မုန်ကျင်းကျိုး၏လုပ်ကွက်သစ်
Vol. 43 Ch. 635
ရိုးရှင်းသည့်စိတ်ရှိခြင်းသည် အမြဲတမ်းအဆိုးတော့မဟုတ်။ ထိုလူမျိုးသည် ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံတွန်းလှန်ရာတွင် ထိရောက်သည်။
ဘိုးဘေးစွမ်းအားရထားသည့်အရိုးရိုင်းကို ဝိညာဉ်စွမ်းအားဖြင့်တိုက်ခိုက်လျှင် ထိရောက်မှုရှိပါ့မလားဟု လုယန်သံသယဝင်နေသည်။
သာမန်လူများက ဝိညာဉ်တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်သည်။ ဝိညာဉ်စွမ်းအားပိုကြီးသူ ပိုကောင်းကောင်းသုံးတတ်သူများကို ကြည့်ဖို့လိုသည်။
သို့သော် စိတ်ဓာတ်ရိုးရှင်းသူများက ထိုသို့မဟုတ်။
သူတို့သည် ဝါဂွမ်းနှင့်တူသည် ဝိညာဉ်စွမ်းအင်သက်ရောက်မှုကို အားနည်းအောင်လုပ်နိုင်စွမ်းရှိသည်။
အပြင်ပန်းအရ အရိုးရိုင်း၏ နတ်ဝိညာဉ်သည် အင်အားကြီးသည်။ သို့သော် လက်တွေ့အသုံးပြုရာတွင် ကြီးမားသည့်ချို့ယွင်းချက်တစ်ခုရှိသည်။ ဘိုးဘေးအားလုံးကို အပြည့်အဝ မမှတ်မိနိုင်ခြင်းဖြစ်သည်။
အရိုးရိုင်းကိုလည်း အပြစ်တင်၍မရ။ ရှေးဟောင်းအရိုင်းမျိုးနွယ်၏ ယဉ်ကျေးမှုအဆင့်အရ လက်ဆင့်ကမ်းလာသည့် ဘိုးဘေးပန်းချီပုံသိပ်မရှိ။
ကျန်ခဲ့သည့်ပုံများကလည်း ပန်းချီကျွမ်းကျင်သည့် ခရီးသွားကျင့်ကြံသူများကြောင့်သာဖြစ်သည်။
ထို့ကြောင့် ဘိုးဘေးအားလုံး၏မျက်နှာကို အရိုးရိုင်းမသိ။ ရုပ်ရည်သွင်ပြင်နှင့် တိုက်ဆိုင်ခန့်မှန်းကြည့်၍မရ။
နတ်ဝိညာဉ်အသုံးပြုချိန်တွင် မသေချာမရေရာမှုများစွာရှိသည်။
"ဒီဘိုးဘေးရဲ့နာမည်က အချိန်ကာလကြာလို့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ဘိုးဘေးရဲ့ဒဏ္ဍာရီတွေကိုတော့ လက်ဆင့်ကမ်းခဲ့ကြတယ်။
ဘိုးဘေးရဲ့စိတ်က ရိုးရှင်းပေမယ့် သူ့ကံကြမ္မာက ထူးခြားတယ်တဲ့။ သူ့လုပ်ရပ်တွေက ရည်မှန်းချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်သွားရင်တောင် နောက်ဆုံးကျရင် သူ့ရည်ရွယ်ချက် အောင်မြင်တယ်တဲ့။
ပြီးတော့ တစ်ခါမှာ ဘဝတာအိုနဲ့ သူထိတွေ့ခဲ့တယ်။ သူနားလည်ခါနီးလေးမှာ နှောက်ယှက်ခံလိုက်ရတာ တကယ်ဝမ်းနည်းစရာပဲ"
မျိုးနွယ်ထဲတွင် ထိုဘိုးဘေး၏အဆင့်အတန်းက ပြောစရာမလိုတော့။
"နတ်မယ်၊ အရိုးရိုင်းပူဇော်နေတဲ့ဘိုးဘေးကို မှတ်မိလား"
လုယန် နတ်မယ်မရုံမရဲဖြင့်ကြည့်သည်။ ထိုနတ်ဝိညာဉ်ဘိုးဘေးသည် နတ်မယ်၏ ပထမသားကောင်များထဲမှတစ်ယောက်ဖြစ်နိုင်သည်။
"မန်အားကုမဟုတ်လား။ သူ့ကိုကောင်းကောင်းသိတာပေါ့။ ဒီကောင်လေးက ငါ့သင်ကြားချက်တွေကို တကယ်အာရုံစိုက်ပြီးနားထောင်ခဲ့တာ။
အတန်းပြီးတဲ့အချိန် မေးခွန်းအများဆုံးမေးတာသူပဲ။ နတ်ဆိုးမျိုးနွယ်တွေက မူလပုံစံနဲ့ဆို အဝတ်အစားမဝတ်ဘဲ လူအသွင်ပြောင်းတဲ့အခါ ဝတ်ရတာလဲဆိုတာမျိုးတွေပေါ့။
သင်ယူချင်တဲ့သူ့စိတ်ဓာတ်ကလေးက တစ်ခြားအရိုင်းမျိုးနွယ်တွေ မိုင်ထောင်ချီရှေ့ရောက်ခဲ့တာ။ သူ့သဘာဝဉာဏ်ရည်က ငါ့အဆင့်အတန်းကို မရောက်နိုင်လို့သာပေါ့"
နတ်မယ် စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချသည်။ ထိုကျောင်းသားကို သူမျှော်လင့်ထားခဲ့သည်။ သို့သော် ပါရမီဆိုသည်က ဇွဲကောင်းရုံဖြင့် ဖြစ်လာသည်မဟုတ်။
ထိုဘိုးဘေးသည် သေချာပေါက် နတ်မယ်ကြောင့်နစ်နာသူဖြစ်လောက်သည်ဟု လုယန်တွေးမိသည်။
"ဒီကလေးက မကြာခဏလမ်းပျောက်တယ်။ တစ်ခါက အရိုင်းမျိုးနွယ်ဆီသူပြန်လာတယ်။ ဒါပေမယ့် ဦးတည်ဘက်မှားသွားတယ်။ မြောက်ကြယ်ကမ္ဘာကို တစ်ပတ်ပတ်ပြီးမှ မျိုးနွယ်ဆီပြန်ရောက်တော့ အတန်းနောက်ကျသွားပြီလေ။
အတန်းထဲမှာ ငါသင်ခဲ့တာတွေကို သူမှတ်ထားတယ်။ ကျင့်ကြံသူတွေဟာ စွန့်ဦးတီထွင်စူးစမ်းတဲ့စိတ်မျိုး ရှိဖို့လိုတယ်လို့ ငါသင်ခဲ့တယ်။
သူက သားအမိမြစ်ရေကို အတင်းသောက်ပြီး ကိုယ်ဝန်ရမရစမ်းသပ်တယ်။ ချင်ဟဲက သူ့ကိုတားပြီး မျိုးနွယ်ဆီပြန်ပို့လိုက်ရတယ်။
နောက်တစ်ကြိမ်မှာ မိန်းကလေးကျင့်ကြံသူတစ်ယောက်ရေချိုးနေတဲ့ ရေကန်ထဲကို အမှတ်မထင် သူကူးသွားမိတယ်။
မိန်းကလေးခန္ဓာကိုယ်ကို သူအမှတ်မထင်မြင်သွားတယ်။ မိန်းကလေးက အော်တယ်။ ပြဿနာတက်တယ်။ လျော်ကြေးတောင်းတယ်။
ယောက်ျားကျင့်ကြံသူနှစ်ယောက် ခုန်ထွက်လာပြီး အကြောင်းရင်းသေချာရှင်းမပြရင် ဒီနေ့အဆုံးသတ်လှမှာမဟုတ်ဘူးလို့ ပြောတယ်။
မန်အားကုံက ဒီလိုအခြေအနေမျိုး တစ်ခါမှမကြုံဖူးတော့ ဘာလုပ်ရမှန်းမသိဘူး။ ကံကောင်းချင်တော့ ငါသင်ခဲ့တာကို သူပြန်သတိရလာတယ်။
လူတွေဟာ မျှတမှုရှိရမယ်။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး။ အမှားရှိရင် ပြင်ရမယ်။ ဒီထက်မျှတတာမျိုး မရှိဘူးဆိုတာလေ"
"နောက်တော့ရော"
"သူကပြောတယ်။ 'မင်းခန္ဓာကိုယ်ကို ငါကြည့်ခဲ့တယ်။ ဒီတော့ ငါ့ခန္ဓာကိုယ်ကိုလည်း မင်းကြည့်လို့ရပါတယ်။ ဒါမှတရားမျှတမှာ'တဲ့။ အဲဒါပြီးတော့ သူအဝတ်စချွတ်တယ်။
ဟိုအရူးသုံးယောက်က အဲဒီ့အဓိပ္ပါယ်ကို နားမလည်ဘူး။ မန်အားကုံက ဝိညာဉ်ကျောက်ထုတ်မပေးတာမြင်တော့ ဝိုင်းတိုက်ကြတယ်။ ဒါပေမယ့် မနိုင်ကြပါဘူး"
လုယန် "..."
ထိုဘိုးဘေးသည် တကယ်စွမ်းအားကြီးသည်။
"မင်းတို့အားလုံး ဘာလို့ဒီရောက်နေတာလဲ။ ငါ့ကိုတောင် အတူစားသောက်ဖို့မခေါ်ဘူးပေါ့"
မုန်ကျင်းကျိုးက အသားကင်ဆိုင်ထဲသို့ ကိုယ့်အိမ်ကိုယ့်ယာလို အေးအေးလူလူဝင်လာသည်။
အသားကင်ဆိုင်ဘေးမှဖြတ်သွားရင် သူသွားရည်ယိုလာသည်။ ဆိုင်ထဲရောက်သည်နှင့် လုယန်တို့သုံးယောက်နှင့် အရိုးရိုင်း၏နတ်ဝိညာဉ်ကိုမြင်ပြီး အံ့ဩသွားသည်။
"ညီလေးအရိုးရိုင်း၊ မင်းရဲ့နတ်ဝိညာဉ်က အတော်အသက်ကြီးတာပဲ"
ပြီးတော့ မင်းနဲ့လည်းလုံးဝမတူဘူး။...ထိုစကားကိုအသံထွက်မပြောမိအောင် သူကြိုးစားထိန်းလိုက်ရသည်။
အရိုးရိုင်းက သူ့နတ်ဝိညာဉ်ကိုပြန်သိမ်းပြီး ဘိုးဘေးကိုယ်စား ပူဇော်ထားသည့် အသားကင့်များကိုစားသည်။
ထိုနတ်ဝိညာဉ်၏ မူလဇာတ်ကြောင်းကို ရှင်းပြသည်။ မုန်ကျင်းကျိုး စုပ်တသပ်သပ်ဖြင့် အံ့ဩနေသည်။
"ဘိုးဘေးစွမ်းအားကိုယူသုံးနိုင်တယ်ပေါ့။ သွေးဆက်ကောင်းချီးရထားတဲ့ နောက်ဆုံးအရိုင်းမျိုးနွယ် ပီသပါပေတယ်။
တကယ်ထူးခြားတဲ့နတ်ဝိညာဉ်ပဲ။ ညီလေးအရိုးရိုင်း သိပ်မကြာခင် လုယန်ကိုကျော်တက်ပြီး မျိုးဆက်တူထဲမှာ လောကရဲ့နံပတ်နှစ်နတ်ဝိညာဉ်အဆင့် ဖြစ်လာတော့မယ်ထင်တယ်"
လုယန်က မုန်ကျင်းကျိုးကို မျက်လုံးစွေကြည့်သည်။
"လောကနံပတ်တစ်နတ်ဝိညာဉ်က ဘယ်သူလဲ"
မုန်ကျင်းကျိုးက သူ့ကိုယ်သူလက်ညှိုးထိုးပြသည်။
"ငါပဲပေါ့"
"မင်းက အမွှာဝိညာဉ်အဆင့်မဟုတ်လား။ ဘာလို့ နတ်ဝိညာဉ်အဆင့်လို ဟန်ဆောင်နေတာလဲ"
လုယန်က တမင်ခနဲ့သည်။
(ရွှေသန္ဓေ၊'အမွှာဝိညာဉ်အဆင့်'၊ နတ်ဝိညာဉ်အဆင့်။ နတ်ဝိညာဉ်အဆင့်မရောက်သေးသည့် ကြားကျကျအဆင့်တစ်ခုဟု ရည်ညွှန်းခြင်းဖြစ်သည်။ တကယ်မရှိပါ)
မုန်ကျင်းကျိုးဒေါသထွက်သွားသည်။
"လုယန်၊ မင်းတကယ်စကားပြောရိုင်းတာပဲ။ ဖီးနစ်ဘိုးဘေးသာ ဒီမှာရှိမနေရင် ငါမင်းကိုထိုးပြီးပြီ"
လုယန်လည်း အမွှာနတ်ဝိညာဉ်သာဖြစ်သည်။ သို့သော် ထိုအကြောင်း ဘယ်သူမှမသိသဖြင့် နတ်ဝိညာဉ်အဆင့်ဟု လွတ်လပ်စွာပြောနိုင်သည်။
"အမွှာဝိညာဉ်အဆင့်လား"
အရိုးရိုင်း လေ့လာထားသမျှကျင့်ကြံမှုအသိများကို ပြန်စဉ်းစားသည်။ ထိုအဆင့်မျိုးမကြားဖူး"
"လောင်မုန်က ပထမဆုံးလေ။ သူ့မှာ နတ်ဝိညာဉ်နှစ်ခုရှိတယ်"
"နတ်ဝိညာဉ်နှစ်ခုတောင်..."
ယခုတစ်ကြိမ် အံ့ဩရသူက အရိုးရိုင်းဖြစ်သည်။
သမိုင်းကျမ်းများထဲတွင်လည်း ထိုကျင့်ကြံသူမျိုးရှိသည်ဟု မကြားဖူး မမြင်ဖူး။
ရှေ့ဆောင်လမ်းပြအဖြစ် ကျင့်ကြံနိုင်သည်။ အကိုမုန်သည် တကယ်စွမ်းအားကြီးလှသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ထံမှ နှစ်နှစ်ကြာအောင် သူလေ့လာသင်ယူခဲ့သည်။ သို့သော် ယနေ့အထိ သူလေ့လာစရာမကုန်သေး။ ဂိုဏ်းတူအကိုနှစ်ယောက်၏ ဉာဏ်ရည်နှင့် ပါရမီမျိုးကို တစ်သက်လုံးလိုက်မီမည်မထင်။
လူတစ်ယောက်သည် အသက်ရှင်နေသမျှ လေ့လာနေရမည်ဟု ဆိုကြသည်။
မုန်ကျင်းကျိုး နောက်တစ်ကြိမ် ဒေါသဖြင့်မာန်မဲရန်ပြင်နေစဉ် လုရန်က စကားဖြတ်ပြောသည်။
"နှစ်လကြာသွားပြီု။ မင်းအဆင့်လည်း တည်ငြိမ်သွားပြီ။ နတ်ဝိညာဉ်နှစ်ခုရှိတာ တစ်ခုခုထူးခြားလား"
ကျင့်ကြံမှုအကြောင်းပြောသည်နှင့် မုန်ကျင်းကျိုးအာရုံပြောင်းသွားသည်။
ခပ်ညှင်းညှင်းရယ်လျက်
"အများကြီးအကျိုးထူးတာပေါ့။ ငါလက်တွေ့သရုပ်ပြမယ်"
မုန်ကျင်းကျိုး ဝင့်ကြွားစွာပြုံးလျက် နတ်ဝိညာဉ်နှစ်ခုကို အသက်သွင်းသည်။ မုန်ကျင်းကျိုးနှင့်တူသည့် ဝဝကစ်ကစ်ဝိညာဉ်နှစ်ခု ပုခုံးတစ်ဘက်စီတွင်ပေါ်လာသည်။
"ပေါင်းစပ်မယ်"
မုန်ကျင်းကျိုး ခပ်အုပ်အုပ်အော်လိုက်သည်။ နတ်ဝိညာဉ်နှစ်ခု တဖြေးဖြေးမှုန်ဝါးလာပြီး ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားသည်။
သူ့လည်ပင်းတွင် ဘုသီးနှစ်ခု။ ချိုင်းအောက်တွင် ဘုသီးနှစ်ခုပေါ်လာသည်။
"ယား"
အားနည်းနည်းစိုက်လိုက်သည်နှ်င့ လည်ပင်းမှ ဘုသီးများက ခေါင်းနှစ်လုံးအဖြစ်ပြောင်းသွားသည်။ ချိုင်းအောက်မှ လက်လေးခုထွက်လာသည်။
"သင်ထားခါစဆိုတော့ သိပ်မကျွမ်းကျင်သေးဘူး...ဟဲဟဲ..ဘယ်လိုနေလဲ"
"သောက်လခွမ်း၊ ခေါင်းသုံးလုံး လက်ခြောက်ခုလား"
လုယန် တကယ်အံ့အားသင့်သွားသည်။
ထိုကျင့်စဉ်နည်းလမ်းကို ခန္ဓာကိုယ်ကျင့်ကြံသူအားလုံး တောင့်တကြသည်။
သူသိထားသမျှ စုစည်းခြင်းအဆင့်ကျင့်ကြံသူထဲတွင် တတိယအကြီးအကဲသာ ထိုသို့လုပ်နိုင်သည်။ ထိုမှလွဲလျှင် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများသာ ကျင့်နိုင်သည့်နည်းလမ်းဖြစ်သည်။
အရင်ကျင့်ကြံသူများကို နမူနာယူ၍ မုန်ကျင်းကျိုးက ထိုကျင့်စဉ်ကို ကိုယ့်ဘာသာလေ့လာနိုင်ခဲ့သည်။ တကယ့်ကိုယ်တိုင်လေ့လာသည့် ရှေ့ဆောင်လမ်းပြဖြစ်သည်။
မုန်ကျင်းကျိုး၏ပါရမီနှင့် အတွေးအမြင်က သူပြီးလျှင် ဒုတိယလိုက်သည်။
ယခုပင် သူ့ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ထက် များစွာပိုစွမ်းအားကြီးနေပြီမဟုတ်လော..
နတ်မယ်က ရင်ဘတ်ကိုပုတ်၍ အာမခံသည်။
"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို နင်အနိုင်ယူနိုင်ရင် နင့်ဝိညာဉ်က သူ့ရဲ့ခေါင်းသုံးလုံးလက်ခြောက်ဘက်ထက် တိုက်ခိုက်စွမ်းအားပိုကြီးလာပါလိမ့်မယ်"
ကျန်းလျန်ယိလည်း နည်းနည်းအံ့ဩသည်။
တစ်ကိုယ်တည်းနေခြင်းမှ ရလာသည့်ပါရမီလားမသိ။
လူသားမျိုးနွယ်သည် တကယ်စွမ်းအားကြီးသည်။ ရှေးဟောင်းမသေမျိုးများကြားတွင် နတ်ဆိုမျိုးနွယ်တစ်ယောက်သာပါသည်မှာ မဆန်းလှ။
နိုင်ငံတည်ပွဲတက်ကြသည့် နတ်ဆိုးပါရမီရှင်တစ်ယောက်မှ ယခုလောက်ပါရမီဓာတ်ခံမကောင်း။
မုန်ကျင်းကျိုးက လုယန်အမူအရာကိုကြည့်၍ သူ့ကိုယ်သူဂုဏ်ယူကျေနပ်နေသည်။
အရိုးရိုင်းစိတ်ထဲ မုန်ကျင်းကျိုးကို တကယ်လေးစားသွားသည်။ စိတ်ရင်းဖြင့်ချီးကျူးစကားဆိုသည်။
"အမွှာတွေဟာ တကယ်ထူးခြားတာပဲ"
********************************