ဖူဟို့
Vol. 13 Ch. 188
စုံစမ်းစစ်ဆေးရေးဌာနသည် အတွင်းထဲတွင် ရှုပ်ထွေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။၎င်းတွင် ကြီးမားသော စွမ်းအားရှိသော်လည်း အာဏာရှိသူမှာ မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မသိကြပေ။ကောင်းမင်သည် အကြိမ်များစွာ သေဆုံးခဲ့သည်။ ပင်မနေရာကို သူရောက်ခဲ့သည့်အချိန်တိုင်း သူအသတ်ခံခဲ့ရသည်။ သူသည် ဌာန၏လျှို့ဝှက်ချက်များကို သိသင့်သော်လည်း ထိုအချိန်က သူ့တွင်သားစားကြူးနတ်မရှိခဲ့ပေ။သူ့သေခြင်းမှတ်ဉာဏ်များသာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
"လောလောဆယ်တော့ ရုံးချုပ်ကို ကျိကျဲက အာရုံလွှဲနေတယ် ၊ ငါတို့အတွက် စီတုအန်းကို ဖမ်းဖို့ အခွင့်အရေးပဲ "
ကျိကျားသည် တစ်ဖက်ကကားကို ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခု ပေါ်လာခဲ့သည်။
"ငါတို့က သူရဲကောင်းတွေလား၊အပြစ်သားတွေလား ဆိုတာ အထက်လူကြီးတွေကြားက စကားဝိုင်းမှာပဲ မူတည်တယ် ၊ငါတို့ စီတုအန်းကို ဖမ်းပြီး သူ့ကိုအသုံးမဝင်အောင် လုပ်လိုက်ရင် သူ့နေရာမှာ အစားထိုးဖို့ ငါတို့ဟာ မြို့တော်အရှေ့ပိုင်းရဲ့ အကြီးအကဲအသစ်အဖြစ် အခွင့်အရေးရလာနိုင်တယ် ! "
ဝမ်းကျား၏မျက်လုံးထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေ၏။ထိုအရာသည် သူ့ ရည်မှန်းချက်ဖြစ်သည်။ ထိုမူမမှန်ဖြစ်ရပ်ကို တွေ့ကြုံပြီးနောက် သူသည် စုံစမ်းစစ်ဆေးရေးဌာန၏ စွမ်းအားနှင့် ပိုမိုရင်းနှီးလာခဲ့သည်။
"ဌာနဟာ ဟန်ဟိုင်းမှာ အသန်မာဆုံးဖြစ်တည်မှုဖြစ်လာဖို့ အချိန်သိပ်ကြာတော့မှာ မဟုတ်ဘူး "
ဝမ်ကျား ၊ ကောင်းမင်နှင့်ခြားနားစွာ စီဆန်းတစ်ယောက်သာ ခေါင်းငြိမ့်လိုက်သည်။သူကား စဉ်းစားရန်မလိုပေ။သူ့အိပ်ခန်းဖော်များ၏ အမိန့်နောက်လိုက်ရန် လိုအပ်ပေသည်။
"ကြည့်ရတာ ဌာနက ဘာပဲဖြစ်ဖြစ် စီတုအန်းကို ကာကွယ်မယ့်ပုံပဲ ၊ ဒါပေမယ့် အမိန့်တွေ ချမှတ်ဖို့ လူတွေ လိုအပ်နေသေးတယ် ၊ အခုဆို သရဲတွေနဲ့ ရေလွှမ်းမိုးမှုတွေ ပြိုကျလာတော့ ဒီစုံစမ်းရေးမှူးတွေလည်း ကူရာ ကယ်ရာမဲ့ ဖြစ်နေကြပြီ "
ဝမ်ကျား၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းနေ၏။သူသည် အမဲလိုက်ထွက်လာသော မြွေတစ်ကောင်ကဲ့သို့ပင်။
"ကျောင်းသားကောင်စီက ငါတို့နဲ့အတူ အလုပ်လုပ်နေတယ် ၊ သူတို့က စုံစမ်းစစ်ဆေးရေးဌာနက ငါတို့နောက်ကို လိုက်လာစေဖို့ ရည်ရွယ်ချက်ရှိရှိ လမ်းဖွင့်ထားခဲ့တာ… စီဆန်း၊ ရှေ့မီးကိုပိတ်ပြီး ငါ့ကို မောင်းခွင့်ပေးလိုက် "
မုန်တိုင်းသည် ပြတင်းပေါက်တံခါးများကို ဆန့်ကျင်၍ တွန်းကန်နေ၏။ဝမ်ကျားက ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး ဒရိုင်ဘာခုံတွင် ရွေ့ထိုင်လိုက်သည်။ဝမ်ကျားသည် ကျောင်းသားကောင်စီဝင်များ တာဝန်ယူထားသည့် လမ်းကြောင်းကို သတိပြုမိသည်။ သူက စတီယာရင်ကို လှည့်ပြီး အခြားဦးတည်ရာဘက်သို့ ဆင်းသွားလိုက်သည်။
"ငါတို့ ကားနောက်ကို မလိုက်တော့ဘူးလား "
စီဆန်း စိတ်ရှုပ်သွားသည်။
"ခါးပတ်ပတ်ထား "
ဝမ်ကျား၏ဆံပင်များသည် တဖျတ်ဖျတ်ဝေ့ယမ်းနေလေသည်။သူက အံတင်းတင်းကြိတ်လိုက်ပြီး မျက်လုံးများနီရဲလာ၏။
"ငါ သူတို့ရှေ့ကို ရောက်အောင်မောင်းမယ် "
ရွှံ့ဗွက်များ ဖွာခနဲလွှင့်စင်သွားကြသည်။ဝမ်ကျားသည် စတီယာရင်အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။သူသည် ပါးနပ်ပြီး ရက်စက်တတ်သည်။သူပစ်မှတ်တစ်ခု ရလိုက်သည်နှင့် အလွတ်မပေးတော့ချေ။ရှောင်လို့မရသည့် စုံစမ်းရေးမှူးများက လမ်းပေါ်မှ ထွက်ပြေးသွားကြသည်။ ကျောင်းသားများသည်လည်း ထိုကဲ့သို့ပင်။ ကားရှေ့မီးကို ပိတ်ထားသော်လည်း ဝမ်ကျားသည် လမ်းကို မှတ်မိနေ၏။သူတို့ကားလေးသည် အမှောင်ထဲမှ သရဲတစ်ကောင်ကဲ့သို့ အချို့ဦးတည်ချက်အတိုင်း ပြေးလွှားနေလေသည်။
"အစ်ကိုကျား ငါတို့ အရှိန်လျှော့သင့်တယ်မထင်ဘူးလား ...."
စီဆန်းက ခါးပတ်ကို တင်းတင်းဆုပ်ထားသော်လည်း ဝမ်ကျားသည် ကြားဟန်မရပဲ ကားကို အရှိန်မြင့်လိုက်သည်။
ဝမ်ကျားသည် ကျောင်းမှ ထွက်သောလမ်းကို စိုက်ကြည့်နေ၏။ သူသည် ကားကို အရူးကဲ့သို့ လမ်းပေါ်သို့ ပစ်ဝင်လိုက်သည် ။
မိုးရေများက သူတို့နောက်တွင် ကျန်ခဲ့လေသည်။ မိုးခြိမ်းသံသည်ပင် သူတို့နောက်တွင် ကျန်ရစ်ခဲ့သည်။ဝမ်ကျား၏ မျက်ဆံများ ကျဉ်းမြောင်းသွားသည်။ စီဆန်းက ထအော်လိုက်သည်။သူတို့သည် စီတုအန်း၏ကားကို မြင်လိုက်ရပြီဖြစ်သည်။
ထိုကား၏ ယာဉ်မောင်းက ထိတ်လန့်သွား၏။ သူသည် စိတ်တည်ငြိမ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း ရာဇဝတ်မှုကျူးလွန်ရန်ဝန်မလေးသည့် အုပ်စုတစ်စုနဲ့ ရင်ဆိုင်နေရသည်။
"ကိုင်ထား ! "
ကားနှစ်စီးကား ပြင်းပြင်းထန်ထန်ဝင်တိုက်မိသွား၏။စီတုအန်း၏ကားသည် လမ်းပေါ်မှ ပြုတ်ကျသွားသည်။ဝမ်ကျား၏ကားလည်း ထူးပြီး ကောင်းမနေချေ။သူတို့သည်လည်း ဒဏ်ရာရသွားခဲ့သည်။
ကားသည် ကြေမွနေပြီး ယိမ်းထိုးနေ၏။ဝမ်ကျားသည် သွေးထွက်လာသည်အထိ သူ့လျှာကို ကိုက်လိုက်သည်။ကားကို ထိန်းချုပ်ရန် အကောင်းဆုံးကြိုစားနေခြင်းဖြစ်သည်။အံ့အားသင့်စရာပင် ကားသည် မကြာမီ တည်ငြိမ်သွားခြင်းဖြစ်သည်။ထိုအခိုက်အတန့်တွင် ဝမ်ကျားသည် ကားပြတင်းပေါက်မှ လက်ရှစ်ချောင်းကို ဆန့်ထွက်နေသည်ကို တွေ့လိုက်ရသည်။ ကားတံခါးများ ပွင့်ဟလာ၏။ ကောင်းမင်သည် အခြားကားဆီသို့ လျှောက်သွားလိုက်သည်။ဒရိုင်ဘာသည် နေရာတွင် သေဆုံးသွားခဲ့သည်။သူ့ရင်ဘတ်အား တစ်စုံတစ်ခု ထိုးဖောက်သွားခြင်းဖြစ်သည်။ကားအတွင်းပိုင်းသည် တစ်ခုခုမြင်ရရန် မဲမှောင်လွန်းလှသည်။ကား၏ တစ်ဖက်တွင် ကျောင်းသားကောင်စီဝင်များ ပြေးလာနေကြသည်။သူတို့တံဆိပ်များသည် သူတို့အရေပြားပေါ်တွင် ကြီးထွားနေကြသည်။သူတို့သည် ကောင်းယန်နှင့် ပို၍ ပို၍ တူလာချေသည်။
အချိန်ဖြုန်းမနေကြပဲ ကောင်းမင်နှင့်ကောင်းယန်သည် ကားကို တိုက်ခိုက်လိုက်ကြသည်။
မှောင်ရိပ်လွှမ်းနေသော ကားဆီမှ အနံ့အသက်များ ထွက်လာသည်။ သေဆုံးသွားသော ယာဉ်မောင်း၏ သွေးများက မြေပြင်ပေါ်တွင် အိုင်ထွန်းနေ၏။ တစ်စုံတစ်ယောက်က ဘယ်ဘက်တံခါးကို တွန်းဖွင့်လိုက်သည်။သွေးရောင်ဆက်သွယ်ရေးစက်ဖြင့် လုံခြုံရေးအဖွဲ့အဝင်နှစ်ယောက်သည် စီတုအန်းကို သယ်ဆောင်၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။သူတို့ထွက်လာပြီး နောက် ကားသည် ပေါက်ကွဲသွားလေ၏။တူးခြစ်နေသည့်ပုံသဏ္ဍာန်တစ်ခုသည် မီးထဲမှ ထွက်လာခဲ့သည်။သူသည် ဌာနအကြီးအကဲ ယူနီဖောင်းကို ၀တ်ဆင်ထားသည်။ သူ့အိုင်ဒီကတ်သည် မီးထဲတွင် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။ရှင်းလုမြို့ဟောင်းစုံစမ်းစစ်ဆေးရေးဌာနမှ လာခဲ့သော ထိုလူကို ကောင်းမင်မြင်လိုက်ရသည်။သူ့နာမည်မှာ ဖူဟို့ဖြစ်သည်။
ဖူဟို့သည် မီးထဲတွင် ရပ်နေသော်လည်း နာကျင်မှုကို မခံစားရပေ။ သူ့ခန္ဓာကိုယ်သည် ပြန့်ကားလာသည်နှင့်အမျှ ပြင်းထန်သော နာကြည်းမှုများ ထွက်ပေါ်လာ၏။
"ဌာနချုပ်က လျှို့ဝှက်ချက်တွေ ဘယ်လောက်များ ဖုံးကွယ်ထားတာလဲ"
ဖူဟို့ နှင့် အနီရောင် မိုးကာအင်္ကျီတို့သည် ကောင်းမင် မမြင်ဖူးသော သတ္တဝါများဖြစ်သည်။သူတို့သည် ဟန်ဟိုင်းတွင် နာကြည်းခြင်းအခန်းများရှိသည့် သရဲများနှင့် ကွဲပြားသော်လည်း တူညီသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။
"ကျောင်းကို ပြန်သွားကြစမ်း ၊ ကျောင်းကထွက်သွားတဲ့သူမှန်သမျှ သေရမယ် "
ဖူဟို့အသံသည် မီးတောက်ထဲတွင် ဟိန်းထွက်နေသည်။သူ့လည်ချောင်းအတွင်း မီးတောက်လောင်နေသကဲ့သို့ သူ့အသံက ခြောက်ကပ်ကပ်ဖြစ်နေ၏။
ဖူဟို့အား ပထမဆုံးတုန့်ပြန်လိုက်သူမှာ ဝမ်ကျားဖြစ်သည်။ဘယ်သူမှ သတိမထားမိချိန်တွင် ဝမ်ကျားက ကားစက်နိူးလိုက်သည်။သူသည် အော်ဟစ်နေသော စီဆန်းကို တင်၍ စီတုအန်းနောက်လိုက်ရန် မီးပင်လယ်ထဲ မောင်းဝင်သွားတော့သည်။ကောင်းမင်သည်လည်း မရပ်တန့်ပဲ မီးတောက်များထဲ ဝင်လိုက်လေသည်။
မီးလောင်နေသောပုံရိပ်သည် ကောင်းမင်အားတိုက်ခိုက်ရန်ကြိုးစားလိုက်ချိန်တွင် ကျောင်းသားကောင်စီဥက္ကဌက ကျိန်စာများဖြင့်ဖုံးထားသောသူ၏နံရိုးများကိုဆွဲထုတ်ကာ မီးထဲပစ်ချလိုက်သည်။ဥက္ကဌ၏ဗလာဖြစ်နေသော ရင်ဘတ်အတွင်းရှိ ရှုံ့တွနေသည့် နှလုံးသားအောက်တွင် ဖုံးကွယ်ထားသည့် လူသေဓာတ်ပုံတစ်ခု ရှိနေပေသည်။
ဓာတ်ပုံနောက်ကျောသည် ဟန်သဲ့ရှုရှန်းအကယ်ဒမီဖြစ်သည်။ယင်းသည် စီတုအန်း၏ လူသေဓာတ်ပုံနှင့်ဆင်တူ၏။စီတုအန်း၏ဓာတ်ပုံတွင် ဝန်ထမ်းအားလုံးရှိသော်လည်း ဥက္ကဌ၏ဓာတ်ပုံတွင် ချီးမွမ်းခံရသော ကျောင်းသားအားလုံးရှိသည်။ ၎င်းတို့ထဲမှ အချို့မှာ ကျောင်းသားကောင်စီဝင်များ၊ ပြိုင်ပွဲများတွင် အောင်မြင်သူများနှင့် ကျောင်းသို့ ပြန်လည်လှူဒါန်းခဲ့သော စီနီယာများဖြစ်ကြသည်။
စီတုအန်း၏ ဓာတ်ပုံ ၊ ဥက္ကဌ၏ဓာတ်ပုံ နှင့် ယန်ရှီကျီး၏ဓာတ်ပုံတို့သည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းတစ်ခုလုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
"ငါဟာ လူတွေကို ကူညီဖို့ စည်းမျဉ်းတွေကို စတင်ခဲ့တယ် ၊ ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး တူညီတဲ့အကြောင်းပြချက်အတွက် အတန်းတွေကို တိုးချဲ့ခဲ့တယ် "
ဓာတ်ပုံသည် ဥက္ကဌ၏ လက်ထဲတွင် ပုံရိပ်ယောင်အဖြစ်ပြောင်းလဲလာသည်။ကျောင်းရှိ နောက်ဆုံး အဆောက်အဦး အနည်းငယ်မှာ ပြိုကျသွားခဲ့ပြီး
"ဒီကလူတွေအားလုံးဟာ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်နေကြတယ် ၊ ငါတစ်ယောက်ပဲ ကျောင်းအုပ်ဆရာမကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ အလုပ်လုပ်နေတာပဲ "
ကောင်းယန်သည် အလေးအနက်ထား မထား ပြောရန်ခက်သည်။ ထိုသို့ သူပြောပြီးနောက် ပုံတူထဲမှကျောင်းသားများက သူ့ကို ခွင့်ပြုလိုက်ကြသည်။ကျောင်းစည်းကမ်းများကို သူအလိုရှိသည့်နေရာတိုင်းတွင် ယာယီအသုံးပြုခွင့်ပေးလိုက်ကြသည်။ကောင်းယန်က ဖူဟို့ကို တားဆီးလိုက်သည်။ ကောင်းမင်နှင့်ဝမ်ကျားတို့သည် မီးတောက်များကြားမှ သေနတ်သံများကို ကြားနေရ၏။
ကျည်ဆံများသည် သရဲများကို တိုက်ခိုက်ရန်အဓိပ္ပါယ်မရှိသော်လည်း လူသားများကိုမူ သတ်ဖြတ်နိုင်လေသည်။စုံစမ်းစစ်ဆေးရေးဌာနက ဧရိယာတစ်ခုလုံးကို ဝိုင်းထားသည်။သူတို့သည် ကျောင်းနှင့်စီတုအန်းကြားတွင် ရွေးချယ်မှုတစ်ခုလုပ်ခဲ့ရသည်။စီတူအန်းကို ကယ်တင်ရန် လုံခြုံရေးအားလုံးကို စုစည်းခဲ့သည်။
"ကျောင်းထဲကက သရဲတွေ လွတ်မြောက်သွားမယ့်အန္တရာယ်ရှိတာတောင် သူတို့က စီတုအန်းကို ကယ်မှာတဲ့လား "
အတိတ်တွင် သူသည် စီတုအန်းက ဌာနချုပ်ကို လှည့်စားနေကြောင်း ထင်ခဲ့မိသည်။သို့သော်လည်း သူ့စိတ်ကို ပြောင်းလဲလိုက်ရသည်။ထိုညတွင် သူသည် စီတုအန်းအား ကယ်တင်ရန် ခွင့်ပြုလိုက်ရပါက ၎င်းသည် ဌာနချုပ်နှင့် တိုက်ပွဲစတင်သည့် အမှတ်အသားပင်ဖြစ်သည်။