အတွင်း၌
Vol. 14 Ch. 209
"ခိုင်မာတဲ့ နှလုံးသား ၊ သန်မာတဲ့ ခန္ဓာကိုယ် ၊ ယင်ဝိဉာည် ၊ နာကြည်းမုန်းတီးခြင်း ၊ စိတ်စွမ်းအား ..."
လူသစ်များသည် ထိုကိစ္စများကို အရင်က မကြားဖူးခဲ့ပေ။သူတို့ဆရာများသည် စည်းကမ်းများကို လိုက်နာရန်သာ ပြောခဲ့သည်။စွမ်းရည်ငါးခုအကြောင်းကို သူတို့ မသိခဲ့ကြပေ။
"ဒီစွမ်းရည် ငါးမျိုးရဲ့ တန်ဖိုးက ပုံသေမဟုတ်ဘူး ၊ မူမမှန်ဖြစ်ရပ်ထဲကို ဝင်ရောက်ပြီး မင်းတို့ကိုယ်တိုင် လေ့ကျင့်နိုင်တယ် "
ဖူဆန်းသည် ခုံစောင်းအောက်တွင် စာဖိုင်အဟောင်းများကို ရှာတွေ့လိုက်သည်။သူသည် ဘောပင်တစ်ချောင်းဖြင့် ကျောင်းသားအားလုံး၏ လူသေပုံတူများကို ရေးဆွဲလိုက်သည်။
"ဌာနမှာ အဲ့ဒီစွမ်းရည်ငါးမျိုးကို စမ်းသပ်တဲ့ ကိရိယာတွေ ရှိပါသလား "
လူသစ်များက သိချင်နေကြသည် ။
"ဒီမှာတော့ မရှိဘူး ဒါပေမယ့် မင်းတို့ လီစန်း စုံစမ်းစစ်ဆေးရေးဌာနကို သွားလို့ရတယ် ၊ လူဆင်းရဲတွေရဲ့စီရင်စုမှာ မင်းတို့လိုအပ်တာ အားလုံးရှိတယ် "
ရှရန်သည် ကစားသမားများ၏ အရည်အချင်းပြောင်းလဲမှုများကို မြင်တွေ့ရန် သူ၏စွမ်းအားကို အသုံးပြုခဲ့သည်။ ယင်းနှင့်အတူ သူတို့ကို ပိုကောင်းအောင် လမ်းညွှန်နိုင်ခဲ့သည်။ကောင်းမင်မြင်ခဲ့ရသော အနာဂတ်တစ်ခုတွင် ရှရန်သည် ထိုနည်းလမ်းကို သုံး၍ တဖြည်းဖြည်းနှင့် ကစားများ၏ အချက်အချာဖြစ်လာခဲ့လေသည်။
"ငါမင်းတို့အတွက် ဆွဲပေးထားတဲ့ ပုံတူတွေကို သိမ်းထားဖို့ မျှော်လင့်တယ် ၊ ဒီအရာက မင်းတို့ မျှော်လင့်ထားတဲ့အချိန်မှာ မင်းတို့ကို ကူညီပေးနိုင်တယ်"
ရှရန်သည် အလွန်ကြင်နာနေခဲ့သည်။သူက သူဆွဲထားသော ပန်းချီများကို ကျောင်းသားများထံ လက်ဆောင်ပေးလိုက်သည်။
"ကျောင်းသားအများစုသည် ရှရန်ကို မယုံကြည်ကြသော်လည်း သူသည် ဆရာတစ်ယောက်ဖြစ်ကြောင်း တွေးမိသောကြောင့် ပုံတူများကို လက်ခံလိုက်ကြသည်။အထင်သေးမှုတစ်စိတ်တစ်ပိုင်းကို တိုက်ရိုက်ပင် ဖော်ပြလိုက်သေးသည်။သူတို့၏ ဦးခေါင်းအတွင်း စွဲမြဲနေသော ဌာနချူပ်၏ စည်းကမ်းများနှင့် ဖူဆန်းပြောကြားချက်များသည် လုံးဝကွာခြားပေသည်။ထို့ထက် ဖူဆန်းသည် သူ့အဖေကြောင့်သာ သင်ကြားရေးဆရာတစ်ယောက်ဖြစ်လာခြင်း ဖြစ်သည်။သူ့စိတ်အခြေနေသည် မတည်မငြိမ်ဖြစ်နေပြီး သင်ကြားမှုစွမ်းရည်မှာ အများကြီးအားနည်းသည်။။
"ခေါင်းဆောင်ဖူ ရှင်လည်း ဒီက အဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ ၊ ဒီအချိန်မှာ ရှင့်ရဲ့ အဖွဲ့သားများတွေက မူမမှန်ဖြစ်ရပ်တစ်ခုမှာ သက်စွန့်ဆံဖျားလုပ်နေသင့်တယ်လေ ၊ ဒါပေမယ့် ရှင်က ဒီနေရာမှာ ဘေးကင်းပြီး အကာကွယ်ပေးခံထားရတယ် ၊ ဒါက သင့်တော်ပါ့မလား "
ထိုသို့ပြောလိုက်သူသည် ကျန်းလန်ဟုခေါ်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။သူမသည် အနက်ရောင်ဆက်သွယ်ရေးစက်တစ်လုံးရှိပြီး အဆင့် ၂ မူမမှန်မှုတွင် ရှင်သန်နိုင်ခဲ့သူဖြစ်သည်။သူမသည် လူသစ်များကြားတွင် အကောင်းဆုံးရလာဒ်ရှိသူတစ်ယောက်ဖြစ်သည်။
"ငါ့ အဖွဲ့ဝင်တွေလား "
ဖူဆန်းက ထိုအကြောင်းကို တွေး၍ ပြောလိုက်သည်။
"သူတို့အားလုံး သေသွားပြီလေ "
ယင်းကို သူပြောလိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။
"ဒါအမှန်ပဲ ၊သူတို့က ပြီးခဲ့တဲ့ မူမမှန်မှုတစ်ခုမှာ ငါ့ကို ကာကွယ်ရင်း သေသွားကြတာ "
ဖူဆန်းသည် သူနှင့်ဘာမှမဆိုင်သကဲ့သို့ ဇာတ်လမ်းကို ပြန်ပြောပြလိုက်သည်။လူသစ်များသည် သူ၏ ရက်စက်မှုကြောင့် ဆွံ့အသွားကြသည်။
"ရှင့်လိုလူက ကျွန်မတို့ကို ဦးဆောင်နိုင်မယ်လို့ မထင်ဘူး"
ကျန်းလန်က သူမဓားကို ဆုပ်ကိုင်လိုက်သည်။သူမသည် မည်သူ့ကိုမှ မယုံကြည်ဘဲ သူမလက်ထဲရှိ ဓားကိုသာ ယုံကြည်ခြင်းဖြစ်သည်။
"ဒီမှာနေနေရတာ ဉာဏ်ရှိတယ်လို့ မထင်ဘူး ၊ ဒီအခြေအနေကို ဌာနချုပ်ကို ငါအကြောင်းကြားပြီးပြီ ၊ ဘယ်သူ ငါနဲ့ ထွက်သွားချင်လဲ ၊ ငါတို့ အခု နွေဦးအိမ်ရာကို အမြန်သွားဖို့လိုတယ်နော် "
ဖူဆန်းသည် ကျန်းလန်၏မျက်နှာအား စိတ်ဝင်စားဖွယ်အရုပ်တစ်ရုပ်ရှာတွေ့သွားသကဲ့သို့ စိုက်ကြည့်လိုက်သည်။ကောင်မလေးသည် တုံးတုံးအအလူတစ်ယောက်ဖြစ်ဟန် မတူပေ။သူမသည် တစ်စုံတစ်ခုကို အာရုံခံမိနေပုံရသည်။ရှရန်၏ ရှုထောင့်အရ သူသည် လူသစ်အားလုံးကို စတေးချင်နေခြင်းဖြစ်သည်။စုံစမ်းစစ်ဆေးရေးဌာနသည် မှောင်လာပြီးနောက်တွင် အပြင်ထက် အတွင်းက ပိုအန္တရာယ်များလာမည်ဖြစ်သည်။
"ညဘက်တွေမှာ မူမမှန်မှုတွေဖြစ်မယ်လို့ ပြောတာက လိမ်ညာတာပဲ ၊ ဒါက ခင်ဗျားကိုယ်ခင်ဗျား ကယ်တင်ဖို့ အသုံးပြုတဲ့ ဆင်ခြေတစ်ခုပဲ "
အရူးတချို့က မီးထဲကို ဆီလောင်းလိုက်သည်။ဖူဆန်းက ရှင်းမပြခဲ့ပေ။သူသည် အပြင်ဘက်မှ စုံစမ်းစစ်ဆေးရေးဌာန၏ တိုက်ရိုက်ထုတ်လွှင့်ချက်သို့ ဝင်ရောက်ရန် သူ၏အထောက်အထားကို အသုံးပြု၍ ပြုံးနေခဲ့သည်။
နံရံပေါ်ရှိ ပရိုဂျက်တာတွင် ကြေက်မက်ဖွယ်ဓာတ်ပုံမျိုးစုံ ထွက်ပေါ်လာ၏။ကောင်းကင်သည် အပြည့်အဝမှောင်မဲ မနေသေးသော်လည်း မူမမှန်မှုများသည် မြို့တော်အရှေ့ပိုင်းတစ်ခုလုံး ပျံ့နှံ့နေခြင်းဖြစ်သည်။အားလုံးသည် စုံစမ်းရေးမှူးများ မသေဆုံးခင် ပေးပို့ခဲ့သော စည်းကမ်းများနှင့် သတင်းအချက်အလက်များကို မြင်နေရလေသည်။နွေဦးအိမ်ယာသည် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။လူဘယ်လောက်များများ ပို့စေကာမူ သူတို့အားလုံး ပျောက်ကွယ်သွားကြသည်။
ကွင်းစ် ၁၃လမ်းတွင် ဆန္ဒပြသူအချို့သည် အဝါရောင် ကျောင်းသားကောင်စီ တံဆိပ်များကို ၀တ်ဆင်ထားကြသည်။ သူတို့သည် မြို့သားများ၏ ရပိုင်ခွင့်များကို ကာကွယ်ဖို့ ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။သူတို့သည် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနကို ဝန်းရံထားပြီး အမှန်တရားကို ထုတ်ဖော်ရန် တောင်းဆိုနေကြသည်။မီဒီယာဌာနအားလုံးသည်လည်း ရောက်ရှိနေကြသည်။သူတို့သည် ညဘက်အထိ နေရန် အဆင်သင့်ပြင်ထားကြသည် ။ မြို့တော်အရှေ့ပိုင်း၏အစွန်အဖျားမှ လမ်းသွားလမ်းလာများမှာ ထူးဆန်းလာကြလေသည်။သူတို့မျက်လုံးများတွင် အမည်မသိအကြောက်တရားများဖြင့် တောက်ပလာကြသည်။ဥဩဆွဲသံများမှာ မရပ်တန့်တော့ပေ။နံရံပေါ်ရှိ အီလက်ထရွန်နစ်နာရီက အချိန်ကို သတင်းပို့သောအခါ ပြတင်းပေါက်အပြင်ဘက်ရှိမီးမှာ မှိန်ဖျော့နေခဲ့သည်။စိုးရိမ်စိတ်သည် အရာအားလုံးကို ဖုံးလွှမ်းသွားတော့သည်။
"ကျုပ်ညီမလေးက အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တာ ၊ ကျုပ်အိမ်ပြန်မှ ဖြစ်မယ် "
ဝမ်ဆုသည် ဖူဆန်း၏ ခွင့်ပြုချက် ရရန်မတ်တပ်ရပ်လိုက်သည်။
"စခရင်ပေါ်မှာ ကျုပ်အိမ်ကို မြင်ခဲ့ရတယ် ၊ မူမမှန်မှုက ကျုပ်ရပ်ကွက်ထဲမှာ ဖြစ်နေပြီဗျ ! "
"ဘယ်သူမှ မသွားရဘူး "
ဖူဆန်း၏ အသံမှာ ဖြည်ညင်းစွာ ပြောင်းလဲသွားသည်။သူသည် ထပ်မံဟန်ဆောင်ရန် မလိုအပ်တော့ပေ။
" မြို့တော်မှာ မူမမှန်မှုတွေ ဖြစ်ပွားနေပြီ ၊ စုံစမ်းစစ်ဆေးရေးဌာနက အရမ်းလုံခြုံတယ် ၊ ဒီမှာ ကျုပ်တို့လူအများကြီး နေနေဖို့ မလိုအပ်ဘူးလေ ! "
ဝမ်ဆုသည် တွေဝေနေခြင်းကို ရပ်တန့်လိုက်သည်။သူက လေ့ကျင့်ရေးအခန်းတံခါးကို ဖွင့်၍ ပြေးထွက်သွား၏။သို့သော်လည်း မကြာမီ ဝမ်ဆု၏ခြေသံများပျောက်ကွယ်သွားလေသည်။ အရပ်ရှည်ရှည်လူသစ်လေးသည် တစ်စုံတစ်ခု၏ စားသုံးခြင်းခံလိုက်ရပုံရပြီး အကူအညီပင် မခေါ်ဆိုနိုင်ခဲ့ချေ။တံခါးသည် ကျောချမ်းဖွယ် အက်ကွဲလာခဲ့သည်။လေ့ကျင့်ရေးအခန်းအတွင်း အေးစက်စက်လေပြင်းများ တိုက်ခတ်လာ၏။
"သူ့နောက် လိုက်ချင်သူတစ်ယောက်ယောက်များ ရှိသေးလား "
ဖူဆန်းသည် ခေါင်းပင်လှည့်မကြည့်ချေ။သူသည် ဝမ်ဆု သေမသေ ဂရုမစိုက်ပါချေ။သူသည် စုံစမ်းရေးမှူးများပေးပို့ထားသည့် သတင်းဆိုးများဝန်းရံနေသည့် စခရင်အလယ်တွင် မတ်တပ်ရပ်လိုက်သည် ။ဗီဒီယိုထဲရှိ အရိပ်များသည် ညနှင့်အတူ နက်မှောင်နေခဲ့သည်။ရုတ်တရက် စုံစမ်းစစ်ဆေးရေးဌာန၏ မျက်နှာချင်းဆိုင် အဆောက်အဦးတွင် အနီရောင်ဥဩဆွဲသံတစ်ခု ပဲ့တင်လာလေသည်။မှန်များ ရိုက်ချိုးခံနေရသည့်အသံများကို လူတိုင်းကြားနေရသည်။လမ်းမပေါ်တွင် လူများ အော်ဟစ်၍ ပြေးလွှားနေကြသော်လည်း လေ့ကျင့်ရေးအခန်းသည် သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်နေလေသည်။
"ကောင်းမင်က ငါတွေးထားတာထက် စောစောလှုပ်ရှားလိုက်တာပဲ "
ဖူဆန်းက ပျော်ရွှင်စွာပြုံးလိုက်သည်။သူက ထိုအတွက် အချိန်အကြာကြီး စောင့်ခဲ့ရခြင်းဖြစ်သည်။လူတိုင်း၏ အနက်ရောင်ဆက်သွယ်ရေးစက်များ တုန်ခါလာ၏။ဖူနင်း၏ စိုးရိမ်ပူပန်နေသောအသံ ထွက်ပေါ်လာလေသည်။
"မြို့တော်အရှေ့ပိုင်းဌာနထဲမှာ မူမမှန်ဖြစ်ရပ်တွေ အများကြီး ဖြစ်ပွားနေတယ် ! အန္တရာယ်အဆင့်ကို မသိရသေးဘူး ! "
"ထပ်ပြောမယ် ! မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနအတွင်းမှာ မူမမှန်ဖြစ်ရပ်တွေ အများကြီးဖြစ်ပွားနေတယ် ! အဆောက်အအုံထဲက စုံစမ်းရေးမှူးတွေအားလုံး အခုချက်ချင်း ကွင်းစ်၁၃လမ်းကို သွားကြ ! "
ဖူဆန်းသည် သူ့လက်ကိုမြောက်၍ ဆက်သွယ်ရေးစက်ကို သတ္တုခုံပေါ် ရိုက်ချလိုက်သည်။အနက်ရောင်ဆက်သွယ်ရေးစက်မှာ ပုံပျက်သွားလေသည်။သူသည် လူသစ်များ၏ အကြည့်နှင့်အတူ သတိပေးချက်ပေးနေသည့် ဆက်သွယ်ရေးစက်ကို ဘေးဘက်သို့ ပစ်ချလိုက်သည်။
ဖူဆန်းဟူသည့် အထောက်အထားသည် အကောင်းဆုံးအကာအကွယ်ဖြစ်သည်။ရှရန်သည် ဖူဆန်းကို သုံး၍ သူ့ကိုယ်သူကောင်းစွာ ဖုံးကွယ်ထားနိုင်သော်လည်း ထိုသို့လုပ်ဆောင်ရန် အစီအစဉ်မရှိချေ။လူသစ်များအားလုံး၏ ရှေ့တွင် ရှရန်သည် ဖူဆန်းကို ထိန်းချုပ်၍ သေနတ်ကို ဆွဲထုတ်လိုက်သည်။ယင်းသည် သူ့အနုပညာကို ပြီးပြည့်စုံစေရန် ဘာမဆိုလုပ်ဆောင်မည့် အရူးတစ်ယောက်ဖြစ်ပေသည်။
"ရှင်ဘာလုပ်နေတာလဲ "
ကျန်းလန်သည် ချက်ချင်းပင် လူအုပ်ကြားထဲ ပုန်းလိုက်သည်။
"အပေးအယူလား ၊ အကျိုးအမြတ်လား ၊ ဓားစာခံလား ၊ ဒီကောက်ကျစ်တဲ့နည်းလမ်းတွေကို ငါဂရုမစိုက်ဘူး ၊ ဘယ်သူ့ရဲ့ သဘောတူညီချက်ကိုမှ ငါမလိုအပ်ဘူး ၊ မင်းတို့တစ်ဦးစီဟာ အလှပဆုံးစိတ်ဝိညာဉ်ပန်းတွေအဖြစ် ပွင့်လန်းနိုင်မယ်လို့ ငါမျှော်လင့်တယ် ! မင်းတို့ တတ်နိုင်သလောက် ရုန်းကန်ကြစမ်း ! မင်းတို့ရဲ့ စုပေါင်းဝိညာဉ်လည်း အရသာရှိသွားနိုင်တယ် "
ဖူဆန်းသည် သူ့လက်ချောင်းကို ခလုတ်ဆီသို့ ရွှေ့လိုက်သည်။
"ဖူနင်းက ငါအစစ်အမှန်ကို မြင်ခဲ့တယ် ၊ ပြီးတော့ သူဘာကို စိုးရိမ်နေတာကိုလဲ ငါသိတယ် ၊ အမုန်းမီးတွေ လောင်ကျွမ်းအောင် ငါကူညီပေးချင်တယ် ၊ သူက ငါ့အနုပညာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်တာပဲ "
ကော်ရစ်ဒါမှ ပေါက်ကွဲသံထွက်ပေါ်လာ၏။ဖူဆန်းသည် မောင်းခလုတ်ကို ဆွဲချလိုက်သည်။
လတ်ဆတ်သောသွေးများသည် ပန်းချီဆေးသားများကဲ့သို့ လွှင့်စင်သွားပြီး ဖူဆန်း၏ ခန္ဓာကိုယ်မှာကြမ်းပြင်ပေါ်လဲကျသွားလေသည်။သုတ်ဆေးဖြင့်ပြုလုပ်ထားသော လူသားပုံသဏ္ဌာန်တစ်ခုသည် ကျန်းလန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။
လေ့ကျင့်ရေးခန်းထဲတွင် အော်သံများ ပဲ့တင်ထပ်သွားသည်။လူသစ်အများစုအတွက်၊ ဤသည်မှာ ၎င်းတို့၏ သေခြင်းတရားကို အနီးကပ် 'ရှုစားရသော' ပထမဆုံးအကြိမ်ဖြစ်သည်။
"မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနမှာ မူမမှန်မှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ မင်းပြောခဲ့တယ်မလား ၊ အခု မင်းဘယ်လိုထင်လဲ "
လေ့ကျင့်ရေးခန်းတွင် မီးများ ပိတ်ကျသွားသည်။ ထူးဆန်းသော ယောက်ျားတစ်ယောက်၏အသံသည် ကျန်းလန်၏ နူတ်ခမ်းမှ ထွက်ပေါ်လာ၏။သူမသည် သူမ၏ဓားဖြင့် ရှောင်ယွင်၏ လက်မောင်းကို ထိုးစိုက်လိုက်သည်။ရှောင်ယွင် အော်ဟစ်လိုက်ရာ သူမက ပြုံးလိုက်လေသည်။