← Chapters

လူထုရန်သူ

Vol. 13 Ch. 194

လူထုရန်သူ

Vol. 13 Ch. 194

=

"ဘာကြောင့်လဲဆိုတော့ ဟန်ဟိုင်းက အဓိကသော့ချက်ပုဂ္ဂိုလ်ကို ရှာမတွေ့ခဲ့လို့ပဲ "

စီတုအန်းက ကောင်းမင်ကို ကြည့်လိုက်ပြီး

"အရိပ်ကမ္ဘာကို လက်တွေ့ကမ္ဘာရဲ့ အရိပ်အဖြစ် မင်းနားလည်လို့ရတယ် ၊ လက်တွေ့ကမ္ဘာထဲက မြို့ကြီးတွေက အရိပ်ကမ္ဘာမှာ ပေါ်လာခဲ့ကြတယ် ၊ ကျို့ကျန်းအကြောင်းငါမသိပေမယ့် ရှင်းလုကတော့ အရိပ်ကမ္ဘာက အဆုံးမရှိတဲ့သွေးမြို့တော်တစ်ခုနဲ့ ထပ်တူကျနေတာကိုတော့ ငါသိတယ် ၊ ဂိမ်းထဲမှာ ပိတ်မိနေတဲ့ ကစားသမားတွေက သွေးမြို့တော်ကြီးကို ပြန့်ကားလာအောင် ကူညီနေကြတယ်၊ ဌာနချုပ်ရဲ့ ထိပ်တန်းလျှို့ဝှက်ဖိုင်တွေအရ အဲ့ဒီမြို့ဟာ ရှင်းလုက လူတစ်ယောက်ယောက်နဲ့ ဆက်နွယ်နေတာပဲ "

စီတုအန်းက ဆက်မပြောတော့သော်လည်း သူ့လေသံကို ပြောင်းလိုက်ပြီး

"ဟန်ဟိုင်းက သူတို့တွေနဲ့ မတူဘူး ၊ အရိပ်ကမ္ဘာထဲမှာ ဒီမြို့က စွန့်ပစ်ခံထားရပြီး မှောင်မိုက်နေတယ် ၊ ပိုင်ရှင်တစ်ယောက်မရှိရင် အဲဒီနေရာကြီးဟာ သေးဆုံးနေသလိုပဲ "

"သေဆုံးနေတဲ့ မြို့တစ်မြို့လား "

ကောင်းမင်သည် အရိပ်ကမ္ဘာတွင်ရှိသည့်မြို့များသည် မည်မျှထူးဆန်းကြောင်း မသိပေ။သို့သော်လည်း သူသည် ထိုနေရာသို့ ရောက်ခဲ့ဖူးပြီး မြို့တော်အပေါ် သူ၏ ထင်မြင်ချက်မှာ အမှန်ပင် သေခြင်းတရားတစ်ခုသာဖြစ်သည်။

"ဟန်ဟိုင်းရဲ့ အရိပ်ဗားရှင်းက အခုထိ သူ့ပိုင်ရှင်ကို ရှာမတွေ့သေးဘူး ၊ နောက်တစ်မျိုးပြောရရင် ငါတို့ထဲက ဘယ်သူမဆို ဟန်ဟိုင်းအရိပ်မြို့ရဲ့ သခင်ဖြစ်နိုင်ခြေရှိတယ် "

စီတုအန်းက သူ့ရည်မှန်းချက်များကို ဖုံးကွယ်မထား ပေ။ ထိုအကြောင်းအရာများကို ပြောလိုက်တိုင်း သူစိတ်လှုပ်ရှားရသည်။

"အရိပ်ကမ္ဘာမှာ ဟန်ဟိုင်းရဲ့ပိုင်ရှင်ဖြစ်ဖို့ ဘယ်လိုအခြေအနေမျိုး ခင်ဗျားလိုအပ်တာလဲ "

ရှရန်လည်း စိတ်ဝင်စားစရာတစ်ခုကို ရှာတွေ့သွားသည်။သူတို့သုံးယောက်သည် ရန်ဘက်များဖြစ်လျှင်ပင် ထူးခြားသူများဖြစ်သည်။

စီတုအန်းက ပြုံးလိုက်ပြီး ထပ်မပြောတော့ချေ။သူသည် ရှရန်နှင့်ကောင်းမင်တို့၏ အကြည့်များမှတဆင့် ယာယီအားဖြင့် သူ့ကို သတ်လိမ့်မည်မဟုတ်ကြောင်း မြင်ရသည်။သူ့ရည်ရွယ်ချက် ပြီးမြောက်သွားပြီဖြစ်သည်။

"ခင်ဗျားကျုပ်ကို မပြောရင် ခင်ဗျားရဲ့နှလုံးသားနဲ့ဦးနှောက်ကို ဆွဲပြီး ကျုပ်ဘာသာ အဖြေရှာလိုက်တော့မယ် "

ရှရန်သည်လည်း ရူးသွပ်နေခဲ့သည်။သူက စီတုအန်းရှေ့တွင် ထိုင်ချလိုက်ပြီး စတင်အဖြေရှာတော့သည်။

ကောင်းမင်က သူတို့ကိစ္စများထဲ ဝင်မစွက်ခဲ့ပေ။သူကား စီတုအန်းထံမှ အလွန်အရေးကြီးသည့် အချက်အလက်များကို ရရှိခဲ့ပြီးပြီဖြစ်သည်။အချိန်အတော်ကြာကတည်းက ကျို့ကျန်းနှင့်ရှင်းလုတွင် မူမမှန်ဖြစ်မှု၏ ခြေရာလက်ရာများရှိနေခဲ့သည်။မြို့တော်နှစ်ခုသည် ၎င်းတို့ကို ဖြေရှင်းရန် မတူညီသည့် နည်းလမ်းနှစ်ခုကို ရွေးချယ်ခဲ့ကြသည်။ရှင်းလုသည် အရိပ်ကမ္ဘာနှင့် ပေါင်းစည်းလိုပြီး ကျို့ကျန်း သည် အရိပ်ကမ္ဘာကို အဆုံးအတုံး တိုက်ခိုက်ချင်ပုံရသည်။

လက်ရှိအခြေအနေအရ ကျို့ကျန်း၏နည်းလမ်းများသည် ပိုမိုကောင်းမွန်ပုံရသည်။အနည်းဆုံး ထိုနေရာတွင် ပြင်းထန်သော မူမမှန်မှုများ တစ်ခုမှ မရှိခဲ့ဘဲ စုံစမ်းစစ်ဆေးရေးဌာနသည် ထိုနေရာတွင် လက်တံဆန့်ပိုင်ခွင့်ပင် မရှိချေ။

ကျို့ကျန်း ၊ ရှင်းလုတို့နှင့် နှိုင်းယှဉ်ပါက ဟန်ဟိုင်းက ပိုထူးခြားပေသည်။ဟန်ဟိုင်းသည် မြင့်မား‌သောလူဦးရေသိပ်သည်းမှုတစ်ခုရှိပြီး ဩဇာလွှမ်းမိုးမှုကြီးမားသည်။အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းလွှာသည် မူမမှန်များ၏တည်ရှိမှုကို ဖုံးကွယ်ထားခဲ့သည်။အမှန်တရားကို သိသူအချို့သည် ပရမ်းပတာဖြစ်ရပ်များကို လှေကားအဖြစ် အသုံးပြု၍ ထိပ်သို့တက်လှမ်းနိုင်ရန် ကျို့ကျန်း နှင့် ရှင်းလုကို ပုံတူကူးနိုင်ခဲ့သည် ။ စီတုအန်းသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

"ခင်ဗျားပြောခဲ့တာတွေက အများကြီးဘဲ၊ဒါပေမယ့် ခင်ဗျားကို လာကယ်မယ့်သူကို ကျုပ်တို့ကို မပြောသေးဘူးနော်"

ရှရန်သည် စီတုအန်း၏ နာကျင်မှု၊တည်ငြိမ်မှုနှင့် ကျက်သရေရှိခြင်းတို့ကို သဘောကျသဖြင့် ချိန်းကြိုးများဖြင့် ကစားနေခဲ့သည်။

"လျှို့ဝှက်ချက်တွေ အများကြီး ငါသိတယ် ၊ တချို့အရာတွေက ထုတ်ပြောလို့တောင်မရဘူး ၊ အဲ့ဒီလျှို့ဝှက်ချက်တွေနဲ့ ဆက်စပ်နေတဲ့ တည်ရှိမှုတွေက ဘာပဲပေးရပေးရ ငါ့ကို ရှာကြလိမ့်မယ် ၊ ငါသေသွားရင်တောင်မှ သူတို့ ငါ့အလောင်းကို မြင်မှရမယ် ၊ သားစားကြူးနတ်က ငါ့ကို အရည်ဖျော်လိုက်မယ်ဆိုရင် သူတို့က မင်းကို လာရှာကြလိမ့်မယ် "

နှိပ်စက်ညှင်းပန်းခန်းအတွင်း ပိတ်မိနေလျက်ပင် စီတုအန်းသည် မည်သည့်ကြောက်ရွံ့မှုမှ မခံစားရပေ။

"သူတို့ထဲက တချို့က ဌာနချုပ်တွေကပဲ ၊ တခြားလူ‌ တွေက ရှင်းလုက အိမ်မက်ဆိုးတွေပဲ၊ သူတို့ထဲမှာ တချို့က လူသားတွေ တချို့က သရဲတွေ ၊ မင်းသူတို့ကို ဘယ်လိုဖြေရှင်းမလဲ ငါသိချင်မိတယ် "

"သူတို့က ခင်ဗျားကို ပြန်ပေးဆွဲသွားတာ ကောင်းမင်ဆိုတာကို သိတောင်မသိဘူးလေ "

ရှရန်က မျက်မှောင်ကြုံ့လိုက်သည်။သူသည် စီတုအန်းလိမ်နေခြင်းမဟုတ်မှန်း သိသည်။ကောင်းမင် သေလျှင် သူလည်း သေမည်ကို သူသိသည်။သူသည် ကောင်းမင်ထံတွင် ပြန်လည်မွေးဖွားလိုပါက ကောင်းမင်အသက်ရှင်မှရပေမည်။

"သူတို့က ပါဝင်ပတ်သက်ခဲ့တဲ့ လူတိုင်းကို စုံစမ်းစစ်ဆေးလိမ့်မယ် ၊ သူတို့ ဘာမှ ရှာမတွေ့ခဲ့ဘူးဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်ကလိုမျိုး အားလုံးကို သတ်ဖြတ်လိမ့်မယ် "

စီတုအန်းက ယင်းကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်းဖြစ်သည်။သူ လျှို့ဝှက်များများ ပိုသိ‌လေ သူ့တန်ဖိုးက ပိုကြီးလေလေဖြစ်သည်။ကောင်းမင်သည် သူ့အား ဆက်လက်အသက်‌ရှင်စေလိမ့်မည်ဖြစ်သည်။

"တကယ်လို့သာ သူတို့ လာဝံ့ရင် ဘယ်သူသေမယ်ဆိုတာ ပြောဖို့ခက်တယ် ၊ ဒီနေရာက လူစည်ကားလာဖို့ အချိန်သိပ်ကြာမယ် မထင်ဘူး "

ရှရန်သည် လူသားများကို ပျင်းစရာကောင်းလှသည်ဟု ထင်သောကြောင့် လူအုပ်စုများကို မနှစ်သက်ပေ။သို့သော် သူ စိတ်ပြောင်းသွားခဲ့သည်။ ကောင်းမင်နှင့် ဆက်ဆံနေသည် လူများသည် စိတ်ဝင်စားဖွယ် ကောင်းသောကြောင့်ဖြစ်သည်။

"ကောင်းမင် ငါတို့ ထွက်ပြေးသင့်လား"

ခွေးကြီး၏ အသံသည် သူ့နားထဲသို့ တိုးဝင်လာသည်။‌ ကောင်းမင်သည် စူးစမ်းချင်စိတ်ကြောင့် ခွေးကြီး ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဝင်လာမည်ကို စိုးရိမ်သောကြောင့် သူ့နှလုံးသားထဲသို့ ဝင်ခွင့်မပေးခဲ့ပေ။

"ဟန်သဲ့ကိုယ်ပိုင်ကျောင်း အခြေအနေက ဘယ်လိုရှိလဲ "

သူ့ဘေးနားရှိ ဆူးများတွေကို ဖယ်ထုတ်ပြီးကတည်းက ကောင်းမင်၏လေသံသည် ပျော့ပြောင်းနေခဲ့သည်။

"မင်းဘာသာမင်း ကြည့်လိုက်တာ ပိုကောင်းမယ် "

ခွေးကြီးက အရိပ်ထဲမှ ခုန်ထွက်လိုက်ပြီး သူ့ပါးစပ်ကို ဟလိုက်သည်။

မုန်တိုင်းမှာ အားပျော့သွားပြီဖြစ်သည်။ကျောင်း၏ စုံစမ်းစစ်ဆေးရေးဌာနမှ သီးခြားခွဲထားမှုသည် လုံးဝကျရှုံးသွားခဲ့သည်။ခံစစ်လိုင်း သုံးခုမှာ ပြိုကျနေ၏။အခန်း ၁၃ နှင့် ဓားစာခံများက အေးဂျင့်များကို အမှောက်သိပ်၍ ဘတ်စ်ကားများကို သိမ်းပိုက်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ဌာနကို ရှုပ်ထွေး‌ စေရန် လမ်းကြောင်းအမျိုးမျိုးသို့ ထွက်ပြေးခဲ့ကြသည်။

ကျောင်းအပြင်ဘက်သည် ပရမ်းပတာဖြစ်ပြီး ကျောင်းအတွင်းပိုင်းသည် ငရဲဖြစ်သည်။အနီရောင်မိုးကာအင်္ကျီသည် ယိုလျန်း ၊ အနုပညာဆရာမနှင့် ကျောင်းလုံတို့အား တစ်ပြိုင်နက်တိုက်ခိုက်နေ၏။နောက်ဆုံးတွင် သူမသည် အားနည်းသွားခဲ့ပြီး သူမ၏မိုးကာအင်္ကျီမှာ အနီရောင်မဟုတ်တော့ချေ။

သို့သော်လည်း သူမသည် နောက်ဆုတ်မည့် လက္ခဏာမရှိချေ။သူမ၏တိုက်ပွဲသည် သေမင်း၏ဆန္ဒတစ်ခုကဲ့သို့ဖြစ်သည်။သူမသည် သတ်ဖြတ်ရန်ကလွဲ၍ ဘယ်အရာကိုမှ ဂရုမစိုက်ပေ။

"အနီရောင်တစ္ဆေတွေက ကျို့ကျန်းအတွက် တမူထူးခြားတဲ့ သရဲတွေပဲ ၊ သူက လျှို့ဝှက်ချက်တွေ ပိုသိနိုင်တယ် ၊ စီတုအန်းဆီက ရခဲ့တဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ဖို့ သူ့ကို အသုံးပြုလို့ရတယ် "

ကောင်းမင်က အနီရောင်တစ္ဆေ များသည် အန္တရာယ်ရှိမှန်း သိသော်လည်း သူမနား အနီးကပ်သွားချင်‌နေ၏။ သူ၏ ထိုဘက်အခြမ်းသည် ရှရန်နှင့်ဆင်တူပေသည်။

ပြေးလွှားနိုင်သည့် သရဲများအားလုံး ကျောင်းမှ ထွက်ပြေးသွားကြပြီဖြစ်သည်။လူသားအုတ်ခဲများနှင့် ယန်ရှီကျီးသင်ကြားပေးခဲ့သော ကလေးများသာ ကျန်ရစ်ခဲ့သည်။စီတုအန်းကို ကောင်းမင်ဝါးမြိုပြီးနောက် ကျောင်းအုပ်အိုကြီးသည် ကျောင်းကို ဖြည်းညင်းစွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။သူမသည် အနီရောင်မိုးကာအင်္ကျီအား ဖိနှိပ်နေသကဲ့သို့ ကျိကျဲကို ကုသပေးရန်နှင့် အရိပ်ကမ္ဘာမှလာသော အမည်မသိ တည်ရှိမှုကြီးကို မောင်းထုတ်ရန် ကြိုးစားနေခဲ့သည်။ကျောင်းပျက်ကြီးပေါ်တွင် အကြောက်ရောဂါအပြင်းအထန်ကူးစက်ခံထားသည့် ကျောင်းသားများကို အသားသစ်ပင်ကြီးတွင် ပါဝင်ရန် ကျိကျဲက ဦးဆောင်နေခဲ့သည်။သူတို့သည် ယဇ်ပလ္လင်အား အရူးများကဲ့သို့ တိုက်ခိုက်နေကြလေသည်။

အဆုံးမဲ့အမြစ်များသည် ယဇ်ကောင်၏ခန္ဓာကိုယ်များထဲမှ ကြီးထွားလာကြပြီး အရိပ်ပလ္လင်တစ်လျှောက် တွားသွားနေကြသည်။ ကျိကျဲသည် ထိုမူမမှန်မှု၏ အဓိက ဇာတ်ကောင်ဖြစ်သည်မှာ ငြင်းလို့မရပေ။ သူသည် လူတိုင်းအပေါ် ထွန်းလင်းနေခဲ့သည်။

"ကျိကျဲက အကြောက်ရောဂါအရုပ်နဲ့ ပေါင်းစည်းသွားပြီလား "

အကြောက်ရောဂါ၏ ပျံ့နှံ့မှုသည် ကြီးသထက် ကြီးမားလာခဲ့သည်။အမည်မသိ တည်ရှိမှုကြီးသည် စီတုအန်းကို အာရုံခံမရတော့ သဖြင့် ထွက်သွားချင်သော်လည်း ကျိကျဲက အလွတ်ပေးရန် ငြင်းဆန်လိုက်သည်။

ကျိကျဲသည် အသက်နှစ်ဆယ်ကျော်အထိ ငကြောက်တစ်ကောင်ဖြစ်ခဲ့သည်။ထိုတစ်နာရီစာအတွက်တွင်မူ သူသည် ဟီးရိုးတစ်ယောက်ဖြစ်ချင်နေ၏။သူသည် သူ့ကိုယ်သူ သတ္တိမွေးလိုက်ပြီး ထပ်ခါ ထပ်ခါ တိုက်ခိုက်နေတော့သည်။

ထိုအဖြစ်အပျက်အား စုံစမ်းစစ်ဆေးရေးဌာနက မှတ်တမ်းတင်ထားပေသည်။ကျိကျဲအား အဆင့် ၅ မူမမှန်မှုတစ်ခုဖြင့် အနီးစပ်ဆုံး အန္တရာယ်ရှိသည့် ဇာတ်ကောင်တစ်ဦး ၊ ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ကျဆုံးမှု နောက်ကွယ်မှတရားခံ နှင့် မြို့တော်၏အကြီးမားဆုံးရန်သူအဖြစ် သတ်မှတ်ခဲ့ပေသည်။

All Chapters