← Chapters

လီဟော်ရန်၏နတ်ဝိညာဉ်

Vol. 43 Ch. 644

လီဟော်ရန်၏နတ်ဝိညာဉ်

Vol. 43 Ch. 644

ဂိုဏ်းချုပ်ချင်လူဝင်စားဘယ်သူဖြစ်ဖြစ် အစက မူပိုင်ယိအရေးမစိုက်ခဲ့. ချင်ဟော်ရန်လို မွဲတေနေသူတစ်ယောက်က ဘာအမွေချန်ခဲ့နိုင်မည်နည်း။

အဖိုးတန်ပစ္စည်းတစ်ခုခုရှိလျှင် အရင်ကတည်းက ရောင်းချပြီးဖြစ်မည်။ ယခုချိန်ထိ ရှိနေမည်မဟုတ်။

ဒုဂိုဏ်းချုပ်သုံးယောက်ကိုတော့ ထိုကိစ္စ သူထုတ်မပြော။ ချင်ဟော်ရန်အမွေကို လုချင်နေလျှင် လွှတ်ပေးထားလိုက်ရုံသာရှိသည်။

ဘယ်အိမ်ပေါ် ဘယ်ပန်းကျကျ သူ့ကိစ္စမဟုတ်။

သို့သော်ယခု အခြေအနေကမတူတော့။ ကောင်းကင်ရုံးတော်ဂိုဏ်း၏စွမ်းအားက မျက်စိရှေ့တွင်ရှိနေသည်။ ချင်ယန်ယန် လူဝင်စားဟုတ်ဟုတ်မဟုတ်ဟုတ် ဟုတ်ကိုဟုတ်ရတော့မည်။

ကျားမကွဲပြားမှုက ကိစ္စမရှိ။ လူဝင်စားပြီးလျှင် လိင်မပြောင်းရဟူသည့် သတ်မှတ်ချက်လည်းမရှိ။

ထို့ပြင် ကောင်းကင်ရုံးတော်ဂိုဏ်းတွင် ကောင်းကင်ပဲဝါအရှင်နှင့် ဖီးနစ်ဘိုးဘေးရှိသည်။ သူတို့သည် ဒုဂိုဏ်းချုပ်သုံးယောက်ထက် ပိုစွမ်းအားကြီးသည်။ ထို့ကြောင့် သူတို့သတ်မှတ်ထားသည့်လူသည် သေချာပေါက် ယုံကြည်ရသည်။

ချင်ဟော်ရန်လူဝင်စားကို တကယ်ရှာတွေ့ထားသည်ဆိုလျှင် ပိုပြည့်စုံသွားသည်။ သူသည် လူဝင်စားသံသရာ၏သက်သေဖြစ်သည်။

ကိုးငရဲဂိုဏ်းအတွက် ထိုထက်ကောင်းသည့်သတင်းမျိုး လုံးဝမရှိ။

ဖုန်ဒူကို ပင်ပင်ပန်းပန်း တည်ဆောက်နေသည်ကလည်း ထိုအချက်ကိုပင် သက်သေပြဖို့ဖြစ်သည်။

မူပိုင်ယိထံမှ နောက်ထပ်အသုံးဝင်မည့်အချက်အလက်မျိုး ရစရာမရှိသဖြင့် ယွမ်ကျိက ခပ်တိုတိုနှုတ်ဆက်ပြီး ချက်ချင်းထပြန်သွားသည်။

ကောင်းကင်ရုံတော်ဂိုဏ်းမှလူများ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားသည်။ မူပိုင်ယိနှင့် ကာကွယ်သူများလည်း အသက်ရှူချောင်သွားသည်။

ဂိုဏ်းချုပ်ယွမ်ရှိနေသည့်က အလွန်စိတ်ဖိအားများသည်။ မျက်နှာချင်းဆိုင်ထိုင်နေရသည်ပင် အားနည်းသလိုခံစားရသည်။

"ဟူး...ပြန်သွားကြပြီပဲ"

အသက်ပြင်းပြင်းရှူရမည်ကိုပင် မူပိုင်ယိကြောက်နေခဲ့သည်။ အဆက်မပြတ်စိုးရိမ်ပူပန်နေရသည်။ စကားမှား၍ ရှေးစွမ်းအားရှင်နှစ်ယောက် ဒေါသထွက်မည်ကို ကြောက်နေခဲ့ရသည်။

.....

ယွမ်ကျိက လုယန်တို့ကို တိမ်ပျံဖြင့် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ခေါ်သွားသည်။

ဟန်ပြခေါ်လာသည့် အကြီးအကဲလေးယောက်ထွက်သွားပြီးနောက် ကိုးငရဲဂိုဏ်း၏ဇစ်မြစ်အကြောင်း စတင်သုံးသပ်ကြသည်။

မသေမျိုးများနှင့်ပတ်သက်သည့် ကိစ္စသည် အန္တရာယ်များသည်။ အကြီးအကဲများသိလည်း ဒုက္ခဖြစ်ဖို့သာရှိသည်။ အကျိုးမရှိနိုင်။ မသိသည်က ပိုကောင်းသည်။

လုယန်နှင့် မုန်ကျင်းကျိုးတို့က ကြားညှပ်နေပြီးသားဖြစ်၍ သိသိမသိသိ သိပ်မထူးတော့။

"ကိုးငရဲဂိုဏ်းရဲ့ ဖြစ်တည်မှာက ထင်ထားတာနဲ့ မတူဘူး။ အစက ထာဝရဂိုဏ်းလိုပဲ အရိယဖလသန္ဓေတည်ဆောက်ချင်လို့ ဂိုဏ်းတည်တည်ထောင်တယ်ထင်ခဲ့တာ။

ကိုးငရဲဂိုဏ်းတည်ဘိုးဘေးဖြစ်ရပ်ကိုကြည့်ရင် 'ပြန်မွေးဖွားခြင်းအရိယဖလသန္ဓေ'အရင်ပေါ်ပြီးမှ ကိုးငရဲဂိုဏ်းဖြစ်တည်လာတဲ့သဘောပဲ။

ပြန်မွေးဖွားခြင်းအရိယဖသန္ဓေကို ဘယ်သူတည်ဆောက်ခဲ့တာလဲ"

"ညီလေးလီကို မေးကြည့်မလား။ ကိုးခုမြောက်ဘဝဆိုတော့ မူပိုင်ယိထက် သူပိုသိလောက်တယ်"

လုယန် အကြံပြုသည်။

လီဟော်ရန်သည် လူဝင်စားသံသရာ၏ အခိုင်မာဆုံးသက်သေဖြစ်သည်။ ချင်ဟော်ရန်၏မှတ်ဉာဏ်များလည်း ရှိနေသည်။ မူပိုင်ယိထက် သေချာပေါက်ပိုသိလိမ့်မည်။

"ကောင်းသားပဲ"

ယွမ်ကျိစိတ်က ပြတ်သားမြန်ဆန်သည်။ အားလုံးကိုဦးဆောင်၍ ပဥ္စမတောင်ထိပ်သို့ တန်းသွားသည်။

"သူက တံခါးပိတ်ကျင့်နေတာလား"

လီဟော်ရန်၏ လှိုဏ်ဂူတံခါး ပိတ်ထားသည်။ တံခါးပေါ်တွင် ဖုန်မှုန်များတင်နေသည်။ တံခါးပိတ်ကျင့်နေသည်မှာ တစ်လလောက်ကြာခဲ့သည့်သဘောဖြစ်သည်။

"သူက နတ်ဝိညာဉ်အဆင့်တက်ဖို့ပြင်နေတာပဲ"

ယွမ်ကျိက လှိုဏ်ဂူထဲသို့ ဝိညာဉ်အာရုံဖြန့်ကြည့်လိုက်သည်။

"သူ့ကျင့်စဉ်တိုးတက်မှုကိုကြည့်ရင် နေ့တစ်ဝက်အတွင်း အဆင့်တက်တော့မှာပဲ။ စောင့်ကြရအောင်"

"ကောင်းပါပြီ"

နေ့တစ်ပိုင်းက ကျင့်ကြံသူများအတွက် မျက်တောင်တစ်ခတ်သာကြာသည်။

"အဆင့်တက်တော့မယ်"

လှိုဏ်ဂူထဲမှ စွမ်းအင်လှိုင်းများ စိမ့်ထွက်လာသည်။ နတ်ဝိညာဉ်အဆင့်တက်တော့မည့် လက္ဓဏာဖြစ်သည်။

ဂူထဲမှစွမ်းအင်များ ဆူနာမီလှိုင်းကဲ့သို့ ထိုးခွဲထွက်လာသည်။ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားပြီး ထွက်ပေါက်တွေ့လိုက်ရသည့် မီးတောင်တစ်လုံးလိုပင်ဖြစ်သည်။

"ဘုန်း"

အမြင့်ဆုံးအခြေအနေတွင် ရွှေသန္ဓေထဲတွင် ပုန်းကွယ်နသည့်စွမ်းအားများ ပေါက်ကွဲသွားသည်။

ပြင်းထန်သည့်မီးစွမ်းအင်က သိပ်သည်းလွန်းသဖြင့် ဂိုဏ်းဂူပင် စက်ကွင်းမလွတ်။

တာအိုလမ်းစဉ်ဂိုဏ်းက ဂိုဏ်းတပည့်များအတွက် အရည်အသွေးမြင့်သည့် လှိုဏ်ဂူများပေးထားသည်။ နတ်ဝိညာဉ်အဆင့်တက်သည့်စွမ်းအားကို ထိန်းထားနိုင်စွမ်းရှိသည်။

မုန်ကျင်းကျိုးအဆင့်တက်စဉ်ကတော့ တမင်လုပ်ခြင်းဖြစ်သည်။

ကြောက်စရာကောင်းသည့်မီးစွမ်းအားက သူ့သခင်ခန္ဓာကိုယ်ထဲသို့ စုဝင်သွားသည်။ ထို့နောက် ဝုန်းခနဲ တံခါးပွင့်လာသည်။ လီဟော်ရန်၏ အော်ဟစ်ရယ်မောသံကြားရသည်။

"ဟားဟားဟား၊ ငါနတ်ဝိညာဉ်အဆင့်ကို ရောက်ပြီကွ"

ထို့နောက် ယွမ်ကျိတို့အဖွဲ့ တံခါးဝတွင်ထိုင်နေသည့်ကို မြင်လိုက်ရသဖြင့် သူ့ရယ်သံ တိခနဲရပ်သွားသည်။

"အ...အမယွမ်"

"အင်း"

အမယွမ်ကို ရုတ်တရက်မြင်လိုက်ရသဖြင့် သူဘယ်လိုတုံ့ပြန်ရမှန်းမသိတော့။

"မင်းအသက်ရှူနှုန်းကို အရင်တည်ငြိမ်အောင်ထိန်းလိုက်ပါ။ အဆင့်တက်ပြီးစအချိန် ပျော်လွန်းဝမ်းနည်းလွန်းတာတွေဟာ မကောင်းဘူး"

"ဪ...ဟုတ်ကဲ့"

လီဟောရန် အမြန်တင်ပျဉ်ခွေထိုင်၍ စိတ်ငြိမ်မန္တာန်ကိုရွတ်ပြီး အသက်ရှူနှုန်းကိုထိန်းလိုက်သည်။

မျက်လုံးပြန်ဖွင့်ချိန်တွင် သူ့ကိုအနီးကပ်ကြည့်နေသည့် မုန်ကျင်းကျိုးမျက်နှာကို မြင်လိုက်ရသဖြင့် သူအတော်လန့်သွားသည်။

"ဘာလုပ်နေတာလဲ အကိုမုန်။ ကျုပ်လန့်လို့သေတော့မယ်"

"မင်းတည်ဆောက်ထားတာ ဘယ်လိုနတ်ဝိညာဉ်မျိုးလဲ ကြည့်နေတာပါ။ ငါငှားသုံးလို့ရမလားလို့"

"ဒါဆို ဘယ်လိုအမျိုးအစားလဲ ခန့်မှန်းမိပြီလား"

"ဟင့်အင်း"

လီဟော်ရန် နှာခေါင်းရှုံ့သွားသည်။

ဒီဟာမျိုးကို အနီးကပ်ကြည့်ရုံနဲ့ သိနိုင်မှာတဲ့လား...

မုန်ကျင်းကျိုးမျက်နှာကို သူတွန်းဖယ်လိုက်သည်။

"နောက်ဆုတ်ပါ။ ကျုပ်ပြမယ်"

အမယွမ်ရှိနေသဖြင့် ကြွားလုံးထုတ်ဖို့ အခွင့်အရေးကောင်းဖြစ်သည်။

သူ့နတ်ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။ တစ်ခြားနတ်ဝိညာဉ်များနှင့် အရောင်အသွေးချင်းမတူ။ မီးနီရောင်နတ်ဝိညာဉ်ဖြစ်သည်။

"မီးတောက်စစ်နှစ်မျိုးစုပ်ယူထားတဲ့ နတ်ဝိညာဉ်လား"

ယွမ်ကျိနှင့်ကျန်းလျန်ယိတို့သည် နတ်ဝိညာဉ်များစွာမြင်ဖူးသည်။ အထူးသဖြင့် ကျန်းလျန်ယိသည် ရှေးဟောင်းခေတ်ပါရမီရှင်များ၏ နတ်ဝိညာဉ်မျိုးစုံကို မြင်ဖူးသည်။

လုယန်၊ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့၏ နတ်ဝိညာဉ်မျိုးတော့ မမြင်ဖူးကြ။

"မီးဝိညာဉ်မြစ်ကျင့်ကြံသူတွေက ဒီလိုနတ်ဝိညာဉ်မျိုး ဖန်တီးနိုင်ခြေရှိတယ်။ မီးဓာတ်သဘာဝရှိပြီး ကလေးရုပ်ရည်မျိုးရှိလို့ ကျင့်ကြံသူလောကမှာ ဒီလိုနတ်ဝိညာဉ်မျိုးကို ခေါ်ကြတဲ့နာမည်က-"

"ကလေးနီလား"

လုယန် လွှတ်ခနဲထွက်သွားသည်။

"ဟော်ယင်ပါ။ ဒါပေမယ့် ဒါကနာမည်သက်သက်ပါ။ ရှောင်မုန်ရဲ့ တစ်ကိုယ်တော်ဝိညာဉ်မြစ်ကို သန့်စင်ယန်ဝိညဉ်မြစ်လို့ ခေါ်သလိုပေါ့။ မင်းခေါ်ချင်ရင် ကလေးနီလို့လည်း ခေါ်လို့ရပါတယ်"

"မီးတောက်"

လီဟော်ရန် အော်ဟစ်လိုက်သည်။ ဟော်ယင်၏စွမ်းအားကြောင့် သူ့ခန္ဓာကိုယ်မှ မီးတောက်စစ်များထွက်လာသည်။ ဘယ်ရန်သူမှ မကပ်နိုင်အောင်တားဆီးထားသည်။

"မင်းနတ်ဝိညာဉ်မှာ တစ်ခြားစွမ်း‌ဆောင်ရည်မျိုးရှိသေးလား"

မုန်ကျင်းကျိုးက ထပ်မေးသည်။

လီဟော်ရန် တဟားဟားအော်ရယ်ပြီး မီးတောက်စစ်ကို ပြန်ဖျောက်သည်။

"ရှိတာပေါ့။ ဒါပေမယ့် အားလုံးက သဘောတရားအရ ဖြစ်နိုင်ခြေမျိုးပဲ။ ကျုပ်ကို ပြင်ဆင်ချိန်ခဏပေးပါ"

လီဟော်ရန် မျက်မှော်ကျုံ့လျက် အတော်ကြာအောင် အသံတိတ်သွားသည်။ သူ့နတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲပြန်သိမ်းသည်။ ထို့နောက် နာကျင်စူးရှစွာ အော်ဟစ်လိုက်သည်။

ဘုန်းခနဲ အသံမြည်၍ လီဟော်ရန်ခန္ဓာကိုယ် ပေါက်ကွဲထွက်သည်။ ခြေလက်လေးခု၊ ကိုယ်ပိုင်းနှင့် ခေါင်းပိုင်း ပြန့်ကျဲလွင့်ပျံသွားသည်။

မုန်ကျင်းကျိုး အတော်ရင်ထိတ်သွားသည်။

တစ်ခြားလူများအေပါ် အားကိုးနေရသည့်အဖြစ်ကို လီဟော်ရန် ဆက်မခံစားနိုင်တော့၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ခြင်းလားမသိ။

ထိုစဉ် လီဟော်ရန်က လေထဲတွင် လွတ်လပ်စွာပျံသန်းနေသည်။ ကိုယ်တစ်ပတ်လှည့်သည်။ ကျွမ်းထိုးသည်။ ရယ်မောနေရင်း သူရှင်းပြသည်။

"မလန့်ပါနဲ့ အကိုမုန်။ ဒါက ကျုပ်နတ်ဝိညာဉ်ရဲ့အစွမ်းပဲ"

ပြောနေရင်းမှာပင် လီဟော်ရန်၏ သူ့ခြေလက်များနှင့်ခန္ဓာကိုယ် ပြန်စုစည်းသွားသည်။ တစ်ယောက်ယောက်က ထိန်းချုပ်နေမှန်းသိသာသည်။

"ပြန်မွေးဖွားခြင်းရွှေသန္ဓေက ပြတ်သွားတဲ့ခြေလက်တွေကို ပြန်ပေါက်အောင်လုပ်နိုင်တယ်။ နတ်ဝိညာဉ်အဆင့်ရောက်ပြီးတော့ ဒီစွမ်းရည်က ပိုအဆင့်မြင့်လာတယ်။

ကျုပ်ခန္ဓာကိုယ် ဒီလိုတစ်ခုစီဖြစ်သွားရင်တောင် ထိန်းချုပ်ပြီး ပြန်ဆက်လို့ရတယ်။ ဒါပေမယ့် ခေါင်းကိုထိရင်တော့ ပြန်တည်ဆောက်ဖို့ စွမ်းအားအရမ်းကုန်တယ်။ ဒါကြောင့် ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာ"

ခြေလက်နှင့်ခန္ဓာကိုယ် အကောင်းပကတိအတိုင်းဖြစ်သွားသည်။ လီဟော်ရန်၏ဦးခေါင်းက အဝေးတစ်နေရာတွင်ရှိနေသည်။ သူ့မျက်နှာတွင် ဝံ့ကြွားသည့်အမူအရာမျိုး ပေါ်နေသည်။

"ဒီလိုနေရင် ကျုပ်ခေါင်းကို မထိတော့ဘူးလေ"

*********************************

All Chapters