← Chapters

မင်းလည်း ငါ့ကို သတ်ချင်နေတာလား

Vol. 13 Ch. 189

မင်းလည်း ငါ့ကို သတ်ချင်နေတာလား

Vol. 13 Ch. 189

အဆင့် ၄ မူမမှန်မှုသည် လျင်မြန်စွာပင် အဆင့် ၅ မူမမှန်မှုဖြစ်လာခဲ့သည်။ဘာတွေဖြစ်လာမည်ကို ဘယ်သူမှ မခန့်မှန်းနိုင်ပေ။ ဌာနအတွင်းတွင် တိုက်ခိုက်နေသည့် မတူညီသော အင်အားစုများရှိသည်။ အင်အားစုတိုင်းတွင် မတူညီသည့် လိုအပ်ချက်များ ရှိသော်လည်း ၎င်းတို့သည် ယခုအချိန်အတွက် တူညီသော ပန်းတိုင်ကို မျှဝေထားကြသည်။ယာယီအားဖြင့် စီတုအန်းသေနိုင်မည် မဟုတ်ချေ။

"အကောင်ကြီးတွေက အကြံဉာဏ်တွေရှိကြပြီး အကောင်သေးတွေကျ ရှင်သန်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြတယ် ၊ ငါ စီတုအန်းကို ဝါးမြိုနိုင်သရွေ့ ပြန်စရမယ်ဆိုရင်တောင် အဲဒါက ထိုက်တန်လိမ့်မယ် "

ကောင်းမင်၏ဦးနှောက်ထဲတွင် ရှရန် တစ်ယောက် ရှိနေပြီးသားဖြစ်သည်။စီတုအန်းကို ထပ်ထည့်ဖို့ စိတ်ထဲမရှိချေ။

သားစားကြူးနတ်က ကောင်းမင်ကို နားလည်သည်။သူ့ခန္ဓာကိုယ်အား ကြီးထွားစေလိုက်ပြီး သူ့လက်များဖြင့် ကောင်းမင်ကို ဖုံးကွယ်ထားလိုက်သည်။သွေးနှင့်မုန်တိုင်း အတူတကွ ရောနှောသွား၏။လူတိုင်း၏ အမြင်မှ သူ့အားဖုံးကွယ်လိုက်ချိန်တွင် ကောင်းမင်က ခွေးကြီးကို တိတ်တဆိတ်ဆင့်ခေါ်လိုက်သည်။ခွေးကြီးသည် အရိပ်များထဲမှ ထွက်ပေါ်လာပြီး အရိပ်ထဲ ပြန်မဝင်ခင် ကောင်းမင်အား မြိုချလိုက်သည်။နတ်ဘုရားလက်များအတွင်း ဘာမှ မရှိတော့ပေ။ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနကို အာရုံလွဲရန် အကောင်းဆုံးကြိုးစားနေခြင်းဖြစ်သည်။

"အကြီးအကဲ ခင်ဗျားအခု လုံခြုံပါပြီ "

သွေးနီရောင်ဆက်သွယ်ရေးစက်များပါသော လုံခြုံရေးအဖွဲ့ဝင်သည် နတ်ဘုရား အရှိန်လျော့သွားသည်ကို မြင်လိုက်သဖြင့် စိတ်သက်သာစွာသက်ပြင်းချမိသည်။ ဧရာမသရဲကြီးသည် သူတို့ကို ဖိအားတွေ အများအပြားပေးခဲ့ခြင်းဖြစ်သည်။

"မင်းတို့ သတိကို မလျှော့လိုက်နဲ့ ၊ ဒီဖြစ်ရပ်အတွင်း အရမ်းအရေးကြီးတဲ့အရာကို ငါတွေ့ခဲ့တယ် "

စီတုအန်းသည် ဒဏ်ရာအပြင်းအထန်ရခဲ့သော်လည်း သူစကားပြောသည့်ပုံစံမှ ဖော်မပြပေ။သူ့အားနည်းချက်နည်းချက်ကို မပြသလိုခြင်းဖြစ်သည်။

"ခင်ဗျားအတွက် ပို့လိုက်တဲ့ယာဉ်က မကြာခင် ရောက်လာတော့မယ် "

အခြားအဖွဲ့ဝင်က နောက်ပြန်ကြည့်လိုက်သည်။သူတို့အား လိုက်နေသည့်ကားသည် ဌာနမှ တိုက်ခိုက်ခြင်းခံလိုက်ရသည်။ကားထဲရှိ နှစ်ယောက်သားမှာ သေဆုံးသွားခြင်း ဖြစ်နိုင်သည်။သားစားကြူးနတ်သာလျှင် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကျန်တော့ခြင်းဖြစ်သည်။

"ဟန်ဟိုင်း ရဲ့လုံခြုံရေးစွမ်းအား သုံးပုံတစ်ပုံက ဒီမှာရှိနေတာပဲ ၊သူတို့က ဖြစ်ရပ်ဆိုးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ ၊ မြို့တော်အရှေ့ပိုင်းအတွက် ခင်ဗျား စိတ်ပူစရာ မလိုပါဘူး၊ ကျေးဇူးပြုပြီး ကျုပ်တို့နဲ့အတူ ရုံးချုပ်ကို တိုက်ရိုက်လိုက်ခဲ့ပါ "

"ငါတို့က ဌာနချုပ်ကို သွားနေတာလား ! "

စီတုအန်းက သူ့ဆက်သွယ်ရေးစက်ကို ထိလိုက်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်သည်။ဘယ်သူမှ ပြန်မဖြေပေ။စီတုအန်း၏အမူအရာက အသာအယာပြောင်းလဲသွားသည်။သူက တစ်စုံတစ်ခုကို နားလည်လိုက်သည်။

"လုံခြုံရေးဌာနက လူတွေအားလုံးနီးပါးကို ငါသိတယ် ၊ ဒါပေမယ့် မင်းတို့နှစ်ယောက်ကို ငါမမြင်ဖူးပါဘူး "

"ဟန်ဟိုင်းဌာနချုပ်က တခြားနေရာတွေကနေ စစ်ကူတောင်းခဲ့တာပါ ၊ ကျုပ်တို့က တခြားနေရာက ပြောင်းလာကြတာပဲ "

"မင်းတို့ အကြီးအကဲက ဘယ်သူလဲ ၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရှင်းလုက မူမမှန်ဖြစ်ရပ်တွေကို ကိုင်တွယ်ခဲ့တဲ့ အကြီးအကဲလီပဲလား "

စီတုအန်းက တစ်စုံတစ်ယောက်ကို တွေးမိလိုက်သည်။

လုံခြုံရေးအဖွဲ့ဝင်က ခေါင်းခါလိုက်သည်။သူတစ်ခုခု‌ ပြောမည်ပြုစဉ်တွင် စစ်ပွဲဇုန်မှ ထွက်ပြေးလွတ်မြောက်လာသည့် ဝင်စီးခံ သရဲများအပြည့်ဖြင့်ဘတ်စ်ကားနှစ်စီးကို မြင်လိုက်ရသည်။ ဘတ်စ်ကားပေါ်က လူများသည် ရူးနေကြခြင်းဖြစ်သည်။ယာဉ်မောင်းများ၏ မျက်လုံးများသည် ပြူးထွက်နေကြသည်။

"ဖယ်ရင်ဖယ် မဟုတ်ရင် သေလိုက်ကြ ! "

ဘတ်စ်ကားများကို ရပ်တန့်ရန်အတွက် ဌာနသည် သူတို့၏ကားများကို အသုံးပြု၍ ပိတ်ဆို့ထားသော်လည်း ပူးကပ်ခံသရဲများက ၎င်းတို့အား အရှိန်ဖြင့်ဝင်တိုက်ပစ်လိုက်သည်။ကားများ လမ်းမပေါ်မှ လွင့်ထွက်သွားကြတော့သည်။လမ်းမတစ်ဖက်တစ်ချက်စီမှ ရေများစီးဆင်းလာ၏။သစ်ပင်များကြားတွင် တိရိစ္ဆာန် အသေကောင်များ ညှပ်နေလေသည်။ဝတုတ်‌နေသောကလေးသည် ရေမျက်နှာပြင်ပေါ်တွင်လဲလျောင်းနေရင်း တိတ်တဆိတ် လွင့်မျောနေ၏။

"ခင်ဗျားတို့ မှာထားတဲ့ကားက မကြာခင်ရောက်လာတော့မယ့်ပုံ မရဘူးဗျ "

လုံခြုံရေးအဖွဲ့ဝင်များက ဖက်တီးကလေး၏အသံကို ကြားလိုက်ရသည်။ သူတို့ အန္တရာယ်ကို မခံစားရမီ စီတုအန်းက ထွက်ပြေးသွားနှင့်ပြီး

“ရေကြီးကြီးတာမှာ ပြဿနာတစ်ခုရှိနေတယ် "

သစ်ပင်များ လှုပ်ခါသွားသည်။ဧရာမလက်ကြီးက လုံခြုံရေးအဖွဲ့ဝင်များကို ရိုက်ချလိုက်သည်။သူတို့ထဲမှ တစ်ယောက်သည် ယင်းကို မရှောင်တိမ်းနိုင်ခဲ့ပေ။သူ့ကျောရိုးက ကွေးသွားပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။

"မင်းက ကာယဆရာလား "

စီတုအန်းသည် ကျောင်းလုံကို သိပေသည်။

"သရဲနီကတောင် သူတို့လွတ်မြောက်အောင် ကူညီနေတာလား ၊ ဒါပေမယ့် ဘာလို့ ဒီကောင်က ငါ့နောက်ပြေးလိုက်နေရတာလဲ "

ကျောင်းလုံအား ကျန်းတင်းမှ ပြောင်းလဲထားပေးခြင်းကြောင်း စီတုအန်းမသိပေ။ကျောင်းလုံအား ကျောင်းစည်းမျဉ်းများက လွတ်လိုက်သည်ဟု သူတွေးလိုက်သည်။

"ဖူယီ အကြီးအကဲကို အရင်ခေါ်သွားလိုက် ! "

သွေးများစိုရွှဲနေသော အဖွဲ့ဝင်သည် သူ့သွေးနီရောင်ဆက်သွယ်ရေးစက်ကို ဖိလိုက်သည်။ဆက်‌သွယ်ရေးစက်ထဲမှာ အလွှာအထပ်ထပ်ကာထားသော အနီရောင်မိုးကာအင်္ကျီစ တစ်ခုကို ထုတ်ယူလိုက်သည်။မည်သည့်တွေဝေခြင်းမှ မရှိပဲ အနီရောင်မိုးကာအင်္ကျီစကို သူမြိုချလိုက်သည်။

ကွေးနေသော သူ့ကျောရိုးသည် ဖြည်းညင်းစွာပြန်ကောင်းလာ၏။သွေးတံခါးတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖွင့်လိုက်ပုံရသည်။သူ့အရေပြားပေါ်တွင် အနီရောင်အစက်အပြောက်များ ထွက်ပေါ်လာလေသည်။၎င်းတို့သည် သရဲတစ်တူးပုံစံဖြစ်ပေါ်လာ၏။အနီရောင်တစ္ဆေသည် ပြင်းထန်သည့်ခံစားချက်များကို ကိုယ်စားပြုသည်။မည်သူမှ ပြည့်စုံသည့် အနီရောင်တစ္ဆေကို မဆင့်ခေါ်နိုင်ကြပေ။သို့သော်လည်း ဌာနသည် စမ်းသပ်ချက်များပြုလုပ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များအတွက် အနီရောင်တစ္ဆေကို ယာယီဆင့်ခေါ်နိုင်မည့် ထူးခြားသည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်။အနီရောင်‌တစ္ဆေများသည် ဟန်ကျင်းမှ ထူးခြားသည့်သရဲများဖြစ်သည်။ သူတို့ဖွဲ့စည်းရသည့်အကြောင်းရင်းကို မသိရသေးပေ။

ရှင်းလုမှ သရဲဇာတ်လမ်းများသည် ဟန်ကျင်းရှိသရဲဇာတ်လမ်းများနှင့်ကွာခြားသည်။ဌာနသည် မူမမှန်ဖြစ်ရပ်များကို စစ်ဆေးခဲ့သည့်အချိန်တွင် ပျက်စီးနေသည့်ရုပ်တုများနှင့် ပလ္လင်များကို တွေ့ခဲ့ကြသည်။ဟန်ကျင်း၏ အနီရောင်တစ္ဆေများနှင့် နှိုင်းယှဉ်ပါက သက်ရှိလူသားများအတွက် ရှင်းလုမှ သရဲများ၏ လိုအပ်ချက်များသည် ပိုမိုအားကောင်းသည်။ ဝတ်ပြုကိုးကွယ်ခြင်းသည် တစ်စုံတစ်ယောက်အား သူတို့ထံမှ အမည်မသိအကူအညီကို ရရှိစေနိုင်သည်။သုတေသီများ၏ အဆုံးမရှိ သုတေသနများဖြင့် သူတို့သည် အနီရောင်တစ္ဆေများ၏ ယဇ်ပလ္လင်များကို ပြန်လည်တည်ဆောက်နိုင်ပြီး ၎င်းတို့၏ အသက်ရှင်နေသော မိသားစုနှင့် သူငယ်ချင်းများက ၎င်းတို့အား ကိုးကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

ထိုဝတ်ပြုသူများသည် သွေးတံခါးတစ်ခုကို အိပ်မက်မက်ရန် အခွင့်အရေးတစ်ခုရှိသည်။သူတို့သည် အိပ်မက်ထဲတွင် သွေးတံခါးထဲဝင်ပြီး အသက်ရှင်ရက် ထွက်လာနိုင်ခဲ့ပါက ယင်းက သူတို့သည် အနီရောင်တစ္ဆေ၏ကောင်းချီးကို လက်ခံပြီး ဌာနလုံခြုံရေးအဖွဲ့ဝင်ဖြစ်လာရန် အရည်အချင်းပြည့်မှီသည်ဟု ဆိုလိုသည်။သူတို့သည် အကောင်းဆုံး ကုသမှုကို ခံစားခဲ့ကြသော်လည်း အနီရောင်တစ္ဆေကို ခေါ်လိုက်တိုင်း အသက်အန္တရာယ်နှင့်ကြုံရလိမ့်မည်ဖြစ်သည်။ ယင်းကြောင့် လုံခြုံရေးအဖွဲ့ဝင် အနည်းငယ်သာရှိခြင်းဖြစ်သည်။

"အကြီးအကဲကို ကာကွယ်ကြ ! "

‌လုံခြုံရေး အဖွဲ့ဝင်သည်သရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ပြီး ကျောင်းလုံကို ရင်ဆိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် စုတ်ပြဲသွားပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့သည်။

"မင်း ငါ့ကိုသတ်ရင် အနီရောင်မိုးကာအင်္ကျီက လိုက်လာပြီး အားလုံးကို သတ်ပစ်လိမ့်မယ် ! "

လုံခြုံရေးအဖွဲ့ဝင်သည် သူ့နောက်ဆုံးဆင်ခြင်တုံတရားကို ဆုံးရှုံးသွားသည်။သူသည် စိတ်ကူးမယဉ်နိုင်လောက်နာကျင်နေပြီး ကျောင်းလုံ၏လက်သီးချက်များထံ ပြေးဝင်သွားသည်။မှိတ်တုတ်မှိတ်တုတ် အလင်းရောင်သည် ညအမှောင်ကို ဖြတ်ကျော်သွားသည် ။ ဒဏ်ရာရအဖွဲ့ဝင်သည် သူ့အဖော်ကို မကယ်နိုင်ခဲ့‌တော့သောကြောင့် စီတုအန်းဆီ ပြေးသွားလိုက်သည်။အထက်မှ အမိန့်များမရှိတော့လျှင်ပင် သာမန်စုံစမ်းရေးမှူးများက စီတုအန်းကို ကယ်တင်ရန် အကောင်းဆုံးကြိုးစားနေကြသည်။သူတို့သည် စီတုအန်း၏မျက်နှာအစစ်အမှန်ကို မသိပေ။မူမမှန်ဖြစ်ရပ် ပျံ့နှံ့မှုကို တားဆီးရန် သူကိုယ်တိုင် ကျောင်းထဲ ဝင်ခဲ့သည်ဟု လူတိုင်းက ထင်နေကြခြင်းဖြစ်သည်။ထိတ်လန့်စရာကောင်းသည်က စီတုအန်းသည် အဆင့်၄မူမမှန်မှုနဲ့ ပတ်သက်သည့် အချက်အလက်များနဲ့အတူ သူ့အသက်အားလွတ်မြောက်အောင်စီစဉ်နိုင်ခဲ့သည်။သူ့ဦးနှောက်ထဲမှ အချက်အလက်များအတွက်ပင် သူတို့သည် သူ့အား အသက်ရှင်စေရမည်ဖြစ်သည်။

"အကြီးအကဲ ကျုပ် ကျောက်လီကို သွားကူညီလိုက်မယ် ၊ ကိုယ့်ဘာသာ ဂရုစိုက်ပါ "

စီတုအန်းဘေးရှိ နောက်ဆုံးအဖွဲ့ဝင်သည် ကျောက်ယီဖြစ်သည်။သူသည် ရေကြီးမှုထဲမှ ရေသရဲများကို မြင်လိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ အနီရောင်မိုးကာအင်္ကျီစကို ထုတ်ယူလိုက်သည်။ကျောက်ယီသည် သေရန် အသင့်ပြင်ထားပြီးဖြစ်သည်။ဌာနချုပ်မှ အမိန့်များကို ချိူးဖောက်၍ မရနိုင်ပေ။သူတို့တည်ရှိမှု၏ အဓိပ္ပါယ်မှာ ထိုကဲ့သို့ အခိုက်အတန့်အတွက်ဖြစ်သည်။အမိန့်များကို လိုက်နာခြင်းသည် သူတို့၏ တာဝန်ဖြစ်သည်။မြို့တော်ကို ကာကွယ်ရန် အရာအားလုံးကို သူတို့လုပ်ဆောင်မည်ဖြစ်သည်။

ကျောက်ယီသည် မိုးကာစကို မြိုချလိုက်ပြီး ရေထဲခုန်ဆင်းကာ ကျောင်းလုံဆီ ဦးတည်လိုက်သည်။ဟန်ဟိုင်းရှိ စုံစမ်းရေး‌မှူးများအားလုံး ထိုမစ်ရှင်အတွက် သူတို့ကိုယ်သူတို့ စတေးရန် အဆင်သင့်ဖြစ်နေခဲ့ကြသည်။သို့သော်လည်း စီတုအန်းထံမှ သူတို့ မီတာအနည်းငယ်ဝေးသွားသောအခါ တောအုပ်အတွင်းမှ သွေးနီရောင်မျက်လုံးတစ်စုံပွင့်လာ၏။ယန်ရှီကျီး၏ မွေးစားသမီးဖြစ်သူ ယန်ရှောင်ယုသည် ကျားသစ်တစ်ကောင်ကဲ့သို့ တွားသွားထွက်လာခဲ့သည်။သူမသည် စီတုအန်းကို ဆောင့်ကန်လိုက်ပြီး သူမ၏ အဆိပ်ရှိသော ခြေသည်းများဖြင့် ကုတ်လိုက်သည်။ စီတုအန်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ လက်သည်းများက သူ့ပခုံးကို ကုတ်မိလိုက်သည်။သူသာ တစ်စက္ကန့်နောက်ကျပါက မြေပြင်ပေါ်ကျသွားသည်မှာ သူ့ခေါင်းဖြစ်ပေလိမ့်မည်။

"မင်းဘယ်သူလဲ "

စီတုအန်းသည် သူ့အားပျက်စီးစေလိုသော ယန်ရှောင်ယုနဲ့ လျိုယီကို ကြည့်လိုက်သည်။သူက နှာမှုတ်လိုက်ပြီး "မင်းတို့လည်း ငါ့ကို သတ်ချင်နေတာလား "

လျိုယီက သူ့နောက်ကျောမှ ဓားတစ်ချောင်း ထုတ်ယူလိုက်သည်။

"ကောင်းမင်က အနာဂတ်ကို မြင်နိုင်တယ် ၊ ကောင်းယန်က အတိတ်မှာ ရှင်သန်နေတယ် ၊ သူတို့နှစ်ယောက်လုံး ရှင့်ကို သတ်ချင်နေကတည်းက ရှင်က သေဖို့ ထိုက်တန်လို့ပဲ "

All Chapters