အခန်း (၃၁၅)
Vol. 23 Ch. 315
ချင်နိုင်ငံသို့ လာရောက်သည့် တာဝန်က ပြည့်စုံသွားခဲ့ပြီဖြစ်၏။ တာဝန်သည် ရှမ့်လန် ထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ ချောမွေ့ခဲ့၏။ သူ၏အစီအစဉ် အောင်မြင်သွားခဲ့ပြီး သူ အသုံးမပြုသေးရသည့် တချို့သောအစီအစဉ်များပင်လျှင် အများကြီး ကျန်ရှိနေသေး၏။
သူ့အနေနှင့် တာအိုဘုန်းကြီး ကျိုးပိုယုကိုပင် ကျေးဇူးတင်ရပေလိမ့်မည်။ ထိုသူ၏ အစီအစဉ်ကြောင့်သာ မဟုတ်ပါက သူ လွယ်လွယ်ကူကူ အောင်မြင်လိမ့်မည် မဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူက သေဆုံးသွားခဲ့ပြီဖြစ်ပြီ။ ထိုသူဖန်တီးထားခဲ့သည့် အသီးအပွင့်အားလုံးကို သူက ထုတ်နှုတ်ကာ ဆက်ခံအသုံးပြုခဲ့ရ၏။ တကယ့်ကို ကောင်းမွန်သည့် လူတစ်ယောက်ပင်။
နေထွက်လာချိန်မှာတော့ ဆရာလန်၏တာဝန်သည် ချင်နိုင်ငံဆီမှ ထွက်ခွာသွားရန်သာ ကျန်ရစ်တော့၏။ ရွှယ်ရင်နှင့် မင်းသမီးအာယုနာနာတို့သည် သူတို့အား လိုက်ပါပို့ဆောင်၏။ ချင်နိုင်ငံမှ လူပေါင်း တစ်ထောင်ကျော်တို့ကလည်း လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ လိုက်ပါလာခဲ့ကြ၏။
အိမ်ရှေ့စံသည် သီးသန့်တည်နေရာတစ်ခုတွင် ရှမ့်လန်ကို သတ်ဖြတ်ချင်၏။ သို့ပေမည့် ဖြစ်နိုင်ပါမည်လား။
ရှမ့်လန်သည် ချင်နိုင်ငံဆီမှ လူပေါင်းတစ်ထောင်ကျော်တို့၏ လိုက်ပါပို့ဆောင်ခြင်းကို ခံရ၏။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်ကို လမ်းတစ်ဝက်တွင်သတ်ဖြတ်မည့် အိမ်ရှေ့စံမင်းသား၏ အစီအစဉ်တစ်ခုလုံးက ပျက်စီးသွားခဲ့သည်။
ရက်အနည်းငယ်ကြာမြင့်ပြီးနောက် ရှမ့်လန်သည် နယ်စပ်တည်နေရာဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ အရှေ့ မနီးမဝေးတည်နေရာတွင် ရွှဲ့ပြည်နယ်၏ တည်နေရာပင်။ ဤနေရာတွင် ရပ်တန့်ကြရပေလိမ့်မည်။
မင်းသမီးအာယုနာနာသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိချေ။ သူမသည် အရူးကြီးနောက်သို့ လိုက်ပါချင်၏။ သူမသည် သူမ၏မိသားစုနှင့် မနေချင်တော့ပေ။ ဤလူအားလုံးတို့သည် ဝံပုလွေကဲ့သို့ ကောက်ကျစ်၏။ သူမ၏မိသားစုများ မဟုတ်တော့ချေ။ သူမ၏ ဆရာနှင့် အရူးကြီးသာလျှင် သူမ၏ မိသားစု ဖြစ်၏။
“မင်းသမီး နာနာ... ချင်နိုင်ငံကနေ ခင်ဗျား ထွက်ခွာသွားလို့ မဖြစ်ဘူး” ရှမ့်လန်က ပြောလိုက်သည်။
အာယုနာနာက ဒေါသထွက်သွား၏။ “ဘာကြောင့်လဲ။ ကျွန်မက ကြက်ကို လက်ထပ်တယ်ဆိုရင် ကြက်ဖြစ်ပြီး ကျွန်မ ခွေးကို လက်ထပ်ရင် ခွေးဖြစ်ပြီ။ အခု ကျွန်မ အရူးကြီးကို လက်ထပ်ပြီဆိုတော့ အရူးကြီးနောက် လိုက်ရတော့မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ရွှဲ့ပြည်နယ်ဆီက ကျေးကျွန်ပေါင်း တစ်ထောင်ကျော်ကို ခေါ်မလာနိုင် ခဲ့ဘူးလေ။ ဘာကြောင့်လဲဆိုတော့ စုမိသားစုရဲ့နေရာကနေ ဖြတ်ပြီးတော့ ပြန်ရမယ်။ ပြီးတော့ မျက်စိသုံးလုံး မိစ္ဆာရဲ့ တည်နေရာကနေ ဖြတ်ပြီး ပြန်ရမယ်။ ဒီလူတွေ အကုန်လုံးကို ကျုပ်က စစ်သည်ပေါင်း တစ်ရာကျော် လောက်နဲ့ ကာကွယ်ပေးထားနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် သူတို့ကို ချင်နိုင်ငံထဲမှာပဲ ထားရစ်ခဲ့ရအုံးမယ်။ သူတို့က ခင်ဗျားရဲ့ အကူအညီကို လိုအပ်သေးတယ်”
“ဘာကြောင့်လဲ။ ဘာကြောင့်လဲ”
အာယုနာနာသည် ချစ်ရဲ၏။ မုန်းရဲ၏။ ထို့ကြောင့်ပင် သူသည် အရူးကြီးနှင့် မခွဲချင်ပေ။
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ကျောက်ရောဂါဆေးနဲ့ ပတ်သက်တဲ့ နည်းပညာက ပြန့်နှံ့နေပြီးသားပဲ။ ဒါ ခင်ဗျားရဲ့ တာဝန်ဝတ္တရားဖြစ်လိမ့်မယ်။ ဒါပေမယ့် ခင်ဗျားအဖေရဲ့ လိုချင်လောဘကို ကြည့်ရမယ်ဆိုရင် ဒီဆေးတွေအတွက် ချင်နိုင်ငံသူ၊ ချင်နိုင်ငံသားတွေဆီက ပိုက်ဆံကို ညှစ်ထုတ်လိမ့်မယ်။ တစ်သက်မှာတစ်ခါ ရနိုင်တဲ့ အခွင့်အရေးတစ်ခုပဲ။
ခင်ဗျားက နှင်းတောင်ရဲ့ တောင်ခြေမှာ မြို့တစ်ခုကို တည်ထောင်ရမယ်။ ပြီးတော့ လူတွေ အကုန်လုံးကို အလကား ဆေးထိုးပေးရမယ်။ ဒါဆိုရင် လူပေါင်းများစွာတို့က ခင်ဗျားနဲ့ လာပြီး ပူးပေါင်းလိမ့်မယ်။ ချင်နိုင်ငံက ခင်ဗျားကို အရေးအကြောင်း အခြေအနေမျိုးမှာ လိုအပ်လာလိမ့်မယ်။ ကျုပ်တို့ကလည်း ခင်ဗျားကို လိုအပ်တယ်”
အာယုနာနာက ငိုယိုလျက် ရှိနေ၏။ သူမ မနေချင်ပေ။ သူမ အရူးကြီးနောက်ကို လိုက်ချင်သည်။
ရွှယ်ရင်သည် ရှေ့ဆီသို့ လှမ်းတက်ပြီး သူမ၏ တပည့်ကို နှစ်သိမ့်လိုက်၏။ “ယုယု.. ဒါက မင်းရဲ့ တာဝန် ဝတ္တရားပဲ။ ဒီအရာကို ရှောင်လွှဲလို့ မဖြစ်ဘူး”
အာယုနာနာသည် ရွှယ်ရင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အော်ဟစ်ငိုယိုလျက် ရှိ၏။ သို့ပေမည့် သူမသည် အရူးကြီးကို လှမ်းကာ ပြောလိုက်သည်။ “ကျွန်မနဲ့ လိုက်ခဲ့”
အရူးကြီးသည် သူမနောက်ဆီသို့ လိုက်ခဲ့၏။
အာယုနာနာသည် အဝေးတည်နေရာ တောစပ်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။
ရှမ့်လန်သည် ကြက်သီးမွေးညင်းများပင် ထသွားခဲ့၏။ သို့ပေမည့် သူသည် ထိုအရာကို မနာလိုလည်း ဖြစ်လို့နေ၏။ တောစပ်လား။ သူနှင့် မူလန်တို့ပင်လျှင် တောစပ်ထဲတွင် မဆက်ဆံခဲ့ဖူးချေ။ အခု သူ မည်သူနှင့် တောစပ်ထဲကို သွားရမည်နည်း။ အင်း.. မဖြစ်သေးချေ။ နတ်မိမယ်ရွှယ်ရင်က သူ့ကို ရိုက်သတ်ပေလိမ့်မည်။
........
သူတို့သည် တော၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်သွားခဲ့၏။ ဘာတွေဖြစ်နေသည်ကို အရူးကြီးက မသိချေ။ သို့ပေမည့် သူသည် ခွဲခွာရမည့် အကြောင်းနှင့် ပတ်သက်၍ ဝမ်းနည်းနေမိ၏။
“အရူးကြီး.. ရှင် မိန်းမတစ်ယောက်နဲ့ အိပ်ခဲ့ဖူးလား” အာယုနာနာက မေးမြန်းလိုက်သည်။
“မအိပ်ဖူးဘူး”
အာယုနာနာက ပြောလိုက်၏။ “ဒါဆိုရင် မိန်းမတစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ကို မြင်ခဲ့ဖူးလား”
“မိန်းမကို မြင်ဖူးတယ်လေ”
အာယုနာနာက ပြောလိုက်သည်။ “ဒါဆိုရင် ရှင် ကျွန်မနဲ့ အိပ်ချင်လား”
“အိပ်ချင်တယ်”
အရူးကြီးက မေးလိုက်၏။ “ဒါပေမယ့် အိပ်တယ်ဆိုတာ ဘာလဲ။ ဘယ်လိုလုပ်ရမလဲ ငါမသိဘူး”
အာယုနာနာက ပြောလိုက်သည်။ “ရှင် လုပ်စရာမလိုဘူး။ ကျွန်မ လုပ်မယ်။ အင်း.. ဒါပေမယ့် ကျွန်မ ဒါကို တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး။ အကြိမ်ပေါင်းများစွာတော့ မြင်ခဲ့ဖူးတယ်”
ပြီးနောက် သူမသည် အဝတ်အစားများကို ချွတ်လိုက်၏။ “အရူးကြီး... အသာ လှဲပြီးတော့ ခြေထောက်ကို စေ့ထားလိုက်တော့”
ဤသို့နှင့်ပင် အာယုနာနာသည် အရူးကြီးနှင့် အိပ်စက်ခဲ့ပြီဖြစ်သည်။
“..........”
ဤမိန်းမသည် ရူးသွပ်သွားခဲ့ပြီဖြစ်၏။ သူမ၏အသံကို ခပ်လှမ်းလှမ်း တည်နေရာမှဆီပင် ကြားနေရ၏။ ရှမ့်လန်သည် ကြောင်တောင်တောင် ခံစားနေမိ၏။ သူသည် အချိန်အတော်ကြာ စောင့်နေ၏။ တစ်နာရီနီးပါးခန့်ပင် ကြာမြင့်၏။
‘ချီးတဲ့မှ... ဒါက လိမ်တာ၊ ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်။ ငါတောင် သုံးမိနစ်ပဲ ကြာတာ’
ရှမ့်လန်သည် စိတ်ထဲတွင် ကျိန်ဆဲလျက် ရှိနေ၏။ အာယုနာနာသည် အရူးကြီး မျက်နှာသာရရန်အတွက် တစ်နာရီနီးပါးခန့် သရုပ်ဆောင်နေခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။ အရူးကြီး အဘယ်သို့ ဤမျှ အားကောင်းမည်နည်း။ ထို့အပြင် အရူးကြီးသည် လူပျိုစစ်စစ်ပင် ဖြစ်နေသေးသည်။ အချက်အလက်အားဖြင့် နာရီဝက်ကျော် ကြာမြင့်သည်ဆိုလျှင်ပင် အတုဖြစ်သည်။
တစ်နာရီခွဲလောက်ကြာမြင့်ပြီးနောက် အာယုနာနာသည် အရူးကြီးကို ခေါ်ဆောင်ကာဖြင့် တောစပ်ထဲမှ ထွက်လာခဲ့၏။ သူမ၏ မျက်နှာသည် အရက်မူးနေသကဲ့သို့ပင် နီမြန်းလျက် ရှိနေ၏။ အရူးကြီးလည်း ထိုနည်းတူစွာပင်။
အရူးကြီးသည် ဂျင်စင်းသစ်သီးကို စားသုံးပြီး ဝိညာဉ်တစ်ခုလုံး ကောင်းကင်ပေါ်သို့ ပျံတက်သွားသကဲ့သို့ပင်။ လောကသစ်၏ တံခါးတစ်ခုသည် ရုတ်တရက် သူ့အတွက် ပွင့်သွားခဲ့၏။ သူ ဘာတစ်ခုမှ မသိချေ။ သို့ပေမည့် သူ ထိုအရာကို ပြုလုပ်ခဲ့ပြီး ဖြစ်၏။ ကောင်းတယ် ... စတော်ဘယ်ရီလိုပဲ။
အားလုံး၏ အရှေ့မှာပဲ အာယုနာနာသည် အရူးကြီးကို နမ်းရှိုက်လိုက်၏။ “မှတ်ထား။ တခြားမိန်းမ တစ်ယောက်ကို ထိရဲတယ်ဆိုရင် ကျွန်မ ရှင့်ကို သတ်ပစ်မယ်”
အရူးကြီးက ကြောင်အသွားမိသည်။ “ငါ လမ်းမှာ လမ်းလျှောက်နေရင်း တစ်ယောက်ယောက်နဲ့ ထိမိရင် ဘယ်လိုလုပ်မလဲ”
အာယုနာနာသည် ဘာပြောရမှန်းမသိတော့ချေ။ ထို့ကြောင့် တစ်ဖက်လူကို ဆွဲကာ ကိုက်လိုက်၏။
“ကဲ သွားကြရအောင်”
သူမသည် ရွဲ့ပြည်နယ်ဆီမှ ဒုက္ခသည်တို့ကို ဦးဆောင်ပြီး ချင်နိုင်ငံမှ လူတစ်ထောင်ကျော်တို့နှင့်အတူ ပြန်လည်ထွက်ခွာသွားခဲ့၏။ ပြီးနောက် သူမသည် ရှမ့်လန်၏ စကားကို လိုက်နာပြီး နှင်းတောင်၏ တောင်ခြေတွင် ကျေးရွာတစ်ခုကို စတင်ကာ တည်ဆောက်၏။ ပြီးနောက် ထိုနေရာတွင် ဘုံကျောင်းတစ်ခုကို တည်ဆောက်ပြီး ကျောက်ရောဂါ ခံစားနေရသည့် လူပေါင်းများစွာတို့အား အလကား ဆေးထိုးပေးသည်။
ချင်နိုင်ငံမှလူအားလုံးတို့၌ အိမ်ဟူ၍ အတည်တကျ ရှိကြသည်မဟုတ်ချေ။ သူတို့သည် တွေ့ရာနေရာ ရွက်ဖျင်တဲများထိုးကာဖြင့် အိပ်စက်တတ်သည့် လူများဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူတို့သည် တောင်ခြေတွင် လာရောက်ကာ အခြေချ နေထိုင်ကုန်ကြ၏။
အရူးကြီးနှင့် နတ်မိမယ်ရွှယ်ရင်တို့၏ ဦးဆောင် ကာကွယ်ပေးမှုအောက်မှာပဲ ရှမ့်လန်သည် ကြီးမားသည့် တာဝန်ဝတ္တရားကို ထမ်းဆောင်ပြီး ရွှဲ့ပြည်နယ်ထဲသို့ လှမ်းဝင်လာခဲ့ပြီဖြစ်သည်။
ရွှဲ့ပြည်နယ်၏ နန်းတော်အတွင်းမှာတော့ ကောင်းကင်ယံတစ်ခုလုံးက ကြည်လင်ရှင်းလင်းလျက် ရှိနေ၏။ ရာသီဥတုသည် မပူသလို မအေးချေ။ တကယ့်ကို နေသာထိုင်သာ ရှိ၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် စိုးရိမ်ပူပန်လျက် ရှိနေ၏။ မိဖုရားကြီး ပျံ့ကြောင့်သာ။
မိဖုရားကြီး ပျံ့သည် ဝူဝေမင်းကြီး ပျံ့ရှောင်း၏ သမီးဖြစ်ကြောင်း အားလုံးသောသူတို့ သိရှိပြီးဖြစ်၏။ ထို့အပြင် သူ၏ အနှစ်သက်ဆုံးသော မိဖုရားလည်း ဖြစ်၏။ သူမသည် မလှပဘူးဆိုလျှင်တောင်မှ ပညာတတ်ပြီး ကျိုးကြောင်းဆီလျော်သည့် ဦးနှောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်၏။ နိုင်ငံရေးရာများနှင့် ခပ်ဝေးဝေးတွင် နေထိုင်တတ်သူလည်း ဖြစ်သည်။
ကံဆိုးစွာဖြင့် မိဖုရားကြီးပျံ့၏ ကျန်းမာရေးက နိမ့်ပါးလွန်း၏။ နင်ယွမ်ရှန်းနှင့် လက်ထပ်ပြီး ၁၀ နှစ်ကျော် ကြာမြင့်ခဲ့သော်လည်း သူမသည် ကလေးတစ်ယောက်ကိုပင် ဖွားမြင်နိုင်ခဲ့ခြင်း မရှိချေ။ သို့ပေမည့် လက်ရှိ အခြေအနေမှာတော့ အဆက်မပြတ် အန်လို့နေ၏။
ပထမတုန်းက တစ်စုံတစ်ခုသော ရောဂါကြောင့် အန်သည်ဟု သူတို့က တွေးထင်ခဲ့၏။ သို့ပေမည့် နန်းတွင်း သမားတော်များသည် သူမ ကိုယ်ဝန်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောခဲ့၏။ မည်သို့ ဖြစ်နိုင်မည်နည်း။
ပိုမို၍ အရေးကြီးမားသည်မှာ သူမ၏ ဓမ္မတာသည် လွန်ခဲ့သည့် နှစ်လတုန်းက လာခဲ့ခြင်းပင်။ နိမ့်ပါးသည့် ကျန်းမာရေးကြောင့် သူမသည် ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲလွန်း၏။ ဤနှစ်ပိုင်းအတွင်း ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးပျံ့တို့သည် ကလေးရနိုင်ရန် အကောင်းမွန်ဆုံး ကြိုးစားခဲ့၏။ သို့ပေမည့် သူတို့အနေနှင့် ကလေးတစ်ယောက်ပင် ရရှိခဲ့ခြင်း မရှိခဲ့ချေ။ သို့ပေမည့် မထင်မှတ်ထားသည့်အချိန်တွင် သူမက ကိုယ်ဝန်ဆောင်ခဲ့၏။ တခြားသော တစ်စုံတစ်ခုဖြစ်နေမည်ကို ဘုရင်မင်းမြတ်က စိုးရိမ်ပူပန်မိ၏။
ထို့အပြင် ရှမ့်လန်၏ ချင်နိုင်ငံဆီသို့ သွားရောက်သည့် နိုင်ငံရေးရာကိစ္စရပ်ကလည်း ရှိနေသေး၏။ တချို့သော လူများသည် သတင်းကို တင်းတင်း ပိတ်ထားခဲ့သောကြောင့် ရှမ့်လန်နှင့် ပတ်သက်သည့် သတင်းက ရောက်ရှိမလာခဲ့ချေ။
မြို့တော်မှ လူပေါင်းများစွာတို့သည် ထိုအကြောင်းအရာကို ပြောဆိုလျက် ရှိနေ၏။ ရှမ့်လန်သည် တာဝန်ထမ်းဆောင်ရင်း သတ်ဖြတ်ခံလိုက်ရပြီး ဦးခေါင်းပင်လျှင် ပြတ်လျက် ရှိနေကြောင်းပင်။
ချင်ဘုရင်သည် မည်မျှမောက်မာလိုက်သနည်း။ တစ်ဖက်လူကို တောင်းပန်စာ သွားရောက်ရေးခိုင်း၏။ ထို့အပြင် ချင်နိုင်ငံအတွင်း၌ ဘုံကျောင်းတစ်ခုတည်ဆောက်ရန် တွန်းအားပေးခဲ့သည်။ ကျိန်းသေပေါက် အရူးအိမ်မက်တစ်ခုကဲ့သို့ပင် ဖြစ်ပေ၏။
ရှမ့်လန်သည် အဆုံးသတ်မှာတော့ သူ့ကိုယ်သူ ထိခိုက်အောင် ပြုလုပ်ခဲ့သူတစ်ယောက်ကဲ့သို့ပင်။ ရှမ့်လန်သည် သူ၏ ယောက္ခထီး ကျင်းကျိုးတစ်ယောက် ရွှမ်ဝူနယ်စားကြီးဆိုသည့် ဘွဲ့တံဆိပ် ရရှိရန် မိမိအသက်ကိုပင် ပေးဆပ်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ကျင်းကျိုးသည် ရွှမ်ဝူနယ်စားကြီးဆိုသည့် ဘွဲ့ကို ဘယ်တော့မှ ရရှိတော့မည် မဟုတ်ချေ။
ရှမ့်လန်၏ အသက်နှင့်ပတ်သက်၍ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက စိုးရိမ်ပူပန်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ရှမ့်လန်နှင့် ရှမ်လန်၏ နိုင်ငံရေးရာတာဝန်တစ်ခုလုံး သေဆုံးသွားခဲ့ခြင်းမှာတော့ အရေးကြီးသည်။
သူ ဘာဆက်လုပ် ရမည်နည်း။
ရွှဲ့ပြည်နယ်၏ အခွင့်အာဏာကို ထပ်မံကာ ချိုးဖောက်ခြင်းလား။ သူသာ လက်စားမချေပါက သူ၏ မျက်နှာ၊ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးပေလိမ့်မည်။ လက်စားမချေပါက တောင်ပိုင်းနိုင်ငံစစ်ပွဲသည် အစောကြီးတည်းက စိတ်ဓာတ်ပိုင်းဆိုင်ရာအရ နိမ့်ကျနှင့်နေပြီဖြစ်၏။ ထို့အပြင် အခြေအနေမကောင်းချေ။ ထိုသို့ဆိုလျှင် စစ်ပွဲအခြေအနေက ပိုကာ ဆိုးပေလိမ့်မည်။
ရွှဲ့ပြည်နယ်အနေနှင့် နောက်ထပ်စစ်ပွဲတစ်ခုကို ထပ်မံကာ စတင်ရမည်လား။ သူ့အနေနှင့် နောက်ထပ် စစ်ပွဲ တစ်ခုကို စတင်ရန် နည်းလမ်းဟူ၍ မရှိနိုင်ချေ။ သို့ပေမည့် နိုင်ငံရေးရာအရ ပေးအပ်လိုက်သည့် တစ်နိုင်ငံလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည့် တာဝန် ကျရှုံးသွားခဲ့ပါက သူ၏ဂုဏ်သိက္ခာ ကြီးကြီးမားမား ထိခိုက်မှာ ဖြစ်၏။
သူ့အနေနှင့် ထိုနေ့တုန်းက ရှမ့်လန်ကို တာဝန် မပေးလိုက်သင့်ပေ။ သေဆုံးခြင်းဆိုသည်မှာ ကိစ္စသေးသေးလေး ဖြစ်၏။ သို့ပေမည့် နိုင်ငံရေးရာနှင့်ယှဉ်လာပြီဆိုလျှင်တော့ ထိုသေဆုံးခြင်းက ကိစ္စကြီး ဖြစ်လာခဲ့၏။ ရှမ့်လန်သည် အားနည်းလွန်းသည်။ သို့ပေမည့် ချင်ဘုရင်ကဲ့သို့သော ကြမ်းတမ်း ရိုင်းစိုင်းသည့် လူမျိုးကို သွားရောက်ကာ တောင်းပန်စာ ရေးခိုင်းခြင်း၊ ချင်နိုင်ငံထဲ၌ ဘုံကျောင်းတစ်ခု တည်ဆောက်စေခြင်း ... ထိုအရာက တကယ့်ကို ဉာဏ်ကောင်းသည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ ကောင်းကင်ဘုံသို့ တက်လှမ်းသည် ထက်ပင် ပိုမိုကာ ခက်ခဲသည့် တာဝန်တစ်ခုဖြစ်သည်။
ရှမ့်လန်၌ မည်မျှပါရမီရှိသည်ဆိုဆို ချင်နိုင်ငံထဲတွင် ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်ဖို့ ဆိုသည်မှာ ကျိန်းသေပေါက် မဖြစ်နိုင်သည့်အရာမျိုးပင်။
ထိုအချိန်မှာတော့ မိန်းမစိုးနှစ်ယောက်တို့သည် ရှေ့ဆီသို့ ပြေးဝင်လာခဲ့၏။ တစ်ယောက်ကရှေ့၊ တစ်ယောက်က အနောက်မှ ဖြစ်၏။ မိန်းမစိုးများထဲမှ တစ်ယောက်က ဒူးထောက်ကာဖြင့် ပျော်ရွှင်စွာ ပြောလိုက်၏။ “အရှင်မင်းကြီး... သတင်းကောင်းပါပဲ။ မိဖုရားကြီးပျံ့ ကိုယ်ဝန်ဆောင်နေပါပြီ”
တခြားသော မိန်းမစိုးမှာလည်း ဒူးထောက်ကာဖြင့် ထပ်တူညီ ပျော်ရွှင်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီး.. သတင်းကောင်းပါပဲ။ ရှမ့်လန်က သူ့ရဲ့ တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ပါပြီ။ ချင်ဘုရင်က တောင်းပန်စာ ရေးခဲ့ပြီး လမ်းမှာ ရောက်နေပါတယ်တဲ့။ ပြီးတော့ သူတို့ရဲ့နိုင်ငံထဲမှာ ဘုံကျောင်းတစ်ခု တည်ဆောက်ခဲ့တယ်။ ဘုံကျောင်းထဲမှာလည်း သူတော်စင်ကြီး ကွန်ဖြူးရှပ်ရဲ့ ရုပ်ထုတွေနဲ့ တခြားရုပ်ထုတွေ အားလုံး ရှိပါတယ်တဲ့။ ရှမ့်လန်က နိုင်ငံရဲ့ ဂုဏ်သိက္ခာအားလုံးကို သယ်ဆောင်နိုင်ခဲ့တဲ့ လူတစ်ယောက် ဖြစ်ခဲ့ပါပြီ။ ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်သိက္ခာနဲ့ အရှေ့မင်းကြီးရဲ့ ဂုဏ်သိက္ခာက နေရာအနှံ့ကို ပြန့်နှံ့နေခဲ့ပါပြီ”
..........
နန်းမြို့တော်ဆီသို့ ပြန်သည့်လမ်းမှာတော့ .....
ရှမ့်လန်သည် ရထားလုံးပေါ်တွင် ဇိမ်ကျကျဖြင့် ထိုင်လျက်ရှိနေ၏။ နတ်မိမယ် ရွှယ်ရင်သည် မြင်းစီးကာဖြင့် လိုက်ပါလာခဲ့၏။
အရူးကြီးကတော့ နွားကို စီးလျက်ရှိ၏။ တစ်ရက်လုံးလုံး ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ အထူးသဖြင့် အရူးကြီးသည် မနေ့တုန်းက အကြောင်းအရာနှင့် ပတ်သက်၍ ပြန်လည်ကာ စဉ်းစားတွေးတောလျက် ရှိနေတုန်းပင်။ သူ ဤကဲ့သို့ အိပ်စက်ခဲ့သည်လား။ တကယ့်ကို ကောင်းမွန်လွန်းလှ၏။ စတော်ဘယ်ရီတောင် နို့စတော်ဘယ်ရီကဲ့သို့ပင်။
ရှမ့်လန်၏ လက်ထဲတွင် ပုလင်းနှစ်ခုကို ကိုင်ဆောင်ထား၏။ ဘယ်ဘက်တွင် ရှိနေသည့် ပုလင်းက ကြီးမားပြီး အထဲတွင် သန်းနှင့်ချီသည့် ပိုးကောင်များ ရှိနေ၏။ ရွှယ်ရင်၏ သွေးထဲတွင် အချိန်အများဆုံး နေထိုင်ခဲ့သည့် ကူပိုးကောင်များပင် ဖြစ်၏။
ဟုတ်ပေ၏။ ကူပိုးကောင်အားလုံးတို့သည် အသက်ဝင်လျက် ရှိနေ၏။ သို့ပေမည့် ထူးဆန်းလွန်း၏။ ဤပုလင်းထဲမှ သွေးများက ဆူဝေလျက် ရှိနေတုန်းပင်။
ငါးရက်နှင့် ငါးညတိုင်တိုင် ကြာခဲ့ပြီဖြစ်၏။ ဤရက်ပိုင်းအတွင်း ကူပိုးကောင်များ သေဆုံးသွားသင့်၏။ သို့ပေမည့် မသေခဲ့ချေ။ ကြည့်ရသည်မှာ စွမ်းအင်တစ်မျိုးမျိုးကို ဝါးမျိုပြီးနောက် ပိုမိုကာ ကြမ်းတမ်း ရိုင်းစိုင်းလာခဲ့သလိုပင်။ သွေး၏ အရောင်အဆင်းသည် တဖြည်းဖြည်းနှင့် ပြောင်းလဲလာခဲ့သည်။
အရူးကြီး၏ သွေးအဆီအနှစ်သည် တောက်ပသည့် ရွှေရောင်ဖြစ်၏။ ဤပိုးကောင်များကတော့ ခရမ်းရောင် ဖြစ်၏။ မဟာပညာရှင်ရွှယ်ရင်၏ သွေးမှာတော့ အနီရောင်ဖြစ်၏။ ထိုအရာအားလုံးကို ပေါင်းစပ်ပြီးနောက် အနီရောင်ဖြစ်သင့်၏။ သို့ပေမည့် မထင်မှတ်ထားလောက်အောင်ဘဲ အထဲတွင် ရှိနေသည့် ရွှေရောင်များက တဖြည်းဖြည်းနှင့် ပိုမိုကာ တောက်ပလာခဲ့၏။
ကူပိုးကောင်အမေကြီးသည် အလယ်တွင် ငြိမ်သက်သက်နှင့် လဲလျောင်းလျက် ရှိနေသည်။ ထိုသတ္တဝါကို ကြည့်ရှုရသည်မှာ စမ်းချောင်းထဲတွင် ရေစိမ်နေသကဲ့သို့ပင် ဇိမ်ကျနေ၏။ ရှမ့်လန်သည် ထိုအရာကို X-Ray အမြင်ဖြင့် လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် သူ၏ ဦးနှောက်ထဲတွင် ရှိနေသည့် သတင်း အချက်အလက်များ နှင့် တိုက်ဆိုင်ကာ စစ်ဆေးကြည့်၏။ သို့ပေမည့် ဘာတစ်ခုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။
ထိုအရာသည် အဓိကကမ္ဘာမြေ၏ သတ္တဝါ မဟုတ်သောကြောင့်ပင်။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်၏ AI ကွန်ပျူတာထဲတွင် ထိုအရာ မရှိခြင်းပင်။ ရှမ့်လန်သည် နောက်ဆုံးမှာတော့ မရင်းနှီးသည့် မျိုးနွယ်တစ်ခုကို စတင်ကာ မြင်ခဲ့ရပြီဖြစ်သည်။
“အင်း… နတ်မိမယ်၊ အရူးကြီးက သွေးတွေ ဒီလောက်များများ ထုတ်ပေးခဲ့တာ ဒါသူ့ရဲ့ကျင့်ကြံခြင်းကို သက်ရောက်နိုင်လား”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ပြီးတော့ ကျုပ်က သူ့ရဲ့သွေး တစ်ကီလိုဂရမ် နီးပါးလောက်ကို ထုတ်ခဲ့တာ။ ဒီထဲမှာ သွေးအဆီအနှစ် တော်တော်များများ ပါဝင်တယ်”
တကယ်တော့ ချောင်ယောင်းအာက အရူးကြီးထက်ပင် ပိုမိုကာ ထွက်သေးသည်။
“အင်း… နည်းနည်းလေးပါပဲ”
နတ်မိမယ်ရွှယ်ရင်က ပြောလိုက်၏။ “သူ့ရဲ့ခန္ဓာကိုယ်က အားပြန်ပြည့်သွားလိမ့်မယ်”
ရှမ့်လန်က မေးလိုက်သည်။ “နတ်မိမယ်... ဘယ်လိုဖြစ်ပြီးတော့ အရူးကြီးနဲ့ ချောင်ယောင်းအာရဲ့ သွေးမျိုးဆက်က ရွှေရောင်သွေးမျိုးဆက်တွေ ဖြစ်နေရတာလဲ”
နတ်မိမယ်ရွှယ်ရင်က ပြောလိုက်၏။ “ဒါက သူတို့ရဲ့မိဘတွေကနေပြီးတော့ အမွေဆက်ခံတာမျိုးလည်း ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် မွေးရာပါ ကံတရားတစ်ခုလည်း ဖြစ်နိုင်တယ်။ လောကမှာရှိတဲ့ သိုင်းကျင့်ကြံခြင်းရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်တစ်ခုပဲလေ။ ဒီကိစ္စကို ငါတို့ နားမလည်နိုင်ဘူး”
ရှမ့်လန်က မေးလိုက်ပြန်သည်။ “မဟာပညာရှင် ကျုံးချူးကဲ့က ကျုပ်ရဲ့သွေးမျိုးဆက်ကို ကြည့်ရှုခဲ့တယ်။ ဒါပေမဲ့ သူက ဘာမှန်းသေချာမသိဘူးတဲ့။ ဒီတော့ ကျုပ်ရဲ့ သိုင်းတာအိုနဲ့ပတ်သက်တဲ့ သွေးမျိုးဆက်ကို တစ်ချက်လောက် ကြည့်ပေးနိုင်မလား။ ဒီအရာက အံ့အားသင့်စရာများ ဖြစ်နေမလား မသိဘူး”
နတ်မိမယ်ရွှယ်ရင်သည် ရှမ့်လန်ကို တစ်ချက်စူးစိုက်ကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အင်း လန်အာ.. ပညာရှိတဲ့လူတွေက ခန့်မှန်းရခက်တယ်။ မင်းက တကယ့်ကို ခန့်မှန်းလို့မရနိုင်တဲ့ လူပါပဲ”
“ဟင်း”
ရှမ့်လန်သည် အလျော့ပေးလိုက်ပြီဖြစ်၏။ နတ်မိမယ်ရွှယ်ရင်၏ စကားလုံးများထဲမှ အဓိပ္ပာယ်ကို သူ နားလည်ခဲ့ပြီဖြစ်သည်။ သူသည် သိုင်းပညာကို ကျင့်ကြံ၍ မရနိုင်သည့် အမှိုက်တစ်ခုကဲ့သို့ပင်။
“နတ်မိမယ်... ခဏလောက်၊ ကျုပ်ဆီမှာ တကယ့်ကို ရဲတင်းတဲ့ အကြံအစည်တစ်ခု ရှိတယ်။ ရထားလုံးထဲကို ဝင်ခဲ့ပါအုံး” ရှမ့်လန်က တောင်းဆိုလိုက်၏။
ရှမ့်ဆယ့်သုံးနှင့် ဟွမ်ဖန်တို့သည် ချက်ချင်းပဲ ခပ်ဝေးဝေး တည်နေရာဆီသို့ အသာလှမ်းသွားကြ၏။ သူတို့သည် အရူးကြီးကိုပင် မျက်စပစ်ခဲ့၏။ ဟွမ်ဖန်သည် ထိုအရာကို နှစ်ကြိမ်တိုင်တိုင် တွေ့ကြုံခဲ့ပြီးသား ဖြစ်၏။ ဤတဏှာရူးရှမ့်လန်သည် ရထားလုံးထဲတွင်ပင်လျှင် သူ၏မိန်းမနှင့် အိပ်စက်ခဲ့သေးသည် မဟုတ်ပါလား။ ပထမတုန်းက သူ၏မိန်းမဖြစ်၏။ လက်ရှိအခြေအနေမှာတော့ နတ်မိမယ်ရွှယ်ရင် ဖြစ်နေသည်လား။
ဟုတ်ပေ၏။ သူမ ဘာတွေတွေးနေသည်ဆိုသည်ကို ရှမ့်လန်သာ သိသည်ဆိုပါက လက်ညိုးငေါက်ငေါက် ထိုးကာဖြင့် သူသည် သန့်စင်လွန်းသည့် လူတစ်ယောက်ဖြစ်ကြောင်း နှုတ်ခမ်းတစ်လန် ပန်းတစ်လန် ပြောဆိုမှာ သေချာ၏။
ရွှယ်ရင်သည် ရထားလုံးထဲသို့ လှမ်းဝင်လာခဲ့၏။ လေထုထဲတွင်ရှိနေသည့် မွှေးရနံ့များသည် တည်နေရာအနှံသို့ ပျံ့နှံ့သွားခဲ့၏။ ယခင်ကလောက် အားမကောင်းဘူးဆိုလျှင်တောင်မှ ဤအရာက မွှေးပျံ့လွန်းနေတုန်းပင်။
ရှမ့်လန်က ပြောလိုက်သည်။ “နတ်မိမယ်... စေတီတောင်ရဲ့ ပိုးကောင်အဆိပ်ကိုမိခဲ့ပြီးတဲ့နောက်မှာ ခင်ဗျားရဲ့ သိုင်းပညာက ပြောင်းလဲသွားခဲ့သေးလား”
နတ်မိမယ်ရွှယ်ရင်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အင်း… ပြောင်းလဲမှု အနည်းငယ်လေးတော့ ရှိတယ်။ ငါ့ရဲ့ အစစ်အမှန်ချီနဲ့ ဓားချီတွေက ပိုပြီးအားကောင်းလာခဲ့တယ်”
ရှမ့်လန်က ပြောလိုက်၏။ “ကြည့်ရမယ်ဆိုရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဒီပိုးကောင်က တဖြည်းဖြည်းနဲ့ ခင်ဗျားရဲ့တိုက်ခိုက်မှု စွမ်းအားတွေကို တိုးတက်လာစေနိုင်တယ်။ အင်း… ဒါက မတော်တဆ ကိစ္စရပ်တစ်ခုလည်း ဖြစ်နိုင်တယ်”
နတ်မိမယ်ရွှယ်ရင်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အချက်အလက်အားဖြင့် ဒါတင်သာ မကသေးဘူး။ ငါ့ရဲ့ ငယ်ရွယ်နုပျိုမှုကို နှစ်နှစ်ဆယ်နီးပါးအထိ ထိန်းသိမ်းထားနိုင်စွမ်းရှိခဲ့တယ်”
ရှမ့်လန်က ပြောလိုက်၏။ “အင်း… အိုမင်းရင့်ရော်မှုကို တားဆီးနိုင်ခဲ့တာမျိုးလား”
နတ်မိမယ်ရွှယ်ရင်က ပြောလိုက်သည်။ “အင်း… ကျုံးချူးကဲ့ထက် ငါက စောပြီးတော့ ဂိုဏ်းထဲကို ဝင်ခဲ့တာ။ ငါက စီနီယာအစ်မ ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ သူ့ထက်ပိုပြီး ငယ်ရွယ်တယ်။ ဒါပေမဲ့ တကယ်တော့ ငါကသိပ်ပြီး ငယ်ရွယ်တဲ့လူတစ်ယောက်တော့ မဟုတ်ဘူး။ စေတီတောင်ရဲ့ ပိုးကောင်အဆိပ်ကို မိခဲ့တာ လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်တုန်းကပဲ။ အဲအချိန်ထဲကစပြီးတော့ ငါ့ရဲ့သွင်ပြင်ပုံပန်းက မပြောင်းလဲတော့တာပဲ”
ရှမ့်လန်အနေနှင့် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ သူသည် သန်းထောင်နှင့်ချီသည့် ပိုးကောင်များ ပါဝင်လျက် ရှိနေသည့် ပုလင်းကိုသာ မြှောက်ကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “နတ်မိမယ် ကြည့်အုံး။ ဒီပုလင်းထဲမှာ ခင်ဗျားရဲ့သွေးတွေနဲ့ ပြည့်နေတာလေ။ ဒါက မူလအားဖြင့် အနီရောင်လေးပဲ။ ဒါပေမဲ့ အခုရွှေရောင်ပြောင်းသွားခဲ့ပြီ။ ဒါဘာကို သက်သေပြနေတာလဲ”
နတ်မိမယ်ရွှယ်ရင်က ပြောလိုက်၏။ “ဒီပိုးကောင်တွေက တဖြည်းဖြည်းနဲ့ အနီရောင်တွေကို ဝါးမျိုလိုက်တာပဲ။ ပြီးတော့ သူတို့က အဆင့်မြင့်တက်လာခဲ့တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း… ကျုပ်ရဲ့ခန့်မှန်းမှုအရဆိုရင် ဒီပိုးကောင်တွေက ခင်ဗျားရဲ့ခန္ဓာကိုယ် တစ်ခုလုံးကို ရပ်တန့်သွားစေခဲ့တယ်။ ဒီအရာက ခင်ဗျားရဲ့ အိုမင်းရင့်ရော်နိုင်တဲ့ အရာအားလုံးကို ဝါးမျို စားသုံးခဲ့ကြတယ်”
ရှမ့်လန်၏ အတွေးအခေါ်များသည် တကယ့်ကို ရဲတင်းပြီး ရှုပ်ထွေးလွန်း၏။ နတ်မိမယ် ရွှယ်ရင်အနေနှင့် ထိုအရာကို အနှစ်ချုပ်၍ မရနိုင်ခဲ့ချေ။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ရဲ့ခန့်မှန်းချက်အရဆိုရင် နတ်မိမယ်ရဲ့ခန္ဓာကိုယ်ကို အေးခဲစေခဲ့တာက ဒီပိုးကောင်တွေက အာရုံကြောအဆိပ်တစ်မျိုးကို အဆက်မပြတ်ထုတ်လွှတ်နေလို့ပဲ။ ဒါပေမဲ့ ဒါက ခန္ဓာကိုယ်ရဲ့အာရုံကြောအဆိပ်ကို ဒီအတိုင်း ထုတ်လွှတ်တာမဟုတ်ဘဲ တစ်စုံတစ်ခုကို ဝါးမျိုပြီး အစာချေမယ်။ ပြီးမှ အာရုံကြောအဆိပ်တွေအဖြစ် ပြုပြင်ပြီး ပြန်ထုတ်တာလည်း ဖြစ်နိုင်တယ်”
ရှမ့်လန်၏ အတွေးအခေါ်သည် တကယ့်ကိုရဲတင်းပြီး ရှုပ်ထွေးလွန်း၏။ နတ်မိမယ်ရွှယ်ရင်သည် အဆုံးအဖြတ် မပေးဝံ့ချေ။
သို့နှင့် ရှမ့်လန်၌ အလွန်ရဲတင်းလွန်းသည့် အတွေးတစ်ခု ထပ်မံကာ ပေါ်ပေါက် လာခဲ့၏။ ဤပုလင်းထဲတွင် မူလက ရွှေရောင်သွေးမျိုးဆက်အဆီအနှစ် နည်းနည်းသာ ရှိသော်လည်း သန်းပေါင်းများစွာသော ကူပိုးကောင်များ၏ ပြုပြင်မွမ်းမံမှုအပြီးတွင် သွေးပုလင်းတစ်ခုလုံးသည် အပြည့်နီးပါး ဖြစ်လာခဲ့သည်။
ထိုသို့ဆိုလျှင် ဤကပ်ပါးကောင်များသည် ရွှေရောင်သွေးအဆီအနှစ်ကို အဆက်မပြတ် မျိုချပြီး အဆင့်မြင့်သော သွေးအဆီအနှစ်ကို ထုတ်လွှတ်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။ ထိုသို့ဆိုလျှင် ရှမ့်လန်သည် ဤကူပိုးကောင်ထဲမှ အာရုံကြောအဆိပ်ကို ဖယ်ရှားပြီး လူသား၏သွေးမျိုးဆက်စွမ်းရည်ကို ပြုပြင်မွမ်းမံရန် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ပြီဖြစ်၏။
ရွှေရောင်သွေးမျိုးဆက်အဖြစ် မပြောင်းလဲနိုင်ဘူးဆိုလျှင်တောင်မှ ထိုထက်အဆင့်နိမ့်သော သွေးမျိုးဆက် စွမ်းရည် တစ်ခုခု ဖြစ်လာနိုင်သည်။ ဤလောကသည် သိုင်းသမားများအတွက် အလွန်ရက်စက်၏။ ပါရမီမရှိလျှင် သိုင်းပညာတွင် အောင်မြင်မှု ကြီးကြီးမားမားရှိလိမ့်မည် မဟုတ်ချေ။ ပါရမီရှိလျှင်တောင်မှ သွေးမျိုးဆက်မကောင်းလျှင် မအောင်မြင်နိင်သေးပေ။
ရှမ့်လန်၏ အတွေးမှာ တကယ့်ပင် ရူးသွပ်လွန်းပြီး အရာအားလုံးကို တော်လှန်ပုန်ကန်နိုင်စွမ်း ရှိနေသည့် အရာမျိုးပင်ဖြစ်၏။ ခေတ်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မည့် အတွေးအခေါ်မျိုးပင်။ လူတို့၏ သွေးမျိုးဆက်ကို ပြုပြင်ပြောင်းလဲရန် ပြင်ဆင်ခြင်းသည် ကြားလိုက်ရုံဖြင့် ကြက်သီးထလောက်စရာပင်။
ရူးနေသည်လား။ သို့ပေမည့် ရှမ့်လန်အတွက်မူ ဤအရာအားလုံးတို့သည် ဓာတုဗေဒနှင့် ဇီဝဗေဒ ဆိုင်ရာ ဖြစ်ရပ်များသာ ဖြစ်၏။ ယခုအချိန်တွင် ထိုအရာက စိတ်ကူးယဉ်မှုတစ်ခုသာလျှင် ဖြစ်၏။ အောင်မြင်မှုနှင့် ဝေးကွာဆဲဖြစ်သည်။
အနည်းဆုံး ဤကူပိုးကောင်များ ဘာတွေဆက်လုပ်မည်ကို သူသေသေချာချာ မသိရှိသေးချေ။ ထိုပိုးကောင်များ၏ အခြေခံသဘောတရားကိုလည်း သူနားမလည်သေးပေ။ သို့ပေမည့် ထိုအကောင်များသည် နတ်မိမယ်ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲ ရှိနေသည့်အချိန်တုန်းက သူမအား ကြီးကြီးမားမား အကျိုးသက်ရောက်မှု ရှိစေခဲ့၏။
နတ်မိမယ်ရွှယ်ရင်က ပြောလိုက်သည်။ “ရှမ့်လန်.. မင်းရဲ့အတွေးက သိပ်ပြီးရဲတင်းတယ်။ ငါတောင် ဒီလိုမျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အရာရာတိုင်းက ကံကြမ္မာအတိုင်း ဖြစ်ပြီး ပြောင်းလဲလို့မရဘူးလို့ ငါ ခံစားမိတယ်။ ဒါပေမဲ့ ငါကငါ၊ မင်းကမင်းပဲလေ။ ပညာရှိဆိုတာ ကာယလုပ်သားအားလုံးကို အုပ်ချုပ်ပြီး သန်းပေါင်းများစွာသောသူတွေကို စီမံနေတဲ့လူပဲ မဟုတ်လား”
ရှမ့်လန်၏အစီအစဉ်သာ အောင်မြင်သွားပါက မည်မျှအံ့ဩဖွယ်ရာ ကောင်းမည်ကို စိတ်ကူးမယဉ်ကြည့်ဘဲ မနေနိုင်တော့ချေ။ ပတ်ဝန်းကျင်တွင်ရှိနေသည့်လူများ၏ သွေးမျိုးဆက်စွမ်းရည်က မြင့်တက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် အရာအားလုံးသောသူတို့ကို သူက လွှမ်းခြုံနိုင်တော့မည် မဟုတ်ပါလား။ သို့ပေမည့် ထိုအရာက ဝေးကွာဆဲပင်။