← Chapters

ကစားပွဲ စပြီ

Vol. 14 Ch. 199

ကစားပွဲ စပြီ

Vol. 14 Ch. 199

လီချွန်း၏ မိဘများကွယ်လွန်သွားပြီးနောက် လီချွန်းသည် ချွန်းထျန်းအိမ်ယာကို အမွေဆက်ခံခဲ့သည်။သူသည် သူ့အလုပ်မှ ထွက်ခဲ့ပြီး အိမ်ငှားခများကောက်ခံခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေခဲ့သည်။ အိမ်ပိုင်ရှင်ဖြစ်ရခြင်းက ဘဝကို ငြီးငွေ့စေသောကြောင့် သူ့တိုက်ခန်းကို စတင်ပြုပြင်ပြောင်းလဲခဲ့သည်။ရှင်းလုမှ သူဝယ်ထားခဲ့သော ပစ္စည်းများဖြင့် သူ့အိမ်ငှားမိသားစုများ၏ ဈေးပေါသည့် စောင့်ကြည့်ရေးစနစ်ကို သူဖောက်ထွင်းခဲ့သည်။နေ့တိုင်းလိုလိုပင် သူသည် သူ့အိပ်ခန်းထဲတွင် ပုန်းကွယ်၍ အိမ်ငှားများ၏ ဘဝများကို ထောက်လှမ်းနေခဲ့သည်။သူ့အိမ်ငှားအားလုံးထဲတွင် သူသည် ကျိုက်မေ့မေ့ကို အကြိုက်ဆုံးဖြစ်သည်။မိန်းမခန္ဓာကိုယ်နှင့်ပတ်သက်သည့် စိတ်ကူးယဉ်မှုတိုင်းကို သူကြိုက်နှစ်သက်လေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကျိုက်မေ့မေ့ ရုတ်တရက်ပျောက်ဆုံးသွားချိန်တွင် သူသည် အခြားလူများထက် ပို၍ စိုးရိမ်နေခဲ့သည်။သူသည် မည်သည့်အာသီသမှ မရှိတော့ပဲ ဒေါသထွက်လွယ်လာခဲ့သည်။သူသည် သူ့ပတ်ဝန်းကျင်မှာ အရာရာတိုင်းကို ကျိန်ဆဲနေရင်း ကျိုက်မေ့မေ့မှာ ရည်းစားအသစ်တစ်ယောက်ရသွားခဲ့ပြီဟု ယုံကြည်နေခဲ့သည်။ထိုမိန်းမအား မည်သို့ အပြစ်ပေးရမည်ကို သူကြံစဉ်နေစဉ် ကျိုက်မေ့မေ့မှာ အိမ်ပြန်ရောက်လာခဲ့သည်။သူမ၏ ခန္ဓာကိုယ်သည် စိုရွှဲ‌နေခဲ့သည်။သူမသည် ကြောက်မက်ဖွယ်ကောင်းနေကာ စိတ်လွတ်နေပုံရသည်။

"သူ့ရည်းစားနဲ့ လမ်းခွဲလာခဲ့တာလား "

လီချွန်းသည် သူ့တံခါးနောက်တွင် ပုန်းအောင်း၍ ကော်ရစ်ဒါမှ ခြေသံများကို နားထောင်နေခဲ့သည်။သူသည် သူ့ခန္ဓာကိုယ်ပေါ် နင်းဖြတ်နေသည့် ရှူးဖိနပ်များကို စိတ်ကူးယဉ်နေခဲ့သည်။ကျိုက်မေ့မေ့၏ အခန်းတံခါးပိတ်သံကြားလိုက်သည်နှင့် သူသည် သူ့အိပ်ခန်းထဲသို့ အလျင်အမြန်ပြေးလိုက်ပြီး ရှင်းလုမှောင်ခိုဈေးကွက်မှရခဲ့သော Hacking ကိရိယာများကို ဖွင့်လိုက်သည်။လီချွန်းသည် သူ့လက်ချောင်းများကိုက်၍ စခရင်ကို စိုက်ကြည့်လိုက်သည်။သူသည် ကျိုက်မေ့မေ့၏ ခန္ဓာကိုယ်အား မြည်းစမ်းနိုင်ရန် ဆန္ဒရှိနေလေသည်။

စိုစွတ်နေသော အဝတ်များကို ကြမ်းပြင်ပေါ် ချွတ်ချလိုက်သည်။နောက်ဆုံးတွင် အတွင်းခံပင် ချွတ်ပစ်လိုက်လေသည်။လီချွန်းသည် စခရင်ပေါ်တွင် အားလုံးမြင်နေရလေသည်။သူသည် အသိစိတ်လွှတ်သွားတော့သည်။သူသည် ရှာတွေ့ခံရမည်ကိုပင် ဂရုမစိုက်တော့ပဲ ကင်မရာများကို ထိန်းချုပ်လိုက်သည်။သူသည် ကျိုက်မေ့မေ့၏ ပုံရိပ်လေးတစ်ခုကိုပင် လွတ်မသွားချင်ပေ။

"ငါ သူ့လုပ်ရိုးလုပ်စဉ်ကို ပိုသိလာရင် သူ့အိပ်ရာအောက်မှာ ပုန်းနေလိုက်မယ် ၊ မဟုတ်ဘူး၊ ငါသူ့ရဲ့ကိုယ်သင်းရနံ့တွေဖုံးလွှမ်းနေတဲ့ အဝတ်အစားတွေထည့်ထားတဲ့ ဗီရိုထဲမှာ ပုန်းနေလိုက်မယ် ! "

လီချွန်းသည် သူ့စိတ်ထဲတွင် စိတ်ကူးယဉ်ပုံရိပ်များ ပြည့်နေပြီး အလွန်စိတ်လှုပ်ရှားနေ၏။အံဆွဲထဲမှ လျှို့ဝှက်ရိုက်ယူထားသော ဓာတ်ပုံများကို ထုတ်ယူလိုက်သည်။ မော်နီတာဘေးရှိ ဓါတ်ပုံများကို တိပ်ခွေထဲ ‌ပြောင်းထည့်လိုက်ချိန်တွင် ရုတ်တရက် ကျိုက်မေ့မေ့၏ ခန္ဓာကိုယ်သည် စခရင်ပေါ်တွင် ရူးသွပ်စွာ ပုံပျက်ပန်းပျက်ဖြစ်လာကြောင်း သူမြင်လိုက်ရသည်။လီချွန်း၏ မျက်စိများပြူးကျယ်သွားတော့သည်။သူမြင်နေသည်ကို သူမယုံကြည်နိုင်ပေ။

"သူ ...သူ ..."

လူ့မျက်နှာများသည် ကျိုက်မေ့မေ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားပေါ်တွင် တိုက်ခိုက်နေကြလေသည်။သူတို့အားလုံး လွတ်မြောက်ချင်နေကြသည်။ကျိုက်မေ့မေ့သည် ကင်းခြေများတစ်ကောင်ကဲ့သို့ ကင်မရာဆီ ခုန်လိုက်ချိန်တွင် လီချွန်းသည် စိတ်ရှုပ်ထွေးသွားခဲ့သည်။ရင်းနှီးနေသော မျက်နှာသည် အလှတရားများမရှိတော့ပေ။ကြောက်မက်ဖွယ်ရာ ကောင်းနေတောသည်။

လီချွန်း၏ဖုန်းမှာ ကြမ်းပြင်ပေါ်လွှတ်ကျသွားသည်။မော်နီတာဆီမှ သူနောက်ပြန်ဆုတ်လိုက်သည်။သူ့ဒူးခေါင်းနားတွင် စွပ်လျက်သားဖြစ်နေသော အတွင်းခံဘောင်းဘီကြောင့် သူကုန်းကုန်းကွကွဖြစ်သွား၏။ကျိုက်မေ့မေ့သည် စခရင်၏တစ်ဖက်မှ တဆင့် သူ့အသံကို ကြားနိုင်သည်ဟု ခံစားမိသောကြောင့် သူ့ပါးစပ်ကို အုပ်ထားမိလိုက်သည်။

"ငါ ဘာမှ မမြင်ပါဘူး..."

လီချွန်းသည် ထွက်ပြေးချင်နေသော်လည်း ကျိုက်မေ့မေ့သည် စခရင်ပေါ်သို့ မြွေလိမ်မြွေကောက်ဖြင့် တွားတက်လာကြောင်း မြင်လိုက်ရသည်။သူမသည် သူမအိမ်မှ ထွက်လာခဲ့ပြီး သူ့နေ‌ရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်!။

တံခါးအား လက်သည်းများဖြင့် ကုတ်ခြစ်နေသံသည် ကြက်သီးထဖွယ်ရာဖြစ်နေလေသည်။လီချွန်းသည် သူ့နားများကို ပိတ်ထားလိုက်သော်လည်း အသံများက သူ့စိတ်ထဲ တိုးဝင်နေဆဲပင်။မိနစ်များစွာ ကြာသောအခါ ကျိုက်မေ့မေ့သည် ရုတ်တရက်ပျောက်ကွယ်သွားလေသည်။လီချွန်းက ကွန်ပျူတာဆီပြန်သွားလိုက်သည်။တိုက်ခန်းများအားလုံး၏ ကင်မရာများကို သူစစ်ဆေးလိုက်သော်လည်း ကျိုက်မေ့မေ့ကို သူရှာမတွေ့တော့ချေ။

"သူ...သူ ဘယ်ရောက်သွားတာလဲ "

လီချွန်သည် ရုတ်တရက်ကျောချမ်းသွား၏။သူ့စိတ်ထဲတွင် ကြောက်မက်ရာအတွေးတစ်ခု ပေါ်လာလေသည်။ကင်မရာများ၏ တစ်ခုတည်းသောမျက်ကွယ်နေရာသည် သူ့အခန်းပင်ဖြစ်သည်။

လီချွန်းက မော့ကြည့်‌လိုက်သည်။ကျိုက်မေ့မေ့သည် မျက်နှာကျက်ပေါ်တွင် တွားသွားနေခြင်းဖြစ်သည်။ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှ အငြိုးကြီးသရဲများ လွတ်မြောက်ရန် ကြိုးစားနေကြသည်။

"အနား ကပ်မလာနော် ! "

မုန်တိုင်းက သူ့အော်ဟစ်သံကို ဝါးမြိုပစ်လိုက်သည်။လီချွန်း၏ ခန္ဓာကိုယ်သည် လက်တစ်စုံကြောင့် ဆွဲဖြဲခံလိုက်ရသည်။သွေးများက ကြမ်းပြင်ပေါ် ဖြာခနဲပင်။မကြာမီ အပိုင်းပိုင်းဖြစ်နေသော ခန္ဓာကိုယ်သည် ပြန်ချုပ်ခံလိုက်ရသည်။သရဲတစ်ကောင်က အမှောင်ထဲပျော်ဝင်သွားပြီး လီချွန်းသည် ပြန်လည် ထရပ်လိုက်လေသည်။

သူ့မျက်နှာသည် မဲမှောင်နေ၏။သူ့မျက်လုံး အနက်ထဲတွင် အနက်ရောင်လိုင်းများ ကူးခတ်နေလေသည်။လီချွန်းက သူ့မျက်နှာကို ထိတွေ့လိုက်ပြီး မှန်ကိုကြည့်လိုက်သည်။သူက ညီးတွားလိုက်ပြီး

"ငါက နှာဘူးတစ်ကောင်နဲ့ အရမ်းတူနေတာပဲကွာ ၊ငါ့ရဲ့အရင်အထောက်အထားဖြစ်တဲ့ မာထုံက ငါ့အတွက် ပိုကောင်းတဲ့ ဝတ်စုံလို့တွေးမိနေတုန်းပဲ "

ကျိုက်မေ့မေ့သည် အိမ်ယာရှိ မတူညီသောတိုက်ခန်းများမှ တွားသွားထွက်သွားသည်။မာထုံသည် လီချွန်း၏ ခန္ဓာကိုယ်အား လှုပ်ရှား၍ အသားကျအောင်ပြုလုပ်လိုက်သည်။သူက ကွန်ပျူတာရှေ့တွင် ထိုင်လိုက်သည်။

"ငါ့လိုမျိုး အငြိုးကြီး(ပူးကပ်ခံ)သရဲတွေနဲ့ ကျောင်းသားတွေ အများကြီးရှိတယ် ၊ တစ်မြို့လုံး ဒီလိုကိစ္စတွေ ဖြစ်ပွားနေလိမ့်မယ် ၊ သရဲတွေက ဘယ်တိုက်ခန်းမဆို ပုန်းနေ‌နိုင်တယ် "

"ငါတို့ဟာ နေ့ဘက်မှာ လူသားလို ဟန်ဆောင်ပြီး ညဘက်ကျရင် ငါတို့ နာကြည်းခြင်းအခန်းတွေ တည်ဆောက်ဖို့ အစားအစာတွေ ရရလိမ့်မယ် ၊ ဘာကိစ္စမှ မဖြစ်ပျက်ဘူးဆိုရင်တော့ ကျိုက်မေ့မေ့နဲ့ငါက သရဲနီတွေ ဖြစ်လာမယ့် အခွင့်အရေးရှိတယ် "

မော်နီတာထဲတွင် ကျိုက်မေ့မေ့သည် အိပ်ပျော်နေသော အိမ်ငှားများ၏ အိပ်ရာဘေးတွင် ပေါ်လာ၏။သူတို့ နိူးလာသည့်အချိန်တွင် သူတို့မျက်လုံးများသည် ပြောင်းလဲသွားပြီဖြစ်သည်။

"သက်ရှိက သက်ရှိကို ထောက်လှမ်းနေတယ် ၊ ငါတောင် ဒီအဆင့်ထိ အောက်တန်းကျမှာ မဟုတ်ဘူး "

မာထုံသည် လီချွန်း၏ ကွန်ပျူတာမှ သိက္ခာပျက်ပြားသည့် ဗီဒီယိုများကို ဖျက်ပစ်လိုက်သည်။သူသည် ဝဘ်ဆိုက်ကို ဖျက်မည်ပြုချိန်တွင် သူ့မေးလ်ဘောက်ထဲမှ ဗီဒီယိုတစ်ပုဒ်ကို မတော်တဆတွေ့လိုက်မိသည်။ပို့သူ၏ အမည်သည် 'အခန်း၁၃ ကယ်တင်ခြင်း' ဟူ၏။

"အခန်း ၁၃လား ၊ ငါ့ရဲ့လူယုတ်မာသူငယ်ချင်းအုပ်စုက အင်တာနက်ပေါ်မှာ အုပ်စုမေးလ်တစ်ခု ပို့ထားတာလား "

အခန်း ၁၃ မှ တစ်စုံတစ်ယောက်သည် နောက်ကွယ်တွင် ရှိနေသကဲ့သို့ ခံစားရသည်။ သူက ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။ဗီဒီယိုထဲတွင် ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ယူနီဖောင်းဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ထားသော လူတစ်ယောက်ကို ပြသလိုက်သည်။ဗီဒီယိုထဲမှ လူသည် မှောင်မဲနေသည့် အခန်းထဲတွင် ထိုင်နေ၏။သူက တွန့်ဆုတ်သည့်လေသံတစ်ခုဖြင့် ပြောလိုက်သည်။

"ညသန်းခေါင်ပြီးရင် လက်တွေ့ဘဝက ခြောက်ခြားဂိမ်းဟာ အမှန်တကယ် စတင်လိမ့်မယ် ၊ ခင်ဗျားတို့ ကျုပ်ကို မယုံကြည်လို့ရပါတယ် ဒါပေမယ့် ခင်ဗျားနဲ့ ခင်ဗျားမိသားစု လုံခြုံရေးအတွက် အနည်းဆုံး ကျုပ်ပြောမယ့်ဟာကို နားထောင်ပေးမယ်လို့ မျှော်လင့်ပါတယ် "

"ပထမအနေနဲ့ သရဲတွေဟာ လူသားတွေအဖြစ်ဟန်ဆောင်နေကြလိမ့်မယ် ၊ တကယ်လို့ ခင်ဗျားဟာ ခင်ဗျားပတ်ဝန်းကျင်က လူတစ်ယောက်ဟာ ညတွင်းချင်း အမူအကျင့်တွေ ပြောင်းလဲသွားသလို ထူးထူးဆန်းဆန်း လုပ်ဆောင်နေမယ်ဆိုရင် ကျေးဇူးပြုပြီး မတုံ့ဆိုင်းပဲ သူတို့နဲ့ ဝေးဝေးမှာ နေပါ ! "

"ဒုတိယ ကျေးဇူးပြု၍ ခင်ဗျားဘဝကို ပုံမှန်ပဲ ဆက်နေပါ ၊ ပတ်ဝန်းကျင်က လူတွေကို ခင်ဗျားရဲ့ အကြောက်တရားကို မပြပါနဲ့ ၊ ခင်ဗျား ပုံမှန်အတိုင်းနေမှ ရမယ် ! ခင်ဗျား ပုံမှန် မတုန့်ပြန်လေ သူတို့ရဲ့အာရုံကို ပိုဆွဲဆောင်မိလေ ဖြစ်လိမ့်မယ် ! "

"တတိယအနေနဲ့ ညဘက်မှာ ခင်ဗျားအိမ်က မထွက်မိအောင် ကြိုးစားပါ ၊ သူတို့ဟာ နေ့ဘက်မှာ လူသားတွေအဖြစ် ဟန်ဆောင်ထားပေမယ့် ညဘက်မှာ အစာစားကြလိမ့်မယ် ! အကယ်၍ ညဘက်မှာ ခင်ဗျား အပြင်ထွက်ရလို့ရှိရင် ကျေးဇူးပြုပြီး မိုးမသောက်ခင် အိမ်မပြန်ပါနဲ့ မဟုတ်ရင် သူတို့ဟာ ခင်ဗျားရဲ့ အိမ်ကို လိုက်ပါလာလိမ့်မယ် ! "

"စတုတ္ထ ဟန်ဟိုင်းဟာ ဧရာမ ဂိမ်းဧရိယာတစ်ခုဖြစ်လာလိမ့်မယ် ၊ မူမမှန်ဖြစ်ရပ်တိုင်းက သေမင်းဂိမ်းတစ်ခုပဲ ၊ မူမမှန်ဖြစ်ရပ်ကနေ ခင်ဗျားရှင်သန်နိုင်ခဲ့ရင် အကျိုးကျေးဇူးတချို့ရလာလိမ့်မယ် ဒါပေမယ့် ခင်ဗျား ဘာရခဲ့တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပါနဲ့ "

"ပဉ္စမအနေနဲ့ စုံစမ်းစစ်ဆေးရေးဌာနကို မယုံပါနဲ့ ! သူတို့ဟာ အမှန်တရားကို သိတဲ့ အခန်း ၁၃ကျောင်းသားတွေကို လိုချင်နေကြတယ် ၊ သူတို့ဟာ ကန့်သတ်ခံထားရတယ် ၊ သူတို့ကို ကူညီခြင်းက ခင်ဗျားရဲ့ ရှင်သန်ခွင့်ကို တိုးစေလိမ့်မယ် "

“ဆဋ္ဌမ…”

ဗီဒီယိုထဲရှိ လူများက စည်းကမ်းများကို ရွက်ပြနေ၏။မာထုံက ဗီဒီယိုထဲမှ လူကို လေ့လာရန် သူ့ခေါင်းကို လိမ်လိုက်သည်။ထိုဗီဒီယိုကို သူတို့တင်ဝံ့သည့် ဆိုလိုချက်မှာ သူတို့သည် စုံစမ်းစစ်ဆေးရေးဌာနကို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးဌာနသည် အမိန့်ကို ထိန်းသိမ်းရန် အကောင်းဆုံး ကြိုးစားနေသော်လည်း ထို ပိုစ့်တင်သူသည် တည်ရှိနေသော စည်းမျဉ်းကို ဖျက်ဆီးချင်ရုံသာမက စည်းမျဉ်းအသစ်တစ်ခုကို တည်ဆောက်လိုခြင်းဖြစ်သည်။

"ဒီလူက အမှန်တရားကို သိနေတယ် ၊ မျက်နှာအောက်က မျက်နှာက ဘယ်သူများလဲ ၊ ဝမ်ကျားလား ၊ လျိုယီလား ၊ ဒါမှမဟုတ် ကောင်းမင်လား "

ထိုအခန်းသည် မည်မျှ ရူးသွပ်ကြောင်း မာထုံသိပေသည်။ဤအရာများသည် ထင်ရှားသော လူအနည်းစုဖြစ်သော်လည်း အဆုံးအထိ ပုန်းကွယ်နေသော အခြားကျောင်းသားများစွာ ရှိသေးသည်။

All Chapters