← Chapters

တပည့်အဆင့်ဆယ်ဆင့်

Vol. 31 Ch. 397

တပည့်အဆင့်ဆယ်ဆင့်

Vol. 31 Ch. 397

အပ

စစ်မင်းသမီးနှင့် ခဲတစ်ပစ်စာ အဝေးတွင် ဓားအစောင့်အရှောက်၊ ရေသူမဘုရင်နှင့် ယင်မိစ္ဆာဘုရင်တို့ စိုးရိမ်တကြီး စောင့်ကြပ်နေကြသည်။ နီအန်သားရဲကို ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အင်မော်တယ်သုံးယောက် ထိန်းချုပ်ထားသဖြင့် စောင့်ကြပ်ရန် မလိုတော့ဘဲ ကိုယ့်နယ်မြေကို ထိန်းချုပ်ရန် သူမက ညွှန်ကြားလိုက်သည်။ ယွမ်ရှောင် ရောက်ရှိလာ၍ အလျင်စလို ထွက်ခွာသွားသည်ဟု ထင်သောကြောင့် စိုးရိမ်တကြီး ဖြစ်နေသည့် မုတလုံက မေးခွန်းထုတ်လိုက်၏။

"ယွမ်ရှောင် ပြောခဲ့တာလား"

"ဟုတ်တယ်"

"သူ..သူ ဘေးကင်းရဲ့လား"

"သူက မာပါတယ်။ တော်ရုံတန်ရုံ ဘာမှမဖြစ်ပါဘူး"

အဒေါ်အရွယ်ကိုပင် အလွတ်မပေးသော ယွမ်ရှောင်အား စစ်မင်းသမီးက စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း အပြင်ပန်းတွင် စိတ်မပူရန် နှစ်သိမ့်ပေးခဲ့သည်။ ငရဲကိုးထပ်ကမ္ဘာကို အိမ်ဟူ၍ မှတ်ယူထားသဖြင့် ယွမ်ရှောင် သေချာပေါက် ပြန်လာမည်ဖြစ်ရာ လူတိုင်း ဦးတည်ရာအသီးသီးသို့ ထွက်ခွာသွားကြ၏။

"ယွမ်ရှောင်က ဒီနေရာမှာ မရှိဘူး။ မင်းက သူနဲ့ ဘယ်လိုဆက်သွယ်.....အဟမ်း အဟမ်း"

ယင်မိစ္ဆာဘုရင်သည် သမီးဖြစ်သူ၏ မျက်စောင်းကြောင့် အရှက်ပြေချောင်းဟန့်ကာ ထွက်ခွာသွားခဲ့ရ၏။ နားခိုရာဂိုဏ်း ပတ်ဝန်းကျင်၌ စစ်မင်းသမီးအပြင် စုတ်ပြတ်နေသည့် ဝတ်ရုံတစ်ခု ဝတ်ဆင်ထားသည့် ခြေဗလာ မိန်းကလေးတစ်ယောက်လည်း သစ်ကိုင်းများအထက် တင်ပျဥ်ခွေထိုင်နေသည်။

"နတ်ဆိုးဖြူ စိတ်ပူစရာမရှိဘူး။ သူက ရှေးဟောင်းအပျက်အစီးနယ်မြေမှာ အခြေကျရင် ငါတို့ကိုလည်း လာခေါ်မယ်လို့ ပြောတယ်"

"ကျေးဇူးတင်ပါတယ်"

စစ်မင်းသမီးက နတ်ဆိုးဖြူကို အားပေးလိုက်သောအခါ ခေါင်းညိတ်ပြခဲ့၏။

"အင်မော်တယ်သုံးယောက်က ဘာတွေ ကြံစည်နေတာလဲ"

နားခိုရာဂိုဏ်းအတွက် လူသူကင်းရှင်းနေပြီး ကျောက်တိုင်သုံးခု၏ ခြိမ်းခြောက်မှုကြောင့် နီအန်သားရဲသည် အက်ကြောင်းအတွင်း ပြန်လည်ဆုတ်ခွာ၍ အကျဥ်းခန်းကို အကာအကွယ်ယူထားရ၏။ နက်ရှိုင်းသော အမှောင်ထုအတွင်း ခွေနေသည့် ၎င်း၏ အဝါရောင် မျက်လုံးများသည် အက်ကြောင်း၏ အစွန်းများ၌ ကပ်တွယ်နေသည့် ငွေရောင်လိပ်ပြာများကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ပုံရိပ်တစ်ခု ရုတ်တရက် ရောက်ရှိလာကာ အက်ကြောင်းတွင် မျက်နှာအပ်၍ လှောင်ပြုံးတစ်ချက်ဖြင့် စကားဆိုလိုက်၏။

"နှစ်သစ်ကူးတော့မယ်။ အပေါ်က ပျော်ပွဲရွှင်ပွဲတွေ ရှိတယ်။ လူတိုင်း မင်းကို ကြိုဆိုနေမှာပါ"

ထိုပုံရိပ်၏ အသံက လူတစ်ယောက်ဆိုလျှင် ကျောစိမ့်ကာ ကြောက်လန့်တကြား ဖြစ်သွားစေနိုင်လောက်အောင် ဆိုးရွားလှ၏။

"ထွက်သွားစမ်း"

နီအန်ကဲ့သို့ သားရဲတစ်ကောင်ပင် ရွံရှာစက်ဆုပ်ဟန်ဖြင့် တံတွေးထွေးကာ မောင်းထုတ်ပစ်ခဲ့သည်။

ရှေးဟောင်းကျောင်းတော်၊ အရုဏ်ဦးအိမ်တော်သို့ ယွမ်ရှောင်၊ လန်ရီနှင့် လျိုရင်ရင်တို့ တိတ်ဆိတ်စွာ ပြန်လာကြပြီး သက်တော်စောင့်များလည်း အရိပ်အတွင်း ပြန်လည် ပျောက်ကွယ်သွားကြသည်။

"ယွမ်ရှောင်"

စိတ်ထဲတွင် ခံစားချက်များ လွန်ဆွဲနေသည့် လျိုရင်ရင်သည် တစ်နေရာသို့ ရောက်သောအခါ မထိန်းနိုင်တော့ဘဲ ခေါ်လိုက်မိသည်။ ယွမ်ရှောင်နှင့် လန်ရီက ပြိုင်တူ လှည့်ကြည့်လာသောအခါ သူမကို ပို၍ စိတ်ပျက်အားငယ်စေသည်။

"ဘာဖြစ်လို့လဲ ရင်ရင်"

"ငါ သူ့ကို မေးစရာရှိတယ်"

"မေး"

"မင်းက တခြားလူတွေကို ကစားရတာ ပျော်စရာကောင်းတယ် ထင်နေတာလား။ ကမ္ဘာဦးအဆီအနှစ်တွေကိုရော ကပ်ဘေးအရိုးကိုပါ စုပ်ယူဝါးမျိုနိုင်ပေမယ့် သူများတွေကို အရူးလုပ်ပြီး ပါးရိုက်ခဲ့တယ်။ ဒါကို ပျော်စရာကောင်းတယ်လို့ ထင်ပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူနေတာလား"

လျိုရင်ရင်က ပြစ်တင်စွပ်စွဲလိုက်၏။

"ဟုတ်တယ်။ ငါ ပျော်တယ်။ ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်းက လန်ရီရဲ့ ညီမဆိုရင် ငါတို့အတွက် ဝမ်းသာပေးနေရမှာ မဟုတ်ဘူးလား"

ယွမ်ရှောင်က သူမကို ခပ်တင်းတင်း စိုက်ကြည့်နေခဲ့သည်။

"မင်း ဘာကို စိတ်ဆိုးနေတာလဲဆိုတာ ငါ သိတယ်။ ငါ ရှုံးနိမ့်ပြီး အရှက်ကွဲတာကို မြင်ချင်နေတယ်။ အကြံတစ်ခုလောက် ပေးမယ်။ လန်ရီက မင်းအတွက် အရေးပါတယ်ဆိုရင် သူမကို ယုံကြည်ပေးပြီး ခက်ခဲအောင် မလုပ်နဲ့"

ဒေါသထွက်လွန်းသဖြင့် ဆွံ့အနေသည့် တစ်ဖက်လူကို သူက အထက်စီးမှ ငေါက်ငမ်းပစ်လိုက်သည်။ သို့ရာတွင် သူမက လက်မလျော့သေးဘဲ နောက်တစ်ကြိမ် သတိပေးကာ ပြေးထွက်သွားခဲ့၏။

"ကောင်းပြီ။ နင်က အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ကောက်ကျစ်လွန်းတယ်။ လန်ရီလို မြင့်မြတ်သူတစ်ယောက်နဲ့ မထိုက်တန်ဘူး။ သူမနဲ့ ပေါင်းဖက်ချင်ရင် လူလေးစားခံရအောင် ထိုက်တန်တယ်ဆိုတာ သက်သေပြ"

ယွမ်ရှောင် မတုံ့ပြန်နိုင်ခင်မှာပင် သူမက ပြန်လှည့်လာ၍ ဒေါသတကြီး သတိပေးသွားခဲ့သည်။

"ဓားစံအိမ်နဲ့ လူသားအင်မော်တယ်ရဲ့ မျိုးဆက်တစ်ခုလုံးက နင့်နောက်ကို လိုက်လာလိမ့်မယ်။ ဒီကိစ္စမှာ လန်ရီကို ဆွဲမထည့်ရင် အကောင်းဆုံးပဲ"

"နားလည်ပြီ။ အခု ထွက်သွားစမ်း"

ယွမ်ရှောင်က စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းသော မိန်းမကို မောင်းထုတ်၍ လန်ရီ အနားယူနိုင်ရန် အရုဏ်ဦးအိမ်တော်အတွင်း ခေါ်ဆောင်သွားခဲ့၏။ အပြင်ဘက်တွင် လျိုရင်ရင်သည် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ရုတ်တရက်ဆန်လွန်းသော အပြောင်းအလဲများကြောင့် နားလည်နိုင်ရန် ရုန်းကန်နေရသည်။ သူမက လန်ရီနှင့် ဆက်နွယ်မှုကို အသုံးချ၍ အဆက်အသွယ်များ ဖန်တီးလိုသော်လည်း ဆောင်ပိုအပါအဝင် သခင်လေးတိုင်းမှာ ဉာဏ်များလှသည်။ သူမက အရုဏ်ဦးအိမ်တော်ကို ငေးမောနေရင်း ယွမ်ရှောင်၏ အမူအရာနှင့် လုပ်ရပ်များအကြောင်း အတွေးရောက်သွားပြန်၏။

"သူ့လိုရုပ်ရည်နဲ့ဆိုရင် ဘယ်သူဖြစ်ဖြစ် စိတ်လှုပ်ရှားသွားမှာပဲ"

သူမ၏ အတွေးများ ဗြောင်းဆန်နေပြီး တုန်လှုပ်ဖွယ် အလှည့်အပြောင်းများကို လက်ခံနိုင်ရန် ကြိုးစားနေရသည်။

အရုဏ်ဦးအိမ်တော်အတွင်း ယွမ်ရှောင်သည် ရှေးဟောင်းဇီသာ တစ်ခုကို ကောက်ယူ၍ လန်ရီထံ မေးနေခဲ့သည်။

"တီးတတ်လား"

"နည်းနည်းလေးတောင် မတတ်ဘူး။ ဓားတွေ ပုဆိန်တွေပဲ ကိုင်တတ်တယ်"

သူမက ရှက်ပြုံးကလေးဖြင့် ခေါင်းယမ်း၍ ငြင်းဆန်ခဲ့သည်။

"ဘာကြောင့် ထားထားတာလဲ"

"ရင်ရင်ရဲ့ ဇစ်သာပါ။ သူမက တေးဂီတ၊ စစ်တုရင်၊ စာလုံးအလှနဲ့ ပန်းချီမှာ ကျွမ်းကျင်တယ်။ သူမကိုရော စိတ်ဝင်စားနေတာလား"

လန်ရီက နှုတ်ခမ်းဆူ၍ မျက်စောင်းတစ်ချက် ဝင့်သည်။

"လျှောက်ပြောမနေနဲ့"

"ဟီး ဟီး"

ယွမ်ရှောင်က တခစ်ခစ် ရယ်မော၍ စနောက်ချင်နေသည့် မိန်းကလေးကို ဆူငေါက်၍ ဇစ်သာအနားတွင် ထိုင်ချလိုက်၏။

"အစ်ကိုကြီးက တီးတတ်လား"

"ကိုယ့်ဘာသာ သင်ထားတာ"

လန်ရီသည် စူးစမ်းလိုစိတ်ဖြင့် စပ်စုလာသောအခါ သူက ပခုံးတွန့်ပြ၍ ကြွားဝါနေခဲ့သည်။ ထို့နောက် လက်ချောင်းများ လှုပ်ရှားသွားသောအခါ သာယာနာပျော်ဖွယ် ဂီတသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါက ရင်ရင်တီးတာထက်တောင် ပိုကောင်းတယ်"

လန်ရီမှာ ယွမ်ရှောင် တီးခတ်နေသည့် တေးသွားအကြောင်း သိထား၍ တအံ့တသြ ဖြစ်သွား၏။ သူက ဆက်လက်တီးခတ်နေပြီး ညှင်သာသော ဂီတသံများအကြားတွင် ပန်းချီကားတစ်ချပ်ပမာ ထင်မှတ်ရသည်။

"လက်ချောင်းတွေက တော်တော်လေး ကြည့်ကောင်းတယ်နော်"

သူမက ဆေးမိနေသကဲ့သို့ မေးထောက်၍ ငေးကြည့်နေစဥ် ဂီတသံမှာ ပြင်းထန်လာပြီး စစ်မြေပြင်တစ်ခုအတွင်းမှ ဓားချင်းထိခတ်သံနှင့် မြင်းဟီသံများအဖြစ် ပြောင်းလဲသွား၏။

"တကယ်တော့ လူသတ်သမားတစ်ယောက်ရဲ့ လက်ပါ"

ယွမ်ရှောင်က လေးနက်စွာ တီးတိုးရေရွတ်လိုက်မိပြီး ကျင့်ကြံဆင့် ကွာခြား၍ လန်ရီမှာ ကာကွယ်ပေးရမည့်သူ ဖြစ်သော်လည်း တစ်ဖက်လူ၏ တည်ရှိမှုအောက် လွှမ်းမိုးခံနေရသည်။

"မနက်ဖြန်ကျရင် ရှေးဟောင်းကျောင်းတော်မှာ စာရင်းပေးရမှာပေါ့"

တေးသွား အဆုံးသတ်သောအခါ သူက မတ်တပ် ထရပ်လိုက်၏။

"ဟုတ်တယ်။ တပည့်တစ်ယောက် ဖြစ်လာဖို့ ဝင်ခွင့် အောင်မြင်ရမယ်"

လန်ရီက ခေါင်းညိတ်၍ အတည်ပြုခဲ့သည်။ ရှေးဟောင်းကျောင်းတော်၏ တပည့်တစ်ယောက် ဖြစ်လာလျှင် ဓားသိုင်းနှင့် တာအိုဂါထာများကို လေ့လာနိုင်ပြီး ကျင့်ကြံရေး အရင်းအမြစ်များ ရယူနိုင်ပေလိမ့်မည်။ တပည့်များကို အဆင့်ဆယ်ဆင့် ခွဲခြားထားပြီး အဆင့် မြင့်လေလေ အကျိုးကျေးဇူး များလေလေ ဖြစ်၏။ လန်ရီက ထိပ်ဆုံးတပည့် အဆင့်တစ်ဆယ် ဖြစ်ကာ တစ်ယောက်တည်း ရှိ၏။ အကြောင်းအရင်းမှာ အသက်ဆယ့်လေးနှစ်တွင် ရှေးဟောင်းမျှော်စင်၏ ရှစ်ထပ်မြောက်ကို ဖြေရှင်းနိုင်ခဲ့သောကြောင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

တပည့်အဆင့်သတ်မှတ်ချက်ကို အသက်အရွယ်နှင့် ရှေးဟောင်းမျှော်စင် စွမ်းဆောင်ရည် အပေါ် မူတည်၍ ခွဲခြားပြီး ရှေးဟောင်းကျောင်းတော်၏ ကျောထောက်နောက်ခံရလျှင် အရာရာ ပိုမို ချောမွေ့လာပေလိမ့်မည်။

"အဆင့်တစ် ကွီတပည့်လေးကို ကြိုပြီး ဂုဏ်ပြုပါတယ်"

လန်ရီက တခစ်ခစ် ရယ်မော၍ စနောက်နေသည်။

"ကွေ တပည့်ဟုတ်လား။ တပည့်အဆင့်တွေကို ကောင်းကင်နက္ခတ်တွေနဲ့ ခွဲခြားထားတာလား"

"ဟုတ်တယ်။ ကျာ၊ ရီ၊ ပင်း၊ တင်း၊ ရှင်း၊ ရန်နဲ့ ကွေ အဲ့လိုမျိုးပေါ့"

"တော်တော်နက်နဲတာပဲ။ ဒါဆိုရင် မင်းက လေးစားစရာ အဆင့်တစ်ဆယ် ကျာ တပည့်ပေါ့"

ယွမ်ရှောင်က လန်ရီကို ရင်ခွင်အတွင်း ဆွဲသွင်းလိုက်ရာ သူမအနေဖြင့် လက်မောင်းအား ဆွဲလိမ်၍ ဟန့်တားလိုက်ရလေသည်။

All Chapters