← Chapters

အခန်း (၃၁၈)

Vol. 23 Ch. 318

အခန်း (၃၁၈)

Vol. 23 Ch. 318

ရှမ့်လန်က နိုးထလာ၏။ နှစ်နာရီကြာမြင့်ခဲ့ပြီ ဖြစ်၏။

မင်းသမီးနင်ယန်သည် သူမ၏ ရင်ဘတ်ကိုပုတ်ကာဖြင့် မူလန်ကို ပြောလိုက်သည်။ “မူလန်.. ဒီ တဏှာရူးက မင်းအတွက် ကောင်းတဲ့လူတစ်ယော‌ေက် မဟုတ်ဘူးဆိုပေမဲ့ မြို့တော်ထဲမှာ ငါ့ရင်ဘတ်ကို နှစ်ချက်ထိတာက လွဲရင် သူ တခြားဘာမှ မလုပ်ပါဘူး”

“ချီးတဲ့မှ၊ ချီးတဲ့မှ”

ရှမ့်လန်သည် အံကိုကြိတ်ကာဖြင့် ခေါင်းမော့ကာ ကြည့်လိုက်၏။ “အစ်ကိုကြီး.. ခင်ဗျားက တကယ့်ကို နတ်ဘုရားလိုပဲ။ ကျုပ် တတိယအဆင့်ကို ကျော်ပြီးတော့ စတုတ္ထအဆင့်ဆီပါ တန်းရောက်သွားပြီ”

တော်ဝင်ရန်နိုင်ငံ၏ သံတမန် ယွမ်မင်ကျယ်သည် ရှမ့်လန်၏ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ “အင်း.. ညီငယ်လေး၊ မင်းက တကယ့်ကို နားလည်လွယ်တဲ့ လူတစ်ယောက်ပဲ။ ပိုက်ဆံတွေကို သုံးဖြုန်းတဲ့ အချိန်တိုင်းမှာ ပျော်ရွှင်မှုကို ခံစားရတယ်။ ဒါပေမဲ့ တစ်ရက်လောက် တစ်ကြိမ်လောက် သုံးဖြုန်းရင် လုံလောက်ပြီပေါ့။ တစ်နေ့ကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် သုံးဖြုန်းနေမယ်ဆိုရင် ဆင်းရဲမွဲတေသွားနိုင်တယ်”

မူလန်၏မျက်နှာနှင့် နားများသည် နီရဲသွားခဲ့လေ၏။ သူမ တကယ့်ကို နောင်တရမိ၏။ သူမ ယောက်ျား တကယ်ပင် ဒဏ်ရာရရှိသွားလေသည်လား။ သို့ပေမည့် ဤအရာက အပြစ်ပေးမှု မဟုတ်ချေ။

လင်မယားများအတွက် တစ်ရက်တာ ခွဲခွာခြင်းဆိုသည်မှာ သုံးရက်လောက် ခွဲခွာသကဲ့သို့ပင် ရှိ၏။ နှစ်လဆိုလျှင် ပြောနေစရာပင် မလိုတချေ။ ရှမ့်လန်သည် သေဆုံးသွားချင်သည်အထိပင် ခံစားနေမိ၏။ အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင်တော့ မူလန်မှာတော့ ဆာလောင်မှုကြောင့် ရူးသွပ်သွားမတတ်ပင်။

ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကြီး... ခင်ဗျားက ကျုပ်ကို ကြိုဆိုဖို့အတွက် ကီလိုမီတာ ၂၀၀ ကျော်တောင်မှ ဒီကိုလာခဲ့တာလား။ ကျုပ် ရင်ထဲမှာ ထိခိုက်သွားတယ်”

ယွမ်မင်ကျယ်က ပြောလိုက်သည်။ “နင်ယန်က ငါ့ကို ဒီနေရာဆီ ဆွဲလာခဲ့တာ။ သူက အလောင်းအစားအတွက် ကျိန်းသေပေါက် ဖြည်းဆည်းပေးချင်တယ်တဲ့။ ဒါပေမဲ့ နန်းမြို့တော်ထဲမှာလုပ်ရင်တအဆင်မပြေဘူးလေ”

နန်းမြို့တော်အတွင်းတွင် လုပ်လျှင် အဆင်မပြေချေ။ သို့ပေမည့် ဤနေရာတွင်ကတော့ အဆင်ပြေသည်တဲ့လား။ သူ့မိန်းမသည် ဘေးတစ်ဖက်တွင် ရှိနေ၏။ ဘာတွေကို ပြောနေကြသနည်း။

“နောက်တစ်ခု ရှိသေးတယ်” ယွမ်မင်ကျယ်၏ အမူအရာက လေးနက်သွားခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကြီး.. ကျေးဇူးပြုပြီး ပြောပါအုံး”

ယွမ်မင်ကျယ်က ပြောလိုက်၏။ “ရွှဲ့ပြည်နယ်ဘုရင်မင်းမြတ်က လက်ရှိအောင်ပွဲကနေ‌ေ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို တိုးမြှင့်ပြီး တောင်ပိုင်းစစ်ပွဲမှာ စစ်သည်တွေ စိတ်အားတက်ကြွလာအောင် လုပ်ချင်တယ်။ ဒါကြောင့် နိုင်ငံရေးအရ အောင်မြင်မှုမျိုးကို ပိုပြီးတော့ လိုချင်တာပဲ။ မင်းရဲ့ ဂုဏ်သိက္ခာက တကယ့်ကို ကြီးမား သွားခဲ့တယ်။ ပြီးတော့ ဒါက တကယ့်ကို အကျိုးမရှိတဲ့ အရာတစ်ခုလည်း ဖြစ်လာနိုင်တယ်”

လုံလောက်သည့် အခြေခံမရှိဘဲ အမြင့်ကို လှမ်းတက်မည်ဆိုလျှင် ကျိန်းသေပေါက် ပြုတ်ကျနိုင်၏။ ဤအရာက အရိုးရှင်းဆုံးသော နိယာမတစ်ခုပင် ဖြစ်ပေ၏။

စုနန်ကို ကြည့်ရှုသင့်၏။ အလွန်အမင်း အားကောင်းသည် ဆိုသော်လည်း သူ့ကို ဆူငေါက်ရန် အစိုးရအမှုထမ်းများ ကိုပင် ပိုက်ဆံပေးကာ ငှားရမ်းထားခဲ့၏။ နေ့စဉ်နေ့တိုင်းဆိုသလို ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ရခြင်း မဟုတ်ချေ။ တခြားသောသူများ၏ အဆူအငေါက်ကို ခံရရန် တစ်ဖက်လှည့်နှင့် ဖန်တီးခဲ့သည်။

“မင်းက နှစ်ပေါင်း ၁၀၀ အတွင်းမှာ ရှားရှားပါးပါး တွေ့မြင်ရခဲ့တဲ့ နိုင်ငံရေးရာ သံတမန်တစ်ယောက် ဖြစ်တယ် ဆိုပြီးတော့ တစ်စုံတစ်ယောက်က မြှောက်ပင့်ပြောဆိုခဲ့တယ်။ ချင်နိုင်ငံကိုတောင်မှ ဒီလိုလုပ်နိုင်ပြီဆိုမှတော့ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေကိုလည်း ပြဿနာတစ်ခု မဟုတ်နိုင်ဘူးတဲ့”

ယွမ်မင်ကျယ်က ပြောလိုက်၏။ “တစ်စုံတစ်ယောက်က အရှိန်အဟုန်တစ်ခုကို ဖန်တီးပြီးတော့ မင်းကို သဲကန္တာရ လူရိုင်းတွေဆီကို ပို့ချင်တာပဲ ဖြစ်လိမ့်မယ်”

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်သည်။ “သဲကန္တာရလူရိုင်းတွေလား။ အင်း.. ဒီလိုနေရာမျိုးကို သွားရင် ကျုပ်ရူးနေလို့ပဲ”

ချင်နိုင်ငံနှင့် ပတ်သက်သော နိုင်ငံရေးတာဝန်များကို အောင်မြင်အောင် ပြုလုပ်ခဲ့ပြီးသည့်နောက် ရှမ့်လန်၏ ဒုတိယခြေလှမ်းသည် စုကလန်ကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်၏။

စုကလန်ကို ဖျက်ဆီးရန် အတွက် တတိယခြေလှမ်းကို စတင်နေပြီ ဖြစ်၏။ အဘယ်သို့ သူက သဲကန္တာရ လူရိုင်းမျိုးနွယ်ဆီသို့ သွားမည်နည်း။

ထို့အပြင် သူ ချင်နိုင်ငံဆီသို့သွားရခြင်း၏ အကြောင်းရင်းမှာ ချင်နိုင်ငံ၌ ကျောက်ရောဂါ ဖြစ်ပွားနေကြောင်း သိရှိရသောကြောင့်ပင်။ ဒုတိယအားဖြင့် မဟာပညာရှင်ရွှယ်ရင်ရှိသည့် ဆိုသောကြောင့်ပင်။ သို့ပေမည့် မည်သည့် ပြင်ဆင်မှုမှ မရှိဘဲ သဲကန္တာရ လူရိုင်းမျိုးနွယ်ဆီသို့ အဘယ်သို့ သွားရမည်နည်း။ အသက်ရှင်ရသည်ကို ပျင်းရိသည်ဟု ထင်နေသည်လား။

ယွမ်မင်ကျယ်က ပြောလိုက်၏။ “မင်း.. သဲကန္တာရမျိုးနွယ်တွေဆီကို မသွားချင်ဘူးဆိုရင် ကြိုပြီးတော့ စဉ်းစားသုံးသပ်ထားရမယ့် အရာတွေရှိတယ်။ ညီငယ်လေး.. မင်းပြင်ဆင်ထားသင့်ပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

.........

မူလန်သည် အိမ်ဆီသို့ တိုက်ရိုက်ပြန်သွားခဲ့၏။ သူမသည် နန်းမြို့တော်ဆီသို့ ရှမ့်လန်နှင့် လိုက်ပါမလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မိသားစု၌ လုပ်စရာကိစ္စရပ်များက ပေါများ၏။ သူမသည် အိမ်တော်တစ်ခုလုံး၏ အဓိက ဒေါက်တိုင် ဖြစ်၏။ ထို့ကြောင့် သွားချင်ရာကို လျှောက်သွားနေ၍ မဖြစ်ချေ။

ရှမ့်လန်မှာတော့ တကယ့်ကို နှမြောတသသလို ဖြစ်နေမိသည်။ “ငါ မသွားချင်ဘူး။ မင်းနဲ့ပဲ နေချင်တာ”

“ယောက်ျား... ကျွန်မနဲ့ အိမ်ကိုလိုက်ခဲ့လေ။ စုကလန်ကို မဖျက်ဆီးနိုင်ဘူးဆိုရင်တောင်မှ ကျွန်မတို့ တစ်ရက်ထက် ပိုပြီးတော့ ခွဲနေရတာ အဆင်မပြေဘူး”

မူလန်သည် ရှမ့်လန်ကို ဖက်ကာဖြင့် ကလေးငယ်လေးတစ်ယောက်ကဲ့သို့ပင် ငိုယိုလျက် ရှိနေ၏။ သို့ပေမည့် သူမက နောက်ဆုံးတွင် ထွက်ခွာသွားရ၏။

“ယောက်ျား.. ရှောင်ပင်းက ကိုယ်ဝန်ရှိနေပြီနော်။ ဒီတော့ သူမကို ခေါ်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်မယ်။ အပြင်မှာ အန္တရာယ်များတယ်။ ပြီးတော့ တခြားမိန်းမတွေနဲ့ လျှောက်ရှုပ်မနေနဲ့။ သတိထား.. ရှင့်ရဲ့ ခန္ဓာကိုယ်က တခြားညစ်ပတ်တဲ့ အရာတွေနဲ့ ထိတွေ့လို့ရတာမျိုး မဟုတ်ဘူး”

ရှမ့်လန်သည် ချက်ချင်းပင် မျက်ရည်ဝိုင်းသွားမိ၏။ မူလန်၏ စီမံခန့်ခွဲမှုကြောင့် ငိုကြွေးခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ့မိန်းမ၏ နှလုံးသားထဲတွင် သူသည် ဤကဲ့သို့ ပွေလီရှုပ်ထွေးတတ်သည့် လူတစ်ယောက်ဟု စွဲမြဲထားသည်ကို သိရှိလိုက်သောကြောင့်ပင်။

“မိန်းမ.. မင်းရဲ့ မျှော်လင့်တကြီး ခံစားချက်တွေက ငါ့အတွက် ဘာကြောင့် ဒီလောက်ကြီး နိမ့်ပါးနေရတာလဲ”

တခြားမိန်းမတွေနဲ့ လျှောက်မရှုပ်နှင့်ဆိုလျှင် အဆင်ပြေပြီ မဟုတ်ပါလား။ အဘယ်ကြောင့် ရောဂါရမည် အကြောင်းတွေပါ လျှောက်ပြောသွားရသနည်း။

...................

မြို့တော်၏ လျှို့ဝှက်အခန်းတစ်ခုအတွင်းမှာတော့ ကျူးကျွင်းက မေးမြန်းလိုက်၏။ “အရှင်မင်းသား.. ရှမ့်လန်ကို ခေါ်ဖို့ ကြိုးစားနေတဲ့ အခြေအနေက ဘယ်လိုဖြစ်ရတာလဲ”

ဟုတ်ပေ၏။ ကျောင်းယန် သည် ရှမ့်လန်ကို ခေါ်ယူရန်အတွက် သွားခဲ့၏။ သူမသည် ကတိတစ်ခုကို ပေးအပ်ရုံသာမက တောင်းဆိုမှုတစ်ခုကိုပါ ပြုလုပ်ခဲ့သေး၏။ သူမက ရှမ့်လန်ဆီမှ မှန်ထုတ်လုပ်ခြင်း နည်းစနစ်များကို ရယူချင်စိတ် ရှိခဲ့၏။

အိမ်ရှေ့စံမင်းသားက ဘာတစ်ခုမှ မဆိုချေ။ သူ၏လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းရုပ်ထုတစ်ခုနှင့် ဆော့ကစားလျက် ရှိနေ၏။ ဤကျောက်စိမ်းရုပ်ထုက မူလန်ပင် ဖြစ်၏။ မည်သူလုပ်ထားမှန်း သူ မသိချေ။ သို့ပေမည့် ထိုအရာက အသက်ဝင်လွန်း၏။ အိမ်ရှေ့စံမင်းသား အဆင့်အနေနှင့် မည်သူလုပ်သည်ကို စိတ်ဝင်စားစရာ မလိုပေ။

သူ၏အစ်မ နင်ဟန်သည် ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် နံပါတ်တစ် အလှနတ်မိမယ်အဖြစ် ထင်ရှား၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ရောင်စဉ်ရောင်ဝါများနှင့် တောက်ပလျက် ရှိနေ၏။ တော်ဝင်မိသားစု၏ နံပါတ်တစ် သိုင်းပါရမီရှင်တစ်ယောက် ဖြစ်သလို ကောင်းကင်ပင်လယ်နန်းဆောင်၏ တပည့် တစ်ယောက်လည်း ဖြစ်သောကြောင့်ပင်။

သူမ၏ တခြားသောအရာမှာတော့ တစ်လောကလုံးကို ပိုမိုကျော်ကြားစေခဲ့၏။ တော်ဝင်ချန်နိုင်ငံ အိမ်ရှေ့စံမင်းသားနှင့် စေ့စပ်ထားသူ၊ အင်ပါယာကျန်းလီ ဆိုသော သူမ၏ ယောက္ခထီးလောင်းသည် နင်ဟန်၏ဂုဏ်သိက္ခာကို ပိုမိုကာ တိုးတက်စေခဲ့၏။ ရွှဲ့ပြည်နယ်၏ မင်းသမီးတစ်ပါးအနေနှင့် လူတို့၏ အာရုံစူးစိုက်မှုကို သူမက မလိုချင်ချေ။ သို့ပေမည့် တော်ဝင်ချန်နိုင်ငံ အိမ်ရှေ့စံမင်းသား၏ စေ့စပ်ထားသူ ဆိုသည့်အရာသည် တစ်လောကလုံးဆီမှ အာရုံစူးစိုက်မှုကို ရစေခဲ့၏။

လက်ထဲတွင် ရှိနေသည့် မူလန့်ပုံတုံ ကျောက်စိမ်းရုပ်ကို အသာချပြီးနောက် မူလန်မှာ အလွန်တရာ လှပသည့် မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း အိမ်ရှေ့စံမင်းသားက ခံစားမိနေတုန်းပင်။ သူမသည် သွက်လက်ဖျတ်လတ်ပြီး ချစ်ဖို့လည်း ကောင်း၏။ ထို့အပြင် သူမက ဟန်မဆောင်တတ်ချေ။ နင်ယီမရနိုင်သည့် အမျိုးသမီးဟူ၍ မရှိချေ။ သို့ပေမည့် မူလန်ကိုတော့ မရချေ။ သူ မရလေ ထိုအရာကို ပိုမိုကာ လိုချင်ပင်။ ကျူးကျွင်း၏ မေးခွန်းကို ကြားသော်လည်း အိမ်ရှေ့စံမင်းသားက မဖြေခဲ့ချေ။

ကျောင်းယန်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားက ရှမ့်လန်ကို ခေါ်ယူချင်တာ မဟုတ်ဘူး။ ကျင်းမိသားစုက တိုးတက်လာခဲ့ပြီ။ သူတို့က ဘယ်လောက်မြင့်မားတဲ့ ထိပ်တန်းအရာရှိတွေ ဖြစ်လာမလဲ မသိဘူး။ အဓိကသော့ချက်အားဖြင့် ကျင်းကလန်က ခပ်ဝေးဝေးမှာ ရှိနေတယ်။ ဒါပေမဲ့ ရှေ့မှာ ရှိနေတဲ့ စုနန်ကတော့ နန်းတွင်းထဲမှာ တကယ့်ကို အခြေအမြစ် ရှိပြီးတော့ ဩဇာအာဏာ ကြီးမားတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ ထောက်ပံ့မှုကို ရပြီဆိုရင် တစ်ခါတည်း တတိယမင်းသားကို ဖိနှိပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီမြေခွေးအိုကြီးက ဘယ်ဘက်ကို ပြောင်းရွှေ့မယ်ဆိုတာ မသိနိုင်ဘူး။ ဒါကြောင့် အိမ်ရှေ့စံမင်းသားက သူ့ကို ပြဿနာရှာသလို ခံစားနေရတယ်”

ပြည်နယ်အုပ်ချုပ်ရေးမှူး ကျူးကျွင်းက နားလည်သွားခဲ့၏။ ရှမ့်လန်သည် စုကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု ကြွေးကြော်ထားခဲ့ပြီး ဖြစ်၏။ သို့ပေမည့် ဩဇာအာဏာဟူ၍ မရှိချေ။ သို့ပေမည့် အဆင့်ခုနစ် အရာရှိ တစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်ကိုအမှီပြုပြီး အဘယ်သို့ ဩဇာအာဏာကြီးမားလွန်းသည့် စုနန်ကို ပြောင်းပြန်လှန်ပစ်နိုင်မည်နည်း။ ဤအရာက အိပ်မက်မက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် အိမ်ရှေ့စံ မင်းသားဘက်သို့ ရောက်ရှိပြီး ဩဇာ၏ မျှခြေကို ရရှိနိုင်ပြီဆိုလျှင်တော့ ဤအရာက ပြုလုပ်ရန် ခက်ခဲသည့်အရာ မဟုတ်တော့ချေ။ အိမ်ရှေ့စံမင်းသားသည် မြွေကို ခြောက်လန့်ရန် မြက်ကို ရိုက်နှက်ခြင်းပင် ဖြစ်၏။

ရှမ့်လန်ကို သူ့ဘက်သို့ခေါ်နိုင်ပါက အဘိုးကြီးစုနန်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားပေမည်။ အလောတကြီးနှင့် သူ့ဘက်သို့ ပြေးကပ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။

ကျောင်းယန်က ပြောလိုက်၏။ “အင်း... အိမ်ရှေ့စံက ချင်နိုင်ငံကို သွားခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ အောင်မြင်မှု အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒါကြောင့် အိမ်ရှေ့စံမင်းသားက သူ့ကို သဘောကျပြီးတော့ ခေါ်ယူချင်တယ်လို့ ပြောဆိုလိုက်ရုံပါပဲ။ စောင့်ကြည့်ပါအုံး။ ချင်နိုင်ငံဆီကို သွားခဲ့တဲ့ ရှမ့်လန်ရဲ့ အောင်မြင်မှုက တကယ့်ကို သူရဲကောင်းကြီးတစ်ယောက်လိုပဲ။ ဒါပေမဲ့ ဒီကိစ္စက သူ့ကို အန္တရာယ်ဖြစ်စေနိုင်ခဲ့တယ်။ ချောက်နက်ရဲ့အစပ်မှာ ရပ်နေတဲ့ လူတစ်ယောက်နှင့် ဆင်တူသွားလိမ့်မယ်။ လူပေါင်းများစွာတို့က အချိန်မရွေး တွန်းချလိမ့်မယ်။

ဆိုးတာက သူက အထီးကျန်နေတဲ့ ကြယ်တစ်ပွင့်ပဲ ဖြစ်တယ်။ အရှင်မင်းသားက သူ့ကို မလိုချင်ရုံသာမကဘူး။ တတိယမင်းသားကလည်း သူ့ကို ရွှယ်ကလန်ကြောင့် မလိုချင်ဘူး။ ဒါကြောင့် သူက ဘာနောက်ခံမှ မရှိတဲ့ အထီးကျန် ဝိညာဉ်တစ္ဆေလိုပဲ ဖြစ်နေတော့မယ်။ နန်းမြို့တော်မှာ တစ်ယောက်တည်း ကြာကြာနေနိုင်မှာ မဟုတ်ဘူး”

ကျူးကျွင်းသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ရှမ့်လန်၏ ကံကြမ္မာနှင့် ပတ်သက်၍ သူ ဂရုမစိုက်ချေ။ သို့ပေမည့် သူသည် တခြားသော တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ ဂရုစိုက်လနေ၏။ ကျန်းချုံးပင်။ ကျန်းချုံးသည် အကျဉ်းထောင်ထဲတွင် ဘာအကြောင်းအရာမှ မရှိဘဲ ထောင်ချခံထားရသည်မှာ နှစ်ဝက်နီးပါးခန့် ရှိပြီဖြစ်၏။ ဘုရင်မင်းမြတ်သည် ကျန်းချုံးအား စစ်ဆေးမေးမြန်းခြင်း မရှိသလို လွှတ်ပေးခြင်းလည်း မရှိချေ။

ကျူးကျွင်းက ပြောလိုက်၏။ “အရှင်မင်းကြီးရဲ့ ကျန်းချုံးနဲ့ ပတ်သက်တဲ့ ဒေါသကတော့ လက်ရှိအချိန်မှာ ပြေလျော့နေလောက်ပါပြီ။ အိမ်ရှေ့စံမင်းသားအနေနဲ့ စကားနည်းနည်းလောက် ပြောပြီး ကျန်းချုံးကို အပြင်ဘက်ကို ထွက်နိုင်အောင် ကူညီပေးသင့်ပါတယ်”

ကျောင်းယန်က ပြောလိုက်သည်။ “အချိန်မကျသေးဘူး”

ကျူးကျွင်းက မျက်မှောင်ကြုတ်လိုက်၏။ “ဘာကြောင့်လဲ”

ကျောင်းယန်က ပြောလိုက်သည်။ “ရှမ့်လန်က ချင်နိုင်ငံကိုသွားခဲ့တဲ့ နိုင်ငံရေးရာ တာဝန်ကို ကြီးကြီးမားမား အောင်မြင်နိုင်ခဲ့တယ်။ အရှင်မင်းကြီးက တာဝန်ပြည့်စုံတာနဲ့ ရွှမ်ဝူကို နယ်စားဘွဲ့ရာထူး ပေးအပ်မယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ကျင်းမိသားစုက နုရှောင့်မြို့တစ်ခုလုံးကို ရရှိလိမ့်မယ်။ ဒါပေမဲ့ ဒီလိုပေးရမယ်ဆိုရင် စိတ်ချမ်းသာမှာ မဟုတ်တာ သေချာတယ်။ အဲလိုအချိန် ကျန်းချုံးအတွက် သွားပြီးပြောမယ်ဆိုရင် ဘုရင်မင်းမြတ်က ဘယ်လိုလုပ် စိတ်သဘောတွေ့မှာလဲ”

……………

ရှမ့်လန်သည် ကြီးမားသည့် အောင်မြင်မှုကို ယူဆောင်၍ နန်းမြို့တော်ကို ရောက်ရှိလာခဲ့၏။ သူသည် သူရဲကောင်းတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခံနေရ၏။ စတုတ္ထမင်းသား နင်ကျန့်သည် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ကြိုဆို၏။ နန်းမြို့တော်မှ မြို့သူမြို့သားများသည် စီတန်းကာဖြင့် သူ့ကို နှုတ်ဆက်ကြိုဆို၏။

ရှမ့်လန်၏ ဂုဏ်သိက္ခာအရ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော လမ်းတွင် လှမ်းလျှောက်ရန်အတွက်ပင် အခွင့်အရေးဟူ၍ ရှိသည်မဟုတ်ချေ။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ တကယ့်ကို ကြီးမားမြင့်မြတ် လွန်းသည့် မြင်းကြီးကို စီးနင်းကာဖြင့် ထိုလမ်းကြီး၏ အလယ်၌ သွားလျက်ရှိသည်။ အဆင့်မြင့် အရာရှိကြီးများမှသာလျှင် ပြုလုပ်နိုင်သည့် အရာမျိုးဖြစ်သည်။

နန်းမြို့တော်၏ စာမေးပွဲကို ဖြေဆိုပြီးအောင်မြင်ပြီးသည့် ပါရမီရှင်သုံးယောက်တို့သည် ထိုလမ်းပေါ်တွင် မြင်းစီးနင်းခွင့်ရှိကြ၏။ ရှမ့်လန်မှာတော့ မည်သည့်နန်းတွင်းစာမေးပွဲကိုမှ ဖြေဆိုခဲ့ခြင်း မရှိသော်လည်း အစစ်အမှန် ကျောင်းတော်သားတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခြင်း ခံရ၏။ ဤအရာက တကယ်ပင် ဖြစ်လေ၏။

လေထုထဲတွင် ဗုံသံ၊ စည်သံများ ပြည့်နှက်လျက် ရှိနေပြီး မီးပန်းများကလည်း တဖွားဖွား ဖောက်လျက် ရှိနေသလို ဗျောက်အိုးများကိုလည်း ဖောက်ကြ၏။

“ရွှဲ့ပြည်နယ်အတွက် ဂုဏ်ပြုခံ။ ဘုရင်မင်းမြတ်အတွက် ဂုဏ်ပြုခံ”

လူပေါင်းများစွာတို့သည် သံပြိုင်ဆိုသလိုပဲ ချီးကျူးနေကြ၏။ မသိလျှင် ချင်နိုင်ငံ ဖျက်ဆီးခံလိုက်ရသကဲ့သို့ပင်။

ရေတွက်၍မရအောင်များပြားသည့် သာမန်လူအားလုံးတို့သည် ရှမ့်လန်ကို လှမ်းကာကြည့်ရှုရင်း မယုံကြည်နိုင်သလို ဖြစ်လို့နေကြ၏။ စစ်သည်အရေအတွက် များများစားစားကို ခေါ်ဆောင်မသွားဘဲ ရန်သူကို တိုက်ခိုက် အနိုင်ယူခဲ့ခြင်းပင်။

ရှမ့်လန်မှာတော့ အားလုံးသော သူတို့၏ အာရုံစိုက်မှုအလယ်သို့ ရောက်ရှိနေသည့် ခံစားချက်ကို ကြည့်ရှုရင်း ပျော်ရွှင်နေနေ၏။ သို့ပေမည့် သူသည် အလွန်တရာ မြှောက်ပင့်ပြောဆိုခံနေရသလိုပင် ခံစားနေမိ၏။ ဘုရင်မင်းမြတ်၏ စင်မြင့်ပေါ်သို့ ရောက်သည့်အချိန်တွင် သူကျိန်းသေပေါက် အကောင်းဆုံး ပြဇာတ်ကို သရုပ်ဖော်ရပေတော့မည်။ သူသည် ကြီးမားလွန်းသည့် အောင်မြင်မှုကို ယူဆောင်ကာ တော်ဝင်နန်းတော်ဆီသို့ ပြန်လာခဲ့သည့်ပုံပင်။

...........

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ် ချင်နိုင်ငံကိုသွားတဲ့ တာဝန်ပြည့်စုံသွားခဲ့ပြီ။ ပြီးတော့ လုပ်စရာရှိတာတွေ အကုန်လုံးကိုလည်း လုပ်ခဲ့ပြီးပြီ။ ဒီမှာ ချင်ဘုရင်၏ တောင်းပန်ဝန်ခံလွှာနှင့် ချင်နိုင်ငံတွင်း တည်ဆောက်ထားတဲ့ ဘုံကျောင်းကြီးကို ဆွဲထားတဲ့ ပန်းချီကားတွေပါပဲ”

ပြီးသည့်နောက် စတုတ္ထမင်းသား နင်ကျန့်၊ အရာရှိများ၊ မိန်းမစိုးများ၏ မျက်စိရှေ့မှာပဲ ရှမ့်လန်သည် သေတ္တာကို ဖွင့်လိုက်၏။ ချင်နိုင်ငံဘုရင်မင်းမြတ်၏ တောင်းပန်ဝန်ခံလွှာကို ထုတ်ယူလိုက်၏။ ထိုအရာကို ခဏလောက် ပြသပြီးနောက် ပြန်လည်ကာ သိမ်းဆည်းလိုက်၏။

ဤတောင်းပန်ဝန်ခံလွှာသည် လေးနက်သည် မဟုတ်ချေ။ သို့ပေမည့် ဘုံကျောင်းကြီး ပန်းချီကားမှာတော့ တကယ့်ကို ဟိတ်ဟန်ကြီးမားလွန်း၏။ တစ်ခုချင်းစီတိုင်းကသေချာ ဖန်တီးပြုလုပ်ထားသည့် အရာမျိုးပင် ဖြစ်၏။ စတုရန်းမီတာ တော်တော်များများ ကျယ်၏။ ကြည့်ရှုရသည်မှာ တကယ် ကောင်းမွန်လှသည့် တည်နေရာဆီမှ စောင့်ကာ အကောင်းဆုံးအမြင်ဖြင့် ပန်းချီဆွဲထားခဲ့ခြင်း ဖြစ်ပေမည်။

ရှမ့်လန်က အော်ဟစ်လိုက်၏။ “အချိန်က အရမ်း ကျပ်နေပြီ။ ဒါကြောင့် လူပေါင်း တစ်ရာကျော်တို့ကပဲ သက်သေအဖြစ် ဒီပန်းချီကားမှာ လက်ဗွေနှိပ်ပေးနိုင်ခဲ့တယ်။ ဒါ အစစ်အမှန်ဖြစ်ကြောင်း အရှင်မင်းမြတ်ကို သက်သေပြတဲ့ သဘောပါပဲ”

တော်ဝင်နန်းတော်၏ လှေကားထစ်တွင် မတ်တပ်ရပ်လျက် ရှိနေသည့် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် အနည်းငယ်ပင် ရှက်ရွံ့သွားခဲ့မိသည်။

သူ့ကို ကြည့်ရှုရမည်ဆိုလျှင် အလွန်အမင်း ဂုဏ်ယူနေသည့်ဟန်ပန် အမူအရာမျိုးပင် ရှိနေ၏။ စိတ်ထဲတွင်တော့ တကယ်လည်း ရှက်ရွံ့မှုကို ခံစားနေမိ၏။ သေးငယ်သည့် အောင်မြင်မှုလေးတစ်ခုသည် လက်ရှိအချိန်တွင် နိုင်ငံအဆင့် အောင်မြင်မှုမျိုးတစ်ခုသို့ ပြောင်းလဲသွားခဲ့၏။ သူ့တွင် ရွေးချယ်စရာ မရှိချေ။ ဤခွေးကောင်လေးကလည်း ကံကောင်းလွန်းနေ၏။

သို့ပေမည့် ရှမ့်လန်သည် သရုပ်ဆောင်ရာတွင် ပါရမီရှင်တစ်ယောက်ပင်။

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “အင်း.. မင်းတကယ့်ကို အလုပ်ကြိုးစားခဲ့ရတာပဲ။ နိုင်ငံအတွက် ကောင်းချီးတစ်ခုကို ဖန်တီးပေးခဲ့တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒီအောင်ပွဲက ရွှဲ့ပြည်နယ်နှင့် အရှင်မင်းမြတ်တို့ရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုပါတယ်။ ကျုပ်က ဘာတစ်ခုမှ ထူးထူးခြားခြား လုပ်ခဲ့တာ မဟုတ်ပါဘူး”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ဒါက မင်းရဲ့ အလုပ်ကြိုးစားမှုကြောင့်ပါပဲ။ ဘယ်သူမှ ဒါကို ယူသွားလို့ မရဘူး။ သွား.. အေးအေးဆေးဆေး ပြန်ပြီးနားတော့။ မင်းအတွက် ငါ အရေးကြီးတဲ့ တည်နေရာတစ်ခုကို ဖန်တီးပေးထားမယ်”

ရှမ့်လန်သည် ရုတ်တရက် ထရပ်ရန် ငြင်းဆိုလိုက်၏။ ‘အရှင်မင်းကြီး.. ကျုပ်ကြားချင်တာကို မကြားရသေးပါဘူး’

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလိုမျိုး ပြောဆိုတဲ့အတွက် ကျေးဇူးပါပဲ အရှင်မင်းကြီး။ မိသားစုကို ကျုပ်လွမ်းနေပါပြီ။ အထူးသဖြင့် ကျုပ်ရဲ့ ယောက္ခထီးနဲ့ ယောက္ခမပါပဲ”

ဘာကိုဆိုလိုသနည်း။ သူ၏မိန်းမ၊ မိဘနှင့် ကလေးများကို လွမ်းနေသည်ဟု ပြောဆိုသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ယောက္ခထီးနှင့် ယောက္ခမကို ပြောဆိုရသနည်း။ ရွှမ်ဝူနယ်စားကြီးဟူသည့် ဘွဲ့တံဆိပ်ကို ပေးမည်ဟု ကတိပေးထားခဲ့ပြီး ဖြစ်၏။ စကားကို ပြန်လည်ရုပ်သိမ်း၍ မရတော့ကြောင်း သတိပေးခဲ့ခြင်းသာ ဖြစ်၏။

All Chapters