← Chapters

အသက်တိုင်းက တန်ဖိုးရှိတယ်

Vol. 13 Ch. 190

အသက်တိုင်းက တန်ဖိုးရှိတယ်

Vol. 13 Ch. 190

ပြိုကျနေသော အဆောက်အဦးများပေါ် မိုးရေများ တသောသောရွာကျနေသည်။ညအမှောင်နှင့် မိုးတိမ်များ ကျဆင်းလာ၏။သေနတ်သံများသည် မိုးခြိမ်းသံကိုပင် လွှမ်းမိုးနေတော့သည်။လျိုယီကိုင်ထားသည့် ဓားသည် လျှပ်စီးကြောင့် လင်းလက်သွားသည်။လျိိုယီသည် သစ်ပင်များကြားတွင်တရိပ်ရိပ်ပြေးလာ၏။ သူမသည် ပိန်ပိန်ပါးပါးဖြစ်သော်လည်း အလွန်သွက်လက်သည်။စီတုအန်းသည် ရုပ်ပိုင်းဆိုင်ရာအား ယင်းကဲ့သို့တစ်စုံတစ်ယောက်ထိန်းချုပ်နိုင်သည်ကို အရင်က ချင်ဂီထံတွင်သာ မြင်ဖူးလေသည်။

"မင်းက အတွေ့အကြုံအများကြီး ရှိတဲ့ပုံပဲ "

စီတုအန်းက မရှောင်တိမ်းခဲ့ပေ။အခြားစုံစမ်းရေးမှူးများ ရောက်ရှိလာကြသည်။သူတို့သည် စီတုအန်းကို ချက်ချင်းကာကွယ်လိုက်ကြသည်။

"နတ်ဆိုးတစ်ကောင်ကို ကယ်တင်ဖို့ အသေခံရတာ ထိုက်တန်ရဲ့လား "

လျိုယီက ‌သူတို့၏သေနတ်များကို ကြည့်လိုက်ပြီး ဓားကို ဖြည်းညင်းစွာချလိုက်သည်။

"ကျောင်းကို ပြန်သွားစမ်း ! မင်းရှေ့တစ်လှမ်းထပ်တိုးရင် မင်းကို ပစ်ရလိမ့်မယ် "

အဖွဲ့ခေါင်းဆောင်က လျိုယီကို သတိပေးလိုက်သည်။

"ဒါက အမှန်ပဲ ၊ နင်တို့နဲ့ စကားပြောရတာ အဓိပ္ပါယ်မရှိဘူး ဘာကြောင့်လဲဆိုတော့ နင်တို့က ....အသုံးချခံ ပစ္စည်းတွေလောက်မို့လိုပဲ "

လျိုယီက သူမ၏ဓားကို သပ်ရပ်စွာဖြင့် လေထဲခုတ်လိုက်သည်။

မီတာအနည်းငယ်အကွာအဝေးတွင် ရှိနေသော အဖွဲ့ခေါင်းဆောင်သည် သူ့လည်ပင်းမှ သွေးများကို ခံစားလိုက်ရသည်။သူခေါင်းငုံ့ကြည့်လိုက်ရာ ချွန်ထက်နေသည့် အဆိပ်ရှိလက်သည်းများက သူ့သွေးကြောများကို ဖြတ်တောက်သွားသည်။ယန်ရှောင်ယုက သူ့နောက်ကျောကို ခွစီးလိုက်သည်။ သက်ရှိလူသားများသည် သရဲများကို ရပ်တန့်ရန် မည်သည့်အရာမှ မလုပ်နိုင်ပေ။ ယင်းကို စီတုအန်းနှင့် လျိုယီနှစ်ယောက်လုံး သိပေသည်။သို့သော်လည်း သူက သူတို့ကို သတိမပေးခဲ့ပေ။စီတုအန်းသည် သူ့ကိုကယ်တင်ရန်ရောက်လာသော စုံစမ်းရေးမှူးများတစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်ကို မတုန်မလှုပ်ဖြင့် ခံစားချက်မဲ့စွာ ကြည့်ရှုနေ၏။သူသည် ကာယဆရာနှင့် တိုက်ခိုက်နေသော လုံခြုံရေးအဖွဲ့ဝင်များကို ကြည့်ရင်း အချိန်ကို ရေတွက်နေလေသည်။‌ ကျောက်ယီနှင့်ကျောက်လီတို့၏ခန္ဓာကိုယ်များသည် ပျော့ဖတ်တစ်ခုအဖြစ်သို့ ကွဲအက်လုနီးပါးဖြစ်နေချိန်တွင် သူတို့ပတ်ဝန်းကျင်တွင် မိုးရေများက နီရဲလာခဲ့သည်။ ကောင်းကင်ကြီး ငိုကြွေးနေသလိုခံစားနေရသည်။

သွေးမိုးရေများ တဖျောဖျောကျဆင်းလာသည်နှင့်အမျှ စုံစမ်းရေးမှုးများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြသည်။စီတုအန်း၏အပြုံးသည် ပိုမိုတောက်ပလာ၏။

"သူ လာနေပြီ "

ကောင်းကင်မှ သွေးများသည် မြေပြင်သို့ပေါင်းစည်းသွားကြသည်။ရေထဲမှ ရေသရဲများ အော်ဟစ်လိုက်ကြသည်။မြေပြင်သည် သွေးကြောတစ်ခုကဲ့သို့ ဖောင်းပွလာပြီး မြေအောက်ထိ ကျယ်ပြန့်သွားခဲ့သည်။ ကျောင်းအနီးရှိ လုံခြုံရေးအဖွဲ့ဝင်များသည် သူတို့၏အရေပြားများကို သွေးနီရောင်ဆက်သွယ်ရေးစက်များက ဖြတ်တောက်သွားသဖြင့် ရုတ်တရက်အော်ဟစ်လိုက်ကြသည်။သူတို့၏ ခန္ဓာကိုယ်များကို ယာယီအားဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိတော့ခြင်းကြောင့် ဓားစာခံများက သူတို့ခန္ဓာကိုယ်များကို ချက်ချင်းဆုတ်ဖြဲလိုက်ကြသည်။နောက်ဆုံး ကျန်သည့် လုံခြုံရေးအဖွဲ့ဝင်က မိမိကိုယ်ကို သတ်သေရန် ဆုံးဖြတ်သည်အထိ ကျောင်းတစ်ဝိုက်တွင် အလားတူအခြေအနေများ ဖြစ်ပွားနေခဲ့သည်။မိုးကာအင်္ကျီအပိုင်းအစများသည် မိုးရေထဲပြုတ်ကျသွားပြီး တူညီသောနေရာတစ်ခုတည်းသို့ ဦးတည်စီးဆင်းသွားကြသည်။

ကျောက်ယီနှင့်ကျောက်လီတို့သေဆုံးသွားသည့်နေရာရှိ သွေးရွှံ့ဗွက်အိုင်ထဲမှ ဖြူရော်ရော်လက်တစ်ဖက်ဆန့်ထွက်လာလေသည်။မိုးကာအင်္ကျီအပိုင်းအစအားလုံး သူမခန္ဓာကိုယ်တွင် စုစည်းနေကြသည်။ကြီးမားသော ဖိအားသည် ရှိနေသူတိုင်းကို ပြင်းထန်စွာ ဖိနှိပ်ခဲ့သည်။ မြေဆီလွှာများက သွေးရောင်ပြောင်းသွား၏။မိုးသည် သူမကြောင့် ရွာခဲ့ခြင်းဖြစ်သည်။ အနီရောင်တံခါးနောက်ကွယ်ရှိ သူမကလေးကိုရှာ‌ဖွေရန် သူမသည် အနီရောင်မိုးကာအင်္ကျီကို ဝတ်ဆင်ထားခဲ့သည်။သူမတွင် ဆင်ခြင်တုံတရားနှင့် သနားညှာတာမှုတို့ မရှိပေ။သူမဘဝ၏ပန်းတိုင်သည် သူမနှလုံးသားဖြစ်လာ၏။သူမသည် မျက်စိရှေ့ရှိ အရာအားလုံးကို သတ်ပစ်ပြီး သွေးမိုးများရွာချသည့်တိုင်အောင် သူမကလေး ပျောက်ဆုံးသွားသည့်မြို့ကို လောင်ကျွမ်းစေလိမ့်မည်ဖြစ်သည်။

"အကြီးအကဲကို ခေါ်သွားကြ ! သူလွတ်အောင် ကူကြစမ်း ! "

အဖွဲ့ခေါင်းဆောင်က သူ့အဖွဲ့သားများကို သတိပေးလိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်သည် နှစ်ပိုင်းဖြစ်ခံလိုက်ရသည်။သွေးမိုးရေ တစ်စက်စီတိုင်းတွင် ရူးသွပ်ရှုံ့တွနေသည့် ချစ်ခြင်းတရား ပါဝင်လေသည်။

စုံစမ်းရေးများ စတင်ပြေးထွက်သွားကြသည်။စီတုအန်းသည် အနီရောင်မိုးကာအင်္ကျီကို ကြည့်၍ မျက်လုံးများဝင်းဝင်းတောက်နေ၏။

"အနီရောင်တစ္ဆေ ၊ ပြီးပြည့်စုံတဲ့ အနီရောင်တစ္ဆေပဲ ! "

စုံစမ်းစစ်ဆေးရေးဌာနသည် အရိပ်ကမ္ဘာထဲတွင် များစွာသော အနီရောင်မိုးကာ အပိုင်းအစများကို ရှာတွေ့ခဲ့ကြသည်။ထိုအရာကို ထိန်းချုပ်ရန်အတွက် သူတို့သည် လုံခြုံရေးအဖွဲ့ဝင်များထံ မတူညီသော မိုးကာစများကို လွှဲပေးခဲ့ပြီး ဝတ်ပြုစေခဲ့သည်။ထို့နောက် သူတို့သည် အနီရောင်မိုးကာအင်္ကျီ၏ သူမသားအပေါ်ထားသည့် ချစ်ခြင်းတရားကို သုံး၍ သူမအားထိန်းချုပ်နိုင်ရန် လှည့်စားခဲ့ကြသည်။ ပုံမှန်အခြေအနေအရ လုံခြုံရေးအဖွဲ့ဝင်များသည် အနီရောင်မိုးကာအင်္ကျီ၏စွမ်းအား၏ 10 မှ 20 ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။လုံခြုံရေးအဖွဲ့ဝင်အားလုံး သေဆုံးသွားမှသာ အနီရောင်မိုးကာအင်္ကျီ၏ စွမ်းအားအပြည့် ထွက်လာမည်ဖြစ်သည်။

မိုးကာအင်္ကျီအောက်မှ ဦးခေါင်းက ဖြည်းညင်းစွာမော့လိုက်သည်။သူမတွင် မျက်နှာမရှိတော့သော်လည်း သူမ၏ရည်ရွယ်ချက်ကို မှတ်မိနေသေးသည်။သွေးဖြင့် ကျွေးမွေးထားသော နှလုံးသည် တဒိန်းဒိန်းခုန်နေ၏။ မိုးကာအင်္ကျီဝတ်ထားသည့် အမျိုးသမီးက သူမကလေးကိုရှာဖွေရန် သတိရသော်လည်း သူမကလေးက ဘယ်ရောက်နေတာပါလဲ။

အနီရောင်မိုးကာအင်္ကျီနောက် လိုက်လာရင်း အနုပညာဆရာမလည်း အခင်းဖြစ်ရာသို့ ရောက်ရှိလာသည်။ အနီရောင် မိုးကာအင်္ကျီကို မြင်လိုက်ပြီးနောက် သူမအသက်ရှုသံမြန်ဆန်လာခဲ့သည်။

"လှလိုက်တဲ့ အနုပညာလက်ရာလေး ၊ ဒါက ဒီကမ္ဘာကြီးက သရဲတစ်ကောင်လား "

အနုပညာဆရာမ၏ နူတ်ခမ်းများမှ ရှရန်၏ အသံထွက်ပေါ်လာသည်။သူသက်ရှိထင်ရှားရှိစဉ်က အလှတရားများစွာကို ရေးဆွဲခဲ့သော်လည်း ပြီးပြည့်စုံသော အသားအရေပင် သူ့စိတ်ဝင်စားမှုကို မနှိုးဆွနိုင်ပေ။သို့သော်လည်း လုံခြုံရေးအဖွဲ့ဝင်အားလုံး၏ စတေးမှုမှ ဖန်တီးထားသည့် အနီရောင်မိုးကာအင်္ကျီကို မြင်လိုက်ရသောအခါ သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့သည်။ သူ့ကိုယ်သူ မကူညီနိုင်တော့ပဲ ထိုအမျိုးသမီးကို ပန်းချီဆွဲချင်နေ၏။

သူသည် သူမနှလုံးထဲက ရည်ရွယ်ချက်ကို ရေးဆွဲချင်သည်။သန့်စင်သော ခံစားချက်သည် အင်မတန်အူယားစေ၏။ယင်းသည် ရှရန်ဆန္ဒရှိသော တစ်စုံတစ်ခုဖြစ်သည်။

အနုပညာဆရာမ၏လက်ချောင်းများက သူမဒဏ်ရာများထဲ လှမ်းလိုက်သည်။အနားမှာ ဘယ်သူမှ မရှိသလိုသဖြင့် သူမ အရေပြားပေါ်တွင် ရေးဆွဲလိုက်သည်။ လူတိုင်း ရူးသွပ်သွားခဲ့ကြသော်လည်း ရှရန်သည် ရူးသွပ်မှုအား အလွန်အမင်း‌နှစ်သက်နေခဲ့သည်။

သွေးမိုးရေထဲတွင် ရပ်နေသော အနီရောင်မိုးကာအင်္ကျီသည် တားမြစ်စည်းကဲ့သို့ ဖြစ်နေသည်။ သူမအနားရောက်လာသူတိုင်း တိုက်ခိုက်ခံရလိမ့်မည်ဖြစ်သည်။

"ဒါက စိတ်ရှုပ်စရာပဲ ၊ စီတုအန်းက သူ့နောက်မှာရှိ‌နေတယ် "

လျိုယီသည် ထိုအခြေအနေတွင် စီတုအန်းက ခိုလှုံရာရှာနိုင်ဦးမည်ဟု မထင်ထားချေ။ကံကြမ္မာသည် သူ့အား အမှန်တကယ်ပင် အကာအကွယ်ပေးနေပုံရသည်။

"လုံခြုံရေးအဖွဲ့ဝင်အားလုံး သေကုန်ကြပြီ ၊ ဒါက စုံစမ်းစစ်ဆေးရေးဌာနရဲ့ နောက်ဆုံးဝှက်ဖဲပဲ ဖြစ်ရမယ် "

ကျောင်းသားကောင်စီ ဥက္ကဋ္ဌကို မီးတောက်များလောင်ကျွမ်း‌နေ၏။ သူ့ခန္ဓာကိုယ်သည် ကျိန်စာများအဖြစ် ပြောင်းလဲသွားပြီး လောင်ကျွမ်းနေသော ဖူဟို့ကို ပွေ့ပိုက်ထားသည်။

"မင်းတို့ သောက်ရူးအုပ်စု ၊မင်း ဘာလိုချင်တာလဲ "

ဖူဟို့နှလုံးသည် သွေးများစီးကျနေ၏။ လုံခြုံရေးအဖွဲ့ဝင်တိုင်းသည် အဖိုးတန်များဖြစ်သည်။သူတို့သည်ဌာန၏ လက်နက်များဖြစ်ကြပြီး စုံစမ်းစစ်ဆေးရေးဌာန၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။

"ငါတို့ လိုချင်တာက အရမ်းရိုးရှင်းတယ် ၊ ဟန်ဟိုင်းက စုံစမ်းစစ်ဆေးရေးဌာနကို မလိုအပ်ဘူး "

အဝေးမှ အဆောက်အဦးများ ပြိုကျသည့် အသံထွက်ပေါ်လာခဲ့သည်။ဟန်သဲ့ကိုယ်ပို‌င်‌ ကျောင်း၏ နောက်ဆုံးအဆောက်အဦးအနည်းငယ်သည် အပျက်အစီးများအဖြစ် ပြောင်းလဲသွားသောအခါ နွေးထွေးသောအသံဖြင့်ညွှန်ကြားလိုက်သဖြင့် လူသားအုတ်ခဲများ တွားသွားထွက်လာကြလေသည်။

လူသားအုတ်ခဲများကို မြင်လိုက်ရသဖြင့် ဖူဟို့၏ ဦးခေါင်းမှာ ထုံကျဉ်သွားခဲ့သည်။ အစီရင်ခံစာအရ လူသားအုတ်ခဲများအဖြစ် ပြုလုပ်ခဲ့သော ကျောင်းသား ရာဂဏန်းမျှသာ ရှိသည်။ထိုသည်က သူမြင်နေရသည်နှင့် ကွာခြားနေခဲ့သည်! ။

"ဒီဝိညာဉ်တွေကို ဘယ်သူက ညွှန်ကြားနေတာလဲ ၊ သူတို့ကို အရိပ်ကမ္ဘာထဲ မရောက်အောင် ဘယ်သူက တားဆီးနေတာလဲ "

ထိုကျောင်းသားများသည် အရိပ်ကမ္ဘာမှ အပြည့်အဝကူးစက်ခံထားရသော်လည်း ၎င်းတို့သည် ယင်း၏အစိတ်အပိုင်းဖြစ်မလာကြောင်းကို ဖူဟို့ သဘောပေါက်လိုက်သည်။အားတစ်ခုက သူတို့အား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။လူသားအုတ်ခဲများအရှုံးပေးခဲ့လျှင်ပင် ထိုအင်အားက အရှုံးပေးလိမ့်မည်မဟုတ်ချေ။ဟန်သဲ့ကိုယ်ပိုင်ကျောင်းပေါ်ရှိ တိမ်မဲများ လျော့ပါးလာခဲ့သည်။ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို အရိပ်ကမ္ဘာနှင့် ချိတ်ဆက်ပေးသည့် အမြစ်များ ကွဲကြေသွားသည်။ လူသားအုတ်ခဲများ၏ အောက်ခြေတွင် အဆုံးမရှိ နင်းဖြတ်ခံထားရသော ပခုံးတစ်စုံ ထွက်ပေါ်လာခဲ့သည်။

ယန်ရှီကျီးသည် မြေမျက်နှာပြင်ပေါ်ရှိ မြေဆီလွှာကို လက်ငါးချောင်းဖြင့် ဆုပ်ကိုင်ထားရင်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။

ဘတတစ်လျှောက်လုံး ကောင်းမွန်စွာနေလာခဲ့သော အဘွားအိုကြီးသည် အလွန်ညစ်ပတ်ပြီးယိုင်နဲ့နေသည့်ဟန်ဖြင့်ထွက်ပေါ်လာခဲ့သည် ။သူမသည် လူသားအုတ်ခဲများအားလုံးကို မြေမျက်နှာပြင်ပေါ်သို့ပို့ပေးရန် သူမ၏ပခုံးကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။

"ယန်ရှီကျီးလား ၊ သူက လူသားအုတ်ခဲတွေအားလုံးကို ခေါ်ထုတ်လာတာလား ! "

စီတုအန်၏ မျက်လုံးများ တုန်လှုပ်သွားသည်။ အဘွားအိုအား သူပေးခဲ့သည့်နှိပ်စက်ညှဉ်းပန်းမှုများကို လူတိုင်းထက် သူပိုသိပေသည်။ သူမလုပ်ခဲ့သည့် အံ့သြဖွယ်ရာ အရာများကိုလည်း သူသိသည်။

ကျောင်းမြေကြီးအောက်မှ တွားတက်လာရင်း အဘွားအိုကြီး၏ ကျောရိုးက ကိုင်းနေခဲ့သည်။ သူမသည်ဟန်သဲ့ကိုယ်ကျောင်း၏ ကျောင်းအုပ်အသစ်ကို အဝေးမှမြင်လိုက်ရပြီး သူမ၏မျက်လုံးများမှ ချက်ချင်းပင် သွေးများစီးကျလာလေသည်။

"စီတုအန်း ! "

All Chapters