ဘေးကပ်ဆိုး
Vol. 14 Ch. 206
"ခင်ဗျား ကျုပ်ကို ဘာလုပ်စေချင်တာလဲ "
ဖူဆန်း၏လက်ချောင်းက နံရံကို ခြေရာခံလိုက်သည်။ ဝိဉာည်ပြောင်းဆေး၏ အရသာကို စွဲမက်နေဟန်ကဲ့သို့ သူ့မျက်လုံးများက ဂနာမငြိမ်ဖြစ်နေ၏။ဆေးပြားကို ပြောလိုက်သောကြောင့် ဖူဆန်း၏နှလုံးထဲတွင် ပိုးကောင်များ တရွရွဖြစ်လာ၏။ထို 'အစစ်အမှန်' ဆန်သော တုံ့ပြန်မှုသည် ဟဲ့ယီအား ကျေနပ်စေသည်။
"ဝိဉာည်ပြောင်းဆေးက အရိပ်ကမ္ဘာက ရောက်လာတာပဲ ၊ ငါတို့ရဲ့ ကြီးမြတ်တဲ့အကြီးအကဲ စီတုအန်းဟာ အရိပ်ကမ္ဘာမှာ အိမ်တစ်လုံးရှိတယ်လေ "
ဟဲ့ယီသည် စီတုအန်းသေဆုံးသွားပြီဟု ယုံကြည်နေသောကြောင့် စီတုအန်း၏လျှို့ဝှက်ချက်များကို လူတိုင်းအား စတင်ပြောပြတော့သည်။
"သူ့အိမ်မှာ ဝိဉာည်ပြောင်းဆေးပြားတွေ အများကြီးရှိတယ် ၊ ဟန်ဟိုင်းမှာရှိ အာဏာရှိအထက်လူကြီးတွေအားလုံးရဲ့ အားနည်းချက်တွေကိုတော့ မပြောတော့ပါဘူး ၊ အဲ့ဒီနေရာဟာ စီတုအန်းက သရဲတွေနဲ့ ပတ်သက်ပြီး သူ့သုတေသနကို လုပ်နေတဲ့နေရာလည်းဖြစ်တယ် "
ဖူဆန်းသည် ဟဲ့ယီ ပြောပြခဲ့သောအရာများကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။ နံရံရှိ သူဆွဲနေသောပုံသည် ပြီးဆုံးတော့မည်ဖြစ်သည်။
"ဒါပေမယ့် အဲ့ဒီအိမ်ထဲကို ဝင်ဖို့ အရမ်းခက်တယ် ၊ အိမ်က ဘယ်မှာရှိမှန်း ငါသိတယ် ၊ တံခါးကို ဆင့်ခေါ်ဖို့ ဘယ်ပစ္စည်းတွေလိုအပ်တယ်ဆိုတာ မင်းအဖေသိတယ် ၊ ထောက်ပံ့ရေးမန်နေဂျာ ကျင်းချန်ဆီမှာ တံခါးသော့ရှိတယ် "
ဟဲ့ယီ၏ ရုပ်ဆိုးလှသောမျက်နှာသည် ဖူဆန်း၏ မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။
"မင်းအဖေဆီက ပစ္စည်းတွေရဲ့ အထောက်အထားကို ငါရဖို့လိုတယ် ၊ ငါ စီတုအန်းရဲ့အိမ်ထဲ ဝင်နိုင်သွားပြီးရင် မင်းလိုသမျှဆေးပြားတွေ ငါပေးမယ် "
"ဒါဆို အဲ့ဒီအိမ်က စီတုအန်းရဲ့ တကယ့်အမွေအနှစ်ပေါ့ ၊ သူ့ပစ္စည်းတွေကို အရိပ်ကမ္ဘာမှာ ဝှက်ထားတာပဲ "
ဖူဆန်း၏ ပုံတူသည် နံရံအတွင်း ပျောက်ကွယ်သွားသည်။သူက ခေါင်းမငြိမ့်ခင် အချိန်အတော်ကြာ စဉ်းစားလိုက်သည်။
မင်းရဲ့မူးယစ်ဆေးဝါး မပြတ်ခင် ငါလိုချင်တဲ့ ပစ္စည်းကို သွားယူတာပိုကောင်းလိမ့်မယ် ၊ မင်းအဖေကို ဘာမှ မရိပ်မိစေနဲ့ ၊ အဲ့ဒါတွေထက် မင်းက သူ့ရဲ့တစ်ခုတည်းသော ဂုဏ်ယူစရာပဲလေ "
ဟဲ့ယီသည် ရယ်မောလိုက်ပြီး သူ့လူများကိူ ခေါ်၍ ကော်ရစ်ဒါထဲ ဝင်သွားလေသည်။
၁၁လွှာရှိ ဓာတ်လှေကားတွင်စောင့်နေသော ဖူနင်းက သိပ်အများကြီး မမေးခဲ့ပေ။သူသည် ဖူဆန်းနှင့်အတူ ခုနှစ်လွှာသို့ ပြန်လာခဲ့သည်။
"အားဆန်း မင်းရဲ့ရုပ်ရည်က ခက်ထန်ပေမယ့် မင်းဟာ ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ဆိုတာ ငါသိပါတယ် ၊ အဖေက မင်းအပေါ်အများကြီးမျှော်လင့်ထားတာ ဒါပေမယ့် ကိစ္စတွေက ပြောင်းလဲနေခဲ့ပြီ ၊ မင်းအပေါ်ပဲ တစ်ခုပဲ တောင်းဆိုချင်တယ် ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး မင်းရဲ့ဘေးကင်းရေးကိုပဲ ဦးစားပေးပါ "
ယင်းသည် ရှရန်၏ပထမဆုံးအကြိမ် ချီးကျူးခြင်းခံရခြင်းဖြစ်သည်။ သူက ညင်သာစွာ ပြုံးလိုက်သည်။
"မင်း ငါ့လိုအဖေတစ်ယောက်ဖြစ်လာတဲ့အချိန်ကျရင် မင်းနားလည်လာမှာပါ "
ဖူနင်းနဲ့ဖူဆန်းတို့သည် ခုနှစ်လွှာ၏ ရုံးခန်းထဲသို့ ဝင်လာကြသည်။ဝမ်ကျိုက်စုံစမ်းစစ်ဆေးရေးဌာန၏ အခြားအဖွဲ့သုံးဖွဲ့ခေါင်းဆောင်များလည်း ရှိနေကြသည်။
"ဒီနေ့ဟာ ကြေကွဲစရာနေ့ပဲ ၊ မြို့တော်အရှေ့ပိုင်းမှာ မူမမှန်တဲ့ မြို့သားတွေကို အဓိကထား သန့်ရှင်းရေးလုပ်ဆောင်မှုကို မကြာခင် စတင်တော့မယ် ၊ ငါတို့ဟာ ဟန်ဟိုင်းနဲ့ ငါတို့မိသားစုတွေကို ကာကွယ်ဖို့ စုံစမ်းစစ်ဆေးရေးဌာနထဲ ဝင်ခဲ့ကြတာ ဌာနရဲ့ ဓားတွေဖြစ်လာဖို့ မဟုတ်ဘူး "
"အကြီးအကဲ ဌာနချုပ်ရဲ့ အမိန့်တစ်ခုထဲနဲ့ သံသယရှိသူတွေကို ကျုပ်တို့ တကယ်သတ်ရတော့မှာလား ၊ သူတို့က သာမန်လူသားတွေလိုပါပဲ ၊ ကျုပ်တို့ မှားသတ်မိရင်ရော "
အဖွဲ့နှစ်ခေါင်းဆောင်က ဌာနချုပ်မှ ပို့ထားသော စာဖိုင်ကို ဖွင့်လိုက်ပြီး "သရဲတွေက သက်ရှိလူသားတစ်ယောက်ဆီ ပူးကပ်ပြီးရင် မူမမှန်မှုငါးမျိုး ပြသလိမ့်မယ် ၊ သူတို့ဟာ မူမမှန်ချက် သုံးခုနဲ့ကိုက်ညီနေရင် ကျုပ်တို့က သူတို့ကို 'သန့်စင် 'နိုင်တယ်တဲ့ ၊ ဒါက စုံစမ်းရေးမှူးတွေကို အခြေခံကျကျ သတ်ဖြတ်ခွင့် ပေးလိုက်တာပဲ ၊ ကျုပ်စိုးရိမ်တာက ဒီကိစ္စဟာ ဖရိုဖရဲဖြစ်ရပ်ဆီ ဦးတည်သွားမှာကိုပဲ "
"မင်း စာရွက်နောက်ကျောကို မဖတ်ခဲ့ဘူးလား ၊ ရှင်းလင်းမှုကို လူထုမျက်ကွယ်မှာ လုပ်ရမယ်တဲ့ ၊ ငါတို့က ဒါကိုလုပ်နေရတာက လူထုကို ပိုကာကွယ်နိုင်ဖို့ပဲ "
အဖွဲ့သုံးခေါင်းဆောင်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။
"ဌာနချုပ်က အကူအညီတွေ ဒီရောက်လာပြီလား ၊ ငါကြားတာတော့ သူတို့ကို အဲ့ဒီဂန္တဝင်ဆရာကြီး ဦးဆောင်လာတာတဲ့ "
ဖူနင်းက အားလုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
"လူတွေတော့ မရောက်သေးပါဘူး ၊ ဒါပေမယ့် ပစ္စည်းတစ်ချို့ကိုတော့ ပို့လိုက်ပါတယ် ၊ အဲ့ဒါတွေက ရှင်းလုက သုတေသနသမားတွေ ဖန်တီးထားတဲ့ဟာပဲ "
အဖွဲ့သုံးခေါင်းဆောင်က အနက်ရောင်ဟဲမက်တစ်လုံးကို စားပွဲပေါ်တင်လိုက်သည်။
" သာမန်လူသားတွေနဲ့ ဝင်စီးခံရတဲ့လူတွေကြား ခွဲခြားဖို့ ဒါကို သုံးလို့ရတယ် ၊ ဒါပေမယ့် ကျုပ်ကို မေးရင်တော့ ဒါက အလိမ်အညာတစ်ခုပဲ ၊ ဟဲမက်ကို အဝေးက ထိန်းချုပ်လို့ရတယ် ၊ ဟဲမက်ဆောင်းတာဟာ ဝတ်ဆင်သူ၏အမြင်ကို ပြင်ဆင်နိုင်တာမို့ ဝတ်ဆင်သူ မြင်တဲ့သူတိုင်း သရဲတစ်ကောင်ဖြစ်နေနိုင်တယ် ၊ ဒီနည်းလမ်းက သူတို့ကို သတ်ဖြတ်ဖို့ ဝတ်ဆင်သူကို လွယ်ကူစေလိမ့်မယ် "
ဖူနင်းက ဟဲမက်ကို ဆောင်းလိုက်သည်။အနည်းငယ် ချိန်ညှိလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။သူ့မျက်လုံးများက ဖူဆန်းအပေါ် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီး ပြန်လှည့်လိုက်သည်။
"ဒါက အသုံးမဝင်ပါဘူး "
ဖူနင်းက ဟဲမက်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။
"တစ်နေ့တာအတွင်း သန့်ရှင်းရေးအတွက် အခြားဌာနများတွေက စုံစမ်းရေးမှူးတွေနောက် မင်းတို့လိုက်ရမယ် ၊ ဒါပေမယ့် ညမရောက်ခင်တော့ မင်းတို့ပြန်လာဖို့လိုတယ် ၊ ဌာနချုပ်ရဲ့ အမိန့်တွေကို လျစ်လျူရှုထားလိုက်ပါ ၊ သူတို့အတွက် ငါတို့အသေခံဖို့ မထိုက်တန်ဘူး "
"အကြီးအကဲ ခင်ဗျားမှာ တခြားအစီအစဉ်ရှိနေလို့လား "
အဖွဲ့နှစ်ခေါင်းဆောင်က တစ်ခုခုကို သတိပြုမိသည်။
"ငါမင်းတို့ကို ထိခိုက်အောင်မလုပ်ဘူးဆိုတာပဲ မင်းတို့ သိထားဖို့လိုတယ် "
ဖူနင်းမှာ ပင်ပန်းနေ၏။
"တခြားပြောစရာရှိသေးလား "
"မြို့သားတွေက ကျုပ်တို့အပေါ် အထင်အမြင်အမျိုးမျိုးရှိနေကြတယ် ၊ အဲ့ဒါရဲ့နောက်ကွယ်မှာ အရိပ်လိုအုပ်စုတစ်စုရှိနေမယ်လို့ ကျုပ်ယုံတယ် "
အဖွဲ့နှစ်ခေါင်းဆောင်က ဗီဒီယိုတစ်ပုဒ်ပြသလိုက်သည်။ကွင်းစ် ၁၃လမ်းတွင် ဆန္ဒပြသူများ ရှိနေလေသည်။
"ပျောက်ဆုံးနေသူတွေနဲ့ သေဆုံးသူတွေကို အနားယူနိုင်ဖို့ သူတို့က ဌာနထဲဝင်ပြီး အမှန်တရားကို ပြသဖို့ တောင်းဆိုနေကြတယ် "
"ပျောက်ဆုံးနေသူတဲ့လား "
ဖူနင်း၏ မျက်နှာမှာ မဲမှောင်သွားသည်။
"အကြီးအကဲ စီတုအန်းပျောက်သွားတာ ၁၂နာရီတောင်မပြည့်သေးဘူး လူတစ်ချို့က သူ့ကို ဆုတ်ဖြဲဖို့ မစောင့်နိုင်ကြတော့ဘူး ၊ သူနဲ့ပက်သက်တဲ့ မကောင်းသတင်းတွေ အွန်လိုင်းပေါ်မှာ တက်နေတယ် ၊ တချို့ဆို ကြောက်စရာပဲ "
အဖွဲ့နှစ်ခေါင်းဆောင်က သူ့မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်သည်။
"အကြီးအကဲသည် အရင်က သူ့ကိုယ်သူ ဟန်ဟိုင်း၏ စံနမူနာအဖြစ် နေထိုင်ခဲ့တယ် ၊ အခုတော့ သူ့ထိုင်ခုံကနေ ပြုတ်ကျနေပြီ ၊ ကျုပ်တို့လည်း မီးလောင်မှုစက်ကွင်းဒဏ်ကို ခံရနိုင်တယ် "
"အဆင်ပြေပါတယ် ၊ ဒီလူတွေကို ညရောက်အောင် စောင့်ခိုင်းလိုက်မယ် "
ဖူနင်းက အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
"ဒီလူတွေက အမှန်တရားလိုချင်တယ်ဆိုရင် သူတို့က အမှန်တရားကို ကိုင်တွယ်နိုင်မလား ငါတို့ကြည့်ကြတာပေါ့ "
အဖွဲ့ခေါင်းဆောင်များသည် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး အားလုံး နူတ်ဆိတ်သွားကြသည်။
"ငါ့ အမိန့်တွေကိုပဲ လိုက်နာလိုက်ပါ ၊ တစ်နေ့တာအတွင်း သန့်ရှင်းရေးကို ဌာနချုပ်နဲ့အတူ အလုပ်လုပ်လိုက် ပြီးရင် ညဘက်ကျ ဘေးကင်းဇုံကို ပြန်လာကြပါ ၊ အမှန်တရားကို ရှာဖွေပြီး အကြီးအကဲရဲ့ အမွေအနှစ်ကို ဖမ်းဆုပ်ချင်တဲ့သူတွေကို ညဘက်မှာမြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနကို ဝင်ခွင့်ပေးလိုက် "
ဖူနင်း၏ အမူအရာသည် ကြောက်စရာကောင်းနေ၏။
"သူတို့ ဘာလိုလို ပေးလိုက် ၊ ငါတို့ ရှင်သန်နိုင်ဖို့ပဲ လိုတယ် "
"ညဘက်ကျရင်တော့ မြို့တော်အရှေ့ပိုင်းဌာနမှာ ကိစ္စတွေ ရှုပ်ထွေးလာတော့မှာပဲ "
ခေါင်းဆောင်များက ကြောက်မက်ဖွယ်မြင်ကွင်းများကို တွေးမိလိုက်ကြသည်။နေ့ဘက်တွင် ရှင်းလင်းခံရသူများသည် ညဘက်တွင် သရဲများအဖြစ် လက်စားချေရန် ပြန်ရောက်လာပေလိမ့်မည်ဖြစ်သည်။
"ဖူဆန်း သန့်ရှင်းရေးလုပ်ငန်းမှာ မင်းပါဖို့ မလိုဘူး ၊ လူသစ်တွေကို သင်ကြားပေးဖို့ ဒီမှာ နေခဲ့လိုက် ၊ သူတို့ထဲက တော်တော်များများအတွက်တော့ ဒါက အလင်းကို သူတို့နောက်ဆုံးမြင်ရတဲ့အချိန်ဖြစ်နိုင်တယ် "
လူများ ထွက်သွားပြီးနောက် ဖူနင်းက ရုံးစားပွဲဘေးတွင် ရပ်လိုက်သည်။စားပွဲပေါ်မှ ဟဲမက်ကို သူကြည့်လိုက်သည်။သူ့သည် တခဏအတွင်း အိုစာသွားခဲ့ပြီး သူ့မျက်လုံးများက အရင်လောက် မတောက်ပတော့ပေ။
ဖူဆန်းသည် သူ့နောက်ရှိ တံခါးကို ပိတ်လိုက်ပြီး တံခါးပေါ်တွင် လူပုံအသေးလေးတစ်ပုံကို ဆွဲလိုက်သည်။
"ဂိမ်းနေရာကို ရွေးတဲ့နေရာမှာတော့ ကောင်းမင်ရဲ့မျက်လုံးတွေက မဆိုးပါဘူး ၊ သူသာ မကောင်းမှုကို လုပ်ချင်ရင် သူက ဖြစ်ရပ်ဆိုးထက် ပိုဆိုးတယ် "