← Chapters

အခန်း (၃၁၃)

Vol. 23 Ch. 313

အခန်း (၃၁၃)

Vol. 23 Ch. 313

ရှမ့်လန်သည် အရူးကြီး၏သွေး ကီလိုဂရမ်တစ်ဝက်လောက်ကို အသုံးပြုခဲ့ပြီးဖြစ်၏။ အရူးကြီး၏ သွေးများသည် ရွှေရည်များကဲ့သို့ပင်။

ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲတွင် ကူပိုးကောင် မည်မျှများများ ရှိသနည်း။ သူ မသိရှိချေ။ သို့ပေမည့် ကျိန်းသေပေါက် ရေတွက်၍မရနိုင်အောင် များပြားသော ပမာဏထိ ရှိပေလိမ့်မည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးကြောအားလုံးတို့ကို ထိုအကောင်များက အပိုင်စီးထားခဲ့ပြီး ကျိန်းသေပေါက် သူမ ခန္ဓာကိုယ်၏ အာရုံခံကြောအားလုံးတို့ကို ဖျက်ဆီး ထိန်းချုပ်ထား၏။ ထို့ကြောင့် သူမ လှုပ်၍မရတော့ခြင်းပင်။

ဤသွေးသည် စေတီတောင်မှ ကူပိုးကောင်များကို ဆွဲဆောင်နိုင်ကြောင်း သိရှိပြီးနောက် ရှမ့်လန်သည် ထိုအရာကို သေသေချာချာ စမ်းသပ် စစ်ဆေးခဲ့၏။ ကူပိုးကောင်များသည် သွေးအဆီအနှစ်ကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် မီးထဲတိုးဝင်တော့မည့် ပိုးဖလံကောင်များကဲ့သို့ပင် အပြင်ဘက်သို့ ထွက်လာတတ်၏။

ဤသွေးအဆီအနှစ်သည် လောကကြီးထဲတွင် အကောင်းဆုံးသော အရာပင် ဖြစ်၏။ သို့ပေမည့် ဤအရာက ရွှယ်ရင်ကို ကယ်တင်နိုင်ပါ့မည်လား။ လက်ရှိ အခြေအနေမှာတော့ မသိသေးချေ။

ရှမ့်လန်သည် အာယုနာနာဆီသို့ အပ်တစ်ချောင်းကို အသာ ကမ်းပေးကာ ပြောလိုက်၏။ “လက်ရှိ အခြေအနေမှာ ကျုပ်က ခင်ဗျားဆရာခန္ဓာကိုယ်ရဲ့ နေရာတစ်ခုဆီကို မြန်မြန်ဆန်ဆန် လက်ညှိုးထိုးပြီး ညွှန်ပြမယ်။ ခင်ဗျားက အဲဒီနေရာကို အပ်နဲ့ ထိုးဖောက် .... နားလည်လား”

အာယုနာနာက ခေါင်းညိတ်လိုက်သည်။

ရှမ့်လန်သည် ရွှယ်ရင်ကို ကယ်တင်ရန် စတင်ကာ ပြုလုပ်၏။ ပြီးနောက် သူက အပ်တစ်ချောင်းကို ထုတ်ယူပြီး ရွှယ်ရင်၏ ခြေဖဝါးနားတွင် ရှိနေသည့် သွေးကြောမကြီးဆီသို့ ထိုးဖောက်လိုက်၏။

သွေးများက ထွက်ကျလာခဲ့၏။ ထိုအရာကို ဖန်ပုလင်းနှင့် ခံယူလိုက်ပြီး အထဲ၌ ကူပိုးကောင်များ ရှိသလားကို သေသေချာချာ ထပ်မံ စစ်ဆေးကြည့်ရှုသည်။

“အင်း... ဒါ အောင်မြင်နိုင်ပါ့မလား။ ဘာပဲပြောပြော ကံကြမ္မာပေါ် မူတည်နေသေးတာပဲ”

ရှမ့်လန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် ရွှေရောင်ပုလင်းငယ်တွင် ရှိနေသည့် ရွှေရောင်သွေး အဆီအနှစ်များကို ထုတ်ယူ၏။

ရုတ်တရက် တကယ့်ကို ထူးဆန်းသည့် မြင်ကွင်း တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ရွှေရောင်ပုလင်းထဲတွင် ရှိနေသည့် သွေးများသည် ရုတ်တရက် ဆူဝေလာခဲ့ခြင်းပင်။

ဟုတ်ပေ၏။ တကယ်တော့ သွေးများ ဆူဝေလာခဲ့ခြင်း မဟုတ်ချေ။ သွေးအဆီအနှစ်ကို အာရုံခံမိပြီးနောက် ကူပိုးကောင်များသည် အလွန်အမင်း စိတ်လှုပ်ရှားလာကာ အရူးအမူးဆိုသလိုပဲ ဤသွေးအဆီအနှစ်ကို ဝါးမျိုရန် ကြိုးစားလာခဲ့ခြင်း ဖြစ်သည်။

ရွှယ်ရင်၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာမှတစ်ဆင့် စီးဆင်းလာခဲ့သည့် သွေးများသည် ရွှေရောင်ပုလင်းထဲသို့ ဝင်ရောက်လာခဲ့၏။ ကူပိုးကောင်များသည် နောက်ဆုံးမှာတော့ အသွင်ပြောင်းလဲခြင်းကို ပြုမူတော့၏။

ရွှယ်ရင် ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကူပိုးကောင်အားလုံးတို့က ရူးသွပ်သွားသလိုပင် အသက်ဝင် နိုးထလာခဲ့ကြသည်။

ချက်ချင်းဆိုသလိုပဲ သူတို့အားလုံးတို့သည် ဤရွှေရောင်သွေးအဆီအနှစ် တည်ရှိရာနေရာဆီသို့ ရွှေ့လျား လာခဲ့ကြ၏။ ထောင်၊ သိန်း၊ သန်း၊ ကုဋေ၊ ကုဋာမျှ များပြားသည့် ကူပိုးကောင်အားလုံးတို့သည် ပိုးဖလံမျိုး မီးကို တိုးသကဲ့သို့ပင် ရွှေ့လျားလာခဲ့၏။ မီးထဲကို တိုးဝင်ကြမည့် ပိုးဖလံများထက်ပင် ပိုမိုကာ လေးနက်လျက် ရှိနေ၏။ ကူပိုးကောင် သန်းထောင်နှင့်ချီသောအရေအတွက်သည် ရွှေရောင်သွေးပုလင်းဆီသို့ ကူးခတ် ရွေ့လျားလာခဲ့ကြ၏။

ထိုအရာကို သာမန်မျက်စိနှင့်ပင် ကောင်းကောင်း မြင်နိုင်စွမ်း ရှိနေ၏။ သင်းပျံ့လွန်းသော မွှေးရနံ့များသည် လေထုထဲ၌ ပျံ့နှံ့လျက် ရှိနေပြီး တကယ့်ကို ယစ်မူးစေသည်။

တစ်ချိန်တည်းမှာပဲ ရွှယ်ရင်၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်အကွက်များ ပေါ်ပေါက်လာ၏။

ဆွစ် ဆွစ်...

ထိုခရမ်းရောင်အကွက်များသည် ရွေ့လျားနိုင်စွမ်း ရှိနေ၏။ ထိုခရမ်းရောင်အကွက်များသည် များပြားလွန်းသည့် ကူပိုးကောင်များပင် ဖြစ်၏။ သမုဒ္ဒရာကို ဖြတ်သန်းကာ ရွေ့လျား ခရီးနှင်နေသော ဆယ်လမွန်ငါးများကဲ့သို့ပင်။

မိနစ်အနည်းငယ်ကြာပြီးနောက် ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲရှိ ကူပိုးကောင်များက ရှမ့်လန်၏ ဖန်ပုလင်းထဲသို့ ဝင်ရောက်လာခဲ့ကြပြီဖြစ်၏။ ဖန်ပုလင်းထဲတွင် ရှိနေသည့် သွေးများသည် ဆူဝေလျက် ရှိနေ၏။ အရောင်အဆင်းသည် အနီရောင် မဟုတ်တော့ချေ။ တကယ့်ကို ခရမ်းရောင် ဖြစ်လို့နေ၏။ ကူပိုးကောင် သန်းထောင်နှင့်ချီ၍ တည်ရှိနေသောကြောင့် အရောင်ပြောင်းသွားခြင်းပင်။

ရွှယ်ရင်၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်မှာပဲ ကူပိုးကောင် အမေကြီး ပေါ်ပေါက်လာခဲ့၏။ ထိုအကောင်သည် ရွှယ်ရင်၏ ခန္ဓာကိုယ် သွေးလွှတ်ကြောကြီးမှ တစ်ဆင့် အပြင်ဘက်သို့ ထွက်လာခြင်းပင်။

ပထမဦးဆုံးတုန်းက ရှမ့်လန်သည် ထိုအရာကို ရှာဖွေ မတွေ့ရှိခဲ့ချေ။ သို့ပေမည့် သေသေချာချာ ကြည့်ရှုပြီးနောက်မှာတော့ ဤအကောင်က မိခင်ကူပိုးကောင်ကြီးဖြစ်မှန်း သူ သတိပြုမိလိုက်သည်။

အမှန်ပင် ကြီးမားလွန်းပြီး နှလုံးသွေးလွှတ်ကြောထဲတွင် နေထိုင်နေခြင်း ဖြစ်၏။ ရွှေရောင်သွေးအဆီအနှစ်၏ ဆွဲဆောင်မှုကို အာရုံခံမိပြီးနောက် တဖြည်းဖြည်းချင်း အပြင်ဘက်သို့ လှမ်းလျှောက်ထွက်လာခဲ့၏။ ထိုကူပိုးကောင်သည် တကယ်ပင် ကြီးမားလွန်း၏။ ထို့ကြောင့် သွေးလွှတ်ကြောများထဲမှတစ်ဆင့် အပြင်ဘက်သို့ ထွက်ရန် ခက်ခဲလို့နေ၏။

ရွှယ်ရင်၏ သွေးလွှတ်ကြောများသည် ကြီးမား၏။ သို့ပေမည့် ကူမိခင်ကြီးက ပိုမိုကြီးမားသောကြောင့် ထွက်ရန် မလွယ်သလို ဖြစ်နေ၏။ ရှမ့်လန်သည် အမြင်စူးရှ၏။ သူသည် ရွှယ်ရင်၏ ရင်ဘတ် တစ်နေရာဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ဒီနေရာပဲ .... လုပ်လိုက်တော့”

အာယုနာနာ၏ လှုပ်ရှားမှုသည် လျှပ်စီးလက်သကဲ့သို့ပင် မြန်ဆန်၏။ သူမ၏ လက်ထဲရှိ အပ်သည် ချက်ချင်းပဲ လှုပ်ရှားသွား၏။

ကူပိုးကောင်မိခင်ကြီးသည် အပ်နှင့် ထိုးစိုက်ခြင်း ခံလိုက်ရသည်။

ရှမ့်လန်က ထိုနေရာကို ချက်ချင်း ဓားနှင့်ဆွဲခွဲပြီး ထိုကူမိခင်ကောင်ကို ဆွဲထုတ်လိုက်၏။ ပြီးနောက် ဖန်ပုလင်း တစ်ခုထဲ၌ တစ်ခါတည်း ဖမ်းချုပ်ထားလိုက်၏။

..........

ဘုန်း ဘုန်း .....။

အပြင်ဘက်တွင် မိုးချိန်းသံများက ပိုမိုကာ ကျယ်လောင်လာခဲ့၏။ ကောင်းကင်ယံတွင် ရှိနေသည့် လျှပ်စီးတန်း များသည် တဖြည်းဖြည်းနှင့် ပိုမိုကာ များပြားလာခဲ့၏။

ထိုအချိန်မှာပဲ အလွန်များပြားသည့် ခြေသံများ ထွက်ပေါ်လာသည်။

ထိုခြေသံများသည် ရှမ့်လန်၏ဘုံကျောင်းကို လာရောက် ဝိုင်းပိတ်ခြင်းပင်။ ကတုံး စစ်သည်ပေါင်း ၂၅၀၀ ကျော်ရှိပြီး ထိုသူတို့အားလုံးသည် ရဲရင့် ဖျတ်လတ်ပြီး ကြမ်းတမ်းလွန်းသူများဖြစ်သည်။

ဘုံကျောင်းကြီး၏ တည်နေရာသည် စတုရန်းမီတာ ၆၀၀ နီးပါးခန့် ရှိ၏။ ထိုတည်နေရာတစ်ခုလုံးက ဝိုင်းပိတ် တားဆီးထားခြင်းကို ခံရ၏။

ဘုန်း ဘုန်း ဘုန်း .....။

မိုးခြိမ်းသံများက တဝုန်းဝုန်းနှင့် မြည်ဟီးလျက် ရှိနေ၏။ လျှပ်စီးတန်း၏ အလင်းတန်းများနှင့်အတူ ဘုန်းကြီးစစ်သည်များ၏ မျက်နှာများကို တဖျပ်ဖျပ် မြင်နေရ၏။ ထိုဘုန်းကြီးများသည် အသားကို စား၏၊ လူကို သတ်၏။ အမျိုးသမီးများနှင့် ပျော်ပါးခြင်းကိုပင် ပြုလုပ်သည်။

ရှမ့်လန်၏ ဘုံကျောင်းဟု ခေါ်ဆိုသောအရာသည် သစ်သားဖြင့် ဖန်တီးထားခဲ့သည့် အဆောက်အဦ တစ်ခုမျှသာလျှင် ဖြစ်၏။ မည်သည့် ကာကွယ်မှုမှ မရှိချေ။ အထဲသို့ သူတို့ လှမ်းဝင်လိုက်သည်နှင့် ချက်ချင်း ပျက်စီးသွားမည့် အဆောက်အဦမျိုးပင်။ ဤကတုံး စစ်သည်ပေါင်း ၂၅၀၀ ၏ ရှေ့တွင်တော့ ရှမ့်လန်၏ ဘုံကျောင်းသည် တကယ့်ကို ဖျက်ဆီးရလွယ်ကူသည့် အရာမျိုးပင်။

............

သို့ပေမည့် ယခုကဲ့သို့သောနေ့ရောက်ရန် စောင့်စားနေသော ရှမ့်လန်သည် အချိန်အတော်ကြာတည်းက ထိုအရာကို ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်၏။ ဤဘုံကျောင်းကြီး တည်ဆောက်သည့်အချိန်တုန်းက သူသည် ကောင်းကင်တာအိုအဖွဲ့အစည်းအား သံမဏိကြိုးများ ယူဆောင်လာခဲ့ရန် တိတ်တဆိတ်ကြိတ်ကာ ခိုင်းစေထားခဲ့၏။ လက်မလုံးလောက် ထူသော သံကြိုးများပင်။

ယခုအချိန်မှာတော့ ထိုသံကြိုးအားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက် ရှိနေပြီး ဘုံကျောင်းကြီး၏ အလယ်ဘက်သို့ တစ်စုတစ်စည်းတည်း ဆွဲယူထား၏။ ထိုနေရာ၌ ၃၅ မီတာခန့် မြင့်မားသေ သံချောင်းတစ်ချောင်းရှိနေသည်။

ပြောရမည်ဆိုလျှင် ဤအရာသည် မိုးကြိုးလွှဲပင် ဖြစ်၏။ ရှိရှိသမျှသော မိုးကြိုးလှိုင်းများအား မြေပြင်ဆီသို့ စီးဝင်ရန် လမ်းညွှန်ထား၏။

ဘုံကျောင်း၏ အတွင်းဘက်မှာတော့ မြေပြင်တစ်ခုလုံးခြောက်သွေ့နေစေရန် နွားသားရေကို ခင်းကျင်းထား၏။ အားလုံးသောသူတို့၏ ခြေထောက်၌ လည်သာဖိနပ်များကို ဝတ်ဆင်ထားသည်။

ထိုတင်သာ မကသေးချေ။ ဘုံကျောင်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ရှမ့်လန်သည် ကျင်းမိသားစု၏ စစ်သည်အားလုံးကို သေသေချာချာဖြင့် ပြန်လည် အဆင့်မြှင့်တင်သည့် သဘောဖြင့် ဝတ်စားဆင်ယင်မှုများ ကိုပါ ပြောင်းလဲထားခဲ့၏။

ဤဘုံကျောင်းကြီးတစ်ခုလုံးသည် ရာနှင့်ချီသော သံကြိုးများ၊ ကြေးကြိုးများနှင့် မြေအောက်၌ ချိတ်ဆက်ထားသည့်အရာ ဖြစ်လာခဲ့သည်။ ဤဘုံကျောင်းကြီး၏အပြင်ဘက် မြေတည်နေရာ တစ်ခုလုံးက စိုစွတ်လျက် ရှိနေသေး၏။ ကျိန်းသေပေါက် လျှပ်စစ်စီးဆင်းရန် လုံလောက်သည့် နေရာမျိုးပင်။

ထိုသို့ဆိုလျှင် ဘုံကျောင်း၏ အပြင်ဘက်တွင် ရှိနေသည့် လူပေါင်းများစွာတို့က ဘာဖြစ်မည်နည်း။ ကတုံး စစ်သည်များသည် မည်ကဲ့သို့သော အမျိုးအစား ဖိနပ်ကို ဝတ်ထားသနည်း။ ဖိနပ်ပင် မဝတ်ထားကြချေ။ မိုးကြိုး၏ ကြီးမားသည့် လျှပ်စီးအားနှင့် ထိတွေ့လျှင် မည်သို့ဖြစ်မည်နည်း။ ထိုသို့ဆိုလျှင် လူပေါင်း မည်မျှများများ သေဆုံးမည်နည်းကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ချေ။

ဘုံကျောင်း၏ အတွင်းဘက်မှာတော့ စစ်သည်ပေါင်း ၁၀၀ ကျော်တို့သည် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေ၏။ အပြင်ဘက်တွင် ကတုံး စစ်သည်ပေါင်း ၂၅၀၀ တည်ရှိနေ၏။ သူတို့သည် ကျိန်းသေပေါက် သေရပေတော့မည်။ ကွာခြားချက်က ကြီးမားလွန်း၏။ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။

ကောင်းကင်တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်နေ၏။

“ဆယ့်သုံး လုပ်တော့” ထိုအချိန်မှာပဲ ရှမ့်လန်က အမိန့်ပေးလိုက်၏။

ဆယ့်သုံးသည် မျောက်တစ်ကောင်ကဲ့သို့ပင် ဘုံကျောင်း၏ အထက်ဆီသို့ အသာ တွယ်တက်၏။ ပြီးနောက် သူသည် ချိတ်တစ်ခုဖြင့် သံမဏိဝါယာကြိုးနှင့် ကြေးကြိုးများ တည်ရှိရာ တည်နေရာဆီသို့ ချိတ်ဆက်ထားသည့် ကြိုးကို ယူကာဖြင့် ဘုံကျောင်း မိုးကြိုးလွှဲ၏တိုင်နှင့် ချိတ်ဆက်လိုက်သည်။

ကွန်ယက်ကြီး တစ်ခုကဲ့သို့ပင် အရာအားလုံးနှင့် ချိတ်ဆက်သွားခဲ့ပြီ ဖြစ်၏။ အရာအားလုံးက အဆင်သင့် ဖြစ်သွား၏။ နောက်တစ်ကြိမ် မိုးကြိုးပစ်ရန်သာ စောင့်ဆိုင်းရပေတော့မည်။

ဆွစ် ဆွစ် ဆွစ်

“သတ်ကြ သတ်ကြ”

နှင်းတောင်နတ်ဘုရားကျောင်းမှ ကတုံးစစ်သည်များသည် စတင်ကာ အော်ဟစ်လိုက်ကြ၏။

ခူဟိုင်က ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။ “ချင်နိုင်ငံသားတွေ... ချင်နိုင်ငံတစ်ခုလုံးရဲ့ ယုံကြည်ရာက တစ်ခုပဲ ရှိရမယ်။ ဒါက နတ်ဘုရားတွေပဲ။ နှင်းတောင်နတ်ဘုရားကျောင်းဆိုတာ နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒကို ရည်ညွှန်းတယ်။ အခု ရွှဲ့ပြည်နယ်ရဲ့လူတွေက ဘုံကျောင်းလာဆောက်နေတယ်။ ဒါ နတ်ဘုရားတွေရဲ့ အမျှော်အမြင် ၊ ကောင်းချီးကို ဖျက်ဆီးတာနဲ့ အတူတူပဲ။ ကောင်းကင်ဘုံနတ်ဘုရားတွေ အစား ငါတို့ အပြစ်ပေးရမယ်။ နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒကို ငါတို့က ကိုယ်စားပြုတယ်။ ရွှဲ့ပြည်နယ် ရန်သူတွေရဲ့ ဘုံကျောင်းကို ပြားချပ်နေအောင် ဖျက်ဆီးပစ်ရမယ်။ ရွှဲ့ပြည်နယ်သားတွေကို သတ်ရမယ်”

“သတ်ကြတော့” ကတုံးစစ်သည်ပေါင်း ၂၅၀၀ ကျော်တို့သည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များ၌ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အရှိန်အဟုန် တငြီးငြီးနှင့် ထင်ပေါ်နေသည်။ ဝံပုလွေအော်သံများကိုပင် ကြောင်တောင်တောင်နှင့် အော်ဟစ်လျက် ရှိနေ၏။

သတ်ဖြတ်လိုခြင်းဆန္ဒများ၏ အောက်တွင် ရှမ့်လန်၏ဘုံကျောင်းဆိုသည်မှာ ကြီးမားလွန်းသည့် မုန်တိုင်း ပင်လယ်ထဲသို့ ရောက်ရှိနေသည့် လှေငယ်လေးတစ်ခုကဲ့သို့ပင်ဖြစ်ပြီး အချိန်မရွေး ကျိုးပျက်ကာ မုန်တိုင်း၏ ဝါးမျိုခြင်းကို ခံရတော့မည့်ပုံပင်။

ရွှဲ့ပြည်နယ်၏ စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် ထိုဖိအားကို မခံနိုင်တော့ချေ။ ထို့ကြောင့် မြေပေါ်တွင် ဒူးထောက်ကာ အော်ဟစ်လိုက်ကြ၏။

“ကျုပ်တို့ အရှုံးပေးပါတယ်။ ကျုပ်တို့ အရှုံးပေးပါတယ်”

ကျင်းမိသားစု၏စစ်သည်များနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ စစ်သည်များသည် ခေါင်းငုံ့ထားကြသည်။ ယနေ့ညတွင် သူတို့ သေဆုံးရပေတော့မည်။

နောက်ဆုံးအချိန်မှာတော့ တစ်ဖက်ခြမ်းဆီမှ အော်ဟစ်ကြွေးကြော်သံများသည် ရပ်တန့်သွားခဲ့၏။ စစ်သည်ပေါင်း ၂၅၀၀ ကျော်တို့သည် စက်ဝိုင်းပုံစံမျိုး ဝိုင်းပတ်ကာဖြင့် ဘုံကျောင်းဆီသို့ ရူးရူးမူးမူး ပြေးဝင်လာခဲ့ကြ၏။

“သတ်ကြစမ်း။ ရွှဲ့ပြည်နယ်စစ်သည်တွေ အကုန်လုံးကို သတ်ကြ။ ဒီဘုံကျောင်းကြီး တစ်ခုလုံးကို ဖျက်ဆီးကြ။”

“ရှမ့်လန်ဆိုတဲ့ကောင်ကို အပိုင်းအစ တစ်ထောင်လောက်ဖြစ်အောင် ခုတ်ဖြတ်ကြ။ တစ်စစီ ဆွဲဆုတ်ကြ”

စစ်သည်ပေါင်း ၂၅၀၀ ကျော်တို့သည် အလွန် လျင်မြန်စွာဖြင့် ရွေ့လျားလာခဲ့၏။ သူတို့သည် ဘုံကျောင်းကြီးနှင့် နီးကပ်လာချိန်မှာတော့ ဓားကြီးများကို ဝှေ့ယမ်းကာ ချီတက်လာခဲ့ကြ၏။ သူတို့ကို ကြည့်ရှုရသည်မှာ အရာအားလုံးကို ဖျက်ဆီးတော့မည့် လူများကဲ့သို့ပင်။

ထိုအချိန်မှာတော့ ကောင်းကင်ယံဆီမှ တိမ်မည်းများသည် ရုတ်တရက် ပွင့်ဟသွားခဲ့၏။ ကောင်းကင်ပေါ်၌ လျှပ်စီးများ ထပ်မံလင်းလက်လာခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် မိုးကြိုးကြီးတစ်ခု ကျဆင်းလာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း .....။

ပြီးနောက် မိုးကြိုးများက အတွဲလိုက် ကျဆင်းလာခဲ့၏။ ညတစ်ခုလုံးက နေ့အလား လင်းလက်သွားခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အံ့အားသင့်စရာ လျှပ်စီးတန်းများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး တည်နေရာတစ်ခုလုံး၏ ကွန်ယက်ကြီးထဲသို့ မိုးကြိုးများက ကျဆင်းလာခဲ့သည်။ ကောင်းကင်၏ စွမ်းအားများသည် ဤနေရာဆီသို့ ဦးတည်ကျဆင်းလာခဲ့၏။

တုန်လှုပ်စရာကောင်းသည့် ဗို့အားမြင့် လျှပ်စီးဓာတ်များသည် တည်နေရာ တစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့သည်။

“သတ်စမ်း။ သတ်ကြစမ်း”

စစ်သည်ပေါင်း ၂၅၀၀ ကျော်တို့သည် ဘုံကျောင်း၏ ရှေ့ဆီသို့ ဝင်ရောက်လာပြီး သူတို့သည် ဓားမော့ကြီးကို မြှောက်ကာ အချိန်ရွေး ခုတ်ပိုင်းရန် ပြင်ဆင်လိုက်ကြ၏။ ပြီးနောက် .....

‘ဖျောက်’ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုံကျောင်းကြီးတစ်ခုလုံး၌ လျှပ်စီးတန်းများနှင့် ပြည့်နှက်သွားခဲ့၏။ သံမဏိကြိုးများတို့သည် ကြီးမားသည့် လျှပ်စစ်စီးကြောင်းကို စီးဆင်းစေခဲ့၏။ တစ်ချိန်တည်းမှာပဲ ထိုလျှပ်စစ်စီးကြောင်းများသည် စိုစွတ်လျက် ရှိနေသည့် မြေပြင်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

အပြင်ဘက်၌ ဘုန်းကြီးစစ်သည်များသာ ရှိ၏။ ထိုသူအားလုံးတို့သည် လျှပ်စီး၏ ကြီးမားသည့် ရိုက်ခတ်မှုကို ခံခဲ့ရ၏။ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းကုန်ပြီး အခိုးငွေ့များပင် ထွက်ပေါ်လာ၏။ သူတို့၏ လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့၏။ ဘုန်းကြီး စစ်သည်တော်တော်များများတို့သည် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့၏။ ဒါဇင်နှင့်ချီသည့် လူများသည် မီးသွေးတုံးများကဲ့သို့ပင် လောင်ကျွမ်းသွားခဲ့သည်။

ထိုအချိန်မှာတော့ ကံကြမ္မာ၏အလှည့်အပြောင်း ဖြစ်လာခဲ့သည်။

ဘုံကျောင်းထဲရှိ နတ်မိမယ်ရွှယ်ရင်သည် မျက်လုံးများ ပွင့်လာ၏။ သူမသည် ပြန်လည်ကာ နိုးထလာခဲ့ပြီ ဖြစ်၏။

……

ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ တကယ့်ကို တုန်လှုပ်ဖွယ်ရာလည်းကောင်း၏။ မိုးကြိုး၏ အားအင်သည် ကြောက်ခမမ်းလိလိပင်။

သို့ပေမည့် လူတစ်ရာကျော်ခန့်ကသာ တကယ်တမ်း ဓာတ်လိုက်ခဲ့၏။ အထူးသဖြင့် အတွင်းဘက်ပိုင်းသို့ လူအနည်းငယ်လောက်သာ ရောက်ရှိလာခဲ့သည်။ ထိုသူတို့သည် မီးသွေးကဲ့သို့ပင် မည်းခြောက်ပြီး ပြောင်းလဲသွားခဲ့၏။

မိုးကြိုးပစ်ချခြင်းသည် အားလုံးသောသူတို့ကို ကြောက်လန့်စေခဲ့ပြီး အရှေ့ပိုင်းရှိ ဘုန်းကြီးစစ်သားများကို သေဆုံးစေခဲ့၏။ ကောင်းကင်၏ ကျိန်စာ အပြစ်ဒဏ် ကျဆင်းလာသကဲ့သို့ပင်။

“ကောင်းကင်နတ်ဘုရားတွေက သူတို့ရဲ့ စိတ်ဆန္ဒကို ထုတ်ဖော်ပြသနေပြီ။ ငါတို့က ဘုံကျောင်းကို သွားပြီး တိုက်ခိုက်လို့ ကောင်းကင်ရဲ့နတ်ဘုရားတွေကို ဒေါသထွက်စေခဲ့ပြီ”

ကတုံးစစ်သည်အားလုံးတို့သည် တူညီသည့် အတွေးအခေါ် ရှိ၏။ သူတို့၏ ခြေထောက်များက တုန်ယင်လို့လာ၏။ သူတို့သည် မြေပြင်ပေါ်၌ ချက်ချင်း ဒူးထောက်ချင်စိတ် ပေါ်လာသည်။

ထိုအချိန်မှာတော့ ဂုဏ်သိက္ခာကြီးမားပြီး ခန့်ညားထည်ဝါလွန်းသည့် အသံသည် အတွင်းဘက်ဆီမှ ပေါ်ပေါက် လာခဲ့၏။

“ဒီဘုံကျောင်းက ချင်နိုင်ငံရဲ့လူပေါင်းများစွာကို ကယ်တင်ခဲ့တယ်။ ဘုံကျောင်းက ကောင်းကင်ရဲ့ ကာကွယ်ပေးမှုကို ခံရတယ်။ မင်းတို့ .... မှားယွင်းတဲ့ယုံကြည်သူတွေက ဒီထဲကို ကျူးကျော်ရဲခဲ့တယ်ဆိုရင် အပိုင်းပိုင်းအစစဖြစ်အောင် ပြုလုပ်ပစ်မယ်”

ဟုတ်ပေ၏။ ဤအသံသည် အတွင်းဘက် အသံချဲ့စက်ဆီမှ ရှမ့်လန် အော်ဟစ်နေသည့်အသံပင် ဖြစ်သည်။

ကျယ်လောင်လွန်းသည့် အသံသည် တကယ်ပင် အားလုံးသောသူတို့ကို အံ့အားသင့်စေခဲ့၏။ ကျန်ကတုံးစစ်သည်များသည် ကြောက်လန့်သွားခဲ့ကြပြီး အရှေ့ဆီသို့ လှမ်းမတက်ရဲခဲ့ကြချေ။

အဝေးမှ ကြည့်ရှုနေသည့် ပွဲကြည့်ပရိသတ်အားလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။ ကောင်းကင်နတ်ဘုရားများ သည် သူတို့၏ စိတ်ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီဖြစ်၏။

နှင်းတောင်နတ်ဘုရားကျောင်းဆီမှ ကတုံးစစ်သည် အားလုံးတို့သည် ရွှဲ့ပြည်နယ်၏ စစ်သည်များကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြ၏။ သို့ပေမည့် ကောင်းကင်နတ်ဘုရား၏ မိုးကြိုးသည် ထိုသူအားလုံးတို့ကို သတ်ဖြတ်ပစ်ခဲ့၏။ ကောင်းကင်နတ်ဘုရားသည် ရွှဲ့ပြည်နယ်၏ ဘုံကျောင်းကြီးကို ကာကွယ်ပေးလျက် ရှိနေသည်။

ဝေါ ... ဝေါ .... ဝေါ ...။

ထိုအချိန်မှာပဲ မိုးသည်းကြီးမည်းကြီး ရွာကျလာခဲ့၏။ စောဏတုန်းက မိုးကြိုးပစ်ချခြင်းသည် ကြောက်စရာကောင်းသည်။ သံနှင့် ကြေးကြိုးတို့သည် မီးများပင် ထကာတောက်၏။ မီးတောက်များသည် မိုးကြောင့် ပြန်လည်ကာ ငြိမ်းသတ် သွားခဲ့ပြန်၏။

ကြီးမားလွန်းသည့် အမဲရောင်နွားကြီးကို စီးနင်းလာခဲ့သည့် ခူဟိုင်သည် ထိုမြင်ကွင်းကို မြင်ရချိန်မှာတော့ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်တစ်ခုလုံး ထိုးထွက်သွားလုမတတ်ပင် ခံစားလိုက်ရ၏။ သူသည် ဘုရားကျောင်း၏ ထောင့်၌ရှိနေသည့် သံတိုင်များကို ချက်ချင်းဆိုသလိုပဲ မြင်လိုက်ရသည်။ တပြိုင်နက်တည်း အခြေအနေကို နားလည်သွားခဲ့သည်။

“ဘယ်က ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒ ဖြစ်ရမှာလဲ။ ဒါ ရှမ့်လန်ရဲ့ လှည့်ကွက်တစ်ခုပဲ။ အထဲကို ဝင်ကြ။ အထဲကို ဝင်ကြ”

သို့ပေမည့် ကတုံးစစ်သည်များသည် အထဲဆီသို့ ထပ်မံမဝင်ရဲတော့ချေ။

ဘုန်း ဘုန်း ...။

ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ထပ်မံကာ ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးတန်းများသည် တဖျတ်ဖျတ်နှင့် လက်လျက် ရှိနေသည်။ မိုးကြိုးများကလည်း တစ်ခုပြီးတစ်ခု ပစ်ချနေ၏။ သို့ပေမည့် သံတိုင်ဆီသို့ ကျရောက်လာခြင်း မရှိသောကြောင့် မည်သည့် နတ်ဘုရားပြစ်ဒဏ်မှ ကျဆင်းမလာသကဲ့သို့ပင်။

ခူဟိုင်က ရုတ်တရက် အော်ဟစ်လိုက်၏။ “ကြည့် ကြည့်... ခုဏက တိုက်ဆိုင်လို့ ဖြစ်သွားတာ။ အခု မိုးကြိုးပစ်ချနေတာပဲ ဘယ်သူမှ ဘာမှမဖြစ်ဘူး။ အထဲကိုဝင်ပြီး ဘုံကျောင်းထဲမှာရှိတဲ့ လူတွေ အကုန်လုံးကို သတ်ပစ်။ မင်းတို့ရဲ့ယုံကြည်မှုတွေ ပျောက်ကွယ်သွားပြီဆိုရင် အနာဂတ်မှာ ဘယ်လိုနေထိုင်စားသောက်တော့ မှာလဲ။ အထဲကိုဝင်။ ရွှဲ့ပြည်နယ်သားအကုန်လုံးကို သတ်။ ရှမ့်လန်ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင်လုပ်”

ရဲရင့်သောစစ်သည်များသည် အသက်ကိုပြင်းပြင်းရှူပြီးနောက် အံကိုကြိတ်ကာဖြင့် အရှေ့ဆီသို့ လှမ်းတက်ရန် ပြင်လိုက်၏။ သူတို့၏ ဆရာကြီးက အမိန့်ပေးနေပြီ ဖြစ်၏။ သူတို့အနေနှင့် ယနေ့ဘုံကျောင်းကို မဖျက်ဆီးနိုင်ပါက နှင်းတောင်နတ်ဘုရားကျောင်းဆိုသည်မှာ ပျောက်ကွယ်သွားပေမည်။

အနာဂတ်တွင် လွယ်ကူသည့် အခြေအနေမျိုးနှင့် နေထိုင်ရတော့မည် မဟုတ်ဘဲ စားရမဲ့ သောက်ရမဲ့ အခြေအနေသို့ ရောက်ရှိသွားနိုင်၏။ ထို့ကြောင့် အံကိ ကြိတ်ကာဖြင့် အထဲမှလူများကို သတ်ဖြတ်ရန် ကြိုးစားခဲ့၏။ သူတို့သည် မြန်မြန်ဆန်ဆန်ပဲ အရှေ့ဆီသို့ လှမ်းတက်ပြီး ဘုံကျောင်း၏ ဂိတ်တံခါးဝဆီသို့ လှမ်းလိုက်၏။

All Chapters