← Chapters

NPC

Vol. 14 Ch. 201

NPC

Vol. 14 Ch. 201

"အဆင့် ၁ မူမမှန်မှုကနေ အဆင့်၄မူမမှန်မှုတွေအားလုံး ငါလုပ်နိုင်တယ် ၊ အဆင့်တစ်ခုချင်းစီရဲ့ ဘော့စ်တွေရဲ့ အညွှန်းတွေနဲ့ ဆုလာဒ်တွေကိုတောင် ငါလုပ်နိုင်တယ် "

ကောင်းမင်ထံ သရဲများစွာ ရှိလေသည်။သူ့တွင် နာကြည်းခြင်းအခန်းများရှိသော အနုပညာဆရာမနှင့်ကာယဆရာလည်းရှိသည်။သူ့နှလုံးထဲတွင် ကျောင်း၏ဆရာဆရာမများ၏ လူသေဓာတ်ပုံတစ်ခု ရှိသည်။သူသာ အလိုရှိပါက ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို ပြန်လည်တည်ဆောက်နိုင်ပေသည်။

"သရဲတွေချည်းပဲနဲ့ မလုံလောက်ဘူး ၊ စီနီယာစိတ်ဆရာဝန်တစ်ယောက်က အကြောက်တရားရဲ့ အဓိပ္ပါယ်ကို တစ်ခါဖွင့်ဆိုခဲ့ဖူးတယ်--- လူတစ်ယောက်ဟာ ခြိမ်းခြောက်မှုကို ဖြေရှင်းဖို့ အရင်းအမြစ်တွေ ဒါမှမဟုတ် စွမ်းရည်တွေ မရှိတဲ့အခါ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့ကို ကြောက်ရွံ့လာမယ်တဲ့ "

"ကစားသမားရဲ့ ရှင်သန်လိုစိတ်နဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကို အဆုံးထိ မြှင့်တင်ဖို့ လိုတယ် ၊ဒါကို နည်းလမ်းများစွာနဲ့ ငါလုပ်နိုင်တယ် "

"မလုံခြုံတဲ့ ပတ်ဝန်းကျင်လိုမျိုးတွေ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ လေထုနဲ့ အမျိုးမျိုးသော လှည့်ကွက်တွေ ၊ အရိပ်အမြွက်တွေ…"

ကောင်းမင်သည် ပြီးပြည့်စုံသည့် ဂိမ်းဒီဇိုင်နာတစ်ယောက်ဖြစ်သည်။သူသည် ပြစ်မှုကြီးမားသည့်အကျဉ်းထောင်တွင် အလုပ်လုပ်ခဲ့ပြီး လူသားတို့၏ စိတ်ပညာအားနည်းချက်များကို ရင်းနှီးပေသည်။သူသည် ရှုပ်ထွေးလှသော ရာဇဝတ်အမှုအများအပြားကို လေ့လာခဲ့ရသည်။သူသည် အကြောက်တရား၏ ပုံသဏ္ဍာန်ကို သိရုံသာမက သူ၏များစွာသော သေဆုံးခြင်းများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံဖူးလေသည်။သေခြင်းတရားများ၏ အဓိပ္ပါယ်သီးသန့်ကိုသာ ဖွင့်ဆိုရလျှင် ကောင်းမင်သည် လူတစ်ယောက်အား သေဆုံးစေရန် နည်းလမ်းပေါင်းထောင်ချီဖြင့် ရောက်လာနိုင်ပေသည်။ယင်းတို့အားလုံးသည် လက်တွေ့ကြုံခဲ့ရသော အသိပညာများဖြစ်ပေ၏။

မနက်မိုးမသောက်ခင် ကောင်းမင်က လျိုယီနှင့်လမ်းခွဲလိုက်ပြီး မြို့ဟောင်းသို့ ပြန်လာခဲ့သည်။သူကားထဲမှ ဆင်းလိုက်ပြီးနောက် ဝမ်ကျီထံမှ မက်ဆေ့တစ်စောင် ရလိုက်သည်။

"အိမ်ကို သိမ်းပိုက်ခံလိုက်ရပြီ ၊ ကျွန်တော် အစ်ကို့ကို မင်လောင်လမ်းက တတိယမြောက်လမ်းကြားမှာ စောင့်နေတယ် "

"ဝမ်ကျီဆီက မက်ဆေ့လား ၊ သူခြိမ်းခြောက် ခံနေရတာလား "

အခန်း ၁၃သည် စုံစမ်းစစ်ဆေးရးဌာန၏ ပစ်မှတ်ဖြစ်နေခဲ့သည်။ဟန်ဟိုင်းရှိ လူအများအပြားက သူတို့အား ထိခိုက်စေချင်နေကြသည်။

"အိမ်မှာ မလုံခြုံတော့ဘူး ဒါပေမယ့် မက်ဆေ့ခ်ျကနေတစ်ဆင့် ဒီလိုအချက်အလက်တွေ ပို့တာတောင် အန္တရာယ်ရှိတယ် "

ကောင်းမင်က ယင်းကို စဉ်းစားလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ကော်ရစ်ဒါသို့ ခြေချလိုက်သည်။သူက မွေးနေ့ကိတ် လူသေဓာတ်ပုံကို ထုတ်လိုက်ပြီး သူ့မိဘများဖွင့်ပေးထားသော တံခါးမှတဆင့် အရိပ်ကမ္ဘာထဲ ဝင်လိုက်သည်။သူသည် မင်လောင်လမ်းအနီးတွင် ကားပေါ်မှ ဆင်းလာခဲ့ခြင်းဖြစ်သည်။အရိပ်ကမ္ဘာထဲတွင် မိနစ်အနည်းငယ်လမ်းလျှောက်ပြီးနောက် မက်ဆေ့ထဲတွင်ပြောထားသည့် နေရာသို့ သူရောက်လာခဲ့သည်။

မွေးနေ့ကိတ်လူသေဓာတ်ပုံသည် အသုံးမဝင်ပုံရသော်လည်း ယင်းသည် ကောင်းမင်အား ကမ္ဘာနှစ်ခုကြားလွတ်လပ်စွာ ခရီးသွားနိုင်ရန် ခွင့်ပြုထားလေသည်။ဆိုလိုသည်မှာ စုံစမ်းစစ်ဆေးရေးဌာနသည် သူ့ကို ဖမ်းဆီးနိုင်ရန် အလွန့်အလွန်ပင် အလုပ်လုပ်ရမည်ဖြစ်သည်။

ကောင်းမင် တံခါးအဟကြားမှ ချောင်းကြည့်လိုက်ရာ ရင်းနှီးနေသော မိုးရေစက်သံများက သူ့နားထဲ ဝင်ရောက်လာ၏။လီစန်းစုံစမ်းစစ်ဆေးရေးဌာနမှ စုံစမ်းရေးမှူးအနည်းငယ်သည် လက်နက်အမျိုးမျိုးကိုင်ဆောင်၍ ချုံခိုတိုက်ခိုက်ရန် လမ်းကြားထဲတွင် ပုန်းအောင်းနေကြလေသည်။ဝမ်ကျီသည် ဖကိုင်ကို ပွေ့ချီထားပြီး ထောင့်တစ်ခုတွင် ကွေးကွေးလေး‌ဖြစ်နေ၏။ကလေးသည် မွေးစားခံရရုံသာရှိသေးသည် စွန့်ပစ်ခံလိုက်ရသော ကြောင်လေးတစ်ကောင်ကဲ့သို့ အလွန်ဝမ်းနည်းနေပုံရသည်။

"အဖွဲ့ခေါင်းဆောင် ကောင်းမင်ပြန်လာလိမ့်မယ်လို့ ထင်လား "

စုံစမ်းစစ်ဆေးရေး အဖွဲ့နှစ်မှ လူများသည် စိတ်လှုပ်ရှားနေကြသည်။

"လီကျင်း အိမ်ယာ ၁ က အိမ်ငှားတွေပျောက်သွားတဲ့အချိန်ကပဲ ကောင်းမင်နဲ့ပတ်သက်ပြီး တစ်ခုခုမူမမှန်တာကို ငါသိတယ် ၊ ချင်ထျန်းနဲ့ ပိုင်ရှောင်ကြောင့်သာ မဟုတ်ရင် ငါသူ့ကို အစောကြီးကတည်းက ဖမ်းပြီးပြီ "

အဖွဲ့နှစ်ခေါင်းဆောင် မာလျန်းသည် အလွန်ယုံကြည်ချက်ရှိနေ၏။

" အကြီးအကဲကိုယ်တိုင် သူတို့ကို ဖမ်းဆီးဖို့ ကျုပ်တို့ကို ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခဲ့တဲ့ အခန်း ၁၃က လူတွေက ဘယ်လိုလူမျိုးတွေလဲ ၊ အင်တာနက်ပေါ်မှာ ဗီဒီယိုတစ်ပုဒ်မြင်ခဲ့ရတယ် ၊ ပြောထားတာက အခန်း ၁၃က ကျောင်းသားတွေက အမှန်တရားကိုသိတယ်တဲ့ ၊ သူတို့က ...."

"ငါတို့က စုံစမ်းစစ်ဆေးရေးဌာနက လူတွေပဲ၊ ဒါကိုမမေ့နဲ့ ၊ သရဲတွေက မြို့သားနဲ့ ငါတို့ကြားကို သွေးခွဲဖို့ ဗီဒီယိုကို ထုတ်လွှင့်ထားတာပဲ ! "

မာလျန်းက သူ့ငယ်သားများကို စိုက်ကြည့်လိုက်သည်။

"စကားမပြောနဲ့တော့ ကလေးကို အာရုံစိုက်ထား ! "

ထို စကားဝိုင်းကိုကြားသောအခါ ကောင်းမင်က သူ့အခြေအနေကို နက်နက်နဲနဲ နားလည်သွားသည်။

"စုံစမ်းစစ်ဆေးရေးဌာနက အခန်း၁၃ ကို အရမ်းရန်လိုနေတာပဲ ၊ ငါ အရှိန်မြင့်ရမယ်နဲ့တူတယ် "

ကောင်းမင်က တံခါးကို တွန်းဖွင့်လိုက်သည်။သူသည် နောက်ဖေးလမ်းကြားထဲသို့ လျှောက်သွားလိုက်ပြီး စုံစမ်းရေးမှူးများနှင့် ဝမ်ကျီကြားတွင် ပေါ်လာသည်။စုံစမ်းရေးမှူးများသည် သူတို့ရှာဖွေနေသည့်လူသည် သူတို့၏ ထောင်ချောက်ထဲသို့ သက်တောင့်သက်သာ လမ်းလျှောက်လာသည်ကို မြင်သောအခါ တကယ်မဟုတ်သလို ခံစားလိုက်ရသည်။

"ကောင်း ....မင် ?"

မာလျန်းမှာ ထိတ်လန့်သွား၏။သူ မတုန့်ပြန်နိုင်သေးခင် ဖကိုင်ကိူ ဖက်ထားသော ဝမ်ကျီသည် မိုးရေထဲ ထပြေးလိုက်သည်။ဝမ်ကျီသည် ကောင်းမင်က သူ့အား ထပ်မလိုချင်တော့ဟု တွေးထင်ခဲ့သည်။သို့သော်လည်း သူမှားသွားခဲ့သည်။ယင်းသည် ထောင်ချောက်တစ်ခုမှန်း သိနေသော်လည်း ကောင်းမင်သည် သူအတွက် ပြန်ရောက်လာပေသည်။

"အဖွဲ့ နှစ်က ဒီမှာဆိုတော့ အဖွဲ့၃ က ငါ့အိမ်မှာ ဖြစ်နိုင်တယ် "

ကောင်းမင်က ဝမ်ကျီရှေ့တွင် ရပ်လိုက်ပြီး စုံစမ်းရေးမှူးများကို ကြည့်လိုက်သည်။

"လီဆန်း စုံစမ်းစစ်ဆေးရေး ဌာနက ငါ့ကို ဖမ်းဖို့ လူအများကြီး လွှတ်လိုက်တာ ဆိုတော့ အစောပိုင်းတုန်းက ငြိမ်းငြိမ်းချမ်းချမ်းရှိနေခဲ့တယ် ထင်တယ်"

"ကောင်းမင် ၊ မခုခံနဲ့နော် ! အခုချက်ချင်း လီစန်းဌာနကို ငါတို့နဲ့ ပြန်လိုက်ခဲ့ ! "

မာလျန်း၏ အသံသည် အတင်းအကျပ်ပြုမည့်ဟန်ပင်။ကောင်းမင်အား ရွေးချယ်စရာ မပေးချေ။

"နောက်ဆုံးအကြိမ်တုန်းက မင်း သဘောထားက ငါ့အပေါ်တော်တော်ဆိုးခဲ့တာ ၊ အခုလည်း ပိုကောင်းမလာပါလား "

ကောင်းမင်သည် လီစန်းစုံစမ်းစစ်ဆေးရေးဌာနကို သန့်စင်ရန် အစီအစဉ်ဖြင့် ရောက်လာခြင်းဖြစ်သည်။စုံစမ်းရေးမှူးများကို ကြည့်နေသော ကောင်းမင်သည် မည်သည့်ကြောက်ရွံ့မှုမှ မပြသခဲ့ပေ။

"ဖကိုင် အခုပဲဟေ့ "

စုံစမ်းရေးမှူးများက ရပ်တန့်ပြီးသွား မာလျန်းကို ပြန်လှည့်ကြည့်လိုက်သည်။သူတို့သည် ကြောက်ရွံ့နေကြခြင်းဖြစ်သည်။အားလုံးထက် ကောင်းမင်သည် အဆင့် ၄မူမမှန်မှုမှ အသက်ရှင်ရက် ထွက်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သောသူဖြစ်သည်။ကောင်းမင်အသံကို ကြားလိုက်သောအခါ ဖကိုင်က သူ၏လုံးတစ်နေသော ခန္ဓာကိုယ်ကို လှိမ့်လိုက်သည်။သူသည် ကောင်းမင်၏ ခြေထောက်နောက်တွင်ပုန်း၍ အရည်လဲ့နေသောမျက်လုံးများဖြင့် ပြူကြည့်လိုက်သည်။သူသည် ကောင်းမင် ငါ့ကို ဘာလို့ခေါ်တာလဲဟု မေးနေပုံရသည်။

ကြောင်က မြောင်ဟု အော်လိုက်ရာ စုံစမ်းရေးမှူးများက သူ့ကို ကြည့်လိုက်ကြသည်။

"ငတုံးအကွက်တွေပဲကွ ! သူ့ကို ဖမ်းကြ ! "

မာလျန်းမှာ သူလှည့်စားခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။သူသည် ကျဉ်စက်တုတ်ကို ဆွဲထုတ်လိုက်ပြီး ကောင်းမင်အား ဒေါသတကြီးဖြင့် ချိန်ရွယ်လိုက်သည်။သို့သော်လည်း သူဆွဲထုတ်လိုက်သည်နှင့် မယုံနိုင်ဖွယ်အကြောက်တရားတစ်ခုက သူ့ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားလေသည်။

သူ့နောက်မှ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ရုတ်တရက် မာလျန်းသည် သူ့ခန္ဓာကိုယ်ပေါ်သို့ မိုးရေများ ကျမလာတော့ကြောင်း နားလည်လိုက်သည်။သူ့နောက်တွင် ကြောက်မက်ဖွယ်အရိပ်တစ်ခု ဝိုးတဝါးထွက်ပေါ်လာ၏။လက်ရှစ်ဖက်သည် သူ့ပတ်ပတ်လည်တွင် ဆန့်ထွက်လာခဲ့သည်။မြေပြင်နှင့် နံရံများသည် အသားစိုင်များအဖြစ် ပြောင်းလဲသွားကြသည်။စုံစမ်းရေးမှူးများအားလုံး နတ်ဘုရား၏ နာကြည်းခြင်းအခန်းထဲ သိပ်ထည့်ခံလိုက်ရလေသည်။

"အခု လီစန်းစုံစမ်းစစ်ဆေးရေးဌာနက လူသစ်လေးတွေ လိုအပ်လာလိမ့်မယ် ၊ ဒီအခွင့်အရေးကို သုံးပြီး ငါ့လူတွေကို ပိုင်ရှောင်ကို ကူညီဖို့ ပို့ပေးလိုက်မယ် "

ကောင်းမင်က စုံစမ်းရေးမှူးများကို မသတ်ခဲ့ပေ။သူက သူ့နည်းလမ်းဖြင့် သူတို့ကို ပြောင်းလဲရန် စီစဉ်ထား၏။

"သူတို့ကို ဘာလို့ မင်းနှလုံးခန်းထဲ ပို့လိုက်ရတာလဲကွ ၊ သူတို့ကို ကိရိယာတွေအဖြစ် မပြောင်းတော့ဘူးလား ၊ ငါတော့ ပန်းချီတွေချည်း ဆွဲနေရတော့မှာပဲ "

ရှရန်က ညီးတွားလိုက်သည်။ရှရန်သည် အလွန်ဇီဇာကြောင်တတ်ကြောင်း အရင်က ကောင်းမင် မသိခဲ့ပေ။

ဖကိုင်ကို ချီလိုက်ပြီး ကောင်းမင်က ဝမ်ကျီအား အရိပ်ကမ္ဘာထဲ ခေါ်သွားလိုက်သည်။

လက်တွေ့ကမ္ဘာတွင် အလွန်ဂရုတစိုက်နေတတ်သော ဝမ်ကျီသည် အရိပ်ကမ္ဘာထဲတွင် အလွန်စူးစမ်းချင်လာခဲ့သည်။အရိပ်သည် သူ့နားသို့ တက်ကြွစွာ ချဉ်းကပ်လာ၏။အရိပ်သည်ပင် သူသည် အလွန်နှစ်လိုဖွယ်ကောင်းကြောင်း ခံစားနေရသည်။နောက်ဆုံးအကြိမ်က ဝမ်ကျီသည် အရိပ်ကမ္ဘာထဲ ဝင်သွားခဲ့ပြီး မတူညီသည့်လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။သို့သော်လည်း သူသည် နှစ်ကြိမ်လုံးတွင် တိရိစ္ဆာန်များ ၊ အရိပ်များ ၊ ကလေးများနှင့် နှီးနွယ်မှုတစ်ခုရှိကြောင်း ပြသခဲ့သည်။

သူက မင်လောင်လမ်း နံပါတ်၄ တံခါးကိုဖွင့်လိုက်သည်။ဝေတယိုနှင့် ပိုဝမ်ကျေးရွာမှ ရွာသားများက သူ့ဆီပြေးလာကြသည်။

"ကောင်းမင် ! ဘုရားရေ ! မင်း ဘာလို့ အကြာကြီး ပျောက်နေတာလဲကွာ ၊ မင်းတစ်ခုခုဖြစ်နေတယ်လို့ ငါတို့ ထင်နေကြတာကွ "

ဝေတယိုက ကောင်းမင်အား ဝက်ဝံတစ်ကောင်အားဖြင့် ဖက်လိုက်သည်။

"ကိစ္စကြီး မဟုတ်ပါဘူးကွာ ၊ ကျောင်းသားဟောင်းတွေ့ဆုံပွဲ သွားတက်နေရုံပါပဲ "

ကောင်းမင်သည် သူယုံကြည်ရသော လူတိုင်းကို စူပါမားကတ်သို့ ခေါ်လိုက်သည်။လူသားများက ဘယ်ဘယ်တွင် ရပ်နေပြီး သရဲများနှင့် ကူးစက်ခံထားရသော စုံစမ်းရေးမှူးများက ညာဘက်တွင် ရပ်နေကြသည်။

"ဟန်ဟိုင်း မြို့တော်အရှေ့ပိုင်းဟာ ဖရိုဖရဲဖြစ်ရပ်တွေထဲ နစ်မြှုပ်နေပြီ ၊ ငါ လူတိုင်းရဲ့ အကူအညီကို လိုအပ်တယ် "

ကောင်းမင်က လူအားလုံး၏ မျက်နှာများကို စစ်ဆေးလိုက်သည်။သာမန်ရွာသားများ ၊ ဟန်ဟိုင်းမှ လက်ရွေးစင်စုံစမ်းရေးမှူးများ ၊ ဌာနအပေါ် မျှော်လင့်ချက်ပျောက်ဆုံးသွားသည့် လူသစ်စုံစမ်းရေးမှူးများ နှင့် စီတုအန်းစတေးခဲ့သော ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား စသဖြင့်။တစ်ဖက်တွင် အမျိုးစုံသော သရဲများ ရှိနေလေသည်။

"ပြောလိုက်စမ်းပါ ၊ ငါတို့ တတ်နိုင်ရင် ကူညီမှာပေါ့ "

ဝေတယိုက သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။

"ငါ့ ခြောက်ခြားဂိမ်းတွေထဲမှာ NPCလို သရုပ်ဆောင်ပေးမယ့်လူတွေ လိုတယ် "

Note - NPC (Non - Player Character) = ကစားသမားမဟုတ်သော ဇာတ်ကောင်များ

All Chapters