← Chapters

စကားပြောစွမ်းရည်

Vol. 31 Ch. 407

စကားပြောစွမ်းရည်

Vol. 31 Ch. 407

ဟူယန်ပင်၏ အကြည့်သည် သံမဏိကိုပင် ပေါက်ထွက်သွားလောက်အောင် စူးရှနေပြီး ယွမ်ရှောင်က ဓားပျံအထက်မှ လွယ်လင့်တကူ ဆင်းသက်လိုက်စဥ်ခဏတွင် ဓားမြှောင်အဖြစ် ပြောင်းလဲ ကိုင်ဆောင်ခဲ့သည်။

"ဓားသိုင်းကို ဓားပျံသိုင်းအဖြစ် ပြောင်းလဲတာက ထူးဆန်းနေလို့လား။ ဒါကို ကြည့်လိုက်စမ်း"

သူက တစ်ချက်ပြုံး၍ ဓားမြှောင်ကို ပစ်ခတ်လိုက်သောအခါ စွမ်းအင်မုန်တိုင်း ထပ်မံဖြစ်ပေါ်လာပြီး နေရောင်ခြည်အလင်းပမာ ဖြတ်သန်းသွားသဖြင့် သူမ၏တစ်ကိုယ်လုံး ဒဏ်ရာအသစ်များ ဖြစ်တည်၍ သွေးများ ပန်းထွက်ကုန်၏။

"အား"

သူမက မြေပြင်၌ လူးလိမ့်၍ နာကျင်စွာ အော်ဟစ်နေရပြီး တိုက်ပွဲရှုံးနိမ့်ခြင်းအပြင် အရှက်တကွဲ နှိပ်စက်ခံနေရသည်။ သို့သော် မျှော်စင်အပြင်ဘက်၌ သခင်ဟူအပါအဝင် လူတိုင်း နတ်ဘုရားရောင်ခြည် ဓားသိုင်းကြောင့် မင်သက်နေသော မျက်နှာများဖြင့် တိတ်ဆိတ်နေကြ၏။

"ငါ..."

ဟူယန်ပင်၏ မျက်နှာက ဗလာဖြစ်နေပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ငြိမ်းချမ်းမှုကြောင့် အစစ်အမှန် တိုက်ပွဲများကို မကြုံဖူးပေ။ သို့သော် အင်မော်တယ်မျိုးဆက်တစ်ယောက်ဖြစ်နေသောကြောင့် လက်မလျှော့လိုသော်လည်း ရုတ်တရက် ရောက်ရှိလာသည့် ယွမ်ရှောင်လက်အတွင်း ယက်ကန်ယက်ကန် ဖြစ်နေ၏။

"ဟား ဟား"

"ဘာတွေများ.ရယ်စရာကောင်းနေတာလဲ"

"ငါ့ကို အနိုင်ယူနိုင်ရင်တောင် ငါ့အဖေရှေ့မှာ နင် ဒူးထောက်ပြီး တောင်းပန်ရမှာပဲ"

"အိပ်မက်မက်မနေနဲ့"

"ယွမ်ရှောင် အင်မော်တယ်မျိုးဆက်တွေရဲ့ အာဏာက အိပ်မက်လို့ ထင်နေတာလား။ ယုံချင်ယုံ ယွီချန်တောင် ငါ့ကို မသတ်ရဲဘူး"

နောက်ဆုံးအထိ ဟူယန်ပင်မှာ မောက်မာစွာ ရယ်မောနေသော်လည်း ယွမ်ရှောင်သည် အလင်းမျက်နှာပြင် ထုတ်ဖော်ပြသရာ အရင်းအမြစ်ကို ရှာတွေ့သွားသည်။ သို့သော် သခင်ဟူ ရောက်လာတော့မည် ဖြစ်သောကြောင့် သူမက ရဲဝံ့နေပြီး အေးစက်စက် မျက်နှာထားမျိုးဖြင့် ရှိနေသည်။

"နည်းနည်းလောက် လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ပေးလိုက်ဦးမယ်"

ထိုစကားကြောင့် သူမက တုန်လှုပ်သွားစဥ် အလင်းမျက်နှာပြင်၏ မမြင်ကွယ်ရာသို့ ချက်ချင်း ဆွဲခေါ်ခံလိုက်ရသည်။

"နင်က ဘာလုပ်ချင်နေတာလဲ။ စမ်းသပ်မှု ကြီးကြပ်သူတစ်ယောက်ကို အန္တရာယ်ပေးတာနဲ့ ဒုက္ခရောက်လိမ့်မယ်"

"စောက်ရူးမ ငါက ဆောင်ပိုကို သတ်ပြီးပြီ။ ဘယ်လိုဖြစ်ဖြစ် သေရမယ်ဆိုရင် နောက်ထပ် အလောင်းတစ်ခု တိုးလာလည်း ပြဿနာ မရှိဘူး"

သူမက ခြိမ်းခြောက်နေသော်လည်း ကောင်းကင်သင်္ချိုင်းဓားသည် ရင်ဘတ်မှ ကျောရိုးအထိ ဖောက်ထွက်သွားသဖြင့် မျက်လုံးများ ပြူးကျယ်ကာ တစ်ကိုယ်လုံး တွန့်လိမ်၍ ချွေးများ စိုရွှဲလာ၏။

"ဒီဓားဝိညာဥ်က..."

အပြစ်ပေးဓားဝိညာဥ် မှိန်ဖျော့သွား၍ တစ်ဖက်လူ၏ ဓားက ပိုမို တောက်ပလာရသော အကြောင်းအရင်းကို သူမ နားမလည်နိုင်ဘဲ အိပ်မက်ဆိုးပမာ ခံစားနေရသည်။

"အင်မော်တယ်သုံးပါးက ငါ့အတွက် လက်စားချေပေးလိမ့်မယ်"

သူမက တုန်ရီနေသော လက်နှစ်ဖက်ဖြင့် ဓားကို ဆွဲထုတ်လိုသော်လည်း ချက်ချင်း ဖြတ်တောက်ခံလိုက်ရပြီး ဓားစက်ကွင်း ခုနစ်ခုလည်း လုယူခံလိုက်ရသည်။ ထို့နောက် ယွမ်ရှောင်က သူမ၏ လည်ပင်းသို့ ဓားဖြင့် ထိုးဖောက်ကာ အလောင်းကို ခြေထောက်မှ မြှောက်ကိုင်၍ ရှေးဟောင်းမျှော်စင် ငါးထပ်မြောက်အပြင်သို့ ပစ်ချခဲ့၏။

"လေးစားရတဲ့ အကြီးအကဲတွေ ဒီမိန်းမက အရည်အချင်းမရှိဘဲ ကြီးကြပ်သူအဖြစ် ဝန်ဆောင်ပြီး ကောက်ကျစ်စွာ အလစ်ချောင်း တိုက်ခိုက်ခဲ့ပါတယ်။ သူမရဲ့ တိုက်ခိုက်မှုကြောင့် ကျုပ် သေလုမျောပါးဖြစ်ခဲ့လို့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မိပါတယ်။ လူသစ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ရှေးဟောင်းမျှော်စင်ကို ပြန်လည် စစ်ဆေးပေးပါ"

မြေပြင်ပေါ်သို့ ဟူယန်ပင်၏ အလောင်းပြုတ်ကျ၍ အပိုင်းပိုင်း အစစ ဖြစ်သွားသည်နှင့် တစ်ချိန်တည်း သူက ဆင်းသက်လာကာ ယိုင်တိယိုင်တိုင် အခြေအနေမျိုး ဟန်ဆောင်ထား၏။

"လောလောဆယ် ညီမအနားမှာ နေရမယ်။ လူသတ်သမားတွေနဲ့ ကြေးစားတွေ လိုက်လာနိုင်တယ်"

"မစိုးရိမ်ပါနဲ့။ ငါ့မှာ အရန်အစီအစဥ် တစ်ခု ရှိတယ်"

လန်ရီက သူ့ကို အမြန်ကူညီ၍ လေးနက်စွာ သတိပေးခဲ့သော်လည်း ပြုံးပြုံးရွှင်ရွှင် ရှိနေဆဲပင်။ သူမက အစီအစဥ်ကို သိလိုသဖြင့် မေးလိုက်သော်လည်း အဖြေပြန်မရခဲ့ပေ။ သူတို့က ရှေးဟောင်းမျှော်စင်မှ ထွက်ခွာသွားပြီး ခဏအကြာတွင် ဒေါသ၊ သတ်ဖြတ်လိုစိတ်နှင့် လေးစားမှုတို့ ပါဝင်သော အကြည့်မျိုးစုံ နောက်မှာ ကျန်ရစ်ခဲ့၏။ သခင်ဟူ၊ သခင်မချင်နှင့် လမ်းပြအသင်းသားများသည် မျက်ဆံ ကင်းမဲ့နေသည့် အဖြူရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး အင်မော်တယ်မျိုးဆက်များဖြစ်ကြောင်း သိသာနေသည်။ ထိုမျက်လုံးများက မျိုးဆက် အဆင့်အတန်း မြင့်မားမှုကို ဖော်ပြ၍ ရှေးဟောင်းမျှော်စင် ခြေရင်းတွင်မူ သွေးအိုင်တစ်ခုနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ပြန့်ကြဲနေသည်။ သခင်ဟူ၏ မျက်လုံးများသည် ငရဲမှ ဝဲဂယက်ပမာ ပြောင်းလဲနေ၍ ဓားဝိညာဥ် ထုတ်ပြလိုက်သည်နှင့် တပြိုင်နက် ပုံရိပ်တစ်ရာကျော် ယွမ်ရှောင်အရှေ့တွင် ထွက်ပေါ်လာကြ၏။

"ယွမ်ရှောင် စကားက တရားမျှတတယ်။ ဟူယန်ပင်က ကြီးကြပ်သူအဖြစ် ဟန်ဆောင်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာ ထင်ရှားနေပြီ။ သူက ကိုယ့်ကိုကိုယ် ကာကွယ်တာသက်သက်ပဲ"

လန်ရီက ရှေ့ထွက်၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ဒါပေမယ့် အသက်တစ်ချောင်း ဆုံးရှုံးတာအတွက် ဆန်းကြယ်ဘုရားကျောင်းက စစ်ဆေးရမယ်။ နင့်အမြင်ကို ဂရုစိုက်ပေမယ့် အမှန်တရားက မပြောင်းလဲဘူး။ သူ့ကို ခေါ်သွားကြ"

"သူက အဆင့်ခုနစ်တပည့်တစ်ယောက် ဖြစ်နေပြီ။ ဘုရားကျောင်းရဲ့ စစ်ဆေးမှုအတွက် အာမခံ သုံးကြိမ် ရယူနိုင်တယ်"

သခင်မချင်က မျက်မှောင်ကြုတ်၍ အမိန့်ပေးလိုက်သောအခါ လန်ရီ၏ တားမြစ်ခြင်း ခံလိုက်ရသည်။

"သူက ဟန်ဆောင်သူတစ်ယောက်ကို အနိုင်ယူခဲ့တာ ဖြစ်လို့ အဆင့်ခုနစ် တပည့်လို့ မသတ်မှတ်ဘူး"

"ဒါဆိုရင် ဟူယန်ပင်က လူသတ်ဖို့ ဟန်ဆောင်တာ ရှင်းနေတာပဲ။ ဘာကြောင့် စစ်ဆေးနေဦးမှာလဲ"

သခင်မချင်၏ စကားမှ ဟာကွက်ကို လန်ရီက ချက်ချင်း ထောက်ပြလိုက်သောကြောင့် အငိုက်မိသွားခဲ့ရသည်။ ဆန်းကျယ်ဘုရားကျောင်း၏ ပုံရိပ်သည် တရားမျှတမှုနှင့် ဥပဒေအပေါ် ဟန်ဆောင်ထားခြင်း ဖြစ်သောကြောင့် လူပုံအလယ် မရမ်းကားရဲပေ။ ထို့အပြင် လန်ရီ၏ သက်တော်စောင့် ပုံရိပ်တစ်ရာကျော်လည်း ရောက်ရှိနေသောအခါ သခင်မသည် ယွမ်ရှောင်ကို ခေါ်သွား၍ ပြဿနာတက်ရန် သို့မဟုတ် လက်ဗလာဖြင့် အေးအေးဆေးဆေး ပြန်သွားရန် ရွေးချယ်စရာ ဖြစ်လာခဲ့သည်။

"သူ့ကို ဖမ်းလိုက်"

သခင်ဟူသည် သမီးဖြစ်သူ စည်းမျဥ်းကို ဆန့်ကျင်ခဲ့ကြောင်း ပေါ်တင်ဝန်ခံလိုက်သဖြင့် ယွမ်ရှောင်အား အဆင့်ခုနစ်တပည့် ဖြစ်မလာစေရန် တားဆီးခဲ့၏။

"ခဏနေဦး။ ဟူယန်ပင်က ဟန်ဆောင်တာ ဖြစ်ဖြစ် မဖြစ်ဖြစ် ငါက အဆင့်ခုနစ် တပည့် ဖြစ်နေပြီ။ ငါးထပ်မြောက်မှာ ရှေးဟောင်းချပ်ကာကို ဖျက်ဆီးနိုင်ရင် အောင်မြင်တယ်လို့ ရေးထားတာကို မြင်လား။ ဘယ်သူ ဝတ်ထားရမယ်ဆိုတဲ့ အချက် မပါဘူး"

သို့သော် ယွမ်ရှောင်က ရှေးဟောင်းကျောင်းတော်၏ တပည့်လက်စွဲ စာအုပ်ကို ဆွဲထုတ်၍ စာမျက်နှာအချို့ကို ထောက်ပြလိုက်သောအခါ သခင်မချင် ဆွံ့အသွားရသည်။ လမ်းပြအသင်းမှ အင်မော်တယ်မျိုးဆက်များသည် တိုက်ပွဲတွင် ရှုံးနိမ့်ရုံသာမက ဥပဒေကစားပွဲတွင် ကိုယ်ပိုင်စည်းမျဥ်းများဖြင့် လှည့်စားခံခဲ့ရသည်။ ရှေးဟောင်းကျောင်းတော်သည် အင်မော်တယ်သုံးယောက်၏ သြဇာအာဏာ မသက်ရောက်သောကြောင့် သူတို့အနေဖြင့် လူပုံအလယ်တွင် ဒေါသကို မျိုချရုံသာ တတ်နိုင်၏။

"မင်းက ဘာတွေ မာနကြီးနေတာလဲ။ ငါးရက်ကြာရင် သေရမှာ သေချာနေတယ်"

ယွမ်ရှောင်သည် လန်ရီ၏ ခါးကို ဖက်၍ သခင်ဟူနှင့် သခင်မချင်အရှေ့တွင် မောက်မာစွာ ဖြတ်လျှောက်သွားသောအခါ လမ်းပြအသင်းဝင်တစ်ယောက်က မနေနိုင်ဘဲ ခြိမ်းခြောက်လိုက်သည်။

"ဒီလူက အမြဲတမ်း မိန်းမတစ်ယောက်ရဲ့ အနောက်မှာ ပုန်းနေတယ်။ သူ့ကြောင့် လန်ရီလည်း ပျက်စီးရမှာပဲ"

နောက်ထပ်တစ်ယောက်က လှောင်ပြောင်လိုက်သော်လည်း သူ့အနေဖြင့် ထိုလူ့မလိုင်များကို ခွန်းတုံ့အဖက်လုပ် မနေခဲ့ပေ။

All Chapters