နင် ငါ့ကို မြင်ရတယ်
Vol. 14 Ch. 198
ဖူဟို့သည် မြို့တော်အရှေ့ပိုင်းဌာနမှ လူများကို ကယ်တင်ရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။သူတို့သည် မြို့တော်အရှေ့ပိုင်းတွင် စတုတ္ထမြောက်ခံစစ်လိုင်းကို တည်ဆောက်ထားကြသည်။ဟန်သဲ့ပုဂ္ဂလိက အကယ်ဒမီ၏ မူမမှန်ဖြစ်ရပ်သည် အထိန်းအကွပ်မဲ့သွားပြီဖြစ်ကြောင်း ဌာနချုပ်များကို အသိပေးခဲ့ပြီးဖြစ်သည်။စီတုအန်း ပျောက်ဆုံးသွားမှန်း သိလိုက်ရပြီးနောက် အဖွဲ့အများအပြားက သူတို့လူများကို ပြန်လည်ခေါ်ယူထားကြ၏။
"ဘလော့တုန်းတွေ ချထားကြဟေ့ ! လမ်းတွေကို ချိတ်ပိတ်ထား ! ယာဉ်တွေအကုန်လုံး မသွားစေနဲ့ ! လူတိုင်းကို စစ်ဆေးကြစမ်း ! တစ်ယောက်မှ မလွတ်စေနဲ့ ! "
ကျောင်းမှ ပုံမှန်သရဲများသည် မည်သူ့ကို မဆို ပူးကပ်ထားနိုင်ပေသည်။စုံစမ်းစစ်ဆေးရေးဌာနသည် သူတို့ မည်မျှအန္တရာယ်ရှိကြောင်း သိလေသည်။သူတို့သည် မြို့တော်အရှေ့ပိုင်း၏ စီးပွားရေးအချက်အချာနေရာတွင် ဘေးအန္တရာယ်၏ အတိုင်းအတာကို ကန့်သတ်ရန် ကြိုးပမ်းနေကြသည်။
"သွားကြ ! ငါတို့က မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနကပဲ "
"စစ်ဆေးနေတာ ရပ်လိုက်စမ်း ! "
"သူက ရှင်းလုက လုံခြုံရေးဌာနခေါင်းဆောင်ပဲကွ ၊ မင်း ကန်းနေလား "
"အခု ရပ်လိုက်စမ်း "
နက်မှောင်နေသော သေနတ်ပြောင်းဝများသည် မြို့တော်အရှေ့ပိုင်းသို့ တိုးဝှေ့ဝင်လာချင်နေသော စုံစမ်းရေးမှုးများကို ချိန်ရွယ်ထား၏။ယခုတွင် ကျိုးကျွင်း ဦးဆောင်သော စီတုအန်း၏ မူလလက်အောက်ငယ်သားများသည် အဆုံးတွင် အရှုံးပေးရန်မှတပါး ရွေးချယ်စရာမရှိပေ။ စီတုအန်း သည် ပျောက်ဆုံးနေပြီး အဖွဲ့အားလုံး၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။
"အုပ်စုသုံးခုအဖြစ် မင်းတို့ကို သီးသန့်ခွဲထားရမယ် ! ဆရာဝန်တွေ ! ဆရာဝန်တွေ ဒီကိုလာခေါ်ကြစမ်း ! "
စတုတ္ထခံစစ်လိုင်းမှ လူများက ကျိုးကျွင်းနှင့် သူ့အဖွဲ့ကို ထိန်းသိမ်းထားလိုက်သည်။ဖူဟို့ပင်လျှင် ကားထဲ ဖိတ်ခေါ်ခံထားရသည်။
"ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာနက ဘာတွေ စီစဉ်နေတာလဲကွ "
ဖူဟို့သည် ကုသရေးကိရိယာ ရှေ့တွင် ထိုင်လိုက်ရသည်။သူက ကားနံရံကို လက်သီးဖြင့် ထိုးပစ်လိုက်သည်။
"ဒါတွေအားလုံးက သတ္တုပြားတွေပဲ ၊ ဒီကားက ရာဇဝတ်သားတွေကို ပို့တဲ့နေရာမှာ သုံးတာပဲကွာ "
"ဌာနချုပ်တွေက ဆုတ်ခွာဖို့ အမိန့်မပေးခဲ့ဘူး ၊ ဒါကေမယ့် ခင်ဗျားက စုံစမ်းရေးမှုးတွေကို ထွက်သွားဖို့ပြောခဲ့တယ် "
ကျိုးကျွင်းသည် ပူထူနေပြီဖြစ်သည်။စီတုအန်းမှာ သေဆုံးပုံရသည်။သူ့အား ဘယ်သူမှ ကာကွယ်ပေးနိုင်တော့မည်မဟုတ်ချေ။ယင်းသည် သူ့အတွက် အန္တရာယ်အကြီးကြီးဖြစ်သော်လည်း အခွင့်ရေးကြီးတစ်ခုလည်းဖြစ်သည်။စီတုအန်းရှိနေချိန်တွင် သူသည် စီတုအန်းကို အလုပ်အကျွေးပြုနိုင်ရုံသာဖြစ်သည်။ယခုတွင် သူသည် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ပြီး ပိုမြင့်မားစွာ ရည်မှန်းနိုင်မည်ဖြစ်သည်။
မတော်တဆမှုများဖြစ်မည်ကို စိုးရိမ်သဖြင့် ကားရပ်ကာ အချိန်အတော်ကြာမှ ထွက်ရန် အမိန့်ပေးခဲ့သည်။
"ခင်ဗျားတို့ရဲ့ လက်နက်တွေနဲ့ ဆက်သွယ်ရေး ကိရိယာတွေ ပေးပါ ၊ ခင်ဗျားတို့ ပူးကပ်ခံထားရတာ ဟုတ်မဟုတ် မသေချာခင် ခင်ဗျားတို့ ဒီသီးသန့်ခန်းမှာ နေရလိမ့်မယ် ၊ မကြာခင် ခင်ဗျားတို့ကို စမ်းသပ်ဖို့ ကျုပ်တို့ရဲ့ လူတွေလာလိမ့်မယ်”
သူတို့လက်နက်များကို လေ့ကျင့်နေရင်း အစောင့်များ၏လေသံမှာ အေးစက်နေ၏။ ယင်းက ဖူဟို့ကို ဒေါသထွက်သွားစေသည်။
"နောက်ဆုံးတော့ ဟန်ဟိုင်း ဌာနချုပ်ကို ငါ ကောင်းကောင်းကြည့်ခဲ့ရပြီ ၊ သရဲတစ္ဆေတွေအတွက် မင်းတို့ဘာမှ မလုပ်နိုင်ပေမယ့် မင်းတို့မှာ လူသားတွေအတွက် ကုသနည်းမျိုးစုံရှိနေတာပဲ "
ဖူဟို့က ကုတင်ပေါ်တွင်ထိုင်လိုက်သည်။သူ့ဒဏ်ရာများသည် ဆိုးဝါးနေခဲ့သည်။
"စကား မပြောနဲ့တော့ "
ကျိုးကျွင်း၏ မျက်နှာမှာ မဲမှောင်နေခဲ့သည်။
"ခင်ဗျား ဒဏ်ရာတွေက အရမ်းပြင်းတယ် ဒါပေမယ့် ဌာနချုပ်က ခင်ဗျားကို အကောင်းဆုံးအထောက်အပံ့တောင် မပေးခဲ့ဘူး ၊ ဆိုလိုတာက ဌာနချုပ်ဟာ ခင်ဗျားအပေါ် နူတ်ဆိတ်နေလိုက်ဖို့ ဆုံးဖြတ်လိုက်တာပဲ "
"သူတို့ လုပ်ရဲလား "
"ဒါက ရှင်းလု မဟုတ်ဘူး ၊ ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာ ခင်ဗျားသေရမှာက ပုံမှန်ပဲ "
ကျိုးကျွင်းသည် နာကျင်နေသော်ငြားလည်း အခန်းတစ်ခုထဲ ရွေ့ပြောင်းခံလိုက်ရသည်။မကြာမီ ယွမ်ဟွေ့နှင့် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနမှ စုံစမ်းရေးမှုးအနည်းငယ်သည်လည်း ရွေ့ပြောင်းခံလိုက်ရသည်။
အားလုံးထိုနေရာသို့ ရောက်လာပြီးနောက် ရုတ်တရက် အမှောင်ကျသွား၏။သူတို့ရှေ့ရှိ နံရံတွင် မှိန်ဖျော့ဖျော့ ပရိုဂျက်တာပုံရိပ်တစ်ခု ပေါ်လာလေသည်။သူတို့နားထဲ ရေဒီယိုအသံတစ်ခု ဝင်လာလေသည်။ပရိုဂျက်တာဆီမှ အော်ဟစ်သံများကို သူတို့ကြားနေရသည်။လက်အိတ်အဖြူဖြင့် စားပွဲပေါ်တင်ထားသော လက်တစ်စုံကို သူတို့အားလုံးမြင်လိုက်ရသည်။
"စီတုအန်းပျောက်ကွယ်သွားချိန်မှာ သူ့အနီးမှာ ဘယ်သူရှိလဲဆိုတာ မှတ်မိဖို့ မင်းတို့မှာ အချိန်သုံးမိနစ်ရှိတယ် ၊ ဘာတစ်ခုမှ မချန်ထားနဲ့ "
စက်ရုပ်ဆန်ဆန်အသံတစ်ခုက ပြောလိုက်သည်။အခန်းထဲရှိလူများမှာ တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။မူမမှန်မှုသည် ထိန်းချုပ်မှုလွတ်ကင်းနေပြီဖြစ်သည်။ကျောင်း အကြောင်းကို မေးရမယ့်အစား ဌာနချုပ်က စီတုအန်းရဲ့တည်နေရာကို ပိုစိတ်ဝင်စားနေတာလား!။
"အကြီးအကဲက နောက်ဆုံးအချိန်ထိ ကျောင်းထဲက သရဲတွေနဲ့ တိုက်ခိုက်နေခဲ့တာပါ ၊ သူဟာ ဘယ်တုန်းကမှ အရှုံးမပေးချင်ခဲ့ပါဘူး "
ကျိုးကျွင်းက ဒဏ်ရာရနေသော သူ့ခန္ဓာကိုယ်အား ဒရွက်ဆွဲ၍ ပရိုဂျက်တာရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
"သရဲတွေက ရုံးခန်းအဆောက်အအုံကို ဝိုင်းထားပြီး နံရံတွေကို ဖြိုချပစ်ခဲ့လို့ မူမမှန်ဖြစ်ရပ်ကို အထိန်းအကွပ်မဲ့သွားစေခဲ့ပါတယ် ၊ အကြီးအကဲဟာ ရှေ့ဆုံးက တိုက်ခိုက်နေပြီး နောက်ဆုံးမှာ တိုက်ခိုက်မှု အပြင်းထန်ဆုံးဖြစ်တဲ့ ပထမခံစစ်လိုင်းမှာ ပျောက်ဆုံးသွားခဲ့တာပါ "
ကျိုးကျွင်းသည် စကားလုံးများ၏ အကျိုးအပြစ်ကို သိလေသည်။ သူသည် အပြစ်အားလုံးကို စီတူအန်းထံသို့ ထိရောက်စွာ ပုံချလိုက်သည်။ သူ့စကားများ၏ နောက်ကွယ်မှ အဓိပ္ပါယ်မှာ စီတုအန်းသည် သူထွက်ပြေးရန် ကြိုးစားရင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
"မင်းတို့ထဲက စီတုအန်းနဲ့ အနီးကပ်ဆုံးလူက ဘယ်သူလဲ "
အဖြူရောင်လက်အိတ်က မေးလိုက်သည်။အချိန်တစ်ချို့ကြာပြီးနောက် ကျိုးကျွင်းက ခေါင်းမော့လိုက်သည်။
"ကျုပ်ပါပဲ "
"အဲ့ဒီတုန်းက ဘာတွေဖြစ်ပျက်ခဲ့လဲ အသေးစိတ်ကို ပြောပြစမ်း "
"ရှင်းလုက လုံခြုံရေးအဖွဲ့ သေဆုံးခဲ့တယ် ၊ ပြီးပြည့်စုံတဲ့ အနီရောင်တစ္ဆေပေါ်လာခဲ့တယ် ၊ အကြီးအကဲဟာ အနီရောင်တစ္ဆေနောက်မှာ ရပ်နေပြီး ကျောင်းက အသန်မာဆုံး သရဲနီသုံးကောင်နဲ့ တိုက်ခိုက်နေခဲ့တယ် ၊ သူတို့က တားမြစ်စာသင်ခန်းက အနုပညာဆရာမ ၊ ကျောင်းအုပ်အိုကြီး ယန်ရှီကျီးနဲ့ မြေအောက်ဓာတ်ခွဲခန်းက ယိုလျန်းတို့ပဲ "
ကျိုးကျွင်းက ယင်းကို ပြန်တွေးလိုက်သည်။
"အကြီးအကဲနောက်ကို တစ်ယောက်ယောက်လိုက်နေတယ်လို့ ကျုပ်ထင်တယ် "
"ဘယ်သူလဲ"
"ကျုပ်ရဲ့ ကျောင်းနေဘက်ဟောင်း ဝမ်ကျားပဲ ၊ သူ့ရဲ့ ပထမဦးလေးက အနောက်ပိုင်းဆိပ်ကမ်း စုံစမ်းစစ်ဆေးရေးဌာနက ဝမ်လန်ပဲ ၊ သူ့အဖိုးက ဟန်ဟိုင်းကုန်သွယ်ရေးအသင်းမှာပါတယ် ၊ သူ့အဖေက နိုင်ငံခြားကို မကြာခဏသွားလေ့ရှိတယ် ၊ သူက Deep Space Tech ကလို့ ကျုပ်ယုံကြည်တယ် "
ကျိုးကျွင်းက စီဆန်းကို ဖယ်၍ ဆက်ပြောလိုက်သည်။
"ကျုပ်ရဲ့ ကျောင်းနေဘက်ဟောင်း နှစ်ယောက်ရှိသေးတယ် ၊ တစ်ယောက်က လျိုယီပဲ ၊ သူရဲ့ မိသားစုနောက်ခံကတော့ ရိုးရှင်းပါတယ် ၊ သူက ဆွံ့အ နားမကြားသူတွေကို ကူညီနေတဲ့ ရှေ့နေတစ်ယောက်ပဲ ၊ နောက်တစ်ယောက်ကတော့ ကောင်းမင်ပါ ၊ သူဟာ ဟန်ရှန်းအကျဉ်းထောင်ရဲ စိတ်ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် မကြာသေးခင်က သူ့ကျန်းမာရေးစစ်ဆေးမှု ကျရှုံးတာကြောင့် အလုပ်ထုတ်ခံခဲ့ရတယ် "
"သူတို့အားလုံး မင်းရဲ့အထက်တန်းကျောင်းက သူငယ်ချင်းတွေပဲလား ၊ သူတို့က ဘာလို့ မူမမှန်ဖြစ်ရပ်ထဲ ရှိနေရတာလဲ "
"ဒီမူမမှန်ဖြစ်ရပ်ထဲက သရဲတစ်ကောင်က လွန်ခဲ့တဲ့ ဆယ်နှစ်က ကျုပ်တို့ရဲ့ သူငယ်ချင်းပါပဲ ၊ သူက အခန်း ၁၃က ကျောင်းသားအားလုံးကို ကျောင်းကို ဖိတ်ခေါ်ခဲ့တယ် ၊ သရဲရဲ့နာမည်က ကောင်းယန်တဲ့ ၊ အကြီးအကဲ ပျောက်မသွားခင်က သူလည်း အကြီးအကဲနောက် လိုက်နေခဲ့တာ "
ကျိုးကျွင်းသည် စီတုအန်းနောက် အချိန်တစ်ချို့လိုက်ပါခဲ့ရသည်။သူသည် စီတုအန်းထံမှ အမှန်တစ်ဝက် အမှားတစ်ဝက်ပြောသည့် ကိစ္စများကဲ့သို့ အရာများစွာ သင်ယူခဲ့လေသည်။
အဖြူရောင်လက်အိတ်များသည် စဉ်းစားနေသကဲ့သို့ တစ်ဒေါက်ဒေါက်ခေါက်နေ၏။ခဏကြာပြီးနောက် စက်ရုပ်အသံက ပြောလိုက်သည်။
"စီတူအန်း၏ ပျောက်ဆုံးမှုဟာ ကိစ္စတွေအများကြီးကို လွှမ်းမိုးထားတယ် ၊ ဒါကို လူထုဆီကနေ ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အခု မင်းအတွက် ငါ့မှာ မေးခွန်းတချို့ရှိတယ် ၊ ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာ ပိတ်မိနေတဲ့လူ ဘယ်လောက်ရှိလဲ ၊ ပြီးတော့ သရဲပူးခံထားရတဲ့လူတွေ ဘယ်လောက်ရှိလဲ "
"လေးရာ ပတ်ဝန်းကျင်လောက်..."
အလေးအနက်ဖြစ်နေသော ကျိုးကျွင်းကြောင့် သူနှောက်ယှက်ခံလိုက်ရသည်။
"လူပေါင်း ၄၅၃၄ ယောက် "
ထိုအရေအတွက်သည် အခန်းထဲရှိ လူတိုင်းကို ထိတ်လန့်သွားစေ၏။ကျိုးကျွင်းသည် ရွေးချယ်စရာမရှိသော်လည်း ယင်းကို သဘောတူလိုက်ရသည်။စီတုအန်းမှာ ပျောက်ဆုံးနေခဲ့သည်။ကျိုးကျွင်းသည် သူ့ပြစ်မှုများအတွက် ကျရှုံးလိမ့်မည် မဟုတ်ပါပေ။ ထို့ကြောင့် ကျိုးကျွင်းသည် စီတုအန်းကြောင့် ထိခိုက်နစ်နာခဲ့သူအားလုံးကို နစ်နာသူအရေအတွက်ထဲ ပေါင်းထည့်ခဲ့သည်။ကျောင်းကြီးသည် အထိန်းအကွပ်မဲ့သွားသောကြောင့် လူတိုင်းသည် သရဲများ၏ သတ်ဖြတ်ခံခဲ့ရသည်ဟု ယူဆနိုင်သည်။ယင်းသည် သူနှင့်မသက်ဆိုင်ပေ။သီးသန့်ခန်းတွင် မေးခွန်းများ ဆက်တိုက်မေးနေ၏။ ဟန်ဟိုင်းသည် ဤနာရီအနည်းငယ်အတွင်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
**
ကျိုက်မေ့မေ့သည် အရှေ့ဘက်ကျေးလက်ဒေသရှိ သူမ၏အိမ်သို့ ကြောက်ရွံ့စွာပြေးလွှားနေလေသည်။လွန်ခဲ့သည့် ရက်အနည်းငယ်က အတွေ့အကြုံသည် သူမကို ရူးသွပ်သွားစေခဲ့သည်။ သူမသည် ဖိနပ်ကို ကန်ချွတ်လိုက်ပြီး အိပ်ယာပေါ် လှဲချလိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူမ၏ မျက်နှာမှာ ဖြူဖျော့နေ၏။
"ငါ ထွက်လာပြီ ၊ နောက်ဆုံးတော့ အဲ့ဒီနေရာကြီးကနေ ငါထွက်လာနိုင်ပြီ ၊ ဘတ်စ်ကားပေါ်က သရဲတွေက ငါ့အိမ်ကိုတော့ လိုက်မလာနိုင်လောက်ပါဘူး "
သူမ၏ခန္ဓာကိုယ်သည် ပါးလွှာသည့် စောင်အောက်တွင် ခိုက်ခိုက်တုန်နေလေသည်။ကျိုက်မေ့မေ့အိမ်မှ လုံခြုံရေးကင်မရာများသည် အလိုအလျောက်ရွေ့လျားလာ၏။ကင်မရာများသည် ယင်းတို့ နောက်ကွယ်တွင် နှာဘူးများ ရှိနေသကဲ့သို့ ကုတင်ဆီသို့ ဖြည်းညှင်းစွာ ရွေ့သွားကြသည်။
"ဘတ်စ်ကားပေါ်ကနေ သရဲတွေ ဆင်းလာတာ ငါမတွေ့ခဲ့ဘူး ၊ သူတို့က ဘတ်စ်ကားပေါ်မှာ တခြားကျောင်းသားတွေနဲ့ အတူတူရှိနေတုန်းပဲ ဖြစ်မယ် ! "
ကျိုက်မေ့မေသည် ကြောက်ရွံ့မှုကြောင့် အော့အန်နေလေသည်။သူမသည် အိပ်ယာပေါ်ထထိုင်ရင်း ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။သူမက ရေစိုအဝတ်အစားများကို လွှင့်ပစ်လိုက်သည်။သူမ၏ အဝတ်အစားများသည် ကြမ်းပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းနေ၏။ကင်မရာအားလုံးသည် သူမ၏ ဖော်ပြထားသော ခန္ဓာကိုယ်အား ကြည့်နေကြသည်။ သူမ ကိုယ်လုံးတီးနီးပါးဖြစ်နေချိန်တွင် ကျိုက်မေ့မေ့၏ လက်မောင်းသည် ထူးဆန်းသောထောင့်တစ်ခုဆီသို့ ရုတ်တရက်ကွေးသွား၏။ တစ်စုံတစ်ယောက်က သူမအား အနောက်မှ လည်ပင်းညစ်ထားခြင်းဖြစ်သည်။
"မဖြစ်နိုင်ဘူး ! ဘတ်စ်ကားပေါ်က သရဲတွေ ရှိနေတာပဲ ! သူတို့က ငါ့နောက်ကို ဘတ်စ်ကားထဲက ဆင်းလိုက်မလာကြပါဘူး ! "
သူမ၏ ချောမွေ့နေသော ကျောပြင်တွင် သွေးစွန်းအမာရွက်များ ပေါ်ထွက်လာလေသည်။သူမ၏ ကျောပြင်တွင် ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားများ၏ မျက်နှာများ ပေါ်ထွက်လာကြသည်။သူမ၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ရာ ထောင့်ချိုးတစ်ခုအဖြစ် တွန့်လိမ်သွားသည်။
"ငါနဲ့အတူ ဘယ်သူမှ ဘတ်စ်ကားပေါ်က ဆင်းလာတာကို မတွေ့ခဲ့ဘူး ! "
သူမခန္ဓာကိုယ်ပေါ်ရှိ လူ့မျက်နှာများက အော်ဟစ်လိုက်ရာ ကျိုက်မေ့မေ့၏ ခန္ဓာကိုယ်သည် မုန့်ကြိုးလိမ်ကဲ့သို့ ကွေးကောက်သွားတော့သည်။သူမ၏ ခန္ဓာကိုယ်ထဲတွင် သူမ၏ခန္ဓာကိုယ်အား သိမ်းပိုက်လိုသော နာနာဘာဝများစွာ ရှိနေလေသည်။
"ကယ်ကြပါ ! ကယ်ကြပါဦး ! "
ကျိုက်မေ့မေ့သည် ရုတ်တရက် သူမလည်ပင်းကို လိမ်ချိုးလိုက်ပြီး လူသားကင်းခြေများတစ်ကောင်ကဲ့သို့ ကင်မရာများဆီတွားသွားလိုက်သည်။
"နင်ငါ့ကို မြင်နေရတယ်ဆိုတာ ငါသိတယ် ! နင် ငါ့ကို မြင်ရတယ် ! "