တန်ကြေးများ
Vol. 14 Ch. 210
လေ့ကျင့်ရေးအခန်းမှာ မှောင်မဲသွား၏။လူသစ်များသည် ဖရိုဖရဲဖြစ်ရပ်ဆီသို့ ထွက်ပြေးရုံသာတတ်နိုင်ကြသည်။ကျန်းလန်သည် သွေးစွန်းနေသောဓားကို ကိုင်လိုက်ပြီး သူမ၏ 'လုပ်ဖော်ကိုင်ဖက်များ' ကို ပြုံးကာ ကြည့်လိုက်သည်။
"နောင်ကျရင် မင်းတို့ရဲ့စောဒကတက်တာတွေကို ငါထပ်နားထောင်စရာမလိုတော့ဘူး ၊ မင်းတို့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ငါ့ကို စိတ်ပူနေစရာ မလိုဘူး ၊ မင်းတို့လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ် ၊ ငါတောင်းတဲ့ တစ်ခုတည်းသော တန်ကြေးက မင်းတို့ကို သတ်ဖို့ပဲ "
"စတေးမှုဟာ အသစ်အဆန်းဖြစ်ကြောင်း သေချာစေဖို့ မင်းတို့ဟာ မြင့်မားတဲ့ စိတ်ခံစားမှုအခြေအနေမှာ ရှိနေမှဖြစ်မယ် ၊ ငါ မင်းတို့ကို အသက်ရှုစေချင်ပေမယ့် အသံကျယ်လို့တော့မရဘူး ၊ မင်းတို့ရဲ့နာကျင်မှုကို မင်းတို့ရဲ့နှလုံးသားထဲမှာ ဝှက်ထားလိုက်ပါ ၊ ငါ့ခြေလှမ်းတွေနဲ့အတူ ယိမ်းယိုင်စေဖို့ မင်းတို့ရဲ့နှလုံးသားတွေ ငါလိုအပ်တယ် "
"မင်းတို့ အဆင်သင့်ဖြစ်ပြီလား "
သွေးစွန်းဓားသည် နံရံကို ဓားဦးထိပ်ဖြင့် ပွတ်ဆွဲသွားသည်။ကျန်းလန်သည် မျက်လုံးများကို မှေးကျဉ်းကာ လေချွန်လိုက်ပြီး အရိပ်နှင့်အလင်းကြားသို့ လမ်းလျှောက်ထွက်လာ၏။မိနစ်လက်တံတစ်ချက်ချင်းစီနှင့်အတူ အမှောင်ထုသည်ကြီးမားသောခြေလှမ်းတစ်လှမ်းစီ စီးနင်းဝင်ရောက်နေလေသည်။
"ဒါကြီးက ငါတို့ဆရာမဟုတ်ဘူး ! သူက ဖူဆန်းမဟုတ်ဘူး ! သူက သရဲတစ်ကောင်ပဲ ! "
သူ့ဒဏ်ရာကို ထိန်းကိုင်ထားရင်း ရှောင်ယွင်သည် သူ့အရင် လုပ်ရပ်အတွက် မိုက်မဲသလို ခံစားလိုက်ရသည်။
"ဖူဆန်းက ငါတို့ကို ဌာနထဲမှ မူမမှန်မှုဖြစ်ပွားလိမ့်မယ်ပြောတာ အံ့ဩစရာမရှိဘူး ၊ သူက သရဲတစ်ကောင်ဖြစ်နေတာကိုး "
"သရဲတွေက မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနကို တိုက်ရိုက်သိမ်းပိုက်ချင်နေတာ ! သူတို့ရဲ့ပန်းတိုင်က စုံစမ်းစစ်ဆေးရေးဌာနပဲ! "
လူအုပ်ကြားထဲမှ ဝမ်ဟူ၏အသံထွက်ပေါ်လာ၏။လူတိုင်းသည် လွတ်မြောက်ရန်အလုပ်များနေသောကြောင့် ရှောင်ယွင်မမေးလိုက်မချင်း ဘာမှားနေမှန်း သဘောမပေါက်ကြပေ။
"ဝမ်ဟူလား ၊ မင်းထွက်သွားပြီးပြီ မဟုတ်လား "
"ဟုတ်တယ် ၊ ဒါပေမယ့် ငါထွက်သွားလို့ မရမှန်း သဘောပေါက်လိုက်လို့ "
ဝမ်ဟူက သူ့အောက်ပိုင်းကို ညွှန်ပြရင်း ရှက်ရွံ့သည့် အသံဖြင့် "ငါရဲ့ တင်ပါးနဲ့ ခြေထောက်တွေက ပန်းချီကားတစ်ချပ်ဖြစ်သွားပြီ၊ ငါက လူမဟုတ်တော့ဘူး"
သူ့တွင်ရှိသော ဓားကို ဝှေ့ယမ်းလိုက်ရာ ဝမ်ဟူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လှုပ်ယမ်းသွားသည်။
"လာ လာ ငါနဲ့ပူးပေါင်းကြ ! "
ရှောင်ယွင်က တိုက်ခိုက်မှုများကို ပွတ်သီကပ်သီရှောင်ရှားရင်း သူ့ဘေးရှိလူများကို တွန်းဖယ်လိုက်သည်။
"ပြေးကြတော့ ! ဝမ်ဟူက သရဲစီးခံလိုက်ရပြီ ! "
"ငါက လူသားတစ်ယောက်ဖြစ်နေတုန်းပဲ ၊ ရှောင်ယွင် ပန်းချီကားထဲဝင်ပြီး မင်းကိုယ်မင်း ကြည့်လိုက်စမ်းပါ ဟားဟား ! "
လူသစ်များမှာ တကွဲတပြားဖြစ်နေကြသည်။ သူတို့သည် တကယ့်မူမမှန်မှုတစ်ခုထဲ ရှိနေချိန်၌ သရဲများသည် မည်မျှကြောက်စရာကောင်းကြောင်း သိလိုက်ရသည်။
လေချွန်သံသည် သူတို့နောက်မှ နီးကပ်စွာလိုက်ပါလာ၏။ကျန်းလန်သည် သူမဘယ်လက်ဖြင့် ဓားကို ကိုင်ဆောင်ထားပြီး ညာလက်ဖြင့် နံရံကို ထိတွေ့လိုက်သည်။သူ့မလက်ချောင်းများကြားမှ သွေးများစီးကျလာ၏။သွေးစက်များသည် နံရံပေါ်မှ ပန်းချီကားများဖြင့် ဆက်သွယ်မိသွားသည်။နံရံပေါ်တွင် လူသစ်များ၏ ပုံတူများ ထွက်ပေါ်လာကြလေသည်။ရှရန်သည် ယင်းကို မနက်ကတည်းက ရေးဆွဲထားခဲ့ခြင်းဖြစ်သည်။အနုပညာဆရာမ၏ နာကြည်းခြင်းအခန်းကို သူဝါးမြိုခဲ့ပြီးနောက် သူမ၏ စွမ်းအားကိုပါ ရရှိခဲ့သည်။သူသည် လူတစ်ယောက်ပုံကို ရေးဆွဲပြီးသည်နှင့် သူသည် ထိုလူ၏ နှလုံးသားနှင့်အတူရှိသော အပြစ်ဒုက္ခကို လှုံ့ဆော်၍ ထိုလူအား လူသတ်ရုပ်သေးရုပ်အဖြစ် ပြောင်းလဲနိုင်လေသည်။အနုပညာဆရာမ၏ နာကြည်းခြင်းအခန်းတွင် အခြားစွမ်းအားများ ရှိသော်လည်း ရှရန်က ထိုစိတ်ဝင်စားစရာတစ်ခုတည်းသာ ရှာတွေ့ခဲ့သည်။
"ကောင်းမင်က လူတိုင်းရဲ့နာကြည်းခြင်းအခန်းကို လှိုင်းလုံးကြီးထဲတွန်းချလိုက်တာမို့ ငါလည်း ငါ့ဘာသာ လမ်းကြောင်းတစ်ခု ရှာထားမှ ဖြစ်မယ် ၊ ငါရေးဆွဲထားတဲ့ စည်းမျဉ်းတွေသာ အစစ်အမှန်ဖြစ်လာရင် ဟန်ဟိုင်းမှာ ငါ့ကို ဘာက ခြိမ်းခြောက်နိုင်တော့မှာလဲ ၊ ငါတို့အတွက် ငါဒါကို လုပ်နေတာ ၊ ကောင်းမင် ငါတို့နှလုံးသားထဲကို လူတွေ ပိုများများထည့်ရမယ် "
အဆောက်အဦးထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေ၏။နံရံပေါ်တွင် စုံစမ်းရေးမှူးများ၏ ပုံတူများ ထွက်ပေါ်လာကြလေသည်။
*****
"အရေးပေါ် ! မြို့တော်အရှေ့ပိုင်းဌာန တိုက်ခိုက်ခံနေရပြီ ! သရဲတွေရဲ့ ပစ်မှတ်က ဌာနရဲ့အလံတော်ပဲ ! "
အနက်ရောင်ဆက်သွယ်ရေးစက်မှ သတင်းစကားက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။မြို့တော် မြောက်ပိုင်းစုံစမ်းစစ်ဆေးရေးဌာနမှ စစ်ကူများသည် နွေဦးအိမ်ယာကို အရှုံးပေးချင်နေကြပြီဖြစ်သည်။သို့သော်လည်း သူတို့နောက်ဆုတ်ရန်ကြိုးစားစဉ် တိုက်ခန်းတံခါးပွင့်သွားပြီး စုံစမ်းရေးမှူးအသစ်နှစ်ဦးသည် ပြေးလွှားနေရင်း သူတို့၏မျက်နှာပေါ်မှ မျက်ရည်များစီးကျလာကာ လဲကျသွားလေသည်။
"ကျေးဇူးပြုပြီး ကယ်ကြပါ ! "
ခြေလက်များစွာဖြင့် လှပသော အမျိုးသမီးကျောင်းသူတစ်ဦးသည် မျက်နှာကျက်တွင် တွားသွားနေရင်း အနီရောင်မျက်လုံးများက လုံခြုံရေးကင်မရာနောက်ဘက်သို့ ဖျတ်ခနဲရောက်ရှိသွားသည်။လီချွမ်းသည် သူ့အခန်းလိုက်ကာစကို ဖြည်းညင်းစွာဆွဲဖယ်လိုက်သည်။ အလင်းရောင်အစား အမှောင်ထုသာ စိမ့်ဝင်လာလေသည်။
"မင်းတို့ဘာလို့ ဒီလောက် မြန်မြန်ထွက်သွားနေတာလဲ ၊ သရဲတွေအများကြီးက ငါ့အိမ်ငှားတွေနော် ၊သူတို့ ဝတ်ဖို့ အဝတ်စားလှလှလေးတွေ ပိုလိုသေးတယ် "
……..
"ဟိုင်း မြို့တော်အရှေ့ပိုင်းဌာနမှာ မူမမှန်မှုဖြစ်ပွားနေတယ်လို့ ကျုပ်တို့ အမိန့်ရထားလို့ပါ "
ဝေတယိုသည် ဌာနယူနီဖောင်းဖြင့် ထွက်ပေါ်လာ၏။အဖွဲ့တစ်ဖွဲ့လုံး သူ့နောက်လိုက်ပါလာကြသည်။
"မင်းတို့က ...."
အစောင့်များသည် စိတ်ရှုပ်သွားကြသည်။ထို့နောက် သူတို့အား အမှောင်ထုက ဝါးမြိုလိုက်လေသည်။
"မင်းတို့ရဲ့အလုပ်ကို တာဝန်ကိုယူဖို့ ငါတို့ ဒီရောက်လာတာပဲ "
ဝေတယိုသည် မြို့ တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနဆီသို့ ဦးတည်သော လမ်းမကြီးကို စောင့်ကြပ်ရန် သူ့အဖွဲ့ကို ဦးဆောင်ခဲ့သည်။
ကွင်းစ်၁၃လမ်းတွင် လူများ ပိုပို၍ စုဝေးလာကြသည်။ကျောင်းသားကောင်စီတံဆိပ်များဖြင့် လူကြီးတစ်ချို့သည် လူအုပ်ကြားထဲတွင် အော်ဟစ်နေကြသည်။သူတို့တစ်ယောက်ချင်းစီသည် လူ့စိတ်ကို ခြယ်လှယ်သည့်နေရာတွင် ဆရာတစ်ဆူဖြစ်ကြသည်။သူတို့သည် လူသားတို့၏ဝိဉာည်ထဲမှ တောရိုင်းတိရိစ္ဆာန်များ လွတ်မြောက်ရန် လူသားတို့၏ အားနည်းချက်ကို မည်ကဲ့သို့ အသုံးချရမည်ကို သိပေသည်။
"ဦးလေးတို့ အဲ့ဒီစီတုအန်းက အရေးကြီးလို့လား "
ကွင်းစ်လမ်းရှိ ပို့ဆောင်ဆက်သွယ်ရေးအဆောက်အဦးတွင် ဝမ်ကျားသည် ပစ္စည်းကိရိယာများ ကျနစွာဝတ်ဆင်ထားသော သူ့ဦးလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ဝမ်ကျားဘာဖြစ်ခဲ့မှန်း သိသွားပြီးနောက် သူ့အဘိုးနှင့် သူ့ဦးလေးများသည် ချက်ချင်းပင် သူတို့စွမ်းအားကို စုစည်းခဲ့ကြသည် ။သူ့ဦးလေးနှစ်ယောက်သည် မြို့တော်အရှေ့ပိုင်းကို ဝင်ရောက်၍ စီတုအန်းကို ထိန်းသိမ်းရန် လုံခြုံရေးအဖွဲ့ဝင်များကို ဦးဆောင်ခဲ့သည်။
"စီတုအန်းက ကမ္ဘာနှစ်ခုကြားက တံတားပဲ ၊ သူဟာ ဌာနချုပ်က လူကြီးတစ်ချို့အတွက် အရိပ်ကမ္ဘာကိုဝင်မယ့် သော့တစ်ချောင်းပဲ ၊ စီတုအန်းရှိနေချိန်မှာ အရိပ်ကမ္ဘာရဲ့ ကျူးကျော်မှုကို ထိန်းချုပ်နိုင်တယ် ၊ ငါတို့ဟာ အရိပ်ကမ္ဘာရဲ့လည်ပတ်ပုံကို နားလည်ဖို့ အရိပ်ကမ္ဘာကို လက်တွေ့ကမ္ဘာဆီ တဖြည်းဖြည်းကျူးကျော်ဖို့ ညွှန်ကြားနိုင်တယ် "
ဝမ်ကျား၏ အငယ်ဆုံးဦးလေး လျှို့ဝှက်ချက်တစ်ခုကို ဖော်ပြလိုက်သည်။
"စီတုအန်း ဘာလုပ်နေတယ်ဆိုတာ အထက်လူကြီးတွေ သိလား "
"သိတယ် ဒါပေမယ့် သူတို့က စီတုအန်းဟာ သူတို့နောက်ကွယ်မှာ ဒီလိုကြီးမားတဲ့ ဂယ်ပေါက်ကြီးတစ်ခု ဖန်တီးနေမယ်လို့ မထင်ထားခဲ့ဘူး"
ပို့ဆောင်ဆက်သွယ်ရေးအဆောက်အဦးထဲတွင် ရပ်နေရင်း သူတို့သည် ကြီးထွားနေသော ဧရာမအသားသစ်ပင်ကြီးကို မြင်နေရသေးသည်။သစ်ပင်ကြီးသည် ဟန်သဲ့ပုဂ္ဂလိကအကယ်ဒမီ၏ အပျက်အစီးပုံပေါ်တွင် မတ်မတ်ထောင်၍ ကောင်းကင်ကြီးကို ပင့်မြောက်ထားသည်နှင့် တူနေလေသည်။
"ဝမ်ကျား ၊ မင်းနဲ့ မင်းအတန်းဖော်တွေက ဒီမှာ နေလို့ရတယ် ၊ အဆောက်အဦးထဲက ထွက်မသွားနဲ့ ၊ ဌာနချုပ်က မင်းတို့ကို အရူးအမူးလိုက်ရှာနေကြတာ "
သူ၏ နောက်ထပ်ဦးလေးတစ်ယောက်က ထူးဆန်းသည့် ကိရိယာတစ်ခုကို ထုတ်၍ ဝမ်ကျားထံပေးလိုက်သည်။
"မင်းရဲ့ အခြားအတန်းဖော်တွေရဲ့ သတင်းကို ရခဲ့ရင် သူတို့ကို ငါ့ဆီပို့လိုက်ပါ ၊ အခုချိန်မှာ အခန်း ၁၃က ကျောင်းသားတွေက ဒီဖြစ်ရပ်ဆိုးကို ချိတ်ပိတ်နိုင်မယ့် သော့တစ်ချောင်းပဲ "
"ကျွန်တော့်အတန်းဖော်တွေက သော့လား ၊ ဘယ်လိုမျိုးလဲ "
"မင်း မကြာခင် သိရပါလိမ့်မယ် "
သူ့ဦးလေးနှစ်ယောက်က ထွက်ခွာသွား၏။ဝမ်ကျားသည် ပြတင်းပေါက်အပြင်ဘက် လှမ်းကြည့်လိုက်သည်။ကွင်းစ်လမ်းတွင် လူများ နေရာအနှံ့ပင်။ထိုနေရာသည် ဟန်ဟိုင်း၏ အလုပ်အများဆုံးနေရာဖြစ်လာခဲ့သည်။စိတ်ကူးမယဉ်နိုင်လောက်သော ဖြစ်ရပ်ဆိုးတစ်ခုသည် ထိုညတွင် မွေးဖွားလာတော့မည်ဖြစ်သည်။မြင်ကွင်းများ၏ နောက်ကွယ်တွင် များစွာသော အင်အားစုများ တိုက်ခိုက်နေကြသည်။သို့သော်လည်း ဌာနချုပ်သည် အရိပ်ကမ္ဘာ၏ ခြောက်ခြားမှုကို ပြင်းပြင်းထန်ထန် နားလည်မှုလွှဲနေခဲ့သည်။
"အခန်း ၁၃မှာ ကျောင်းသား ၅၁ယောက်ရှိတယ် ၊ သူတို့ထဲက ၄၅ယောက်ရဲ့ တည်နေရာကို ကျုပ်တို့ အတည်ပြုပြီးပြီ ၊ သူတို့ထဲမှာ ဝမ်ကျားဟာ ပို့ဆောင်ဆက်သွယ်ရေးအဆောက်အဦးထဲမှာ ပုန်းနေတယ် ၊ နောက်ထပ် ဒုက္ခပေးနိုင်သူတစ်ယောက်က ကောင်းမင်ပဲ ၊ တခြားကျောင်းသားတွေဆီက ကျုပ်တို့ရခဲ့တဲ့ အချက်အလက်အရ သူနဲ့ ဝမ်ကျားဟာ အတန်းထဲမှာ ပိုထူးခြားတဲ့ ကျောင်းသားတွေပဲ ၊ သူ့ကို ဖမ်းဖို့ လီစန်းဌာနကပို့လိုက်တဲ့ စုံစမ်းရေးမှူးတွေအားလုံး ပျောက်သွားကြတယ် ၊ အခု သူက အရိပ်ကမ္ဘာထဲမှာ ပုန်းနေတယ်လို့ ကျုပ်တို့ သံသယရှိတယ် ! "
လုံခြုံရေးအဖွဲ့ဝင်သည် အစီရင်ခံစာကို ကျင်းထောင်ရှန်းထံတင်ပြလိုက်သည်။ဖျားနာသောအလှတရားရှိသူသည် ချန်းယွင်ထျန်းကို စိုက်ကြည့်ရင်း သူ့လက်ချောင်းများကို ကြက်ခြေခတ်ထားလိုက်သည်။
"ဒီကျောင်းသား ၅၁ယောက်ဟာ အရိပ်ကမ္ဘာကနေ လက်တွေ့ကမ္ဘာကို ဖြန့်ကျက်ထားတဲ့ မျိုးစေ့ ငါးဆယ့်တစ်ခုပဲ ၊ ကောင်းမင်က အပင်ပေါက်သွားပြီး အရိပ်ကမ္ဘာရဲ့စွမ်းအားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ယူနေတာ ဖြစ်ရမယ် ၊ အထူးအဖွဲ့တစ်ဖွဲ့ကို ခန့်အပ်ပြီး လီစန်းကို ဝင်ရောက်ပါ ၊ ဘာပဲဖြစ်ဖြစ် မင်း သူ့ကို အဆုံးသတ်ရမယ် ! "
"ကျုပ်တို့မှာ ဝန်ထမ်းအင်အား နည်းနေတယ် ၊ သူ့ကို ကိုင်တွယ်ဖို့ အထူးယူနစ်တစ်ခု ကျန်သေးလို့လား"
လုံခြုံရေးအဖွဲ့ဝင်က တုံ့ဆိုင်းနေခဲ့သည်။
"မြို့တော်အရှေ့ပိုင်းမှာ သာမန်လူ ဘယ်လောက်သေသေ အရေးမကြီးဘူး ၊ ငါတို့က အပြစ်ဘေးဒုက္ခရဲ့ အရင်းအမြစ်တွေကို အမြစ်ပြတ် ဖယ်ရှားပစ်ဖို့ပဲ အာရုံစိုက်ရမယ် ! "