ငါမင်းရဲ့ သေခြင်းတရားတွေကို မြင်တယ်
Vol. 13 Ch. 181
ကျောင်းသားကောင်စီတံဆိပ်တိုင်းသည် ကောင်းယန်၏အစိတ်အပိုင်းဖြစ်သည်။နောက်ဆုံးတွင် စီတုအန်းသည် ကောင်းယန်၏မူလခန္ဓာကို တွေ့လိုက်ရသည်။၎င်းသည် နေ့တိုင်း သူ့ပတ်ဝန်းကျင်တွင် လမ်းလျှောက်နေခဲ့ကြခြင်းပင်။စီတုအန်း ထိုဖြစ်နိုင်ခြေကို အရင်က မစဉ်းစားဖူးပေမယ့် ကောင်းယန် က ယင်းကို လုပ်မည်ဟု ထင်မထားပေ။ သူ့ကိုယ်သူ ဖုံးကွယ်ဖို့ ပိုကောင်းတဲ့နည်းလမ်းများစွာ ရှိခဲ့သည်။
သွေးထွက်နေသော မျက်နှာကိုအုပ်ကိုင်ထားရင်း ဒေါက်တာလုခန္ဓာအတွင်းရှိ စီတုအန်း၏အသိစိတ်သည် သူ့ခန္ဓာကိုယ်က လျင်မြန်စွာပြိုကျနေကြောင်း ခံစားမိသည်။သူ့ခန္ဓာကိုယ်တွင် အနက်ရောင်လိုင်းများ ကြီးထွားလာခဲ့သည်။၎င်းတို့သည် နာကြည်းမှုများပြည့်နေသည့် အမွှေးအမျှင်ကဲ့သို့ဖြစ်သည်။သူတို့စုစည်းလာသည်နှင့် သေမင်းဓာတ်ပုံအဖြစ် ရေးဆွဲလိမ့်မည်ဖြစ်သည်။
"ဒါက ဘယ်လိုထူးဆန်းတဲ့ စွမ်းအားမျိုးလဲ "
ကောင်းယန်သည် ဘတ်စ်ကားပေါ်တွင် မည်သည့်အရာများကြုံတွေ့ခဲ့ရကြောင်း စီတုအန်း မသိပေ။သူသည်မှာ ကောင်းယန်သည် ကံကြမ္မာမှ လွတ်မြောက်ခဲ့သော လူတစ်ယောက်ပင်။အဘယ်ကြောင့်ဆိုသော် အဖြစ်အပျက်ပြီးသည်နှင့် ကောင်းယန်သည် သူ့နယ်မြေသို့ ချက်ခြင်းပြောင်းရွှေ့သွားသောကြောင့်ဖြစ်သည်။သို့သော် သူက ကောင်းယန်သည် ကျောင်းစည်းကမ်းများကို မြန်မြန်ဆန်ဆန် ကျွမ်းကျင်ရန် မမျှော်လင့်ထားပေ။ သူ၏အခြားနည်းလမ်းများအတွက်မဟုတ်ပါက စီတုအန်းသည် ကောင်းယန် ၏သတ်ဖြတ်ခြင်းကို ခံရနေပြီဟု ခံစားမိသည်။
"ဒီလို ပြီးပြည့်စုံတဲ့ သွေးကြောတစ်ခုကို ဖန်တီးဖို့ ကျန်းမာတဲ့ ကျောင်းသား ဘယ်နှစ်ယောက် သေဆုံးခဲ့ရလဲ ၊ ဒါဟာ ရှက်စရာပဲ ၊ ဒါပေမယ့် ကလေးရဲ့ စွမ်းအားတစ်ခုကို ဖော်ထုတ်ဖို့ အသုံးပြုတာက လုံးဝဆုံးရှုံးမှုတစ်ခုတော့မဟုတ်ဘူး "
အနက်ရောင်လိုင်းများသည် ဒေါက်တာလု၏ နှလုံးသားတွားထွက်လာပြီး သူ့မျက်နှာပေါ်သို့ရောက်လာကြသည်။၎င်းတို့သည် သူ့မျက်နှာကို အစိတ်စိတ်လှီးနေသော်လည်း သူပြုံးလိုက်သည်။
"သရဲဇာတ်လမ်းတွေထဲ သရဲတွေအတွက် ငါးပုံတစ်ပုံသာ အထူးစွမ်းအားတွေရှိကြတယ် ၊ သူတို့ထဲကမှ ဆယ်ပုံတစ်ပုံပဲ သူတို့ရဲ့နာကြည်းခြင်းအခန်းတွေဖန်တီးနိုင်ပြီး သရဲနီတွေဖြစ်လာကြတယ် "
ဒေါက်တာလုနောက် လိုက်ပါနေသည့် အရုပ်ဆိုးသော ကျောင်းသားများသည် ရေလွှမ်းမိုးမှုကြောင့် အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အကြီးအကျယ် ပုံပျက်ပန်းပျက် ဖြစ်နေ၏။သူတို့၏ အရေပြားများပေါ်တွင် ဒဏ်ရာများထွက်ပေါ်လာကြသည်။သို့သော်လည်း သူတို့၏ ဒဏ်ရာများမှ ထွက်လာသောအရာများသည် သွေးမဟုတ်ပဲ ပျစ်ချွဲနေသောအရိပ်တစ်ခုဖြစ်သည်။
"အဖေ..."
မကောင်းဆိုးဝါးကျောင်းသားများ၏လည်ပင်းတွင် အနက်ရောင်အိုင်ဒီကတ်များ ဝတ်ဆင်ထားကြသည်။သူတို့အားလုံးတွင် စီတု မျိုးရိုးနာမည်များရှိကြသည်။စီတုအန်းမွေးစားခဲ့သောထိုကလေးများသည် သူတိုတို့၏ အရေပြားများ ကွဲထွက်သွားသည်။ အရိပ်များဖြင့် ပြုလုပ်ထားသော အရိုးခေါင်းခွံများသည် အသားထဲမှ တွားထွက်လာကြသည်။ ကြီးမားသော အရိုးခေါင်းခွံများသည် ပူဖောင်းများကဲ့သို့ ဖောင်းကားလာ၏။အရိုးခေါင်းခွံတိုင်းတွင် ကျောင်းသားများ၏ အဆိုးမြင်ခံစားချက်များနှင့် နာကြည်းခြင်းအခန်းဖြစ်တည်မှုတစ်ခုတို့ ပါဝင်ကြသည်။
ဒေါက်တာလုသည် ကလေးများကို လျစ်လျူရှုလိုက်ပြီး
"သရဲနီတွေကြားက တိုက်ပွဲဟာ နာကြည်းခြင်းအခန်းကို သွေးတွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ် ၊ အိပ်မက်ဆိုးတွေကို ပြန်လည်တည်ဆောက်တာဟာ သရဲခြောက်တဲ့ အိမ်အဖြစ် ပြောင်းလဲသွားလိမ့်မယ် "
အရိပ်အရိုးခေါင်းများသည် အချင်းချင်းတိုက်မိနေကြသည်။ထိုအဓိပ္ပါယ်မရှိသော မြင်ကွင်းတစ်ခုသည် သာမန်လူတစ်ယောက်၏ အိမ်မက်ဆိုးထဲတွင်ပင် ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။
"တူညီတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ သရဲခြောက်တဲ့ အိမ်တွေကို စီစဉ်ပေးတာဟာ လူတစ်ယောက်ကို သေမင်းအဆောက်အဦးတစ်ခု ဖန်တီးဖို့ အခွင့်အရေး ပေးလိမ့်မယ် ၊ ဒါက ဟန်ဟိုင်းမှာ သရဲဇာတ်လမ်းအားလုံးကို ထိန်းချုပ်နိုင်တဲ့ ထူးခြားတဲ့ သရဲကို ဖြစ်ပေါ်လာစေလိမ့်မယ် "
အသွေးအသားများသည် နေရာအနှံ့ပျံ့ကြဲနေသည်။အရိုးများက အတွင်းအပြင် ရွဲ့စောင်းကုန်ကြသည်။အရိုးခေါင်းများသည် တစ်ခုခုကို အော်ခေါ်နေကြသည်။စီတုအန်းသည် နောက်ဆုံးယဇ်ပူဇော်မှုတစ်ခုအတွက် ကျောင်းကြီးကို ဓာတ်ကူးအဖြစ်အသုံးပြုချင်နေခြင်းဖြစ်သည်။သူသည် ကျောင်းရှိ လူတိုင်း ၊ သရဲတိုင်းကို အရိပ်ကမ္ဘာထံ စတေးလိမ့်မည်ဖြစ်သည်။ယန်ရှီကျီးနှင့်အဆုံးမရှိသော လူသားအုတ်ခဲများ၏ညည်းညူသံများက မြေအောက်မှ ထွက်ပေါ်လာကြသည်။သူတို့သည် အရိပ်များ၏ အကြီးအကျယ်ဖုံးလွှမ်းခြင်းခံနေရသည်။ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို အရိပ်ကမ္ဘာနှင့်လက်တွေ့ကမ္ဘာကြားတွင် တည်ဆောက်ထားခြင်းဖြစ်သည်။၎င်းတို့ကြားရှိ လမ်းကြောင်းကို တည်ဆောက်ရန်အတွက် လူသားအုတ်ခဲများကို အသုံးပြုခဲ့ကြသည်။ လမ်းကြောင်း ပြိုကျသွားသောကြောင့် စီတုအန်းသည် အရိပ်ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုကို လက်တွေ့ဘဝထဲသို့ ဆင်းသက်ရန် တွန်းအားပေးလိုခဲ့သည်။
သရဲများ၏ဟိန်းအော်သည် မြေအောက်တွင် ပဲ့တင်ထပ်နေ၏။အရိုးခေါင်းခွံများသည် ယဇ်ပလ္လင်တစ်ခုအဖြစ် ပေါင်းစပ်သွားကြသည်။အရိပ်ကမ္ဘာ၏ထောက်ပံ့မှုဖြင့် တစ်စုံတစ်ရာသည် အရိပ်ထဲမှ တွားထွက်လာချင်နေ၏။အရိပ်ကမ္ဘာကြောင့် ဟန်သဲ့ကိုယ်ပိုင်ကျောင်းသည် အပြည့်အဝ မွမ်းမံခံခဲ့ရပြီးဖြစ်သည်။စီတုအန်း၏အစီအစဉ်မှာ သူ့ကိုယ်ကျိုးအတွက် ကျောင်းတွင်းရှိအရာအားလုံးကို စတေးပြီးနောက် အရိပ်ကမ္ဘာနှင့်စုံစမ်းစစ်ဆေးရေးဌာနတို့၏ စွမ်းအားနှင့်အရင်းအမြစ်များကို အဆက်မပြတ်ပိတ်ဆို့ထားရန် တိုက်ခိုက်ခြင်း၏အနှစ်သာရကို အသုံးပြုရန်ဖြစ်သည်။
ယင်းသည် စီတုအန်းနှင့်ကောင်းယန်တို့ကြားမှ ကွာခြားမှုကို ပြသနေသည်။ကျောင်းကြီးသည် အရိပ်ကမ္ဘာ၏ကူးစက်ခံနေရကြောင်း ကောင်းယန်သိပေသည်။ထို့ကြောင့် သရဲဇာတ်လမ်းများသည် လက်တွေ့ကမ္ဘာကို မထိခိုက်စေရန် မည်သူ့ကိုမဆို ထွက်သွားရန် ငြင်းဆန်ခဲ့သည်။
"မင်း နောက်ထပ်တခြားလူတစ်ယောက်ရဲ့ အရေခွံထဲမှာ ပုန်းနေတာကို ငါမရှာနိုင်ဘူးလို့ ထင်နေလား ၊ ငါက ရုံးခန်းအဆောက်အဦးထဲကို အကူညီမဲ့နေတဲ့ ကျောင်းသားတွေပဲ လွတ်ခဲ့တယ်လို့ တကယ်ကြီးထင်နေတာလား "
ကောင်းယန်သည် သူ့လက်မောင်းပေါ်ရှိတံဆိပ်တွင် ရေးလိုက်သည်။ထို့နောက် သူ့အရေပြားကို ဆုတ်ဖြဲလိုက်သည်။သူ့အရေပြားအောက်တွင် စည်းမျဉ်းအသစ်တစ်ခု ထွက်ပေါ်လာလေသည်။
ဒေါက်တာလုသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။သူ၏ခန့်ညားသောမျက်နှာသည် ဆွေးမြေ့သွားခဲ့သည်။သူ့မျက်လုံးတစ်လုံးသည် ထွက်ကျလာပြီး သူ့မျက်နှာကား ဆီးနှင်းကဲ့သို့ အရည်ပျော်ကျလာသည်။စည်းမျဉ်းသည် စီတုအန်းကို ဖော်ထုတ်ရန်ပစ်မှတ်ထားခြင်းဖြစ်သည်။ဒေါက်တာလုသည် သူ့ခန္ဓာကိုယ်အား ဆက်ထိန်းမထားနိုင်တော့ပေ။သူ့သွားများကို ကိုက်ပြီး သူ့မျက်လုံးကို ဖုံးအုပ်လိုက်သည်။
"ဌာနချုပ်က ပို့လိုက်တဲ့ စစ်ကူနောက်တစ်သုတ်က မကြာခင်ရောက်လာတော့မယ် ၊ မင်းပေါ်လာတဲ့အချိန်ကနေ မင်းဟာ ဟန်ဟိုင်းရဲ့ဆန့်ကျင်ဘက်မှာ ရပ်နေတယ်လို့ဆိုလိုတာပဲ ၊ အဲဒီအခါမှာ မင်းဟာ လူလား အဖြစ်ရွေးချယ်မလား ဒါမှမဟုတ် သရဲအဖြစ် ရွေးချယ်မလားဆိုတာ မြင်ရဖို့ ငါမစောင့်နိုင်တော့ဘူး "
ဒေါက်တာလုသည် နောက်ထပ် စကားမပြောနိုင်တော့ပေ။သူ့ခန္ဓာကိုယ်နဲ့ အရိုးများက ပုတ်သိုးဆွေးမြေ့သွားသည်။လက်တစ်ဖက်သည် ညိုးနွမ်းသွား၏။ သူ့တစ်ကိုယ်လုံးရှိ သွေးများက မည်းနက်နေလေသည်။
ခွေးကြီး၏နောက်ကျောတွင် စီးနေသော ကောင်းမင်သည် အရာအားလုံးကို မြင်လိုက်ရသည်။သူသည် ကောင်းယန်၏စွမ်းအားကို ရှင်းရှင်းလင်းလင်းနားလည်သည်။သို့သော်လည်း ကောင်းယန်၏ ကျိန်စာစွမ်းအားထက်စာလျှင် နောက်အရာတစ်ခုက သူ့ကို ပိုထိတ်လန့်စေခြင်းဖြစ်သည်။နောက်ဆုံးအကြိမ် ကောင်းမင်ဥမင်ထဲက ထွက်လာချိန်တွင် သူသည် မျက်လုံးတစ်ဖက်ဆုံးရှုံး၍ လက်တစ်ချောင်းကျိုးနေခဲ့သည်။
ကောင်းယန်က စီတာအန်း ကျိန်စာတိုက်လိုက်သောအခါတွင် ဒေါက်တာလုသည် ဦးစွာ မျက်လုံး တစ်ဖက်ထွက်ကျခဲ့ပြီးနောက် သူ့လက်တစ်ဖက်က ရှုံ့တွသွားခဲ့သည်။
"သဲလွန်စတွေက နေရာအနှံ့ပဲ ၊ ကောင်းယန်က ငါ့ကို ဘာပြောဖို့ ကြိုးစားချင်နေတာလဲ "
မိုးရေသည် ကောင်းမင်၏နဖူးပေါ်တွင် စီးကျနေသည်။သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ရာ ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်းမမြင်ရတော့ပေ။
"ကောင်းယန်ဟာ ငါ့သေဆုံးမှုတွေကို မြင်တယ် ငါထပ်ခါထပ်ခါ သေဆုံးနေတာကို သူမြင်တယ်၊ ငါသူ့ကိုရှာဖို့ ပြန်လာမယ်ဆိုတာ သူသိတယ် ၊ ငါက ငါ့ကတိကို ဘယ်တော့မှ မမေ့ခဲ့ဘူး! "
ကောင်းယန်သည် ထိုဘတ်စ်ကား၏ ယာဉ်မောင်းနှင့်တူသည်၊ သို့မဟုတ် သူသည် ယာဉ်မောင်းဘေးတွင် ထိုင်နေခြင်းဖြစ်သည်။
ကောင်းယန်ပြောသောစကားများကို ကောင်းမင် ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ မှတ်မိသည်။ အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုတို့ ရှိခဲ့သည်။ အရာအားလုံးသည် အဆက်အစပ်မရှိဟု ထင်ရသော်လည်း ၎င်းတို့သည် တစ်နည်းမဟုတ်တစ်နည်း ရောယှက်နေခဲ့သည်။
ကောင်းမင်သည် သူ၏သေဆုံးခြင်းများကို သူသာ သိလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ၏ စတေးခြင်းကို ရင်းနှီးသော အခြားလူတစ်ယောက် ရှိနေသည်ကို သူသဘောပေါက်မိခဲ့သည်။
သူအရာလုံးကိုမြင်သည်။ပြီးလျှင်သူသည် ကောင်းမင်၏အကောင်းဆုံး သူငယ်ချင်းဟောင်း ကောင်းယန်ဖြစ်သည်။
ကောင်းမင်က သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။ကောင်းယန်ထံ သူပို့ခဲ့သော မက်ဆေ့ကို သူဖတ်ကြည့်လိုက်သည်။အခြားကျောင်းသားများနှင့်ခြားနားစွာ ကောင်းမင်၏မက်ဆေ့သည် ရိုးရိုးရှင်းရှင်းပင်။
'ဘာတွေပဲ ဖြစ်လာဖြစ်လာ ကိစ္စမရှိဘူး ၊ မင်းကို ဒီကခေါ်ထုတ်သွားဖို့ ငါပြန်လာခဲ့မယ် ၊ ကျေးဇူးပြုပြီး တစ်ခါတော့ ငါ့ကို ယုံပေးပါ ! "
"ငါဟာ မရေမတွက်နိုင်တဲ့ သေခြင်းတရားတွေနဲ့ မရဏစက်ဝန်းကို ချိုးဖောက်ခဲ့ပြီးနောက် သားစားကြူးနတ်အပြည့်အစုံကို ရခဲ့တယ် ၊ ကောင်းယန်လည်း ဥမင်ထဲက လွတ်မြောက်သွားပြီး ကျောင်းမှာ ပေါ်လာခဲ့တယ် "
ကောင်းမင်၏ မျက်လုံးများ မှေးကျဉ်းထားသည်။ သူသည် ကျောင်းက ချမှတ်ထားသည့် စည်းကမ်းများကို ပြန်စဉ်းစားနေခြင်းဖြစ်သည်။
"သူဘယ်လိုလွတ်မြောက်သွားမှန်း ငါမသိပေမယ့် ရလဒ်အရတော့ ငါရဲ့ကတိကို ပြီးမြောက်ခဲ့တယ် "
ကံကြမ္မာက ထိန်းချုပ်ထားသော ကမ္ဘာကြီးတွင် ကောင်းယန်နှင့် ကောင်းမင်တို့သည် သူတို့သာ သိသော ကယ်တင်ခြင်းကို ပြီးမြောက်ခဲ့လေသည်။ သံသရာစက်ဝန်းနှစ်ခု၏ မွေးဖွားခြင်းများစွာနှင့် သေခြင်းတရားသို့ဦးတည်သော ခရီးများစွာတို့သည် ဆယ်စုနှစ်တစ်ခုအတွင်း ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ သံသရာစက်ဝန်းနှစ်ခုသည် အတိတ်နှင့် ပစ္စုပ္ပန်ဥမင်လိုဏ်ခေါင်းထဲတွင် တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ချိတ်ဆက်လျက် ရှိနေခဲ့ပေသည်။