မင်းရဲ့ကံကြမ္မာကို ဖမ်းဆုပ်လိုက်
Vol. 13 Ch. 191
"ဆရာမကြီး ! "
ကျောင်းမှ ကျောင်းသားများနှင့် သရဲနီများအားလုံး ယန်ရှီကျီးကို မြင်တွေ့လိုက်ရသည်။ပျက်စီးနေပြီဖြစ်သော ကျောင်းကြီးတွင် အဘွားအိုကြီးသည် အရိပ်ကမ္ဘာ၏အစွန်းတွင် မတ်တပ်ရပ်လျက်ရှိသည်။အကြောက်ရောဂါကူးစက်ခံထားရသော ကျောင်းသားများသည် တစ်စုံတစ်ခုကြောင့် လှုပ်ရှားသွားပြီး အားလုံး ယန်ရှီကျီးဘက် လှည့်လိုက်ကြသည်။
ကျောင်းကြီးသည် အပျက်အစီးပုံကြီးဖြစ်နေခဲ့သည်။အဆောက်အဦးအားလုံး ပြိုကျပျက်စီးနေခဲ့သည်။ကျောင်းသားများသည် နာမကျန်းမှုဖြင့် အလဲလဲအပြိုပြိုဖြစ်နေကြသည်။သူတို့သည် တစ်ချိန်က မိဘမဲ့ကလေးများနှင့်ဟန်ဟိုင်း၏ စွန့်ပစ်ခံသားသမီးများအတွက် အလွန်နွေးထွေးမှုပေးခဲ့သည့် မြင့်မြတ်သောနေရာမှ ထွက်ခွာရန်ငိုကြွေးနေကြပြီး ကြောက်ရွံ့နေခဲ့ကြသည်။
ဘယ်အချိန်တုန်းကနေ ဒီလိုဖြစ်လာတာလဲ ၊ ငါကလေးတွေကို နာကျင်အောင် ဘယ်သူလုပ်တာလဲ။
မိုးရေက အညစ်အကြေးတွေ လွင့်စင်သွားစေသည်။ အဘွားအိုကြီးသည် သူမနောက်ကျောကို ဖြောင့်ဖြောင့်တန်းတန်းဖြစ်ရန် ကြိုးစားလိုက်သည်။သူမကို မည်သည့်အရာကမှ ရိုက်ချလို့မရပေ။ သူမ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေသည်။ ၎င်းတို့သည် မှောင်မိုက်သောည၌ တောက်ပကြခြင်းဖြစ်သည်။
"ဘဝကို မကြောက်နဲ့ ၊ ရှင်သန်ရတာကို မကြောက်နဲ့ ၊ ဆရာမ ဒီကိုရောက်နေပြီ ၊ သားတို့သမီးတို့နဲ့ အတူတူ ဆရာမရှိနေမယ် ၊ အလင်းမဲ့တဲ့လမ်းပေါ်ပဲဖြစ်ဖြစ် မြေအောက်ကအရိပ်ထဲမှာပဲဖြစ်ဖြစ် ဆရာမက မင်းတို့ကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူး ၊ ဒါဟာ သားတို့ သမီးတို့ ကျောင်းကို ဝင်လာကတည်းက ဆရာမပေးခဲ့တဲ့ ကတိစကားပဲ "
သူမ၏စကားတစ်ခွန်းစီနှင့်အတူ ယန်ရှီကျီး၏ ခန္ဓာကိုယ်သည် မှုန်ဝါးလာခဲ့သည်။အရိပ်ကမ္ဘာသည် သူမအားစားသုံးနေခြင်းဖြစ်သည်။၎င်းသည် သူမကို လက်လွတ်ရန် ဆန္ဒမရှိချေ။
"ဟန်သဲ့ရှုရှန်းအကယ်ဒမီဟာ ကျောင်းတစ်ကျောင်းထက် ပိုတယ် ၊ စီတုအန်းက ဒါကို ဘယ်တော့မှ နားမလည်ဘူး ၊ ဒီကလေးတွေအတွက် ဒီကျောင်းဟာ သူတို့ရဲ ငယ်ဘဝနဲ့ သူတို့ရဲ့ ပထမဆုံးမှတ်ဉာဏ်တွေပဲ ၊ဒီထဲမှာ အိမ်နဲ့ ဖြူစင်တဲ့ ကြင်နာမှုတွေအတွက် သူတို့ရဲ့ ဆန္ဒတွေ ပါရှိတယ် "
ကျောင်းအုပ်အိုကြီးတွင် အလွန်ထူးခြားသော စွမ်းအားတစ်ခုရှိသည်။ပုံမှန်အားဖြင့် သူမသည် ကျောင်းခန်းမသို့ သွားပြီး ကလေးများ၏ စိတ်ဝိဉာည်များကို သန့်စင်ရန် ကူညီပေးလိမ့်မည်ဖြစ်သည်။သူမသည် သူမစွမ်းအားကို အတင်းအကျပ်ထုတ်သုံးနေစရာမလိုပေ။သူမ ဘယ်နေရာရောက်ရောက် အေးချမ်းမှုကို ပေးစွမ်းလိမ့်မည်ဖြစ်သည်။ပြင်းထန်သောစိတ်ဒဏ်ရာရှိသည့် ခွေးကြီးပင် သူမဘေး နေရသည်ကို သဘောကျပေသည်။
အနီရောင်မိုးကာအင်္ကျီနောက်တွင်ရှိသော စီတူအန်း၏ မျက်နှာသည် ရှုံ့မဲ့နေ၏။ယန်ရှီကျီးကို သူမြင်တိုင်း မှန်ကြည့်နေသလိုမျိုးခံစားရသည်။ထိုမှန်သည် သူ၏ အကျည်းတန်မှုနဲ့ ညစ်ညမ်းမှုတွေကို ပြခြင်းဖြစ်သည်။
"ခင်ဗျား ဘာကိုဆိုလိုသလဲ ကျုပ်နားမလည်ဘူး ၊ ခင်ဗျားတည်ဆောက်ခဲ့တဲ့ ကောင်းမှုကုသိုလ် မရှိတော့ဘူးဆိုတာတော့ ကျုပ်သိတယ် ဒီကမ္ဘာကြီးကအရမ်းရိုးရှင်းပါတယ် ခင်ဗျားပျော်နေရင် တစ်စုံတစ်ယောက် နာကျင်နေတယ် ၊ခင်ဗျား စိတ်အေးလက်အေး နေနေရရင် တစ်စုံတစ်ယောက်ဟာ ဖိနှိပ်ခံနေရတယ် ၊ မနာလိုတာတွေ ငြူစူတာတွေနဲ့ နှိုင်းယှဉ်တာတွေလိုပေါ့ ၊ လူသားတစ်ယောက်ရဲ့ နှလုံးသားထဲမှာ စိတ်ယုတ်မာတွေ ရှိနေသရွေ့ လူသားတွေဟာ ဘယ်တော့ စစ်မှန်တဲ့ ကောင်းမှုကုသိုလ်ကို ရမှာ မဟုတ်ဘူး "
စီတုအန်းသည် ယန်ရှီကျီးကို အမုန်းဆုံးဖြစ်သည်။သူသည် သူမကို သတ်ဖြတ်ရန် နည်းလမ်းများစွာရှိသော်လည်း သူမစိတ်ဝိဉာည်ကို မပြောင်းလဲနိုင်ခဲ့ချေ။
"နင် မှန်ပါတယ် "
ယန်ရှီကျီးက မိုးရေထဲ လျှောက်ထွက်လာ၏။သူမ မလှုပ်ရှားနိုင်လျှင် လူသားအုတ်ခဲများက သူမအတွက် လမ်းခင်းရန် အလိုအလျောက် ရွေ့သွားပေးမည်ဖြစ်သည်။
"ခင်ဗျားက ကျုပ်နဲ့ သဘောတူတာလား "
စီတုအန်းက ထိတ်လန့်သွားသည်။သူသည် ခန်းမတွင် အသားသစ်ပင်ကို မြင်သည့်အချိန်ကပင် ထိတ်လန့်နေခဲ့ခြင်းဖြစ်သည်။
"ဟုတ်တယ် ၊ ဘာလို့လဲဆိုတော့ ငါအခု ဒါကို မြင်လိုက်လို့ပဲ ၊ ငါဟာ လူတိုင်းဆီကို ကုသိုလ်ကောင်းမှုတွေ မယူဆောင်ပေးနိုင်ဘူး ၊ လူတွေရဲ့ ကောင်းမှုကုသိုလ်ကို ငါယုံကြည်ဖို့ပဲလိုတယ် "
ယန်ရှီကျီး၏ စွမ်းအားသည် သတ်ဖြတ်ခြင်းနှင့် မသက်ဆိုင်သော်လည်း ထိုအချိန်တွင် သူမသည် တစ်ယောက်ယောက်ကို သတ်ချင်နေလေသည်။
ယန်ရှီကျီး နှင့် လူသားအုတ်ခဲများကြားမှ ပဲ့တင်ထပ်သံကို မြင်တွေ့လိုက်ရပြီး သူမ၏ အသတ်အဖြတ်ရည်ရွယ်ချက်ကို သတိပြုမိသောအခါ စီတုအန်း သည် သူ့ဒဏ်ရာများကို ဖုံးအုပ်ထားသည့် လက်များကို ချလိုက်လေသည်။ သူက စူးစူးဝါးဝါးရယ်မောလိုက်သည်။
"ခင်ဗျားမလုပ်ဘူးဆိုတဲ့ အငြင်းဆုံးအရာကို ခင်ဗျားလုပ်နေပြီ ခင်ဗျားက ကျုပ်လိုပဲ လူသတ်တာကို ရွေးချယ်လိုက်ပြီ ၊ ယန်ရှီကျီး ခင်ဗျား နောက်ဆုံးတော့ ကျုပ်လိုဖြစ်လာခဲ့ပြီ ! "
အဘွားအိုကြီးက စကားမပြောခဲ့ပေ။ကျောင်းစည်းကမ်းနှင့် စီတုအန်း၏ စည်းကမ်းများ ပြိုပျက်သွားပြီးနောက် ကျောင်း၏အုတ်မြစ်ကို ဖြစ်ပေါ်စေသော လူသားအုတ်ခဲများ နှင့် ကျောင်းသားအချို့သည် အဘွားအိုကြီးဘက်တွင် ရှိနေကြသည်။သူမ၏စကားလုံးများတွင် အထူးစွမ်းအားများ ပါဝင်ပေသည်။နာကြည်းခြင်းအခန်းများ ဖျက်ဆီးခံရပြီး မရဏဘုံပြိုကျသွားလျှင်ပင် ထိုနေရာတွင် သူမ ရှိနေသရွေ့ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာ ဆက်လက်တည်ရှိနေလိမ့်မည်ဖြစ်သည်။
လူသားအုတ်ခဲများထံမှ သေးငယ်သည့်ကြိုးမျှင်များ လွင့်ပျံထွက်နေ၏။၎င်းတို့အား အရိပ်ကမ္ဘာထဲမှ ယန်ရှီကျီးဆွဲထုတ်ထားခြင်းဖြစ်သည်။ကြိုးမျှင်များသည် ကလေးများ၏ ကံကြမ္မာဖြစ်သည်။ကံကြမ္မာကြိုးမျှင်များအားလုံးသည် ကျောင်းအုပ်အိုကြီး၏ ပတ်ပတ်လည်တွင် စက်ဝိုင်းသဖွယ် ဝိုင်းပတ်နေကြသည်။သူမ၏ စကားများနှင့်အမူအရာသည် ပြောင်းလဲသွား၏။သူမသည် သူမလုပ်စရာရှိသည်ကို ပြီးဆုံးအောင်လုပ်တော့မည်ဖြစ်သည်။စီတုအန်း သည် ယန်ရှီကျီးထံ မျက်လုံးများ မှေးကျဉ်းထားသည်။ဟန်ဟိုင်းတွင် အလွန်ထူးခြားသော သရဲတစ်မျိုးကို လေ့ကျင့်နိုင်သည်ကို သူသိသည်။သူတို့သည် သူတို့၏ကိုယ်ပိုင်စည်းမျဉ်းများကို ဖန်တီးနိုင်ပြီး လူတို့၏သေခြင်းတရားကို ကိုင်တွယ်ရန် မမြင်နိုင်သော အရာတစ်ခုကို အသုံးပြုနိုင်သည်။ဟန်ဟိုင်း၏ သာမန်သရဲများသည် အခြားမြို့များမှ သရဲများထက် အားနည်းသည်။သို့သော် သူတို့သည် ထိုခြေလှမ်းကို လှမ်းပြီးသည်နှင့် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။ဟန်ဟိုင်းသည် ဧရာမ ခြောက်ခြားဂိမ်းတစ်ခုဖြစ်ပါက အဆုံးတွင် ဟန်ဟိုင်းမှထွက်လာသော သရဲများသည် ထိုဂိမ်း၏အုပ်ချုပ်သူများ ဖြစ်လာကြမည်ဖြစ်သည်။ သူတို့တစ်ဦးစီသည် အနာဂတ်ကို လွှမ်းမိုးရန် စွမ်းအားရှိကြသည်။
"ငါကိစ္စတွေ အများကြီးကို လုပ်ခဲ့ပြီးပြီ၊ ဒီ ခေါင်းမာတဲ့အဘွားကြီးက အဆုံးမှာ အရာအားလုံးကို ငါ့ဆီက ယူသွားမှာလား ဒါက ငါ့အတွက် ကံကြမ္မာကရေးထားတဲ့ ဇာတ်ညွှန်းပဲလား "
စီတုအန်း၏ရယ်မောသံသည် ပို၍ ကျယ်လောင်လာ၏။
"ဒီကြောက်စရာကောင်းတဲ့ ကံကြမ္မာကနေ ငါလွတ်မြောက်မှဖြစ်မယ် ! "
အနီရောင်မိုးကာအင်္ကျီသည် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ သွေးမိုးများ အားနည်းလာခဲ့သည်။ညအမှောင်နှင့် ကောင်းကင်သည်ပင် မှုန်ဝါးလာသည်ဟု ထင်ရသည်။
ယန်ရှီကျီးမှလွဲ၍ ကျောင်းရှိ မည်သူကမှ အနီရောင်တစ္ဆေကို စိန်မခေါ်ရဲပေ။သူမနှင့် သူမဘက်တွင်ရှိ သောကျောင်းသားများသာ အနီရောင်မိုးကာအင်္ကျီဆီ လျှောက်သွားလိုက်ကြသည်။ကျောင်းကြီးသည် ပြိုကျသွားခဲ့ပြီဖြစ်သော်လည်း ကျောင်းသားများအားလုံး၏ ကံကြမ္မာသည် ယန်ရှီကျီးအပေါ်တွင် စူးစိုက်နေကြသည်။ဖော်မပြရန် ခက်ခဲပြီး မတည်ရှိသော စွမ်းအားသည် လူတိုင်းကို တိတ်တဆိတ် လွှမ်းမိုးလာလေသည်။
အနီရောင်မိုးကာအင်္ကျီသည် တစ်ခုခုမှားနေကြောင်း သိနေ၏။သွေးများသည် လေပြင်းထဲတွင် တလှပ်လှပ်လွင့်ပါသွားသည်။ သွေးများသည် အရိပ်ကမ္ဘာက စုပ်ယူနိုင်ရန် မြေအောက်ထဲ စိမ့်ဝင်သွား၏။ သူမအား ထိုမြို့ရှိ အရာအားလုံးက ပစ်မှတ်ထားနေခြင်းဖြစ်သည်။ သူမရဲ့ ဖြစ်တည်မှုသည် အမှားတစ်ခုကဲ့သို့ပင်။
တောက်ပနေသော သွေးမျက်လုံးများက ယန်ရှီကျီးကို ပစ်မှတ်ထားနေသည်။အနီရောင်မိုးကာအင်္ကျီ၏ မျက်လုံးထဲတွင် လက်စားချေလိုမှုတစ်ခုသာ ရှိသည်။အနီရောင်တစ္ဆေများသည် ပြင်းထန်သည့် စိတ်ခံစားမှုများနှင့် စွဲလမ်းမှုများကို ကိုယ်စားပြုသည်။ သူတို့ ဖြစ်တည်မှု၏ အခြေခံသည် သူတို့၏လက်လွတ်ရန် ဆန္ဒမရှိမှုကြောင့်ဖြစ်သည်။သေမင်းသည် သူတို့ကို ထွက်သွားအောင်မလုပ်နိုင်ပေ။အချိန်သည် သူတို့ဒဏ်ရာများကို ကုသရန်မစွမ်းပါ ။သူတို့သည် သူတို့ကံကြမ္မာကို ခုခံရန် မွေးဖွားလာခြင်းဖြစ်သည်။
အနီရောင် နှလုံးသားသည် ခုန်ပေါက်နေ၏။ သူမအား ကမ္ဘာကြီးက စွန့်ပစ်ခဲ့လျှင်ပင် သူမထံ အကြောက်တရားရှိမည်မဟုတ်ပေ။ယင်းသည် အနီရောင်တစ္ဆေပင်ဖြစ်သည်။
"အရမ်းလှတာပဲ "
အနီရောင်တစ္ဆေကို ပထမဆုံး တိုက်ခိုက်သူမှာ ရှရန် ဖြစ်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။ သူသည် အနုပညာဆရာမ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်မိုးကာအင်္ကျီကို မကြောက်မရွံ့ ရေးဆွဲနေခဲ့သည်။သူသည် အနီရောင်မိုးကာအင်္ကျီကို ထွေးပွေ့ထားရန် ပန်းချီကားကို အသုံးပြု၍ သူမ၏နှလုံးသားကို နားထောင်ချင်ခဲ့သည်။
လိုအင်ဆန္ဒသည် ဆရာရှကို လုံးဝဝါးမြိုသွားသည်။အနီရောင်မိုးကာအင်္ကျီသည် အနုပညာဆရာမ၏အရေပြားပေါ်တွင် ထွက်ပေါ်လာခဲ့သည်။သူမသည် အနုပညာဆရာမ၏ အရေပြားကို ဖြတ်တောက်ရန် ကြိုးစားစဉ်တွင် ကံကြမ္မာကြိုးမျှင်များသည် အနုပညာဆရာမနှင့် အနီရောင် မိုးကာအင်္ကျီတို့ကို ဝန်းရံလိုက်သည်။ နှစ်ယောက်လုံး သည် ကံကြမ္မာရဲ့ လှည့်စားခြင်းကို ခံလိုက်ရသည်။အနီရောင်မိုးကာအင်္ကျီသည် အားနည်းသွားခဲ့ပြီး အနုပညာဆရာမ၏ တည်ရှိမှုသည် မပြေမပြစ်ဖြင့် တဖျပ်ဖျပ်ဖြစ်နေခဲ့သည်။
အားနည်းသွားသော်လည်း အနီရောင်မိုးကာအင်္ကျီသည် အနုပညာဆရာမ၏ ရင်ဘတ်ကို အလွယ်တကူ ဆုတ်ဖြဲလိုက်ပြီး သူမ၏မျက်နှာရှိ အရေပြားအပိုင်းတစ်ပိုင်းကို ဆွဲခွာပစ်လိုက်သည်။
"မင်းရဲ့လှုပ်ရှားမှုတိုင်းက အရမ်းပြည့်စုံတယ် ၊ မင်းကြောင့် အသတ်ခံရတာဟာ ကောင်းချီးတစ်ခုပါပဲ ၊ ငါ့စိတ်ဝိညာဉ်မှာ မင်းကို ရေးဆွဲပါ့မယ် "
ရှရန်၏ အသံသည် ရူးသွပ်နေ၏။သူအရမ်းမပျော်ရွှင်ရတာ အတော်ကြာပြီဖြစ်သည်။အနီရောင်မိုးကာအင်္ကျီသည် အနုပညာဆရာမကို တိုက်ခိုက်လိုက်သည်။ စီတုအန်းက သူမနောက်သို့ အမြန်ပြေးလိုက်လိုက်သည်။ သူဘေးကင်းရန်အတွက် သူမဘေးတွင် နေရမည်ဖြစ်သည်။စီတုအန်းသည် အလွန်မြန်ဆန်ပြီးသား ဖြစ်သော်လည်း ကောင်းမင်က ပိုမြန်နေခဲ့သည်။ဧရာမခွေးကြီးတစ်ကောင်သည် စီတုအန်း၏အရိပ်ထဲမှခုန်ထွက်လာခဲ့သည်။
စီတုအန်း လှည့်ကြည့်လိုက်ရာ ခွေးကြီး၏ပါးစပ်ထဲမှ လူသားမျက်နှာ တစ်ခုကို တွေ့လိုက်ရသည်။ထိုမျက်နှာပေါ်ရှိအမူအရာကို သူဘယ်တော့မှမေ့မည်မဟုတ်ပေ။ ထိုမျက်နှာကို မြင်လိုက်ရုံနဲ့ သူ့ အရေပြားများ ယားယံသွားခဲ့သည်။
"ကောင်းမင်လား "
မျက်လုံးများမှ သွေးများ စီးကျလာသည်။ ကောင်းမင်သည် သေခြင်းမှတ်ဉာဏ်များအားလုံးကို သူ့နှလုံးသားထဲတွင် သယ်ဆောင်၍ စီတုအန်းအား ခုန်အုပ်လိုက်သည်။
သူသည် စီတုအန်း၏လည်ပင်းကို သားရဲတစ်ကောင်ကဲ့သို့ ညှစ်ထားခဲ့သည်။ သူ့လက်ချောင်းများမှ တကယ့် ခံစားချက်များသည် ကောင်းမင်အား အချိန်၏မြစ်ကိုဖြတ်ပြီး သူ့ကံကြမ္မာကို ပထမဆုံးအကြိမ် ဆုပ်ကိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။