← Chapters

အခန်း (၃၁၀)

Vol. 23 Ch. 310

အခန်း (၃၁၀)

Vol. 23 Ch. 310

ချင်ဘုရင်သည် စမ်းသပ်ခံလူများ၏ အဖြေကိုပင် မစောင့်နိုင်ဘဲ ချက်ချင်း အမိန့်ပေးခဲ့သည်။ “ကျောက်ရောဂါလူနာတွေရဲ့ သွေးနဲ့ ပြည်တွေကနေထွက်တဲ့ အရည်တွေကို စမ်းသပ်ခံရတဲ့သူတွေပေါ်ကို လိမ်းကြည့်လိုက်။ ဒါဆိုရင် သူတို့ ကူးစက်ခံရမလား၊ မကူးစက်ခံရမလားဆိုတာ သိလိမ့်မယ်”

ပြီးနောက် ပထမအသုတ် အစမ်းသပ်ခံရသူများသည် အလွန်ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့ကြုံခံစားရတော့၏။ ကျောက်ရောဂါလူနာများ၏ အရည်ကြည်များသည် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ လိမ်းကျံခြင်း ခံရ၏။ အကယ်၍ ရှမ့်လန်၏ ကာကွယ်ဆေးထိုးခြင်းသည်သာ မအောင်မြင်ခဲ့ပါက သူတို့တွင် ထိုအရာများကို ခုခံနိုင်ရန် ခန္ဓာကိုယ်ထဲတွင် ပဋိပစ္စည်း ရှိလိမ့်မည်မဟုတ်ချေ။ ထို့သို့ဆိုလျှင် ကျောက်ရောဂါ ကျိန်းသေပေါက် ကူးစက်ခံရပေလိမ့်မည်။

တစ်ရက် ကုန်လွန်သွား၏။

နှစ်ရက် ကုန်လွန်သွား၏။

သုံးရက် ကုန်လွန်သွား၏။

လေးရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

ချင်ဘုရင်နှင့် အိမ်ရှေ့စံမင်းသားတို့သည် စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြ၏။ တော်ဝင်မိသားစု တစ်ခုလုံးကလည်း စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းလို့နေကြ၏။

အကျိုးသက်ရောက်မှု ရှိမည်လား။ ရှမ့်လန်၏ နတ်ဘုရားကဲ့သို့သော နည်းစနစ်သည် အကျိုးသက်ရောက်မှု ရှိနေပြီး ပြည်သူလူထုကို ကယ်တင်နိုင်လိမ့်မည်လား။ ကျောက်ရောဂါကို ကာကွယ်နိုင်လိမ့်မည်လား။

ငါးရက် ကုန်လွန်သွားခဲ့၏။

လက်ရှိအချိန်တွင် အဖြေထွက်သင့်နေပြီ ဖြစ်၏။ စမ်းသပ်ခံရသူ ၅၀ ဦးအနက် တစ်ဦးတစ်ယောက်မျှ ကျောက်ရောဂါ ကူးစက်ခြင်း မခံရချေ။ ကျောက်ရောဂါလူနာများ၏ သွေးနှင့် ပြည်တည်နာရည်များကို လိမ်းကျံရပြီးနောက် သူတို့သည် ကူးစက်ခြင်း မခံရချေ။

အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ တကယ့်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်၏။

ချင်ဘုရင်သည် အစစ်အမှန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်လို့နေခဲ့၏။ အိမ်ရှေ့စံမင်းသားကလည်း ပျော်ရွှင်သွား၏။ ချင်နိုင်ငံကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

ရှမ့်လန်က တကယ် အောင်မြင်ခဲ့၏။ ကျောက်ရောဂါကို အမှန်တကယ် ကာကွယ်နိုင်ခဲ့ပြီ ဖြစ်၏။ မည်သူတစ်ဦးမှ ကျောက်ရောဂါ ကူးစက်ခြင်း မခံရစေရန် အမှန်တကယ် အာမခံနိုင်သည့် အရာပင် ဖြစ်၏။ ချက်ချင်းဆိုသလိုပင် ချင်နိုင်ငံ၏ အထက်ကောင်းကင်ယံဆီမှ မျှော်လင့်ခြင်းအလန်းတန်းများ ကျဆင်းလာသကဲ့သို့ပင်။

ချင်နိုင်ငံတစ်ခုလုံး ပွက်လောရိုက်သွား၏။ မရေမတွက်နိုင်သောလူများစွာသည် မြင့်မြတ်သော ဘုံကျောင်း ဆီသို့ စုပြုံတိုးဝင်လာခဲ့ကြပြီး ရွှဲ့ပြည်နယ်၏သံတမန်အဖွဲ့က ထိုသူတို့ကို ကာကွယ်ဆေးထိုးပေးရန် စီစဉ်ပေး၏။ ကျောက်ရောဂါကို ထာဝရ ကာကွယ်နိုင်ပေတော့မည်။

ယခင်က ရှမ့်လန်၏ ဘုံကျောင်းတွင် ကွန်ဖြူးရှပ်၊ မင်းကြီးကျိုးနှင့် တခြားသော သူတော်စင်များ၏ ရုပ်ထု ထုလုပ်ထားခဲ့ပြီး မြင့်မြတ်သောဘုံကျောင်းဟူသည့် ဆိုင်းဘုတ်သာလျှင် ရှိ၏။

သို့ပေမည့် မြင့်မြတ်သော ဘုံကျောင်းဆိုသည့် ဆိုင်းဘုတ်သည် အကြိမ်ကြိမ်အခါခါ ရိုက်ချိုးခြင်းကို ခံခဲ့ရ၏။ ချင်နိုင်ငံ၏ ပြည်သူလူထုသည် အကြိမ်ကြိမ်အခါခါ ဖျက်ဆီးရန် ကြိုးစားကြ၏။ အထဲတွင် နတ်သမီးရွှယ်ရင်၏ ရုပ်ထုသာ မရှိပါက ဘုံကျောင်းတစ်ခုလုံး မီးရှို့ဖျက်ဆီးခံရမှာ သေချာသည်။

ကျောက်ရောဂါကပ်ဘေးအတွင်း နှင်းတောင်နတ်ဘုရားကျောင်း၏ လုပ်ဆောင်မှုများသည် စိတ်ပျက်ဖွယ်ရာ ကောင်းခဲ့သော်လည်း သူတို့ကို ယုံကြည်သူများကတော့ တည်ရှိနေသေး၏။ ထို့အပြင် ကိုးကွယ်သူ များစွာလည်း တည်ရှိနေသေး၏။ ချင်နိုင်ငံတွင် တခြား မြင့်မြတ်သောဘုံကျောင်းတစ်ခု ပေါ်ပေါက်လာခြင်းကို အဘယ်သို့ သူတို့သည်းခံနိုင်မည်နည်း။

ဤဘုံကျောင်းကြီးကို မီးမရှို့ရသေးသည့် အကြောင်းအရင်းမှာ အထဲတွင် ကျောက်ရောဂါကို ကုသပေးနိုင်သည့် နည်းလမ်းတစ်ခုရှိနေပြီး နတ်သမီးရွှယ်ရင်၏ ရုပ်ထုလည်း ရှိနေသေးသေကြောင့်ပင်။

နောက်ဆုံးမှာတော့ သက်သေပြနိုင်ခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် ချင်နိုင်ငံ၏ ပြည်သူလူထုကို ကယ်တင်နိုင်ခဲ့ပြီး ကျောက်ရောဂါကိုလည်း ကာကွယ်ပေးနိုင်ခဲ့ပြီ ဖြစ်၏။

ချက်ချင်းပင် ဘုံကျောင်း၏ အဆင့်အတန်းက မြင့်မြတ်သွားခဲ့၏။ မည်သူတစ်ဦးတစ်ယောက်မှ ဘုံကျောင်းကို မီးရှို့ရန် မစဉ်းစားတော့ချေ။ မည်သူတစ်ဦးတစ်ယောက်မှ ရုပ်ထု သို့မဟုတ် ဆိုင်းဘုတ်ကို ရိုက်ချိုးရန် မစဉ်းစားတော့ချေ။ ယုံကြည်မှုက တန်ဖိုးကြီးမားသည်ဆိုသော်လည်း အသက်က ပိုမို၍ အဖိုးတန်၏။ နှင်းတောင်နတ်ဘုရားကျောင်းသည် သူတို့ကို မကယ်တင်နိုင်သော်လည်း ဤဘုံကျောင်းမှာတော့ သူတို့ကို ကယ်တင်နိုင်၏။ ထို့ကြောင့် သူတို့သည် ဘုံကျောင်း၏ ယုံကြည်သူများ ဖြစ်လာနိုင်သည်။

ရှမ့်လန်က အမိန့်ပေးလိုက်၏။ သူတို့သည် ကျောက်ရောဂါကို ထာဝရ ခုခံနိုင်စွမ်းအား လိုချင်ကြ၏။ ထို့ကြောင့် ဘုံကျောင်း၏ အပြင်ဘက်တွင် ဒူးထောက်ပြီး သူတော်စင်များ၏ ယုံကြည်သူများ ဖြစ်လာခဲ့ကြ၏။ ထို့ကြောင့် ဘုံကျောင်း၏ရှေ့တွင် ဒူးထောက်နေသည့် လူများနှင့် ပြည့်နှက်လာခဲ့၏။ ထောင်ပေါင်း၊ သောင်းပေါင်းများစွာသော လူများက ဒူးလာထောက်ကြ၏။

ရှမ့်လန်နှင့် လိုက်ပါလာခဲ့သော ရွှဲ့ပြည်နယ်မှ စစ်သည်တော်များသည် အလုံးစုံ အံ့အားသင့်လို့နေ၏။ ဤရှမ့်လန်သည် အလွန်အစွမ်းထက်လွန်းလှ၏။ ချင်ဘုရင်ကို တောင်းပန်စာ ရေးခိုင်းနိုင်ရုံသာမက ချင်နိုင်ငံ၌ ဘုံကျောင်းတစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့သည်။

ထိုတင်သာမကသေးချ။ မရေမတွက်နိုင်သော ချင်နိုင်ငံမှလူများသည် သူတော်စင်၏ ယုံကြည်သူများ ဖြစ်လာခဲ့၏။ အံ့အားသင့်စရာပင်။ အလုံးစုံ အံ့ချီးလောက်စရာပင်။

သူတို့တွင် ထိုအရာကို ဝေဖန်ခွင့်အာဏာ မရှိသော်လည်း မြင်တွေ့ရသမျှ အရာအားလုံးကို ရေးမှတ်ထားခဲ့ ကြ၏။ သူတို့သည်လည်း အကျိုးခံစားခွင့်ရှိသူများ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း ကာကွယ်ဆေး ထိုးခဲ့ရပြီး နောင်အနာဂတ်၌ ကျောက်ရောဂါ ကူးစက်ခံရတော့မည်မဟုတ်သောကြောင့်ပင်။

ဘုံကျောင်း၏ရှေ့၌ ဒူးထောက်နေသော လူအားလုံးတို့သည် တချို့သောအတွေးများကို ရရှိခဲ့ကြ၏။ သူတို့သည် နတ်ဘုရားများနှင့် နှင်းတောင်နတ်ဘုရားကျောင်းကို ယုံကြည်ကြခဲ့သော်လည်း အရေးကြီးသည့်အချိန်အခါများတွင် နတ်ဘုရားများသည် သူတို့အား ကယ်တင်ရန် ကိုယ်ထင်မပြခဲ့ပေ။

သို့ပေမည့် မြင့်မြတ်သောဘုံကျောင်းမှာတော့ သူတို့ကို ကယ်တင်ပေးနိုင်သည်။

ရှမ့်လန်၏ ဒါဇင်ပေါင်းများစွာသော လက်အောက်ငယ်သားများသည် ချင်နိုင်ငံမှလူများကို နေ့စဉ်နေ့တိုင်း ကာကွယ်ဆေး ထိုးပေးလျက် ရှိ၏။ တစ်နေ့လျှင် ထောင်ပေါင်းများစွာကို အလှည့်ကျ ဆေးထိုးပေး၏။ ချက်ချင်းပဲ ထိုလုပ်ရပ်ကြောင့် ဘုံကျောင်းကို တခြားသောသူများက လေးစားသမှု ရှိလာခဲ့ကြ၏။

ရှမ့်လန်၏ လောကကြီးကိုကယ်တင်မည့် အစီအစဉ်က အောင်မြင်ခဲ့၏။ သို့ပေမည့် သူသည် ဘုံကျောင်းတွင် မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရွှယ်ရင်ကို ကယ်တင်နိုင်ရန် စမ်းသပ်မှုပေါင်းများစွာကို အစွမ်းကုန် ပြုလုပ်လျက် ရှိနေသောကြောင့်ပင်။ ရွှယ်ရင်၏ ခန္ဓာကိုယ်တွင် အလွန်များပြားသည့် ကူကောင်များ ရှိနေပြီး ထိုကူကောင်များကို သတ်ဖြတ်ပစ်ရန် နည်းလမ်းကို သူက တစိုက်မတ်မတ် ရှာဖွေနေခဲ့သည်။

ရွှယ်ရင်၏ ခန္ဓာကိုယ်ရှိ ကျောက်ရောဂါပိုးများ ပျောက်ကွယ်သွားသည်နှင့် သူမ၏ အသက်စွမ်းအားကလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။ သူမသည် တဖြည်းဖြည်း သေခြင်းတရား၏ အရိပ်အာဝါသအောက်သို့ ခိုလှုံလာခဲ့ပြီ ဖြစ်၏။

သို့သော်ငြား ရှမ့်လန်သည် အောင်မြင်မှုတစ်ချို့ကို တွေ့ရှိခဲ့သည်။။ မရေမတွက်နိုင်သော စမ်းသပ်မှုမျိုးစုံကို သူ ပြုလုပ်ခဲ့သည်။ ရှမ့်လန်သည် အရူးကြီး၏ ရွှေရောင်သွေးမျိုးဆက်ကို အသုံးပြုပြီး ရွှယ်ရင်ကို ကယ်တင်ရန် ကြိုးစားခဲ့ခြင်းပင်။

ဟုတ်ပေ၏။ သွေးသွင်းခြင်းမဟုတ်တာတော့ သေချာသည်။

သူသည် အရူးကြီး၏ကိုယ်ထဲမှ သွေးကီလိုဂရမ်တစ်ဝက်လောက်ကို ထုတ်ယူပြီးဖြစ်သည်။ သူသည် ထိုသွေးနှင့် အမျိုးမျိုး စမ်းသပ်ခဲ့သည်။ နောက်ဆုံး၌ ထူးခြားချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ အရူးကြီး၏ သွေးသည် စေတီတောင်၏ ကူကောင်များကို ဆွဲဆောင်နိုင်ကြောင်း သိရှိခဲ့ခြင်းပင်။

သူသည် အရူးကြီးဆီမှ ရွှေရောင်သွေးအဆီအနှစ်ကို ထပ်မံကာ ထုတ်ယူလိုက်၏။ တကယ်ပင် ရွှေရောင် တောက်ပနေသည့် သွေးမျိုးဖြစ်သည်။

အရူးကြီးသည် အမှန်တကယ်ပင် အံ့မခန်းပင်။ အရူးကြီးဆီမှ နောက်ဆုံးထုတ်ယူခဲ့သည့် ရွှေရောင်သွေးအဆီအနှစ် တစ်မီလီမီတာသည် ရွှယ်ရင်ကို ကယ်တင်ရန် အဓိကသော့ချက် ဖြစ်လာခဲ့၏။

အောင်မြင်မည်လား။

ရွှယ်ရင်၏ အသက်ကို ကယ်တင်နိုင်မလား၊ မကယ်တင်နိုင်ဘူးလားမှာ ဤသွေးပေါ်တွင် မူတည်နေသည်။

ရှမ့်လန်သည် ပြွန်ထဲရှိ ရွှေရောင်သွေးအဆီအနှစ်ကို ကြည့်ရှုနေ၏။

“အရူးကြီး... မင်းမိန်းမ ရောဂါပျောက်သွားပြီလား” ရှမ့်လန်က မေးမြန်းလိုက်သည်။

“ပျောက်သွားပြီ”

ရှမ့်လန်က မေးလိုက်၏။ “သူ့မျက်နှာမှာ ကျောက်ပေါက်မာတွေ ကျန်နေသေးလား”

“အင်း ..... ၉၃ ခု”

အရူးကြီးက ထပ်မံကာ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတယ်”

“ဟမ်”

ရှမ့်လန်သည် ဘာတစ်ခုမှ ဆက်မပြောနိုင်တော့ချေ။ သူ၏ မျက်နှာထက်တွင် ရှိနေသည့် ချွေးများကို ပုဝါစို တစ်ခုနှင့် အသာသုတ်လိုက်၏။

မေလ၏ ရာသီဥတုက ခန့်မှန်းရန် ခက်၏။ လွန်ခဲ့သော ဆယ်ရက်ခန့်က အလွန်အေးခဲ့သော်လည်း ရုတ်တရက် အလွန်ပူပြင်းလာခဲ့၏။ အပူချိန်က ၂၀ ကျော်လာ၏။ ထို့အတူ မိုးချိန်းသံများကလည်း ထွက်လာပြန်သည်။

ဝုန်း ဝုန်း

အပြင်ဘက်၏ ကောင်းကင်ယံထက်တွင် မဲနက်နေသော တိမ်တိုက်များက တဖြည်းဖြည်းနှင့် နိမ့်ဆင်း လာသကဲ့သို့ပင် ကျယ်လောင်လွန်သော မိုးချိန်းသံကြီးကလည်း တရစပ် ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် လျှပ်စီးများသည် တဖျတ်ဖျတ် လင်းလက်လျက် ရှိနေပြီး မိုးများက သည်းကြီးမည်းကြီး ရွာချတော့မည့် သကဲ့သို့ပင်။

ဝုန်း ဝုန်း ...။

သဘာဝ၏ မိုးချိန်းသံသည် ပိုပို၍ ပြင်းထန်လာခဲ့၏။ မည်းနက်နေသည့် တိမ်တိုက်များသည် တဖြည်းဖြည်း နိမ့်ဆင်းလာ၏။ လေထုတစ်ခုလုံးကလည်း တဖြည်းဖြည်းနှင့် ပိုမိုကာ လေးလံလာခဲ့သည်။

မုန်တိုင်းကြီ လာနေပြီ ဖြစ်နေ၏။ ကောင်းကင်ပေါ်ရှိ တိမ်မည်းများသည် အောက်ဆီသို့ မကြာခင် ပြိုကျလာပေတော့မည်။

ရုတ်တရက် ဘုန်းကြီးစစ်သည်တော်တစ်စုသည် ခြံဝန်းထဲသို့ ဝင်ရောက်လာ၏။ ပြီးနောက် ရှမ့်လန်အား အော်ပြောလိုက်၏။ “ရွှဲ့ပြည်နယ်က ရှမ့်လန်... ချင်နိုင်ငံမှာ ယုံကြည်မှုတစ်ခုပဲ ရှိတယ်။ ဒါက ကောင်းကင်ဘုံ နတ်ဘုရားတွေ .... နှင်းတောင်နတ်ဘုရားကျောင်းပဲ။ ကျုပ်တို့ရဲ့ ဘုန်းကြီးချုပ်က ဘုံကျောင်းကို ဖျက်ဆီးဖို့ အချိန်ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ နောက်ဆုံးရက်ကို ကျော်လွန်သွားခဲ့ပြီ။ အခုထိ မဖြိုချသေးဘူး။ ဒီတော့ ကျုပ်တို့က တရားဝင် စစ်ကြေညာလိုက်ပြီ။ ဒီဘုံကျောင်းမှာ ရှိတဲ့လူတွေ အကုန်လုံးကို သတ်ပြီး မြေလှန်ပစ်မယ်”

ဘုန်းကြီးစစ်သည်တော်များသည် ရှမ့်လန်ဆီသို့ စိန်ခေါ်လွှာတစ်စောင် ပေးပို့လိုက်၏။ ရှမ့်လန်သည် လက်အိတ်များကို ဝတ်ဆင်ပြီး ထိုစာကို လှမ်းယူလိုက်သည်။

“အင်း.. ယူလိုက်မယ်လေ။ စိန်ခေါ်မှုကို လက်ခံပါတယ်”

ပြီးနောက် ဘုန်းကြီးစစ်သည်တော်က ပြောလိုက်၏။ “ဒါဆို ဒီည တွေ့ကြတာပေါ့”

ဝုန်း..

မိုးချိန်းသံတစ်ခု ထပ်မံကာ ထွက်ပေါ်လာခဲ့၏။ မည်းနက်လျက် ရှိနေသည့် တိမ်တိုက်များသည် ပိုမိုကာ နိမ့်ဆင်းလာခဲ့သည် ဆိုသော်လည်း မိုးကတော့ ရွာသွန်း မလာသေးချေ။

မိုးချိန်းသံများ တဂျိန်းဂျိန်းဖြစ်ပြီး ကြောက်မက်ဖွယ်ရာပင်။ လျှပ်စီးများက တောက်လျောက် လင်းလက်နေသည်။

ရှမ့်လန်က ပြောလိုက်၏။ “အရူးကြီး... မင်းမိန်းမကို နှုတ်ဆက်ဖို့ ပြန်သွားတော့။ ငါတို့ ဒီည တိုက်ခိုက်မယ်။ ပြီးတော့ သတ်ဖြတ်ရတော့မယ်။ ငါတို့ ထောင်ပေါင်းများစွာ ဒါမှမဟုတ် ဒီထက်ပိုပြီးလည်း သတ်ရနိုင်တယ်။ မနက်ဖြန် ငါတို့ ရွှဲ့ပြည်နယ်ကို ပြန်မယ်”

ဤကဲ့သို့ ကြီးမားသည့် အပြောင်းအလဲသည် အရူးကြီးကို အံ့အားသင့်သွားစေခဲ့၏။ သို့ပေမည့် သူက အံ့အားသင့်ဟန် မပြခဲ့ချေ။

“အင်း...”

အရူးကြီးသည် ချက်ချင်းပဲ သူ့၏မိန်းမကို ပြောရန် ထွက်ခွာသွားခဲ့၏။

အရူးကြီး ထွက်ခွာသွားခဲ့ပြီးနောက် ရှမ့်လန်သည် အခန်းထဲ ကျန်ရစ်ခဲ့၏။ ဟွမ်ဖန်သည် သူ့၏ဘေးတွင် ရပ်လို့နေ၏။ ရှမ့်လန်သည် နတ်သမီးရွှယ်ရင်ကို ရေချိုးပေးပြီး သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို နူးညံ့သော ပဝါဖြင့် အသာသုတ်ပေးလိုက်သည်။

ဤကာလအတွင်း သူသည် ရွှယ်ရင်ကို နေ့စဉ်နေ့တိုင်း ဆိုသလို ရေချိုးပေး၏။ သူမသည် သူ့အား မည်သည့် တုံ့ပြန်မှုမှ မပေးသလို အကြည့်တစ်ချက်မှပင် မပေးနိုင်ချေ။ ထို့အတူ နှလုံးခုန်သံနှင့် အသက်ရှူနှုန်း များကလည်း တဖြည်းဖြည်း အားနည်းလာခဲ့ပြီး သေခြင်းတရားနှင့် ပိုပိုကာ နီးကပ်လာခဲ့၏။

“ဟွမ်ဖန်.. မင်း ဆယ့်သုံးနဲ့ အိပ်ပြီးပြီလား”

ရှမ့်လန်သည် ရွှယ်ရင်၏ သန့်ရှင်းသော ခန္ဓာကိုယ်ကို ပဝါဖြင့် သုတ်ပေးနေရင်းမှ လှမ်းကာ မေးမြန်းလိုက်သည်။

ဟွမ်ဖန်က တီးတိုး ပြန်လည်ကာ ဖြေလိုက်၏။ “မအိပ်ဖူးပါဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် မင်း သတိထားရမယ်။ မင်းတို့ မိသားစုက အရမ်းချမ်းသာတယ်။ ဒါပေမဲ့ ဆယ့်သုံးကတော့ မင်းရဲ့ ခံစားချက်နဲ့ ပိုက်ဆံတွေကို လိမ်လည်ဖို့ ကြိုးစားနေတာပဲ။ မိန်းမ တစ်ယောက်ကို မှီခိုပြီး နေရတာ ဘယ်လောက် သက်တောင့်သက်သာရှိလဲဆိုတာ ငါ့ကို ကြည့်ပြီး အားကျခဲ့တာပဲ။ ဒါကိုမြင်ပြီး ငါ့လိုနေချင်လို့ ကြိုးစားချင်နေတာပဲ ဖြစ်ရမယ်”

“ဟမ့်”

ဟွမ်ဖန်သည် အသံတစ်ချက် ပြုလိုက်သော်လည်း ထပ်မံ မပြောတော့ချေ။ တစ်ဖက်လူသည် မည်မျှ ယုတ်မာနေပါစေ သူမ၏ သခင်တော့ ဖြစ်နေဆဲပင်။

ရှမ့်ဆယ့်သုံးသည်လည်း ကြိတ်ကာ စိတ်တိုနေမိသည်။ ‘ဆရာ... ကျုပ်အကြောင်း မကောင်းကြောင်း ပြောချင်တယ်ဆိုရင် အနည်းဆုံး ကျုပ်မရှိချိန် ပြောသင့်တယ် မထင်ဘူးလား’

ဟွမ်ဖန်က ရုတ်တရက် ပြောလိုက်၏။ “သခင်.. ကျွန်မ ဆယ့်သုံးနဲ့ အိပ်သင့်တယ်လို့ ထင်လား”

ရှမ့်လန်က ပြောလိုက်၏။ “ငါတို့ ဒီည အားလုံး သေကုန်မှာစိုးလို့လား။ ဒါကြောင့် မသေခင်မှာ ဆယ့်သုံးနဲ့ အိပ်ချင်တာလား”

ထိုအရာက အမှန်တရားပင်ဖြစ်၏။ သို့ပေမည့် ဤမျှ ပွင့်ပွင့်လင်းလင်းကြီး ပြောရန် မသင့်ချေ။

ဟွမ်ဖန်က ပြောလိုက်သည်။ “နှင်းတောင်နတ်ဘုရားကျောင်းက စစ်သည်တော် တစ်ထောင်ကျော်ကို စုဆောင်းထားတယ်။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ လူတစ်ရာပဲ ရှိတယ်”

ရှမ့်လန်က ပြောလိုက်၏။ “တစ်ထောင် မကဘူး။ အနည်းဆုံး နှစ်ထောင်။ ငါတို့ထက် အဆနှစ်ဆယ် ပိုပြီး များတယ်။ ချင်နိုင်ငံ အိမ်ရှေ့စံမင်းသားရဲ့ လူတွေ၊ စုမျိုးနွယ်တွေ၊ ချင်မိဖုရားရဲ့ လူတွေလည်း ရှိနေသေးတယ်”

ဟွမ်ဖန်က ပြောလိုက်သည်။ “ကျွန်မတို့ သေမယ်ဆိုရင်တောင် သူတို့ နှစ်ထောင်ကျော်ကို အနိုင်တိုက်ခိုက်ဖို့ လွယ်မှာမဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ တစ်ယောက်ကို အယောက် ၂၀ တိုက်ခိုက်ဖို့လေ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟွမ်ဖန်က ပြန်လည်ကာ မေးလိုက်သည်။ “ဒါဆိုရင် ကျွန်မတို့ ရှုံးတော့မှာလား။ သေတော့မှာ မဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ဘူး။ ငါတို့ တစ်ခါတည်းနဲ့ အပြတ်ရှင်းရမယ်။ ငါတို့ အံ့ဖွယ် ကံကြမ္မာတစ်ခုကို ဖန်တီးပြီး နှင်းတောင်နတ်ဘုရားကျောင်းက ဘုန်းကြီးစစ်သည်အကုန်လုံးကို သတ်ပစ်ရမယ်”

ဟွမ်ဖန်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။ “ဟုတ်လို့လား။ ကျွန်မတို့ဆီမှာ လူတစ်ရာပဲ ရှိတယ်။ သူတို့ဆီမှာ လူနှစ်ထောင်ကျော်တောင် ရှိတယ်။ ပြီးတော့ သူတို့တစ်ယောက်ချင်းစီတိုင်းက ကျွန်မတို့ထက် ပိုပြီးတော့ သန်မာတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ငါတို့ နောက်ဆုံးတိုက်ပွဲရဲ့နေ့ကိုတောင်မှ ရွေးချယ်ထားခဲ့ပြီးပြီ”

ရွှယ်ရင်၏ ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်ပေးပြီးနောက် သူသည် အလွန်လှပသည့် ပိုးထည် ဝတ်စုံကို ယူ၍ လဲလှယ် ဝတ်ဆင်ပေးလိုက်သည်။ “နတ်သမီး.. ဒီည ကျုပ် နတ်သမီးကို ကယ်တင်မယ်။ ပြီးရင် ဘယ်လို သတ်ဖြတ်မလဲဆိုတာကို ပြမယ်။

ကဲ .... ငါတို့ မနက်ဖြန် ထွက်သွားကြမယ်။ ဒီည ငါတို့ စိတ်ရှိသလောက် သတ်ဖြတ်မယ်။ ချင်နိုင်ငံမှာ မမေ့နိုင်စရာ အမှတ်တရတစ်ခု ချန်ထားခဲ့ရအောင်”

ဝုန်း

ကောင်းကင်ယံထက်တွင် မိုးချိန်းသံကြီးတစ်ခုက ထပ်မံကာ ဟိန်းထွက်လာခဲ့၏။ “ကဲ နောက်ဆုံးတိုက်ပွဲ ဆီကို သွားကြရအောင်”

All Chapters