြီးကို သတ်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာတော့ ထိုဘုန်းကြီးသည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပြီး ကြီးမားလွန်းသည့် လက်သီးကြီးဖြင့် ရှမ့်လန်ကို ထိုးနှက်လိုက်၏။ ထိုသူ၏ သိုင်းပညာသည် အားလုံးထဲတွင် အမြင့်ဆုံးဖြစ်သောကြောင့် ချက်ချင်းပင် ပြန်လည်သတိရလာခြင်း ဖြစ်သည်။

ဤလက်သီးချက်သာ ထိမှန်ပါက ရှမ့်လန်သည် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။ သူ ဘာသိုင်းပညာမှ မတတ်သည့် လူတစ်ယောက် မဟုတ်ပါလား။ မိန်းမတစ်ယောက်၏ လက်သီးချက်နှင့်ပင် ၃ ရက်လောက် သတိမေ့နိုင်သူပင်။

ဘုန်း..

ကျယ်လောင်လွန်သော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ချွန်ထက်လွန်းသော သစ်သားအပိုင်းအစကြီးတစ်ခုသည် ဘုန်းတော်ကြီး၏ ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်သွား၏။ ဘုန်းတော်ကြီးက သေဆုံးသွားခဲ့၏။

ရေချိုးစည် ပေါက်ကွဲသွားခဲ့ခြင်းပင်။

ရွှယ်ရင်သည် လက်များ မလှုပ်ရှားနိုင်သော်လည်း ခြေထောက်ကိုအသုံးပြု၍ ရှမ့်လန်၏ အသက်ကို ကယ်တင်ခဲ့၏။ သူမ၏ ကျောက်စိမ်းကဲ့သို့သော ခြေဖဝါးများဖြင့် ရေချိုးစည်ကို တိုက်ရိုက် ဆိုသလို ပြင်းထန်စွာ ကန်လိုက်သောကြောင့် သစ်သားအစအနများသည် ကျည်ဆန်ကဲ့သို့ပင် ဘုန်းတော်ကြီး၏ ဦးခေါင်းတစ်ခုလုံးကို ထွင်းဖောက်သွားခဲ့ခြင်း ဖြစ်သည်။

နောက်တစ်စက္ကန့်အတွင်းမှာပဲ သူမသည် မြေပေါ်သို့ လဲကျသွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်လျက် ရှိနေပြီး ပါးစပ်မှ သွေးများက အဆက်မပြတ် စီးကျနေ၏။ အဆုံးစွန်ထိ အဆိပ်တက်လာပြီဖြစ်သောကြောင့် သူမသည် ဘယ်လိုမှ ခုခံနိုင်ခြင်း မရှိတော့ချေ။ ထို့အတူ မကြာသေးခင်က အသံလှိုင်းတိုက်ခိုက်မှုကို အသုံးပြုပြီး ရေချိုးစည်ကိုလည်း ဖောက်ခွဲခဲ့ရ၏။ ထို့ကြောင့် ပြင်းထန်သည့် အတွင်းဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်၏။

ရှမ့်လန်သည် ရွှယ်ရင်၏ အလွန်လှပသည့် ခန္ဓာကိုယ်ကို လျင်မြန်စွာပွေ့ချီကာဖြင့် ခုတင်ပေါ်သို့တင်လိုက်၏။ သူမ၏ စိုစွတ်နေသည့်ဝတ်ရုံကို ချွတ်ပေးပြီး နူးညံ့ခြောက်သွေ့သော သဘက်ဖြင့် သေသေချာချာ ပွတ်တိုက် ပေး၏။ ပြီးနောက် ငန်းမွှေးစောင်တစ်ခုနှင့် ခြုံပေးလိုက်၏။ ပါးစပ်ထောင့်မှ စီးကျလျက် ရှိနေသည့် သွေးများကို သေသေချာချာ သုတ်ပေးသည်။

လေထုထဲတွင် ပျံ့နှံ့လျက်ရှိသော မွှေးရနံ့သည် ပိုမိုကာ ပြင်းပြလာ၏။ ရှမ့်လန်သည် တကယ့်ကို မူးယစ်သွားခဲ့၏။ ဤအရာမှာ တင်စားကာပြောနေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် ဦးခေါင်းတစ်ခုလုံး မူးယစ်သွားသလိုပင် ခံစားနေမိ၏။

အဆိပ်တက်လာတိုင်း ပေါ်လာသည့် ထိုမွှေးရနံ့က တကယ့်ကို ပြင်းထန်၏။ သူမ၏ ခန္ဓာကိုယ်သည် အလွန်မြင့်မားသော ကြိမ်နှုန်းနှင့် တုန်ခါနေခဲ့ပြီး အလုံးစုံ ထိန်းချုပ်၍ မရနိုင်ပေ။ ဤနာကျင်မှုမျိုးသည် သာမန် လူသားတို့ ခံနိုင်သည့် စွမ်းဆောင်ရည်ထက် အလုံးစုံ ကျော်လွန်လျက် ရှိနေသည်။

“ဆရာ ...” ရှမ့်ဆယ့်သုံးက အပြင်ဘက်မှ အော်ခေါ်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. နေရာကို ရှင်းလင်းထားလိုက်။ အလောင်းတွေ အကုန်လုံးကို ခုတ်ထစ်ပြီး လင်းတစာ ကျွေးပစ်လိုက်”

“ကောင်းပါပြီ” ရှမ့်ဆယ့်သုံးက ပြန်လည်ကာ ဖြေဆို၏။

ရှမ့်လန်က ပြောလိုက်သည်။ “ရေတစ်ပုံးလောက် ကျိုပြီး ဒီနေရာမှာ လာထားလိုက်”

ပြီးနောက် စစ်သည်တော်တစ်ဒါဇင်ကျော်တို့က အထဲသို့ ဝင်ရောက်လာခဲ့ပြီး ဘုန်းကြီးယုတ် တစ်ဒါဇင်ကျော်တို့၏ အလောင်းများကို ဆွဲထုတ်သွားခဲ့ကြ၏။

အလွန်အမင်း နာကျင်နေသည့် ရွှယ်ရင်ကို မြင်သည့်အချိန်မှာတော့ ရှမ့်လန်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ စောင်ထဲသို့ ဝင်ကာဖြင့် သူမ၏ လှပသည့် ခန္ဓာကိုယ်ကို ခပ်တင်းတင်း ပွေ့ဖက်ကာ နှစ်သိမ့်ပေးထား၏။ ဤအရာက သူမ၏ နာကျင်မှုကို မသက်သာစေနိုင်သော်လည်း အနည်းဆုံးတော့ နွေးထွေးမှုကို ခံစားရလိမ့်မည်ဟု သူက ထင်မှတ်ထားသည်။

နာရီဝက်ခန့် ကြာမြင့်ပြီးနောက် အရာအားလုံးက ပြီးဆုံးသွားခဲ့၏။

ရွှယ်ရင်၏ မွှေးရနံ့သင်းကြိုင်နေသော ဝမ်းတွင်းလေနှင့်အတူ ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ “ကျေးဇူးပါပဲ”

ရှမ့်လန်က ခေါင်းခါပြလိုက်၏။

ရွှယ်ရင်က ထပ်မံကာ ပြောလိုက်သည်။ “မင်းကို နောက်တစ်ခါ ဒုက္ခပေးရအုံးမယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကိစ္စမရှိပါဘူး”

ပြီးနောက် ရွှယ်ရင်ကို ပွေ့ချီကာဖြင့် ရေချိုးစည်ထဲသို့ နောက်တစ်ကြိမ် ထည့်ပေးလိုက်သည်။ အဆိပ်တက်တိုင်း သူမက ရေချိုးရသည်။ ရေချိုးပြီးတိုင်းလည်း သန့်စင်သော အဝတ်အစားများကို ဝတ်ဆင်တတ်၏။

ရှမ့်လန်သည် သူမ၏ ဆံပင်ကို သေသေချာချာ ဖြီးသင်ပေးသည်။

“နတ်သမီး.. နတ်သမီးရဲ့ သိုင်းပညာက တကယ့်ကို မြင့်မားလွန်းတယ်။ ကျုပ် စိတ်ကူးထားတာထက်တောင် ပိုပြီး ကျော်လွန်နေတာပဲ”

သူမသည် အမှန်ပင် အံ့အားသင့်စရာကောင်းလောက်အောင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ လက်များက မလှုပ်ရှားနိုင်သော်လည်း အသံလှိုင်းကို အသုံးပြု၍ တိုက်ခိုက်နိုင်၏။ ထို့အပြင် ခြေထောက်ကို အသုံးပြုကာဖြင့် ကျွမ်းကျင်လွန်းသည့် သိုင်းပညာရှင်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ခဲ့၏။

“ခင်ဗျားရဲ့ နာမည်က ရွှယ်ရင် မဖြစ်သင့်ဘူး။ လင်းပိုင်နတ်သမီးတောင် ဖြစ်သင့်တယ်”

ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ ပြီးနောက် သူက ခေါင်းခါယမ်းလိုက်၏။ “မဟုတ်သေးဘူး”

ဤနာမည်ကို သုံး၍ မဖြစ်ပေ။ ဘယ်လိုဖြစ်ပြီး တခြားသူတစ်ယောက်၏ နာမည်ကို လင်းပိုင်ဟု ပြောရမည်နည်း။ ထို့အပြင် လင်းပိုင်နှင့် ဤနတ်သမီးတို့၏ ရုပ်ရည်နှင့် ပုံပန်းသဏ္ဍာန်တို့က အလွန် ကွာခြားသည် မဟုတ်ပါလား။

ရွှယ်ရင်က ပြောလိုက်သည်။ “အင်း.. သိုင်းပညာဆိုတာ လူတိုင်း တတ်မြောက်ပြီး ကျွမ်းကျင်နိုင်တဲ့ အရာတစ်ခုပဲ။ ထိပ်တန်းစွမ်းရည်အရ၊ ခွန်အားအရ ပြောရမယ်ဆိုရင် အရူးကြီးနဲ့ ချောင်ယောင်းအာတို့က အစွမ်းထက်ဆုံး လူတွေပဲ။ သူတို့တစ်ယောက်ချင်းစီက ထိပ်တန်းလူဆယ်ယောက်လောက်ကို အနိုင်ယူ တိုက်ခိုက်နိုင်တယ်။ ဒါကမှ တကယ့်ထိပ်သီးပါရမီရှင်တွေရဲ့ လမ်းစဉ်ပဲ။ ငါတို့က ဘာမှဟုတ်တဲ့ လူတွေ မဟုတ်ပါဘူး”

နတ်သမီးကဲ့သို့သော မိန်းကလေးသည် မိမိကိုယ်ကိုယ် ညံ့ဖျင်းပြီး‌ ဘောင်မဝင်သည့် သိုင်းပညာရှင်တစ်ယောက်ဟု ပြောဆိုနေ၏။

ရှမ့်လန်သည် ထိုအရာကို ပထမဦးဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်၏။ ချောင်ယောင်းအာသည် ဤမျှ အစွမ်းထက်သည်လား။ ဓားဘုရင် လီချင်းချိုးသည် သူမကို ချီးကျူးခဲ့ပြီး ယခု နတ်သမီး ရွှယ်ရင်ကလည်း သူမကို ချီးကျူးနေပြန်၏။ ဤမျှအစွမ်းထက်သည့် မိန်းကလေးသည် သူနှင့်အတူ အိပ်ခဲ့သည့် အမျိုးသမီး ဖြစ်သည်လား။ တကယ့်ကို ဂုဏ်ယူစရာပင် ဖြစ်၏။

ထို့အပြင် သူမ၏ ဗိုက်ထဲတွင် သူ၏ရင်သွေးလေးကလည်း ရှိနေသေး၏။ သို့ပေမည့် ဤအရာအားလုံးတို့သည် သူနှင့် ဘာမှမသက်ဆိုင်သလို ခံစားမိနေ၏။ ချောင်ယောင်းအာ၏ လောကကြီးထဲတွင် ယောက်ျား မလိုအပ်သလို ရှမ့်လန်ကိုလည်း မလိုအပ်ချေ။ သူမသည် မျိုးပွားနိုင်စွမ်းကိုသာ လိုအပ်ပုံပေါ်သည်။

“ကောင်းပြီ။ သွားအိပ်လိုက်တော့လေ” ရွှယ်ရင်က ပြောလိုက်၏။

ရွှယ်ရင် ရေချိုးခဲ့သည့်အခန်းသည် သီးသန့်ရေချိုးခန်းတစ်ခုမဟုတ်ဘဲ ရှမ့်လန်၏အိပ်ခန်း ဖြစ်၏။ ယခုအခန်းတစ်ခုလုံး က ရှုပ်ပွနေသောကြောင့် အိပ်စက်ရန်နေရာဟူ၍ မရှိချေ။

ရှမ့်လန်က အိပ်စက်ရန် အခန်းတစ်ခန်းကို ရှာဖွေရန် စဉ်းစားလိုက်၏။

ရွှယ်ရင်က ပြောလိုက်၏။ “ခုတင်ပေါ်မှာပဲ အိပ်လိုက်ပါ။ ဘာဖြစ်လို့လဲ”

ရှမ့်လန်က ခေါင်းခါကာ ပြောလိုက်သည်။ “မဖြစ်သေးဘူး။ ကျုပ်ဆီမှာ မကောင်းတဲ့ အတွေးတွေ ရှိနေတယ်”

ရွှယ်ရင်က ပြောလိုက်၏။ “အဲဒါလည်း ကိစ္စမရှိပါဘူး။ ငါက မကြာခင်မှာ သေဆုံးသွားတော့မှာပဲလေ။ ငါ့ရဲ့ နောက်ဆုံးအချိန်တွေမှာ မင်းရဲ့အနားမှာ ရှိနေရတာကလည်း ကံကြမ္မာတစ်ခုပဲပေါ့”

All Chapters