ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်ခြင်း။
Vol. 50 Ch. 594
“ ဟမ့် ... မင်းရဲ့ ကောက်ကြောင်းက အသုံးမဝင်ပါဘူး သတ်ဖြတ်ခြင်း ကမ္ဘာကြီးမှာ ငါဟာ ကောင်းကင်ဘုံပဲ ...
... ဒီကမ္ဘာကြီးမှာ ငါဟာအုပ်စိုးရှင် ... အရာအားလုံး ငါ့ထိန်းချုပ်မှုအောက်မှာ ရှိတယ် ဟားဟားဟား ... ။ ”
ရီရှောင်မှ အော်ဟစ် ရယ်မောလိုက်၏။ စုရီသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်တွင်သာ ရှိသဖြင့် တာအိုကမ္ဘာကြီးကို ပုံဖော်နိုင်ခြင်း မရှိသေးချေ။
မှုန်ပျပျလင်းနေသော ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် တွင်းနက်ကြီးတစ်ခုကိုသာ မြင်နိုင်သည်။
ယင်းသည် သတ်ဖြတ်ခြင်း သွေးကမ္ဘာကြီးကဲ့သို့ သူ့ဒိုမိန်းကို ယှဉ်နိုင်စရာ အကြောင်းမရှိချေ။
သတ်ဖြတ်ခြင်းသွေးကမ္ဘာဟူသည် ပထမတန်းစား မဟာတာအို ဝိညာဉ်စက်ဝန်း ဖြစ်သည်။
ဧကရာဇ်များပင်လျှင် ထိတ်လန့်ရပြီး အဆုံးမရှိသော ဂုဏ်တော်ကို ချီးမွမ်းကြသည်။ ဆိုလိုသည်မှာ ရီရှောင်သည်သာ ဧကရာဇ် ဖြစ်သော် ဤဒိုမိန်းကြောင့် ဧကရာဇ်များကြား တောက်ပနေမည်ဟု အဓိပ္ပါယ်ရ၏။
“ သတ် ... ။ ”
ဓားသွားများ လေထဲဖြတ်သွားစဉ် သတ်ဖြတ်ခြင်းရည်ရွယ်ချက်သည် ယခင်ထက် အဆပေါင်း မရေမတွက်နိုင်အောင် အားကောင်းလာ၏။
“ ဟမ့် ... မဟာတာအို ဝိညာဉ် စက်ဝန်းဆိုတာ ဒိုမိန်းတစ်ခုပဲ ... မင်းကိုယ်မင်း အုပ်စိုးရှင်လို့ခေါ်ဖို့ လုံလောက်ပြီထင်လား။ ”
စုရီက လှောင်ပြော်ငလျက် ရှေ့သို့လှမ်းတက်လာရာ သဏ္ဍမဲ့စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းသွေးကမ္ဘာကို တုန်လှုပ်သွားစေတော့၏။ ထို့နောက် သူ့ညာလက်က လေထဲတိုးဝင်လာသည်။
“ ကလန် ... ။ ”
“ ဝုန်း ... ။ ”
၎င်းသည် သာမန်ဆန်သော်လည်း စွမ်းအားသည် ပေါ့ပါးခြင်း မရှိချေ။ ဓားသွားဖြင့် ထိမှန်ပြီး ပေါက်ကွဲသံများ ညံသွားသည်။
“ ဟိတ် ... ။ ”
ရီရှောင်တစ်ယောက် အမူအရာ ပြောင်းလဲသွားကာ ခြေတစ်လှမ်း ဆုတ်ခွာပေး လိုက်ရသည်။
နောက်ထပ် တိုက်ခိုက်မှုများ မပြုလုပ်မီ စုရီကလေထဲခုန်တက်ကာ သူ့ရှေ့လေဟာနယ် အပေါ် ပုတ်လိုက်ပြန်၏။
“ ရွှပ် ... ရွှပ် ... ။ ”
မရေမတွက်နိုင်အောင် ပြိုးပြိုးပြက်ပြက်လင်းလက် တောက်ပနေသော ဓားအလင်းများ ထွက်ပေါ်လာသည်။
အကန့်အသတ်မရှိ ခမ်းနားလှကာ သတ်ဖြတ်ခြင်းသွေးကမ္ဘာကြီးအပေါ် ပြင်းစွာ တုန်ဟည်းသွားစေ၏။
“ ဝုန်း ... ။ ”
ထိုချီဓားသည် အဆုံးမဲ့ သွေးပင်လယ်ကိုဖြိုခွဲကာ သစ်တောကဲ့သို့ များပြားလှသော အလောင်းကောင်များကို ကွဲထွက်သွားစေသည်။
ဒိုမိန်းအတွင်း ဖုံးလွှမ်းနေသော သတ်ဖြတ်ခြင်း၊ ပျက်စီးခြင်းစသည့်တာအိုသည် အသေးစားပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။
“ သေလိုက်တော့ ... ။ ”
ရီရှောင်တစ်ယောက် အမူအရာ မည်းမှောင်သွားပြီး သူ့ဓားကို ဒေါသတကြီးဖြင့် ချက်ချင်းလွှဲလိုက်ရသည်။ မဟုတ်သော် သူ့ဒိုမိန်းသည် ပြိုကျသွားနိုင်၏။
“ ကလန် ကလန် ... ။ ”
“ ဘဘ်လော်ကတောင် ... ကြောက်စရာ ကောင်းလိုက်တဲ့ ဓားရည်ရွယ်ချက်နဲ့ ... အခြေခံ အုတ်မြစ် ... ။ ”
ဓားချီက နတ်ဘုရားဒေါသဖြင့် ထိမှန်ပြီး သူ့ကိုထပ်မံဆုတ်ခွာစေသည်။ ဤရလာဒ်သည် ရီရှောင်အတွက် အန်ညးငယ် စိတ်ပျက်စရာ ကောင်းနေ၏။
သတ်ဖြတ်ခြင်းသွေးကမ္ဘာကြီးတွင် သူသည်အုပ်စိုးရှင်ဖြစ်သော်လည်း ဓားတစ်လက် အပေါ်ပင် မဟန့်တားနိုင်သေးချေ။
နတ်ဘုရားဒေါသသည် ပြင်းထန်စွာ တုန်လှုပ်လာပြီး သွေးနှင့်ချီများပေါက်ကွဲလာ၏။ သူသည် ခွင်းဝူတောင်၏ ကျော်ကြားသော လူသတ်သမား ဖြစ်သည်။
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်မှ တစ်စုံတစ်ဦး၏ ခွန်အားနှင့်အုတ်မြစ်သည် သူ့ထက်သာလွန်နေသည် ယုံကြည်ရန် ခက်ခဲစေ၏။
သူတည်ဆောက်ထားသည့် အခြေခံအုတ်မြစ်သည် ခေတ်ပြိုင်လူငယ်များ၌ ပြိုင်ဘက်ကင်းပေပင်။
သူ့အုတ်မြစ်သည် အရိုင်းမြေကိုးပါးရှိ အထွတ်အထိပ်ပါရမီရှင်များနှင့် ပခုံးချင်းယှဉ် ရပ်တည်နိုင်သည်။
သို့သော် ဤမိုးပြာတိုက်ကြီးရှိ လူငယ်တစ်ယောက်လက်တွင် ကူကယ်ရာမဲ့နေ သည်မှာ ရှက်စရာပေပင်။
“ ဘောင်း ... ဘောင်း ... ။ ”
ထိုကိစ္စအပေါ် ထပ်မံမစဉ်းစားနိုင်မီ သတ်ဖြတ်ခြင်းသွေးကမ္ဘာကြီးသည် ဖိအားကို မခံနိုင်တော့ဘဲ ပြင်းထန်စွာ တုန်လှုပ်လျက် ပြိုကျသွားတော့သည်။
မီးတောင်တစ်လုံး ပေါက်ကွဲသွား သလိုပေပင်။ ကောင်းကင်ကြီးပြိုကျသကဲ့သို့ လေဟာနယ် ကမောက်ကမ ဖြစ်ကုန်သည်။
ရီရှောင်သည်ပင် အထိန်းအကွပ်မဲ့စွာ ပေထောင်ချီလွင့်စဉ်လျက် မျက်နှာနီမြန်းလာပြီး ပါးစပ်မှ သွေးများစီးကျသွားသည်။
ဤအခင်းအကျင်းသည် ရီမိသားစု၏ ခံယူချက်များကို ရိုးရှင်းစွာ ပြောင်းလဲသွားစေ တော့၏။ ခံစားချက်များ ဗလာဖြစ်ကုန်သည်။ ရီရှောင်သည် ကျင့်ကြံမှုစတင်ချိန်မှစကာ တစ်ကြိမ်မှ မရှုံးဘူးချေ။
“ မင်းရဲ့ မဟာတာအိုဝိညာဉ်စက်ဝန်းက တကယ့်ကို ထူးခြားနေပေမယ့် ငါ့အတွက်တော့ ဒီလိုစွမ်းအားမျိုးက သာမန်ပါပဲ သူ့ကိုချိုးဖြတ်ဖို့ ဓားတစ်ချက်ပဲလိုတယ်။ ”
ကောင်းကင်အမိုးခုံးအောက်တွင် အဖျက်စွမ်းအားလှိုင်းများ ပျောက်ကွယ်သွားကာ စကားသံနှင့်အတူ စုရီရုပ်သွင် ပေါ်လာ၏။
“ မှန်တယ် ... တာအိုအုတ်မြစ်ချင်း ယှဉ်ရမယ်ဆိုရင် ... မင်းက ငါ့ထက်သာတယ် ဒါပေမယ့် ... ဒီလိုပြိုင်ဘက်နဲ့ တွေ့ခွင့်ရဖို့ ငါစောင့်မျှော်နေခဲ့တာ မသိပါဘူး။ ”
ရီရှောင်က နှုတ်ခမ်းမှ သွေးများကို လက်ခုံဖြင့်သုတ်ကာ တုန့်ပြန်သည်။ အသံသည် ကောင်းကင်နှင့် မြေကြီးကြားပဲ့တင်ထပ်လျက် ကြည့်ရှုနေသူများကို အံ့အားသင့်သွားစေ၏။ ရီရှောင်၌ ဝှက်ဖဲများ ရှိနေတုန်းပေပင်။
“ ဒါပေမယ့် ... ငါ့အတွက်တော့ တကယ်စိတ်ပျက်စေတယ်။ ”
စုရီက ခေါင်းခါသည်။ ပြိုင်ဘက်ကို ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်နေခြင်းမျိုး မဟုတ်ချေ။
ထိုစဉ်က ရီရှောင် အကြောင်းကြားသောအခါက အနည်းငယ် စိတ်ဝင်စားခဲ့၏။
သို့သော် ကံဆိုးစွာဖြင့် သူသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ရောက်ရှိခဲ့ရာ တစ်ဖက်လူအတွက် ပြိုင်ဘက်အဆင့်၌ မရှိတော့ချေ။
“ စိတ်ပျက်စရာကောင်းလား ... ဟားဟားဟား ကောင်းပြီ ဒီနေ့ဘယ်လောက် စိတ်ပျက်စရာကောင်းလဲ ကြည့်ရအောင်။ ”
“ ဘရူး ... ။ ”
ရီရှောင်၏ ရယ်မောခြင်းသည် ယုံကြည်ချက်နှင့် ရူးသွပ်မှုနှစ်ရပ်လုံးပါရှိနေ၏။ လက်ထဲရှိဓားသည် ဒေါသထွက်လာကဲ့သို့ တဆက်ဆက်တုန်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယို အလင်းများ ဖြာထွက်လျက် ရောင်ဝါကို အဆင့်သစ်သို့ရောက်ရှိစေ၏။
ဓားကိုယ်ထည်ရှိ အနက်ရောင် မျှော့ကြိုးသည် ရက်စက်ကြမ်းကြုတ်သော လူသတ်ရန် ရည်ရွယ်ချက် ပြသလာသည်။
“ စုရီ သတိထား ... နတ်ဘုရားဒေါသကို အသက်သွင်းနေတာ ... သူက ဧကရာဇ်တစ်ပါး တန်ခိုးတော်ပဲ။ ”
ရီယွင်လန်၏ စိုးရိမ်နေသောအသံသည် ကောင်းကင်ဘုံ ကိုးပါးတိုင်အောင် ပျံ့နှံ့သွား၏။ ရီရှောင်မှ လှောင်ပြောင်လိုက်သည်။
“ သတိပေးနေတာလား အရမ်းနောက်ကျသွားပြီ ဟားဟားဟား။ ”
ထို့နောက် ကောင်းကင်ပေါ် ခုန်တက်လိုက်ကာ ရုတ်တရက် ဆေဘာဖြင့် ခုတ်ချလာတော့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးသည် အဆုံးမဲ့ ထာဝရအမှောင်ညထဲသို့ ထိုးကျသွားသကဲ့သို့ ရုတ်ချည်း မှောင်သွား၏။
“ ဝှစ် ... ။ ”
ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်သည် လှိုင်းတံပိုးများကဲ့သို့ လွင့်ထွက်ကုန်သည်။
ကြွေလွင့်ပွင့်တောင်တန်း တစ်လျှောက် မက်မွန်ပွင့်များညှိုးနွမ်းလာကာ ကြွေလွင့်ကျ လာတော့၏။
ကြွေလွင့်ပန်းတောင်ဟူသော အမည်ဖြင့် လိုက်ဖက်ချေပြီ။ လေဟာနယ်အတွင်း မှုန်ဝါးဝါး ရုပ်သွင်တစ်ခုပေါ်လာ၏။ ဧကရာဇ်တစ်ပါး၏ အသွင်အပြင်ပေပင်။
ရီရှောင်မှ ဒေါသတကြီး တိုက်ခိုက်လိုက်သောအခါ ထိုဧကရာဇ်သည် ဓားရည်ရွယ်ချက်အဖြစ် ပေါင်းစပ်သွား၏။
ဤခုတ်ပိုင်းချက်သည် မည်မျှ ကြောက်စရာကောင်းမည်ကို ရိုးရှင်းစွာ ဖော်ပြနိုင်ခြင်း မရှိတော့ချေ။
“ အရမ်း ထက်ရှတယ် ... ။ ”
ကောင်းကင်နှင့် မြေကြီး နှစ်ပိုင်းပြတ် သွားသော အလင်းတန်းတစ်ခုဖြင့် လေဟာနယ် ပြိုကျလုနီးပါး တုန်ခါလာ၏။ လူတိုင်းအသက် မရှူ၊ မျက်နှာ မလွှဲချေ။
မဟုတ်သော် တစ်စုံတစ်ရာ လွှဲချော်သွားမည်ကို စိုးရွံ့နေကြ၏။ တစ်ဖက်၌ စုရီမှ သက်ပြင်းချသည်။
“ အရမ်း နှေးတယ် ... ။ ”
“ ချွင် ... ။ ”
စုရီက ကောင်ကင်မိစ္ဆာဓားကို ဆွဲထုတ်လိုက်ရာ အချိန်များ ရပ်တန့်ကုန်၏။ လူအများအမြင်၌ ကြယ်မြစ်ကြီးတစ်စင်းမှာ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။
ရီရှောင်တစ်ယောက် မျက်ခုံးပင့်မိ၏။ အဘယ့်ကြောင့်ဆိုသော် စုရီသည် ရုတ်ချည်း ပျောက်ကွယ်သွားကာ သူ့အနောက်ဘက် ပေတစ်ရာအကွာ၌ ကျောပေးလျက် ရောက်ရှိနေသောကြောင့်ဖြစ်သည်။
“ ခရစ် ... ။ ”
အဆုံးတွင် ကောင်းကင်နှင့် မြေကြီးသည် ကင်းဗတ်စတစ်စကဲ့သို့ အက်ကွဲလာတော့သည်။ သွေးများသည်လည်း ချက်ချင်းပန်းထွက်လျက် ခန္ဓာကိုယ်ကြီး နှစ်ခြမ်းကွဲကျသွား၏။
***