← Chapters

လူလုပ်နာကြည်းခြင်းအခန်း

Vol. 14 Ch. 204

လူလုပ်နာကြည်းခြင်းအခန်း

Vol. 14 Ch. 204

"သရဲတွေနဲ့ သရဲဇာတ်လမ်းတွေပြည့်နေတဲ့ မြို့တော်ထဲမှာ ရှင်သန်နိုင်ဖို့ ဘာတွေလိုအပ်သလဲ "

အခန်းအလယ်တွင် သက်ကြီးနည်းပြဆရာတစ်ယောက် ရပ်နေ၏။သူ့နောက်တွင် မြို့တော်အရှေ့ပိုင်း၏ မြေပုံကို ပရိုဂျက်တာဖြင့် ထိုးပြထားသည်။

"တိုက်ခိုက်ရမယ် ! အကြောက်တရားမရှိပဲ ရှေ့ဆက်တိုးရမယ် ! "

ရှောင်ယွင်က သူ့လက်သီးကို ဆုပ်လိုက်သည်။ သူ့အဖြေသည် တခြားလူသစ်များဆီမှ ထောက်ခံမှုရခဲ့သည်။

"မဟုတ်ဘူးကွ ! စည်းကမ်းတွေကို လိုက်နာဖို့ပဲ ! "

အသက်ကြီးကြီး နည်းပြဆရာက စည်းကမ်းစာအုပ်အထူကြီးကို ရှောင်ယွင်၏စားပွဲပေါ် ဆောင့်ချလိုက်သည်။

"ဒီစည်းကမ်းတွေ အားလုံးတစ်ခုမကျန် အလွတ်ကျက်ဖို့ မင်းကို အချိန်သုံးနာရီပေးလိုက်မယ် ! "

"ဒါက ကြောက်စရာကြီးဗျာ ! "

ရှောင်ယွင်က ခါးသီးစွာပြောလိုက်သည်။

"ကျွန်တော်က ကျောင်းတုန်းကတောင် စာအရမ်းကြိုးစားခဲ့တာ မဟုတ်ဘူး "

"မတ်တပ်ရပ်စမ်း ! "

အသက်ကြီးကြီး နည်းပြဆရာက ရှောင်ယွင် စိုက်ကြည့်၍

"အခု မင်းမြင်နေရတဲ့ စည်းကမ်းတွေအားလုံးက မင်းစီနီယာတွေရဲ့ အသက်နဲ့ အလဲအလှယ်လုပ်ခဲ့ရတာကွ ! မင်းရဲ့စီနီယာတွေက စည်းကမ်းတွေကို ထုတ်ဖော်ရင်း သေခဲ့ရလို့ ဒီစည်းကမ်းတွေနဲ့ပဲ မင်း အသက်ရှင်နိုင်မှာ "

စည်းကမ်းစာအုပ်ထူကြီး၏ အဖုံးတွင် များစွာသော စုံစမ်းရေးမှူးများ၏ သွေးများဖြင့် စွန်းထင်းနေခဲ့သည်။

"မင်းတို့ ပထမဆုံးနားလည်ဖို့လိုတဲ့ သင်ခန်းစာက စည်းကမ်းတွေကိုလေးစားတတ်အောင် သင်ယူဖို့နဲ့ စည်းကမ်းတွေကို ကြောက်ရွံ့ဖို့ပဲ ! "

နည်းပြဆရာက လူသစ်များကို အော်ဟစ်ပြောဆို၍ ကြောက်ရွံ့‌စေလိုက်သည်။က လူသစ်များကို အော်ဟစ်ပြောဆို၍ ကြောက်ရွံ့‌စေလိုက်သည်။

"မင်းတို့တွေ ခြောက်ခြားဇာတ်လမ်းထဲမှာ မသေချင်ဘူးဆိုရင် ဒါတွေကို အလွတ်ကျက်ပြီး မင်းတို့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာအောင် လုပ်ကြ ! "

လူသစ်အများစုမှာ ‌အလျင်အမြန် လေ့လာလိုက်ကြသည်။ရှောင်ယွင်မှာ အနည်းငယ် စိတ်မပါသလို ခံစားနေရသည်။သူသည် မူမမှန်မှုကို မတွေ့ကြုံဖူးပေ။သူ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သာမန်လူများထက် ပိုမြင့်မားသောကြောင့် ဌာနသို့ဝင်ရောက်ရန် ဖိတ်ခေါ်ခံခဲ့ရခြင်းဖြစ်သည်။

"ထိုင်တော့ ! "

နည်းပြဆရာ၏ မျက်ဝန်းထဲတွင် သနားသည့်အမူအရာဖြင့် အခန်းထဲရှိ လူသစ် ဆယ့်သုံးယောက်ကို ကြည့်လိုက်သည်။မြို့တော်အရှေ့ပိုင်း၏ စုံစမ်းရေးမှူးများမှာ အကုန်လုံးနီးပါး အပြောင်ရှင်းခံလိုက်ရသည်။ဌာနချုပ်သည် နေရာအလွတ်များကို ဖြည့်ရန် လူသစ်များကို ပိုမိုရွေးချယ်လာခဲ့သည်။သို့သော်လည်း ထိုလူသစ်များသည် အမြောက်စာမျှသာ ဖြစ်ပေသည်။သူတို့သည် စည်းကမ်းများကို မှတ်မိခြင်းမရှိသလို ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းလည်း မရှိပေ။သူတို့သည် ကျွမ်းကျင်စုံစမ်းရေးမှူးများအတွက် အသားဒိုင်းကာများ ဖြစ်လာကြမည်ဖြစ်သည်။သက်ကြီးနည်းပြဆရာသည် သက်ပြင်းတစ်ချက်ချ၍ အခန်းထဲမှ ထွက်သွားလေသည်။ကော်ရစ်ဒါတွင် အပြေးအလွှားသွားလာနေသောလူများဖြင့် ပြည့်နေ၏။မြို့တော်အရှေ့ပိုင်းပတ်ဝန်းကျင်တွင် အဆင့်၄ မူမမှန်ဖြစ်ရပ်တစ်ခု အထိန်းအချုပ် လွှတ်ခဲ့ခြင်းဖြစ်သည်။ဟန်ဟိုင်းသည် အန္တရာယ်အများဆုံးစီရင်စုဖြစ်လာခဲ့သည်။လူသစ်များစွာကို အတတ်နိုင်ဆုံး လေ့ကျင့်ရန် ကျေးလက်သို့ စေလွှတ်ခဲ့ကြသည်။

"ညတာရှည်တဲ့ ညတစ်ညပဲ "

နည်းပြဆရာ၏ မျက်နှာပေါ်သို့ ဖျော့တော့တော့ အလင်းရောင်တစ်ခု ထိုးကျနေ၏။သူသည် နောက်ထပ်ညတစ်ညရှင်သန်နိုင်ခဲ့သည်ကို ကျေးဇူးတင်သော်လည်း နောက်ညတစ်ညရောက်လာမည်ကို စိုးရိမ်နေလေသည်။နေ့ဘက်တွင် ပူးကပ်ခံရသော လူသားနှင့်သရဲများသည် ကန့်သတ်ချက်ရှိလိမ့်မည်ဖြစ်သည်။သူတို့သည် ညရောက်သည်အထိ သာမန်ကဲ့သို့ ပြုမူရန် လိုအပ်ပေသည်။မနက်ပိုင်းသည် စုံစမ်းစစ်ဆေးရေးဌာနအတွက် သူတို့ကို ဖြေရှင်းရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။သူတို့သည် နေ့ဘက်တွင် သရဲများကို မသတ်ဖြတ်ခဲ့ပါက ညဘက်တွင် သရဲများ ဆက်လက်ပျံ့နှံ့လာပေလိမ့်မည်။

"အခု မြို့တော်အရှေ့ပိုင်းက သတိကြီးကြီးထားနေကြပြီ ၊ တခြားစီရင်စုတွေက အကူအညီတွေလည်း လာနေကြပြီ ၊ ဒီတိုက်ပွဲကို ငါတို့ ရှုံးမှာ မဟုတ်ဘူး "

သက်ကြီးနည်းပြဆရာသည် စိတ်ဆုံးဖြတ်လိုက်ပုံရသည်။သူသည် သူ့ကိုယ်သည် ဂရုမစိုက်ပေ။သူဂရုစိုက်သည်မှာ သူ့သားနှင့် သူ့ချွေးမဗိုက်အတွင်းရှိ ကလေးသာဖြစ်သည်။သူသည် သူ့ရင်ဘတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ကြည့်လိုက်ပြီး သူ့အမူအရာမှာ နူးညံ့သွားသည်။

"ဒါက ခင်‌ဗျားရဲ့ မိသားစုလား "

ရုတ်တရက်ပေါ်လာသောအသံကြောင့် သက်ကြီးနည်းပြဆရာသည် ထိတ်လန့်သွား၏။သူ့လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးမှာ တောက်ပသွားသည်။

"ခေါင်းဆောင်ဖူဆန်း နောက်ဆုံးတော့ မင်းပြန်လာပြီပဲ ! အကြီးအကဲက မင်းကို အရမ်းစိတ်ပူနေတာ ! "

ရှရန်သည် ဖူဆန်း၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။သူသည် အကြီးအကဲ၏ အကြီးဆုံးသားဖြစ်ရုံသာမက ဝမ်ကျိုက်စုံစမ်းစစ်ဆေးရေးဌာန အဖွဲ့တစ်၏ ခေါင်းဆောင်လည်းဖြစ်သည်။သူသည် စုံစမ်းရေးမှူးငယ်များ၏ အစ်ကိုကြီးဖြစ်သည်။

"ဟုတ်တယ် ကျုပ်ပြန်လာပြီ "

ဖူဆန်းက ပြုံးလိုက်သည်။သူသည် ပိုရင့်ကျက်လာပြီး တည်တည်ငြိမ်ငြိမ်ဖြစ်လာပုံရသည်။သူသည် ကမ္ဘာ့အကြီးဆုံးလှိုင်းလုံးကြီးမှ ရှင်သန်နိုင်လာခဲ့ပုံရသည်။သူ့တွင် ယုံကြည်မှုများ ဖြာထွက်နေ၏။

"ငါမင်းကို အကြီးအကဲဆီ အခုခေါ်သွားပေးမယ် ၊ အခြေအနေက သိပ်ကောင်းနေတာ မဟုတ်ဘူးလေ "

သက်ကြီးလက်နည်းပြဆရာသည် ပြေးသွားလိုက်ပြီး ဓာတ်လှေကားခလုပ်ကို နှိပ်လိုက်သည်။သူက ဖူဆန်းအား လက်ဝေ့ပြ၍ ဓာတ်လှေကားထဲဝင်ရန် ခေါ်လိုက်သည်။မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနသည် ကွင်းစ် ၁၉လမ်းတွင် တည်ရှိခြင်းဖြစ်သည်။ယင်းသည် စီတုအန်း၏ ပါးနပ်မှုဖြစ်သည်။အဆောက်အဦးမှာ အပြင်မှကြည့်လျှင် သာမန်သာဖြစ်၏။သို့သော်လည်း လူတစ်ယောက်သည် အဆောက်အဦးထဲ ရှိနေပါက ပြတင်းပေါက်အားလုံးသည် အထူးပစ္စည်းများတပ်ဆင်ထားကြောင်း သတိထားမိပေမည်။အတွင်းပိုင်းတည်ဆောက်ပုံသည် လူတစ်ယောက်မျှော်လင့်ထားသည်ထက် လုံးဝခြားနားလိမ့်မည်ဖြစ်သည်။

စုံစမ်းရေးမှူးများ၏ လေ့ကျင့်ရေးအခန်းများနှင့်ရုံးခန်းများသည် အလွှာ ၁ မှ အလွှာ ၇ထိ နေရာယူထားသည်။အလွှာ ၈ မှ အလွှာ ၁၀ထိမှာ သုတေသနသမားများနှင့်လုံခြုံရေးအဖွဲ့ဝင်များအတွက် ဖြစ်သည်။စီတုအန်း၏ ခွင့်ပြုချက်ရသူများသာ ဆယ်လွှာအထိ သွားနိုင်ပေသည်။ဖူဆန်းသည် ထိုနေရာသို့ အရင်က မရောက်ဖူးခဲ့ပေ။

ဓာတ်လှေကားသည် ခုနှစ်လွှာတွင် ရပ်တန့်သွား၏။သူတို့သည် ဓာတ်လှေကားမှ ထွက်လိုက်သည်နှင့် မုန်းတီးမှုဖြင့်စကားများနေသည့်အသံကို ကြားလိုက်ရသည်။စစ်ကူအဖြစ် စေလွှတ်လိုက်သော အခြားခရိုင်များမှ အကြီးအကဲများသည် ဖူနင်း၏ စားပွဲကို ရိုက်နှက်ကာ အော်ဟစ်နေကြသည်။ဖူနင်းသည် တိတ်တဆိတ်သာ ရှိနေသည်။စီတူအန်း မရှိတော့သည့် မြို့တော်အရှေ့ပိုင်း၏ အခြေအနေသည် အလွန်ပင် မရေရာလှပေ။

"အကြီးအကဲ! "

သက်ကြီးနည်းပြဆရာသည် တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူသည် တံခါးမခေါက်ပဲ သူ့အသက်အရွယ်ထက် ပိုကျယ်လောင်သည့် အသံဖြင့် အော်လိုက်သည်။

ဖူနင်းသည် ခေါင်းမော့ကြည့်လိုက်ရာ တံခါးဝတွင် သူ့အကြီးဆုံးသားကို တွေ့လိုက်ရသည်။ဖူနင်းက ထရပ်၍ ဆူညံနေသော အကြီးအကဲများကို လျစ်လျူရှုကာ သူ့သားဆီလျှောက်သွားလိုက်သည်။

"ကောင်းတယ် ၊ မင်း အဆင်ပြေနေတာပဲ "

ဖူဆန်းဘာမှ မပြောရသေးခင် ဖူနင်းက အခြားအကြီးအကဲများဘက် လှည့်လိုက်သည်။

"မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန ကိုယ်စား အားလုံးကို ကျုပ် ထပ်ပြီးကျေးဇူးတင်ပါတယ် ၊ ခင်ဗျားတို့အတွက် အထောက်အပံ့အားလုံးပြည့်စုံအောင် ကျုပ်တို့လုပ်ပေးမှာပါ ဒါပေမယ့် ကျုပ်တို့ရဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကတော့ တခြားမစ်ရှင်တွေ ရှိနေသေးလို့ မကူညီနိုင်ပါဘူး "

"ဖူနင်း ကျုပ်တို့က ကျုပ်တို့အသက်တွေကို စတေးပြီး ခင်ဗျားကို ကူညီရမှာနော် ဒါပေမယ့် ခင်ဗျားက ခင်ဗျားရဲ့ လက်နက်တွေကို ဖွက်ထားတုန်းပဲ ၊ ဒါက တရားမျှတရဲ့လား "

လီစန်းစုံစမ်းစစ်ဆေးရေးဌာနအကြီးအကဲဖြစ်သူ ချန်းယွင်ထျန်းသည် အသက်အကြီးဆုံးနှင့်အတွေ့အကြုံ အများဆုံးဖြစ်သည်။

"စိတ်မကောင်းပါဘူး စီတုအန်း ပြန်မလာခင်အထိ လုံခြုံရေးဌာနကို ကျုပ် စုစည်းလို့မရပါဘူး "

"ဒါဆို တာဝန်ခံပုဂ္ဂိုလ်နဲ့ ကျုပ်စကားပြောမယ်! "

"သူတို့ တာဝန်ရှိတဲ့နေရာကနေ သူတို့ ထွက်သွားလို့ မရဘူး "

ဖူနင်းသည် တည်ငြိမ်နေ၏။ထို့နောက် သူသည် ဖူဆန်းကိုဆွဲ၍ ဓာတ်လှေကားဆီ လျှောက်သွားလိုက်သည်

"အဖြစ်ဆိုးက အပြင်မှာ ပေါက်ကွဲနေပြီ ၊ လုံခြုံရေးကို ဘာလို့ မပို့နိုင်ရတာလဲ "

ဖူဆန်းမှာ စိတ်ရှုပ်ထွေးနေ၏။

"ဒါကို ဖြေရှင်းဖို့ သူတို့ ရှိနေတာမဟုတ်ဘူးလား "

ဖူနင်းသည် သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ဆယ့်တစ်လွှာသို့ ခေါ်မလာမီ သုံးကြိမ် စစ်ဆေးခဲ့သည်။

ဓာတ်လှေကားတံခါးသည် ဖြည်းညင်းစွာပွင့်လာပြီး ရုံးခန်း သို့မဟုတ် လေ့ကျင့်ရေးခန်းများ မဟုတ်သော်လည်း ထူးခြားသည့်အခန်းများစွာ ထွက်ပေါ်လာ၏။ ယင်းတို့မှာ ဖျားနာဆောင်များ ၊ ကလေးထိန်းဌာနများ ၊ အမျိုးသမီးသန့်စင်ခန်းများ စသဖြင့်ဖြစ်သည်။

"ဒါက ဘာနေရာကြီးလဲ "

"လူလုပ် နာကြည်းခြင်းအခန်းတွေပဲ "

ဖူနင်းက တံခါးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

"စီတုအန်းက ဒါတွေကို တည်ဆောက်ဖို့ ကြိုးစားနေတာ ၊ သူက နာကြည်းခြင်းအခန်းတွေကို တည်ဆောက်ဖို့ လူ့စွမ်းအားကို အသုံးပြုချင်နေတာပဲ ၊ ငါတို့က ဒါကို တခြားခရိုင်က အကြီးအကဲတွေ မြင်သွားစေလို့ မရဘူး "

ဖူဆန်းက မျက်မှောင်ကြုံ့လိုက်သည်။

"ဌာနချုပ်ရဲ့ ယာယီအကြီးအကဲက သရဲတွေကိုလျှို့ဝှက်မွေးမြူနေတာပဲ "

"စီတုအန်း နဲ့ ဒေါက်တာလုတို့ ပျောက်နေတာ အတော်ကြာပြီ ၊ အချို့အခန်းတွေက ကြောက်မက်ဖွယ်ရာ ပြောင်းလဲသွားခဲ့ပြီ ၊ ၁၃လွှာဟာ ကန့်သတ်ချက် ပြည့်သွားပြီ "

ဖူနင်းက အခန်းနှစ်ခုကြားတွင် မတ်တပ်ရပ်လိုက်သည်

"တံခါးတွေနဲ့ ဝေးဝေးနေ၊ အထဲက တစ်ခုခု ထွက်လာနိုင်တယ် "

"၁၃လွှာက အခု အထိန်းအကွပ်မဲ့နေပြီလား "

ဖူဆန်းသည် သူ့မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို အလွန်ကောင်းမွန်စွာ လျှို့ဝှက်ထားလိုက်သည်။

"နာကြည်းခြင်းအခန်းတွေထဲက တစ်ခန်းမှာ သရဲနီတစ်ကောင်ကို တကယ်ကို ပျိုးထောင်ခဲ့တယ် "

ဖူနင်း၏ မျက်နှာသည် တင်းကျပ်နေ၏။

"လုံခြုံရေးအဖွဲ့ဝင်တွေအားလုံး အခု ၁၂လွာမှာ ရှိနေကြတယ် ၊ ငါတို့ အဲ့ဒါကို နေ့မကူးခင် သတ်ပစ်ဖို့လိုတယ် "

All Chapters