← Chapters

နောက်ခံ

Vol. 13 Ch. 193

နောက်ခံ

Vol. 13 Ch. 193

ရှရန်သည် အနုပညာဆရာမ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်မိုးကာအင်္ကျီကို ရေးဆွဲခဲ့ပြီး ယခုတွင် သူသည် စီတုအန်း၏ဝိညာဉ်ကို အမှတ်တရအဖြစ် ပုံဆွဲချင်နေပြီဖြစ်သည်။သူသည် လူသေဓာတ်ပုံထဲတွင် သေဆုံးခဲ့သော်လည်း သူ့ဘဝသည် သူအသက်ရှင်စဉ်ကထက်ပင် များစွာပိုစိတ်ဝင်စားဖွယ်ကောင်းလာခဲ့သည်။ချိန်းကြိုးများက စီတုအန်းကို မခုခံနိုင်စေရန် သေချာသည်။ သူသည် ခေါင်းကို မော့ထားသော်လည်း ပြင်းထန်စွာ နာကျင်နေသည်။ ရှရန်က သူ့ပုံဆွဲနေသည်အား ခွင့်ပြုရန်သာ တတ်နိုင်ပေသည်။

"မင်း ..."

စီတုအန်းသည် ရှရန်နှင့်ကောင်းမင်ကို စူးစမ်းစစ်ဆေးလိုက်သောအချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

"မင်းတို့နှစ်ယောက်က အတူတူပဲလား ! ကောင်းမင် မင်းက တခြားကောင်းမင်ပဲ ! "

"ခင်ဗျား ဘယ်လိုပြောနိုင်တာတုန်း "

ရှရန်က ပန်းချီဆွဲနေခြင်းကို ရပ်လိုက်သည်။

"ခင်ဗျားမှန်တယ် ၊ ကျုပ်က သူအစစ်ပဲ ၊ သူ မလုပ်ချင်တာအားလုံးကို ကျုပ်လုပ်ပေးမှာပဲ ၊ ရူးသွပ်တာတွေ ၊ သတ်ဖြတ်တာ‌တွေပြီးရင် သူက ကျုပ်ဆီက သူ့ကိုယ်သူ ဖြတ်တောက်ပြီး သူဖြစ်တဲ့ ကျုပ်အပေါ်မှာ အရာအားလုံးကို အပြစ်ပုံချလိမ့်မယ် "

ကောင်းမင်က ရှရန်နှင့်စီတုအန်းကြားတွင် သူ့မျက်လုံးများကို မှေးစင်းထားသည်။ထိုအန္တရာယ်ရှိသည့် ဇာတ်ကောင်နှစ်ယောက်ကို သူ့နှလုံးသားထဲလှောင်ပိတ်ထားရန် သတ္တိအများကြီးလို‌ပေသည်။သို့သော်လည်း ကောင်းမင်တွင် သူ့အကြောင်းပြချက်ရှိသည်။ရှရန်၏ အခြေအနေသည် ထူးခြားသောကြောင့် ကောင်းမင်က သူ့ကို ဖျက်ဆီးရန် အစီအစဉ်မရှိပေ။ စီတုအန်းအတွက်ကတော့ ကောင်းမင်သည် သူ့ဆီမှ သတင်းအချက်အလက်များ ပိုရရန် ရည်ရွယ်ထားသည်။

"မင်းတို့ဆက်ဆံရေးက ရှုပ်ထွေးတာပဲ "

စီတုအန်းက ချောင်ပိတ်မိနေသော်လည်း သူ့အမူအရာသည် စိတ်ပူပန်နေဟန် မရှိပေ။

"ကောင်းမင် ငါသိချင်မိတယ် ၊ မင်းငါ့ကို ဒီလောက်ထိ မုန်းတီးနေရအောင် မင်းကို ငါဘာများလုပ်ခဲ့မိတာလဲ ၊ မင်း ငါ့ကို ဘယ်လိုတန်ကြေးနဲ့ သတ်မှာလဲ "

ကောင်းမင်သည် သားစားကြူးနတ်၏လက်မောင်းပေါ်တွင် ထိုင်နေပြီး စီတုအန်းကို တိတ်တဆိတ်စိုက်ကြည့်နေ၏။

"ငါ့ကိုသတ်ဖို့ အကြောင်းပြချက် ယူဆောင်လာတာတောင်မှ မင်းကို အရမ်းနာကျင်စေတာလား "

စီတုအန်းသည် ချိန်းကြိုးများက သူ့ 'အသား' ကို ဆွဲထုတ်ရန် ခွင့်ပြုထားသည်။သူသည် သူ့ခန္ဓာကိုယ်ကို တွန့်လိမ်၍ ကောင်းမင်နှင့် နီးကပ်စေလိုက်ပြီး

"မြို့တော်အရှေ့ပိုင်းပုဂ္ဂလိကဆေးရုံမှာ ငါစတေးခဲ့တဲ့ လူနာတွေထဲကတစ်‌ယောက်က မင်းမိသားစုထဲက တစ်ယောက်လား ၊ ဒါမှမဟုတ် မနှစ်က ပိုဝမ်ရွာမှာ အလောင်းတစ်ခုအတွက် ငါ ဇနီးတစ်ယောက်ရွေးခဲ့တုန်းက မင်းရဲ့ချစ်သူကို ငါရွေးခဲ့မိလို့လား ၊ ဒါမှမဟုတ် စီစွေ့အိမ်ရာမှာ သားစားကြူးနတ်ကို ကိုးကွယ်အောင် ကြိုးစားဖို့ စီစွေ့အိမ်ရာထဲကို ငါပို့ခဲ့တဲ့ လူသတ်သမားတွေက မင်းအတွက် အရေးကြီးတဲ့လူကို မတော်တဆသတ်ခဲ့မိတာလား "

စီတုအန်းသည် သူလုပ်ခဲ့သောကြောက်စရာကောင်းသည့် အရာများကို ဖော်ပြခဲ့သည်။၎င်းတို့အား နားထောင်ရသည်ပင် စိတ်မချမ်းသာလှပေ။

"ဒါမှမဟုတ် လွန်ခဲ့တဲ့ငါးနှစ်လောက်က မူမမှန်မှုကို ငါနိူးဆွခဲ့တာ ကျရှုံးခဲ့တဲ့အတွက် အထောက်အထားတွေကို ဖျက်ဆီးဖို့ကြိုးစားတဲ့အချိန်က မင်းသူငယ်ချင်းတစ်ယောက်ကို သတ်မိခဲ့တာလား ၊ အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ လူအများအပြား သေဆုံးခဲ့ရတယ် ၊ ဒါပေမယ့် သူတို့မသေရင် ငါသေလိမ့်မယ်"

စီတူအန်းသည် ဤအရာများကို ပြောသောအခါတွင်သူ၏ပြောင်းလဲမှုများကို စောင့်ကြည့်ရန် ကောင်းမင်အား စိုက်ကြည့်နေခဲ့သည်။

"ငရဲနက်နက်ထဲမှ ကျခံသင့်တဲ့ အရာတွေကို ငါအများကြီးလုပ်ခဲ့ပြီးပြီ ဆိုတော့... မင်းကို ငါဘာလုပ်ခဲ့မိတာလဲ "

စီတုအန်းသည် ချိန်းကြိုးများကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။သူက ရုန်းကန်ရန်ကြိုးစားပြီး ကောင်းမင်ထံ ခုန်ဝင်ရန်ကြိုးစားလိုက်သော်လည်း သူ့ဝိဉာည်တစ်ဝက်သာ ဆုတ်ဖြဲ ခံလိုက်ရသည်။

"ခင်ဗျား ကျုပ်ကို ဘာမှ မလုပ်ခဲ့ပါဘူး ၊ ကျုပ်က ခင်ဗျားကို ဖျက်ဆီးချင်ရုံ သက်သက်ပါပဲ "

ကောင်းမင်က ကြည်လင်စွာ ပြုံးပြလိုက်သည်။ယင်းသည် သူဥမင်ထဲမှ ထွက်လာကတည်း ပထမဆုံးအကြိမ်အဖြစ် ပျော်ရွှင်မှုကို ခံစားလိုက်ရခြင်းဖြစ်သည်။

"အဲ့လိုလူတွေ အများကြီးရှိတယ် ဒါပေမယ့် မင်းက သူတို့ထဲက တစ်ယောက်မှ မဟုတ်ဘူး ၊ ငါပြောနိုင်တယ် "

စီတုအန်းက ခုခံခြင်းကို ရပ်လိုက်သည်။သို့သော်လည်း သူသည် ခေါင်းငုံ့ရန် ငြင်းဆန်နေဆဲဖြစ်သည်။နာကျင်နေသည့်ကြားမှပင် သူသည် ကောင်းမင်၏မျက်လုံးများကို စိုက်ကြည့်နေ၏။

"ငါဟာ တစ်ချိန်က မင်းလိုလူဖြစ်ချင်ပေမယ့် သူတို့က အဲ့လိုလုပ်ဖို့ ခွင့်မပြုဘူး ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ယောက်က ဒီလိုအရာတွေကို လုပ်ရမှာမို့လို့ပဲ "

"အဲ့လိုလား "

ရှရန်သည် စီတုအန်း၏မျက်နှာကို ဆွဲပြီးသော်လည်း ယင်းပုံအား သူစိတ်မကျေနပ်ပေ။သူက ပုံအားဆုတ်ဖြဲလိုက်ပြီး နောက်ထပ်ပြန်ဆွဲလိုက်သည်။စီတုအန်း၏မျက်နှာတွင် ဒဏ်ရာအသစ်များပေါ်လာခဲ့သည် ။

"ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီးကို ငါလုပ်ခဲ့တယ် ဒါပေမယ့် ငါအသက်ရှင်နေဆဲပဲ ၊ ဘာကြောင့်လဲသိလား ၊ သူတို့အကြောင်း ဘယ်သူမှမသိတာ မဟုတ်ပေမယ့် ငါက မသေနိုင်ဘူးကွ "

စီတုအန်းသည် အရှုံးပေးရန် ဘယ်တုန်းကမှ မတွေးထားပေ။

"ငါဘယ်နေရာရောက်ရောက် မင်းငါ့ကို မသတ်သေးသရွေ့ သူတို့မင်းကို ရှာလိမ့်မယ် ၊ မင်းငါ့ကို သတ်လိုက်ရင် မင်းလည်း ငါနောက်တစ်ယောက်ဖြစ်လာလိမ့်မယ် "

"သူတို့က ဘယ်သူတွေလဲ "

ကံကြမ္မာလမ်းကြောင်းသည် ပြောင်းလဲသွားခဲ့သည်။ကောင်းမင်သည် သူ့နှလုံးသားထဲသို့ ကံကြမ္မာကို ဦးတည်စေမည့် ဇာတ်ကောင်နှစ်ကောင်ကို မျိုချခဲ့သည်။ ကံကြမ္မာ၏ မြစ်လက်တက်အားလုံးသည် သူ့ဆီ စုရုံးလာကြချေပြီ။

"ပထမဆုံးမူမမှန်မှုက ဘယ်အချိန်မှာဖြစ်ခဲ့တယ်လို့ မင်းထင်လဲ "

စီတုအန်းသည် ကောင်းမင်၏ မေးခွန်းအား ပြောလို့မရသည့် အရာတစ်ခုကဲ့သို့ ပြန်မဖြေခဲ့ပေ။

"လွန်ခဲ့တဲ့ တစ်ပတ်က ဟန်ဟိုင်းမှာလား ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ရှင်းလုမှာလား "

"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဲ့ဒီလူယုတ်မာတွေ ဘတ်စ်ကားစီးခဲ့တဲ့ အချိန်လား "

ရှရန်သည် ကောင်းမင်၏ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ လေထုကို နှစ်သက်နေလေသည်။သူသည် သူ့ပတ်ဝန်းကျင်ရှိလူများက အလွန်ပျင်းစရာကောင်းသည်ဟု တွေးခဲ့သော်လည်း ညှင်းပန်းနှိပ်စက်ခန်းမှာ ခြားနားပေသည်။အလုံအလောက် 'ထူးခြား'သည့် လူများသာ ထိုအခန်းထဲဝင်နိုင်ခြင်းဖြစ်သည်။

"တစ်ချိန်က ငါလည်း ဒီလိုတွေးခဲ့တာပဲ လျှို့ဝှက်ဖိုင်တစ်ခုကို ငါမဖတ်မိခင် အချိန်ကပေါ့ ၊ အဲဒီအခါမှာ လူတိုင်းက လိမ်ညာခံခဲ့ရတာကို ငါသိလိုက်ရတယ် "

စီတုအန်းက ညီညီမျှမျှပြောလိုက်ပြီး

"မူမမှန်ဖြစ်ရပ်တွေက ဒီမှာ အမြဲတမ်းရှိနေခဲ့ပြီးသားပဲ ဒါပေမယ့် အတိတ်တုန်းက အဲ့ဒါတွေက သိပ်လွှမ်းမိုးမှုမရှိခဲ့ဘူး ၊ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်တုန်းက ကျို့ကျန်းမှာ တံခါးတစ်ချပ်ပေါ်လာခဲ့တယ် အဲ့ဒီတံခါးနောက်မှာ ရှိနေတာက အရိပ်ကမ္ဘာပဲ "

"တံခါးတစ်ချပ်လား "

"ပထမဆုံးတံခါးက ဘယ်လိုပေါ်လာလဲကို ဘယ်သူမှ မသိဘူး ၊ ပြီးတော့ တံခါးကို ဘယ်သူဖွင့်ခဲ့တယ်ဆိုတာလည်း ဘယ်သူမှ မသိဘူး ၊ စုံစမ်းစစ်ဆေးရေးဌာနရဲ့ အစီရင်ခံစာထဲမှာ ကျို့ကျန်းမှာရှိတဲ့ တစ်ယောက်ယောက်က ဌာနထက်စောပြီး တံခါးအကြောင်းကို သိခဲ့တယ် အဲ့ဒီလူတွေကြောင့် ကျို့ကျန်းမှာ မူမမှန်ဖြစ်ရပ်တွေ ဘယ်တုန်းကမှ မပေါက်ကွဲခဲ့တာပဲ "

ထိုစကားများသည် အဓိပ္ပါယ်မရှိပုံပေါ်သော်လည်း အချက်အလက်တစ်တန်လောက်ကို သယ်ဆောင်ထားသည်။

"မကြာသေးမီက ရုံးချုပ်က အဲဒီလူတွေကို ရှာဖွေဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ၊ စေ့စေ့စပ်စပ်ရှာဖွေပြီးနောက် နိဂုံးချုပ်လိုက်ရတယ် ၊ တံခါးတွေအကြောင်း သိခဲ့တဲ့လူတွေက တံခါးတွေထဲ ဝင်ခဲ့ပြီးသားပဲ ၊ ငါတို့ဟာ အရိပ်ကမ္ဘာရဲ့ ကျူးကျော်ခြင်းကို ခံနေရပေမယ့် သူတို့ကတော့ အရိပ်ကမ္ဘာထဲသို့ ဝင်ဖို့ ရွေးချယ်ခဲ့ကြတယ် "

"ခင်ဗျားပြောခဲ့တဲ့လူတွေက တံခါးနောက်က လာခဲ့တာလား ၊ ဒီကမ္ဘာကြီး စိတ်ဝင်စားစရာကောင်းသလား "

ဆရာရှ၏မျက်လုံးများက နွေးထွေးနေသော်လည်း သူ့မျက်ဆံများသည် နီရဲနေ၏။

"ကျို့ကျန်းမှာ တစ်ချိန်က ပေါ်လာခဲ့ဖူးတဲ့ အနီရောင်တစ္ဆေတွေက ရှိခဲ့ဖူးသမျှထဲမှာ အပြင်းထန်ဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး သရဲတွေပဲ ၊ သူတို့ရဲ့ ရပ်တည်ချက်က နားလည်ရခက်တယ်၊ သူတို့က လက်တွေ့ကမ္ဘာကို ကူညီဖို့ မရွေးချယ်ပေမယ့်လည်း အရိပ်ကမ္ဘာကို တိုက်ခိုက်နေကြတယ် ၊ ကျို့ကျန်းကို ရန်လိုတဲ့မြို့တစ်မြို့အဖြစ် ဖော်ပြရရင် ရှင်းလုက လုံးဝကွာခြားတဲ့ အခြေအနေတစ်ခုပဲ ၊ မင်း ဉာဏ်ပညာမြို့တော်ကို ရောက်သွားတာနဲ့ နားလည်လာလိမ့်မယ် ၊ အဲဒီမြို့ဟာ အရိပ်ကမ္ဘာနှင့် ပေါင်းစည်းဖို့ တက်တက်ကြွကြွ ကြိုးစားနေတာပဲ "

စီတုအန်း၏ စကားများသည် ကောင်းမင်ကို ဆွံ့အသွားစေခဲ့သည်။ကံကြမ္မာသည် လက်တွေ့ဘဝအပေါ် သက်ရောက်မှုရှိပြီး အရိပ်ကမ္ဘာက လက်တွေ့ကမ္ဘာကို စားသုံးခြင်းမှ ရပ်တန့်သွားစေရန် အရာအားလုံးကို ထိန်းချုပ်နိုင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် အရိပ်ကမ္ဘာနှင့် ပေါင်းစည်းရန် တစ်မြို့လုံးကို ဆွဲသွင်းဝံ့ပေသည်။

"ကွန်ပြူတာနဲ့ လူ့ဦးနှောက်တွေကြားက နယ်နိမိတ်တွေ၊ လူရှင်နဲ့ လူသေတွေကြားက နယ်နိမိတ်တွေဟာ မှုန်ဝါးလာပြီ ၊ အဲဒီမြို့မှာ မှတ်ဉာဏ်တွေကို လိုင်းပေါ်တင်လို့ရပြီး ဒေါင်းလုပ်ဆွဲလို့လည်းရတယ် ၊ စိတ်ခံစားချက်တွေဟာ ခြယ်လှယ်ခံရနိုင်တယ် ၊ အဲဒီမြို့က နိုင်ငံသားတွေရဲ့ အစိတ်အပိုင်းတွေဟာ အလုံပိတ်ဂိမ်းတွင် နေထိုင်နေကြတယ် ၊ သူတို့ဟာ ဂိမ်းလောကနဲ့ တကယ့်ကမ္ဘာကို မခွဲခြားနိုင်ဘူး ၊ ကောက်ကျစ်တဲ့ တရားခံက အဲ့ဒီနည်းလမ်းကို သုံးပြီး သူတို့ကို အရိပ်ကမ္ဘာရဲ့တည်ရှိမှုနှင့် ပေါင်းစပ်စေတယ် ပြီးတော့ အရိပ်ကမ္ဘာနှင့် လက်တွေ့ကမ္ဘာကြားက ရှင်းလုကို ချုပ်နှောင်ထားဖို့ရောပဲ "

စီတုအန်းက ခဏရပ်လိုက်သည်။

"ရှင်းလုရှိနေသရွေ့ အရိပ်ကမ္ဘာက လက်တွေ့ကမ္ဘာကို ဆက်လက် စိမ့်ဝင်နေလိမ့်မယ် ၊ ငါ ရှင်းလုကို မပြောင်းလဲနိုင်တာမို့ ဟန်ဟိုင်းကို အစွမ်းကုန်ခုခံရုံပဲ တတ်နိုင်တယ် "

"ကိုယ့်ကိုယ်ကို နှစ်သိမ့်မနေပါနဲ့ ၊ ခင်ဗျားဟာ အရိပ်ကမ္ဘာနဲ့ စေ့စပ်ညှိနှိုင်းဖို့ တစ်မြို့လုံးကို အလျှော့အတင်းလုပ်မယ့် ချစ်ပ်တစ်ခုအဖြစ် ပြောင်းလဲချင်နေရုံပါပဲ "

ကောင်းမင်သည် စီတုအန်းကို ဖြတ်မြင်နိုင်သည်။ ထိုလူသည် အမှန်ကိုးခုကြားတွင် အမှားတစ်ခုပြောရခြင်းကို နှစ်သက်သည်။

"ခင်ဗျားပြောတော့ ရှင်းလုက အရိပ်ကမ္ဘာထဲကျဆုံးသွားခဲ့ပြီတဲ့ ၊ အဲ့အခြေအနေမှာ ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနက ဘာလို့ ရှင်းလုဆီကနေ အကူအညီတောင်းရတာလဲ ၊ ရှင်းလုက အရိပ်ကမ္ဘာထဲဝင်ဖို့ ရွေးချယ်ခဲ့တာလား ဒါမှမဟုတ် အရိပ်ကမ္ဘာကို ပြုပြင်ဖို့ ကိုယ်ပိုင်နည်းလမ်းကို ရှာတွေ့ခဲ့တာလား "

All Chapters