← Chapters

၀၁၀၉

Vol. 14 Ch. 205

၀၁၀၉

Vol. 14 Ch. 205

စီတုအန်းသည် နာကြည်းခြင်းအခန်းတစ်ခုကိုတည်ဆောက်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း အောင်မြင်မှုဖြင့် လွဲချော်ခဲ့သည်။သို့သော် သူ "သေဆုံး"သည့်အချိန်တွင် သူ့ပရောဂျက်မှ အစစ်အမှန် သရဲနီတစ်ကောင် ထွက်ပေါ်ခဲ့လေသည်။

"တခြားခရိုင်က စုံစမ်းရေးမှူးတွေကို ဒီအဆောက်အဦးမှာ သရဲအစစ်တစ်ကောင်ရှိနေတာ သိသွားလို့ မဖြစ်ဘူး "

ဖူနင်း၏ အမူအရာသည် တင်းမာနေခဲ့သည်။

"ငါတို့ဒါကို သူတို့ကို ပေးသိလို့မဖြစ်ဘူး မဟုတ်ရင် ငါတို့အခြေအနေက အဆိုးဝါးဆုံးဖြစ်သွားလိမ့်မယ် ၊ အထက်ကလူတွေက ငါတို့ကို အရိပ်ကမ္ဘာရဲ့ သူလျှိုတွေလို့ အမြဲတမ်း သံသယရှိနေခဲ့တာ "

"သူတို့က ကျွန်တော်တို့ကို စွန့်ပစ်တော့မှာလား "

ဖူဆန်းက ဖူနင်းနောက် လိုက်နေ၏။လူအိုကြီးပြောသကဲ့သို့ပင် သရဲသည် သူ့ဘေးတွင် ရှိနေလိမ့်မည်ဟု မျှော်လင့်ထားမိမည်မဟုတ်ချေ။

"စီတုအန်းက လျှို့ဝှက်ချက်တွေ အများကြီးသိထားတယ် ၊ အရာတစ်ခုကိုတော့ စွန့်လွှတ်လို့ရပေမယ့် သူတို့က ငါတို့ကို နှုတ်ပိတ်ချင်မှာကို ငါစိုးရိမ်တယ် "

ဖူနင်းက ခေါင်းခါလိုက်သည်။

"မင်းက ငယ်သေးတယ် ၊ ဒီအရာတွေကို မင်းနားမလည်ပါဘူး ၊ တစ်ခါတစ်ရံမှာ လူသားတွေက သရဲတွေထက် ပိုဆိုးဝါးပါတယ် "

မပြီးစီးသေးသည့် နာကြည်းခြင်းအခန်းနှစ်ခုကြား လှုပ်ရှားနေရင်း ဖူဆန်းခန္ဓာကိုယ်အတွင်းမှ ရှရန်သည် ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုလိုက်သည်။စီတုအန်းသည် နာကြည်းခြင်းအခန်းများအကြောင်းကို ကောင်းစွာသိသူဖြစ်သည်။သူသည် ထိုအခန်းများကို အတိုင်းအတာတစ်ခုဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ နာကြည်းမှုအခန်းအချို့တွင် ကျိန်စာသင့်ပစ္စည်းများကို မူရင်းနေရာမှ ထိုနေရာသို့ ပြောင်းရွှေ့ထား၏။ထိုအရာအားလုံးသည် ပြီးပြည့်စုံသော ကင်းဗတ်စများဖြစ်သည်။တစ်ခုချင်းစီသည် ကြောက်မက်ဖွယ်မှတ်ဉာဏ်များဖြင့် ဆေးစိမ်ထား၏။သူအနားကပ်လိုက်သည်နှင့် နံရံထဲမှ အော်ဟစ်သံများကို ကြားရပြီး လေထုထဲမှ သွေးနံ့ကို ရနိုင်ပေသည်။သူ့ဖခင်ဖြစ်သူသည် သူ့မျက်လုံးများထဲရှိ စိတ်လှုပ်ရှားမှုကို မြင်ရမည်ကို စိုးရိမ်သဖြင့် ဖူဆန်းက အသက်ပြင်းပြင်းရှူကာ ခေါင်းငုံ့ထားလိုက်သည်။သူ့လက်ချောင်းင်းများက ကွဲအက်သွားခဲ့သည်။သူသည် ပန်းချီဆွဲရန် စိတ်အားထက်သန်နေပြီဖြစ်သည်။

"မင်းကြောက်နေတာကို ငါသိပါတယ် ဒါပေမယ့် အဲ့ဒါကို ဖိနှိပ်ထားစရာမလိုပါဘူး ၊ ငါ ဒီကို ပထမဆုံးရောက်လာတုန်းက ငါလည်း အရမ်းကြောက်ခဲ့တာ၊ ဒါမှ သာမန်ပါပဲ ၊ မင်းမကြာခင် နေသားကျလာမှာပါ "

ဖူနင်းသည် သူ့သားကို ချစ်ခြင်းမေတ္တာဖြင့် ကြည့်ရှုလိုက်သည်။သူသည် ဖူဆန်းအပေါ် အများကြီး မျှော်လင့်ထားသည်။

"မင်းက သာမန်လူတွေထက် အများကြီး ပိုကောင်းနေပါပြီကွာ "

"ကောင်းပြီ "

ဖူဆန်းသည် သူ့ခံစားချက်များကို သူ့ဖခင်ရိပ်မိသွားမည် စိုးသောကြောင့် စကားတစ်ခွန်းသာ ပြန်ဖြေလိုက်သည်။

သူတို့သည် လှေကားများအတိုင်း ၁၂လွှာသို့ ဦးတည်လိုက်ကြသည်။ဖူနင်းတံခါးဖွင့်လိုက်သည်နှင့် သေနတ် ပြောင်းဝများက သူ့ကို ချိန်ရွယ်ထားလေသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် ဖူနင်း နှင့်ဖူဆန်း ကို အမူအရာကင်းမဲ့စွာဖြင့် ကြည့်နေကြသည်။သူတို့သည် လူသတ်စက်ရုပ်များနှင့်တူပေသည်။မြို့တော်အရှေ့ပိုင်းမှ လုံခြုံရေးများသည် ရှင်းလုမှ ပို့လိုက်သော လုံခြုံရေးများထက် ပိုသန်မာ၍ ပိုအေးစက်ပေသည်။သူတို့သည် သူတို့၏ လူသားဆန်မှုကို ဖယ်ရှားထားခဲ့ပြီဟု ခံစားရသည်။သူတို့သည် စီတုအန်းနှင့် သူတို့ခေါင်းဆောင်များ၏ အမိန့်ကိုနာခံတတ်သော တိရိစ္ဆာန်များ ဖြစ်လာကြလေသည်။

"ဖူနင်းရောက်နေပြီလို့ မင်းတို့အဖွဲ့ခေါင်းဆောင် ဟဲ့ယီကို ပြောလိုက်ပါ "

ဖူနင်းက ထိုနေရာတွင် ရိုးရိုးသားသားရပ်နေလိုက်သည်။သူသာ ရှေ့တစ်လှမ်းတိုးပါက သူ့ခေါင်းသည် ဖောက်ခွဲခံရမည်ဖြစ်ကြောင်း သူသိပေသည်။မြို့တော်အရှေ့ပိုင်း လုံခြုံရေးဌာနကို စီတုအန်းက လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။လူတိုင်းသည် သရဲတစ်ကောင်ထက် ပိုကြောက်ဖို့ကောင်းလေသည်။သူတို့အားလုံးသည် ဒေါက်တာလု၏စိတ်ကျန်းမာရေးဆေးကို သောက်ရန် ဒေါက်တာလုနှင့်အတူ အရိပ်ကမ္ဘာသို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် လူသားများထက် သရဲတစ္ဆေများနှင့် ပို၍တူလေသည်။ လုံခြုံရေးအဖွဲ့ဝင်နှစ်ယောက်က ဘာမှမပြောပဲ လှည့်ထွက်သွား၏။တစ်မိနစ်ခန့်ကြာသောအခါ နှစ်ယောက်သား ပြန်ရောက်လာကြသည်။

၁၁လွှာရှိ နာကြည်းခြင်းအခန်းများနှင့် နိူင်းယှဉ်ပါက ၁၂လွှာမှ နာကြည်းခြင်းအခန်းများသည် ပိုမို 'သက်ဝင်' ပေသည်။အခန်းများထဲမှ အော်ဟစ်သံ ၊ ငိုကြွေးသံ နှင့် ရယ်မောသံများကို ကြားနေရသည်။နံရံများတွင် ထူးဆန်းသည့် အနီရောင်သစ်ပင်များ တွားထွက်နေကြ၏။၎င်းတို့သည် တွားသွားသည့် တိရိစ္ဆာန်များ သို့မဟုတ် ရှုပ်ထွေးနေသောဆံပင်များနှင့်တူ၏။ ထောင့်စွန်းတွင် သွေးအမာရွတ်များ ထူထပ်စွာ ရှိနေလေသည်။ယင်းတို့သည် ခြောက်ခြားဖွယ်အနံ့ဆိုးများ ထွက်နေလေသည်။နာကြည်းခြင်းအခန်းတစ်ခုချင်းစီတွင် အနီရောင်သော့တစ်ချောင်းစီရှိသည်။ယဇ်ပူဇော်သကာများနှင့်ဖယောင်းတိုင်များကို တံခါးများအ‌ရှေ့တွင် ချထားသည်။တံခါးများ၏ အလယ်တွင် ခေါင်းပြတ်တံခါးစောင့်တစ်ယောက်ရှိလေသည်။

"ငါ သူတို့အတွက် ခေါင်းတစ်ခေါင်းဆွဲပေးချင်လိုက်တာ"

ဖူဆန်းသည် သူ့နှလုံးသားအတွင်းမှ ညည်းညူလိုက်သည်။

အေးစက်စက်လေညင်းတစ်ခု တိုက်ခတ်လာရာ ဖယောင်းတိုင်မီးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။မီးရောင်များ ပုံမှန်ပြန်ဖြစ်လာသောအခါ ဖူနင်းနှင့်ဖူဆန်းတို့ရှေ့တွင် အလွန်ရုပ်ဆိုးလှသည့် လူတစ်ယောက်ပေါ်လာ၏။သူသည် လုံခြုံရေးဌာနယူနီဖောင်းကို ဝတ်ဆင်ထားသည်။သူ့အရေပြားသည် သေလုအောင် ဖြူဆွတ်နေ၏။သူ၏ ဒေါင်လိုက်ဖြစ်နေသော မျက်လုံးတစ်စုံသည် မြွေတစ်ကောင်ကဲ့သို့ပင်။

"ဖူနင်း မင်းဘာလို့ ဒီရောက်လာတာလဲ ၊ အကြီးအကဲရဲ့ အမိန့်မရှိပဲ ငါတို့ ဒီနေရာက ထွက်သွားလို့ မရဘူးနော် "

"အကြီးအကဲက ပျောက်နေတယ် ၊ အဆင့် ၄ မူမမှန်မှုက ထိန်းချုပ်မှုလွှတ်သွား ...."

ဖူနင်း ဆက်မပြောရသေးခင် ဟဲ့ယီက စိတ်မရှည်စွာဖြင့် နှောက်ယှက်လိုက်သည်။

"အပြင်မှာ ဖြစ်ပျက်နေတဲ့အရာတွေက ငါတို့နဲ့မဆိုင်ဘူး ၊ ဟန်ဟိုင်း ပျက်စီးသွားရင်တောင် ငါတို့ လှုပ်ရှားမှာ မဟုတ်ဘူး "

"ငါသိပါတယ် အန္တရာယ်ရောက်လာတဲ့အခါ ငါတို့ဆက်ဆံရေးကိုပဲ စဉ်းစားပေးဖို့ ငါမျှော်လင့်တာပါ ..."

ဖူနင်းသည် ဖူဆန်းအား သူ့ရှေ့သို့ တွန်းပို့လိုက်ပြီး

"မင်းတို့ ဆုတ်ခွာတဲ့အချိန်ကျရင် ငါ့သားကို ခေါ်သွားပေးပါ ၊ ငါ ဒီနေရာမှာ သေနိုင်ပေမယ့် သူကတော့ ငယ်သေးတယ်လေ "။

"သူ့ကို ငါတို့နဲ့ ခေါ်သွားရမှာလား "

ဟဲ့ယီက ဖူဆန်းကို လေ့လာလိုက်ပြီး အဖြေမပေးခဲ့ပေ။

"တခြားခရိုင်က စစ်ကူတွေ လာနေကြပြီ ၊ မကြာခင် ပြန်တိုက်ခိုက်ကြတော့မယ် ၊ အကြီးအကဲကို ကူညီဖို့ ဖိအားအားလုံးကို ငါခံယူမှာမို့ မင်းဒီမှာရှိနေတုန်း အနှောက်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး "

ဖူနင်းက ပြောလိုက်သည်

"ဒါက ငါရဲ့တစ်ခုတည်းသော တောင်းဆိုမှုလေးပါ "

"သူ ငါတို့နဲ့ လိုက်လာရင် ဒုက္ခရောက်လိမ့်မယ်၊ ဒါပေမယ့် ဒါက မင်းရဲ့တစ်ခုတည်းသောတောင်းဆိုချက်မို့လို့ ငါစဉ်းစားပေးမယ် "

ဟဲ့ယီက ခေါင်းငြိမ့်လိုက်သည်။

ဖူနင်းက စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်ပြီး

"၁၃လွှာရဲ့ အခြေအနေက ဘယ်လိုလဲ ၊ သရဲနီဖြစ်တည်မှုနောက်ကွယ်က အကြောင်းရင်းကို ရှာတွေ့ပြီလား "

"အကြီးအကဲရဲ့ စမ်းသပ်မှုက အောင်မြင်သွားပုံရတယ် "

ဟဲ့ယီက သွေးနီရောင် ဆက်သွယ်ရေးစက်ကို တွန်းလိုက်သည်။နံရံတွင် ကောင်လေးတစ်ယောက်၏အချက်အလက်နဲ့ ဗီဒီယိုတစ်ပုဒ်ပေါ်လာလေသည်။

"သက်ရှိငါးစာ နံပါတ် ၀၁၀၉ ၊ အားဖန်ဟာ စတေးခံအဖြစ် ယူဆောင်မခံခဲ့ရဘူး ၊ သူက နာကြည်းခြင်းအခန်းအများကြီးကို သူ့ဘာသာသူ လှည့်ပတ်သွားလာခဲ့ပြီး အခုအချိန်အထိ အသက်ရှင်နေခဲ့တယ်၊ သူ့ရှေ့မှာ လွှင့်ပစ်ခဲ့တဲ့ သက်ရှိငါးစာတွေအားလုံး ပျောက်ဆုံးသွားခဲ့တယ် ၊ သူကတော့ ခြွင်းချက်ပဲ ၊ နံပါတ် ၀၁၀၉ဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ အခန်းတွေရဲ့ နာကြည်းမှုအားလုံးကို စုစည်းထားတယ်လို့ ငါတို့သံသယရှိတယ် "

စခရင်ပေါ်မှ ကောင်လေးအား လူလေးယောက်လောက်က ကြည့်နေ၏။သူ့ ခြေကျင်းဝတ်ကို ပတ်တီးစည်းထား၏။ သူသည် ညစ်ပတ်သော ဒိုင်နိုဆော ၀တ်စုံကို ၀တ်ထားကာ အခန်းတွင်းရှိ အရုပ်ကားဖြင့် ကစားနေလေသည်။

"သူ တစ်ခုခု ပြောသေးလား "

ဖူနင်းက မျက်မှောင်ကြုံ့လိုက်သည်။

"သူက နာကြည်းခြင်းအခန်းရှိတဲ့ သရဲနီလား ၊ သူ့နောက်ခံက ဘာလဲ "

"သူ့မိဘတွေက ပရဟိတအဖွဲ့ချုပ်ရဲ့ စေတနာ့ဝန်လမ်းလုပ်သားတွေပဲ ၊ သူ့မိသားစုက ဆင်းရဲတယ် ၊သူ့မိသားစုဟာ ဈေးသက်သာတဲ့ တိုက်ခန်းမျိုးစုံကို ပြောင်းရွှေ့နေထိုင်ခဲ့တယ် ၊ ဖိုင်တွေအရတော့ ကောင်လေးက အရမ်းသိတတ်တယ် ၊ သူငယ်ငယ်ကတည်းက သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်မှန်း သိတယ်တဲ့ ၊ သူ့ကို အိမ်မှာ မကြာခဏ တစ်ယောက်တည်း ထားခဲ့ပေမဲ့ စိတ်ပူစရာတွေ မလုပ်ခဲ့ဘူး "

"ဒါဆို ဘာလို့ သက်ရှိငါးစာအဖြစ်ရွေးချယ်ခဲ့တာလဲ "

ဖူနင်းက ပိုမျက်မှောင်ကြုံ့လိုက်ပြီး

"သူ့မိဘတွေက ဘယ်မှာလဲ "

"သူတို့က မူမမှန်ဖြစ်ရပ်ထဲမှာ ပျောက်ဆုံးသွားတာ ၊ ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာနရဲ့ အရင်ခေါင်းဆောင် ချင်ဂီက သူ့ကိုပြန်ခေါ်လာပြီး သုတေသနဓာတ်ခွဲခန်းထဲ ပို့ခဲ့တာပဲ "

ကောင်လေးသည် သူ့ကိုကြည့်နေသော လူများကို အာရုံခံမိပုံရသည်။သူသည် ကြမ်းပြင်ပေါ်ရှိ လျှို့ဝှက်ကင်မရာဆီသို့ တွားသွားထွက်လာပြီး ကြည့်လိုက်သည်။အားလုံးသည် စခရင်အပေါ် အပြည့်အဝအာရုံစိုက်ထား၏။သို့သော်လည်း ကောင်လေးသည် သူ့အရုပ်အား ကင်မရာရှေ့တွင် ဂုဏ်ယူစွာ ဝေ့ယမ်းပြလိုက်ခြင်းသာဖြစ်သည်။

"သူက အရမ်းအပြစ်ကင်းတဲ့ ကလေးတစ်ယောက်လိုပဲ "

ဖူဆန်းက မျက်လုံးများ မှေးကျဉ်းလိုက်သည်။သူသည် ကောင်လေးထံမှ မည်သည့်အရာကိုမှ အာရုံခံမရသော်လည်း သူ့နောက်ရှိ အခန်းတွင်းမှ အလွန်ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုကို မြင်ရပေသည်

"သရဲနီက နေ့ဘက်မှာ အားနည်းနေလိမ့်မယ် ၊ နေ့လယ်မှာ နောက်ထပ်စမ်းသပ်မှုလုပ်မယ် "

ဟဲ့ယီသည် ဖူနင်းအား အကူအညီတစ်ခု ပေးလိုက်ပုံရသည်။

"ငါတို့ ဆုတ်ခွာတဲ့အချိန်ကျရင် မင်းသားကို ခေါ်သွားပေးမယ် ဒါပေမယ့် မင်းတို့ အခုထွက်သွားဖို့ လိုတယ် "

လုံခြုံရေးအဖွဲ့ဝင်များက သူတို့အတွက် လမ်းဖယ်ပေးလိုက်သည်။ဖူနင်းသည် လှေကားထစ်များပေါ် ဆင်းသွားသော်လည်း ဖူဆန်းသည် ရပ်မြဲရပ်နေ၏။သူသည် အပြုံးတစ်ခုဖြင့် သူ့လက်ဖဝါးကို လှီးဖြတ်၍ နံရံအနှံ့ တွားသွားသော ထူးဆန်းသော အပင်များပေါ်ရှိ တစ်စုံတစ်ခုကို ဆွဲယူနေခဲ့သည်။

"မင်း အဲ့ဒီမှာ ဘာလုပ်နေသေးတာလဲ "

ဖူဆန်းကို စကားပြောလိုက်သော ဟဲ့ယီ၏အသံသည် ကြက်သီးထဖွယ်ကောင်းနေ၏။

"မင်းအဖေက မင်းကို အဆုံးသတ်ချိန်ထိ ငဲ့ညှာနေတုန်းပဲ ၊ ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ ၊ ငါတို့ အကြီးအကဲက မင်းကို ဆေးဘယ်လောက်ပေးခဲ့မှန်းတောင် သူမသိဘူး ၊ ဟုတ်တယ်မလား "

ဖူဆန်းက အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်သည်။

"အကြီးအကဲ ပျောက်နေတာ ၊ မင်း ဝိဉာည်ပြောင်းဆေးတွေ ပိုလိုချင်တယ်ဆိုရင် ငါ့ဆီလာလို့ရတယ် "

ဟဲ့ယီက အသံနှိမ့်လိုက်သည်။

"မင်းအဖေရဲ့နောက်ကွယ်မှာ ငါ့အတွက် ကိစ္စတစ်ခုပဲ မင်းလုပ်ပေးဖို့ လိုတာပါ "

All Chapters