← Chapters

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်အသုံးပြုနည်း

Vol. 43 Ch. 637

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်အသုံးပြုနည်း

Vol. 43 Ch. 637

လုယန်၏နတ်ဝိညာဉ်သည် နာမည်နှင့်လိုက်သည်။ တိုက်ခိုက်အားအတော်ကောင်းသည်။ နှစ်ယောက်တစ်ယောက်တိုက်ခိုက်ရသည့်တိုင် မုန်ကျင်းကျိုး၏ နတ်ဝိညာဉ်နှစ်ခုကို ဖိနှိပ်နိုင်သည်။

နတ်ဝိညာဉ်နှစ်ခု လုံးဝပြန်မတိုက်နိုင်။ တစ်ဘက်သတ်တိုက်ပွဲဖြစ်သည်။

ရုတ်တရက်တိုက်ခိုက်ခံရသဖြင့် မုန်ကျင်းကျိုး အငိုက်မိပြီး မြေပေါ်တွင် နာကျင်စွာလူးလှိမ့်နေရသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည် မုန်ကျင်းကျိုးခန္ဓာကိုယ်နှင့် အဆင်မပြေ။ ထို့ကြောင့် သူ့ဝမ်းဗိုက် ချက်ချင်းဖောင်းထွက်လာသည်။

"တောင့်ထားပါ လောင်မုန်။ ငါသမားတော်သွားခေါ်မယ်။ မင်းရဲ့နတ်ဝိညာဉ်ကို ကယ်မှဖြစ်မယ်"

လုယန် စိုးရိမ်ပူပန်ဟန်ဖြင့် ထိတ်လန့်တကြားအော်ဟစ်သည်။

"လောင်လု...ခွေးမသား...ငါ့နတ်ဝိညာဉ် သူ့ဘာသာမတိုက်ခိုက်နိုင်တာကို အခွင့်ကောင်းယူတယ်"

ပြင်းထန်သည့်ဝေဒနာကို ကျိတ်မှိတ်သည်းခံရင်း ဒန်ထန်ကို အာရုံစိုက်သည်။ လုယန်၏နတ်ဝိညာဉ်နှင့် အသေအကျေတိုက်ခိုက်ရန်အသင့်ပြင်သည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က အလိုလိုတိုက်ခိုက်နိုင်သည့်စွမ်းရည်ပိုင်ဆိုင်သည်။ မုန်ကျင်းကျိုး၏ အမွှာနတ်ဝိညာဉ်က ထိန်းချုပ်မှုလိုသည်။ ထို့ကြောင့် တစ်ဘက်သတ်တိုက်ပွဲဖြစ်ရသည်။

လုယန် ထိတ်လန့်သွားသဖြင့် နတ်ဝိညာဉ်ကို အမြန်ပြန်ခေါ်သည်။ မုန်ကျင်းကျိုးလည်း ဝေဒနာလျော့ပါးသွားသည်။

လုယန်က လက်နှစ်ဘက်ဖြန့်ပြလျက်

"ငါ့ကိုအဲလိုမကြည့်နဲ့။ မင်းကိုတိုက်ခိုက်တာ နတ်ဝိညာဉ်ပါ။ ငါမဟုတ်ဘူး။ ငါ့နတ်ဝိညာဉ် မင်းကိုယ်ထဲဝင်သွားပြီး ထိန်းချုပ်မရဖြစ်လာတာ"

"တော်စမ်းကွာ တော်စမ်း"

မုန်ကျင်းကျိုး နားမထောင်ချင်။ ထိုသူတောင်းစားကိုမြင်ရသည်ပင် သူဒေါသထွက်သည်။

လန့်လည်းလန့်မိသည်။ လုယန်၏နတ်ဝိညာဉ်က ကြောက်စရာကောင်းလွန်းသည်။

ခုနက သူ့နတ်ဝိညာဉ်နှစ်ခုကိုထိန်းချုပ်၍ တိုက်ခိုက်လျှင်ပင် နိုင်မည်မထင်။ သုံး‌‌ခုတစ်ခုတိုက်ခိုက်မှသာ နိုင်လိမ့်မည်။

သို့သော် လုယန်ထံမှ စွမ်းအင်ငှားယူသည့်ကိစ္စ အောင်မြင်သည်ဟုဆိုနိုင်သည်။

ပြဿနာက ထိုခွေးသူတောင်းစားလုယန်ကြောင့်သာဖြစ်သည်။

လုယန်က နတ်မယ်ကို ကျိတ်မေးသည်။

"နတ်မယ်၊ ကျုပ်နဲ့လောင်မုန်ပေါင်းပြီး ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အနိုင်ယူရင် ဒါလည်း အနိုင်ရတယ်လို့ သတ်မှတ်နိုင်လား"

နတ်မယ်က လုယန်ကို တစ်ချက်ကြည့်သည်။

"နင်နဲ့ငါပေါင်းပြီး နတ်ဝိညာဉ်ကို အနိုင်ယူကြရင် မကောင်းဘူးလား"

"..."

"အရိုးရိုင်း၊ ရှောင်မုန်နဲ့စမ်းကြည့်ပါ"

ယွမ်ကျိ အမိန့်ပေးသည်။

နတ်ဝိညာဉ်အဆင့် နောက်တစ်ယောက်ရှိနေသေးသည်။

အရိုးရိုင်းကလည်း စမ်းကြည့်ချင်နေသည်။

ယွမ်ကျိရေးထားသည့် ကျင့်စဉ်နည်းကိုလေ့လာသည်။ လုယန်ကိုအတုခိုး၍ မုန်ကျင်းကျိုးဘေးတွင် တင်ပျဉ်ခွေထိုင်သည်။

နတ်မယ်နှင့် ကျန်းလျန်ယိတို့ စိတ်ဝင်တစားကြည့်နေသည်။ ဤဖြစ်စဉ်သည် အလွန်ထူးခြားသည်။ ရှေးဟောင်းခေတ်ကတည်းက မကြားဖူးသေး။

မုန်ကျင်းကျိုးနှင့်အရိုးရိုင်းတို့၏စွမ်းအင်ရောင်များ ပေါင်းစပ်သွားသည်။ ဘိုးဘေးနတ်ဝိညာဉ် အရိုးရိုင်းဦးခေါင်းထက်မှ ပျံထွက်လာပြီး မုန်ကျင်းကျိုးဒန်ထန်ထဲဝင်သွားသည်။

အရိုးရိုင်း၏နတ်ဝိညာဉ်ကိုကြည့်၍ ယွမ်ကျိ မျက်ခုံးနည်းနည်းတွန့်နေသည်။

ထိုနတ်ဝိညာဉ်မျိုး သူလည်းတစ်ခါမှမမြင်ဖူး။

မုန်ကျင်းကျိုး နတ်ဝိညာဉ်သုံးခုစွမ်းအား ပြန်ရလာသည်။ စွမ်းအားသိသိသာသာတိုးလာသည်။

"ဟားဟား၊ ဒီတစ်ခါ တကယ်အောင်မြင်ပြီကွ"

နတ်ဝိညာဉ်သုံးခုကို အတွေးဖြင့်ဆင့်ခေါ်လိုက်သည်။ နှစ်ခုက မုန်ကျင်းကျိုးနှင့်တူသည်။ နောက်တစ်ခုက မုန်ကျင်းကျိုးအဖေထက်ပင် အသက်ပိုကြီးသည်။

"ပေါင်းစပ်မယ်"

ကျယ်လောင်စွာအော်ဟစ်၍ နတ်ဝိညာဉ်သုံးခုကို ပေါင်းလိုက်ည်။ ခံ့ညားထည်ဝါသည့် ခေါင်းလေးလုံးလက်ရှစ်ခုခန္ဓာကိုယ်အဖြစ်ပြောင်းသည်။

ထိုအတိုင်းအတာသည့် နတ်ဝိညာဉ်ပေါင်းစပ်မှု၏အမြင့်ဆုံးဖြစ်သည်။ လည်ပင်းတွင် နေရာလွတ်သိပ်မရှိ။ ငါးခုမြောက်ဦးခေါင်းထွက်လာဖို့ မဆံ့တော့။

အသွင်ပြောင်းပြီးနောက် အသစ်ပြန်မွေးဖွားလာသလို သူခံစားရသည်။ သို့သော် သူ့အတွေးများက အတော်ကွဲပြားလာသည်။ ထုံထုံထိုင်းထိုင်းဖြစ်လာသည်။

"နေပါဦး၊ ဘာလို့စိတ်အတွေးတွေ နှေးသွားတာလဲ"

သူ့အခြေခံဗီဇစွမ်းရည်များရှိနေသေး၍ ကံကောင်းသွားသည်။ တစ်ခုခုမူမမှန်ကြောင်း ချက်ချင်းနားလည်လာသည်။

သူ့သိစိတ်နယ်မြေက ဇာပဝါတစ်ခုဖုံးထားသလို မှုန်ဝါးနေသည်။ သူ့အတွေးလုပ်ငန်းစဉ်လည်း သိသိသာသာနှေးသွားသည်။

မသေမျိုးတစ်ယောက်၏နောက်လိုက်ဖြစ်သည့် ဤဘိုးဘေးနတ်ဝိညာဉ်အကြောင်း အရိုးရိုင်းရှင်းပြစဉ်က မုန်ကျင်းကျိုးမရှိခဲ့။

ယခုမှ အရိုးရိုင်း သူ့ကို အမြန်ပြန်ရှင်းပြနေသည်။

မုန်ကျင်းကျိုးမျက်နှာ ရှုံ့မဲ့သွားပြီး ဘိုးဘေးနတ်ဝိညာဉ်ကို ပြန်ပေးသည်။

သူ့စမ်းသပ်အသုံးပြုဖို့ ပုံမှန်နတ်ဝိညာဉ်မျိုး ဘာကြောင့်မရှိရသနည်း။

ထိုအတွေးခေါင်းထဲဝင်လာသည်။ သို့သော် ဤနေရာသည် တာအိုလမ်းစဉ်ဂိုဏ်းဖြစ်ကြောင်း ပြန်သတိရလာသည်။ ထိုအခြေအနေကို သူလက်ခံရမည်။

"ရှောင်လု၊ အရိုးရိုင်း၊...မင်းတို့နှစ်ယောက် စမ်းကြည့်ပါ"

ပထမစမ်းသပ်မှုနှစ်ခုက အောင်မြင်သည်ဟု ဆိုနိုင်ရုံလော်သာဖြစ်သည်။ ရလာဒ်က လုံးဝစိတ်ကျေနပ်စရာမရှိ။ သို့သော် ထိုနည်းလမ်း အသုံးချနိုင်ကြောင်းတော့ အတည်ပြုနိုင်ခဲ့သည်။

ယခု လုယန်နှင့်အရိုးရိုင်းတို့အတွဲသာကျန်သည်။

သို့သော် သူတို့နှစ်ယောက်လည်း အဆင်မပြေ။ နတ်ဝိညာဉ်လွှဲပြောင်းရုံသာရသည်။ လက်ခံသူက ဝင်လာသည့်နတ်ဝိညာဉ်၏စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမရှိ။ အရိုးရိုင်း၏ဘိုးဘေးနတ်ဝိညာဉ်ကိုပင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က တိုက်ခိုက်အနိုင်ယူသည်။

"ဒါဆိုရင်တော့ ရှောင်မုန်ရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ကဘဲ ဒီနည်းလမ်းကို အသုံးချနိုင်မယ်ထင်တယ်"

နတ်မယ်ခေါင်းငြိမ့်သည်။

"ယန်ခုန်တုန်နဲ့မုန်မျိုးရိုးတို့ရဲ့ ရုပ်ခန္ဓာစွမ်းရည်တွေက ဆင်တူတယ်။ ဒါက တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး။ ရှေးဟောင်းခေတ်အတွင်းမှာ တစ်ကိုယ်တော်ဝိညာဉ်မြစ်ဆိုတာ မရှိဘူး။ နောက်ပိုင်းခေတ်တွေ့ကျမှ ဒါမျိုးပေါ်လာတာ"

ကျန်းလျန်ယိက ယန်ခုန်တုန်၏အဖြစ်ဆိုးကိုတွေး၍ နည်းနည်းစိတ်မကောင်းဖြစ်မိသည်။

"စိတ်မကောင်းစရာပဲ။ ကာမကျင့်စဉ်လမ်းလိုက်နိုင်တဲ့ ခန္ဓာကိုယ်မျိုးက အရမ်းရှားတယ်။ ခန္ဓာကိုယ်မျိုးစုံ အဆက်မပြတ်ပေါ်ထွန်းခဲ့တဲ့ ငါတို့ခေတ်မှာပဲ ဒီကျင့်စဉ်လမ်းလိုက်နိုင်တဲ့ ခန္ဓာကိုယ်တွေပေါ်ခဲ့တာ။

ယန်ခုန်တုန်ကို သူ့ဟာရမ်က တစ်စစီခုတ်ပိုင်းခဲ့တာ။ အဲဒီတုန်းက သူ့ခန္ဓာကိုယ်တည်ဆောက်ပုံကို ငါတို့အနီးကပ်လေ့လာချင်ရင်တောင် အခွင့်အရေးမရနိုင်ဘူး"

ထိုခန္ဓာအကြောင်း သူတို့နားလည်ခဲ့လျှင် ကျင့်စဉ်သီအိုရီကို အဆင့်ထပ်မြှင့်နိုင်ခဲ့လိမ့်မည်။

ရုတ်တရက် လုယန်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။

"ဟုတ်ပြီ။ အရိုးရိုင်း...၊ မင်းစွမ်းအားတွေ အသက်မသွင်းနဲ့။ ငါ့နတ်ဝိညာဉ်ကို မင်းဒန်ထန်ထဲ လွှဲပေးလို့ရမလားကြည့်ရအောင်"

"ကောင်းပြီလေ"

လုယန်ဘာလုပ်ချင်မှန်းမသိသော်လည်း အရိုးရိုင်း တောင်းဆိုသည့်အတိုင်းလုပ်သည်။

လုယန်က ကျင့်စဉ်လည်ပတ်၍ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ဆင့်ခေါ်ပြီး အရိုးရိုင်း၏ဒန်ထန်ထဲသို့ လွှဲပေးလိုက်သည်။

"အလုပ်ဖြစ်တယ်"

လုယန်ဝမ်းသာသွားသည်။ သူ့အကြံ တကယ်ဖြစ်နိုင်ခြေရှိသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က အရိုးရိုင်း၏နတ်ဝိညာဉ်ကို တိုက်ခိုက်ခါနီးတွင် သူအမြန်ပြန်ခေါ်သိမ်းလိုက်သည်။

သူ့ကိုယ်ပိုင်နတ်ဝိညာဉ်ကို မသိမ်းသွင်းနိုင်သေးသော်လည်း ရန်သူ့ခန္ဓာကိုယ်ထဲသို့ပို့၍ အတွင်းပိုင်းမှ တိုက်ခိုက်လျှင် ရနိုင်သည်။

လုယန်အတွေးကို နတ်မယ်က ချီးကျူးသည်။

ဘာကြောင့်ထိုနည်းလမ်းကို အရင်ကမတွေးမိခဲ့သည်။

ဪ...ဟုတ်သည်။ အရင်က ယန်ခုန်တုန်၏ကျင့်စဉ်နည်းများကို ဘယ်သူမှ နားမလည်ခဲ့ကြ။

ထိုညက လုယန်စိတ်သက်သာရာရမိသည်။ သုံးယောက်ထဲတွင် သူကံအကောင်းဆုံးဟု တွေးနေသည်။ သူ့နတ်ဝိညာဉ်သာ ရိုက်နှက်မခံခဲ့ရခြင်းဖြစ်သည်။

အရုဏ်ချိန်ရောက်လာသည်။ တစ်ခြားဘာမှလုပ်စရာမရှိတော့သဖြင့် မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ ပြန်သွားသည်။

"ရော့၊ မင်းအတွက် ကျင့်စဉ်နည်းလမ်းကို နည်းနည်းတည်းဖြတ်ပေးထားတယ်"

ယွမ်ကျိက လုယန်ကို 'နှလုံးဉာဏ်အလင်း'ကျမ်းအသစ်ပေးသည်။ အသွင်အပြင်ရော အကြောင်းအရာပါ အတော်ပြောင်းလဲသွားသည်။

ထိုအပြောင်းအလဲများကိုသိရန် စာမျက်နှာတစ်ချို့လောက်သာ လုယန်ဖတ်ဖို့လိုသည်။

အကြောင်းအရာများက သူရေးထားသည်ထက် များစွာချိတ်ဆက်မှုရှိသည်။ စနစ်ကျသည်။ စွမ်းအားအဆင့်အတန်းလည်း သာလွန်သည်။

စာရေးသူနေရာ၌ သူ့နာမည်ကို ယွမ်ကျိနာမည်ရှေ့တွင် ထည့်ထားသည်။

လုယန် တကယ်ကျေးဇူးတင်မိသည်။

ကျင့်စဉ်ကို နည်းနည်းစမ်းသပ်လည်ပတ်ကြည့်သည်။ သူ့နှင့်ကွက်တိကျဖြစ်ကြောင်း ချက်ချင်းနားလည်လာသည်။

ကျန်းလျန်ယိက ကျင့်စဉ်စာအုပ်ကို တစ်ချက်ကြည့်သည်။ ယွမ်ကျိ၏အဆင့်အတန်းကို လေးစားသွားသည်။

ထိုမျှလေးနက်ပြီး နားလည်လွယ်သည့် ကျင့်စဉ်ကျမ်းမျိုးကို သူမရေးနိုင်။

လုယန် တစ်ခုသတိရလာပြီး ဂုဏ်ယူဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။

"ဒါနဲ့အမယွမ်။ ခုနက ကျုပ်စမ်းသပ်ကြည့်တယ်။ ပြိုင်ဘက်ကင်းဝိညာဉ်ကို ရန်သူ့ခန္ဓာကိုယ်ထဲပို့ပြီး အတွင်းကနေ တိုက်ခိုက်လို့ရနိုင်တယ်"

"ဟုတ်လား၊ ဒါတကယ့်နည်းလမ်းကောင်းပဲ။ ငါ့ဆီပို့ကြည့်ပါ။ ဘာထူးခြားလဲကြည့်ရအောင်"

"ဟုတ်ကဲ့"

လုယန်ကျင့်စဉ်လည်ပတ်ပြီး နတ်ဝိညာဉ်ကို ဆင့်ခေါ်ပြီး ယွမ်ကျိ၏ဒန်ထန်ဆီ လမ်းညွှန်လိုက်သည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏မျက်လုံးများက ခံစားချက်ကင်းမဲ့သည်။ ယွမ်ကျိကို အေးစက်စက်စိုက်ကြည့်သည်။

ထို့နောက် ချက်ချင်းလှည့်ထွက်ပြေးသည်။

************************************

All Chapters