← Chapters

အသွေးအသား နာကြည်းခြင်းအခန်း

Vol. 13 Ch. 187

အသွေးအသား နာကြည်းခြင်းအခန်း

Vol. 13 Ch. 187

စီတုအန်းသည် ကြီးမြတ်သောလူတစ်ယောက်ဖြစ်သည်။သူ့တွင် အလွန်အစွမ်းထက်သော မှတ်ဉာဏ်၊ အထင်ကြီးလောက်သော အုပ်ချုပ်မှုအာဏာနှင့် IQ၊ EQ မြင့်မားသည်။ သူ့ကိုယ်သူ မည်သို့ဟန်‌ဆောင်ဖုံးကွယ်ရမည်ကို သိပြီး ကြီးကျယ်သော ကိုယ်ပိုင်ကျက်သရေကို ပိုင်ဆိုင်ထားသည်။သူသည် ရက်စက်ပြီး ဉာဏ်များတတ်သော လူတစ်ယောက်ဖြစ်သည်။သို့သော်လည်း သူ့နောက်လိုက်သူတိုင်းသည် အလွန်သစ္စာစောင့်သိကြသည်။ ဒေါက်တာလုပင် သူ့ကို သစ္စာဖောက်ရန် မတွေးခဲ့ပေ။သူ့တွင် မတူညီသော လူများကို ဖြေရှင်းရန် မတူညီသည့်ကိရိယာများရှိသည်။သူသည် နှစ်နှစ်ဆယ်အတွင်း ဟန်ဟိုင်းတွင် အလွန်ကြီးမားသည့် ကွန်ယက်ကြီးတစ်ခုကို ဖြန့်ကျက်ထားခဲ့သည်။

ချိန်းကြိုးများက ကလေးခန္ဓာကိုယ်အတွင်း ထိုးဖောက်သွားသည်။ကလေး၏ မှတ်ဉာဏ်များတွင် များစွာသောအထက်လူကြီးများ၏ မျက်နှာများကို ကောင်းမင်မြင်လိုက်ရသည်။ဟန်ဟိုင်းသည် သူတွေးထားသည်ထက်ပင်ဆိုးဝါးနေခဲ့သည်။အပေါ်ယံတွင် မြို့တော်ကြီးသည် အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသော်လည်း ၎င်း၏အမြစ်များက ပုတ်သိုးနေခဲ့သည်။

ခန္ဓာကိုယ်ခွံတစ်ခုသည် တဖျစ်ဖျစ်ဖြင့် အက်ကွဲနေခဲ့သည်။နှိပ်စက်ညှင်းပန်းသည့် ကိရိယာများကား သွေးများဖြင့် ရွှဲရွှဲစိုနေ၏။ကလေး၏ အပေါ်ယံမှတ်ဉာဏ်ကို ဖတ်ရှုပြီးနောက် ကောင်းမင်နှင့်သားစားကြူးနတ်သည် မှတ်ဉာဏ်ဗဟိုချက်ကို စားသုံးလိုက်ကြသည်။

အသားဖြင့်ပြုလုပ်ထား‌သည့် နာကြည်းခြင်းအခန်း၏ ပိုင်ရှင်သည် စီတုအန်း၏ သားအရင်းပင် ဖြစ်ပေသည်။သူ့တွင် နာမည်မရှိချေ။သူမွေးဖွားလာကတည်းက စီတုအန်း၏အပြည့်အဝထိန်းချုပ်မှုကို ခံခဲ့ရသည်။သူ့အမေသည် သူသေပြီးမကြာခင် သေဆုံးသွားခဲ့သည်။နာကြည်းခြင်းအခန်းသည် သူ့အမေ၏ အလောင်းနှင့်အစာအိမ်မှ ပြုလုပ်ထားခြင်းဖြစ်သည်။ကလေး၏ မှတ်ဉာဏ်များမှတဆင့် ကောင်းမင်သည် ကလေး၏ရှုထောင့်မှ စီတုအန်း၏ များစွာသော အကြောင်းအရာများကို သိလိုက်ရသည်။ဖခင်တစ်ယောက်အနေနဲ့ဖြစ်စေ ၊ ခင်ပွန်းတစ်ယောက်အနေနဲ့ဖြင့် စီတုအန်းသည် အရှုံးသမားတစ်ယောက်ဖြစ်သည်။သူသည် စိတ်ခံစားချက်အားလုံးကို လျစ်လျူရှုခဲ့သည်။လက်ထပ်ခြင်းနှင့် ကလေးယူခြင်းသည် ရည်ရွယ်ချက်တစ်ခုကြောင့်ဖြစ်သည်။ကလေးသည် စီတုအန်းထံမှ မည်သည့်အချစ်ကိုမှ မခံစားခဲ့ရပေ။သူ့မိခင်ဝမ်းဗိုက်အတွင်း ရှိနေစဉ်ကပင် သူသည် အရိပ်၏ စိမ့်ဝင်ခံခဲ့ပြီးပြီဖြစ်သည်။စီတုအန်းသည် ကလေးမမွေးဖွားမီကပင် အရိပ်ကမ္ဘာနှင့်ဆက်နွယ်နေသည့် တစ်စုံတစ်ခုကို သူ့မိခင်ဝမ်း‌ဗိုက်ထဲ ထည့်ခဲ့သည်။ထိုအရာသည် ကလေး၏ခန္ဓာကိုယ်အား သိမ်းပိုက်ခဲ့သည် ။ယင်းသည် သူတို့၏ အပေးအယူပင်ဖြစ်သည်။

အချိန်ကာလအရ စီတုအန်းသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကပင် အရိပ်ကမ္ဘာအကြောင်း သိရှိခဲ့သည်။ သူသည် အရိပ်ကမ္ဘာနှင့် စတင်ဆက်ဆံခဲ့သည်။သူသည် ဟန်ဟိုင်းတွင် မူမမှန်ဖြစ်ရပ်များကို ရှာဖွေခြင်း သို့မဟုတ် ၎င်းတို့ကို ပြုစုပျိုးထောင်ခြင်းများပြုလုပ်ခဲ့သည်။စီစွေ့အိမ်ရာအား သားစားကြူးနတ်ကို ကိုးကွယ်ရန် အသုံးပြုခဲ့ပြီး ဟန်သဲ့ကိုယ်ပိုင်ကျောင်းရှိ ကလေးများကို သူ့ဘဝသက်တမ်းအား ဆွဲဆန့်ရန် အသုံးပြုခဲ့သည်။သူတို့သည် သူ့အစီအစဉ်အစိတ်အပိုင်းအားလုံးပင်ဖြစ်သည်။ထိုအချိန်တွင် ကောင်းမင်၏အသက်ရှူသံသည် ခဏရပ်သွားခဲ့သည်။ သူသည် သူသေဆုံးမှုများနှင့်အတူ အနာဂတ်ကို 'ခန့်မှန်း' ခဲ့သည်။ ဖြစ်ရပ်ဆိုးများသည် သူ့ဂိမ်းများ၏ ရလာဒ်များဖြစ်သည်ဟု သူထင်ခဲ့သည်။လက်တွေ့တွင်မူ ဖြစ်ရပ်ဆိုး သုံးပုံတစ်ပုံသည် စီတုအန်းစီစဉ်ခဲ့ခြင်းဖြစ်လေသည်။သူကား လက်တွေ့ကမ္ဘာနှင့် ပေါင်းစပ်ရန် အရိပ်ကမ္ဘာက အသုံးပြုခဲ့သော စစ်တုရင်ရုပ်တစ်ခုသာဖြစ်သည်။

ကောင်းမင် စိတ်ထဲတွင် ရှုပ်ထွေးနေသော သဲလွန်စများသည် တဖြည်းဖြည်းအစီအစဉ်ကျလာ၏ ။စက်ဝန်းသုံးခု တစ်ပြိုင်နက်တည်း ရွေ့သွားခြင်းသည် လောကနှစ်ခုလုံးကို သက်ရောက်စေခဲ့သည်။

နှိပ်စက်ညှင်းပန်းခန်းထဲရှိကလေးသည် ပြန်လည်မတိုက်ခိုက်ပေ။သူ့ လူသားခံစားချက်များသည် စီတုအန်းကြောင့် ယူဆောင်သွားခံခဲ့ပြီး ဖြစ်သည်။သူသည် ကိရိယာတစ်ခုကဲ့သို့ စွန့်ပစ်ခံခဲ့ရသည်။သွေးနီရောင်အခန်းတွင်း ရပ်တန့်နေရင်း ကလေးသည် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ငိုပင် မငိုခဲ့ချေ။သူသည် စီတုအန်းပျောက်ကွယ်သွားသည့် နေရာကိုသာ စိုက်ကြည့်နေခဲ့သည်။သံကြိုးများက သူ့ ပင်မမှတ်ဉာဏ်ကို ထိလုနီးနီး ဖြစ်နေချိန်တွင် ကလေးသည် စီတူအန်းအတွက် နောက်ဆုံးတစ်ခု လုပ်ခဲ့သည်။သူသည် ရုပ်ပုံအပြည့်အစုံကို ကောင်းမင်မမြင်နိုင်စေရန် သူ့နှလုံးသားကို ခွဲထုတ်ပစ်လိုက်လေသည်။တစ်ချိန်တည်းတွင် ကလေး၏ခန္ဓာကိုယ်အတွင်း အဆုံးမဲ့ဝိဉာည်များက ငိုကြွေးမြည်တမ်းလိုက်ကြသည်။

အရိပ်ကမ္ဘာတွင် နေထိုင်ကြသော ညစ်ညမ်းသည့်အရာများသည် သွေးမြို့‌တော်၏ အမှတ်တံဆိပ်ဖြစ်သည်။ အဆိုပါအမှတ်တံဆိပ်သည် မူလက ကလေး၏ခန္ဓာကိုယ်အတွင်းတွင် ဖုံးကွယ်နေခဲ့ပြီး ၎င်းသည် စီတုအန်းထံမှဖြစ်ပေသည်။ကလေးအား စွန့်ပစ်ခဲ့ပြီးနောက် ယင်းအမှတ်တံဆိပ်သည် ကောင်းမင်၏ နှိပ်စက်ညှင်းပန်းခန်းတွင် ပေါ်ထွက်လာခဲ့သည်။ဒုစရိုက်ချိန်းကြိုးများ ထွက်ပေါ်လာ၏။နာကြည်းခြင်းအခန်းအပါအဝင် ကလေးနှင့်ပတ်သက်သည့်အရာအားလုံး သားစားကြူးနတ်၏ ဝါးမြိုခံလိုက်ရတော့သည်။

နှိပ်စက်ညှင်းပန်းခန်း၏ အရွယ်အစားမှာ သုံးဆတိတိကျယ်ပြန့်လာခဲ့သည်။နတ်ဘုရားသည် စီစွေ့အိမ်ရာမှာ ရှိစဉ်ကထက် ပိုကြောက်စရာကောင်းလာလေသည်။ကလေးကို ဝါးမြိုပြီးနောက် နတ်ဘုရား၏ဒဏ်ရာများ အပြည့်အဝပြန်ကောင်းသွား၏။အပြစ်ပုံသဏ္ဍာန်ကို ကိုယ်စားပြုသော မျက်နှာကား စတင်ပုံပေါ်လာခဲ့သည်။၎င်းသည် ကုန်းစီ နှင့် စီတုအန်းတို့နှင့် ဆင်တူပေသည်။

လက်ရှစ်ဖက်သည် ကြမ်းပြင်ကို ရိုက်ချလိုက်သည်။အသွေးအသားများ နေရာအနှံ့ လွင့်စင်သွားသည်။စီတုအန်းကလေး၏ နာကြည်းခြင်းအခန်းကို ရရှိပြီးနောက် နတ်ဘုရားသည် ၎င်းပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို အသားအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ကလေး၏နာကြည်းခြင်းအခန်းအား သူ့မိခင်၏အလောင်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။သူ့အတွက် ကမ္ဘာကြီးသည် အလွန်ရက်စက်၍ ကြောက်မက်ဖွယ်ကောင်းပေသည်။ထိုနေရာလေးသာ သူ့အတွက် လုံခြုံမှုကို ခံစားနိုင်ခြင်းဖြစ်သည်။

နာကြည်းစရာအခန်းသည် မတိုက်ခိုက်နိုင်သော်လည်း လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။၎င်းသည် အဆောက်အဦးတစ်ခုအား အသွေးအသား နာကြည်းခြင်းအခန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်လေသည်။

သူ့မျက်လုံးထဲမှ သွေးကြောများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ကောင်းမင်ကား တဖြည်းဖြည်းစိတ်ပြန်လည်လာ၏။ သန္ဓေပြောင်းအဆောက်အအုံများသည်သားစားကြူးနတ်၏ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ရုံးအဆောက်အဦးနံရံရှိ အပေါက်မှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

စုံစမ်း‌စစ်ဆေးရေးဌာန၏ ဆလိုက်မီးများသည် ကမ္ဘာကြီး အလင်းပေးထားသည်။ကျောင်းသားများက ဌာန၏ခုခံရေးလိုင်းဆီသို့ ပြေးလွှားနေကြသည်။ကျိကျဲထံမှ ကြီးထွားလာသော သစ်ပင်ကြီးသည် သစ်မြစ်အမြောက်အများအဖြစ်ပြောင်းလဲလိုက်ပြီး ယဇ်ပလ္လင်ထံရောက်ရှိသွားသည်။၎င်းသည် အရိပ်ကမ္ဘာမှ အမည်မသိတည်ရှိမှုအား အကြောက်ရောဂါ ဖြင့် ကူးစက်စေလိုခြင်းဖြစ်သည်။

ကျောင်းသားကောင်စီဝင်များသည် စီတုအန်းနောက် ပြေးလိုက်နေကြသည်။ဌာနချုပ်သည် စီတုအန်းကို ကာကွယ်ရန် အကောင်းဆုံးကြိုးစားနေခြင်းဖြစ်သည်။ဖရိုဖရဲကြားတွင် အခန်း၁၃သည် ကျောင်းဝင်းထဲမှ ဘတ်စ်ကားအချို့ရရှိရန် တိုက်ခိုက်နေကြသည်။လူသားများသည် သရဲများနှင့်အတူ တစ်လှေတည်းစီး၍ ခံစစ်စည်းသို့ ပြေးနေကြသည်။ရေလွှမ်းမှုအတွက် ၎င်းသည် အက်ကွဲကြောင်းမှတဆင့် စီးထွက်လာနေကြသည်။ကျန်းတင်း၏ထိန်းချုပ်မှုနှင့်ပင်လျှင် ရေသရဲအချို့လွတ်မြောက်သွားကြသည်။

"ကောင်းယန်တောင်မှ စီတုအန်းကို သတ်ချင်နေတယ် "

ဌာနချုပ်မှလူများ စီတုအန်းကိ ရလိုက်သည်။အခြားဌာနများမှ စုံစမ်းရေးမှူးများက လွတ်မြောက်ရေးယာဉ်များကို မောင်းနှင်လိုက်ကြသည်။

"စီတုအန်းရဲ့ကလေးနဲ့ သွေးမြို့တော်တံဆိပ်ကို ငါ့နှလုံးထဲ ပိတ်ထားလိုက်ပြီ ၊ နောက်တစ်ခါကျ သူ့ဝှက်ဖဲတွေအားလုံး ဆုံးရှုံးသွားလိမ့်မယ် ၊ ဒါပေမယ့် အရိပ်ကမ္ဘာက သူ့ကို အခြားတစ်ခုခုပေးလိုက်နိုင်တယ် "

ကောင်းမင်၏ မျက်လုံးထဲရှိ ပြင်းထန်သော အသတ်အဖြတ်ဆန္ဒသည် ပျောက်ကွယ်သွားပြီဖြစ်သည်။စီတုအန်းကား အလွန်အန္တရာယ်များပေသည်။အန္တရာယ်သည် သူ့ဝှက်ဖဲများကြောင့်မဟုတ်ပဲ လူကိုယ်တိုင်ကြောင့်သာဖြစ်သည်။ကောင်းမင် သူ့မျက်လုံးများကို ရွေ့လျားလိုက်သည်။စီဆန်းနှင့်ဝမ်ကျားသည် ဌာနမှ ပြင်ဆင်ထားသော အကူယာဉ်တစ်စီး‌ကို ရှာတွေ့သွားကြောင်း သူမြင်လိုက်ရသည်။သူတို့၏ အစီအစဉ်မှာ တိတ်တဆိတ်မောင်းထွက်သွားရန်ဖြစ်သည်။သူတို့က ဘယ်အာရုံကိုမှ မဆွဲဆောင်ချင်သော်လည်း ကောင်းမင်က ချက်ချင်းတွေ့သွားခဲ့သည်။ သားစားကြူးနတ်က ကောင်းမင်ကို မချီလိုက်၏။

သန်စွမ်းသောခန္ဓာကိုယ်ဖြင့် ဒုတိယထပ်မှခုန်ချလိုက်ပြီး ကားခေါင်မိုးပေါ် ဆင်းသက်လိုက်သည်။ကျယ်လောင်လှသော အသံကြီးကြောင့် ကားထဲမှ နှစ်ယောက်သား ထိတ်လန့်သွားသည်။သို့သော်လည်း မကြာမီ ကောင်းမင်အသံထွက်ပေါ်လာ၏။

"မကြောက်ကြနဲ့ ၊ ငါပါ "

"ကောင်းမင် မင်းဘယ်လိုအသက်ရှင်နေသေးတာလဲ ၊ အဲ ငါပြောချင်တာက မင်းအသက်ရှင်နေသေးလို့ ဂုဏ်ယူပါတယ် ! "

စီဆန်းက လှည့်ပတ်ပြောဆိုလိုက်သည်။

"မောင်းတော့ ဟိုကားနောက်လိုက် "

ကောင်းမင်က သားစားကြူးနတ်အား နှိပ်စက်ခန်းဆီ ပြန်သွားစေလိုက်သည်။ဌာနချုပ်မှ လူအများအပြားရောက်လာကြခြင်းဖြစ်သည်။သူတို့နဲ့ ထိပ်တိုက်တွေ့ပါက လုံ‌ခြုံရေးမှလူများဖြင့် ရင်ဆိုင်ရနိုင်သည်။ သူက စီတုအန်းကို ချုံခိုတိုက်ခိုက်ချင်နေခြင်းဖြစ်သည်။

"စုံစမ်းစစ်ဆေးရေးဌာနက အခုအချိန်မှာ ငါတို့အတွက် အချိန်မရှိဘူး၊ ခိုးကြောင်ခိုးဝှက် ထွက်သွားဖို့ အကောင်းဆုံးပဲ"

စီဆန်းက ဌာနသည် ဘာလုပ်ခဲ့ကြောင်း ကောင်းမင်မသိမှာ စိုးသည့်အတွက် ကောင်းမင်အား သတိပေးလိုက်သည်။

"‌ကောင်းမင်စကားကို နားထောင် "

ဝမ်ကျားက ရုတ်တရက်ပြောလိုက်သည်။

"အဲ့ဒီကားထဲက ပုဂ္ဂိုလ်က မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနရဲ့ အကြီးအကဲပဲ ၊ ငါတို့ အဲ့ဒီငါးကြီးကို ဖမ်းနိုင်ရင် ငါ့မိသားစုအကူအညီနဲ့ လုပ်စရာတွေ အများကြီး ပြီးသွားနိုင်တယ် "

ကောင်းမင်က ဘာမှ မပြောခဲ့ပေ။သူက ကျောင်းသားကောင်စီအဖွဲ့ဝင်များကို ကြည့်ရှုလိုက်သည်။ကျောင်းသားများသည် စုံစမ်းစစ်ဆေးရေးဌာနအား ရည်ရွယ်ချက်ရှိရှိဖြင့် သူ့လမ်းတွင် ညွှန်ကြားနေပုံရသည်။

All Chapters