ငါတို့တွေက ညဖြစ်လာလိမ့်မယ်
Vol. 14 Ch. 196
မဖော်ပြနိုင်လောက်ဖွယ်နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်လျှောက် ပြေးလွှားသွား၏။သူ့သွေးကြောတစ်ခုစီတိုင်း တွန့်လိမ်နေသည့်ပုံပင်။အနီရောင်မိုးကာအင်္ကျီတစ်ဝိုက်တွင် ချိန်းကြိုးများချည်နှောင်လိုက်သောအခါ ကောင်းမင်သည် သူ့အသိစိတ်ကို သောဓားများဖြင့် ဖြတ်တောက်လိုက်သလို ခံစားလိုက်ရသည်။ အနီရောင်တစ္ဆေ၏စွဲလမ်းမှု သည် သူ့နှလုံးသား အခန်းထဲတွင် ပေါက်ကွဲသွားသည် ။အလွန်ပြင်းထန်လှသော နာကျင်မှု ၊ စိတ်ပျက်အားငယ်မှုနဲ့ နောင်တရမှုတို့က သူ့ကို ချက်ချင်းလွှမ်းမိုးသွားသည်။
ပုံမှန်လူတစ်ယောက်သည် အနီရောင်တစ္ဆေတစ်ကောင်၏ စွဲလမ်းမှုကို ထိတွေ့လိုက်လျှင် သူတို့ဦးနှောက်များ သေဆုံးသွားလိမ့်မည်ဖြစ်သည်။သို့သော်လည်း ကောင်းမင်မှာ ဥမင်ထဲတွင် အဖန်တလဲလဲသေဆုံးခဲ့ရသူဖြစ်သည်။သူ့အတွေ့အကြုံသည် အနီရောင်တစ္ဆေထက် မည်သို့မျှ ကောင်းမွန်မနေချေ။များစွာသော သေခြင်းမှတ်ဉာဏ်များဖြင့်တည်ဆောက်ထားသည့် သူ့စွဲလမ်းမှုသည် အနီရောင်တစ္ဆေ တစ်ကောင်ထက် ပိုအားကောင်းပေသည်။ကောင်းမင်သည် ကျောက်စရစ်ခဲများနှင့်မြက်ပင်များကို သူ့လက်သည်းများပဲ့လာသည်အထိ ဆုပ်ကိုင်ထားသည်။သူ့မျက်လုံးထောင့်မှ သွေးများစီးကျလာ၏။
သူ့နှလုံးခန်းအတွင်းမှ အနီရောင်မိုးကာအင်္ကျီ၏ ရုန်းကန်မှုကို ကောင်းမင်အာရုံခံမိသည်။သားစားကြူးနတ်၏ တည်ရှိမှုနှင့်ပင် သူ့နှလုံးသည် ကွဲကြေလုနီးပါးဖြစ်လာလေသည်။သေဆုံးခြင်းက လက်ခတ်မလွဲပင်။
အနီရောင်တစ္ဆေနှင့် တစ်ခန်းတည်းအတူရှိနေသော ရှရန်သည် စိတ်လှုပ်ရှားစွာဖြင့် ပန်းချီဆွဲနေစဉ် စီတုအန်း၏မျက်လုံးများ တုန်ယင်သွားသည်။သူနှင့်ရှရန်အကြား ခြားနားချက်မှာ သူသည် ချိန်းကြိုးများဖြင့် အကျဉ်းကျနေခြင်းဖြစ်သည်။ချိန်းကြိုးများကို ပုံမှန်လှုပ်ခါခြင်းသည် သူ့အား ကြီးမားစွာနာကျင်စေသည်။အနီရောင်တစ္ဆေကို ချိန်းကြိုးများဖြင့် ချည်နှောင်ရန် လိုအပ်သည့်အချိန်တွင်မူကား သာ၍ပင် ဆိုးဝါးတော့သည်။
"အနီရောင်တစ္ဆေကို လူတစ်ယောက်ရဲ့ နှလုံးထဲမှာ ပိတ်လှောင်နေတာ ၊ ဒါက ဖြစ်ကော ဖြစ်နိုင်လို့လား "
ကောင်းမင်မှာ စီတုအန်းဝိဉာည်ကို ဂရုစိုက်ရန် အချိန်မရှိချေ။သူ့နှလုံးသားသည် ကဆုန်ပေါက်နေပြီး ဖိအားများကြောင့် မွန်းကျပ်လာ၏။သူ့နှလုံးက ပေါက်ကွဲတော့မည်ကို ခံစားလိုက်ရချိန်တွင် နွေးထွေးသောစွမ်းအင်တစ်ခုသည် သူ့ထံစီးဆင်းလာ၏။လူတစ်ယောက်က သူ့ပုခုံးပေါ်လက်တင်ထားသည်။ကောင်းမင်သည် သူ့ခေါင်းကို လှည့်ရုံမျှသာ လှည့်ပြီးကြည့်လိုက်ရာ ယန်ရှီကျီး၏ အလေးအနက်ဖြစ်နေသော မျက်နှာကို တွေ့လိုက်ရသည်။
"ဆရာမယန်...."
ယန်ရှီကျီးသည် ကျောင်းစည်းကမ်းများ အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး လူသားအုတ်ခဲအားလုံးအတွက် လမ်းခင်းပေးခဲ့သည်။ယန်ရှီကျီးသည် စီတုအန်းပြောခဲ့သည့်အတိုင်း ဟန်ဟိုင်း၏ ထူးခြားသည့် သရဲတစ်ကောင်ဖြစ်လာပေသည်။
လူသညးအုတ်ခဲများ ပြိုကျသွားခဲ့ပြီး ယန်ရှီကျီးသည် တစ်ညတည်းဖြင့် လွန်စွာအိုမင်းသွားခဲ့သည်။ ကောင်းမင်၏ နှလုံးခုန်နှုန်း ပုံမှန်ပြန်မဖြစ်မီ နာရီဝက်ခန့်အချိန်ယူလိုက်ရသည်။ထိုအခိုက်အတန့်တွင် အနီရောင်မိုးကာအင်္ကျီ၏ နှလုံးခုန်သံနှင့် စီတုအန်းဝိဉာည်၏ နှလုံးခုန်သံတို့မှာ တူညီသောစည်းချက်ဖြင့် ခုန်ပေါက်နေကြတော့သည်။သူတို့သည် ကံကြမ္မာကြောင့် ကောင်းမင်နှင့် ချည်နှောင်ထားခံလိုက်ရပြီး ကံကြမ္မာဆီမှ ဖြတ်ကျော်ခဲ့ကြသည်။
ချိန်းကြိုးများဖြင့် တုပ်နှောင်ခံထားရသော အနီရောင်မိုးကာအင်္ကျီက ပြုတ်ကျလာ၏။ကောင်းမင်သည် ထိုအမျိုးသမီး၏ ဘဝတစ်စိတ်တစ်ပိုင်းကို မြင်တွေ့လိုက်ရသည်။အမျိုးသမီးကို ပင်လယ်နက်ထဲသို့ တွန်းပို့သည်မှာ မုန်တိုင်းတစ်ခုဖြစ်သည်။ သူသည် အနီရောင်မိုးကာအင်္ကျီနှင့် မဆက်သွယ်နိုင်သေးသော်လည်း သူမသည် အဘယ်ကြောင့် ဤမျှ ပြင်းထန်လွန်းရသည်ကို သူနားလည်နိုင်သည်။ပျက်စီးခြင်းသည် သူတို့အတွက် လွတ်မြောက်ခြင်းဖြစ်သည်။ နာကြည်းခြင်း နှလုံးသားသည် သူတို့၏ စွမ်းအား၏ အရင်းအမြစ်နှင့်နာကျင်မှု၏ အရင်းအမြစ်ဖြစ်သည်။
သူတို့သည် သရဲများဖြစ်မလာချင်ကြသော်လည်း ဤလောကကြီးထဲတွင် လူသားများအဖြစ် ဆက်တည်ရှိမနေလိုတော့ပေ။သူတို့သည် လက်လွှတ်ရန် ငြင်းဆန်ခဲ့သောကြောင့် အနီရောင်တစ္ဆေများဖြစ်လာကြပေသည်။ယင်းသည် ယုံကြည်မှု ၊ မှတ်ဉာဏ်များနှင့် မသက်ဆိုင်ပေ။သူတို့၏ ဖြစ်တည်မှုသည် သူတို့၏ စွဲလမ်းမှုများအပေါ်သာ အခြေခံခြင်းဖြစ်သည်။သူတို့၏ ထူးခြားသာစွမ်းအား နှင့် သန်မာမှုတို့သည် သူတို့၏ စွဲလမ်းမှုများနှင့်သာ သက်ဆိုင်၏။
ကောင်းမင်သည် အနီရောင်မိုးကာအင်္ကျီကို ထိန်းသိမ်းရန် သားစားကြူးနတ်ကို သုံးနိုင်သော်လည်း သူဒီလိုလုပ်ခဲ့ပါက သားစားကြူးနတ်ကို လိုအပ်သည့်အချိန်တိုင်း အနီရောင်မိုးကာအင်္ကျီ လွတ်မြောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် သူမနှင့်အတူ တည်ရှိရန် သူရွေးချယ်ခဲ့ခြင်းဖြစ်သည်။
"နင် နေလို့ကောင်းလာပြီလား "
လျိုယီက ကောင်းမင်ကို ကူညီပေးလိုက်သည်။ယန်ရှောင်ယုသည် ကောင်းမင်အား သတိအနေအထားဖြင့်ကြည့်လိုက်သည်။လျိုယီသည် ကောင်းမင်အလွန်နီးကပ်နေသည်ဟု သူမခံစားရသည်။
"ငါ အဆင်ပြေပါတယ် "
ကောင်းမင်က ယန်ရှီကျီးထံ မသွားမှီ အားလုံးကို ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျောင်းအုပ်ကြီး ၊ ခင်ဗျားအကူအညီအတွက် ကျေးဇူးတင်ပါတယ် ၊ နောင်ကျ ခင်ဗျားတစ်ခုခု လိုအပ်ရင် ကျွန်တော့်ကိုသာ ပြောလိုက်ပါ "
ကောင်းမင်သည် ဒုက္ခများကို ကြောက်ရွံ့ခြင်းမရှိပေ။လူတိုင်းသည် ယန်ရှီကျီးလို ပုဂ္ဂိုလ်မျိုးနှင့် မိတ်ဆွေဖြစ်ချင်ကြသည် မဟုတ်ပါလား။
ယန်ရှီကျီးက ခေါင်းခါလိုက်သည်။သူမသည် ပျက်စီးနေသော ကျောင်းကြီးဘက် လှည့်လိုက်သည်။
"မင်းဟာ ကျောင်းသားအများကြီးကို ကယ်တင်ခဲ့ပြီး သူတို့ရဲ့ဖြစ်တည်မှုကို နိူးထစေခဲ့တယ် ၊ မင်းက ဒီကျောင်းရဲ့ ကယ်တင်ရှင်ပါပဲ ဒါပေမယ့် ငါတို့မှာ မဖြေရှင်းရသေးတဲ့ ပြဿနာကြီးတစ်ခု ကျန်သေးတယ် "
"စီတုအန်းဆင့်ခေါ်ထားတဲ့ အရိပ်ပလ္လင်ကြောင့်လား "
ကောင်းမင် ကျောင်းဘက်လှည့်ကြည့်လိုက်သည်။ပလ္လင်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။မြူနက်များနှင့် ယဇ်စားပွဲပေါ်မှ သန္ဓေပြောင်းကျောင်းသားများလည်း ပျောက်ကွယ်သွားချေပြီ။
"ပရမ်းပတာဖြစ်နေတုန်း အဲ့ဒီအရာကြီးက လွတ်မြောက်သွားခဲ့တာ ၊ ချက်ချင်းလုပ်ရမယ့်ကိစ္စက အဲ့ဒီသစ်ပင်ကြီးကို ဖြေရှင်းဖို့ပဲ "
ယန်ရှီကျီးသည် ဧရာမအသားသစ်ပင်ကြီးကို စိတ်ရှုပ်ထွေးစွာစိုက်ကြည့်လိုက်ပြီး
"ဒါကြီးက ဘယ်လိုပေါ်လာခဲ့တာလဲ "
အကြောက်ရောဂါ၏ လူနာအများအပြားသည် သစ်ပင်၏အစိတ်အပိုင်းများဖြစ်လာခဲ့သည်။ယန်ရှီကျီးအတွက် သစ်ပင်ကြောင့်ပြန့်နှံ့လာသော အကြောက်တရားမျိုးစေ့များသည် ကမ္ဘာပေါ်တွင် မိစ္တာအဆန်ဆုံးဖြစ်သည်။
"ငါ့ကျောင်းထဲမှာ ဘာလို့ သစ်ပင်တစ်ပင်ရှိနေတာလဲ ၊ အဲဒါက ဘယ်ဘက်ကလဲ "
ဧရာမသစ်ပင်ကြီးသည် စီတုအန်းဆင့်ခေါ်ခဲ့သော မကောင်းဆိုးဝါးကို တိုက်ခိုက်ခဲ့ပြီး ကျောင်းသားကောင်စီဝင်တစ်ဝက်ခန့်ကို ဝါးမြိုခဲ့သည်။သစ်ပင်အမြစ်များသည် ရေကြီးမှုထဲမှ ရေသရဲများကိုလည်း ထိုးဖောက်ထားသေးသည်။၎င်းသည် အရာအားလုံးကို တိုက်ခိုက်နေခြင်းဖြစ်သည်။
"ကျွန်တော် မသိဘူး "
လူတိုင်း ဒုက္ခများနေကြလေသည်။ကောင်းမင်က သူနှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။
"ကျွန်တော်တို့ ဒါကို ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနကို ဘာလို့ ကိုင်တွယ်ခွင့်မပြုရမှာလဲ ၊ ကျွန်တော်တို့ အရင်ပြန်ဆုတ်လို့ ရတယ်လေ "
အကြောက်ရောဂါမှာ ပြန့်နှံ့သွားပြီဖြစ်သည်။ ဤပြဿနာကိုဖြေရှင်းရန် ကောင်းမင်၏ဖြေရှင်းချက်မှာ သူ၏အသက်ကိုအဆုံးသတ်ပြီး လိုဏ်ခေါင်းအတွင်း ပြန်လည်စတင်ရန်ဖြစ်သည်။
"မင်း သွားသင့်ပြီ ၊ ဒီသစ်ပင်ကြီး ကြီးထွားလာတာကို တားဆီးဖို့ ငါ နေခဲ့မယ် "
ယန်ရှီကျီးက အပျက်အစီးများပေါ်တွင် နံရံတစ်ခု တည်ဆောက်လိုက်သည်။
"ဒီအူတိုင်ရဲ့ အလယ်ဗဟိုမှာ အကူအညီမဲ့မှုကို ငါခံစားနိုင်တယ်။သူက နူးညံ့တဲ့ဝိညာဉ်ကနေ ပေါက်ဖွားလာတာပဲ ၊ ဒါဟာ မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး၊ ပညာရေးအတွက် အခွင့်အလမ်းတစ်ခု ရှိတယ် "
"ဒါဆို ကျွန်တော်လည်း နေခဲ့မယ် "
ယိုလျန်းက ထွက်လာပြီး ကောင်းမင်အား တစ်ချက်လှည့်ကြည့်လိုက်သည်။
"စီတုအန်း၏အခြေစိုက် စခန်းက ဟန်သဲ့ကိုယ်ပိုင်အကယ်ဒမီတစ်ခုထက် ပိုများတယ် ၊ စုံစမ်းစစ်ဆေးရေးဌာနက အများကြီး ဆုံးရှုံးသွားတယ် ၊ တစ်မြို့လုံး ကမောက်ကမတွေ ဖြစ်သွားနိုင်တယ် "
"ဒါကြောင့် ခင်ဗျားက ဒီအခွင့်အရေးကို သုံးပြီးတော့ ခင်ဗျားရဲ့စွမ်းအားတွေကို ဆန့်ထုတ်ပြီး ကိုယ်ပိုင်စည်းမျဉ်းတွေ တည်ဆောက်ချင်နေတာလား "
ကောင်းမင်က ယိုလျန်းဆီသို့ ရိုးရိုးသားသား လျှောက်သွားလိုက်သည်။
"ခင်ဗျား ကျွန်တော်တို့နဲ့ အတူပါဝင်ချင်လား "
ယိုလျန်းက ချက်ချင်းပင် အဝေးထွက်ပြေးသွားတော့သည်။
"မင်းလူတွေ ပိုကယ်တင်နိူင်ပါစေလို့ပဲ ငါမျှော်လင့်တယ် ! မင်းက နောက်ထပ် စီတုအန်း ဖြစ်မလာဖို့ သတိထားပါ! "
"အတင်းမလုပ်နဲ့ ၊ သူက အခန်း ၁၃ က ငါတို့ကို မကြိုက်ဘူးထင်တယ်"
လျိုယီသည် ထွက်ပြေးသွားသော ယိုလျန်းကို မြင်သောအခါ တစ်ခစ်ခစ်ရယ်မောလိုက်သည်။ကောင်းမင်၏စကားများသည် သရဲနီတစ်ကောင် ထွက်ပြေးသွားရန် ဖိအားပေးနိုင်၏။
"ယိုလျန်းသတိပေးချက်က အကြောင်းရင်း မရှိတာတော့ မဟုတ်ဘူး ၊ ရေသေဖိုရမ်မှာ ဂိမ်းလမ်းညွှန်တစ်စိတ်တစ်ပိုင်း ထုတ်ပြဖို့ ငါစီစဉ်ထားတယ် "
ကောင်းမင်သည် အမည်မသိ အနာဂတ်တစ်ခု၏ လမ်းကြောင်းဆီသို့ လျှောက်လှမ်းလျက်ရှိသည်။သူ့မျက်လုံးများမှာ တောက်ပနေ၏။
"ဂိမ်းလမ်းညွှန်လား "
"ဟုတ်တယ် "
ကောင်းမင်က မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားသော ဘတ်စ်ကားများကို ကြည့်လိုက်သည်။ဘတ်စ်ကားတစ်စီးချင်းဆီတွင် ကျောင်းသားနှင့်သရဲများ ပြည့်နေခြင်းဖြစ်သည်။
"တစ်မြို့လုံးဟာ သရဲဇာတ်လမ်းတွေကို ကြုံတွေ့ရတော့မယ် ၊ လူတိုင်း ငါဒီဇိုင်းထုတ်ထားတဲ့ဂိမ်းတွေကို ကစားလာကြလိမ့်မယ် "
မိုးတိမ်များ မပျောက်ကွယ်သေးသလို နေမင်းကြီးလည်း ထွန်းလင်းမလာသေးချေ။သို့သော် ကောင်းမင်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်နှင့် အလင်းရောင်များ ပြည့်နှက်နေ၏။ထိုအချိန် သူသည် ည၏တစ်စိတ်တစ်ပိုင်း ဖြစ်လာလေသည်။
"နင် ဘာလုပ်ဖို့ စီစဉ်နေတာလဲ ၊ စိတ်လျှော့ပါဦး ၊ ဒီဆုံးဖြတ်ချက်ကို မချခင် အရင်စဉ်းစားပါ "
ကောင်းမင်၏ အစီအစဉ်သည် ကြောက်စရာကောင်းသည်ဟု လျိုယီခံစားရသည်။ အကြောက်ရောဂါကူးစက်ခံထားရသူသာလျှင် တစ်မြို့လုံးတွင် ကြောက်စရာကောင်းသော ခြောက်ခြားဂိမ်းများကို ကစားနိုင်မည်ဖြစ်သည်။
"ညအမှောင် ကျဆင်းလာတာကြောင့် ငါတို့က ဘာလို့ အမှောင်ဆုံးည မဖြစ်ရမှာလဲ ၊ အာရုဏ်ဦးရောက်ရှိလာတာကို သူတို့ကြိုဆိုနိုင်ဖို့ ငါတို့က ကြောက်စရာအကောင်းဆုံး အမှောင်ထုဖြစ်လာရမယ် "