← Chapters

သတ်ချင်ရုံပါပဲ

Vol. 13 Ch. 184

သတ်ချင်ရုံပါပဲ

Vol. 13 Ch. 184

စီတုအန်းသည် အခြားသူများကို ဦးနှောက်ဆေးရာတွင် အလွန်တော်၏။သူသည် ကိုယ်ကျင့်တရား၏ အထွတ်အထိပ်တွင် ရပ်လျက် သူ၏အရုပ်ဆိုးသောအကျင့်များကို ဖုံးကွယ်ရန် ကိုယ်ကျင့်တရားမျက်နှာဖုံးကို အသုံးပြုလေ့ရှိသည်။သူသည် ဟန်ဟိုင်းပရဟိတအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌဖြစ်ပြီး ဟန်ဟိုင်းကုန်သည်ကြီးများအသင်းရှိ ပြောရေးဆိုခွင့်ရှိသူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ သူ့တွင် မပြည့်စုံနိုင်သောရည်မှန်းချက်များနှင့် စွမ်းအားအများအပြားရှိသည်။

စည်းမျဉ်းများ၏အကြီးမားဆုံး အကျိုးခံစားခွင့်ရှိသူအနေဖြင့် စီတုအန်းသည် နေ့ဘက်တွင် စည်းမျဉ်းများကိုကာကွယ်သော်လည်း ညဘက်တွင် စည်းမျဉ်းဖန်တီးသူ ဖြစ်လာချင်နေသည်။သူသည် အလွန်တရာတစ်ကိုယ်ကောင်းဆန်သောသူဖြစ်သည်။သူ့တွင် အပြုသဘောဆောင်သော အရည်အချင်းများစွာ ရှိသည်ကို ငြင်းပယ်၍ မရသော်လည်း သူသတ်ဖြတ်ရမည့် အကြောင်းရင်း များစွာလည်း ရှိသည်။

မြို့တော်ကို သူကာကွယ်ခဲ့သည်။အကြောင်းမှာ မြို့တော်ရှိလူသားများက သူ့အတွက် အသုံးဝင်နေဆဲဖြစ်သောကြောင့်ပင်။သူတို့သည် အရိပ်ကမ္ဘာနှင့် အလဲအလှယ်လုပ်နိုင်သော သူ့ချစ်ပ်ပြားများဖြစ်သည်။ သူသည် ကိုယ်ကျင့်တရားဖြင့် ချုပ်နှောင်ခံလိမ့်မည်မဟုတ်ပေ။သူသည် သူ့ပန်းတိုင်ရောက်ရန် ဘာမဆိုလုပ်မည်သာဖြစ်သည်။

"မင်းလိုလူတစ်ယောက်ဟာ တကယ်တော့ အရမ်းဝမ်းနည်းစရာပဲ "

ကောင်းမင်သည် စီတုအန်းကြောင့် အကြိမ်များစွာသေဆုံးခဲ့ရသည်။ကြောက်စရာကောင်းသည်က သူသေဆုံးရခြင်း အကြောင်းရင်းသည် အကြိမ်တိုင်း မတူညီကြပေ။‌ ကောင်းမင်သည် စီတုအန်းကိုသတ်ဖြတ် ရန်မလိုအပ်သော်လည်း စီတုအန်းသည် သူဆက်လက်ကြီးထွားလိုပါက ကောင်းမင်အား ဖယ်ရှားရမည်ဖြစ်သည်။

" ကောင်းမင် မင်းက ငါရှိတဲ့ နေရာမှာ မဟုတ်ဘူး ၊ ဒါကြောင့် ငါမြင်တာကို မင်းမမြင်နိုင်ဘူး ငါမှာလည်း တခြား ရွေးချယ်စရာမရှိဘူး ၊ မင်း ငါ့ဘက်မှာ ‌ရှိမယ်ဆိုရင် ငါ မင်းကို ဟန်ဟိုင်းရဲ့ အထွတ်အထိပ် အထိခေါ်သွားပေးမယ် "

စခရင်ပေါ်ရှိ စီတုအန်းသည် လုံးဝ ပင်ပန်းနွမ်းနယ်နေပုံမရပေ။ ကောင်းမင်က သူ့ကိုလိုက်ရှာနေမှန်းသိသော်လည်း သူစိတ်မဝင်စားပေ။

"ထိပ်ဆုံးကို အတူသွားမယ့်အစား ကျုပ်ဘဝကို ခံစားနိုင်စေဖို့ ခင်ဗျားကို ငရဲနက်ထဲကို ဆွဲခေါ်သွားချင်တယ် "

ကောင်းမင်က သူ့လက်ချောင်းများဖြင့် သူ့နှလုံးကို ဖိလိုက်သည်။သူ့နှလုံးနောက်ဘက်မှ ဧရာမသွေးလက်ကြီး ရှစ်ဖက် ကြီးထွားလာခဲ့သည်။အသားနံ့များ ပျံ့နှံ့သွားသည်။လက်ရှစ်ဖက်နတ်ဘုရားသည် ကောင်းမင်နှင့်တစ်ပုံစံတည်း လုပ်ဆောင်လိုက်သည်။လက်များကို မြှောက်လိုက်သည်နှင့် လက်သီးချက်များသည် မော်နီတာများနှင့်အတူ နံရံကို ဖြတ်‌ထိုးလိုက်သည်။မျက်လုံးများကဲ့သို့သော မော်နီတာများ အပိုင်းပိုင်းအက်ကွဲသွားကြသည်။ နံရံ၏နောက်ကွယ်တွင် ကျောင်းဆေးခန်း၌ရှိသော အရာများကဲ့သို့ များစွာသောအသားဘုလုံးများ တွန့်လိမ်နေကြသည်။

သရဲနီများသည် နာကြည်းခြင်းအခန်းများရှိပြီး မတူညီသောသရဲများတွင် မတူညီသောစွမ်းအားဖြင့် အခန်းများရှိကြသည်။ကောင်းမင်ရှေ့တွင် ထွက်ပေါ်လာသောအရာသည် ထူးခြားသည့်နာကြည်းခြင်းခြင်းအခန်းတစ်ခုဖြစ်သည်။၎င်းအခန်းအား အသွေးအသားများဖြင့် ဖန်တီးထားပြီး သူ့ကိုယ်ပိုင် အသက်ရှိသည်။ တိုက်ခိုက်ခံရပြီးနောက် ၎င်းထူးခြားသည့်နာကြည်းခြင်းအခန်းသည် ကလေးတစ်ယောက်လို ငိုကြွေးတော့သည်။ ငိုကြွေးသံသည် စူးဝါးနေပြီး ကျောချမ်းဖွယ်ကောင်းလှသည်။

"တင်းယွမ်ပြောတာက စီတုအန်းက သရဲတစ်ကောင်ကို ပျိုးထောင်ခဲ့တယ်တဲ့ ၊ ဒီနာကြည်းခြင်းအခန်းက အဲ့ဒီသရဲနဲ့ သက်ဆိုင်နေတာလား "

စီတုအန်းသည် ထိုနာကြည်းခြင်းအခန်းကြောင့် သေဆုံးသွားသော ဒေါက်တာလုအတွက် ခန္ဓာကိုယ်အသစ်ကို ဖန်တီးနိုင်ပြီး အဆိုးမြင်စိတ်ခံစားချက်များကို ထုပ်ပိုးရန်အတွက် အရိပ်အရိုးခေါင်းများကို အသုံးပြု၍ အခန်း၁၃ ရှိ လူတိုင်းကို ပုံတူပွားကာ ကျောင်းသားများကို မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

"စီတုအန်းမှာ ဒီလို အစွမ်းထက်တဲ့ သရဲရှိရဲ့သားနဲ့ စီစွေ့အိမ်ရာမှာ ဒါကို ဘာလို့ ငါမကြုံခဲ့ရတာလဲ၊ ကံတရားက ကိစ္စတွေကို ဟန်ချက်ညီအောင် လုပ်ခဲ့တာလား ၊ ဒါမှမဟုတ် ဒီသရဲက ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာပဲ အမြဲကျန်ခဲ့တာလား "

အန္တရာယ်သတ်မှတ်ချက်အရ စီစွေ့အိမ်ရာသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းထက် ပိုအဆင့်နိမ့်ပေသည်။ကျောင်းကြီးသည် ၎င်း၏ကိုယ်ပိုင်စည်းမျဉ်းများဖြင့် ဖွံ့ဖြိုးနေသောကြောင့် အလွန်အန္တရာယ်များပေသည်။သို့သော်လည်း စွမ်းအားအရ သားစားကြူးနတ်သည် အတုမရှိတည်ရှိမှုတစ်ခုဖြစ်သည်။ကောင်းမင်သည်ပင် သားစားကြူးနတ်၏အလားအလာကို မသိပေ။

"ကုန်းစီ! "

မျက်နှာလေးခုဖြင့် ကုန်းစီသည် စီတုအန်းကို စိုက်ကြည့်လျက်ရှိသည်။ စီတုအန်းကို သူမှတ်မိနေခြင်းဖြစ်သည်။စီတုအန်းသည် သူ့မိသားစုကို သတ်ဖြတ်ခဲ့ပြီး သူ့ပါးစပ်ကို ချုပ်ပစ်ခဲ့သောကြောင့်ဖြစ်သည်။သူကား လက်စားချေရုံသာဖြစ်သည်။

လက်များက နာကြည်းခြင်းအခန်းကို ရိုက်ချပစ်လိုက်သည်။သားစားကြူးနတ်သည် အသားတိုင်းကို စိမ့်ဝင်နိုင်၏။လက်များအတွင်း တည်ရှိနေသောသွေးကြောများသည် ချိန်းကြိုးများကဲ့သို့ နာကြည်းခြင်းအခန်း၏မျက်နှာပြင်ထဲအတွင်း တွားသွားဝင်သွားကြသည်။ကလေးသည် ပို၍ ငိုကြွေးလာ၏။ လက်ရှစ်ချောင်းကား ရှေ့တက် တိုးလျက်ရှိသည်။ လက်ချောင်းများသည် ဒဏ်ရာများကို

တူးဆွလိုက်ပြီး ၎င်းတို့အား ဆွဲဖွင့်လိုက်လေသည်!။

"နောက်ထပ် သားစားကြူးနတ်တစ်ပါးလား "

စီတုအန်းသည် သူမြင်လိုက်သည်အား ထိတ်လန့်သွားခဲ့သည်။သူသည် ဆယ်စုနှစ်များစွာကြာ ဝတ်ပြုခဲ့သော နတ်ဘုရားကို ဆင့်ခေါ်ရန် ကျရှုံးခဲ့သဖြင့် အခြားသူများက အလွယ်တကူ ဆင့်ခေါ်နိုင်ခြင်းကို နားမလည်နိုင်ခဲ့ချေ။

သားစားကြူးနတ်အား ကိုးကွယ်ဝတ်ပြုခြင်းသည် စီတုအန်းအတွက် ရိုးရာတစ်ခုဖြစ်လာခဲ့သည်။အဆုံးတွင်သူသည် လက်လျှော့ခဲ့ရသော်လည်း သားစားကြူးနတ်ကို အိမ်မက်မက်နေဆဲဖြစ်သည်။သူ့အိပ်မက်ထဲတွင် နတ်ဘုရားများအားလုံးကို မှောင်မိုက်နေသည့် ဥမင်လိုဏ်ခေါင်းထဲ၌ ဖုံးအုပ်ထားခဲ့သည်။ ထိုနေရာသည် နတ်ဘုရားများ၏ နောက်ဆုံးအနားယူရာနေရာဖြစ်ပုံရသည်။

"ကောင်းမင် မင်းက သားစားကြူးနတ်လား "

စီတုအန်းကား အလွန်တော်ပေသည်။သူသည် ချက်ချင်းပင် ထိုဖြစ်နိုင်ခြေကို တွေးတောခဲ့သော်လည်း ယင်းသည် မဖြစ်နိုင်ဟု သူထင်နေဆဲပင်။

"အခု ခင်ဗျားကိုသတ်ဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခုရှိသေးတယ်"

ကောင်းမင်သည် သူ့ စွမ်းအားအပြည့်ဖြင့် သားစားကြူးနတ်ကို ထိန်းချုပ်လိုက်သည်။ရေလွှမ်းမိုးမှုကို ကြုံတွေ့ရချိန်၌ပင် သူအလေးအနက်မထားခဲ့ချေ။ သေခြင်းမှတ်ဉာဏ်များသည် သူ့ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သည်။ နတ်ဘုရားဖြင့် ကောင်းမင်ပေါင်းစည်းလိုက်သည်။ သွေးများသည် သူ့မျက်ဆံများမှ ဖောက်ထွက်လာ၏။သူ့မျက်လုံးကား ရဲရဲနီနေတော့သည်။သေဆုံးမှတ်ဉာဏ်တိုင်းသည် သားစားကြူးနတ်ထဲသို့ ပျော်ဝင်နေကြသည်။အရင်က ကောင်းမင်ခံစားခဲ့ရသော နာကျင်မှုများသည် အစစ်အမှန်ဖြစ်လာတော့သည်။

စီတုအန်းသည် ထိုမျှ ရူးသွပ်သူတစ်ယောက်နှင့်မကြုံတွေ့ဖူးခဲ့ချေ။‌ ကောင်းမင်အား သူဘာလုပ်ခဲ့မှန်း သူမသိ‌ပေ။သူ့အမြင်အရ သူ့တွင် မကောင်းမှုတချို့ရှိသော်လည်း ကောင်းမင်သည် သူ့အားသတ်ဖြတ်ရန် မည်သည့်အရာမှ တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။

စီတုအန်းမှာ သူ့ပြိုင်ဘက်နှင့်တွေ့ပြီဟု ခံစားလိုက်ရသည်။ကောင်းမင်သည် မည်သည့်အားနည်းချက်မှ မပြသပဲ သူ့ရည်ရွယ်ချက်မှာ ရှင်းလင်းနေ‌သည်။သူသည် ရိုးရိုးရှင်းရှင်းပင် စီတုအန်းကို သတ်ဖြတ်ချင်နေခြင်းဖြစ်သည်။သေဆုံးမှတ်ဉာဏ်များကို လောင်ကျွမ်းစေပြီး အရင်က နာကျင်မှုများကို ထိန်းသိမ်းထားသော ကောင်းမင်နှင့်နတ်ဘုရားသည် နာကြည်းခြင်းအခန်းကို ဆုတ်ဖြဲပစ်လိုက်သည်။

ကောင်းမင်၏အသံရှူသံကား လေးလံနေခဲ့သည်။သူ့နုတ်ခမ်းမှ သွေးမြူမှုန်များ လွတ်ထွက်လာ၏။သူက နာကြည်းခြင်းအခန်းထဲကြည့်လိုက်သည်။ပြွန်ပိုက်များဖြင့်ဖုံးလွှမ်းနေသော စီတုအန်းသည် အခန်းအလယ်တွင် ထိုင်လျက်ရှိနေ၏။

"မင်းကို တွေ့ပြီ စီတုအန်း ! "

သူ့သွားကြားမှ အေးစိမ့်နေသည့်အသံတစ်ခု ထွက်ပေါ်လာ၏။ကောင်းမင်သည် သရဲတစ်ကောင်ကဲသို့ပင်။စီတုအန်း၏အမူအရာပင် ပြောင်းလဲသွားခဲ့သည်။

"ကျောင်းစည်းမျဉ်းရဲ့ အစိတ်အပိုင်းတွေကို ငါထိန်းချုပ်ထားတယ် ၊ မင်းငါ့ကို သတ်လိုက်တာနဲ့ ဟန်သဲ့‌ကိုယ်ပိုင်ကျောင်းက လက်တွေ့ကမ္ဘာနဲ့ ရောယှက်သွားလိမ့်မယ် ၊ သရဲဇာတ်လမ်းတွေအကုန်လုံး ပျံ့နှံ့သွားလိမ့်မယ် ၊ ဒီအကြောင်းကို စဉ်းစား....."

ကောင်းမင် နားထောင်ရန် စိတ်မဝင်စားသဖြင့် စီတုအန်းသည် စကားဆုံးရန် အခွင့်အရေးမရ‌ခဲ့ပေ။ကောင်းမင်သည် ထိန်းမထားနိုင်‌တော့ပဲ နာကြည်းခြင်းအခန်းကို တိုက်ခိုက်လိုက်သည်။ယင်းသည် သတ်ဖြတ်ခြင်းအတွက်မှလွဲ၍ မည်သည့်အရာအတွက်မှ မဟုတ်ပေ။

ရူးသွပ်နေသောကောင်းမင်ကြောင့် ခွေးကြီးပင် ထိတ်လန့်နေခဲ့သည်။ကောင်းမင်သည် ဖော်ရွေတတ်သူတစ်ယောက်ဟု သူထင်လုနီးပါးဖြစ်ခဲ့သည်။ကောင်းမင်သည် အလွန်ရူးသွပ်ကြောင်း သူသိခဲ့ပါက သူ့အား မြိုချခဲ့လိမ့်မည်မဟုတ်ချေ။

ကလေးငိုသံမှာ ပိုစူးရှလာ၏။ အသားမှဖန်တီးထားသော မကောင်းဆိုးဝါးများသည် ကောင်းမင်ကို တားဆီးရန်ကြိုးစားနေကြသော်လည်း သူတို့သည် နတ်ဘုရားရှေ့တွင် စွမ်းအားကင်းမဲ့နေကြသည်။

စီတုအန်းသည် ပြွန်များဖြင့် ပြန်ဆွဲထုတ်လိုက်သည်။ တခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင် သူ့ရင်ဘတ်မှ လူသေဓာတ်ပုံကို ထုတ်ယူလိုက်သည်။

ယင်းဓာတ်ပုံသည် ဟန်သဲ့ရှုရှန်းအကယ်ဒမီ၏ဓာတ်ပုံဖြစ်သည်။ယန်ရှီကျီးနှင့် သရဲနီများဖြစ်လာသော ဆရာအချို့မှလွဲ၍ အခြားဆရာများ အားလုံး ဓာတ်ပုံအတွင်းတွင် ရှိနေကြလေသည်။

All Chapters