← Chapters

လူသားအင်မော်တယ်၏ ဓားစက်ကွင်း အရေအတွက်

Vol. 31 Ch. 399

လူသားအင်မော်တယ်၏ ဓားစက်ကွင်း အရေအတွက်

Vol. 31 Ch. 399

ယွမ်ရှောင်သည် ဖန်ဆင်းရှင်အင်မော်တယ်၏ အရည်အချင်းများဖြင့် ကျင့်သားရနေပြီဖြစ်သော်လည်း မူလဝိညာဥ်က အစစ်အမှန် လူသားတစ်ယောက်ပုံစံ ထုတ်ဖော်ပြသလာသောအခါ နားမလည်နိုင်တော့ပေ။ အသစ်ဖြစ်တည်လာသော မူလဝိညာဥ်သည်လည်း ဒန်တန်အတွင်း မည်သည်မှ နားမလည်ဟန်ဖြင့် လှည့်ပတ်ကြည့်ရှုနေ၏။ ထိုစဥ် နွေးထွေးမှုတစ်ခု ခြေထောက်အောက်မှ မြင့်တက်လာသဖြင့် ငုံ့ကြည့်လိုက်သောအခါ သာမန်လောက၏ အရာအားလုံး ထင်ဟပ်နေသည့် လောကတာအိုနှလုံးသားကို မြင်လိုက်ရသည်။ ယွမ်ရှောင်နှင့် သက်ဆိုင်သမျှ အရာရာ၊ သာမန်ပြည်သူများ၊ မကျေမနပ် ဝိညာဥ်များ၊ အောက်ခြေလူတန်းစားများ စသဖြင့် ၎င်းနှင့် မူလဝိညာဥ်သည် အချင်းချင်း အပြန်အလှန် ထောက်ပံ့ပေးထားကြ၏။

"စိတ်ဝင်စားစရာပဲ"

ခဏတာ တုန်လှုပ်ပြီးနောက် သူက ပြန်လည် တည်ငြိမ်လာ၍ စိတ်ပိုင်းဖြတ်ထားသကဲ့သို့ အကြည့်များ တောက်ပလာသည်။

"ဘာကြောင့် တုန်လှုပ်နေတာလဲ။ မူလဝိညာဥ်က ပြဿနာ ရှိလို့လား"

ကြယ်ပြာ၏ မေးခွန်းကို ယွမ်ရှောင်က ခေါင်းအသာယမ်း၍ ကောင်းကင်တာအိုဆေးလုံးများ အသုံးပြုခဲ့သည်။ မူလဝိညာဥ် တည်ရှိမှုကြောင့် ဒန်တန်အတွင်း မြင့်မြတ်ချီများ ပို၍ များပြားလာကာ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အရင်းအမြစ်များဖြင့် မူလဝိညာဥ်နယ်ပယ် အစောပိုင်းအဆင့်သို့ မြင့်တက်သွားခဲ့သည်။ ကျင့်ကြံမှုအခြေခံ အုတ်မြစ် ခိုင်မာသောကြောင့် နယ်ပယ်များ အဆင့်တက်ရာတွင် တားဆီးမှုတစ်စုံတစ်ရာ မရှိချေ။ မူလဝိညာဥ်၏ ရှုထောင့်တွင် လောကတာအိုနှလုံးသားကို လှည့်ပတ်နေသည့် နေကိုးစင်းကြောင့် မီးလုံးကိုးခု ဝန်းရံထားသော လူတစ်ယောက်ပမာပင်။ မူလဝိညာဥ်အဆင့်ပြီးလျှင် ချီစက်ဝန်းအဆင့် ဖြစ်ကာ မြင့်မြတ်ချီများသည် စက်ဝန်းသဏ္ဍာန် ပြည့်စုံ၍ ပိုမိုမြင့်မားသော အင်မော်တယ်ချီများ ဖြစ်ပေါ်လာရာ နယ်ပယ် ဖြစ်သည်။ ကောင်းကင်ခန်းဆောင်နယ်ပယ်သည် မူလဝိညာဥ်ကို မွေးဖွား၍ ချီစက်ဝန်းက ကပ်ဘေးငါးမျိုးကို ကျော်ဖြတ်ရသော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေ၌ ယိုယွင်းမှုငါးမျိုးသာ ကြုံတွေ့ရ၏။

ယွမ်ရှောင်က စွမ်းအားတည်ငြိမ်စေရန် ခဏတာ အချိန်ယူလိုက်ပြီး အရုဏ်တက် နံနက်အလင်း ရောက်ရှိလာ၍ လန်ရီသည်လည်း တစ်ချိန်လုံး စောင့်ဆိုင်းပေးခဲ့သည်။ နောက်ဆုံးတွင် သူမမှာ အိပ်ပျော်သွား၍ အိပ်မက်တစ်ခုအတွင်း နစ်မြုပ်နေသကဲ့သို့ ကယောင်ကတန်း ရေရွတ်သံများ ထွက်ပေါ်လာ၏။ အင်မော်တယ် လမ်းကြောင်းတွင် အခြားလူများ မည်သို့ လျှောက်လှမ်းပါစေ၊ သူက ကိုယ်ပိုင်ဆန္ဒဖြင့် ရှေ့ဆက်ရန် ဆုံးဖြတ်ထားသောအခါ လန်ရီသည် ကပ်ဘေးလူဝင်စားဖြစ်သည့်တိုင်အောင် အသေမခံလိုချေ။ လန်ရီ နိုးထလာသောအခါ မျက်လုံးများ ပွတ်သပ်၍ စိုက်ကြည့်နေသော ယွမ်ရှောင်ကြောင့် မျက်နှာလေး ရဲသွား၏။

"သိပ်မကြာခင် ညီမလေး အသက် ၁၅နှစ် ပြည့်တော့မယ်"

"ဘယ်နေ့လဲ"

"အင်မော်တယ်သုံးပါးနေ့၊ ဒီနေ့မှာ အင်မော်တယ်သုံးယောက်က ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ ဒုက္ခကို ကယ်တင်ဖို့ ဆင်းသက်လာခဲ့တယ်"

လန်ရီက ရှင်းပြလိုက်၏။

"သူတို့က ဘာကို ကယ်တင်တာလဲ။ သူတို့ကိုယ်သူတို့လား"

ယွမ်ရှောင်က လှောင်ရယ်လိုက်သဖြင့် အဖြစ်မှန်ကို မသိထားသော လန်ရီမှာ မင်သက်သွား၏။

"ဘာမှမဟုတ်ပါဘူး။ စကားပြောတာ တော်လောက်ပြီ။ ဝင်ခွင် သွားဖြေရမယ်"

သူက ချောင်းတစ်ချက်ဟန့်၍ စကားလမ်းကြောင်း လွှဲလိုက်သောအခါ သူမလည်း ထရပ်လိုက်သဖြင့် သားရဲကြီးတစ်ကောင်အလား အရိုးအဆစ်မြည်သံများ ထွက်ပေါ်လာ၏။

"ခဏနေပါဦး။ ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ဓားသမားတွေရဲ့ ဓားဝိညာဥ်က ပုံမှန်ဆိုရင် အဆင့်ဘယ်လောက်လဲ"

ယွမ်ရှောင်က လန်ရီ၏လက်ကို ဖမ်းဆွဲကာ အခြေအနေ စုံစမ်းလိုက်သည်။

"အဆင့်လား။ သတ္တုအဆင့်ဆိုရင် ချီစက်ဝန်းနယ်ပယ်ကို ရောက်နိုင်တယ်လို့ သတ်မှတ်ထားကြတယ်။ ဓားဘုရင်တွေအတွက် ယန်သုံးဆင့်၊ ယင်သုံးဆင့် ဆိုတဲ့ ဆိုရိုးတစ်ခု ရှိတယ်။ ယင်အဆင့်က ယိုယွင်းမှုငါးမျိုးနဲ့ ရင်ဆိုင်ရနိုင်ပြီး ယန်အဆင့်ကတော့ ကျော်လွှားနိုင်မယ်တဲ့"

လန်ရီ၏ ရှင်းပြချက်အရ ဆောင်ပို၏ ဓားဝိညာဥ်က ယင်အဆင့်၊ ဟူယန်လော့၏ ဓားဝိညာဥ်က ယန်အဆင့်နိမ့်ဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် ကျော်ကြားပုံရသည်။

"ဒါဆိုရင် ဓားကျင့်ကြံသူတွေက ပုံမှန်အားဖြင့် ဓားစက်ကွင်း ခြောက်ခု ခုနစ်ခု ပိုင်ဆိုင်ကြတာပေါ့"

ယွမ်ရှောင်က ရေရွတ်လိုက်သည်။

"အတိအကျတော့ မဟုတ်ဘူး။ တချို့ ဓားကျင့်ကြံသူတွေက ရတနာကောင်းကောင်းမရှိရင် ဓားစက်ကွင်း မတပ်ဆင်ကြသေးဘူး။ ဓားစက်ကွင်းခုနစ်ခုအောက် နိမ့်နေရုံနဲ့ ယန် ဒါမှမဟုတ် ယင်အဆင့် မဟုတ်ဘူးလို့ မပြောနိုင်ဘူး"

လန်ရီက ရှင်းပြပေးလိုက်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေတွင်လည်း ဓားဝိညာဉ်အဆင့်ကို ခွဲခြားသတ်မှတ်ပေးနိုင်သည့် ဓားအမွေကျောက်များ တည်ရှိ၏။ ဤသတင်းအချက်အလက်များအရ ယွမ်ရှောင်က အခြေအနေကို ပို၍ နားလည်သွားကာ ဓားအစောင့်အရှောက်နှင့် အဆောင်ဧကရာဇ်ဆိုလျှင် ဤနယ်မြေ၌ အလယ်အလတ်ကျင့်ကြံသူများအဖြစ်သာ ရပ်တည်ရပေလိမ့်မည်။

"ဒါဆိုရင် လူသားအင်မော်တယ်မှာ ဓားစက်ကွင်း ဘယ်နှခု ရှိတာလဲ"

"လူတိုင်း သိပါတယ်။ လူသားအင်မော်တယ် ဓားစက်ကွင်းရှစ်ခု ကောင်းကင်သို့ တက်ရောက်ခြင်းဆိုတာကို လူတိုင်း အော်ဟစ် ချီးမြှောက်နေကြတာပဲ"

ယွမ်ရှောင်၏ မေးခွန်းကို လန်ရီက ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။

"ဓားစက်ကွင်းရှစ်ခုနဲ့ ကောင်းကင်ကို တက်ရောက်မယ် ဟုတ်လား။ ဘယ်ကောင်းကင်ကို ပြောတာလဲ"

ထိုစကားကြောင့် သူက ဟက်ဟက်ပက်ပက် ရယ်မော၍ နားမလည်နိုင်ဖြစ်နေသည့် လန်ရီ၏ လက်ကို ဆွဲကာ လေးနက်စွာ မေးလိုက်သည်။

"တကယ်လို့ ဓားဝိညာဥ်တစ်ခုက ဓားစက်ကွင်း ကိုးခု ရှိရင် ရှေးဟောင်းကျောင်းတော်က တန်ဖိုးထားမှာလား"

"မဟုတ်ဘူး။ ဓားစက်ကွင်းကိုးခု ရှိရင် အဲ့ဒီလူက သေရလိမ့်မယ်။ ဒီနယ်မြေမှာ အင်မော်တယ်သုံးယောက်ကို ကိုးကွယ်ယုံကြည်ပြီး သူတို့ထက် သာလွန်တဲ့ ပါရမီရှင်မျိုး ရှိရင် သိုးမည်းအဖြစ် တံဆိပ်ကပ်ခံရလိမ့်မယ်။ ရှေးဟောင်းကျောင်းတော် အပြင်ဘက်မှာ ဆိုရင် လူတိုင်းက လိုက်လံဖမ်းဆီးပြီး မကောင်းဆိုးဝါးအဖြစ်နဲ့ သုတ်သင်ကြလိမ့်မယ်။ သူတို့က အင်မော်တယ်သုံးယောက်ထက် သာလွန်တဲ့ ဘယ်သူ့ကိုမဆို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ကျော်လွန်သွားရင် အဲ့ဒီလူက မကောင်းဆိုးဝါး၊ အတုအယောင်၊ လှည့်ကွက်လို့ သတ်မှတ်ကြတယ်။ အင်မော်တယ်သုံးယောက်ကိုပဲ ကယ်တင်ရှင်အဖြစ် ကိုးကွယ်ပူဇော်ကြတယ်"

လန်ရီက သက်ပြင်းတစ်ချက်ချ၍ လေးကန်စွာ ခေါင်းယမ်းပြခဲ့သည်။

"ဒီလူတွေက ဒီလောက်တောင် မိုက်မဲကြတာလား"

ယွမ်ရှောင်က မဲ့ပြုံးတစ်ချက် ထုတ်ဖော်လိုက်၏။

"မိုက်မဲတယ်ဆိုတာထက် ဦးနှောက်ဆေးခံထားရတယ်။ အိပ်မက်ဆိုးတွေထက်တောင် ဆိုးရွားတယ်"

လန်ရီ၏ အသံက အနည်းငယ် တုန်ရီနေသဖြင့် ယွမ်ရှောင်က တင်းကြပ်စွာ ဆုပ်ကိုင်၍ အားပေးလိုက်ရသည်။

"မင်း ကြောက်နေတာလား"

"ညီမမှာ ဘာမှကြောက်စရာ မရှိဘူး။ အင်မော်တယ်သုံးယောက်ထက် ကျော်လွန်နေတာလည်း မဟုတ်ဘူး"

"ကြည့်ရတာ မင်းက လုံလောက်အောင် မကြိုးစားရသေးဘူး ထင်ပါတယ်။ ငါက သူတို့ထက် ဘယ်လောက်တောင် သာလွန်တယ်ဆိုတာကို ပြပေးမယ်။ သေချာကြည့်"

ယွမ်ရှောင်က ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်ကို ဆင့်ခေါ်၍ ဓားစက်ကွင်း ၁၈ခု တပ်ဆင်ပြလိုက်လေသည်။

All Chapters