← Chapters

ဆရာနှင့်တပည့် (၂) ။

Vol. 50 Ch. 600

ဆရာနှင့်တပည့် (၂) ။

Vol. 50 Ch. 600

“ ဘာဖြစ်တာလဲ ဆရာ ... ။ ”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က တစ်ခုခုလွဲနေပြီဟု ခံစားမိ၏။ နှစ်ယောက်သား အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အဘိုးအိုက၊

“ ဝမ်တျန် ... မဟာတာအိုငါးပါး ဧကရာဇ်အမိန့်တော်ကို ... မှတ်မိသေးသလား မဟာတာအို ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ အမြင့်မြတ်ဆုံးသောအမိန့်။ ”

-ဟု ပြန်မေး၏။ ဝမ်တျန်မှ ခေါင်းညိတ်လိုက်သည်။

“ မှတ်မိပါတယ်... အဲဒါတွေက ကောင်းမွန်တဲ့ကံကြမ္မာကို ထိန်းသိမ်းထားဖို့ ပတ်ဝန်းကျင်က တန်ခိုးအာဏာကို စုပ်ယူနိုင်တဲ့ မြင့်မြတ်သော တောင်ငါးလုံး ကာကွယ်ခြင်း အမိန့်၊ ကြယ်တာရာ တွင်းနက်တံတား၊ ...

... ရွှေကျောက်စိမ်း အမိန့်၊ ရှုထောင့်ရှစ်ပါးအမိန့်နဲ့ စစ်မှန်သော ပေါင်းစည်းခြင်း အမိန့်ပဲ။ ”

ပြန်ဖြေနေစဉ် ဝမ်တျန်သည် အနည်းငယ် စိတ်ရှုပ်လာပုံရသည်။

“ ဆရာ ... ဘာလို့ ရုတ်တရက် မေးတာလဲ။ ”

အဘိုးအို အမူအရာသည် မယုံကြည်နိုင်လောက်အောင် လေးနက်နေပြီး၊

“ အဲဒီတံခါးဝမှာရှိတဲ့ အမိန့်စာက မြင့်မြတ်သောတောင်ငါးလုံး အိမ်စောင့်အမိန့်ပဲ။ ”

-ဟု ပြန်ဖြေလိုက်၏။

ဝမ်တျန်မှ အေးခဲသွားပြီး ထိုနေရာကို ပြန်ကြည့်သည်။ ဤသည်မှာ ပြင်ပလူများထံ သင်ကြားပေးခြင်း မပြုသော အရိုင်းမြေကိုးပါး အထွတ်အထိပ် တာအိုအမိန့်ပေပင်။

မဟာတာအိုဂိုဏ်းကြီး၏ ရှေးဟောင်း အဖိုးကြီးများသည်သာ ၎င်းကို ကျွမ်းကျင်ပိုင်နိုင် ချေ၏။ ယခုမူ ထိုအမိန့်သည် မိုးပြာတိုက်ကြီး၌ ပေါ်လာသဖြင့် အံ့သြသွားသည်။ ယုံရခက်ချေ၏။

“ ဆရာ … ဒါ တကယ်ပဲလား။ ”

“ ငါ မျက်မမြင်မဟုတ်ဘူး ... ဘယ်လိုလုပ် မှားနိုင်မှာလဲ။ ”

“ ဆရာ ... ဒါဆို အရိုင်းမြေကိုးပါးရဲ့ အဖိုးကြီးတစ်ယောက်ယောက်များ ​​ဒီကမ္ဘာကို ဆင်းသက်လာပြီး ရွာကို ကာကွယ် ပေးခဲ့တာလား။ ”

အဖြူဝတ် လူငယ် စကားကြောင့် အဘိုးအိုအမူအရာ ပြောင်းသွားတော့သည်။

“ ဒါက ဖြစ်နိုင်တယ်၊ ဒါပေမယ့် … ကြည့်ရတာ အရိုင်းမြေကိုးပါးက တာအိုဂိုဏ်းရဲ့ ဘိုးဘေးတွေတော့ မဟုတ်ဘူး။ ”

ဝမ်တျန်သည် သိချင်စိတ်ကို ထိန်းမရသော်လည်း သူ့ဆရာမှ ဆွေးနွေးရန် ဆန္ဒမရှိကြောင်း မြင်လိုက်ရသောအခါတွင် စွန့်လွှတ်လိုက်ရ၏။

ထိုအချိန်တွင် အဖိုးအိုသည် ရုတ်တရက် အသက်ပြင်းပြင်းရှူကာ အနီရောင်စာရွယ်ကို မျက်နှာမူလျက် ခေါင်းငုံ့လိုက်သည်။

“ ငါနဲ့ ငါ့တပည့်က ... ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး ... စီနီယာ ငါ့ရဲ့သဘောထားကို မင်းသဘောပေါက်ရင် ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့။ ”

ထို့နောက် စကားတစ်ခွန်းမှ မဆိုတော့ဘဲ အဖြူရောင်ဝတ်လူငယ်ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ချက်ချင်း ပြေးထွက်လာခဲ့သည်။

ရွာမှ ထွက်ခွာပြီးနောက် အဘိုးဖို၏ ပခုံးပေါ်မှ ကြီးမားသော အလေးချိန်တစ်ခု ပြုတ်ကျသွားတော့၏။ ထို့နောက် ပါးလျသော လေထုကို ရှုရှိုက်လျက်၊

“ ဒီကောင်းချီးတွေက ချောင်ဖျင်နဲ့ ချောင်အာတို့အတွက် တခြားလူ တစ်ယောက် ယောက်ကသာ သိမ်းယူဖို့ ကြိုးစားရင် ... ဒီလို ကောင်းမွန်တဲ့ ကံကြမ္မာက ဘေးဥပဒ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ”

-ဟု ရှင်းပြလိုက်၏။

ဝမ်တျန်တဟ်ယောက် အစောပိုင်း၌ စိတ်ရှုပ်ထွေးနေသော်လည်း သူ့ဆရာသခင်၏ စကားကိုကြားသောအခါတွင် အေးစက်သည့် ချွေးများ စီးထွက်လာသည်။

သူ့ဆရာသခင်၏ တည်ရှိမှုသည် မည်မျှမြင့်မြတ်သနည်း။ စာရွက်တစ်ရွက်ကို မြင်ချိန်၌ ကြောက်ရွံ့ကာ ထွက်ပြေးခဲ့ရ၏။ အမှန်ပင် ယုံနိုင်စရာမရှိချေ။

ထိုအချိန်မှသာ ဤရွာ၏ ငြိမ်သက်မှုကို မည်သူမျှ မနှောင့်ယှက်ဝံ့ရသည့် အ​ကြောင်းရင်း အပေါ် သိရှိလာ၏။

မြင့်မြတ်သော တောင်ငါးလုံး အိမ်စောင့်အမိန့်သည် အမှန်ပင် ထိုမောင်နှမကို ကာကွယ်ပေးချေပြီ။

ကျင့်ကြံသူများ၊ နတ်ဆိုးများ၊ သရဲတစ္ဆေများနှင့် သားရဲ စသည့် မည်သူမဆို ဒုက္ခမပေးရဲဝံ့ချေ။

“ ဒီလို ကျွမ်းကျင်သူတစ်ဦးရဲ့ လက်ဆောင်ကို ရရှိတာ သူတို့အတွက်တကယ် ကံကောင်းတာပဲ ...

... သူတို့တွေဟာ သေမျိုးတွေ ဖြစ်တာတောင်မှ စိုးရိမ်ပူပန်မှုမရှိဘဲ ဘေးဥပဒ် ကင်းကင်းနဲ့ နေထိုင်သွားနိုင်လိမ့်မယ် ... ။ ”

အဘိုးအိုက သက်ပြင်းချကာ ညည်းတွားလိုက်သည်။

“ ဆရာ... မင်း တစ်ခုခုကို ခန့်မှန်းပြီးပြီ မဟုတ်လား။”

အဘိုးအိုက ခေါင်းခါကာ၊

“ ဖြစ်ကောင်းဖြစ်နိုင်တယ် ... ဒါပေမယ့် ငါပြောလို့ မရဘူး ... မင်းနဲ့ငါက ဒီတိုက်ကြီးမှာ ခရီးသွားပဲ ... မေ့လိုက်ပါ ...

... ကောင်းကင်ဘုံအပေါင်ဆိုင်ကို ငါတို့ရှာရမယ် မင်းရဲ့တာအိုကိုပေါင်းစည်းပြီး ဧကရာဇ်ဖြစ်ဖို့လိုအပ်တဲ့ အခွင့်အရေးအပေါ် လဲလှယ်ယူရမယ်။ ”

သူ စကားပြောနေစဉ်တွင် နှင်းကျောက်စိမ်းနှင့်တူသော လိပ်ခွံတစ်ခုကို ထုတ်ယူလိုက်၏။

ထိုလိပ်ခွံတွင် သဘာဝတာအို အမှတ်အသားများဖြင့် ဖုံးအုပ်ထားပြီး အလွန် ထူးဆန်းသည်။ အဘိုးအိုက သူ့နှလုံးသားကို ငြိမ်သက်စေပြီး လိပ်ခွံထံ ခံစားကြည့်ကာ၊

“ ငါတို့ နောက်ကျသွားပြီ၊ လွန်ခဲ့တဲ့ နှစ်လလောက်က ဒီတိုက်ကြီးမှာ အပေါင်ဆိုင် ပေါ်လာခဲ့တယ်။ ”

-ဟု ညည်းတွားလိုက်၏။

“ ဆရာ ... ငါ နားမလည်နိုင်တဲ့ အရာတစ်ခုရှိတယ် ... ငါဧကရာဇ်ဖြစ်ဖို့အတွက် ဘာကြောင့် ကောင်းကင်ဘုံအပေါင်ဆိုင်မှာ အလဲအလှယ်လုပ်ဖို့ လိုအပ်နေရတာလဲ။ ”

ဝမ်တျန်မှ မေးမြန်းလိုက်သည်။ အဘိုးအိုက သူ့ပခုံးကို ပုတ်ပြီး၊

“ မင်းက တခြားလူတွေနဲ့ မတူဘူး ... တာအိုဉာဏ်အလင်းရတဲ့နေ့ဟာ မင်းအတွက် သေမဲ့နေ့ပဲ။ ”

-ဟု ဖြေကြားလိုက်၏။

ဝမ်တျန်မှ ချက်ချင်းငြိမ်သက်သွားသည်။ သူ့ဆရာသခင်နှင့်အတူ ကမ္ဘာပေါင်းများစွာကို နှစ်ပေါင်းများစွာ ခရီးနှင်ခဲ့၏။

မကြာသေးမီက ၎င်းတို့နှစ်ဦးသည် ကောင်းကင်ဘုံအပေါင်ဆိုင်အကြောင်း သိရှိကာ ဤတိုက်ကြီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် အရမ်းနောက်ကျသွား၏။

“ ငါတို့ နည်းနည်းနောက်ကျတာ အရေးမကြီးပါဘူး အပေါင်ဆိုင်ကို ခြေရာခံနိုင် သရွေ့တော့ အနှေးနဲ့အမြန် တွေ့ရမှာပါ။ ”

သို့တိုင် အဘိုးအိုမှ စိတ်မပျက်ချေ။ ညာဖက်လက်ညှိုးထိပ်မှ သွေးတစ်စက်ချကာ လိပ်ခွံအပေါ် စွန်းထင်းစေခဲ့၏။

“ ဝမ် ... ။ ”

သွေးစက်သည် ချက်ချင်း ပျံ့နှံ့သွားပြီး လိပ်အခွံမှာ တုန်ခါသွားတော့သည်။ အဘိုးအို အသွင်သည် အနည်းငယ်နီရဲလျက် သူ့နဖူး၌ ချွေးသီးများ ထွက်လာ၏။

ခဏအကြာတွင် နှင်းဖြူလိပ်ခွံသည် ငြိမ်သက်သွားကာ မျက်နှာပြင်ပေါ်ရှိ တာအိုရူရ် ပုံစံမှာ ပြောင်းလဲကုန်သည်။

အဆုံးတွင် ၎င်းသည် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံကြမ်းတစ်ခုအဖြစ် ဖြစ်ပေါ်လာချေပြီ။

ထိုလျှို့ဝှက်ဆန်းကြယ်သော တာအိုရူရ်များကို ဖတ်ရှုပြီးနောက်အဘိုးကြီးမှ အံ့ဩသွား၏။

“ ထူးဆန်းတယ် ... ကောင်းကင်ဘုံ အပေါင်ဆိုင်က မရဏကမ္ဘာကို သွားနေတယ်။ ”

ထိုအဖြေကြောင့် ဝမ်တျန်၏ မျက်လုံးများတွင် ထူးဆန်းသောအကြည့်များနှင့် မျက်နှာရှုံ့မဲ့သွားသည်။

“ ဆရာ ... ငါတို့ ရှာနေတာ ဆယ်နှစ်ကျော်နေပြီ ... ငါတို့ရဲ့အချိန်တွေကို လုံးလုံးလျားလျား ဖြုန်းတီးနေတယ်လို့ မထင်ဘူးလား။ ”

အဘယ့်ကြောင့်ဆိုသော် ဆရာနှင့်သူသည် မရဏကမ္ဘာမှ ထွက်ခွာလာသည်မှာ (၁၀)ကြာ ချေပြီ။ အဆုံးတွင် အပေါင်ဆိုင်သည် မရဏ ကမ္ဘာသို့ ရောက်ရှိသွားချေပြီ။

“ ရှေးခေတ်တစ်လျှောက်လုံး ... ကောင်းကင်ဘုံအပေါင်ဆိုင် ပေါ်လာတိုင်း ... ကြိုတင်မှန်းဆလို့မရတဲ့ ... တုန်လှုပ်ဖွယ် အပြောင်းအလဲတွေ ပေါ်လာပါလိမ့်မယ် ...

... မိုးပြာတိုင်ကြီးကိုကြည့်ပါ ... ကောင်းကင်ဘုံအပေါင်ဆိုင် ပေါ်လာတယ် မကြုံစဖူး ရွှေခေတ် ရောက်လာတယ် ...

... အခု အပေါင်ဆိုင်က ငရဲကမ္ဘာကို သွားနေတယ် ... အလားတူပဲ မရဏကမ္ဘာမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ် လာတော့မယ်။ ”

ထိုသို့ပြောသောအခါ အဘိုးအိုအမူအရာ လေးနက်လာပြီး ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။

“ ဝမ်တျန် ... ငါတို့သွားရအောင်။ ”

“ ဆရာ ... မိုးပြာတိုက်ကြီးကနေ မရဏကမ္ဘာကို သွားမယ့်လမ်းမရှိဘူး အခြား ကမ္ဘာတွေကနေ လှည့်ပတ်သွားရမယ်။ ”

“ မလိုပါဘူး ... မဟာရှသွားပြီး မန်ပိုနန်းတော်ဆီ အကူအညီတောင်းရအောင်။ ”

“ မန်ပိုနန်းတော် ... ဆရာ မန်ပိုနန်းတော်ရဲ့အဖွဲ့ဝင်တွေ မဟာရှမှာ ရှိနေတယ်ဆိုတာ ဘယ်လိုသိတာလဲ။ ”

“ ဟားဟားဟား တိုက်ဆိုင်မှုပါ မကြာသေးမီက ကောင်းကင်ဘုံ အပေါင်ဆိုင် ခြေရာကို ရှာဖွေရင်းနဲ့ မန်ပိုနန်းတော်ရဲ့ တပည့် အချို့ကို အမှတ်မထင် မြင်လိုက်ရတယ် ...

... သူတို့က မိုးပြာတိုက်ကြီးရဲ့ အခြားလူတွေထံကနေ ဖုံးကွယ်ထားနိုင်ပေမယ့် ငါ့ကိုတော့ မရဘူး သွားကြစို့ ... ။ ”

အနက်ဝတ်အဘိုးအိုက ပြောသည်။ သူတို့ မသွားခင်မှာ အမှောင်ဖုံးနေသောရွာထံလှည့်ပြီး နောက်ဆုံးတစ်ချက် ကြည့်လိုက်၏။

ဤအရပ်၌ တောင်ငါးလုံးအိမ်စောင့် အမိန့်တော်ကို မည်သူထားရှိခဲ့သနည်း။ အဆုံး၌ အဘိုးအိုသည် စူးစမ်းလိုစိတ်ကို ချုပ်တည်းကာ သူ့တပည့်နှင့်အတူ ထွက်ခွာသွားတော့၏။

ဤသည်မှာ စုရီချန်ထားခဲ့သော မြင့်မြတ်သော တောင်ငါးလုံး အိမ်စောင့်အမိန့် ဖြစ်လေသည်။

၎င်းသည် မင်္ဂလာရှိသောကံကို ထိန်းသိမ်းပေးရန် ရည်ရွယ်ပြီး ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ပြန့်ကျဲနေသော ကံကြမ္မာ စွမ်းအားအပေါ် စုစည်းပေး၏။

သို့သော် ချောင်ဖျင်နှင့် ချောင်အာတို့သည် ထိုအရာများအပါအဝင် စုရီ၏ နာမည်ကိုပင် မသိကြချေ။ ဤသည်မှာ ငြိမ်းချမ်းရေး၏ စစ်မှန်သော အဓိပ္ပါယ်ဖြစ်ပေသည်။

***

မေလ ၆ ရက်နေ့။

နွေရာသီ အပူရှိန်သည် လေထုအတွင်း မြင့်တက်လာ၏။ မိုးပြာခြံဝင်းရှိ အပင်များသည် ပို၍စိမ်းလန်းစိုပြေပြီး တက်ကြွနေသည်။

စုရီက ရေကန်ဘေးရှိ ကုလားထိုင်၌ လဲလျောင်းကာ သူ့စိတ်ကို ရှင်းထုတ်လိုက်၏။ မနေ့က ကြွေလွင့်ပန်းတောင်မှ ပြန်လာပြီး ချက်ချင်း တရားထိုင်ခဲ့သည်။

သို့တိုင် သူ့စိတ်ဝိညာဉ်သည် အလွန်နှေးကွေးစွာ ပြန်၍ကောင်းမွန်လာနေဆဲ ဖြစ်သည်။

ဤအဆင့် ကျင့်ကြံမှု၌ပင် ငရဲဘုံကိုးပါးဓားရောင်ဝါကို အသုံးချခြင်းသည် သူ့အတွက် ပင်ပန်းနွမ်းနယ်စေ၏။

“ အစ်ကိုစု ... မိန်းကလေးအားချန်က ဘယ်အချိန် နိုးလာမှာလဲ။ ”

ဝမ်ရှင်းကျောက်မှ စုရီအနားရှိ အားချန်ကိုကြည့်ကာ မေးသည်။ သူမသည် နေရောင်ခြည် အလင်းရောင်အောက်တွင် ပွင့်နေသော ပန်းကဲ့သို့ ရိုးရှင်းနေချေ၏။

နေရောင်ခြည်သည် နူးညံ့သိမ်မွေ့သော မျက်နှာကို ထူးထူးခြားခြား ဆွဲဆောင်မှုမျိုး ရှိလာစေသည်။

“ အနည်းဆုံး သုံးရက်ကနေ ငါးရက် ... ဒါပေမယ့် နှစ်ပတ်လောက်လည်း ဖြစ်နိုင်တယ်။ ”

စုရီမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ ကံကောင်းထောက်မစွာဖြင့် သူမဒဏ်ရာသည် မပြင်းထန်ချေ။

“ ဒီလိုနူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ ဘယ်လောက်တောင် ရင်သပ်ရှုမောဖွယ် ကောင်းလိုက်လဲ။ ”

ဝမ်ရှင်းကျောက်မှ တိုးညှင်းစွာ မှတ်ချက်ပေးတော့သည်။ သူမစကားကြောင့် စုရီကပြုံး၏။

“ ပန်းပွင့်တိုင်း နွေဦးရာသီမှာပွင့်တယ် အလှအပအတွက်လည်း အတူတူပဲ တစ်ဦးစီမှာ ကိုယ်ပိုင်ထူးခြားတဲ့ ဆွဲဆောင်မှု ရှိတယ် ဥပမာ မင်းဆိုရင် တခြားမိန်းမတွေနဲ့ လုံးဝမတူဘူး။ ”

သူရဲကောင်း အမျိုးသားများသည် သူတို့အပေါ်နားလည်သော လူသားများအတွက် အသေခံရန် ဆန္ဒရှိကြ၏။

အလားတူပင် အမျိုးသမီးများသည် သူတို့နှစ်သက်မြတ်နိုးသူများအတွက် အမြဲတမ်း လှချင်လေသည်။

အမျိုးသမီးတစ်ယောက် မည်မျှပင် လှနေပါစေ သူမအသွင်အပြင်ကို တခြားသူများ ချီးမွမ်းခြင်းအပေါ် နှစ်ခြိုက်ကြ၏။

“ အစ်ကိုစု ... မင်းမရဏကမ္ဘာကို သွားမယ်ဆိုရင် မင်းငါ့ကိုခေါ်သွားလို့ ရမလား။ ”

ဝမ်ရှင်းကျော်ကမှ မေးသည်။ သူမ မျက်ဝန်းများတွင် မျှော်လင့်ချက်အလင်းများဖြင့် တောက်ပနေတော့၏။

***

Book-50

All Chapters