← Chapters

စီတုအန်းရဲ့ကလေး

Vol. 13 Ch. 186

စီတုအန်းရဲ့ကလေး

Vol. 13 Ch. 186

မုန်တိုင်းသည် အနက်ရောင်ကားများအပေါ် တဝုန်းဝုန်းကျဆင်းနေသည်။ကျောင်းအပြင်ဘက်တွင် ရပ်နေသော စုံစမ်းရေးမှူးများသည် လက်နက်အမျိုးမျိုးကိုင်ဆောင်ထားလျက် ရုပ်တုတစ်ခုကဲ့သို့ ရှိနေကြသည်။ဧရာမဆလိုက် မီးရောင်သည် ညမှနေ့အဖြစ် ပြောင်းလဲထားသည်။လူတိုင်း အလင်း၏ အရိပ်ထဲ ရပ်နေကြသည်။အထက်အမိန့်ကို သူတို့လက်ခံရရှိထားခြင်းဖြစ်သည်။

ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ တံတိုင်းများပြိုကျသွားသော်လည်း ဘလောက်တုံးများ၊ သတ္တုတုံးများဖြင့် ပိတ်ဆို့ထားဆဲဖြစ်သည်။ ဤကာကွယ်နည်းများသည် သရဲတစ္ဆေများကို အသုံးမဝင်ပေ။ယင်းတို့သည် သာမန်မြို့သူမြို့သားများကို တားဆီးရန်သာ အသုံးဝင်ပေသည်။အလင်းရောင်ကား ကျောင်းထဲတွင် တောက်ပသွားသည်။သရဲကျောင်းတော်ကြီးတွင် ပိတ်မိနေခဲ့သော ကျောင်းသားများက စိတ်လှုပ်ရှားနေကြလေသည်။သူတို့သည် စိတ်လှုပ်ရှားစွာ ဖြင့် လက်ကိုဝှေ့ယမ်းကာ လွတ်လပ်မှုဆီ ပြေးကြတော့သည်။

"ဒါ ထွက်ပေါက်ပဲ ! အစ်ကိုကျား အခု ငါတို့အိမ်ပြန်နိုင်ပြီ ! "

စီဆန်းသည် ကလေးလက်မောင်းပိုက်၍ ပျော်ရွှင်စွာဖြင့် ထခုန်လိုက်ပြီး "ငါတို့ အသက်ရှင်ပြီကွ ! "

"အချိန်မဖြုန်းနဲ့ ! သွားပုန်းပြီး ကားတစ်စီးရှာ ! "

ဝမ်ကျားက စီဆန်း ကို ပါးရိုက်လိုက်သည်။ သူသည် အရင်ကထက်ပင် ပိုစိတ်ရှုပ်နေခြင်းဖြစ်သည်။

"မြန်မြန်!"

"ဒါပေမယ့် ဘာလို့လဲ "

စီဆန်းမေးလိုက်ရုံရှိသေးသည် ညအမှောင်တစ်လျှောက် သေနတ်သံများ ပဲ့တင်သွားသည်။အရှေ့ဆုံးမှ ပြေးနေသော ကျောင်းသားများကား ပစ်ချလိုက်ခံရလေသည်။အကြောက်ရောဂါခံစားနေရသော သူတို့ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုကို ပြသနေ၏။

စီဆန်းသည် သေနတ်သံများကြောင့် ထိတ်လန့်သွားခဲ့ရသည်။ စုံစမ်းစစ်ဆေးရေးဌာနနှင့် ကျောင်းကြားရှိ အကြားအလပ်ကြားကို သူကြည့်လိုက်သည်။အလင်းရောင်များ ထိုးကျလာသော်လည်း အလင်းရောင်သည် သူတို့ကို စောင့်ရှောက်ရန်မဟုတ်ပဲ မကောင်းဆိုးဝါးများကို ရှင်းလင်းစွာမြင်ရရန် ဖြစ်သည်။

ဟန်သဲ့ကိုယ်ပိုင်ကျောင်းထဲဝင်ပြီးကတည်းက သူတို့သည် သာမန်ပြည်သူများမဟုတ်ကြ‌တော့သော်လည်း သရဲပူးကပ်နေနိုင်သည့်အလားအလာရှိသော သားကောင်များဖြစ်ကြသည်။ယာယီအားဖြင့် စုံစမ်းစစ်ဆေးရေးဌာနတွင် ကြီးမားသောဧရိယာတစ်ခုလုံးအား စစ်ဆေးနိုင်မည့်နည်းလမ်းမရှိပေ။ထို့ကြောင့် သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဧရိယာကို ချိတ်ပိတ်ရန်နှင့် လွတ်မြောက်ရန်ကြိုးစားသူမှန်သမျှကို ပစ်ချရန်သာ တတ်နိုင်ပေသည်။ဌာန၏ရည်ရွယ်ချက်မှာ သတ်ဖြတ်ရန်မဟုတ်သော်လည်း ကျောင်းအတွင်းရှိ အခြေအနေကို အပြင်းအထန် လွဲမှားစေခဲ့သည်။

အဆင့်၄ မူမမှန်ဖြစ်ရပ်ဖြစ်သော ဟန်သဲ့ကိုယ်ပိုင်ကျောင်းသည် လုံးဝထိန်းချုပ်နိုင်ခြင်းမရှိတော့ချေ။ကျောင်းအုတ်မြစ်ကား ပြိုကျသွားချေပြီ။စီတုအန်းသည် အရိပ်ကမ္ဘာမှ အမည်မသိသတ္တဝါကြီးတစ်ကောင်ကို ဆင့်ခေါ်ခဲ့သည်။အကြောက်ရောဂါသည် နောက်ဆုံးအဆင့်ရောက်သွားခဲ့သည်။လူသားများသာမက သရဲများပါ ထိုနေရာမှ လွတ်မြောက်ချင်နေကြလေသည်။

စဦးပစ်ခတ်မှုသည် သတိပေးခြင်းဖြစ်သည်။သို့သော်လည်း ဌာနသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းထဲတွင် ဝင်စီးခံထားရသော သရဲများစွာရှိမည်ဟု မမျှော်လင့်ထားခဲ့ချေ။သေနတ်များက တယောက်ပြီး တယောက်ပစ်ချ‌ နေ၏။ ကျောင်းသားများ အပြေးအလွှား ထွက်ပြေးနေကြသည်။ ရေလှိုင်းလုံးများသည် အဟကြားမှတဆင့်စီးဆင်းလာကြသည်။

ဝမ်ကျားသည် လူယုတ်မာတစ်ယောက်ပင်ဖြစ်သော်လည်း လူသားတို့၏အားနည်းများကို ရင်းနှီးပေသည်။လူသားနဲ့သရဲများသည် ကျောင်းကြီးတွေ သေဆုံးရန် ငြိမ်ငြိမ်သက်သက်စောင့်ဆိုင်းနေကြမည် မဟုတ်ပေ။ထွက်ပေါက်မရှိသောအခါတွင် သူတို့သည် စည်းလုံးညီညွတ်ကြဆဲဖြစ်သည်။ စုပေါင်းစိတ်ပျက်အားငယ်မှုသည် ကြောက်စရာ မဟုတ်ချေ။ကြောက်စရာဆုံးအရာမှာ မျှော်လင့်ချက်ကို မြင်ရသော်လည်း ဆုပ်ကိုင်နိုင်ရန် မဖြစ်နိုင်ခြင်းပင်ဖြစ်သည်။ ကျောင်းအတွင်း၌ ပုန်းကွယ်နေသော သရဲနီများ စတင်လှုပ်ရှားလာကြသည်။ အရိပ်များ ဖြန့်ကျက်လာ၏။‌ ကောင်းမင်၏အကြောက်ရောဂါ ခန့်မှန်းချက်သည် အမှန်တကယ်ဖြစ်လာတော့သည်။

သူမြင်ဖူးခဲ့သော မြင်ကွင်းက ထပ်ခါထပ်ခါ ဖြစ်‌ပေါ်နေသည်။ သို့သော်လည်း ထိုယာယီပြောင်းလဲမှုများသည် ကောင်းမင်နှင့် မသက်ဆိုင်ပေ။ သူသည် စီတုအန်းကိုသာ ဂရုစိုက်ထားပေသည်။

အသားဥမင်သည် ကောင်းမင်ကို တားဆီးရန်အကောင်းဆုံးကြိုးစားနေသော်လည်း သားစားကြူးနတ်သည် ဒဏ်ရာနှင့်ခုခံမှုအားလုံးကို လျစ်လျူရှုထားသည်။သူသည် သေမင်းကျိန်စာများကို သယ်ဆောင်၍ စီတုအန်းထံ တဖြည်းဖြည်းနီးကပ်လာလေသည်။ထိုအသားဥမင်သည် လူနှစ်ယောက်၏ ကံကြမ္မာကဲ့သို့ပင်။သူတို့သည် သူတို့တွင် ရှိသမျှအားလုံးကို ထုတ်သုံးနေကြခြင်းဖြစ်သည်။

ပြွန်များတွဲလောင်းကျနေသော စီတုအန်းသည်လိုဏ်ခေါင်းအဆုံးသို့ ကောင်းမင် မရောက်ခင် ရောက်ရှိသွားသည်။နာကြည်းခြင်းအခန်း ပိုင်ရှင်အစစ်ကို သူပွေ့ဖက်လိုက်သည်။ဥမင်ထဲမှ တွားထွက်လာသည့် သွေးဥမင်လှိုဏ်ခေါင်းများ၏ အလယ်ဗဟိုတွင် စီတုအန်း နှင့် ၉၀ ရာခိုင်နှုန်း ဆင်တူသည့် ကလေးတစ်ယောက်ရှိနေလေသည်။ သူသည်စီတုအန်း၏သား သို့မဟုတ် သူ့အတိတ်ဖြစ်ပုံရသည်။သူသည် စီတုအန်းကဲ့သို့ ချောမောသော်လည်း လုံးဝခြားနားသော တည်ရှိမှုတစ်ခုဖြစ်သည်။

"ငါ့ကို တစ်ခေါက်ပဲကူညီပေးပါ ! ကောင်းမင်ကို သတ်ပေး ! "

စီတုအန်းသည် ကလေး၏အသားများထဲ သူ့လက်ချောင်းများဖြင့် ဖိနိပ်မိသည်အထိ ကလေးကိုတင်းကျပ်စွာ ပွေ့ဖက်ထားသည်။

စီတုအန်းသည် အတုမရှိသောသရဲတစ်ကောင်တွေ့ခဲ့ကြောင်း ကောင်းမင်သိသော်လည်း ထိုသရဲသည် စီတုအန်းနှင့် အလွန်ဆင်တူမည်ဟု မထင်ထားချေ။ထိုနှစ်ဦးသည် သဘောတူညီမှု တစ်ခုခုရှိနိုင်‌လောက်သည်။ သရဲသည် စီတူအန်းကို အတိုင်းအတာတစ်ခုအထိ ကူညီပေးပြီးနောက် ၎င်းသည် စီတူအန်းဖြစ်လာလိမ့်မည်ဖြစ်သည်။သေချာသည်က ယင်းသည် ကောင်းမင်၏ ယူဆချက်တစ်ခုသာ ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ သူ့နှလုံးသားအခန်းသည် စီတူအန်းနှင့် သူ့ကိုကူညီသူများအတွက် လုံလောက်ပေသည်။

"ငါ့ရဲ့ညှဉ်းပန်းနှိပ်စက်ခန်းထဲကို အတူတူဝင်လိုက်ကြ ! "

သားစားကြူးနတ်သည် စီတုအန်းကို အာရုံခံလိုက်သည်။ လက်ရှစ်ချောင်းဖြင့် ရိုက်ချလိုက်သည်။၎င်းသည် စီတုအန်း၏ကမ္ဘာကို ချေမှုန်းချင်နေခြင်းဖြစ်၏။

"ငါကလေးလေး ငါ့ကို နောက်ဆုံးတစ်ခေါက် ကူညီပေးပါ ! "

စီတုအန်းမျက်နှာကား ပြောင်းလဲသွားသည်။သူနှင့်တူသော ကလေးကို နတ်ဘုရားဘက်သို့ တွန်းပို့လိုက်သည်။ ထို့နောက် သူသည် ဥမင်လိုဏ်ခေါင်းမှ ထွက်ပြေးလိုက်လေသည်။ထွက်ပေါက်ကို သူကောင်းကောင်း သိပေသည်။ တကယ်တမ်းအားဖြင့် နာကြည်းခြင်းအခန်းသည် ကောင်မင် သူ့နောက်ကို လိုက်မရရန် တားဆီးသော ဥမင်တစ်ခုလို ဖြစ်သွားခဲ့သည်။

နာကြည်းခြင်းအခန်းဆီသို့ ဆက်သွယ်ထားသော သွေးကြောများ ပျက်စီးသွားကြသည်။နံစော်နေသော သွေးညစ်များသည် စီတုအန်းနှင့် ကလေးကို ဖုံးလွှမ်းနေသည်။ကလေးကို စွန့်ပစ်လိုက်ပြီးနောက် တစ်ချက်မက နောက်ပြန်လှည့်ကြည့်ခဲ့သည်။ကလေးကို ကြည့်လိုက်သောအချိန်တွင် စီတုအန်း၏မျက်လုံးထဲတွင် ခံစားချက်များ ရှိနေခဲ့သည်။ယင်းသည် အခြားကလေးများနှင့် တစ်ခါမှမဖြစ်ခဲ့ဘူးသောအရာဖြစ်သည်။ယင်းသည် အပြစ်ရှိစိတ်မဟုတ်သော်လည်း စိုးရိမ်ပူပန်နေခြင်းဖြစ်သည် ။ ကလေးသည် သူ့လျှို့ဝှက်ချက်တော်တော်များများကို သိပုံရလေသည်။ကလေး အသတ်ခံလိုက်ရသည်နှင့် အရိပ်ကမ္ဘာကို ဆက်သွယ်နိုင်သည့်စွမ်းရည် ဆုံးရှုံးမည်ကို ‌သူကြောက်နေခြင်းဖြစ်သည်။ကလေးသည် အပြည့်အဝအသတ်မခံရပါက သူ့အားရောင်းစားသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

"ကလေးက ငါ့ဟာပဲ ဒါပေမယ့် ဘယ်သူမှ သူ့ဇစ်မြစ်ကို မသိနိုင်ဘူး ..."

စီတုအန်းသည် ဥမင်မှ လွတ်မြောက်သွားလျင်ပင် အန္တရာယ်မှ မလွတ်မြောက်နိုင်ချေ။ကျောင်းသားကောင်စီဝင်များသည် သူတို့အလုပ်များကို ပစ်ထားခဲ့ပြီး ရုံးခန်းအဆောက်အဦးထံ ပြေးလာနေကြသည်။ကောင်းယန်သည်လည်း မည်မျှပင်ကြေးကြီးပါစေ စီတုအန်းကို သတ်ဖြတ်ချင်နေခြင်းဖြစ်သည်။

မိုးကြိုးသည် ကမ္ဘာနှစ်ခုကြားတွင် ကမ္ဘာနှစ်ခုကြားပေါက်ကွဲသွားသည်။အပြင်ဘက်ရှိနေသော စုံစမ်းရေးမှူးများက အမိန့်အသစ်တစ်ခုရလိုက်သည်။ အမိန့်သည် ကျောင်းထဲဝင်ရောက်ပြီး သူတို့သေရလျှင်ပင် စီတုအန်းကို ပြန်ခေါ်ထုတ်လာရန်ဖြစ်သည်။

"ဌာနချုပ်က ဘာလို့သူကို အရမ်းတန်ဖိုးထားနေရတာလဲ "

ကျောင်းသားကောင်စီဥက္ကဌက သူ့အသားကို ဆုတ်ဖြဲလိုက်ပြန်သည်။ကျောင်းစည်းကမ်းများ နိူးဆွခံလိုက်ရသည်။ကျောင်းထဲဝင်လာသည့် မည်သူမဆို သက်ရောက်ရပေလိမ့်မည်။

နာကြည်းခြင်းအခန်းထဲတွင် နတ်ဘုရား၏လက်ရှစ်ဖက်သည် ကလေးကို ရိုက်ချလိုက်သည်။ကလေးသည် ခုခံမည့်အရိပ်အယောင်မရှိပေ။သူသည် ထွက်ပြေးသွားသော စီတုအန်းကို ကြည့်၍ ကောင်းမင်ထံအား နောက်ကျောပေးထားခြင်းပင်။ သံကြိုးများက သူ့ခန္ဓာကိုယ်ကို ဖြတ်ရိုက်သွားလိုက်သည်။ကောင်းမင်၏နှလုံးသားထဲရှိ သေခြင်းမှတ်ဉာဏ်များသည် ခွေးသွားစိတ်အဖြစ်ပြောင်းလဲသွား၏။သူသည် သားစားကြူးနတ်နှင့်အတူ အင်အားစိုက်ထုတ်နေရခြင်းဖြစ်သည်။ သူက စီတုအန်း၏ ဝှက်ဖဲကို သူ့နှလုံးသားထဲသို့ မျိုချလိုက်သည်။

ကောင်းမင်၏ မျက်လုံးများသည် အမုန်းတရားများဖြင့် လောင်ကျွမ်းနေ၏။ သူနှင့်နတ်ဘုရားသည် ကလေး၏မှတ်ဉာဏ်ကို စားမြုံ့ပြန်ကာ စီတုအန်း၏ အခြားတစ်ဖက်ကို မြင်လိုက်ရသည်။

ကောင်းမင်၏ အဆုံးမဲ့သော သေဆုံးမှတ်ဉာဏ်များသည် ပထမသံသရာစက်ဝိုင်းဖြစ်သည်။လွန်ခဲ့သောဆယ်နှစ်က ဘတ်စ်ကားပေါ်ရှိ ကောင်းယန်နှင့်သူ့အတန်းဖော်များသည် ဒုတိယစက်ဝိုင်းဖြစ်သည်။တစ်စုံတစ်ရာသည် စီတုအန်းအား လက်တွေ့ကမ္ဘာတွင် မူမမှန်ဖြစ်ရပ်များကို နိူးဆွနိုင်စေရန် လမ်းညွှန်ခဲ့သောကြောင့် အရိပ်ကမ္ဘာသည် လက်တွေ့ကမ္ဘာထဲ စိမ့်ဝင်လာနိုင်ခဲ့သည်။ထိုအရာသည် တတိယသံသရာစက်ဝိုင်းဖြင့် ဆက်စပ်‌လျက်ရှိသည်။

All Chapters