← Chapters

ငါက ခေါင်းတလားထမ်း တစ္ဆေမျိုးရိုးပဲ။

Vol. 50 Ch. 596

ငါက ခေါင်းတလားထမ်း တစ္ဆေမျိုးရိုးပဲ။

Vol. 50 Ch. 596

လရောင်ခြည်များသည် ရေကဲ့သို့ နူးညံ့ပျော့ပျောင်းနေပြီး မက်မွန်ပင်များအပေါ် ပက်ဖြန်းနီရဲနေချေသည်။

ဖူချင်းယွင်က ကြယ်ကိုးလုံး အပျက်အစီးများအကြောင်း ပတ်သက်သမျှ အရာအားလုံးကို ပြန်ပြောပြလာ၏။

ကြယ်ကိုးလုံး အပျက်အစီးမြေဟူသည် ရှေးကတည်းက တည်ရှိခဲ့ပြီး အာကာသအတွင်း ဖြန့်ကျက်နေသည့် ကြယ်ကိုးလုံးဖြစ်သည်။

၎င်းကြယ်ကြီးများသည် အရိုင်းမြေကိုးပါးဟုခေါ်သော ဒေသကြီးကို အုတ်တံတိုင်းများကဲ့သို့ စက်ဝိုင်းအသွင် ဝိုင်းရံထားသည်။

မိုးပြာတိုက်ကြီးသည် နဝမမောက် ကြယ်ကြီးဖြစ်၏။ ဤကြယ်ကြီးကိုးလုံးတွင် အရံကြယ်ငယ်များစွာပါရှိပြီး စုစုပေါင်း ကမ္ဘာ(၃၃)လုံးအဖြစ် ခေါ်သည်။

မှတ်တမ်းတွင် ကြယ်တစ်လုံးနှင့် ၎င်း၏အရံကြယ်များ အမည်စာရင်းကို ပြုစုပေး ထား၏။

ဤသည်မှာ အရိုင်းမြေကိုးပါးကို ထင်သာမြင်သာရှိစေသော မြေပုံကြီးပေပင်။ ထိုအရိုင်းမြေကိုးပါးပြင်ပရှိ အာကာသကြီး အကြောင်းကိုမူ မပြောထားချေ။

ထိုအချက်အလက်များအရ စုရီသည် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို သတိထားမိလာသည်။

ကြယ်ကိုးလုံး၏ အမည်များသည် နက်ပြာရောင်၊ အစိမ်းရောင်၊ မိုပြာရောင်စသည့် အရောင်များ ပါရှိသည်။ ယင်းသည် တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်ပုံရ၏။

အရိုင်းမြေကိုးပါး၏ ရှုထောင့်မှ ကြည့်ရှုလိုသော် ကြယ်ကိုးပွင့်နှင့်အရံကြယ်များ အားလုံးသည် အာကာသကြီးအတွင်း သူတို့ အနီးလွင့်မျောနေသည်ဟု ခံစားရသည်။

ထို့ကြောင့် စကြာဝဠာအတွင်း (ကောင်းကင်နက်နဲရာသို့) ထွက်ခွာလိုသော လူများသည် ကြယ်ကိုးလုံးနှင့်၎င်းကြယ်များကို ဦးစွာဖြတ်သန်းရန် လိုအပ်သည်။

တစ်ဖက်တွင် ကြယ်ကိုးပွင့်သည် အရိုင်းမြေကိုးပါးကို ဝိုင်ရံနေသည့်အကြောင်းမှာ အနည်းငယ် အံ့သြစရာလည်း ဖြစ်နေ၏။

“ အရိုင်းမြေကိုးပါးနှင့် ကြယ်ကိုးပွင့် အဖွဲ့အစည်း။ ”

ထိုကြယ်အဖွဲ့အစည်းအတွင်းမှ ထွက်ခွာလိုသော် ကြယ်တာရာထောင်မှူးများဟု ခေါ်ဆိုသူများ၏ အကျဉ်းသားအဖြစ် ရှုမြင် ဖမ်းဆီးခြင်းခံရပေမည်။ ငှက်မိစ္ဆာသည် ဆဋ္ဌမကြယ်အနီး အဖမ်းခံရ၏။

ဆဋ္ဌမကြယ်ကို စိမ်းဝါ‌ရောင်နယ်မြေဟု ခေါ်ဆိုသည်။ အလားတူပင် အခြား ကြယ်များ သည်လည်း သက်ဆိုင်ရာ အရောင်များနှင့် ပတ်သတ်သည့် အမည်များရှိ၏။

ဤအရာများအားလုံးသည် ကြယ်ကိုးလုံး အပျက်အစီးများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟူသော သူ့ ယုံကြည်ချက်ကို တိုးပွားလာစေသည်။

မည်သို့ပင် ရှုမြင်​စေကာမူ ထိုကြယ်ကိုးလုံးသည် စက်ဝိုင်းအသွင် နေရာ ချထားသော ဧရာမလှောင်အိမ်ကြီး ကိုးလုံးနှင့် တူနေပုံရသည်။ စက်ဝိုင်း၏ ဗဟိုချက်တွင် အရိုင်းမြေမှာ ပိတ်မိနေချေ၏။

ယင်းသည်သာ အမှန်​ဆိုသော် ရက်စက်​လွန်းပေမည်။ စုရီတစ်ယောက် မျက်​ခုံးပင့်​လိုက် တော့​သည်​။

လက်ရှိတွင် ကြယ်တာရာထောင်မှူး ဟူသော အမည်မသိအဖွဲ့ကို ကောင်းကင်ဘုံ ဂိုဏ်းဟု ခေါ်တွင်၏။

၎င်း​ကြယ်တာရာထောင်မှူးများ၏ အမြင်တွင် ကြယ်ကိုးပွင့်နှင့် အရိုင်းမြေကိုးပါးမှ ထွက်ခွာလိုသူတိုင်းသည် အကျဉ်းသားများ ဖြစ်ချေပြီ။

ဤသည်မှာ သူ့ကောက်ချက်မျှသာ ဖြစ်သည်။ ကြယ်တာရာထောင်မှူးများကို ဖမ်းနိုင်သော် တိကျသော အဖြေရနိုင်၏။

“ ဟမ့် ... ။ ”

ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိသောကြောင့် စုရီက မိုးကုပ်စက်ဝိုင်းဆီ ခေါင်းမော့ကြည့်လိုက်သည်။

***

ထိုညတွင် ဖရိုဖရဲ ဝိညာဉ်ပင်လယ်တွင် မီးခိုးရောင်ဝတ်ထားသည့် လူငယ်တစ်ယောက် အင်မော်တယ်ဓားမျှော်စင် ဝင်ပေါက်ထံသို့ ကြည့်လျက် လေထဲပေါ်လာသည်။

“ တျန်လီ၊ ဒီတစ်ခါတော့ ... မင်းကို သေချာပေါက်ခေါ်သွားမယ် ငါတို့ဘယ်တော့မှ ခွဲခွာစရာ မလိုတော့ဘူး။ ”

စကားဆုံးသည်နှင့် လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်မီးတောက်များ ပေါ်လာကာ ရှည်လျားသော အနက်ရောင် ဆံပင်များ ဖြူဆွတ်လာ၏။

ထိုမြင်ကွင်းသည် အသက်စွမ်းအင် ကုန်ဆုံးသွားသကဲ့သို့ အရေပြားအက်ကွဲလျက် ချက်ခြင်းနှစ်ပေါင်းများစွာ ကုန်လွန်သွားသည်။

အဆိုပါ အိုမင်းသွားသော လူငယ်မှ ညာဘက်ဖြင့် ဓားဆွဲထုတ်သကဲ့သို့ ကျောရိုးကို ဆွဲလိုက်သည်။ နှင်းဖြူရောင် အလင်းတန်းများ ညကောင်းကင်ကို လင်းထိန်လာစေ၏။

ထိုမြင်ကွင်းကြောင့် အင်မော်တယ် မျှော်စင်အတွင်းမှ ကြည့်နေသော နဂါးနက်နှင့် နင်စစ်ဟွာတို့မှာ တုန်လှုပ်သွားတော့၏။

“ ချင်လော ... ။ ”

စုရီမှာ တွက်ဆထားသကဲ့သို့ပင် ချင်လောသည် ဒုတိယအကြိမ် ရောက်ရှိလာပြီ ဖြစ်၏။ ဤတစ်ကြိမ်တွင် ခွန်အားမှာ ယခင်ထက် တိုးပွားနေချေပြီ။

“ ဝှစ် ... ။ ”

အိုးမင်းလာသော လူငယ်မှ ပြတ်သားသောအမူအရာဖြင့် အင်မော်တယ် ဓားမျှော်စင်ထဲ ပျံသန်းဝင်ရောက်လာ၏။

ဝင်ပေါက်ကို ပိတ်ဆို့ထားသော တားဆီးထားသောဝင်္ကပါသည် ထင်သလောက် ဟန့်တားခြင်း မပြုဘဲ ဝင့်ခွင့်ပြုသည်။ သို့တိုင် အိုးမင်းလာသောလူငယ်မှ ဂရုမစိုက်ချေ။

“ တျန်လီ ... မင်းဘယ်မှာလဲ ... ။ ”

အပျက်အစီးနယ်မြေထဲ တစ်ဟုန်ထိုး ဝင်ရောက်ကာ မြင်သမျှ အရာတိုင်းကို ဖျက်ဆီး တော့၏။

“ ဖရူး ... ။ ”

တစ်ဆက်တည်းမှာပင် တာအိုပိုးအိမ်များထားရှိရာ ရေတွင်းအောက်ရှိ မြေအောက်ခန်းမှ ကြေးမီးအိမ်တစ်လုံးသည် တဆက်ဆက် တုန်ယင်လျက် ပဲ့ကြွေလာ၏။

အဆုံးတွင် မီးခွက်ကွဲအက်လျက် ဆံပင်ဖြူဖြူ အမျိုးသမီးတစ္ဆေတစ်ကောင် ထွက်လာပြီး အိုမင်းနေသောလူငယ်ထံ ပျံသန်းလာတော့သည်။

“ ချင်လော ... ။ ”

“ တျန်းလီ ... ။ ”

အိုမင်းနေသောလူငယ်မှ အမျိုးသမီးကို မြင်သောအခါ လွမ်းဆွတ်နေသော အသွင်ဖြင့် အပြေးလှမ်းလာသည်။ ထို့နောက် လေထဲ ပွေ့ဖက်ကာ၊

“ တျန်းလီ ငါတို့ထွက်သွာရအောင် ... ။ ”

-ဟု ပြောကြားလိုက်သည်။

သို့သော် အမျိုးသမီး တစ္ဆေမှ ခေါင်းရမ်းလိုက်ပြီး ဝမ်းနည်းနေသော အကြည့်ဖြင့်၊

“ ချင်လော ... ငါ ထွက်သွားလို့ မရတော့ဘူး။ ”

“ ဟမ် ... ဘာလို့လဲ ... ။ ”

“ အဲဒီ လူယုတ်မာက ငါ့ကို ကြေးမီးခွက်ဝိညာဉ်အဖြစ် သန့်စင်လိုက်ပြီ ... ငါကြေးမီးခွက်နဲ့ ဝေးရာမှာ အသက် မရှင်နိုင်သလို ...

... ကြေးမီးခွက် သက်တမ်းကလည်း ငါ့သက်တမ်းဖြစ်နေပြီ အခု ငါထွက်လာတော့ ကြေးမီးခွက်ကြွေမွှသွားပြီ။ ”

“ လူယုတ်မာ ပိုင်ချန်ဟန် ... ။ ”

အိုမင်းနေသောလူငယ်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤပိုင်ချန်ဟန်ဟူသည် တတိယမျိုးဆက် ဓားမျှော်စင်သခင်ဖြစ်၏။

ချင်လောသည် ပိုင်ချန်ဟန်၏ ဓားဝိညာဉ်ဖြစ်သည်။ ဓားဝိညာဉ်တစ်ကောင် အနေဖြင့် သူသည် ပိုင်ချန်ဟန်ထိန်းချုပ်မှု အောက်မှ အမြဲရုန်းထွက်လိုခဲ့၏။

တျန်လီသည် အင်မော်တယ်ဓားမျှော်စင် တည်ထောင်သူ ကောင်းကင်ဘုံယိုဧကရာဇ်၏ ဓားဝိညာဉ်ဖြစ်သည်။

သူတို့နှစ်ဦးသည် အချင်းချင်း ချစ်ကြိုက်သွားပြီးနောက် ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ရန် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်မှုကြီးတစ်ခုကို ပူးပေါင်းကာ ကျူးလွန်မိခဲ့သည်။

ချင်လောကို လွတ်မြောက်သွားစေရန် တျန်လီမှ တာအိုပိုးအိမ်များ သတ်ဖြတ်ခဲ့သည်။ အဆုံးတွင် ပိုင်ချန်ဟန်၏ ဖမ်းဆီးခြင်းခံရကာ ကြေးမီအိမ်ဝိညာဉ်အဖြစ် ပြောင်းလဲ ပိတ်လှောင်ခြင်း ခံလိုက်ရချေပြီ။

“ အားလုံးသေရမယ် ... ဒီလူယုတ်မာရဲ့ မျိုးဆက်တိုင်းကို သတ်မယ် ... သတ် ... ။ ”

သူ့လက်ထဲ တဖြည်းဖြည်း ပဲ့ကြွေပျောက်ကွယ်သွားသော တျန်လီကြောင့် ချင်လောခမျာ ရူးသွပ်သွား၏။

သူ ထွက်သွားစဉ်က တစ်နေ့တွင် ပိုင်ချန်လီကိုသတ်ပစ်ကာ တျန်လီခေါ်ဆောင်ပြီး မိုးအောက်မြေပြင်အနှံ့ လွတ်လပ်စွာ ခရီးနှင်ရန် မျှော်လင့်ချက်များဖြင့် ဖြစ်သည်။

ယခုမူ သူ့အိမ်မက်များ ပြိုကျသွားချေပြီ။ လူယုတ်မာသည် တျန်လီကဲ့သို့နတ်ဓားဝိညာဉ် တစ်ပါးကို ကြေးမီးခွက်ဝိညာဉ်အဖြစ် ပြောင်းလဲ အကျဉ်းချပစ်ခဲ့သည်။

“ သတ်မယ် ... မင်းတို့အားလုံးကို သတ်မယ်။”

ရုတ်တရက် ချင်လောသည် အင်မော်တယ် ဓားမျှော်စင်အတွင်း ဓားစွမ်းအင်များစုစည်းကာ ကောင်းကင်ပေါ် ပျံတက်လိုက်ချေပြီ။

ထိုမြင်ကွင်းကြောင့် နင်စစ်ဟွာနှင့် နဂါးနက်က ထိတ်လန့်လာပြီး စုရီပေးခဲ့သော တံဆိပ်ကို ချိုးရန် ထုတ်ယူလိုက်သည်။

ဤတံဆိပ်တွင် ငရဲဘုံကိုးပါး ဓားရောင်ဝါကြိုးမျှင် ပါရှိ၏။ အင်မော်တယ် ဓားမျှော်စင်သည် ချင်လောအတွက် ထောင်ခြောက်ပေပင်။

“ ဟမ့် ... မကောင်းဆိုးရွား ဓားဝိညာဉ်တစ်ကောင်က မောက်မာဝံ့သလား ငရဲကို တကယ် မသိဘူးလား။ ”

ထိုစဉ် လှောင်ပြောင်ရေရွတ်သံနှင့်အတူ စုတ်ပြတ်သတ်နေသော ဝတ်စုံဖြင့် မျက်မမြင် အဖိုးအိုတစ်ယောက် ဓားမျှော်စင်အတွင်း ဝင်ရောက်လာသည်။

“ ဝှစ် ... ။ ”

“ ကလန် ... ။ ”

“ ဂျွတ် ... ။ ”

တစ်ဆက်တည်းမှာပင် သူ့လက်ကို ဝှေ့ရမ်းပစ်လိုက်ရာ အလင်းတန်းတစ်စပျံသန်း လာပြီးနောက် ချင်လောလက်ထဲရှိ အရိုးဓားကို ထိမှန်ကျိုးကျသွားစေသည်။

“ မင်း ဘယ်သူလဲ ... ။ ”

ချင်လောက ထိတ်လန့်ဒေါသများဖြင့် မေးမြန်းလိုက်သည်။ အသစ်ရောက်ရှိလာသူမှာ ရွံစရာကောင်းသော်လည်း ထူးခြားသော ရောင်ဝါရှိနေ၏။

ထိုရောင်ဝါသည် သဘာဝအရ သူ့ကိုကြောက်လန့်စေသည်။ ထူးခြားသော ကမ္ဘာကြီးကို မြင်လိုက်ရသကဲ့သို့ ပေပင်။

မျက်မမြင်အဖိုးအိုက၊

“ မင်းလို မကောင်းဆိုးရွားတွေရဲ့ အလောင်းကို မရဏကမ္ဘာဆီ ပို့ဆောင်ပေးမဲ့ ခေါင်းတလားထမ်း တစ္ဆေမျိုးရိုးပဲ ... ဟမ့် မဟုတ်ဘူး မင်းမှာ ခန္ဓာကိုယ်မရှိဘူး ...

... ငါက မကောင်းဆိုးရွား ဝိညာဉ်တစ်ကောင်အတွက် မင်းရဲ့ဝိညာဉ်ကို ဒီကမ္ဘာကနေ ဖယ်ရှားပေးမဲ့ တစ္ဆေပဲ။ ”

***

All Chapters