အခန်း (၃၁၇)
Vol. 23 Ch. 317
ရှမ့်လန်က ကြောင်အသွား၏။ ‘ဟယ်ဝမ်ဝမ်’ သူမက မည်သူဖြစ်သနည်း။ ပြီးနောက် သူမှတ်မိသွားခဲ့၏။ ဘုရင်မင်းမြတ်၏ အနှစ်သက်ဆုံးမိန်းမဖြစ်၏။ ရှမ့်လန်သည် သူမကို အသုံးပြုပြီး လီဝမ်ကျန့်ကို သတ်ဖြတ်ခဲ့၏။ ထို့အပြင် သူမကို နှစ်တစ်ထောင်အတွင်း ရှားရှားပါးပါး ဂန္တဝင် ကဗျာများကိုပင်လျှင် ရောင်းချခဲ့သေး၏။
ထို့ကြောင့်ပင်လျှင် သူမသည် ဘုရင်မင်းမြတ်၏ အရှေ့သို့ ရောက်ရှိခဲ့ပြီး ဘုရင်မင်းမြတ်၏ စိတ်ထဲ၌ နေရာယူ နိုင်ခဲ့သူဖြစ်၏။ သို့ပေမည့် ဘုရင်မင်းမြတ်သည် သူမနှင့်အတူ အိပ်စက်ပြီးနောက် သူမ၌ သွေးထွက်သည်ကို မတွေ့ရှိခဲ့ချေ။ ထို့ကြောင့်ပင် သူမ၏မွေးရပ်မြေ လျန်ခရိုင်ထဲတွင် သူမကို နေအိမ်အကျယ်ချုပ် ချထားခဲ့၏။ ထို့အပြင် ရေနက်တပ်ဖွဲ့နှင့် မိန်းမစိုးများ၏ စောင့်ကြည့်မှုကို အချိန်တိုင်း ခံနေရသည်။
ရှမ့်လန်က အလောတကြီးဖြင့် ပြောလိုက်၏။ “မဖြစ်သေးဘူး မဖြစ်သေးဘူး။ ငါအိပ်နေပြီလို့ သူ့ကိုပြောလိုက်”
ရှမ့်ဆယ့်သုံး က ပြောလိုက်သည်။ “ဒီကိုတောင် ရောက်နေပြီ”
ရှမ့်လန်က ကြောင်အသွား၏။ အဘယ်ကြောင့် မတားစီးရသနည်း။ သူမသည် အားနည်းသည့် မိန်းမ တစ်ယောက်သာ ဖြစ်၏။ အဘယ်ကြောင့် သူမကို မတားစီးနိုင်ရသနည်း။ ဟုတ်ပေ၏။ ဤအရာက မည်မျှ အန္တရာယ်ကြီးမားကြောင်းကို သူက သိရှိ၏။ အန္တရာယ်၏ အငွေ့အသက်များကိုလည်း သူ ခံစားမိ၏။
ထိုအချိန်မှာတော့ သူသည် တစ်ဖက်လူကို အခွင့်အရေးပေး၍ မဖြစ်ချေ။ သူသည် တစ်ဖက်လူ၏နေရာမှ စဉ်းစား တွေးတောနေစရာပင် မလိုအပ်တော့ချေ။ ခြေထောက်ကို အသုံးပြု၍ စဉ်းစားမည်ဆိုလျှင်ပင် ဒုက္ခရောက်တော့မည် ဖြစ်ကြောင်း သိသာနေသည်။
ထို့ကြောင့်ဘေးအခန်းဆီသို့ပြေးပြီး နတ်မိမယ်ရွှယ်ရင်၏ စောင်ထဲသို့ ဝင်လိုက်၏။ ချက်ချင်းပဲ မွှေးပျံ့မှုများက နှာခေါင်းထဲ ဝင်လာ၏။
နတ်မိမယ် ရွှယ်ရင်သည် ကြောင်အသွားခဲ့၏။ ပြီးတော့ ညင်သာစွာ မေးမြန်းလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”
ရှမ့်လန်၏လက်သည် အမှတ်မထင်နှင့် တစ်ဖက်လူ၏ခါးကို အသာဆွဲကိုင်မိ၏။ နတ်မိမယ် ရွှယ်ရင်သည် ညအိပ်ချိန်တွင် ဘာတစ်ခုမှ ဝတ်လေဝတ်ထ မရှိသည့်ပုံပင်။
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့၏။ “ကျွန်မက ဟယ်ဝမ်ဝမ်ပါ။ ရှမ့်ကို လာပြီးတွေ့ခွင့်တောင်းပါတယ် သခင်လေးရှမ့် ...”
ရှမ့်လန်သည် ရွှယ်ရင်၏ လည်ပင်းကို အသာဖက်ပြီး ပြောလိုက်သည်။ “အင်း… ကျုပ် အိပ်မောကျနေပြီ။ ကျုပ်ရဲ့လက်ထဲမှာလည်း မိန်းကလေးတစ်ယောက် ရှိနေတယ်။ ဒီတော့ မနက်ဖြန်မနက်မှ ပြောကြရအောင်”
ဟယ်ဝမ်ဝမ်က ပြောလိုက်၏။ “ရှမ့်က အရမ်းတော်တဲ့ ကဗျာဆရာတစ်ယောက်လို့ ကျွန်မ ကြားခဲ့ပါတယ်။ ဒီတော့ ကျွန်မ ရှင့်ကို လာပြီးချီးကျူးတာပါ။ ဒီအချိန်မှာ ကျွန်မရဲ့မွေးရပ်မြေကို ဖြတ်သန်းလာတယ်ဆိုတဲ့ သတင်းကြားခဲ့တယ်။ ဒါကြောင့် ကဗျာတစ်ပုဒ်ကို လာပြီးတောင်းဆိုတာပဲ ဖြစ်ပါတယ်”
ရှမ့်လန်က ပြောလိုက်သည်။
“ကဗျာတစ်ပုဒ်လား။ ကောင်းပြီ၊ ကောင်းပြီ။ အိပ်ရာရဲ့ရှေ့မှာ လမင်းကြီးက တောက်ပနေတယ်။ မြေပေါ်မှာတော့ ဖိနပ်နှစ်စုံ တည်ရှိနေတယ်။ ခေါင်းကိုမော့ပြီး တောက်ပတဲ့လကြီးကို ကြည့်လိုက်တယ်။ ခေါင်းကိုငုံ့လိုက်ပြီးတော့ မိန်းမတစ်ယောက်ကို…”
....…
“တကယ့်ကို ကဗျာကောင်းပဲ။ ကဗျာကောင်းပဲ။ ယောကျ်ားက တကယ့် ကဗျာကောင်းတစ်ပုဒ်ကို စပ်ဆိုခဲ့တာပဲ”
အပြင်ဘက်ဆီမှ အမျိုးသမီးတစ်ယောက်၏အသံက ထွက်ပေါ်လာခဲ့၏။ ဤအရာသည် ရှမ့်လန်အား ထိတ်လန့်တကြား ဖြစ်စေခဲ့၏။
‘မူလန်လား။ မူလန် ရောက်နေတာလား။ ဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ။ ငါ ဘာလုပ်သင့်လဲ။ ငါ့ကို ကယ်ကြပါအုံး။ အရေးကြီးနေပြီ’
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆရာလန်သည် ခြေဗလာနှင့် အပြင်ဘက်သို့ ပြေးထွက်လာခဲ့၏။ သူသည် တံခါးကို ဖွင့်၏။ ပြီးနောက် သူ့မိန်းမ၏လက်ကို အသာဆွဲကာဖြင့် နောက်ထပ် အခန်းတစ်ခုထဲသို့ ပြေးဝင်သွားခဲ့သည်။
မူလန့်ကို ခပ်တင်းတင်းဖက်လိုက်ပြီး သူမ၏သွယ်လျလှပလွန်းသည့် နှုတ်ခမ်းပါးလေးများကို နမ်းရှိုက်လိုက်၏။ ပြီးနောက် သူ၏အင်္ကျီကို ကြယ်သီးဖြုတ်၏။ လက်ရှိအခြေအနေတွင် ရှင်းပြရန် အချိန်မရှိတော့ချေ။ သူ၏ အပြစ်ကင်းစင်မှုကို သူ၏လုပ်ရပ်နှင့် သက်သေပြရန်သာလျှင် ရှိ၏။
‘မိန်းမ ကြည့်.. ငါ ဘယ်လောက် ဆာလောင်နေလဲဆိုတာကို’ သူသည် တကယ့်ကို ရဲတင်းလွန်းလှ၏။ တခြားသူတစ်ယောက်ယောက်နှင့် ဖောက်ပြန်ခဲ့ခြင်းမဟုတ်ကြောင်း သေချာအောင် ပြသမှ ဖြစ်ပေမည်။ ထိုကဲ့သို့ ပြသသည်ဆိုပါက မည်သို့ ပြသရမည်နည်း။ သူ့၌ အားအင်များ အလွန်အမင်း ကျန်ရှိနေသေးကြောင်း လုပ်ရပ်နှင့် သက်သေပြမှ ဖြစ်ပေမည်။ တခြားတစ်ယောက်နှင့် ဖောက်ပြန်နေသည်ဆိုပါက ယခုလို အားကောင်းလိမ့်မည် မဟုတ်ချေ။
တစ်နာရီကျော် ကြာမြင့်ပြီးနောက် ရှမ့်လန်က စိတ်ကျေနပ်သွား၏။
မူလန်ကလည်း မချင့်မရဲဖြင့် စိတ်ကျေနပ်ရ၏။ ရှမ့်လန်သည် အလွန် စိတ်ချမ်းသာသွားသည့် ပုံစံမျိုးဖြင့် လေချဉ်ပင် တက်လိုက်သေး၏။ “မိန်းမ.. ငါ ဒီရက်ပိုင်းအတွင်း နေ့နေ့ညည မင်းအကြောင်းကိုဘဲ တွေးနေခဲ့တာ။ အင်း အချစ်နာကျတဲ့ ခံစားမှုက ပင်ပန်းနွမ်းနယ်စရာပဲ။ ငါ မင်းရဲ့ နှုတ်ခမ်းသားလေးကို လွမ်းတယ်။ မင်းရဲ့ နှာခေါင်းကို လွမ်းတယ်။ ပြီးတော့ မင်းရဲ့ ကိုယ်သင်းနံ့လေးကို လွမ်းတယ်”
မူလန်သည် ရှမ့်လန်အား နီမြန်းနေသည့် မျက်နှာနှင့် စူးစိုက်ကာ ကြည့်ရှုနေ၏။ မည်သည့် စကားကိုမှ မဆိုချေ။
ရှမ့်လန်သည် မျက်နှာငယ်လေးနှင့် တောင်းဆိုလိုက်သည်။ “ငါ.. ငါ ထပ်ပြီး လုပ်နိုင်သေးတယ်”
မူလန်သည် ရှမ့်လန်၏မျက်နှာကို အသာဆွဲယူကာဖြင့် ခပ်ကြမ်းကြမ်း နမ်းရှိုက်လိုက်၏။ “အင်း... လူတော်လေးပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ... ငါအပြစ်ကင်းစင်တယ်လို့ ထင်တယ်မလား။ ငါ မဖောက်ပြန်ခဲ့ပါဘူးနော်”
မူလန်က ပြောလိုက်၏။ “အင်း.. ရှင်က အခု နည်းနည်းအပြစ်ရှိသလို ခံစားနေရပြီ။ ဒါပေမဲ့ မှန်ကန်တယ်လို့လည်း ခံစားထားသေးတယ်။ ဒီတော့ ရှင်ကျွန်မကို ဖောက်ပြန်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အပြစ်ရှိသလို ခံစားနေရတယ် ဆိုတည်းက ရှင့်ရဲ့ နှလုံးသားထဲမှာ တစ်စုံတစ်ခုတော့ လွဲမှားနေသေးတယ်။ ဒါပေမဲ့ ရှင်က နောက်ဆုံးခြေလှမ်း တစ်ခုကို မလှမ်းရသေးတဲ့ ပုံစံပဲ”
ရှမ့်လန်သည် လည်ကုပ်ဆီမှ ဇောချွေးများပင် ပြန်လာခဲ့၏။ သူ၏မိန်းမသည် အဘယ်ကြောင့် ဤမျှ အံ့အားသင့်စရာ ကောင်းရသည်နည်း။ ဘာတစ်ခုကိုမှ မမြင်ခဲ့ရချေ။ သို့ပေမည့် သူ၏အမူအရာကို ကြည့်ရှုလိုက်ရုံနှင့် သူ ဘာတွေတွေးနေသည်ဆိုသည်ကို ကောင်းကောင်းသိရှိ၏။ သူမသည် စိတ်ကို ဖတ်ရှုနိုင်သည့် စွမ်းရည် ပိုင်ဆိုင်နေလေသည်လား။
မူလန်က သက်ပြင်းချလိုက်၏။ သူမသည် သူမကိုယ်သူမ အတင်းပင် ဖြောင်းဖျနေရ၏။ ယောက်ျားသည် တခြားသော မိန်းမတစ်ယောက်နှင့် အိပ်ရာထဲတွင် လဲလျောင်းလျက် ရှိနေပြီး ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။ ဤအရာက ဖောက်ပြန်ခြင်းဟု သုံးသပ်၍ မရနိုင်ပေ။ ဟုတ်ပေ၏။ သွေးရိုးသားရိုး အိပ်ရာပေါ်တက်သွားခြင်းသာ။
ရှမ့်လန်က တီးတိုးပြောဆိုလိုက်၏။ “သူက မဟာပညာရှင် ရွှယ်ရင်ပဲလေ။ ငါ ဟယ်ဝမ်ဝမ်နဲ့ တွေ့လို့မဖြစ်ဘူး။ ဒါကြောင့် မဟာပညာရှင်ရဲ့ အိပ်ရာထဲ ရောက်သွားတာပဲ”
ထိုအချိန်မှာတော့ ရှမ့်လန်သည် ဤကိစ္စကို မရှင်းပြခြင်းက ပိုမို၍ကောင်းမည်ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့အပြင် ရှင်းပြဖို့ ဆိုသည်မှာလည်း ခက်ခဲလွန်း၏။ တခြားသော တစ်စုံတစ်ယောက်၏ အိပ်ရာထဲသို့ အတင်းတက်ရန် မည်ကဲ့သို့သော အခွင့်အရေးကို ပိုင်ဆိုင်နေ၍ ဖြစ်သနည်း။ ကြည့်ရှုရမည်ဆိုလျှင် ထိုအရာက တွန့်ဆုတ်၊တွန့်ဆုတ်နှင့် ပြုလုပ်ခဲ့သည့် ပုံပန်းသွင်ပြင်မျိုးလည်း မဟုတ်ချေ။ အလွန်အမင်း ကျွမ်းကျင်လျက် ရှိနေသည်။ တက်လေ့တက်ဆ ရှိနေပုံပင်ပေါ်သည်။
“ကျွန်မ ရှင့်ကို အရမ်းလွမ်းနေခဲ့တယ်။ ပြီးတော့ အပြင်ဘက်မှာလည်း ရှင့်နဲ့ပတ်သက်တဲ့ ကောလာဟလတွေက အပြည့်ပဲ။ ရှင်က ချင်နိုင်ငံမှာ သေသွားခဲ့ပြီတဲ့။ ဒါကြောင့် ကျွန်မ ဘယ်လိုမှ မနေနိုင်ဘဲ နန်းမြို့တော်ဆီ လိုက်လာခဲ့တာ။ အဆုံးသတ်မှာတော့ ရှင်ပြန်လာခဲ့ပြီဆိုတဲ့ သတင်းကြားခဲ့တယ်။ ဒါကြောင့် လိုက်လာပြီး ရှင့်နဲ့လာတွေ့တာပဲ”
မူလန်က ကြင်နာစွာ ပြောဆိုလိုက်၏။ “ပြီးတော့ ရှောင်ပင်းကလည်း ကိုယ်ဝန်ရှိနေပြီ။ ကျွန်မ တကယ့်ကို မနာလိုဖြစ်မိတယ်”
သူ့အနေနှင့် လက်ရှိအခြေအနေတွင် ရွှယ်ရင်အကြောင်းကို မပြောချင်ပေ။ ရွှယ်ရင်သည် သူ၏ ဆရာဒေါ်လေး ဖြစ်နေသည် ဆိုလျှင်တောင်မှပေါ့။ ရှမ့်လန်သည် အပြင်ဘက်သို့ ထွက်သည့် အချိန်တိုင်း တခြားသောသူများနှင့် ဤကဲ့သို့ တပူးပူး ရှိနေသည်လား။ သို့ပေမည့် သူ၏ယောက်ျားသည် တကယ့်ကို လိမ္မာယဉ်ကျေးခဲ့ပြီး အားကောင်းမောင်းသန်အခြေအနေကို ထုတ်ဖော် ပြသခဲ့၏။ အနည်းဆုံး ဤတစ်လ၊ နှစ်လအတွင်း တခြားသော မိန်းမများနှင့် ထိတွေ့ခဲ့ခြင်းမရှိကြောင်း သိသာထင်ရှားသည်။
“အင်း.. ယောက်ျား လုံခြုံနေတာကို မြင်ရတဲ့အတွက် ကျွန်မ စိတ်ချမ်းသာသွားပါပြီ။ အဖေနဲ့ အမေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်နေတာ။ အခု ကျွန်မ အိမ်ပြန်တော့မယ်” မူလန်က ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။
“မဖြစ်သေးဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ.. အနည်းဆုံး ဒီတစ်ညလောက်တော့ အသာလေး ဖက်အိပ်ကြရအောင်” သူ၏အသံသည် တကယ့်ကို စိတ်ခံစားချက်များနှင့် ပြည့်လျက်ရှိနေ၏။ မူလန်သည် ခဏလောက်တော့ တွန့်ဆုတ်သွား၏။ သို့ပေမည့် ရှမ့်လန်၏ ရင်ခွင်ထဲသို့ အသာလေး ပြန်လည်ကာ လဲလျောင်းလိုက်၏။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ.. မင်းကို ပိုပြီးတော့ အားကောင်းစေနိုင်တဲ့ နည်းလမ်းတစ်ခုကို ငါ ရှာဖွေတွေ့ရှိပြီလို့ ထင်တယ်”
မူလန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ကျွန်မ ထပ်ပြီး အားမကောင်းချင်တော့ဘူး။ ကျွန်မ ငြိမ်းချမ်းတဲ့ ဘဝတစ်ခုမှာ ကလေးလေးနှစ်ယောက်နဲ့အတူ အေးအေးဆေးဆေးပဲ နေချင်တော့တယ်။ ကျွန်မ အိမ်မှာပဲ အေးအေးဆေးဆေးနေမယ်။ ရှင့်ကိုလည်း အိမ်မှာပဲ နေစေချင်တယ်။ အပြင်ကို ထွက်ပြီး ကလူကျီစယ်တဲ့ ကိစ္စရပ်တွေ မလုပ်စေချင်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ငါ ... ငါ...”
မူလန်က ရုတ်တရက် ထထိုင်လိုက်၏။ ရှမ့်လန်၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ကိုင်ကာ ပြောလိုက်သည်။ “ယောက်ျား.. ရှင်က လောကကြီးထဲမှာ အချောဆုံးပဲ”
“ဟမ်.. မင်းဘာကြောင့် ဒီလိုပြောရတာလဲ။ တခြားချောမောတဲ့ လူတွေကို မြင်ခဲ့ဖူးလို့လား”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ချေ။ မူလန်၏မျက်နှာကို အသာလက်နှစ်ဖက်ဖြင့် ဖမ်းညှစ်လိုက်၏။ သူ၏မူလန်သည် တကယ့်ကို ချစ်ဖို့ကောင်းလှ၏။ ထို့အပြင် သူမ၏ မျက်နှာတွင် အလှအပတရား၊ ဆွဲဆောင်မှု၊ စိတ်ဆုံးဖြတ်ထားမှု၊ ချောမောမှု အရာအားလုံး ပါဝင်နေ၏။
အရိုးသားဆုံးပြောရမည်ဆိုလျှင် သူ့မိန်းမ၏ အသွင်အပြင်သည် မဟာပညာရှင်ရွှယ်ရင်နှင့် အလုံးစုံ တူညီသည်တော့ မဟုတ်ချေ။ မဟာပညာရှင်ရွှယ်ရင်က အလွန် ကျော်ကြား၏။ သူမ၏ ခန္ဓာကိုယ် အနီးတစ်ဝိုက်တွင် အရှိန်အဝါများ ထွက်ပေါ်လျက်ရှိနေသည်။
ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ ဟယ်ဝမ်ဝမ်၏အသံက ထွက်ပေါ်လာ၏။ “ရှမ့်.. ရှင်လုပ်စရာရှိတာ လုပ်ပြီးပြီလား”
ရှမ့်လန်က ကြောင်သွား၏။ ဤနေရာမှာ ရှိနေသေးသည်လား။
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ.. သူ့ကို သွားတွေ့ကြည့်ရအောင်”
မူလန်က ပြောလိုက်၏။ “ကျွန်မ သူ့ကို မသိဘူး။ ဒါပေမဲ့ ကျွန်မ အထဲဝင်လာတဲ့အချိန်မှာ ကျွန်မ နောက်က လိုက်လာတာပဲ”
ရှမ့်ဆယ့်သုံး ဟယ်ဝမ်ဝမ်ကို တားဆီးနိုင်ခြင်း မရှိသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အဘယ်ကြောင့် ဆိုသော် မူလန်နှင့် ကပ်ကာလိုက်ပါလာသောကြောင့်ပင်။ အဘယ်သို့ တားဆီးရဲမည်နည်း။ ဟယ်ဝမ်ဝမ်သည် အခွင့်အရေးကို အရယူကာဖြင့် အထဲသို့ လှမ်းဝင်လာခဲ့ခြင်းသာ ဖြစ်၏။ သူမသည် ဤနေရာတွင် နေထိုင်ရန် စီစဉ်နေလေသည်လား။
ရှမ့်လန်က ပြောလိုက်၏။ “အင်း အမျိုးသမီးဟယ်.. ပြောစရာတစ်ခုခုရှိတယ်ဆိုရင် မနက်ဖြန်ကျမှ ပြောကြရအောင်”
ဟယ်ဝမ်ဝမ်က ပြောလိုက်သည်။ “ရှမ့်.. စကား အနည်းငယ်လောက် ပြောပြီးတာနဲ့ ကျွန်မ ထွက်သွားမှာပါ”
ရှမ့်လန်က မျက်မှောင်ကြုတ်လိုက်၏။ ပြီးနောက် သူ၏အဝတ်အစားများကို ပြန်ဝတ်ကာဖြင့် အပြင်ဘက်သို့ လျှောက်ထွက်လိုက်၏။
“အမျိုးသမီးဟယ်.. ဘာကိစ္စများ ဖြစ်လို့လဲ။ အလောတကြီးနဲ့ ပြောပါအုံး” ရှမ့်လန်က မေးလိုက်သည်။
ဟယ်ဝမ်ဝမ်သည် စာရွက်တစ်ရွက်ကို အသာကမ်းပေးလိုက်၏။ ရှမ့်လန်က ထိုအရာကိုဖွင့်ကာ ကြည့်ရှုသည့် အချိန်မှာတော့ ကဗျာတစ်ပုဒ် ရေးသားထားကြာင်း မြင်ရ၏။ “တောက်ပတဲ့လကြီး ပေါ်လာချိန်”
လီဝမ်ကျန့်ကို သတ်ရန်အလို့ငှာ ရှမ့်လန်သည် ဟယ်ဝမ်ဝမ်ဆီသို့ ကဗျာနှစ်ပုဒ် ရောင်းချခဲ့ဖူး၏။ ထိုနှစ်ပုဒ်ထဲမှ တစ်ခုသည် ဤတောက်ပတဲ့လကြီး ပေါ်လာချိန် ဖြစ်၏။ ထို့အပြင် ထိုကဗျာမှာ သူမအတွက် အထူးကိုက်ညီအောင် ဖန်တီးထားခဲ့သည့် ကဗျာတစ်ပုဒ်လည်း ဖြစ်သည်။
ထိုတင်သာမကသေးချေ။ နန်းတွင်းရှိ လူတိုင်းကိုဆွဲဆောင်နိုင်စေရန် ဖန်တီးထားခဲ့သည့် အရာလည်း ဖြစ်၏။ ထို့အပြင် သူသည် ပန်းချီကားတစ်ချပ်ကိုလည်း ရောင်းချခဲ့သေး၏။ ထိုပန်းချီကားသည် မိဖုရားခေါင်ကြီး၏ မွေးနေ့ပွဲအတွက်ဖြစ်ပြီး အားလုံးသောသူတို့၏ အာရုံကို ဆွဲယူနိုင်သည့်အရာ ဖြစ်လာခဲ့သည်။ ကဗျာနှစ်ပုဒ်နှင့် ထိုပန်းချီကားကို ပြသခဲ့ပြီးသည့်နောက် သူမသည် ဘုရင်မင်းမြတ်၏ ရွေးချယ်ခြင်းကို ခံခဲ့ရ၏။
ဟုတ်ပေ၏။ လူတချို့ကတော့ ဇဝေဇဝါ ဖြစ်လို့နေလေ၏။ မိဖုရားခေါင်ကြီး၏ မွေးနေ့ပွဲတွင် အဘယ်သို့ ဤကဲ့သို့သော ကချေသည်တစ်ယောက်က ဝင်ရောက် ဖျော်ဖြေခွင့်ရှိရသနည်း။ သို့သော်ငြား ကချေသည် ဆိုသည်မှာ လူသိများထင်ရှားသည့် လူများသာလျှင် ဖြစ်၏။ ပြည့်တန်ဆာများ မဟုတ်ချေ။
ဟယ်ဝမ်ဝမ်က ပြောလိုက်သည်။ “ရှမ့်.. ဒီကဗျာက ကျော်ကြားတဲ့ ကဗျာတစ်ပုဒ်ပဲ။ ဒီဟာကို ရင်းနှီးရဲ့လား”
ရှမ့်လန်က ကြောင်အသွား၏။ ပြီးနောက် ပြောလိုက်၏။ “အရမ်းကို ရင်းနှီးတာပေါ့။ ဒီကဗျာက မိဖုရားခေါင်ကြီးရဲ့ မွေးနေ့မှာ ရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ပဲ။ ညတွင်းချင်း ကျော်ကြားခဲ့တဲ့ အရာပဲ။ ကျုပ် ဒါကို ကျိန်းသေပေါက် ရင်းနှီးတာပေါ့”
ဟယ်ဝမ်ဝမ်က ပြောလိုက်သည်။ “အခုအချိန်မှာ ဒီကဗျာကို ကျွန်မကို ဘယ်သူရောင်းလိုက်တယ်ဆိုတာ ကျွန်မ မသိသေးဘူး။ ရှမ့်ရဲ့ ပါရမီက ပြိုင်ဘက်ကင်းတယ်လေ။ ကျွန်မ ထင်တာတော့ ရှင်ပဲနဲ့တူတယ်”
ရှမ့်လန်သည် အခန်းဆီသို့ ပြန်လှည့်သွားခဲ့၏။ ပြီးနောက် စာအုပ်တစ်အုပ်ကို အသာယူကာဖြင့် ဟယ်ဝမ်ဝမ်ဆီသို့ ကမ်းပေးလိုက်၏။ “အမျိုးသမီးဟယ် ပြောချင်တာက ကျုပ်က ပါရမီနဲ့ ထွန်းသောက်တဲ့ လူတစ်ယောက်ပေါ့။ ဒါကို ကျုပ်ဝန်ခံပါတယ်။ အခု ဒါက ကျုပ်ရဲ့ ချွေးတွေ၊ သွေးတွေ၊ မျက်ရည်တွေနဲ့ ရေးသားထားခဲ့တဲ့ အရာပဲ။ ကျေးဇူးပြုပြီး ကျုပ်ကို အကြံပေးပါအုံး”
ဟယ်ဝမ်ဝမ်သည် ထိုအရာကိုယူပြီး အသာလှန်ကြည့်လိုက်၏။ ထိုအရာသည် ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း စာအုပ်သာလျှင် ဖြစ်သည်။ “ကျေးဇူးပါပဲ သခင်လေးရှမ့်။ ကျွန်မ ကျိန်းသေပေါက် သေသေချာချာ ဖတ်ပါ့မယ်”
ပြီးနောက် အမျိုးသမီးက ထွက်ခွာသွား၏။ ရှမ့်လန်သည် သူ၏အိပ်ရာဆီသို့ ပြန်လာရန် မစောင့်နိုင်တော့ချေ။ သူ၏မိန်းမကို အသာဖက်လိုက်၏။
“ယောက်ျား.. ဒီမိန်းမက အန္တရာယ်ကြီးလား” မူလန်က မေးမြန်းလိုက်သည်။
“အရမ်း အန္တရာယ်ကြီးတာပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ မင်းလောက်တော့ အန္တရာယ် မကြီးဘူး။ ကယ်ပါအုံး... ကျားဖြူကြီး ငါ့ကို စားတော့မယ်”
ဤအချိန်မှာတော့ ပေါက်ပန်းဈေး ပြောဆိုသည့် ပါးစပ်သည် နေရာတိုင်း ကောင်းမွန်သည် မဟုတ်ချေ။ မူလန်မှာ ရှမ့်လန်ကို ဒီနေ့ည လက်လွှတ်ပေးလိုက်ရန် စဉ်းစားထား၏။ သို့ပေမည့် ထိုကဲ့သို့ ပြောလိုက်သည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်တော့ချေ။ လောကကြီး၏ ရက်စက်မှုတရားကို မြင်သာအောင်ပြမှ ဖြစ်ပေတော့မည်။
ပြီးသည့်နောက်မှာတော့ ရှမ့်လန်သည် ဝိညာဉ်လို၊ ဝံပုလွေကဲ့သို့ပင် အော်ငြီးလျက် ရှိနေတော့သည်။
..........
ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးက ဖြူဖျော့လျက် ရှိနေ၏။ ယခင်တုန်းက သူ၏မိန်းမသည် သူ့ကို အပြစ်ပေးသည့် အချိန်တိုင်း တိရစ္ဆာန်ခြောက်မျိုး ကစားနည်းကို အသုံးပြုကာ အပြစ်ပေးတတ်၏။ ယခုအချိန်မှာတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ နွေဦးပိုးကောင်များသည် သူတို့၏ပိုးချည် မကုန်မချင်း သေဆုံးခြင်း မရှိကြချေ။ ထို့အတူ ဖယောင်းတိုင်များသည်လည်း အကုန်လုံး အရည်ပျော် မသွားမချင်း ဖယောင်းရည်ကုန်ခမ်းခြင်း မရှိချေ။
“မဟုတ်သေးပါဘူး။ မိန်းမ.. ငါမှားပါတယ်။ ငါတကယ့်ကို မှားပါတယ်။ ငါကျိန်ပြောပါတယ်။ ငါနဲ့ မဟာ ပညာရှင်ကြီးကြားထဲမှာ ဘာတစ်ခုမှ မရှိပါဘူး။ ငါ နန်းမြို့တော်မှာ ဘယ်လောက် သန့်သန့်ရှင်းရှင်းနေခဲ့တယ် ဆိုတာကို မင်း မသိဘူး။ ငါ တခြားမိန်းမတွေကို ကြည့်တောင် မကြည့်ဘူး။ သူတို့ကို ထိဖို့ဆိုရင် ဝေးလာဝေးပဲ”
ထိုအချိန်မှာပင် ရင်းနှီးနေသည့် ခြေသံကို ကြားလိုက်ရ၏။ ရှမ့်လန်သည် ကြက်သီးမွေးညင်းများပင် ထသွား၏။ တစ်စုံတစ်ခု မှားယွင်းသည်ဟု တွေးတောမိပါက ထိုအရာက ကျိန်းသေပေါက် မှားယွင်းပြီ ဖြစ်၏။
ချက်ချင်းဆိုသလိုပဲ ကျားမင်းသမီး နင်ယန်၏အသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။ “ရှမ့်လန်.. မင်း ငါနဲ့ အရမ်းအိပ်ချင်နေတယ်ဆိုတာ ငါသိတယ်။ ချင်နိုင်ငံက အသက်ရှင်လျက် ပြန်လာရင် ငါမင်းနဲ့ အိပ်မယ်ဆိုပြီး ကတိပေးထားခဲ့တယ်။။ ငါ အခု မင်းနဲ့ အိပ်မယ်။ ငါ နင်ယန်က ကိုယ့်စကားကိုယ် တည်တဲ့ လူတစ်ယောက်ပဲ။
ရှမ့်လန်.. ငါ အသင့်ဖြစ်နေပြီ။ လာခဲ့တော့။ ငါက အကိုက်ခံရမှာကြောက်နေတဲ့ ခွေးလေးတစ်ကောင်လို ဟန်ဆောင်ထားလိုက်မယ်။ ဒါပေမဲ့ ငါ မင်းနဲ့ အိပ်ပြီးပြီဆိုရင်တောင် ငါတို့က ညီအစ်ကိုတွေပဲနော်”
“ချီးတဲ့မှ... ငါ့ကိုသာ သတ်လိုက်ပါတော့”
ရှမ့်လန်၏ အမြင်အာရုံတစ်ခုလုံးက မဲမှောင်သွားခဲ့၏။ သူသည် သူ့မိန်းမ၏ လက်မောင်းကြားထဲတွင် သတိလစ်မေ့မြောသွားခဲ့ပြီ ဖြစ်၏။
........