← Chapters

မသေမျိုးသုတ်သင်ဓားစက်ဝန်း

Vol. 43 Ch. 639

မသေမျိုးသုတ်သင်ဓားစက်ဝန်း

Vol. 43 Ch. 639

လုယန် အကြောင်းရင်းကိုနားလည်လာသည်။ ပြီးခဲ့သည့်သုံးရက်အတွင်း သူ့ဆက်သွယ်နေခဲ့သည်မှာ ခုနစ်စဉ်ကြယ်ဓားစုမဟုတ်။ ဓားဆေးကန်ဖြစ်သည်။

"ရှောင်လု၊ နင်..."

ကန်ထန်၏မျက်လုံးများက အဝတ်စည်းထားသဖြင့် အပြင်ဘက်မှာလှုပ်ရှားမှု တစ်ခြားနည်းလမ်းများဖြင့် အာရုံခံရသည်။ လုယန်လုပ်လိုက်သည့် ဖြစ်စဉ်ကို ခန့်မှန်းဖို့ အချိန်နည်းနည်းယူရသည်။

ဓားဆေးကန်ကို သူဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။

"မဟုတ်ဘူး၊ ဒါက မတော်တဆဖြစ်တာပါ။ ကျုပ်ရှင်းပြပါ့မယ်"

လုယန် အော်ဟစ်၍ ဓားဆေးကန်နှင့် ဆက်သွယ်မှုဖြတ်တောက်ရန် အတင်းကျိတ်ကြိုးစားသည်။

သို့သော် သုံးရက်ကြာအောင် တည်ဆောက်ခဲ့သည့် စိတ်အာရုံဆက်သွယ်မှုကို လွယ်လွယ်ဖြတ်တောက်၍မရနိုင်။

လေးငါးကြိမ်ကြိုးစားသော်လည်းမရသဖြင့် ဓားဆေးကန်က သူ့ကိုအသေချိတ်ဆက်ထားပြီဖြစ်ကြောင်း သိလိုက်သည်။

ဒီမှာဟေ့ကောင်...အဲလိုလုပ်ဖို့ လိုလို့လားကွာ...

မင်း တစ်ခြားလူတစ်ယောက်နောက်ကို လိုက်လို့မရဘူးလား..

ငါက အဆင့်နိမ့်ကျင့်ကြံသူလေးပါ။ ငါမင်းကို ယူမသွားရဲဘူး...

ဂိုဏ်းရတနာတစ်ခုကို ကိုယ်ဘာသာသုံးဖို့ အတင်းယူသွားသည့်အဖြစ်ကို ဘယ်ဂိုဏ်းကမှ လက်ခံမည်မဟုတ်။

ကန်ထန်မျက်နှာအမူအရာက 'နင်ဒီလောက်ရှင်းပြနေဖို့မလိုပါဘူး'ဟူသည့် အဓိပ္ပါယ်မျိုးပေါ်နေသည်။

"ငါတို့ဂိုဏ်းတူမောင်လေးက နည်းနည်းလမ်းစဉ်မမှန်ပေမယ့် အရမ်းပါရမီရှိတယ်လို့ အမယွမ်ကအမြဲပြောတယ်။ ဒီနေ့မှ လက်တွေ့မြင်ရတာပဲ"

နတ်ဆိုးနယ်မြေတွင်ရှိစဉ်က ထိုအဖြစ်မျိုးမြင်ခွင့်မရခဲ့။

လုယန် "..."

အမယွမ် ကျုပ်အကြောင်း ကောင်းတာလေးတစ်ခုခုပြောလို့မရဘူးလား..

"ဒါက ဆက်သွယ်နေတဲ့အချိန် မတော်တဆဖြစ်သွားတာပါ။ ကျုပ်ကျင့်ကြံတဲ့နည်းလမ်းက မမှားပါဘူး"

ကန်ထန်၏ မှားနေသည့်စကားကို လုယန် ပြန်ပြင်ပေးသည်။

"နတ်မယ်။ ဓားဆေးကန်နဲ့ ကျုပ်ဆက်သွယ်နေမိတာကို ခင်ဗျားဘာလို့သတိမပေးခဲ့တာလဲ"

ထိုအမှားကို ကန်ထန်က သတိမထားမိ။

နတ်မယ်လည်း သတိမထားမိခြင်းများလားမသိ။

"အဲ..နင်က ဓားဆေးကန်ကို အရင်ဆုံးထိန်းချုပ်ဖို့ကြိုးစားနေတယ်ထင်လို့ပါ။ ပြီးမှ အဲဒါကိုသုံးပြီး ခုနစ်စဉ်ကြယ်ဓားတွေကို ထိန်းချုပ်ချင်တာလားလို့"

"...အဲလိုလုပ်လို တကယ်ရနိုင်လောက်တယ်"

နတ်မယ်စကားအတိုင်း လုယန်တွေးကြည့်သည်။ ဓားဆေးကန်ကိုထိန်းချုပ်ထားလျှင် ခုနစ်စဉ်ကြယ်ဓားစုကို တကယ်ထိန်းချုပ်နိုင်လိမ့်မည်။

ဓားဆေးကန်ထဲတွင် ကြယ်ဓားခုနစ်လက် သက်တောင်သက်သာခံစားခဲ့ရသည်မှာ ဟန်ဆောင်ခြင်းမဖြစ်နိုင်။

တစ်ကြိမ်ကြုံတွေ့ဖူးပြီးဖြစ်၍ ထိုအရသာကို နောက်တစ်ကြိမ်ခံစားချင်ပေလိမ့်မည်။

နောက်တစ်ကြိမ်ခံစားချင်လျှင် လုယန်အမိန့်ကို နာခံရမည်။

"ထားပါတော့လေ။ ပြီးမှပဲ အမယွမ်ကို ဒီအကြောင်း သွားပြောတော့မယ်"

ယခု သူနှင့်ဓားဆေးကန် ခွဲထုတ်၍မရတော့။

ထွက်ကျခဲ့သည့်ရေများကို ကန်ထဲသို့ပြန်ထည့်သည်။ ခုနစ်စဉ်ကြယ်ဓားစုနှင့်အတူထုပ်ပိုး၍ သူ့ကျောက်စိမ်းတံဆိပ်ထဲ ကျင်လည်စွာသိမ်းဆည်းသည်။ အမှုဖြစ်သည့်နေရာကို ရှင်းလင်းနေသည်နှင့်တူသည်။

အပြန်လမ်းတွင် မြက်ခင်းလွင်ပြင်ကိုဖြတ်သည်။ ကျောက်စိမ်းတံဆိပ်ကိုထုတ်ပြသည်။ မှန်သည်။ နတ်ဆိုးသားရဲများ သူတို့ကို မတိုက်ခိုက်တော့။

.....

ယွမ်ကျိနှင့် ကျန်းလျန်ယိတို့ အကျဉ်းထောင်တောင်ထိပ်သို့ အလည်အပတ်ခရီး ပြီးဆုံးပြီဖြစ်သည်။

ထောင်ထဲမှ ရှေးဟောင်းကျင့်ကြံသူများ အကြီးအကျယ်ထိတ်လန့်ခဲ့ကြသည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် နှစ်ပေါင်းသိန်းချီပျောက်နေသည့် ဖီးနစ်ဘိုးဘေးကိုပင် ရှာဖွေနိုင်စွမ်းရှိသည်။

သက်တမ်းရင့်သည်ဟူသည့်အဆင့်အတန်းကြောင့် တာအိုလမ်းစဉ်ဂိုဏ်းကို အထင်သေးခဲ့ကြသည့် အကျဉ်းသားတို့၏နောက်ဆုံးလက်ကျန်မာနများ လုံးဝအရည်ပျော်ကျသွားသည်။

ဖီးနစ်ဘိုးဘေးသက်တမ်းကို သူတို့ဘယ်လိုယှဉ်နိုင်မည်နည်း။

ရှေးဟောင်းမသေမျိုးလေးယောက်သည်ပင် ဖီးနစ်ဘိုးဘေးနှင့် ခေတ်ပြိုင်ဖြစ်သည်။ ရှေ့လည်းမကျ။ နောက်လည်းမကျ။

ဖီးနစ်ဘိုးဘေးကို ရှာတွေ့ခဲ့သူသည် လုယန်ဖြစ်ကြောင်း ယွမ်ကျိပြောသည့်အချိန်တွင် ဘိုးဘေးဆရာထန်ရှန်းယိ၏ အမူအရာကလည်း အကြီးအကဲထောင်ရန်လိုပင်ဖြစ်သည်။

အံ့ဩတုန်လှုပ်မှုက သိသာသည်။

ဆရာထက် တပည့်လက်စောင်းထက်သည်။

ထိုလူငယ်လုယန်သည် ပြဿနာရှာသည့်နေရာတွင် သူ့ဆရာထက်ပင် ပိုကျင်လည်သည်။

အနားယူပြီးဖြစ်၍သာ ထန်ရှန်းယိ စိတ်သက်သာရာရသည်။ သူသာဂိုဏ်းချုပ်နေရာတွင် ရှိသေးလျှင် လုယန်ဂြိုလ်မွှေသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်။

....

"ဂိုဏ်းရဲ့ ဓားဆေးကန်ကို မင်းထိန်းချုပ်လိုက်တယ်ပေါ့"

ယွမ်ကျိ ခဏမင်သက်မိသွားသည်။

ငါမှတ်မိသလောက် ဓားဆေးကန်မှာ ခုနစ်စဉ်ကြယ်ဓားတွေကို သွားသန့်စင်ဖို့ ငါပြောလိုက်တာပါ။ ဓားဆေးကန်ကို သန့်စင်ဖို့မဟုတ်ပါဘူး...

"မတော်တဆဖြစ်သွားတာပါ"

ဖြစ်‌စဉ်အကြောင်းရင်းကို လုယန်ထပ်ပြောသည်။

သို့သော် အကြောင်းရင်းရှိလျှင်ပင် ဤကိစ္စမျိုး လုယန်လုပ်ခွင့်မရှိ။

ဂိုဏ်းပစ္စည်းကို ကိုယ်ပိုင်အဖြစ်ယူလျှင် ဘယ်လိုဖြစ်ဖြစ် အပြစ်ပေးရမည်။

"ဂိုဏ်းချုပ် ကျွန်မကို ကတိပေးထားတာတစ်ခုရှိတယ်လေ။ ဂိုဏ်းကနေ တစ်ခုခုလိုချင်ရင် ကျွန်မယူခွင့်ရှိတယ်မဟုတ်လား။ အဲတော့ ဒီဓားဆေးကန်ကို ကျွန်မယူသွားမယ်"

ကျန်းလျန်ယိက သူ့'အကိုကြီး'ကိုယ်စား ရှေ့ထွက်ရပ်ပေးသည်။

"ဒါပေါ့ ရပါတယ်"

ကိစ္စရှင်းသွားသည်။

ယွမ်ကျိ၏ မူလရည်ရွယ်ချက်က လုယန်ကို ဓားဆေးကန် တရားဝင်ပေးနိုင်ဖို့ အကြောင်းတစ်ခုရှာခြင်းသာဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းအတွက် ဓားဆေးကန်သည် စွန့်ပစ်နိုင်သည့် ပစ္စည်းဖြစ်သည်။ နှစ်နှစ်ထောင်အတွင်း ဓားကျင့်ကြံသူနှစ်ယောက်သာပေါ်ခဲ့သည်။ သိပ်မသုံးဖြစ်။

လုယန်ကို တိုက်ရိုက်ပေးလျှင် ဂိုဏ်းစဉ်းမျဉ်းစည်းကမ်းကို မလေးစားရာကျသည်။ ဂိုဏ်းသွေးစည်းညီညွတ်မှုကို ထိခိုက်နိုင်သည်။

"ကဲ၊ ဓားဆေးကန်ကို မင်းရပြီဆိုတော့ ရက်ပိုင်းအတွင်း ခုနစ်စဉ်ကြယ်ဓားစုကို ထိန်းချုပ်ပြီး ဓားစက်ဝန်းအခြေခံကို လေ့ကျင့်နိုင်လာမှာပဲ"

ယွမ်ကျိက အင်္ကျီရင်ဘတ်ထဲမှ စာအုပ်ငယ်တစ်ခုထုတ်သည်။

"ဒါက ရန်သူတစ်ယောက်ဆီကရတဲ့ ပစ္စည်းပဲ။ ဒီထဲမှာ ဓားစက်ဝန်းကျင့်စဉ်တစ်ခုလည်း ရှိနေတယ်။ ဒါက ပထမအဆင့်ပါ။ အဲဒါကို အရင်လေ့လာပါ"

လုယန် စာအုပ်ငယ်ကို လှမ်းယူပြီး ဓားစက်စက်ဝန်းနာမည်ကို ကြည့်လိုက်သည်။ စာအုပ်ကိုင်ထားသည့် တုန်ခါ၍ လွတ်ကျမတတ်ဖြစ်သွားသည်။

"မသေမျိုးသတ်ဓားမှော်စက်ဝန်း"

"ဒီဓားမှော်စက်ဝန်းက မသေမျိုးတစ်ယောက်ကို တကယ်သတ်နိုင်တာလား"

လုယန်အသံက တုန်ရင်နေသည်။

ဖြေစရာမလိုသည့်မေးခွန်းဖြစ်သည်။ မသေမျိုးတစ်ယောက်ကိုမသတ်နိုင်ဘဲ ထိုနာမည်ပေးထားစရာအကြောင်းမရှိ။

"မသတ်နိုင်ပါဘူး။ ဒါက လူရှိန်အောင်ပေးထားတဲ့နာမည်ဖြစ်မယ်ထင်တယ်"

လုယန် "..."

ဘယ်အရူးကများ ဒီနာမည်ကို စိတ်ကူးရခဲ့တာလဲကွာ..

"အဲဒီလူက ဘယ်သူမှန်းလည်း ငါမသိဘူး"

ယွမ်ကျိက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

"ငါသူ့ကို အမှတ်မထင်တွေ့တာ။ သူက ကိစ္စကြီးတစ်ခုလှုပ်ရှားဖို့ စီစဉ်နေတာ။ အောင်မြင်သွားတာနဲ့ မဟာရှားတစ်ခုလုံး ပြောင်းပြန်လန်သွားလိမ့်မယ်။

အခြေအနေက အရေးကြီးတော့ အကူခေါ်ချိန် မရဘူး။ ငါဝင်လှုပ်ရှားရတယ်။ နောက်တော့ သူ့ကိုငါသတ်လိုက်တယ်။

သူက ရှေးဟောင်းကျင့်ကြံသူဆိုတာတော့ သေချာတယ်။ မဟာယုခေတ်ကလား မဟာချန်ခေတ်ကလားတော့ သေချာမသိဘူး။

ဒီဓားစက်ဝန်းပညာနဲ့ မင်းရဲ့ချင်ဖုန်းဓားဟာ သူ့ဟာတွေပဲ။ ဓားစက်ဝန်းစွမ်းအားကို ငါကိုယ်တိုင်စမ်းသပ်ကြည့်တယ်။

မသေမျိုးကိုတော့ မသတ်နိုင်ဘူး။ ဒါပေမယ့် စွမ်းအားအတော်ကြီးပါတယ်။ မင်းဆီမှာရှိတဲ့စာအုပ်က ပထမအဆင့်ပါ။

ကျန်တာတွေကို မင်းအဆင့်တက်လာမှ ငါပေးမယ်"

"အဲဒီ့ရန်သူက ဓားကျင့်ကြံသူလား"

"မဟုတ်ဘူး။ ဓားကိုင်နည်းလောက်ပဲ သိတဲ့လူပါ။ မှော်အဆောင်အကြောင်း မှော်စက်ဝန်းအကြောင်းတွေတော့ နည်းနည်းသိတယ်။ ဒါပေမယ့် သူတတ်ထားတာ သိပ်မများလှပါဘူး။

သူ့စွမ်းအားနဲ့ဆို မသေမျိုးတစ်ဝက်အဆင့်တွေကိုတော့ အနိုင်ကျင့်လို့ရနိုင်တာပေါ့။ ဒါပေမယ့် အဆင့်တူတွေကိုတော့ သူယှဉ်နိုင်မှာမဟုတ်ဘူး"

"နေပါဦး၊ သူက မသေမျိုးလား"

လုယန်ဘာကြောင့် ထိုမျှအံ့ဩသွားသည်ကို ယွမ်ကျိ နားမလည်။

"ဒါပေါ့။ မသေမျိုးပေါ့။ မသေမျိုးတစ်ဝက်အဆင့်ဆို သူတို့ဓားစက်ဝန်းကို ဒီနာမည်မျိုး ဘယ်ပေးရဲမလဲ။

ဒါပေမယ့် ငါကြုံဖူးသမျှထဲမှာ သူကအားအနည်းဆုံးမသေမျိုးဖြစ်မယ်ထင်တယ်။ ထာဝရဂိုဏ်းမှာတွေ့ခဲ့တဲ့လူထက်တောင် အားနည်းသေးတယ်"

လုယန်သာ အံ့ဩတုန်လှုပ်နေသည်မဟုတ်။ ကျန်းလျန်ယိပင် ဂဏာမငြိမ်ဖြစ်လာသည်။

ယွမ်ကျိက သာမန်ကိစ္စလို ပေါ့ပေါ့လေးပြောနေသည်။

သို့သော် အားအနည်းဆုံးမသေမျိုးသည်လည်း မသေမျိုးသာဖြစ်သည်။ ထိုမသေမျိုးကို သူသတ်လိုက်သည်တဲ့။

တာအိုလမ်းစဉ်ဂိုဏ်းရတနာတိုက်၏ အတွင်းပိုင်းမှ အာရုံရခဲ့သည့် အရိယဖလစွမ်းအင်ရောင်ကို နတ်မယ်ပြန်သတိရလာသည်။ ထိုလူ၏ အရိယဖလဖြစ်လောက်သည်။

"ကျွတ်...မသေမျိုးတစ်ယောက်ကို သတ်တာကို တစ်ခြားဘယ်သူမှမလုပ်နိုင်တဲ့လေသံမျိုးနဲ့ ပြောနေတယ်။

ငါဒါမျိုးအခွင့်အရေးမကြုံလို့ပါ။ ငါလည်း သတ်နိုင်ပါတယ်"

လုယန်က ယွမ်ကျိကို ကျေးဇူးတင်စကားဆို၍ ကြယ်ဓားများနှင့် မှော်စက်ဝန်းပညာလေ့ကျင့်ရန်ပြင်သည်။ ထိုစဉ် ကိုးငရဲဂိုဏ်းတံဆိပ်ပြားမှ အပြောင်းအလဲကို သူခံစားမိလိုက်သည်။

ကိုးငရဲဂိုဏ်းမှလူတစ်ယောက် သူ့ဆီဆက်သွယ်နေခြင်းဖြစ်သည်။

တံဆိတ်ပေါ်မှစာကိုဖတ်ပြီးနောက် သူ့မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။

"ဘာဖြစ်တာလဲ။ ကိုးငရဲဂိုဏ်းက မင်းဆီဆက်သွယ်တာလား"

ယွမ်ကျိကမေးသည်။

"နေမင်းဂိုဏ်းချုပ်က ကျုပ်ကိုတွေ့ချင်နေတယ်လို့ ကိုးငရဲဂိုဏ်းက သတင်းပို့တယ်"

*******************************

All Chapters