← Chapters

ကျင်းထောင်ရှန်း

Vol. 14 Ch. 207

ကျင်းထောင်ရှန်း

Vol. 14 Ch. 207

"မင်းတို့ကိုယ်တိုင်ရဲ့ အယုံကြည်ဆုံး အတွင်းပိုင်းပုံရိပ်ကို ငါ မင်းတို့ကို ဆွဲစေချင်တယ် ၊ စည်းမျဥ်းတွေနဲ့ ကန့်သတ်မထားနဲ့ ၊ အဲ့ဒါက စိတ္တဇပန်းချီတွေ ဒါမှမဟုတ် တကယ်မရှိတဲ့ ပန်းချီတွေ ဖြစ်နိုင်တယ် ၊ မင်းဟာ မင်းနှလုံးသားအတွင်းပိုင်းကိုပဲ ကြည့်ဖို့လိုတာပါ "

ဖူဆန်းသည် အကြီးအကဲထံမှ ထွက်လာပြီးနောက် လူသစ်လေ့ကျင့်ရေးခန်းသို့ ဝင်လိုက်သည်။သူက သင်ကြားရေးဆရာကို နှင်ထုတ်လိုက်ပြီး စတိတ်ခုံပေါ်ထိုင်လိုက်သည်။လူသစ်များက ဖူဆန်းဘာလုပ်နေမှန်း မသိကြချေ။သူတို့ဆရာသည် သူ့အား အလွန်လေးစားမှုပေးသည်ကို မြင်သဖြင့် သူ့အမိန့်များကို နာခံလိုက်ကြသည်။ပန်းချီကားများကို ဖူဆန်းထံ ပေးပို့ခဲ့သည်။ သူက ခေါင်းငုံ့ပြီး လူတိုင်းကို မှတ်ချက်ပေးလိုက်၏။

"အမှိုက်ပဲ ၊ အမှိုက်ထက်တောင် ဆိုးသေးတယ် ၊ ဒါတွေကို ပြန်သုံးလို့တောင် မရဘူး ၊ မင်းတို့ဘဝဟာ ငြိမ်သက်နေတဲ့ ရေပြင်လိုပဲ ၊ ဒီလိုပုံမျိုးဆွဲဖို့ မင်းတို့ ဘယ်လောက်တုံးအနေဖို့ လိုတာလဲ "

ယခုအချိန်အထိ ဖူဆန်းပေးခဲ့သော အကြီးမားဆုံး ချီးကျူးမှုမှာ " မင်းရဲ့ပန်းချီကားက ခေါက်ဆွဲရဲ့အရသာက မင်းဖိနပ်ပေါ်ကျနေသလိုပဲ ၊ အရသာရှိ‌တော့ရှိတယ်၊ ဒါပေမယ့် မင်းအဲ့ဒါကို အရသာခံဖို့ ဒူးထောက်ပြီး လျက်ရမှာကွ "

မူလက စိတ်ရှုပ်နေသော လူသစ်များ၏အမူအရာသည် ဒေါသထွက်သည့်ဟန် ပြောင်းလဲသွားသည်။စုံစမ်းရေးဌာနအတွင်း အခက်အခဲများစွာက သူတို့ကို စောင့်ကြိုနေမှန်း သူတို့သိသည်။သို့သော်လည်း ထိုဆရာသည် သူတို့အား ဘာမှ သင်‌မပေးခဲ့ပေ။သူသည် အကြောင်းပြချက်မရှိပဲ သူတို့အား ကြိမ်းမောင်းနေခြင်းဖြစ်သည်။

ဆယ်မိနစ်ခန့်ကြာသောအခါ ဖူဆန်းက မျက်မှောင်ကြုံ့လိုက်ပြီး ပထမဆုံးအကြိမ်ခေါင်းမော့လိုက်သည်။

"ဒါကို ဘယ်သူဆွဲတာလဲ "

သူက စာရွက်ကို မြောက်ပြလိုက်သည်။ယင်းသည် လက်ငါးချောင်းရှိသော ကြက်ဖတစ်ကောင်ပုံဖြစ်သည်။

"ကျုပ်ပါ "

ရှောင်ယွင်က မတ်တပ်ရပ်လိုက်သည်။အရင် ဌာနမှာ မှော်ဆန်ပြီးဆန်းကြယ်လှသည်ဟု တွေးထားခဲ့သော်လည်း လေ့ကျင့်ရေးများပြုလုပ်ခဲ့ပြီးနောက် ဌာနသည် သူတွေးထားသည်နှင့် လုံးဝခြားနားကြောင်း သဘောပေါက်ခဲ့သည်။

"မင်း ဘာလို့ ကြက်တစ်ကောင်ပုံ ဆွဲခဲ့တာလဲ "

ဖူဆန်းသည် ရှောင်ယွင်၏ မျက်စိရှေ့တွင် ပန်းချီကားကို မီးရှို့လိုက်သည်။

"မင်းစားခဲ့တဲ့ ကြက်တွေက ဒီလိုမျိုးကြက်တွေလား "

"ခင်ဗျား ဘာပြောနေမှန်း ကျုပ်မသိဘူး ၊ ကျုပ်ယုံကြည်ထားတဲ့အရာကို ကျုပ်ဆွဲခဲ့ရုံပဲ ၊ ကြက်ဖတစ်ကောင်ရဲ့ တွန်သံက နေကို နိုးထစေတယ် ၊ နေက ဟန်ဟိုင်ရဲ့ ကောင်းကင်မှာ ပြန်ထွန်းလင်းလာမယ်လို့ ကျုပ်မျှော်လင့်တယ် ၊ ကျုပ်ရှေ့က စီနီယာတွေရဲ့ အိပ်မက်တွေကို အမွေဆက်ခံပြီး သရဲတွေကို သေတဲ့အထိ တိုက်သွားမယ် ! "

ရှောင်ယွင်က အသံကျယ်ကျယ်ပြောလိုက်သည်။

"နေက ကြက်တစ်ကောင်ကြောင့် မြင့်တက်လာတယ်လို့ မင်းထင်နေတာလား "

ဖူဆန်းက ပြုံးလိုက်သည်။

"ဒီညမှာ မင်းငါနဲ့အတူ ဒီအဆောက်အအုံထဲ ကင်းလှည့်ရမယ် "

ရှောင်ယွင်သည် ပြန်ပြောချင်နေသော်လည်း သူ့နောက်က လူက သူ့ကို ပြန်ဆွဲထားလိုက်သည်။

"ငါ့မှာ မင်းတို့ကို ဘာမှ သင်ပေးစရာမရှိဘူး ၊ ဒါထက် မင်းတို့အများစုက ဒီညမှာ အသက်ရှင်သန်နိုင်မှာ မဟုတ်ဘူး ၊ ငါအကြံပေးချင်တာက ဒီနောက်ဆုံးနေ့ကိုသုံးပြီး မင်းတို့ လုပ်ချင်တာတွေ လုပ်ကြ ၊ မင်းတို့ မိသားစုတွေကို စကားပြောကြ ၊ ပုံမှန်အားဖြင့် မင်းတို့အတွက် အရမ်းဈေးကြီးတဲ့ အစားအသောက်တွေကို သွားစားကြ ၊ ကြုံရာလူစိမ်းတစ်ယောက်နဲ့ လိင်ဆက်ဆံတာလဲ ရတယ် ၊ မင်းတို့အသက်ရှင်နိုင်ခဲ့ရင် မင်းတို့ ငါ့သင်ခန်းစာကို သင်ယူပိုင်ခွင့်ရှိတယ်"

ဖူဆန်းက ပန်းချီကားအားလုံးကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။သူအမှတ်အသားထားခဲ့သော ပန်းချီကားများအားလုံးသည် မျဉ်းကြောင်းများဖြင့် တွန့်လိမ်နေ၏။ယင်းတို့သည် လူသစ်များ၏ နှလုံးသားထဲ တွားဝင်ချင်နေပုံရသည်။

"ဒါက ဆရာတစ်ယောက်ပြောသင့်တဲ့ စကားလား "

ရှောင်ယွင်သည် ထိုအရာကို ဆက်သည်းမခံနိုင်တော့ပဲ ထပ်မံ မတ်တပ်ရပ်လိုက်သည်။

"ကျုပ်တို့က စုံစမ်းစစ်ဆေးရေးဌာနကို အကြောက်တရားမရှိပဲဝင်ခဲ့တာ ၊ ဒါက ကျုပ်တို့ ဆက်ဆံခံရတဲ့ ပုံစံလား ၊ ဌာနက ကျုပ်တို့ကို အမြောက်စာအဖြစ် ဆက်ဆံနေတာလား "

"ဒီမီးခိုးရောင်ကမ္ဘာကို အရောင်အသွေးစုံစေတာက အမြောက်စာတွေမဟုတ်ဘူး ၊ လတ်ဆတ်တဲ့ ပန်းချီကားတွေပဲ "

ဖူဆန်းက မတ်တပ်ရပ်၍ နောက်အတန်းတစ်ခုထံ ဦးတည်လိုက်သည်။သူသည် လူသစ်များကို ဂရုမစိုက်ပေ။သူက သူ့ကိုယ်ပိုင် စံနူန်းများကို အခြေခံ၍ ကစားသမားများကို မတူညီသည့်အဆင့်များဖြင့် ‌ခွဲခြားထားသည်။စူပါဗီလိန်တစ်ယောက်အနေဖြင့် ရှရန်သည် မည်သည့်ဖိအားမှ မခံစားရပေ။

"သေဆုံးခြင်းက ငါဆုံးဖြတ်ဖူးသမျှထဲမှာ အမှန်ကန်ဆုံးဆုံးဖြတ်ချက်ပဲ ၊ အခွံတစ်ခုရဲ့ ကန့်သတ်ချက်မရှိဘဲ ငါ့ဝိညာဉ်က အစစ်အမှန်ကမ္ဘာကြီးကို ထိတွေ့နိုင်တယ် ၊ အရာအားလုံး အရမ်းလှပနေတာပဲ "

ရှရန်သည် သူ့အဖွဲ့သို့ ကစားသမားအုပ်စုတစ်စု ပါဝင်ရန် 'စုဆောင်း'ချင်နေသော်လည်း ထိုအခိုက်အတန့်တွင် သူ့အနက်ရောင်ဆက်သွယ်ရေးစက်သည် တုန်ခါလာ၏။ကျန်ရှိနေသော စုံစမ်းရေးမှူးများကို စုဝေးရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။မက်ဆေ့သည် ဟန်ဟိုင်းဌာနချုပ်မှ လာခြင်းဖြစ်သည်။သို့သော်လည်း စက္ကန့်အနည်းငယ်ကြာသောအခါ မြို့တော်အရှေ့ပိုင်းဌာနမှ အဓိကစုံစမ်းရေးမှူးများသည် ဖူနင်းထံမှ မူလအစီအစဉ်အတိုင်းဆက်သွားကြရန်နှင့် လိုအပ်ပါက ဌာနချုပ်ကို လျစ်လျူရှုနိုင်ကြောင်း သတိပေးချက်တစ်ခု ရခဲ့သည်။

စူးစမ်းလိုစိတ်ဖြင့် ဖူဆန်းသည် တတိယထပ်ထောင့်သို့ရောက်လာပြီး ပထမထပ်ရှိခန်းမသို့ ငုံ့ကြည့်လိုက်သည်။

အခြားဌာနမှ စေလွှတ်ထားသော စုံစမ်းရေးမှူးများသည် ပထမထပ် ခန်းမတွင် စုဝေးနေကြသည်။သူတို့သည် လူတစ်ယောက်ကို စောင့်နေကြပုံရသည်။နာရီဝက်ခန့်ကြာသောအခါ ဝင်ပေါက်ရှေ့တွင် အနက်ရောင်ကားတစ်စီး ရပ်တန့်လိုက်သည်။ဒရိုင်ဘာက ကားကို ပါကင်ထိုးလိုက်ပြီးနောက် ထီးတစ်ချောင်းဖြင့် ခရီးသည်ရှိသည့် တံခါးပေါက်ကို မိုးမစိုစေရန် ဖွင့်လိုက်သည်။

ကားထဲမှ အဖြူရောင်လက်အိတ်တစ်စုံ ဆန့်ထွက်လာ၏။သန့်ရှင်းသပ်ရပ်ပုံရသော လူငယ်တစ်ယောက် ထွက်လာလေသည်။သူ့ယူနီဖောင်းသည် အခြားစုံစမ်းရေးမှုးများဖြင့် ကွာခြားလေသည်။သူ့ ဘယ်ဘက်ပခုံးပေါ်တွင် ဖန်ပေါင်းချောင်တစ်လုံးအတွင်း ဦးနှောက်တံဆိပ်ထည့်ထားသည့် တံဆိပ်ကို ၀တ်ဆင်ထားသည်။ သုတေသီတစ်ဦး၏ အမှတ်အသားကို ကိုယ်စားပြုသော အဖြူရောင်ကြိုးအား သူ့လက်ကောက်ဝတ်တွင် ချည်နှောင်ထားသည်။

"ကျင်းထောင်ရှန်းလား "

ဖူဆန်းက ထိုလူကို လေ့လာလိုက်သည်။

"သူ့ရဲ့ အသက်အမှန်က ငါးဆယ်လောက်ရှိတယ် ဒါပေမယ့် ကြည့်ရတာ အသက်နှစ်ဆယ် ပတ်ဝန်းကျင်လောက်ပဲ ..."

ခန်းမထဲမှ စုံစမ်းရေးမှူးများက အလိုအလျောက်ပင် လမ်းရှင်းပေးလိုက်ကြသည်။လူငယ်သည် ခန်းမအဆုံးထိ လမ်းလျှောက်လာ၏။သူ၏ယာဉ်မောင်းနှင့် လုံခြုံရေးအဖွဲ့ဝင် နှစ်ဦးသည် ဧရာမသေတ္တာကြီးတစ်လုံးကို ဆွဲထုတ်ကာ သူ့နောက်သို့ လိုက်ပါလာကြသည်။စုံစမ်းရေးမှူးများသည် သေတ္တာအတွင်းမှ ထူးဆန်းသည့် အသံများကို ကြားနေရပြီး အတွင်းတွင် ဘာရှိနေလဲကို သိချင်နေကြသည်။လူငယ်က ဒရိုင်ဘာအား သေတ္တာကို ဖွင့်ရန် အချက်ပြလိုက်သည်။

သေတ္တာထဲတွင် လူနာ၏အဝတ်အစားနှင့် ကျိုးဘိုရှိနေလေသည်။ သူ့ဦးခေါင်းခွံတွင် အပေါက်တစ်ပေါက် ဖောက်ခံထားရသည်။ အပေါက်မှတဆင့် တစ်စုံတစ်ခုကို စိုက်ပျိုးထားလေသည်။

ထိုမြင်ကွင်းကြောင့် စုံစမ်းရေးမှူးအသစ်အချို့ တုန်လှုပ်သွားကြသည်။ သို့ရာတွင် သုတေသီများသည် သူတို့၏အလုပ်ကို မည်သို့လုပ်ဆောင်သည်ကို သူတို့သိကြသည်။

"မနေ့ညက ဌာနချုပ်က အန္တရာယ်ရှိလူစာရင်းကို ထုတ်ပြန်ခဲ့တယ် ၊ တစ်ညကြာပြီးတော့ သူတို့ထဲက လူခုနှစ်ယောက်ကို သုတေသီတွေရဲ့ ဓာတ်ခွဲခန်းထဲ ပို့ဆောင်ခဲ့တယ် ၊ ငါတို့ရဲ့ သုတေသနအရ သူတို့အားလုံးဟာ ဟန်သဲ့ကိုယ်ပိုင်ကျောင်းရဲ့ အခန်း ၁၃က ရောက်လာကြတာပဲ ၊ အဲ့ဒီအတန်းက ဘယ်ကျောင်းသားမဆို အန္တရာယ်ရဲ့ အရင်းအမြစ်ဖြစ်လာပြီး ညဘက်မှာ သူတို့ဆီ အရိပ်တွေ နီးကပ်အောင် ဆွဲဆောင်တယ် ၊ သူတို့က မူမမှန်မှုတွေကို နိူးဆွလိမ့်မယ် "

ဒရိုင်ဘာက ကြီးမားသည့်ဆေးထိုးအပ်တစ်ချောင်းကို ကျိုးဘို၏ခန္ဓာကိုယ်ထဲ ထိုးထည့်လိုက်သည်။နာကျင်မှုကြောင့် သူ့မျက်နှာသည် ရှုံ့မဲ့သွား၏။

ကျိုးဘိုသည် ပြင်းထန်သောနာကျင်မှု သို့မဟုတ် ဒေါသထွက်လာချိန်တွင် သူ့အရိပ်သည် တွန့်လိမ်လာလေသည်။ယင်းသည် ပျံ့နှံ့ရန်ကြိုးစားနေပြီး သူ့ပတ်ဝန်းကျင်ရှိ လူများကို အရိပ်ကမ္ဘာထဲ ဆွဲခေါ်လိုက်သည်။

ကျိုးဘို၏ အရိပ်ကို နင်းလိုက်ပြီး လူငယ်က ကျိုးဘို၏ ဦးခေါင်းခွံကို ဖမ်းကိုင်၍ ဦးခေါင်းနောက်ဘက် ရှိဒဏ်ရာကို သူ့လက်ချောင်းဖြင့် ဖိလိုက်သည်။

သူသည် ဝေဒနာကြောင့် ညည်းတွားနေသော ကျိုးဘို၏အသံကို ကျေနပ်နေပြီး အေးစက်စွာပြောလိုက်သည်။

"သန့်စင်မှုကို ဆက်လုပ်ရလိမ့်မယ် ၊ အားလပ်နေတဲ့ စုံစမ်းရေးမှုးတွေအားလုံး ဒီမစ်ရှင်အတွက် အခြားဌာနတွေမှာ ပါဝင်ကြပါ ၊ မင်းတို့ ဘာပဲလုပ်လုပ် မမှောင်ခင် အခန်း၁၃က လူတွေကို ရှာမှ ရမယ် "

လုံခြုံရအဖွဲ့ဝင်များက ခန်းမနံရံတွင် မြို့တော်အရှေ့ပိုင်း၏ မြေပုံကို ပရိုဂျက်တာဖြင့်ထိုးပြလိုက်သည်။မြို့တော်ရှိ အဓိကလမ်းများနှင့်အဆောက်အဦးများအားလုံးကို ချိတ်ပိတ်ထားသည်။ဌာနချုပ်သည် မြို့တော်အရှေ့ပိုင်းအား ထောင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။သူတို့သည် ထိုနေရာရှိ ဖြစ်ရပ်ဆိုးအား သန့်စင်ရန် ကျိန်ဆိုလိုက်ကြသည်။

"ဟန်ဟိုင်းအတွက် ၊ ငါတို့ မိသားစုအတွက် ! သွားကြစို့ ! "

All Chapters