အရည်အသွေးများ
Vol. 14 Ch. 208
"လူတစ်ယောက်ဟာ လူတွေကို သူတို့သေမင်းဆီစေလွှတ်ဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ကို ရှာဖို့လိုတယ် "
ခန်းမထဲမှ အော်သံများကို ဖူဆန်းက စိတ်ရှည်လက်ရှည် နားထောင်နေ၏။
"ကျင်းထောင်ရှန်း အမှတ်အသားလုပ်ထားတဲ့ မြေပုံက ကောင်းမင်ငါ့ကို ပြခဲ့တဲ့ မြေပုံနဲ့ ဆင်တူတယ် ၊ သူတို့နှစ်ယောက်လုံး အခန်း ၁၃က ကျောင်းသားတွေကို ရှာနေကြတာ ၊ အရိပ်ကမ္ဘာက လွှတ်ပေးလိုက်တဲ့ ဒီအဆိပ်ကောင်တွေက တော်တော်လေး လူကြိုက်များနေတာပဲ "
တိမ်များသည် ပြတင်းပေါက်များမှတဆင့် အပြစ်ဒုက္ခကို စူးစမ်းနေကြသည်။ စုံစမ်းစစ်ဆေးရေးဌာန၏ အလံသည် ကျိုးဘို၏ခေါင်းထက်တွင် တလူလူလွင့်နေ၏။ကျိုးဘိုသည် ပြွန်များဖြင့် ထိုးသွင်းခံထားရပြီး သူ့ဦးခေါင်းကို ဖောက်ခံထားရသည်။ သူသည် လူသားတစ်ဦးဖြစ်သော်လည်း မကောင်းဆိုးဝါးတစ်ကောင်နှင့်တူအောင် ပြောင်းလဲခံထားရလေသည်။
ကျင်းထောင်ရှန်း၏ ဒရိုင်ဘာသည် သူ့အလုပ်ကို ကျေနပ်အားရနေလေသည်။သူက ကျိုးဘို၏ ခန္ဓာကိုယ်ပေါ်ရှိ ပြွန်များကို ဆွဲထုတ်၍ ကျိုးဘို၏ အရေပြားပေါ်မှ အရိပ်ကမ္ဘာတက်တူးများကို ဖော်ပြရန် လူနာဝတ်စုံကို ဆွဲချွတ်လိုက်သည်။သူ့ခန္ဓာကိုယ်သည် လက်တွေ့ကမ္ဘာရှိ ကွဲလွဲချက်တစ်ခုလိုပင်။ အရိပ်ကမ္ဘာမှ လက်ချောင်းများ ဆန့်ထွက်လာသည်။ ခန်းမရှိ စုံစမ်းရေးမှုးများသည် ဆိုးဝါးလှသည့်အခြေအနေကို သိကြသည်။အဖွဲ့ခေါင်းဆောင်များသည် အဖွဲ့များကို ဦးဆောင်၍ မြို့ထဲသို့ စွန့်စားခန်းဖွင့်လိုက်ကြသည်။ လုံခြုံရေးအဖွဲ့ဝင်နှစ်ဦး 'လှောင်အိမ်' အနားတွင် ကျန်ရစ်သည်အထိ ခန်းမမှာ အလွတ်ဖြစ်သွားတော့သည်။ကျိုးဘိုမှာ တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ပြသခံထားရလေသည်။အပြစ်များ၏ ထင်ရှားခြင်းကဲ့သို့ မုန်းတီးခြင်းခံရ၏။
"သောက်ရူးကမ္ဘာကြီးပဲ "
လေထဲတွင် သွေးနံ့တစ်ခု ပျံ့နှံ့လာလေသည်။ဖူဆန်းက အသက်ပြင်းပြင်းရှုလိုက်သည်။သူသည် လူသတ်နံ့ကို အာရုံရလိုက်သည်။သူ့လက်ချောင်းများက လှေကားလက်ရန်းကို တတောက်တောက်ခေါက်နေ၏။ထိုညတွင် သူပွဲလုပ်မည်ဖြစ်သည်။ကွင်းစ်လမ်းတွင် ဆန္ဒပြသူတွေနဲ့ ပြည့်နေပြီး အင်တာနက်တွင် ကောလဟာလများ ပျံ့နှံ့နေ၏။အသွင်ပြောင်းမြို့သားများသည် မုန်တိုင်းတစ်ခုကဲ့သို့ တိုးမြင့်လာပြီး လွတ်မြောက်လာကြသော သရဲများက အမှောင်ထဲတွင် အပြုံးတစ်ခုဖြင့် ပုန်းအောင်းနေကြသည်။သရဲများသည် လူသားတို့၏ ညစ်ညမ်းသော ကမ္ဘာကြီးနှင့် လူ့နှလုံးသားအတွင်းရှိ မိစ္ဆာများကို ကြည့်ရှုနေကြလေသည်။
"စုံစမ်းစစ်ဆေးရေးဌာနက ဟန်ဟိုင်းကို ထိန်းချုပ်ချင်တယ် ၊ မကောင်းဆိုးဝါးနဲ့ သရဲတွေက စုံစမ်းစစ်ဆေးရေးဌာနဆီက ဟန်ဟိုင်းကို သိမ်းပိုက်ချင်နေတယ် "
စုံစမ်းစစ်ဆေးရေးဌာန၏တည်ရှိမှုသည် အရိပ်ကမ္ဘာကို ခုခံရန်ဖြစ်သည်။မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနသည် သရဲများ၏ သိမ်းပိုက်ခြင်းခံလိုက်ရပါက ကြောက်ရွံ့မှုများ ဆက်လက်ပျံ့နှံ့သွားတော့မည်ဖြစ်သည်။
"ဒါကြောင့် ဒီနေ့ညမှာ အရိပ်ကမ္ဘာနှင့် လက်တွေ့ကမ္ဘာကြားက စွမ်းအား ပြိုင်ပွဲကျင်းပမည့်နေရာဟာ ဒီနေရာပဲ "
အပေါ်ထပ်တွင်ပုန်းအောင်းနေရင်း ဖူဆန်းသည် မြို့တော်အရှေ့ပိုင်းဌာနမှ စစ်ကူတစ်သုတ်ကို မြင်လိုက်ရသည်။အချို့က ကျင်းထောင်ရှန်း နှင့် တွေ့ဆုံကြပြီး အများစုသည် ကျင်းထောင်ရှန်းထံမှ ဝေးရာသို့ ထွက်ခွာသွားကြသည်မှာ သူတို့သည် အခြားအမိန့်ပေးထားသည့်အတိုင်းပင် ဖြစ်သည်။
"အခုတောင်မှ ဌာနချုပ်တွေက ခွဲခြားခွဲခြားလုပ်နေတုန်းလား ၊ သူတို့ ဘာတွေးနေကြတာလဲ ၊ သူတို့မှာ ပိုကြီးတဲ့အကြံတစ်ခုရှိလို့လား ၊ ငါတောင် သူတို့အတွက် စိုးရိမ်ရတယ် "
ကျင်းထောင်ရှန်းနှင့် ရှင်းလုသည် အရိပ်ကမ္ဘာအား ခြားနားစွာ ဆက်ဆံကြကြောင်း ဖူဆန်းသိသည်။ရှင်းလုသည် အလိုက်အထိုက်ဆက်ဆံမည့်လမ်းကြောင်းကို ရွေးချယ်ခဲ့စဉ် ကျင်းထောင်ရှန်းက သတ်ဖြတ်မည့်လမ်းကြောင်းကို ရွေးချယ်ခဲ့သည် ။ဟန်ဟိုင်သည် နှစ်မျိုးလုံးကို ဖက်တွယ်ထား၏။မြို့တော်အရှေ့ပိုင်း၌ သုတ်သင်ရေးမစ်ရှင်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ နံနက်ခင်းသည် သူတို့အတွက် အရေးကြီးသည်။လူသစ်များပင် ပို့ဆောင်ခံလိုက်ရသည်။သူတို့ထဲမှ အများစုသည် အရင်က မူမမှန်တစ်ခုဖြင့် မဆက်ဆံဖူးကြပါပေ။
*
နံနက်ပိုင်း ကုန်လွန်သွား၏။မိုးသည် အားပျော့သွားသော်လည်း မိုးတိမ်များက ခပ်နိမ့်နိမ့်တွင် တွဲလွဲခိုနေဆဲဖြစ်သည်။ဖူနင်းနှင့်အကြီးအကဲအနည်းငယ်သည် ကျင်းထောင်ရှန်းရှေ့တွင် ခေါင်းငုံလျက်ရပ်နေကြသည်။သူတို့သည် အသက်ပင်ရဲရဲမရှုဝံ့ပေ။
"မြို့တော်အရှေ့ပိုင်းတစ်ခုလုံးကို စုစည်းပြီးတာတောင် မင်းတို့က ပူးကပ်ခံထားရတဲ့ လူ ၁၁ယောက်ကိုပဲ သတ်နိုင်ခဲ့တာလား ! "
ကျင်းထောင်ရှန်းက သူတို့၏ အသုံးမကျမှုကို ပြက်ရယ်ပြုလိုက်သည်။
"သံသယဖြစ်စရာ လူ ၂၅၄ယောက်ကို ကျုပ်တို့ဖမ်းထားပါတယ် ၊ သူတို့အားလုံးကို ထိန်းသိမ်းထားတယ် ၊ သူတို့ သရဲစီးခံထားရတာ သေချာတာနဲ့ ကျုပ်တို့ ချက်ချင်းတုန့်ပြန်မှာပါ "
ချန်းယွင်ထျန်းသည် အသက်အကြီးဆုံးဖြစ်သူအလျောက် ကျင်းထောင်ရှန်းကို ကြောက်ရွံ့ခြင်းမရှိပေ။
"အခန်း ၁၃က ကျောင်းသားတွေကရော ၊ ခင်ဗျားတို့ ဘယ်နှစ်ယောက် ဖမ်းပြီးပြီလဲ "
ကျင်းထောင်ရှန်းသည် ယင်းကို ပိုအာရုံစိုက်၏။
"လက်ရှိမှာတော့ ကျုပ်တို့ ကျောင်းသားငါးယောက်ရဲ့ တည်နေရာကို အတည်ပြုပြီးပါပြီ ၊ သူတို့ထဲက တစ်ယောက်က နွေဦးအိမ်ရာမှာနေတဲ့ ကျိုက်မေ့မေ့ပါ ၊ ဒါပေမယ့် ကျုပ်တို့ လွတ်လိုက်တဲ့အဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားပါတယ် "
ဖူနင်းသည် ကျင်းထောင်ရှန်းကို မကြည့်ဝံ့ပေ။အဆောက်အဦးထဲတွင် ဖြေရှင်းမရသော သရဲနီတစ်ကောင်ရှိနေသောကြောင့် သူမလုံမလဲ ခံစားနေရသည်။
"သူတို့တစ်ယောက်ချင်းစီဟာ မူမမှန်မှုတစ်ခုကို လှုံ့ဆော်နိုင်တယ် ၊ သူတို့ ဒီအတိုင်းထားလိုက်ရင် အိမ်ယာဟာ နောက်ထပ် ဟန်သဲ့အကယ်ဒမီဖြစ်လာလိမ့်မယ် "
ကျင်းထောင်ရှန်းသည် သူ့ဖိုင်ကို အောက်ချ၍ လမ်းလျှောက်လိုက်သည်။
"လူအားလုံး စုလိုက် ၊ မမှောင်ခင် သူတို့ကို ဖမ်းဆီးရမယ် "
မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနအတွင်း လူများသည် ရူးသွပ်စွာ လှုပ်ရှားနေကြသည်။သူတို့သည် နာရီအနည်းငယ်တိုင်း အစီရင်ခံစာ ပြန်ပို့နေရသည်။ညဘက် နီးကပ်လာလေလေ အစီခံများက ပိုအကြိမ်ရေစိပ်လာလေလေဖြစ်သည်။စုံစမ်းရေးမှူးများသည် စက်များနှင့်တူနေတော့သည်။ဘယ်သူမှ အရှိန်မလျှော့ရဲပေ။ရှရန်တစ်ယောက်သာ ဘာမှမလုပ်ဘဲ နေနေခြင်းဖြစ်သည်။သူသည် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနရှိ တားမြစ်နေရာအားလုံးကို သွားရောက်ကြည့်ရှုခဲ့ပြီး ဖူနင်းထံမှ စတေးခြင်းအမျိုးအစားများကို ရယူနိုင်ခဲ့သည်။
နေ့လယ်တွင် သူသည် အရိပ်ကမ္ဘာထဲ ဝင်နိုင်မည်ဖြစ်ပြီး စီတုအန်း၏ အိမ်သို့ အလည်အပတ်သွားမည်ဖြစ်သည်။အရာအားလုံးအဆင်သင့်ဖြစ်သောအခါ မနက်က သူသွားခဲ့သော လူသစ်လေ့ကျင့်ရေးခန်းသို့ ပြန်သွားလိုက်သည်။ဌာနချုပ်အမိန့်ကြောင့် လမ်းများကို ကင်းလှည့်ရန် စုစည်းနေကြသည့် လူသစ်များကို မြင်လိုက်သောအခါ သူက တံခါးကို ပိတ်ဆို့လိုက်သည်။
"အဖွဲ့ခေါင်းဆောင်ဖူ ခင်ဗျားဘာလုပ်နေတာလဲ "
ထောက်ပံ့ပို့ဆောင်ရေးဌာနက လူများက ဖူဆန်းကို မစော်ကားရဲကြပေ။ သူတို့၏ ရာထူးအဆင့်သည် စုံစမ်းရေးမှူးများထက် နိမ့်ပါးပြီး ဖူဆန်းသည် အကြီးအကဲ၏ သားဖြစ်သည်။
"မြို့တော်အရှေ့ပိုင်းရဲ့ လက်ရှိအခြေအနေကို မင်းတို့သိပါတယ် ၊ လူသစ်တွေကို ကင်းလှည့်စေတာက သူတို့ကို သေမင်းဆီပို့လိုက်သလိုပဲ "
ဖူဆန်းက ဖယ်မပေးပေ။
"ခေါင်းဆောင်ဖူက ဒီကလေးတွေအတွက် စဉ်းစားပေးတာမှ တခြားခေါင်းဆောင်တွေထက် ပိုကြင်နာတတ်တာပဲ "
အလုပ်သမားခေါင်းက ဝမ်ဟောင်ကို ခေါ်လိုက်သည်။သူသည် ဌာနချုပ်မှ ဖြတ်ပိုင်းကို ထုတ်လိုက်ပြီး "ဒါပေမယ့် ကျုပ် မကူညီနိုင်ဘူး ၊ ကျုပ်တို့က အောက်ခြေဝန်ထမ်းတွေပဲ အထက်လူတွေက ကျုပ်တို့ကို အပြစ်တင်လိမ့်မယ် "
လူသစ်များသည် ကိရိယာများဝတ်ဆင်လျက် ထွက်လာကြသည်။သူတို့က တံခါးကို ပိတ်ရပ်နေသော ဖူဆန်းကို မြင်လိုက်ကြ၏။
"သရဲတွေက မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနကို ပစ်မှတ်ထားလိမ့်မယ်လို့ ငါ သတင်းရထားတယ် ၊ ဒီအဆောက်အုံက ခုခံအား နည်းနေပြီ၊ ဒီလူသစ်အသုတ်ကို ငါလွှဲပြောင်းယူတော့မယ်လို့ တောင်းဆိုပါရစေ "
ဖူဆန်းက ဝမ်ဟောင်အား ဘေးသို့ တွန်းလိုက်ပြီး လူသစ်လေးများကို လက်ဝှေ့ယမ်းပြလိုက်သည်။
"သရဲတွေက ဌာနကို တိုက်ခိုက်မှာလား "
ထိုသတင်းသည် ဝမ်ဟောင်ကိုသာမက လူသစ်များကိုပါ ကြောက်ရွံ့သွားစေသည်။
"ဒါက အဓိပ္ပါယ်ရှိတယ် ၊ နေ့ဘက်မှာ အသတ်ခံခဲ့ရတဲ့ သန္ဓေပြောင်းသတ္တဝါတွေက ညဘက်မှာ လက်စားပြန်ချေလိမ့်မယ် "
"ဒါကြောင့် ဆရာဖူက ငါတို့ကို ကာကွယ်ပေးနေတဲ့ပုံပဲ ၊ ငါကြားတာက ငါတို့လို လူသစ်တွေကို စီနီယာတွေအတွက် အသားဒိုင်းကာအဖြစ်ပဲ ဆက်ဆံတယ်တဲ့ ၊ ငါတို့ကို သရဲတွေရဲ့စွမ်းအားကို စမ်းသပ်ဖို့ မူမမှန်မှုတွေထဲ ပို့ကြလိမ့်မယ် "
"ဆရာဖူရဲ့ အရမ်းကောင်းတဲ့စိတ်နေသဘောထားကို စဉ်းစားပြီး ငါအံ့ဩမိတယ် "
"သူ့ဆီ ညွှတ်ကျမသွားနဲ့ ၊ သူက ဒါကို သူ့အရေပြားသူ ကာကွယ်ဖို့ လုပ်နေတာပဲ ၊ အခြားစုံစမ်းရေးမှူးတွေက ဟန်ဟိုင်းကို ကာကွယ်ဖို့ ထွက်သွားကြပြီ ဒါပေမယ့် သူက ဒီမှာရပ်နေတုန်းပဲ ဘာလို့လဲဆိုတော့ သူက အကြီးအကဲရဲ့ သားမို့လို့ပဲ "
အချို့ကျောင်းသားများက ဖူဆန်း၏နောက်ခံကို အလုပ်သမားများထံ မေးမြန်းနေကြလေသည်။သူတို့က ဖူဆန်းသည် သူ့အဖေကြောင့်သာ အဖွဲ့ခေါင်းဆောင်ဖြစ်လာကြောင်း အဖြေထုတ်လိုက်ကြသည်။အခြားအဖွဲ့ခေါင်းဆောင်များက အပေါ်ယံတွင် သူ့အား မျက်နှာသာ ပေးကြသော်လည်း အမှောင်ထဲတွင် အထင်သေးစွာ ကြည့်ရှုလေ့ရှိသည်။သူတို့သည် သူ့အား ကြောက်မက်ဖွယ်ကောင်းသည့် နာမည်ပြောင်မျိုးစုံပေးထားကြလေသည်။
"ဌာနချုပ်ကနေ ငါ့ဆက်သွယ်ရေးစက်ကို အမိန့်ပေးချက်တစ်ခု ရထားတယ် ၊ တခြားအဖွဲ့တွေကို ကူညီပေးဖို့ နွေဦးအိမ်ယာကို ငါ့ကို သွားခိုင်းထားတယ် "
ရှောင်ယွင်သည် အလွန်အားနည်းလှသော ဖူဆန်းကို မကြိုက်ပေ။သူ့အမြင်အရ ဖူဆန်းသည် ဆူညံသံမျိုးစုံထွက်နေသော အမှိုက်ပုံးကြီးသာဖြစ်သည်။အချို့လူသစ်များက ရှောင်ယွင်ဘက် ရှိကြသည်။သူတို့သည် စုံစမ်းစစ်ဆေးရေးဌာနသို့ ပါဝင်ရန်ရွေးချယ်ခံခဲ့ရသည်။သူတို့သည် လူသစ်များဖြစ်နေသေးသော်လည်း အနက်ရောင်ဆက်သွယ်ရေးစက်များကို ပေးထား၏။
"မင်းက ငါ့ကိုယ်ငါ ထပ်ပြောစေချင်တာလား "
ဖူဆန်းက သူတို့အား ပြုံးပြလိုက်သည်။
"အခု ငါ့နောက်လိုက်ခဲ့ကြ "
ဖူဆန်း၏ စိုက်ကြည့်ခံနေရသော ရှေ့ဆုံးမှ ကျောင်းသားများက တုန်လှုပ်သွား၏။ရှောင်ယွင်သည် အဖွဲ့ထဲမှ လျှောက်ထွက်လိုက်သည်။ ဖူဆန်းသည် သူ့အား ဘာမှလုပ်ဝံ့မည်မဟုတ် သို့မဟုတ် ဌာနချုပ်ကို ဆန့်ကျင်ဝံ့မည်ဟု မထင်ထားချေ။
"ခင်ဗျားနောက် လိုက်ရမှာလား "
ရှောင်ယွင်သည် အထူးပြုလုပ်ထားသည့်ဓားကို ကိုင်လိုက်ပြီး သူ့ခြေလှမ်းများကို တစ်လှမ်းခြင်းလှမ်းလိုက်သည်။ သို့သော် သူ ခြေလှမ်းနှစ်လမ်းသာ လှမ်းရသေးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ဖူဆန်း၏ မျက်လုံးများက ပြောင်းလဲသွားသည်။သူ့မျက်လုံးထဲတွင် ရှောင်ယွင်သည် ခြေချောင်းငါးချောင်းဖြင့် ကြက်ဖတစ်ကောင်ဖြစ်လာလေသည်။
"ပုံတစ်ပုံလား "
သူ့အဝတ်အစားများ စုတ်ပြဲသွားပြီးနောက် သူ့အရေပြားများထွက်ပေါ်လာခဲ့သည်။ဖူဆန်း၏ အကြည့်သည် ရှောင်ယွင်၏ နှလုံးသားကို တူးထုတ်နေသကဲ့သို့ဖြစ်သည်။
"မင်းတို့ ဒီမှာဘာလုပ်နေတာလဲ! "
အဝေးတစ်နေရာမှ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။နှစ်မီတာခန့်ရှည်သော လူတစ်ယောက်ပေါ်လာလေသည်။
"ဖူဆန်းရဲ့ စိုးရိမ်မှုက အခြေအမြစ်မရှိတာတော့ မဟုတ်ဘူး ၊ မင်းတို့ အခု အပြင်သွားရင်တော့ အမြောက်စာတွေပဲ ဖြစ်သွားလိမ့်မယ် ၊ မင်းတို့ ဒီမှာနေသင့်တယ် "
ထိုလူသည် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထား၏။အလုပ်အိုင်ဒီကို သူ့ရင်ဘတ်ရှေ့တွင် ချိတ်ဆွဲထားသည်။ မျက်နှာမဲ့ ဗုဒ္ဓရုပ်တုအား သူ့လည်ပင်းတွင် ချိတ်ဆွဲထား၏။
"ကျင်းချန်းလား "
ဖူဆန်း၏ အပြုံးက ပိုမိုတောက်ပလာ၏။
"ခင်ဗျားရောက်လာပြီပဲ "
"အခြေအနေက မတည်မငြိမ်ဖြစ်နေလို့ ဒီကိုလာကြည့်တာပါကွာ "
ကျင်းချန်းသည် အဖွဲ့ကို ဖြတ်လျှောက်သွားကာ ပစ္စည်းခန်းထဲသို့ ဝင်လိုက်သည်။သူသည် တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။
ယခုတွင် စီတုအန်းပျောက်နေသောကြောင့် မြို့တော်အရှေ့ပိုင်းဌာနတွင် ကျင်းချန်းနှင့် ဖူဆန်း၏ ဖခင်ဟူ၍ စွမ်းအားနှစ်ရပ်ဖြစ်နေကြသည်။လူသစ်များသည် သူတို့ စော်ကားရန် မတတ်နိုင်သည့် လူမှန်း သိသောကြောင့် လေ့ကျင့်ရေးခန်းသို့ နာခံစွာ ပြန်သွားကြသည်။
"မမှောင်ခင် နှစ်နာရီအချိန်ရသေးတယ် ၊ မင်းတို့ တကယ်အသုံးဝင်နိုင်မယ့် တစ်ခုခုကို ငါသင်ပေးမယ် "
ဖူဆန်းသည် ဤလူသစ်များကို အရည်အချင်းပြည့်မီသော စတေးခံများအဖြစ် လေ့ကျင့်ပေးချင်သည်။
"လူသားတွေက သရဲတွေနဲ့ကြုံတွေ့တဲ့ခါ အသက်ရှင်နိုင်ဖို့ အခွင့်အရေးမရှိဘူး ဒါပေမယ့် ဒီအရည်အသွေးတွေကို အားကောင်းအောင် အာရုံစိုက်ထားမယ်ဆိုရင် မင်းတို့ဟာ အသက်ရှင်ရုံသာမက သရဲတွေကိုလည်း သတ်ပစ်နိုင်လိမ့်မယ် "
ဖူဆန်း၏ စကားများသည် လူသစ်များ၏အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်လိုက်သည်။သူသည် ပရိုဂျက်တာကို အသုံးမပြုပဲ သူ့ဘောပင်ဖြင့် ရေးဆွဲပြလိုက်သည်။
"ပထမဆုံး မင်းတို့မှာ အကြောက်တရားမဲ့ နှလုံးသားတစ်ခု ရှိရမယ် ၊ မင်းတို့ရဲ့ အကြောက်တရားအပေါ် ဆရာတစ်ဆူဖြစ်နေဖို့လိုတယ် ဒါမှသာ မင်းတို့ အချိန်ပြည့် ဆင်ခြင်တုံတရားရှိနေနိုင်လိမ့်မယ် ၊ အဲ့ဒါကို ခိုင်မာတဲ့နှလုံးသားလို့ သိနိုင်တယ် "
"ဒုတိယ မင်းတို့မှာ ရုပ်ပိုင်းဆိုင်ရာကောင်းမွန်နေရမယ် ၊ မင်းတို့ ပူးကပ်ခံရရင်တောင် ချက်ချင်းသေဆုံးမှာမဟုတ်ဘူး ၊ ဒါကို သန်မာတဲ့ ရုပ်ခန္ဓာလို့ ခေါ်တယ် "
"တတိယ မင်းတို့ မူမမှန်ဖြစ်ရပ်ထဲ ရောက်သွားတဲ့အခါတိုင်း အရိပ်ကမ္ဘာနဲ့ ဆက်ဆံရလိမ့်မယ် ၊ အရိပ်က မင်းတို့ကို တဖြည်းဖြည်းကူးစက်ပြီး မင်းတို့ကို ပြောင်းလဲလိမ့်မယ် ၊ မင်းတို့ ပိုကူးစက်ခံရလေလေ မင်းတို့ဟာ အရိပ်ကမ္ဘာရဲ့ ကျိန်စာသင့်ပစ္စည်းတွေပို ပိုအသုံးပြုနိုင်လေပဲ ၊ ဒါကို ယင်ဝိဉာည်လို့ ခေါ်တယ် "
"စတုတ္ထ ၊ လူတွေဟာ နာကြည်းမှုကြောင့်သေသွားတဲ့အချိန်ကျရင် သရဲတွေ ဖြစ်လာလိမ့်မယ် ၊ငါ မင်းတို့ကို လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်မှုအားကောင်းစေဖို့ လိုအပ်တယ် ၊ ချိတ်ဆက်မှု ပိုအားကောင်းလေ မင်းတို့ဟာ ပိုအားကောင်းလေပဲ "
"နောက်ဆုံး အနေနဲ့ ဦးနှောက်စွမ်းအားပဲ ၊ စိတ်စွမ်းအားဟာ သရဲတွေကို တိုက်ခိုက်ဖို့ အဓိကသော့ချက်ပဲ ၊ မင်းတို့ရဲ့ ဦးနှောက်စွမ်းအားကို တိုးတက်စေဖို့ မတူညီတဲ့ လေ့ကျင့်ခန်း အမျိုးမျိုးကို သုံးလို့ရတယ် "
ဆရာရှသည် ဤလူများကို ကောင်းမွန်သော စတေးခံများအဖြစ် ပြုစုပျိုးထောင်ပေးချင်ရုံသာဖြစ်သည်။ သို့သော်လည်း ယခင်က သူသည် 'စူပါကစားသမားများ' အဖွဲ့ကို လေ့ကျင့်ရန် ထိုကဲ့သို့သော အတန်းများကို သူတကယ်ကိုင်တွယ်ခဲ့ရသကဲ့သို့ သူ့စိတ်ထဲတွင် အရာများစွာ ပေါ်လာခဲ့လေသည်။