← Chapters

စည်းမျဉ်းများ

Vol. 14 Ch. 200

စည်းမျဉ်းများ

Vol. 14 Ch. 200

ဘတ်စ်ကား ကျောင်းက ထွက်သွားသည့်အချိန်တွင် အဆုံးထိ ပုန်းအောင်းနေသည့် ကျောင်းသားများသည် နောက်ဆုံးတွင် သူတို့ရဲ့ အစွယ်များကို ထုတ်ပြခဲ့ကြသည်။ယင်းသည် ဖရိုဖရဲဖြစ်ရပ်ထဲမှ ကျိုက်မေ့မေ့နှင့်မာထုံ ကဲ့သို့သော သရဲများ လွတ်မြောက်လာရသည့် အကြောင်းဖြစ်သည်။အခန်း ၁၃တွင် အသုံးမကျသော လူမရှိပေ။လွန်ခဲ့သည့် ဆယ်နှစ်က ယာဉ်တိုက်မှုမှ 'အသက်ရှင်ရန်' ကျောင်းသားများသည် သူတို့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုခဲ့ကြသည်။

"ဗီဒီယိုက နေရာအနှံ့ပျံ့နေပြီ ဒါပေမယ့် ဒါက ခဏလောက်တော့ ဟာသအဖြစ် သတ်မှတ်ခံထားရဦးမှာပဲ ၊ မြို့သားတွေက မူမမှန်မှုကို သူတို့ ကိုယ်တိုင်ကြုံမှပဲ အမှန်တရားကို ပြောနေတယ်ဆိုတာ သိလာကြလိမ့်မယ် "

မာထုံက ကြိုးမဲ့နားကြပ်ကို တပ်လိုက်ပြီး အသံကုန်တင်လိုက်သည်။ပြတင်းပေါက်တွင် မိုးများ တဖွဲဖွဲကျ နေပြီး သူ့ခန္ဓာကိုယ်ကို မြောင်းအတိုင်း ရွေ့လျားလိုက်သည်။

"ခြောက်ခြားဂိမ်းတွေ စတင်နေပြီ ဒါပေမယ့် ပုံမှန်အတိုင်း ငါအလုပ်သွားဖို့လိုတယ် ၊ ငါ့ကိုယ်ငါ မဖော်ထုတ်မိအောင် ဘာမှ လုပ်လို့မဖြစ်ဘူး "

****

ကောင်းမင်က သူဌေးကျန်းကို ရှာတွေ့လိုက်ချိန်တွင် ကျန်းတင်းသည် အိမ်နီးချင်းများကို ဦးဆောင်၍ ရေကြီးမှုကို ဖြေရှင်းလျက်ရှိသည်။သူသည် ရေကြီးမှုနောက် လိုက်ပြီး အနီးနားကျေးရွာများ ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ပေးခဲ့သည်။သူတို့က အချိန်အများအပြားသုံး၍ ယန်ရှီကျီး၏ အကူအညီဖြင့် ရေလွှမ်းမိုးမှုကို လူသေဓာတ်ပုံထဲ ပြန်ပို့လိုက်ကြသည်။

ကျန်းတင်းသည် ရေသရဲ သုံးပုံတစ်ပုံကို ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းတို့သည် သူ့စွမ်းအား တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။တစ်ပုံသည် သူ့စကားကို နာခံရန် ဆန္ဒရှိကြသည်။နောက်ဆုံး တစ်ပုံသာလျှင် သူ့အား ဆန့်ကျင်နေကြဆဲဖြစ်သည်။

"ကောင်းမင် ဒီတစ်ကြိမ်တော့ မင်းက အကြီးအကျယ်ကူညီခဲ့တာပဲ ! ငါ့ စူပါမားကတ်ကနေ ရုတ်တရက် ရေကြီးလာမှာ ထပ်ပူစရာမလိုတော့ဘူး ! "

ကျန်းတင်းသည် ရေလွှမ်းမိုးမှုကို ဆယ်စုနှစ်တစ်ခုအထိ ဖိနှိပ်ထားခဲ့ရသည်။သူသည် အလွန်သက်သက်သာသာဖြစ်ရသည့် ခံစားချက်ကို မခံစားရခဲ့ဘူးချေ။ထိုအရာအားလုံးသည် ကောင်းမင်ကို သူတွေ့ခဲ့ရသည့်အချိန်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ရေကြီးမှု ဓာတ်ပုံကို ကိုင်ထားသော ကောင်းမင်သည် ကျန်းတင်း၏ အပြောင်းအလဲကို အာရုံခံမိသည်။သူဌေးကျန်းရှေ့တွင် ရပ်နေခြင်းသည် ဧရာမရေလှိုင်းကြီးတစ်ခုအား တစ်ကိုယ်တည်း ရင်ဆိုင်နေရသကဲ့သို့ ခံစားရသည်။

သူဌေးကျန်းသည် ယန်ရှီကျီးနှင့် မတူညီပေ။သူသည် လူကောင်းတစ်ယောက်ဖြစ်သော်လည်း အလွန်ဒေါသကြီးသူတစ်ယောက် ဖြစ်နိုင်၏။သူ သရဲနီဖြစ်လာပြီးနောက် ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနဖြင့် တိုက်ခိုက်ရန် ယုံကြည်ချက်ရှိနေခဲ့သည်။

"အစ်ကိုကြီးကျန်း ခင်ဗျားက ရေကြီးမှုကို ပြန်ဆင့်ခေါ်နိုင်ပြီး ကျွန်တော်တို့အပေါ် လွန်ခဲ့တဲ့ဆယ်နှစ်က မိုးရွာသွန်းမှုကို ကျဆင်းစေနိုင်တဲ့ အချက်အလက်အရ ခင်ဗျားဟာ သရဲအိမ်အဆင့် မူမမှန်မှုတစ်ခုဖြစ်နေပြီ ၊ စောနက ကျောင်းအုပ်ယန်ရဲ့စွမ်းအားကို ခင်ဗျား မြင်ခဲ့မှာပါ ၊ တကယ်လို့ ခင်ဗျားသာ သူ့ကို အတင်းအကျပ်တိုက်ခိုက်မယ်ဆိုရင် ..."

ကောင်းမင်ပြောမဆုံးသေးခင် ကျန်းတင်းက သူဘာ‌ဆိုလိုမှန်း သဘောပေါက်သွားသည်။

"လောလောဆယ်တော့ ငါက ကျောင်းအုပ်ယန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး ၊ တစ်ကမ္ဘာလုံးက သူ့ကို ကူညီနေသလို ခံစားရတယ် ၊ သူ့စကားလုံးတွေက စည်းမျဉ်းတွေပဲ "

ကျန်းတင်းက ထိုအကြောင်းကို တွေးလိုက်သည်။

"ငါ သူ့အဆင့်ကို ရောက်ချင်တယ်ဆိုရင် လူသား ဒါမှမဟုတ် သရဲတွေရဲ့ ရှင်သန်လိုတဲ့ ဆန္ဒနဲ့ သန်မာတဲ့ စိတ်ခံစားချက်စွမ်းအားတွေ လိုအပ်တယ် ၊ အဲ့ဒီအရာနှစ်ခုက ရေကြီးမှုက သေဆုံးသူရဲ့ နာကြည်းချက်တွေကို ချေချွတ်ပေးနိုင်ပြီး သူတို့ကိုယ် သူတို့ ပြန်ရှာတွေ့နိုင်အောင် ကူညီပေးနိုင်တယ် ၊ နောက် နည်းလမ်းက ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တဲ့အထိ ရေကြီးမှုက နာကြည်းခြင်းအခန်းတွေနဲ့ သရဲအိမ်တွေကို ပိုဝါးမြိုပစ်ဖို့ပဲ "

"လူသားနဲ့ သရဲတွေရဲ့ ရှင်သန်လိုတဲ့ ဆန္ဒတွေလား ၊ သန်မာတဲ့ စိတ်ခံစားချက်စွမ်းအင်တွေလား ၊ စည်းမျဉ်းတွေကို ထိန်းချုပ်နိုင်မယ့် သရဲနီတစ်ကောင်ဖြစ်လာဖို့ အဲ့ဒါတွေကို လိုအပ်တာလား "

ကောင်းမင်က ကျန်းတင်းပြောခဲ့သည်ကို မှတ်သားထားလိုက်သည်။ အနာဂတ်တွင် ထိုအရာများအပေါ် သူအာရုံစိုက်ထားမည်ဖြစ်သည်။

"ယန်ရှီကျီးက သူ့ကိုယ်သူ စတေးပြီး ကျောင်းက ကျောင်းသားအားလုံးကို မတင်ပေးခဲ့တာကြောင့် အရိပ်ထဲက ကလေးတွေက ပျောက်ကွယ်မသွားခဲ့ဘူး ၊ ဒါကြောင့်သူက ဟန်သဲ့ကိုယ်ပိုင်ကျောင်းရဲ့ ယုံကြည်မှုဖြစ်လာခဲ့တာပဲ "

"ကျွန်တော်နားလည်ပြီလို့ ထင်တယ် ၊ ဒါပေမယ့် ခင်ဗျားပြောတဲ့ နှစ်ခုလုံးကို ကျွန်တော်တို့ လုပ်နိုင်တယ် ၊ ကျွန်တော်တို့ဟာ ရေကြီးမှုရဲ့စွမ်းအားကို တိုးလာစေဖို့ နာကြည်းခြင်းအခန်းတွေကို ဝါးမြိုပြီး ရေသရဲတွေကို တစ်ပြိုင်တည်း သန့်စင်ပေးလို့ရတယ် "

ကောင်းမင်၏ စကားများကြောင့် ကျန်းတင်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။

"ရေကြီးမှုက နောက်တစ်ခါ အထိန်းအကွပ်မဲ့သွားရင်ရော "

"ဟန်ဟိုင်းမှာ ရေနစ်ဖို့ ထိုက်တန်တဲ့ မကောင်းဆိုးဝါးမရှိဘူးဆိုတာ ကျွန်တော် မယုံဘူးဗျာ "

ကောင်းမင်က လူသေဓာတ်ပုံကို သိမ်းလိုက်သည်။မည်သူမှ ဖြစ်ရပ်ဆိုး ဖြစ်ပွားလာရန် ဆန္ဒမရှိပေ။သို့သော် မလွှဲမရှောင်သာ ဖြစ်ခဲ့ရင်တော့ ဖြစ်ရပ်ဆိုးသည် လူဆိုးများအပေါ် ကျရောက်သည်က ပိုကောင်းပေလိမ့်မည်။

"မင်းပြောတာ အဓိပ္ပါယ်ရှိတယ် ၊ ငါစဉ်းစားလိုက်မယ် "

စကားပြောနေရင်း ကောင်းမင်က သူ့ဖုန်းကို ထုတ်လိုက်သည်ရာ ကျန်းတင်းက စပ်စုလိုစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။

"မင်း ကောင်မလေး ဖုန်းခေါ်နေတာလား ၊ မင်း လိုင်းအောက်နေတာ တစ်ပတ်လောက်ရှိပြီ ၊ သူစိုးရိမ်တယ်ဆိုတာ ပုံမှန်ပါပဲ "

"သူက ကောင်မလေးထက် ပိုကြောက်ဖို့ ကောင်းတယ်ဗျ "

ကောင်းမင်က ရွှမ်ဝမ်ပို့ထားသော ဗီဒီယိုကို နှိပ်လိုက်သည်။လူတစ်ယောက်သည် သူတို့ထက်အရင် တရားဝင်ဂိမ်းစည်းကမ်းများကို ထုတ်လွှင့်ထားခြင်းဖြစ်သည်။

"မင်း အတန်းထဲက တစ်ယောက်ယောက်က ဒီဗီဒီယိုကို လုပ်ခဲ့တာလား "

ကျန်းတင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုအရာသည် အခန်း၁၃ မှ ကျောင်းသားများက သူတို့ကိုယ်သူတို့ ကယ်တင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ဒါက ဘယ်သူဖြစ်နိုင်မလဲ "

ကောင်းမင်က သူ့အတန်းဖော်များကို ပြန်တွေးကြည့်လိုက်သည်။စုံစမ်းစစ်ဆေးရေးဌာနကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ရဲသည့် သတ္တိရှိပြီး ကွန်ပျူတာများ အကြောင်းကို ကောင်းကောင်းသိတဲ့ လူတစ်ယောက်...။

"ဒါက အုပ်စုတစ်စုဖြစ်နိုင်တယ် ၊ မင်းအခန်းမှာ ဉာဏ်ကြီးရှင်တွေ ပြည့်နေတာပဲလေ "

ကျန်းတင်းသည် ကျန်းဖသော်နှင့် သူ့ဝက်အသေကောင်ကို ဓာတ်ပုံထဲ ပြန်ဝင်ရန် လက်ဝေ့ပြလိုက်သည်။

"ငါတို့ ပစ်မှတ်က အရမ်းကြီးတယ် ၊ ငါ ဓာတ်ပုံထဲ ပြန်သွားလိုက်မယ် ၊ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ တော့ မင်းဆုံးဖြတ်ပေါ့ "

စည်းမျဥ်းများ ထုတ်လွှင့်ပြီးကတည်းက ကောင်းမင်သည် ထိုအတိုင်းလိုက်ပါဖို့ ဆုံးဖြတ်လိုက်သည်။ သူက ပိုများသော အချက်အလက်များကို ရွှမ်ဝမ်အား ရေသေဖိုရမ်တွင် ထုတ်လွှင့်ခိုင်းလိုက်သည်။

"အခြေအနေက မရှင်းလင်းသေးဘူး ၊ စုံစမ်းစစ်ဆေးရေးဌာနက လူတွေ အများကြီးဆုံးရှုံးထားတာတောင်မှ ဒေသခံဌာနတွေက ဒေသတွင်း မူမမှန်မှုတွေကို ဖြေရှင်းနိုင်နေဆဲပဲ ၊ ဌာနချုပ်တွေမှာ ဝှက်ဖဲတွေ ရှိနေတယ် "

"ကျောင်းရဲ့ မူမမှန်မှုက ပြန့်နှံ့နေခဲ့ပြီ ၊ ငါ ချက်ချင်းလုပ်ချင်တာတာက မြို့သားတွေကို ကစားသမားတွတွေအဖြစ် ငါ့ဘက်မှာ ပါဝင်လာအောင် လုပ်ဆောင်ဖို့ပဲ "

ဟန်ဟိုင်း ကိုယ်ပိုင်အကယ်ဒမီတွင် ကောင်းမင်သည် အရာများစွာ သင်ယူခဲ့ရသည်။သရဲများကို ဖြေရှင်းရန် နည်းလမ်း အများအပြားရှိသည်။လူတစ်ဦးသည် ၎င်းတို့အား သတ်ဖြတ်ရန် ကျိန်စာပစ္စည်းများကို သုံးနိုင်သည်။ရိုးသားမှုကို အသုံးပြု၍ ၎င်းတို့နှင့် ဆက်ဆံရန် သို့မဟုတ် သဘောတူညီမှုတစ်ခု လုပ်နိုင်၏။သရဲတစ္ဆေများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ပုံသေအဖြေ သို့မဟုတ် အကောင်းဆုံးအဖြေမရှိပေ။

"ငါသာ မင်းဆိုရင် ငါ စုံစမ်းစစ်ဆေးရေးဌာနကို ဝင်မှာပဲ ၊ မင်း အကြီးအကဲဖြစ်လာတဲ့ အချိန်ကျရင် ဟန်ဟိုင်းမှာ မင်းမကိုင်တွယ်နိုင်တဲ့အရာ ဘာရှိဦးမလဲ ၊ မင်းနောက်ကို လိုက်ဖို့ မနာခံရဲတဲ့ သူတွေကို သူတို့ ဘာမှ မလုပ်ခင် ဒီကို ပို့ပစ်လိုက်လို့ ရတယ်လေ "

"မရဘူး ၊ အပြည့်အဝ ပရမ်းပတာဖြစ်တာက ပိုအနုပညာဆန်တယ်လို့ ငါယုံကြည်တယ် ၊ မင်းက နောက်ကျောမှာ ပုန်းအောင်းပြီး မြို့သားတွေကို ထိန်းချုပ် ပြီးရင် မင်းရဲ့အန္တရာယ်တွေကို သူတို့ကို ခံခိုင်းလို့ရတယ် ၊ လူသေ ဓာတ်ပုံတွေအတွက် သတင်းအချက်အလက်တွေ ရောင်းဝယ်လို့ရတယ် ၊ မင်းဘက်မှာ ပြည်သူလူထုတွေ အလုံအလောက်ရှိပြီဆိုရင် စုံစမ်းစစ်ဆေးရေးဌာနကို မင်း ဘာပူစရာလိုသေးလဲ "

သူ့နှလုံးသားထဲတွင် အသံဗလံများ ဆူညံနေလေသည်။ရှရန်သည် စီတုအန်းထံမှ ကြားခဲ့ရသည်များကို ပြန်ပြောနေ၏။ကြောက်စရာအကောင်းဆုံး ဗီလိန်နှစ်ယောက်သည် ကောင်းမင်၏ နှလုံးသားထဲတွင် ကြောက်စရာကောင်းသောအရာများကို အစီအစဉ်ဆွဲနေကြလေသည်။

"မင်းတို့နှစ်ယောက်လုံး အဓိပ္ပါယ်ရှိတယ် "

ကောင်းမင်သည် သူရူးတစ်ယောက်ကဲ့သို့ သူ့ကိုယ်သူ စကားပြောလိုက်သည်။

"ဟန်ဟိုင်းရဲ့ လူထုက အခုချိန်မှာ မူမမှန်မှုတွေကို ယုံကြည်သေးမှာ မဟုတ်ဘူး ၊ စုံစမ်းစစ်ဆေးရေးဌာနက တချို့အကြောင်းပြချက်တွေကြောင့် ဒါကို ဖုံးကွယ်ထားတယ် ၊ အရိပ်ကမ္ဘာက အဲ့ဒီသရဲတွေတောင် လက်တွေ့ကမ္ဘာက လူတွေကို သိမ်းပိုက်ပြီးနောက် ပိုနှိမ့်ချနေကြမှာ "

"ဒါပေမယ့်လည်း သူတို့လုပ်သမျှ အားလုံးက ငါ့အတွက် အချိန်ပိုရစေနိုင်မှာမို့ ခြောက်ခြားဇာတ်လမ်းတွေ ဟန်ဟိုင်းတစ်မြို့လုံးကို မပျံ့နှံ့ခင် အရာအားလုံး ငါပြင်ဆင်ထားလို့ရတယ် "

ကောင်းမင်က သူပိုင်ဆိုင်ထားသည့် လူသေဓာတ်ပုံများကို ရေတွက်လိုက်သည်။

"မြို့ထဲက သရဲတွေရဲ့ အဆင့်တွေနဲ့ အခက်အခဲမျိုးစုံကြားက ခြားနားချက်ကို ငါ ဆုပ်ကိုင်ထားတယ် ၊ ဒါပေမယ့် ဂိမ်းကောင်းတစ်ခုဆိုတာ သေခြင်းတရားနှင့် ခြောက်ခြားမှုပဲ ရှိတာမဟုတ်ဘူး ၊ ဆုလာဒ်ကောင်းတစ်ခု ပိုင်ဆိုင်စေဖို့လဲ လိုအပ်တယ် ၊ မြို့သားတွေရဲ့ ပံ့ပိုးကူညီမှုကို ရဖို့အတွက် ငါက စိတ်ပျက်အားငယ်မှုထဲ ကျနေတဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အ၀ ထုတ်လွှတ်နိုင်ဖို့ သူတို့ကို မျှော်လင့်ချက်ပေးဖို့ လိုတယ် "

သူ့စိတ်ထဲတွင် ဟန်ဟိုင်း ၁၉ခရိုင်၏ မြေပုံပေါ်လာခဲ့သည်။ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာန၏ တည်နေရာအားလုံးကို မှတ်မိပေသည်။ဌာနများသည် စခန်းအသစ်ကို စတင်သောအခါ ပုံမှန်အားဖြင့် ၎င်းတို့သည် မူမမှန်ဖြစ်ရပ်အထင်ရှားဆုံးနေရာကို ရွေးချယ်လေ့ရှိသည်။

"မြို့တော်အရှေ့ပိုင်းက ကွင်းစ်ဌာနနဲ့ စတင်လိုက်တာပေါ့ ၊ 'ကစားသမား' အားလုံးရဲ့ ယုံကြည်မှု၊ မျှော်လင့်ချက်နဲ့ စိတ်ခံစားချက်တွေ ရဖို့ သင့်တော်တဲ့ အန္တရာယ်အဆင့်နဲ့ ထိန်းချုပ်နိုင်တဲ့ မူမမှန်ဖြစ်ရပ်တွေကို ငါဖန်တီးလိုက်မယ် ၊ ဒါပြီးရင် အဲ့ဒါတွေကို သူဌေးကျန်းဆီပို့လိုက်မယ် ဒါဆို သူက စည်းမျဉ်းတွေကို ထိန်းချုပ်နိုင်တဲ့ သရဲနီတစ်ကောင်ဖြစ်လာလိမ့်မယ် "

ဟန်ဟိုင်း၏ တစ်ဦးတည်းသော ခြောက်ခြားဂိမ်းဒီဇိုင်နာတစ်ယောက်အနေဖြင့် ကောင်းမင်သည် မိုးရေထဲသို့ ဦးတည်လျှောက်သွားလိုက်ပြီး သူ့အိတ်ကပ်ထဲမှ လူသေဓာတ်ပုံများကို ထိတွေ့လိုက်လေသည်။

All Chapters