← Chapters

တစ်ဖက်သတ် ရိုက်နှက်ခြင်း။

Vol. 50 Ch. 597

တစ်ဖက်သတ် ရိုက်နှက်ခြင်း။

Vol. 50 Ch. 597

“ အံ့ဩစရာပဲ ... ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် တစ်စုံတစ်ယောက်က အရိုင်းမြေကိုးပါးနဲ့ ကြယ်ကိုးလုံးအကြောင်း သိချင်နေတာလား။ ”

ရုတ်တရက် လေးနက်ပြီး ငြိမ့်ညောင်းလွန်သောအသံသည် လေထုအတွင်း ပဲ့တင်ထပ်လာချေပြီ။

ကောင်းကင်နှင့် မြေကြီး တစ်လျှောက် တုန်ခါလှိုင်းများနှင့် တာအိုကျက်သရေများမှာ လှုပ်ခါကုန်၏။ တစ်စုံတစ်ဦး၏ အသံသည် ထိုမျှသော သက်ရောက်မှု ရှိသည်လော။

ဖူချင်းယွမ်နှင့် ဝမ်ရှင်းကျောက်က ချက်ချင်းလှည့်ကြည့်သည်။ မိုးကုပ်စက်ဝိုင်းမှ တစ်စုံတစ်ယောက် ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရ၏။

အသွင်အပြင်အရ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြင့် အနက်ရောင်၀တ်လုံကြီးကို ၀တ်ဆင်ထားသည်။

သူ့ဖြတ်သန်းလာရာ လမ်းတစ်လျှောက် လေဟာနယ်ပြိုကျကာ အမှောင်အငွေ့အသက် အချို့ ရစ်ဝဲကျန်ရစ်ခဲ့သည်။

သူ့နောက်၌ အမှောင်ကမ္ဘာကြီး လိုက်ပါလာသကဲ့သို့ ထင်မှားစေ၏။ ၎င်းက တိမ်ပင်လယ်အတွင်း ရောက်ရှိလာချိန်၌ ရပ်တန့်လိုက်သည်။

သူ့ခြေဖဝါးအောက်၌ မဟာတာအိုများ ကြာနက်များအသွင် ပွင့်လာ၏။ ကြွေလွင့်ပန်း တောင်တန်းတစ်ခုလုံး မှုန်မှိုင်းသွာချေပြီ။

“ ဧကရာဇ်လား ... မဖြစ်နိုင်ပါဘူး မိုးပြာတိုက်ကြီးရဲ့ မဟာတာအိုက ပြိုကျနေပြီ ဧကရာဇ်တစ်ပါးကို လက်ခံနိုင်စရာမရှိဘူး။ ”

ဖူချင်းယွမ်တစ်ယောက် ထိုသူ၏ အသွင်အပြင်ကြောင့် အံ့ဩတုန်လှုပ်လာချေပြီ။ ဤလူ၏မူလကို သူ နားမလည်နိုင်သော်လည်း အစွမ်းထက်ကြောင်း မြင်နိုင်သည်။

ထို့ပြင် ဤလူသည် အမှောင်ထဲတွင် အချိန်အတော်ကြာအောင် ပုန်းနေခဲ့ရကြောင်း ပြောနိုင်ချေ၏။

“ ငါအခုပဲ မင်းအကြောင်းတွေးနေတာ။ ”

စုရီက ကုလားထိုင်ပေါ်မှ ပြုံးလျက် မိတ်ဆွေတစ်ယောက်ကဲ့သို့ နှုတ်ဆက်လိုက် လေသည်။ ထို့နောက် ဝိုင်ပုလင်းကိုထုတ်ကာ မြိန်ရေရှက်ရေ သောက်တော့၏။

“ ဘာပဲဖြစ်ဖြစ် ... မင်း​ရောက်လာတာ ကြိုဆိုပါတယ် ... မဟုတ်ရင် ငါမင်းကိုလိုက်ရှာ​နေရလိမ့်မယ်။ ”

စုရီစကားကြောင့် ဖူချင်းယွင်နှင့် ဝမ်ရှင်းကျောက်က အချင်းချင်း ပြန်ကြည့်သည်။ စုရီသည် ဤလူကို မျှော်လင့်နေသည်လော။ ထိုသူသည် မည်သူနည်း။ မိတ်ဆွေလော။

“ ဒါဆို ငါလာမယ်လို့ မင်းသိနေတာပေါ့ ကောင်းပြီ မင်းသဘောကို သိပါရစေ။ ”

အနက်ဝတ်လူက အုံ့ဆိုင်းနေသော သူ့ရောင်ဝါဖြင့် တိမ်ပင်လယ်အနှံ့ဖြန့်ကျက်ကာ မဟာတာအိုကြာနက်ကို တဖျပ်ဖျပ်ခတ်စေ၏။

အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ခံ့ညား​ချေပြီ။ ထိုအမျိုးသား ချဉ်းကပ်လာသည်နှင့်အမျှ သူ့နောက်ကွယ်မှ အရာအားလုံးသည် ထာဝရညထဲ သက်ဆင်းသွား၏။

ထိုအမှောင်သည် အလင်းကိုပင် ဝါးမျိုနိုင်သည်။ ထာဝရအမှောင်ညနှင့်အတူ ရောက်ရှိလာသော နတ်ဆိုးတစ်ပါးကဲ့သို့ပေပင်။

ကြွေလွင့်ပန်းတောင် တစ်ဝက်တိတိ အမှောင်ထဲ ထိုးကျသွားသည်။ ဤထူးဆန်းပြီး မငြိမ်မသက်ဖြစ်နေသည့် မြင်ကွင်းကြောင့် ဖူချင်းယွင်ပင် ဦးရေပြားများ ယားယံလာ၏။

ရောင်ဝါတစ်ခုတည်းဖြင့် ကောင်းကင်ကို မှောင်မိုက်ပြီး နေကိုပိတ်ဆို့နိုင်သော ထိုလူသည် မည်သို့သော ဖြစ်တည်မှုမျိုးမည်သနည်း။

“ မင်းဘာတွေ အလျင်လိုနေတာနဲ့ မိုးပြာမျိုးစေ့အတွက် မင်းဒီကိုရောက်နေမှန်း ငါသိပါတယ် ဒါပေမယ့် ငါတို့ စကားအရင် ပြောကြည့်ရင် ဘယ်လိုလဲ။ ”

စုရီက တည်ငြိမ်နေဆဲ ဖြစ်သည်။ အနက်ရောင်ဝတ်လူသည် မျက်ဝန်းများ မှေးစင်းလျက်၊

“ မင်း ... ငါ့ဇာစ်မြစ်ကို သိချင်နေပုံပဲ။ ”

-ဟု မှန်းဆလိုက်၏။

“ အမှန်ပဲ ... မင်းဟာ ရီရွှမ်နဲ့အဖွဲ့ကို သတ်ခဲ့တဲ့ နဝမကြယ်ရဲ့ ထောင်မှူးတစ်ယောက် ဆိုတာကို ငါသံသယ ဖြစ်နေခဲ့တာကြာပြီ ...

... ဒါကို အတည်ပြုဖို့ မင်းဆီလာမလို့ပဲ အခုတော့ မင်းရောက်လာတဲ့အတွက် ငါ့အချိန် မကုန်တော့ဘူး။ ”

“ ကြယ်တာရာထောင်မှူး ... ။ ”

ထိုအမည်အသစ်ကြောင့် ဖူချင်းယွင်နှင့် ဝမ်ရှင်းကျောက်မှာ စိတ်ရှုပ်ထွေးသွားတော့၏။ ဤအမည်ကို သူတို့ မည်သည့်နေရာမှ မကြားဖူးချေ။

“ စိတ်ဝင်စားစရာပဲ ... ကောင်းပြီ မိုးပြာမျိုးစေ့ကို အခုပေးရင် မင်းမေးခွန်းတွေကို ငါဖြေပေးမယ်။ ”

“ ဒါဆိုရင်တော့ ... မင်းအရည်အချင်း ရှိ၊မရှိပေါ် မူတည်ပါတယ်။ ”

စုရီတုန့်ပြန်မှုကြောင့် အနက်ဝတ်လူက ရယ်စရာကောင်းသော ဟာသကို ကြားလိုက်ရ သကဲ့သို့၊

“ ဟားဟားဟား ... မင်းရဲ့အရည်အချင်းနဲ့ အုတ်မြစ်က ဖီးနစ်အမွေးနဲ့ .. ချီလင်ဦးချိုတွေလို ရှားပါးတယ်ဆိုတာတော့ အမှန်ပဲ ...

... ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ ဧကရာဇ်အဆင့်အောက်က လူတိုင်း ... ကြက်နဲ့ ခွေးတွေပါပဲ ... စစ်မှန်တဲ့စွမ်းအားတွေကို မင်းတို့မသိနိုင်ဘူး။ ”

-ဟု တုန့်ပြန်လာသည်။ ထို့နောက် အနက်ရောင်ဝတ်လူက စုရီထံပြန်ကြည့်ကာ၊

“ မင်းလည်း ခြွင်းချက်မဟုတ်ဘူး ... ဒါပေမယ့် အရည်အချင်းရှိတဲ့ မင်းလိုလူမျိုးကို ငါသဘောကျတယ် မိုးပြာမျိုးစေ့ပေးသရွေ့ မင်းဘဝကို ထားခဲ့ပေးမယ်။ ”

စုရီတစ်ယောက် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားပြီး စကားလုံးများ ဖြုန်းတီးရန် ဆန္ဒမရှိတော့ချေ။ ဝိုင်အိုးပစ်ချကာ ထရပ်ပြီး လက်ဗလာဖြင့် ‌ထောင်မှူးထံချဉ်းကပ်ခဲ့၏။

“ ဒီလိုပဲ တိုက်ခိုက်တော့မို့လား။ ”

ထိုမြင်ကွင်းကြောင့် ဖူချင်းယွင်မှ မျက်ခုံးပင့်လိုက်၏။ ဤကြောက်စရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သောလူကို မကြောက်ရုံသာ မဟုတ်ဘဲ လက်ဗလာဖြင့် တိုက်ချင်နေသည်။

ယင်းအမူအရာသည် အလွန်လွှမ်းမိုးနေသောကြောင့် အနက်ဝတ် လူသည်ပင် မျက်ခုံးပင့်သွား၏။

“ စိတ်ဝင်စားစရာပဲ ... ဝိညာဉ်တာအိုနယ်ပယ်ရဲ့ တစ်စုံတစ်ယောက်က စိတ်ထင်တိုင်း လုပ်နိုင်မယ် ထင်နေပုံပဲ။ ”

တစ်ဆက်တည်းမှာပင် သူ့လက်ကို ရိုက်ချလိုက်သည်။ ကောင်းကင်နှင့်မြေကြီးကြား လေဟာနယ် တုန်ခါသွားသည်။

“ ဝှစ် ... ။ ”

မှိန်ဖျော့ဖျော့ အလင်းတန်းတစ်စ ထွက်ပေါ်လာပြီး ကောင်းကင်၌ လက်ဖဝါး ပုံသဏ္ဍာန် ပေါင်းစပ်သွားသည်။

လက်ဖဝါးမှ ထွက်သောရောင်ဝါသည် အနှိုင်းမဲ့ချေ၏။ ကောင်းကင်ကြီး အက်ကွဲကာ မြေပြင်တုန်ခါလာသည်။

ဧကရာဇ်များပင်လျှင် ထိုကဲ့သို့သော တန်ခိုးအာဏာကို ကြောက်ရွံ့ကြပေလိမ့်မည်။ စီုရအတွက် တားဆီးရန် နည်းလမ်းမရှိချေ။

အနက်ရောင်ဝတ်လူမှ ပြုံးလျက် ကြွက်နှင့်ကစားနေသည့် ကြောင်တစ်ကောင် အလား စောင့်ကြည့်နေသည်။

“ ရှေးဟောင်း အမှောင်တားမြစ်စွမ်းအား။ ”

ဖူချင်းယွန် တစ်ယောက်သည် လက်ဖဝါး၏မူလကိုမြင်ပြီး ထိတ်လန့်စွာ အော်ဟစ်ခဲ့သည်။

ယင်းသည် မိုးပြာတိုက်ကြီးကို ကသောင်းကနင်းဖြစ်စေသော စွမ်းအင်တစ်မျိုး ဖြစ်သည်။ အနှစ်သုံးသောင်းကြာ မဟာတာအို အမှောင်ဖုံးခဲ့ရသည်။

ဤစွမ်းအားကြောင့် အထွတ်အထိပ် ဧကရာဇ်များစွာတို့သည် မိုးပြာတိုက်ကြီးကို စွန့်ခွာခဲ့ရသည်။ သက်ရောက်မှုများသည် အနှစ်သုံးသောင်းတိုင်၏။

သို့သော် စုရီသည် သူ့ဆီသို့ ဦးတည်နေဆဲဖြစ်ပြီး ယိမ်းယိုင် မသွားချေ။ အန္တရာယ်ကို လုံးဝ မသိသလိုပေပင်။

“ ဝှစ် ... ။ ”

လက်ဖဝါကြီး ကျရောက်လာသောအခါ လက်ကို‌မြှောက်ကာ ဓားကဲ့သို့ အလင်းတန်းများ ပစ်ခတ်လိုက်သည်။

ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်မှုမျိုး မရှိခဲ့သလို အံ့အားသင့်ဖွယ် ဖြစ်စဉ်များလည်း မဖြစ်လာချေ။ တို့ဟူးနှင့် ပြုလုပ်ထားသကဲ့သို့ အမှောင်တားမြစ်စွမ်းအား လက်ဖဝါးမှာ ပြတ်ကျသွားချေပြီ။

ဤသည်မှာ မျှော်လင့်ထားသည်နှင့် ကွာခြားသည်။ အနက်ရောင်လူ၏ အပြုံးသည် ချက်ချင်းအေးခဲသွား၏။

အမှောင်တားမြစ်စွမ်းအားကို ထိန်းချုပ်နိုင်သဖြင့် ၎င်းမည်မျှကြောက်စရာ ကောင်းကြောင်း သူသိသည်။

ဧကရာဇ်များအတွက် သေမင်းပေပင်။ ယင်းသည် ချဲ့ကားနေခြင်းမဟုတ်ချေ‌။ နှစ်ပေါင်း များစွာ ဧကရာဇ်များကို ဖမ်းဆီးပြီးနောက် ရရှိလာသည့် အသိဖြစ်သည်။

“ ဝှစ် ... ။ ”

အတွေးမဆုံးခင် ဓားချီသည် လက်ဖဝါးကိုဖြတ်ကာ သူ့ရှေ့ ပေါ်လာသည်။ ထို့ကြောင့် ပေါ့ဆဝံ့ခြင်းမရှိဘဲ ရုတ်ချဉ်း ရွေ့လျားရှောင်တိမ်းတော့သည်။

သို့တိုင် ဆံပင်တစ်ချောင်း ပြတ်သွား၏။ ဓားချီသည် ဘေးမှဖြတ်ကျော်ပြီး တိမ်ပင်လယ် ပျက်ပြယ်သွားစေသည်။

ဧရိယာတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ခြွင်းချက်မရှိ သူ့ကိုပင် အကြောက်တရား ပေးချေပြီ။

မှတ်တမ်းမှတ်ရာများမှ အမှောင် တားမြစ်စွမ်းအားအကြောင်း သိရှိထားသည့် ဖူချင်းယွင်မှာ အဆိုးဆုံးဖြစ်၏။

“ မင်းဘယ်သူလဲ … ။ ”

အနက်ဝတ်လူခမျာ ကြီးစိုးသော အမူအရာမျိုး မပြနိုင်တော့ချေ။ ဤဓားချီသည် သူ့နားလည်မှုထက် သာလွန်နေသည်။ စုရီမှ စကားပြောရန် ပျင်းနေပြီဖြစ်သည်။

ထို့ကြောင့် သူ့မေးခွန်းကို မည်သို့ ဖြေမည်နည်း။ လျှောက်လှမ်းလျက် လေထုထဲ လက်သီးများ ပစ်လွှတ်လိုက်သည်။

လက်သီးများသည် နတ်တောင်ကဲ့သို့ ပျံသန်းသွားသည်။ မယှဉ်နိုင်လောက်အောင် ပြင်းထန်၏။ အနက်ရောင်၀တ်လူခမျာ သိသိသာသာ ဒေါသထွက်သွားသည်။

သူ့လက်ဖဝါးကို လေထုအလယ် ဖြန့်ချလိုက်သည်နှင့် ၀တ်ရုံများဟုန်းခနဲ ပျံတက် လာသည်။ တစ်ဆက်တည်းမှာပင် အမှောင် တားမြစ်စွမ်းအားသည် လှောင်အိမ်အဖြစ် ထွက်ပေါ်လာ၏။

ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို တံဆိပ်ခတ်ပစ်လိုက်ချေပြီ။ ဧကရာဇ်များစွာကို နှိမ်နှင်းရန် ထိုစဉ်က အသုံးပြုခဲ့သည်။

“ ဝှစ် ... ။ ”

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

သို့သော် မထင်မှတ်စွာပင် စုရီလက်သီးများသည် အမှောင်လှောင်အိမ်ကို အပိုင်းပိုင်းထိုးခွဲသွား၏။

“ အဟွတ် ... အဟွတ် ... ။ ”

အကျိုးဆက်အနေဖြင့် အနက်ရောင်ဝတ်လူခမျာ ပါးစပ်မှသွေးများ စီးကျလာပြီး မျက်နှာနီသွားသည်။

အမူအရာ သိသိသာသာပြောင်းသွားပြီး နှလုံးသားထဲမှာ အံ့ဩမှုလှိုင်းများ ပြည့်နှက်လာ တော့၏။

တစ်ဖက်လူတွင် သေချာပေါက် အမှောင်တားမြစ်စွမ်းအားကို တုန့်ပြန်နိုင်သည့် တစ်စုံတစ်ရာ ရှိချေပြီ။

“ ငါတို့ စကားပြောဖို့ လိုပြီထင်တယ်။ ”

အနက်ဝတ်လူမှ စကားပြောရန် ပြင်လေသည်။ သို့သော် စုရီက လက်သီးဖြင့် ထပ်မံ ပစ်ခတ်လာ၏။

မိုးခြိမ်းသံကဲ့သို့ တဟုန်ထိုး လေခွင်းသံများကြောင့် သူ့စကားသံသည် အနှောင့်အယှက်ဖြစ်သွားသည်။

“ ဘုန်း ... ။ ”

အနက်ဝတ်အမျိုးသားခမျာ သေရန် စောင့်နေသူကဲ့သို့ လွင့်စဉ်သွားပြန်၏။ အမှောင် တားမြစ်စွမ်းအားသည် အသုံးဝင်သည့်နောက် နည်းလမ်းမရှိတော့ချေ။

တစ်ဖက်လူငယ်သည် ဝိညာဉ်တာအိုနယ်ပယ်တွင် ပြိုင်ဘက်ကင်း ချေပြီ။ သဘာဝအတိုင်း သူသည်လည်း ပြိုင်ဘက်မဖြစ်နိုင်။

ဆံပင်များ ပွထလျက် ပခုံးရိုးနှင့် ခါးကျောအရိုးများကျိုးကြေကာ သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ မြင်ရသည်မှာ သနားစရာကောင်းနေတော့၏။

***

All Chapters