← Chapters

စည်းရုံး‌ခြင်း

Vol. 13 Ch. 183

စည်းရုံး‌ခြင်း

Vol. 13 Ch. 183

"စီတုအန်းက ဒီထဲမှာ ပုန်းနေတဲ့ပုံပဲ "

ကောင်းမင်ရဲ၏နှလုံးသားထဲမှ သေခြင်းမှတ်ဉာဏ်သည် ဆိတ်သုဉ်းနေသည့်အမှတ်တံဆိပ်တစ်ခုကဲ့သို့ပင်။များစွာသော သေဆုံးမှတ်ဉာဏ်များ၏နာကျင်မှုသည် သူ့နာဗ်ကြောတိုင်းကို ထိုးဆွနေခြင်းဖြစ်သည်။သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ခွေးကြီးရှေ့တွင် တံခါးကို တွန်းဖွင့်လိုက်သည်။အတွင်းတွင် သွေးထွက်သံယို သို့မဟုတ် ခြောက်ခြားဖွယ်ရာများ မရှိပေ။ယင်းအား ရုံးခန်းအဆောက်အဦးတွင် အသန့်ရှင်းဆုံးအခန်းဟု သတ်မှတ်နိုင်သည်။ပိုင်ရှင်မှာ မလုပ်မနေရ ဖြစ်သကဲ့သို့ အရာအားလုံးကို သပ်သပ်ရပ်ရပ် စီစဉ်ပေးထားသည်။

"စောင့်ကြည့်ရေးခန်းလား "

အခန်းအတွင်းတွင် မော်နီတာများပြည့်နေသော နံရံတစ်ခုရှိနေသည်။အခန်းပိုင်ရှင်သည် ထိုအခန်းမှတဆင့် ကျောင်းတွင်ဖြစ်ပျက်သမျှ အများစုကို စစ်ဆေးနေဟန်ရှိသည်။မော်နီတာများသည် နံရံအတွင်း စိုက်ပျိုးထားသော မျက်လုံးများကဲ့သို့ ဖြစ်နေလေသည်။နံရံအနားရှိ စားပွဲပေါ်တွင် ကင်မရာတစ်လုံးနှင့် မိုက်ခရိုဖုန်းတစ်ခုရှိသည်။ပိုင်ရှင်သည် သူ့အမိန့်အားလုံးကို ထိုလျှို့ဝှက်ခန်းမှ ညွှန်ကြားနေပုံရသည်။

"ဟန်သဲ့ကိုယ်ပိုင်ကျောင်း တိုးချဲ့တာကို သူခွင့်ပြုခဲ့တာပဲ ၊ဒီလျှို့ဝှက်ခန်းနောက်မှာ သူရှိနေရမယ် "

ခွေးကြီးသည် သူ့ခေါင်းကို အတွင်းသို့ ပြူကြည့်လိုက်သည်။သူ့နှာခေါင်းကား တရှုံ့ရှုံ့ဖြစ်နေ၏။သူ့လက်သည်းများက လေထဲတွင် တရစ်ဝဲဝဲဖြစ်နေပြီး အခန်းထဲ ဝင်သင့် မဝင်သင့် တုံ့ဆိုင်းနေ၏။ သူသည် ကြောင်တစ်ကောင်၏ ခံစားချက်ကို ပေးစွမ်းနိုင်သော ခွေးတစ်ကောင်ဖြစ်သည်။

"စီတုအန်းက ဒီမှာပဲ ၊ ငါအာရုံခံလို့ရတယ် "

ကောင်းမင် သေချာပေသည်။ထိုသို့သူပြောလိုက်သည်နှင့် စခရင်အားလုံး ပြောင်းလဲသွားလေသည်။စခရင်များပေါ်တွင် အစက်အပြောက်များ တဖျတ်ဖျတ်ဖြစ်သွားပြီးနောက် စခရင်များထဲတွင် ကုလားထိုင်ပေါ်တွင်ရှိနေသော လူတစ်ယောက်ပေါ်လာ၏။သူ့ခန္ဓာကိုယ်အား ထူးဆန်းသည့်ပြွန်များဖြင့် ထိုးစိုက်ထားလေသည်။သူသည် နေမကောင်းဖြစ်နေပုံရသည်။သူ့အရေပြားများက ပုတ်ပွနေပြီး သေခါနီးဆဲဆဲဖြစ်နေသော်လည်း သူသည် ဖြောင့်တန်းစွာထိုင်နေပြီး အလွန်တည်ငြိမ်နေ၏။အရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက် ရှိနေသကဲ့သို့ပင်။

"စီတုအန်း"

ကောင်းမင်သည် စီတုအန်းကို မြင်ရလျှင် ဒေါသ သို့မဟုတ် နာကျင်မှုတို့ ခံစားရမည်ဟုတွေးထားသော်လည်း တကယ်တမ်းတွင် သူ့စိတ်သည် စီတုအန်းကို သတ်ချင်ရုံမျှသာဖြစ်ပြီး ထိုလူ့အား သူ့ညှင်းပန်းနှိပ်စက်ခန်းထဲ လှောင်ပိတ်ထားချင်ခြင်းဖြစ်သည်။

"ကောင်းမင် ပျမ်းမျှရလာဒ်တွေနဲ့ အခန်း ၁၃ ကျောင်းသားတစ်ယောက် ၊ အတန်းမှာ အဆင့် ၉ ၊ ဟန်ရှန်းအကျဉ်းထောင်က စိတ်ဆရာဝန်တစ်ယောက် ဒါပေမယ့် မင်းက ပြီးခဲ့တဲ့လက စိတ်ပညာစစ်ဆေးမှု ကျရှုံးခဲ့တယ် "

စီတုအန်း၏အသံသည် နေရာအနှံ့မှ ထွက်ပေါ်လာလေသည်။သူ့တည်နေရာအား ပြောပြရန် မဖြစ်နိုင်ပေ။

"ဒါက စုံစမ်းစစ်ဆေးမှုအသေးစိတ်အချက်အလက်တစ်ခုပဲ ၊ ခင်ဗျား ကျုပ်ကို အစကတည်းက သတိထားမိနေတာလား "

ကောင်းမင်သည် စီတူအန်းအား မည်သို့သော ကံကြမ္မာဇာတ်ညွှန်းကို ပေးခဲ့သည်ကို မသိသော်လည်း မည်သို့ပင် ဖြစ်စေကာမူ သူတို့အနက်မှ တစ်ဦးတည်းသာ ရှင်သန်နိုင်မည်ဖြစ်သည်။

စီတုအန်းက ခေါင်းခါလိုက်သည်။

"မင်းထက် အန္တရာယ်များတဲ့လူတွေ အများကြီးကို ငါတွေ့ဖူးတယ် ၊ မင်း ငါ့ကို ဘာအာရုံစိုက်မိစရာမှ မပေးခဲ့ပါဘူး ၊ ငါက မှတ်ဉာဏ်ကောင်းတစ်ခုရှိပြီး မင်းတို့အတန်းက လူတိုင်းရဲ့အကြောင်းကို ဖတ်ခဲ့မိရုံပါပဲ "

စီတုအန်း၏မျက်လုံးများသည် ကောင်းမင်အပေါ်တွင်ရှိနေရင်း ရုတ်တရက်မေးလိုက်သည်။

"ငါတို့ ဆုံဖူးသလား "

ကောင်းမင် မဖြေခဲ့ပေ။သူက စီတုအန်း၏တည်ရှိမှုကို ရှာရန်ကြိုးစားနေ၏။

"ငါတို့ မတွေ့ဖူးခဲ့ရင် မင်းက ဒေါက်တာလုရဲ့ လူသတ်သမားပဲဖြစ်မယ် ၊ ငါဒေါက်တာလုရဲ့ ခန္ဓာကိုယ်ထဲမှာ ပေါ်လာတုန်းက မင်းမျက်နှာက တုန်လှုပ်သွားပြီး သတ်ဖြတ်လိုတဲ့ဆန္ဒတစ်ခုပေါ်လာတဲ့ အခိုက်အတန့်ရှိခဲ့တယ် ၊ ဒါက မင်းဟာ ဒေါက်တာလုအစစ်က သေသွားပြီဆိုတာ သိလို့ပဲ ၊ ဒါပေမယ့် မင်း ဘာကြောင့် ဒေါက်တာလုကို သတ်ခဲ့တာလဲ ၊ သူက ငါ့အတွက် အလုပ်လုပ်ပေးပေမယ့် အခြားလူတွေရှေ့ ပေါ်လာတာ ရှားတယ် ၊ သူ့ကိုသတ်ဖို့ အခွင့်အလမ်းရှာဖို့ ဒီဟာကို မင်းကြိုတင်စီစဉ်ထားတာ ဖြစ်ရမယ် ဒါကြောင့် မင်းရဲ့ တကယ့်ပစ်မှတ်က ငါပဲ ၊ ငါ့ကိုနောက်မှ သတ်ရတာ ပိုလွယ်တာကြောင့် မင်းက ငါ့ကို ရိုးရိုးရှင်းရှင်းပဲ သတ်လိုက်တာ "

"ဒီလိုဆိုရင် မင်း ငါ့ကို အရင်ကတွေ့ဖူးပြီး သတ်ပစ်ဖို့ ခိုင်မာတဲ့ အကြောင်းပြချက် ရှိပြီးသား ဖြစ်ရမယ် "

ကောင်းမင်၏ပုံရိပ်သည် သူ့မျက်လုံးများထဲ ထင်ဟပ်နေလေသည်။စီတုအန်းသည် မိတ်ဆွေဟောင်းတစ်ယောက်နဲ့ စကားပြောနေရသကဲ့သို့ ဆက်လက်ပြောဆိုလိုက်သည်။

"အဲ့ဒီအကြောင်းပြချက်ကို ငါ့ကို ပြောနိုင်မလား ၊ ဒါငွေကြေးကြောင့်လား ၊ စွမ်းအားကြောင့်လား ၊ လက်စားချေတာလား ဒါမှမဟုတ် လူတွေကို ပိုကာကွယ်ဖို့လား "

ကောင်းမင်သည် သူ၏တည်နေရာအမှန်ကို ဆက်လက်ရှာဖွေနေချိန်တွင် စိတ်အနှောက်အယှက်မဖြစ်ဘဲ စီတုအန်းက ပြုံးလိုက်သည်။ သူ့မျက်လုံးများသည် သဘောကျမှုဖြင့် တောက်ပနေသည်။

"တကယ်တော့ ကျိုးကျွင်းထက်စာရင် ငါမင်းကို ပိုမျှော်လင့်ထားတယ် ၊ မင်းလိုချင်တာ အားလုံး ငါပေးနိုင်တယ် ၊ ငွေကြေး၊ အာဏာ ...မြို့တော်အရှေ့ပိုင်းမှာ ရှိသမျှပေါ့ ၊ ငါမင်းအတွက် ယူဆောင်ပေးနိုင်တယ် "

ကောင်းမင်၏ဆုံးဖြတ်ချက်ကို အာရုံခံမိသဖြင့် စီတုအန်း၏အပြုံးသည် ဖြည်းညင်းစွာ ‌ပျောက်ကွယ်သွားသည်။သူသည် ဒုက္ခအပေးနိုင်ဆုံးသော လူစားများကို‌တွေ့ဖူးခဲ့သည်။ထိုလူများသည် သာမန်လူများ မမြင်နိုင်‌သော အရာများအတွက် သတ်ဖြတ်ခဲ့ပြီး သူတို့ ပန်းတိုင်ကို ရောက်ရန် သူတို့အသက်များကို ကြိုးတန်းပေါ်တင်ထားကြသည်။

"ဒါက တရားမျှတမှုအတွက်လား"

စီတုအန်းက နောက်မှီလိုက်သည်။

"သဘောတရားဆိုတာ အရမ်းကို မသေချာမရေရာတဲ့ဟာပဲ ၊ မြို့‌တော်အရှေ့ပိုင်းက အိမ်ရာဈေးနှုန်းဟာ မြို့တော်အနောက်ပိုင်းရဲ့အိမ်ဈေးထက် ဆယ်ဆပဲ ၊ မြို့တော်အရှေ့ပိုင်းက အိမ်တွေကရွှေနဲ့လုပ်ထားလို့လား ၊ မဟုတ်ဘူးနော် ၊ မြို့တော်အရှေ့ပိုင်းဟာ ဟန်ဟိုင်းရဲ့ အဖွံ့ဖြိုးဆုံး ခရိုင်ဖြစ်ပြီးတော့ အနာဂတ်မှာ တန်ဖိုးရှိလာနိုင်မယ်လို့ လူတိုင်းက လက်ခံထားကြလို့ပဲ ၊ လူသားတွေနဲ့ အတူတူပဲ ၊ တရားမျှတမှုကို ကိုယ်စားပြုသည်ဖြစ်စေ ၊ ကိုယ်စားမပြုသည်ဖြစ်စေ လူထုအပေါ်ပဲ မူတည်တာပဲ "

"ငါဟာ စုံစမ်းစစ်ဆေးရေးဌာနတစ်ခုရဲ့ ဒုတိယအကြီးအကဲဖြစ်ပြီး ဟန်ဟိုင်းကို ကာကွယ်နေတာ ၊ မင်းကရော ၊ မင်းဟာ သရဲတွေနဲ့ မိတ်ဆွေလုပ်တယ် ၊ မင်းနဲ့ မင်းသူငယ်ချင်းတွေဟာ ကျောင်းကို ဖျက်ဆီးပြီး မူမမှန်မှုကို ထိန်းချုပ်မှုလွတ်အောင်လုပ်ခဲ့တယ် ၊ ဘယ်သူက တရားမျှတမှုဘက်က ရှိတယ်လို့ ထင်လဲ လူတွေကိုဘယ်သူက ကယ်တင်မှာလဲ "

စီတုအန်း၏တန်ဖိုးအရှိဆုံး‌အောက်ဆွဲငယ်သားကို ကောင်းမင်သတ်လိုက်သောကြောင့် သူ့မျက်လုံးများက ကောင်းမင်ဘက် လှည့်လာခဲ့သည်။

"ငါဟာ ဟန်သဲ့ရှုရှန်းအကယ်ဒမီကို ယန်ရှီကျီးဆီက လုယူခဲ့ပြီး ဒီနေရာကို အရိပ်ကမ္ဘာရဲ့ ညစာစားပွဲအဖြစ် ပြောင်းလဲခဲ့တယ် ၊ ငါ့ကို ရက်စက်တယ်လို့ မင်းမြင်ကောင်းမြင်နိုင်ပေမဲ့ ငါမရှိရင် လူတွေ ပိုသေကြလိမ့်မယ် "

"မြို့‌တော်က လူတိုင်းရဲ့အသက်နဲ့ဆက်စပ်နေတဲ့ စမ်းသပ်မှုတစ်ခုကို ငါလုပ်နေတယ် ၊ မတော်တဆမှုတွေဆိုတာ ရှောင်လွှဲလို့မရပေမယ့် သူတို့ရဲ့သေဆုံးမှုက ကမ္ဘာသစ်တစ်ခုဖန်တီးဖို့ အထောက်အကူဖြစ်စေမှာပဲ "

စီတုအန်းသည် စိတ်ဆိုးနေပုံမရချေ။ယင်းကို သူပျော်နေပုံရသည်။တံခါးသည် ပိတ်ဆို့နေ၏။ အခန်းတစ်နေရာရာတွင် သူရှိနေခြင်းဖြစ်သည်။

"၂၀ ရာစုအတွင်းမှာ အလုပ်သမားတွေရဲ့ စိတ်ဓာတ်တွေဟာ တိုးတက်မှုတစ်ခုရှိလာခဲ့တယ် ၊ သပိတ်မှောက်တာတွေ ဆန္ဒပြတာတွေကတဆင့် အလုပ်သမားတွေဟာ အရင်းရှင်တွေကို အလျှော့ပေးအောင် ဖိအားပေးခဲ့ကြတယ် ၊ ဒါပေမယ့်လည်း ဒီနေ့ခေတ်မှာ အလုပ်အများစုကို ဉာဏ်ရည်တုစက်တွေနဲ့ အစားထိုးခဲ့ကြပြီ ၊ အရင်းရှင်တွေဟာ လူသားလုပ်သားတွေကို ထပ်မလိုတော့ဘူး ၊ အရင်းရှင်တွေက အလျှော့ပေးနေရဆဲလို့ မင်းထင်သလား ၊ ရှင်းလုကို ကြည့်လိုက် ၊ ဉာဏ်ပညာမြို့တော်မှာ နေထိုင်သူ ၁၀ ရာခိုင်နှုန်းကပဲ တကယ့်မြို့သားတွေဖြစ်တယ် ကျန်တဲ့ ၉၀ ရာခိုင်နှုန်းဟာ ဂိမ်းတစ်ခုထဲက NPC(ကစားသမားမဟုတ်သောဇာတ်ကောင်) တွေလို့ပဲ ....ယူဆလို့ရတယ် "

"ဟန်ဟိုင်းဟာ ငါနဲ့ ငါ့လိုလူတွေကြောင့် ရှင်းလုလို ပြောင်းလဲမသွားခဲ့ဘူး ၊ မင်းမမြင်နိုင်တဲ့နေရာတွေမှာ ငါတို့တိုက်ခိုက်နေရတယ် "

"အရိပ်ကမ္ဘာက လက်တွေ့ကမ္ဘာကို ကျူးကျော်တာကလည်း ဆိုးတဲ့ကိစ္စတော့မဟုတ်ဘူး ၊ ဒါက သေချာပေါက်ဖြစ်လာမှာ ၊ ကောင်းကင်ကြီး ပွင့်ဟလာလိမ့်မယ် ၊ လူများစွာက ကမ္ဘာအစစ်ကို မြင်ချင်နေကြတယ် "

“မြို့ထဲမှာ အရိပ်တွေ လွှမ်းမိုးသွားတဲ့အခါ ရှိပြီးသား စည်းကမ်းတွေ ပြိုပျက်သွားလိမ့်မယ် ၊ အလောင်းကောင်တွေပေါ်မှာ ဘဝသစ်တွေ ပွင့်လန်းလာလိမ့်မယ် ၊ အဲဒီနောက် နေမင်းအသစ်ရဲ့ နွေးထွေးမှုကို လူတိုင်း ခံစားနိုင်လိမ့်မယ် "

"မင်းကရော ၊ ငါမေးပါရစေ ၊ အမှန်တရားကို မျက်ကွယ်ပြုပြီး မင်းတစ်ကိုယ်လုံးထိုးစိုက်နေတဲ့ပြွန်ပိုက်တွေနဲ့အတူ ဆေးရုံခုတင်ပေါ်မှာ သေဆုံးသွားတဲ့ အရူးတစ်ယောက်ဖြစ်ချင်လား ဒါမှမဟုတ် မင်းလက်သီးနဲ့ ပြတင်းပေါက်ကို ထိုးခွဲပြီး အပြင်ဘက်ကမ္ဘာကို ကြည့်ချင်တာလား "

စီတုအန်းသည် နောက်ဆုံးစာကြောင်းကို ပြောလိုက်သောအခါ ကောင်းမင်က သူ့တည်နေရာကို တွက်ချက်လိုက်သည်။

"တခြားလူဆိုရင်တော့ ခင်ဗျားစကားကြောင့် လှည့်စားခံရလိမ့်မယ် ဒါပေမယ့် ကျုပ်ကတော့ ခင်ဗျားကို ကောင်းကောင်းသိတယ် ၊ ခင်ဗျားလုပ်နေသမျှအားလုံးက ခင်ဗျားကိုယ်ကျိုးအတွက်ပဲ "

ကောင်းမင်က သူ့နှလုံးကို ထိတွေ့လိုက်ပြီး ‌နာကျင်မှုကို အာရုံခံလိုက်သည်။

"အဓိကအားဖြင့် ခင်ဗျား ကံကြမ္မာရဲ့ အတားအဆီးတွေကို ချိုးဖျက်ချင်တာက တခြားသူတွေကို ထိန်းချုပ်ဖို့ စည်းမျဥ်းတွေကို ဖန်တီးနိုင်တဲ့ တည်ရှိမှုတစ်ခုဖြစ်ချင်နေတာပဲ ၊ ခင်ဗျားသာ အောင်မြင်သွားရင် ‌ခင်ဗျားဟာ ကံကြမ္မာအသစ်တစ်ခုဖြစ်လာလိမ့်မယ် "

"ဒါက ခင်ဗျားနဲ့ကျုပ်ကြားက အကြီးမားဆုံးကွာခြားချက်ပဲ "

All Chapters