← Chapters

သတ်ဖြတ်ခြင်း သွေးဒိုမိန်း ... ။

Vol. 50 Ch. 593

သတ်ဖြတ်ခြင်း သွေးဒိုမိန်း ... ။

Vol. 50 Ch. 593

ရီယွင်လန်တစ်ယောက် နှလုံးသား တစ်ခုလုံးယားယံလာ၏။ သူသည် ခွင်းဝူတောင် ရီမိသားစုမှ ဖြစ်သည်။ ထို့ကြောင့် ဤရီရှောင် မည်မျှရူးသွပ်သည်ကို သဘာဝအတိုင်း သိ၏။

“ နတ်ဘုရားဒေါသလား ဘယ်လောက်တောင် အထိန်းအကွပ်မဲ့လိုက်တဲ့ နာမည်လဲ။ ”

စုရီမှ ခေါင်းခါလိုက်သည်။

“ နာမည်က ဘယ်လောက် အထိန်းအကွပ်မဲ့နေပါစေ ကိစ္စမရှိဘူး ငါ့ဆန္ဒနဲ့ ကိုက်ညီနေသရွေ့တော့ လုံလောက်ပါပြီ။ ”

စကားဆုံးသည်နှင့် ရုတ်တရက် လေထဲ ခြေတစ်လှမ်းတိုးကာ သူ့ဓားကိုင်လျက် စုရီထံ ချဉ်းကပ်လာသည်။

“ မင်းဓားကို ဘာလို့ မဆွဲသေးတာလဲ။ ”

ခြေလှမ်းတိုင်း လေဟာနယ်ကို ပြိုကျသွားစေပြီး သတ်ဖြတ်လိုသောဆန္ဒမှာ ပို၍ မြှင့်တက်လာ၏။ ဤကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် စုရီသည် လက်ဗလာဖြင့် ရပ်နေဆဲပေပင်။

“ မင်းရဲ့ခွန်အားက ဒီလောက်ပဲဆိုရင် ငါ့ဓါးကိုဆွဲဖို့ မလိုသေးဘူး ... ။ ”

စုရီက လက်နှစ်ဖက်ကို နောက်ပို့ကာ တုန့်ပြန်၏။

“ ဟားဟားဟား ... ။ ”

ရီရှောင်က အော်ဟစ် ရယ်မော လိုက်လေသည်။ ခြေလှမ်းကိုးလှမ်း လှမ်းပြီး ရောင်ဝါသည် အထွတ်အထိပ်ရောက်ရှိလာကာ နတ်ဘုရားဒေါသမှ ရူးသွပ်စွာတုန်ခါလာ၏။

သတ်ဖြတ်ခြင်းဟူသည် အဘယ်နည်း။ တစ်စုံတစ်ယောက်၏ ရှင်သန်လိုသော ဆန္ဒကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြစ်၏။

ငရဲကမ္ဘာမှ လာသော နတ်ဆိုးဖြစ်စေ၊ ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရား ဖြစ်စေ ရှင်သန်လိုကြသည်။

“ ရွှပ် ... ။ ”

ရုတ်တရက် ဓားအလင်းတစ်လက် လေဟာနယ်ကိုခွဲကာ ပျံသန်းလာ၏။ ဓားရှိ သတ်ဖြတ်လိုခြင်းကြောင့် သွေးထွက်သံယို ဖြစ်စဉ်များ လိုက်ပါလာတော့သည်။

လေထုသည် လေးလံလွန်းသဖြင့် ကမ္ဘာကြီးတစ်ခုလုံး အမှောင်ထဲကျရောက်သွား ချေပြီ။

စုရီက ရှောင်တိမ်းရန် ဆန္ဒမရှိဘဲ မူလနေရာတွင် မလှုပ်မယှက်ဖြင့် ရပ်နေကာ တံဆိပ်များ ဖန်တီး၏။

“ ဝူး ... ။ ”

လက်ဖဝါးပုံရိပ်ကြီး ကောင်းကင်မှ ပြိုကျလာသည်။ ကောင်းကင်နှင့် မြေကြီးကြား မည်သည့်အရာမျှ သူ့လမ်းကို မတားနိုင်ချေ။

“ ဝုန်း ... ။ ”

ဓားအလင်းသည် လက်ဖဝါးပုံရိပ်နှင့် ထိမှန်ချိန်၌ လေဟာနယ် ပြင်းစွာ တုန်ခါလျက် ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့သည်။

မီးများ မိုးရွာသကဲ့သို့ ပြန့်ကျဲနေပြီး ကြောက်မက်ဖွယ်ရာကောင်းသော အဖျက် စွမ်းအားများ ပြန့်ကားကုန်၏။

“ ဟိတ် ... ။ ”

လက်ဖဝါး တံဆိပ်သည် ရီရှောင်ထံ ဆက်လက် ပြိုကျနေသည်။ တိုက်ပွဲဝင်ဆန္ဒများ တောက်လောင်လျက် ကြွေးကြော်သံပြုကာ ရီရှောင်က ဓားဖြင့် ပိုင်းချလိုက်သည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

ဓားအလင်းများခမျာ လျှပ်စီးများအလား လေပြင်းမုန်တိုင်းကို လှုံ့ဆော်ပေးလာတော့၏။ စူးရှသောအလင်းသည် ကောင်းကင်ပေါ် ပျံတက်သွားချေပြီ။

သို့သော် ရလာဒ်သည် သူ့ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ လက်ဖဝါးချက်သည် တုနှိုင်းမဲ့ ကြောက်စရာ ကောင်း၏။

“ ရွှပ် ... ရွှပ် ... ။ ”

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

ဓားချက်(၁၃)ချက်လုံး ထုတ်လွှတ် ပြီးမှသာလျှင် လက်ဖဝါးကြီးသည် ကွဲအက် သွားတော့သည်။ ရီမိသားစုဝင်များအားလုံး အမူအရာများ ပြောင်းကုန်၏။

လက်ဖဝါး တစ်ချက်တည်းဖြင့် ရီရှောင်ကဲ့သို့သောလူပင် အကြိမ်ပေါင်းများစွာ ဓားကိုလွှဲခဲ့ရသည်။

ညံဖျင်းမည်ဟု ယူဆခဲ့သော ဤစုရီသည် သူတို့ ထင်ထားသည်ထက် ပိုမိုသန်မာနေချေ၏။ စုရီသည် ဝိညာဉ်ပေါင်းစည်းခြင်း နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ဤမျှအစွမ်းထက်​နေလိမ့်မည်ဟု မှန်းဆထား​ခြင်းမရှိချေ။

စုရီသည် အချိန်မပေးချေ။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

“ ဟိတ် ... ။ ”

ကောင်းကင်ကြီး ပေါက်ကွဲလျက် တိမ်ပင်လယ်ပြိုကျ ပျက်ပြယ်သွား​တော့၏။ ဤတစ်ကြိမ် လက်သီးချက်ဖြစ်သည်။

ထိုကြောက်မက်ဖွယ် ကောင်းသော လက်သီးချက်သည် ပြိုးပြက်လျက် ကြည့်ရှု နေသူများမျက်လုံးကို ကျိန်းစပ်သွားချေပြီ။

“ ဟား ဟား ဟား ... ကောင်းလိုက်တာ ... ။ ”

ရီရှောင်မှ မျက်လုံးများ တောက်ပလာပြီး ရယ်မောသံများမှာ လေဟာနယ်ကို လှုပ်ခါသွား စေတော့၏။

သူသည်လည်း နောက်မဆုတ်ချေ။ ယင်းအစား ဓားလွှဲလျက် ဆီးကြိုပြီးတိုက်ခိုက် လိုက်လေသည်။

“ ဘောင်း ... ။ ”

“ ဖျပ်ဖျပ်ဖျပ် ... ။”

ဓားချီများမှာ နဂါးများအလား ပြေးထွက်ကုန်၏။ သို့သော် မျက်စိတစ်မှိတ် အတွင်း မြေကြီးတုန်ခါ​စေသော တိုက်မိမှု​ဖြင့် ပြန်ဆုတ်လိုက်ရသည်။

ကောင်းကင်တွင် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ တဟုန်းဟုန်းတောက်ကာ ခြေဖဝါးအောက်ရှိ လေဟာနယ် ပြိုကျနေ၏။

ချောမောသော မျက်နှာသည် အဖြူနှင့်အစိမ်းတလှည့်စီ ပြောင်းကုန်သည်။ ဤတစ်ကြိမ် ရလာဒ်သည် အနည်းငယ် အမြင်မတော်ပုံ ပေါက်​နေ၏။

“ ဒါ ... ။ ”

ရီမိသားစုဝင်များသည် နောက်တစ်ကြိမ် အံ့အားသင့်သွားကြသည်။ သူတို့ ဦးရေပြားများ ထုံကျင်လာပြီး တည်ငြိမ်မှု ပျောက်သွား၏။

ပထမအကြိမ်သည် ရီရှောင်၏ ပေါ့ဆမှုဆိုသော် ယခုအကြိမ်သည် ရှင်းပြစရာ စကားလိုပေမည်။

သို့သော် ဤအရာအားလုံးအတွက် ရှင်းလင်းချက်မှာ တစ်ခုသာရှိ၏။ လွန်ခဲ့သည့် ရက်များက ဆေးကိုးကိုးပါးမြို့ အပြင်ဘက်ရှိ တိုက်ပွဲတွင် စုရီသည် ခွန်အားကို အပြည့်အဝမသုံးခဲ့​ချေ။

တစ်နည်းဆိုရသော် သူ့စွမ်းရည်များ တိုင်းတာရန် ထိုတိုက်ပွဲကို အသုံးပြုခြင်းသည် အန္တရာယ်ရှိသော လွဲမှားမှုပေပင်။

“ ဘယ်​​လောက်​တောင် အစွမ်းထက်​လဲ။ ”

ရီရှောင်သည်လည်း အလွန် စိတ်လှုပ်ရှားသွားပြီး နှလုံးသွေးများ ပွက်ပွက်ဆူ လာတော့၏။ ဖြစ်နိုင်ပါက ဤတိုက်ပွဲကို ဗုံတီးကာ အားပေးလိုက်ချင်သည်။

“ ဟမ့် ... စိတ်မလှုပ်ရှားနဲ့ဦး ဒါသာမန်ပေါ့ပေါ့ပါးပါး လက်ဖဝါးနဲ့ လက်သီးပဲ ရှိသေးတယ်။ ”

စုရီမှ ပြုံးလျက် နောက်ထပ် လက်သီးတစ်ချက် ထပ်ပစ်သည်။ သူ့အဆင့်၌ လှုပ်ရှားမှုတိုင်းသည် မဟာတာအိုအမှန်တရား ပါရှိနေပြီဖြစ်၏။

အကြင်သူသည် လုံလောက်စွာ အားကောင်းလာသောအခါတွင် တုန်လှုပ်ဖွယ် ထိပ်တန်းနည်းစနစ်များ မလိုအပ်ချေ။

ထက်မြက်သော စွမ်းအားကြောင့် မြက်တစ်ပင်သည်ပင် အတားအဆီးအားလုံးကို ချိုးဖျက်သော ဓားဖြစ်နိုင်မည်။

ထို့ကြောင့် သတ်ဖြတ်ခြင်းတာအို မည်မျှရက်စက်ကြမ်းကြုတ်နေပါစေ လက်သီး တစ်ချက်ဖြင့် ဖြတ်ကျော်နိုင်ဆဲပေပင်။

“ ဟမ့် ... ။ ”

ရီရှောင်က အေးစက်စွာ နှာခေါင်းရှုတ်ပြီး ရက်စက်ကြမ်းကြုတ်သော အကြည့်ပေါ်လာ၏။ ထို့နောက် ဝိညာဉ်ပြောင်းလဲခြင်း ခွန်အားကို ထုတ်ဖော်လိုက်တော့သည်။

“ အသက်ဝင် ... ။ ”

သူ့နောက်၌ ကြောက်စရာကောင်းသော သွေးကမ္ဘာကြီးတစ်ခု ပေါ်လာပြီး အလောင်းများ ထပ်နေတော့၏။

ကမ္ဘာကြီးအတွင်း သွေးပင်လယ်တစ်စင်း စီးမျောနေကာ ဖျက်ဆီခြင်းရောင်ဝါများစွာဖြင့် ပြည့်လျှံနေချေပြီ။

သတ်ဖြတ်ခြင်းကမ္ဘာခေါ် မဟာတာအိုစက်ဝန်း။ ဤသည်မှာ ရီရှောင်၏ ဝိညာဉ်ပြောင်းလဲခြင်း စွမ်းအားဖြစ်၏။

ထိုတာအိုစက်ဝန်းသည် စုရီအပေါ် လုံးလုံးလျားလျား ဖုံးလွှမ်းကာ ကမ္ဘာကြီးနှင့် ခွဲထုတ်ပစ်လိုက်သည်။

သွေးပင်လယ်သည် ပွက်ပွက်ဆူလာပြီး လူသေအလောင်းများမှာ သစ်ပင်များကဲ့သို့ များပြားနေ၏။

ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားသည် လှိုင်းအဖြစ်ပြောင်းလဲကာ အရပ်ရပ်သို့ ပျံ့နှံ့ကုန်သည်။

ဤနေရာတွင် ပိတ်မိနေသော ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတိုင်းသည် ပြင်းထန်သော ဖိအားအောက်၌ အသတ်ခံရမည်ဖြစ်၏။

စုရီသည် ရုတ်တရက် သွေးလွှမ်းနေသော ကမ္ဘာကြီးအတွင်းသူ့ကိုယ်သူ တွေ့ရှိလိုက်သဖြင့် မျက်ခုံးပင့်သည်။ ထိတ်လန့်ခြင်းမရှိချေ။

အမူအရာမှာ ငြိမ်သက်နေပြီး တံဆိပ်များ ဖော်ဆောင်လိုက်၏။ အံ့သြဖွယ်စွမ်းအားတစ်ခု သူ့ကိုဗဟိုပြုလျက် အလင်းစက်ဝိုင်းအသွင် ဖြစ်ပေါ်လာတော့သည်။

ထိုအလင်းစက်ဝိုင်းသည် ကြိတ်ဆုံကျောက်ကဲ့သို့ ဖြည်းညှင်းစွာ လှည့်ပတ်လာတော့၏။

တဟုန်းဟုန်း တောက်နေသော သွေးလှိုင်းများက ကမ်းခြေကို ရိုက်ခတ်သွား သလိုမျိုး ထိုအလင်းစက်ဝန်းအတွင်း တိုးဝင်ပျောက်ကွယ်သွားသည်။

“ ဟမ့် ... ။ ”

နတ်ဆိုးစစ်တပ်ကြီးများကဲ့သို့ လှုပ်ရှားလာသော အလောင်းကောင်များခမျာ တစ်ခုပြီးတစ်ခု ပြန့်ကျဲသွား၏။

ဤသည်မှာ ရီ‌ရှောင်၏ သတ်ဖြတ်ခြင်း သွေးကမ္ဘာကဲ့သို့ မဟာတာအိုဝိညာဉ်အလင်း စက်ဝန်းကောက်ကြောင်း ဖြစ်ချေပြီ။

အဓိပတိနန်းတော်နှင့် စကြာဝဠာနိယာမတို့ကို ပေါင်းစည်းထားသော ကမ္ဘာဦးတာအိုဖြစ်လေသည်။

***

All Chapters