← Chapters

ဂိုဏ်းမွေခံသူတော်စင်

Vol. 43 Ch. 641

ဂိုဏ်းမွေခံသူတော်စင်

Vol. 43 Ch. 641

အသားကင်ဆိုင်ကို ယနေ့ညအတွက် ပိတ်ထားသည်။ ဘာကြောင့်မှန်းမသိကြ။ အပြင်ဘက်တွင် တည်ငြိမ်နေသော်လည်း အတွင်းဘက်တွင် လှိုင်းထန်နေသည်။

ဂိုဏ်းသုံးခု တွေ့ဆုံနေသည်။

ကိုးငရဲဂိုဏ်းနှင့် နေမီးဂိုဏ်းက ကောင်းကင်ရုံးတော်ဂိုဏ်းကို အရမ်းအလေးထားသည်။

ဂိုဏ်းချုပ်နှစ်ယောက်ကိုယ်တိုင် ကြိုဆိုသည်။ စုစည်းခြင်းအဆင့်စွမ်းအားရှင်များလည်း ပါလာသည်။ နတ်ဆိုးဂိုဏ်းများ၏ တောင့်တင်းသည့်အင်အားကို ပြသနေသည်။

ကောင်းကင်ရုံး‌တော်ဂိုဏ်းလည်း ထိုနှစ်ဂိုဏ်းလုံးကို အလေးထားသည်။ ဂိုဏ်းချုပ်နှင့် တောင်ဝင်ရိုးစွန်းဖီးနစ်အရှင်မတို့ပါ ရှိနေသည်။ ကောင်းကင်ဘုရင်လေးယောက်က နောက်ဘက်တွင် မတ်တပ်ရပ်နေသည်။

ထိုအခြေအနေမျိုးတွင် လုယန်နှင့်မုန်ကျင်းကျိုးပင် နောက်တန်းတွင်သာ ရပ်နေကြရသည်။

လုယန်ကိုယ်ထဲတွင် နတ်မယ်ရှိနေသဖြင့် ကောင်းကင်ပဲဝါအရှင်လည်းရှိနေသည်ဟု ဆိုနိုင်သည်။

မူပိုင်ယိနှင့် ချီတုန်ဖန်းတို့ အတော်စိတ်ဂဏာမငြိမ်ဖြစ်နေကြသည်။ တွေ့ဆုံပွဲလေးတစ်ခုကို ကောင်းကင်ရုံးတော်ဂိုဏ်းမှ ထိုမျှအရေးကြီးသည့်ပုဂ္ဂိုလ်များ ရောက်လာမည်ဟု ထင်မထား။

ထိုမျှလူများများ ခေါ်လာစရာမလိုပါ။ ဘယ်လိုပြောပြော သူတို့အနေဖြင့် ဖီးနစ်ဘိုးဘေးတစ်ယောက်တည်း၏စွမ်းအားကိုပင် ယှဉ်နိုင်မည်မဟုတ်။

အရှင်တိကျန်းနှင့် ကျန်းလျန်ယိ၏တိုက်ပွဲကို မှော်ဖန်လုံးများဖြင့် မှတ်တမ်းယူခဲ့ကြသည်။ ကျင့်ကြံသူလောက ထိပ်သီးစွမ်းအားရှင်များကြား ဂယက်ထသွားသည်။ မြင်သူတိုင်းက ကြောက်လန့်ကြသည်။ သိမ်ငယ်ကြသည်။

တစ်ခါမှလူလုံးထွက်မပြဘဲရောက်လာသည့် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်ဆိုလျှင် ပြောစရာပင်မလိုတော့။

ထိုဂိုဏ်းချုပ်အကြောင်း ဂိုဏ်းသခင်လုအကြောင်းပြောဖူးသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ကူးဖြတ်ခြင်းအဆင့်ဟု ယူဆရသည့် ယွမ်ကျိနှင့် လက်ရည်တူသည်ဟုဆိုသည်။

"အားလုံး အားလုံး မင်္ဂလာပါ။ ကိုးငရဲဂိုဏ်းချုပ်ကိုယ်စား ကောင်းကင်ရုံးတော်အဖွဲ့ဝင်အားလုံးကို ကြိုဆိုပါတယ်။

မူပိုင်ယိက စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ တွေ့ဆုံပွဲကို စတင်သည်။

မည်သို့ဆိုစေ ဤနေရာသည် ကိုးငရဲဂိုဏ်းပိုင်နက်ဖြစ်သည်။ သူက စတင်ကြိုဆိုရမည်။

"ဂိုဏ်းသခင်လူက ကျုပ်အကြောင်း ခင်ဗျားတို့ကို မိတ်ဆက်ပေးဖူးလားတော့မသိဘူး။ ကျုပ်နာမည် မူပိုင်ယိပါ။ ကိုးငရဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့။

သူကတော့ ချီတုန်ဖန်းတဲ့။ နေမင်းဂိုဏ်းချုပ်ပါ"

"အားလုံး အားလုံး မင်္ဂလာပါခင်ဗျ"

ချီတုန်ဖန်းလည်း စိတ်ကိုအတည်ငြိမ်ဆုံးထား၍ နှုတ်ဆက်သည်။

"ငါ့နာမည် ကျန်းလျန်ယိပါ။ ငါ့ကို နင်တို့မြင်ဖူးပြီးသားဖြစ်မှာပါ"

ကျန်းလျန်ယိက စိတ်မပါ့တပါမိတ်ဆက်သည်။

"ကျုပ်တို့ အကြီးအကဲကျန်းကို ကျုပ်တို့မြင်ဖူးပါတယ်"

နှစ်ယောက်လုံး ပြိုင်တူအသံထွက်လာသည်။

"ငါ့နာမည် ယွမ်မုန်မုန်ပါ။ ဂိုဏ်းချုပ်ယွမ်လို့ခေါ်နိုင်ပါတယ်"

"ဂိုဏ်းချုပ်ယွမ်ကို ကျုပ်တို့မြင်ဖူးပါတယ်"

ယွမ်ကျိ၏ ရုပ်ဖျက်ပညာက ဂိုဏ်းအကြီးအကဲကိုးယောက်ထက် များစွာအဆင့်မြင့်သည်။ ဘယ်သူမှ သူ့ကိုမမှတ်မိကြ။

သူ့စကားသံကအေးစက်သည်။ လောကထဲမှ သက်ရှိအားလုံးကို ထီမထင်သည့်လေသံမျိုးဖြစ်သည်။

"ဂိုဏ်းချုပ်နှစ်ယောက်က သူနဲ့တွေ့ချင်တယ်ဆိုပြီး ရှောင်လုကပြောတယ်။ ဒါပေမယ့် သူကဂိုဏ်းသခင်လေးဆိုတော့ နင်တို့လို့ဂိုဏ်းချုပ်တွေကိုကြိုဆိုဖို့ အရည်အချင်းမမီဘူးလို့ သူခံစားရတယ်တဲ့။

ရှောင်လုကိုတွေ့ချင်တာ ဘာကိစ္စလဲ"

ချီတုန်ဖန်းက တောင်းပန်သည့်သဘောဖြင့်ရယ်လျက်

"ကောင်းကင်ရုံးတော်ရဲ့နာမည်ဟာ ကျော်ကြားပါတယ်။ စွမ်းအားရှင်တွေအပြည့်ရှိပြီး အင်အားကြီးတယ်။ ဒါကြောင့် ကျုပ်ကိုယ်တိုင် တွေ့ဆုံရင်းနှီးချင်လို့ပါ။ တစ်ခြားဘာသဘောမှမရှိပါဘူး"

စိတ်ရင်းပြသည့်အနေဖြင့် သူ့မှော်လက်စွပ်ထဲမှ ရတနာအတော်များထုတ်လိုက်သည်။

"လေးစားမှုပြတဲ့လက်‌ဆောင်ပါ၊ သိပ်တန်ဖိုးမကြီးလှပါဘူး"

ထိုရတနာများကို သူ့ပိုင်ဆိုင်မှုထဲမှ အလျင်စလို ရွေးထုတ်လိုက်ရခြင်းဖြစ်သည်။ မူလက ဂိုဏ်းသခင်လုအတွက်ပြင်ဆင်ထားသည့် လက်ဆောင်များသည် ဤတွေ့ဆုံပွဲအတွက် မလုံလောက်တော့။

လုယန် ရတနာတစ်ခုချင်းစီကို စစ်ဆေးသည်။

အဆင့်မြင့်ဆုံးသက်ရှည်ဆေးလုံးများ။ ကူးဖြတ်ခြင်းအဆင့်များအတွက် ဝိညာဉ်စွမ်းအင်စုဆောင်းဖို့ များစွာအထောက်အကူပြုသည်။

သက်ရှည်ကျောက်သန္ဓေ။ သက်ရှည်ကျောက်မှ မွေးဖွားလာသည့်သန္ဓေဖြစ်သည်။ တစ်ခြားသက်ရှည်ဆေးများစားမထားသေးလျှင် သက်တမ်းကို နှစ်ရှစ်ရာလောက် ဆွဲဆန့်နိုင်သည်။

ထိုက်ယိရေစင်။ ကမ္ဘာဦးရေစင်ဟု သိကြသည်။ ရေဝိညာဉ်မြစ်များ၏ ကျင့်စဉ်တိုးတက်နှုန်းကို မြန်ဆန်စေသည်။

စတုတ္ထအကြီးအကဲက ရှေ့တက်လာပြီး ရတနာများကိုယူသည်။ ထို့နောက် သူ့နေရာသူပြန်သွားသည်။

"နင်တို့နေမင်းဂိုဏ်းက နေကိုကိုးကွယ်တယ်လို့ကြားတယ်။ နေဟာ ကျင့်ကြံမှုအားလုံးရဲ့ရင်းမြစ်လို့ ယုံကြည်ကြတယ်ပေါ့"

ကျန်းလျန်ယိက ခပ်ညှင်းညှင်းရယ်လျက်မေးသည်။ နေမင်းဂိုဏ်းအကြောင်း လုယန်ပြောပြစဉ်က အတော်ထူးဆန်းသည့်ဝါဒဟု တွေးမိသည်။

ဘယ်လိုဆိုစေ လွန်ခဲ့သည့်နှစ်သုံးသိန်းက နေဆိုသည်မှာ ရွှေကျီးကန်းမျိုးနွယ်တို့၏ နယ်မြေဖြစ်သည်။ ကျန်းလျန်ယိသည် ငှက်အားလုံး၏သခင်မဖြစ်သည်။ ရွှေကျီးကန်းမျိုးနွယ်ပင် သူ့ကိုလေးစားရသည်။

ဘယ်ရွှေကျီးကန်းမှ မသေမျိုးတစ်ဝက်ထိ ကျင့်ကြံနိုင်ခဲ့ခြင်းမရှိ။ နှစ်သုံးသိန်းကုန်လွန်သွားသည်။ ရွှေကျီးကန်းမျိုးနွယ်လည်း အရင်ကတည်းက မျိုးတုန်းသွားသည်။

ယခုလက်ရှိနေမင်းသည် ဘာမှန်းသူမသိ။

ယွမ်ကျိခေါင်းငြိမ့်သည်။

"နေနဲ့ပတ်သက်ပြီး ပြောကြဆိုကြတာတွေတကယ်ရှိပါတယ်။ အရင်က နေထဲကိုပျံဝင်ပြီးစုံစမ်းဖို့ ငါကြိုးစားဖူးတယ်။

ဒါပေမယ့် ပြိုင်ဘက်ကင်းမဟာမှော်စက်ဝန်းကြီးတစ်ခုနဲ့ ပိတ်ကာထားတယ်။ ထိုးဖောက်ကြည့်လို့မရဘူး။ အထဲဝင်လို့လည်းမရဘူး"

ချီတုန်ဖန်းက သူ့ပေါင်သူဖျန်းခနဲပုတ်လိုက်သည်။ သူကျွမ်းကျင်သည့်အကြာင်းပြောရသဖြင့် ကြောက်လန့်ခြင်းမရှိ။

"ဂိုဏ်းချုပ်ယွမ်နဲ့ ကျုပ်တို့ဂိုဏ်းက ကြုံတွေ့ခဲ့တဲ့အဖြစ်ချင်း အတူတူပါပဲ။ နေပတ်လည်မှာ အတားအဆီးတစ်ခုရှိတယ်။ စူးစမ်းလို့မရအောင် တားဆီးထားတယ်။

တစ်ယောက်ယောက်က နေကိုပိတ်ဆို့ထားခဲ့တာဖြစ်မယ်။ နေကနေ ကျုပ်တို့စွမ်းအားပိုမရအောင်ပေါ့"

ယွမ်ကျိက ချီတုန်ဖန်းစကားကို လက်မခံ။

"မဟာမှော်စက်ဝန်းကို အတင်းချိုးဖျက်လိုက်ရင် ခန့်မှန်းမရနိုင်တဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်"

"ခန့်မှန်းမရနိုင်တဲ့ကိစ္စ...ဟုတ်လား"

ချီတုန်ဖန်း အံ့အားသင့်သွားသည်။ ဘယ်လိုပြောပြော ထိုမှော်စက်ဝန်းကို သူတို့ချိုးဖျက်နိုင်စွမ်းမရှိ။

"နေလုံးကွဲသွားနိုင်တယ်။ သက်ရှိအားလုံး ကပ်ဆိုးသင့်နိုင်တယ်"

ယွမ်ကျိက တည်ငြိမ်စွာပြောသည်။ ချီတာဖုန်း တုန်လှုပ်သွားသည်။

ယွမ်ကျိနေကိုစူးစမ်းဖူးသည့်ကိစ္စ လုယန် အခုမှသိသည်။

ယွမ်ကျိက လုယန်ကို သိစိတ်အသံမှ လှမ်းပြောသည်။

"မှော်စက်ဝန်းတည်ဆောက်ပုံအရ မဟာယု ဒါမှမဟုတ် မဟာချန်ခေတ် ကျင့်ကြံသူတွေ ချန်ခဲ့တာဖြစ်မယ်။

အဆင့်မြင့်တယ်။ မသေမျိုးအဆင့်မှော်စက်ဝန်းပဲ။ ဘာကြောင့်ဒါကိုတည်ဆောက်ထားလဲဆိုတာတော့ မသိသေးဘူး။

နေကိုသူထိန်းချုပ်နိုင်တယ်ဆိုတာ ကြေညာချင်တာဖြစ်နိုင်တယ်။ ကျင့်ကြံသူတွေရဲ့တိုက်ပွဲကြောင့် နေလုံးပျက်စီးမသွားအောင် ကာကွယ်ဖို့လည်းဖြစ်နိုင်တယ်။ တစ်ခြားအကြောင်းရင်းတွေလည်းရှိနိုင်တယ်"

လုယန် အံ့အားသင့်သွားသည်။

မသေမျိုးအဆင့်မှော်စက်ဝန်းသည် မဟာယု သို့မဟုတ် မဟာချန်ခေတ်မှဖြစ်ကြောင်း ယွမ်ကျိက အတည်ပြုထားသည်။

သို့ဆိုလျှင် ထိုခေတ်နှစ်ခတ်၏ကျင့်ကြံသူများကြာတွင် မသေမျိုးများရှိနေသည့်သဘောဖြစ်သည်။

"မသေမျိုးတွေကို မကြောက်ပါနဲ့။ ရှောင်ယွမ်က မသေမျိုးတွေကို သတ်နိုင်တယ်။ ပြီးတော့ ငါနတ်မယ်လည်း သတ်နိုင်တယ်"

ထာဝရနတ်မယ်က ရင်ဘတ်ကိုပုတ်၍ လက်မထောင်ပြပြီး လုယန်ကိုနှစ်သိမ့်သည်။

ဤအပိုင်းတွင် ယွမ်ကျိထက်သူ အောက်ကျမခံနိုင်။

လုယန်စိတ်တွင် အမယွမ်အရိပ်တုလက်သီးက ပိုအားကိုးရသည်ဟု ယုံကြည်နေဆဲဖြစ်သည်။

ချီတာဖုန်းက ပြောသည်။

"ကျုပ်တို့ဂိုဏ်းက နေစွမ်းအားကိုရချင်ရင် နေရဲ့အသိအမှတ်ပြုမှုကို အရင်ရဖို့လိုတယ်ဆိုတဲ့အချက်ကို ရှာတွေ့ခဲ့ပါတယ်။

ကျုပ်တို့ရဲ့ ဂိုဏ်းမွေခံက နေအသိအမှတ်ပြုမှုရထားတဲ့ ပါရမီရှင်တစ်ယောက်ပါ"

စကားသံဆုံးသည်နှင့် အရပ်မြင့်ပြီးခံ့ညားသည့် လူငယ်ကျင့်ကြံသူတစ်ယောက် ရှေ့သို့ထွကလာသည်။ အားကောင်းသည့် ယန်ချီများ ထွက်နေသည်။

ဒဏ္ဍာရီများတွင် ဖော်ပြကြသည့် ခန္ဓာတည်ဆောက်ပုံမျိုး ဖြစ်ဟန်ရှိသည်။ နှစ်တစ်ထောင်တွင်တစ်ယောက် ပေါ်ဖို့ခဲယဉ်းသည်။

"အကြီးအကဲအားလုံးကို ဝူချီဟန် ဂါရဝပြုပါတယ်"

ဝူချီဟန်က ပြည့်စုံသည်ကိုယ်ဟန်ဖြင့် လက်နှစ်ဘက်ဆုပ်နှုတ်ဆက်သည်။

"ဒါက ကျုပ်တို့ရဲ့ ဂိုဏ်းမွေခံသူတော်စင် ဝူချီဟန်ပါ။ သန့်စင်ယန်မသေမျိုးခန္ဓာပိုင်ရှင်ပါ။

ဂိုဏ်းချုပ်နဲ့အကြီးအကဲကျန်းတို့ သူ့ကိုသဘောတွေ့တယ်ဆိုရင် ခင်ဗျားတို့တော်ဝင်ဂိုဏ်းက သက်တူရွယ်တူတွေနဲ့ သူ့ကိုပညာဖလှယ်ခွင့်ပေးနိုင်မလား"

ကောင်းကင်ရုံးတော်ဂိုဏ်း၏ အာရုံစိုက်လာဖို့ သူတို့နေမင်းဂိုဏ်း၏စွမ်းအားကို ထုတ်ပြဖို့လိုသည်။

ထိပ်တန်းအဆင့်အဖွဲ့ဝင်များ ယှဉ်ပြိုင်ဖို့တော့ လုံးဝမဖြစ်နိုင်။ သို့သော် ဂိုဏ်းတပည့်ချင်း ပြိုင်ဆိုင်ခွင့်ပြုနိုင်သည်။

လုယန် မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။

သန့်စင်ယန်မသေမျိုးခန္ဓာ။ မဟာမသေမျိုးခန္ဓာကိုးမျိုးထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုပါရမီရှင်မျိုး နေမင်းဂိုဏ်းက တွေ့ထားမည်ဟုမထင်ခဲ့။

မေးနေစရာပင်မလို။ ထိုလူငယ်သည် နေမင်းဂိုဏ်း၏ ဦးစားပေးလူငယ်ဖြစ်မည်။ သူတစ်ယောက်တည်းရှိခြင်းလည်း ဖြစ်နိုင်သည်။

"ဟားဟား၊ သန့်စင်ယန်မသေမျိုးခန္ဓာကဆိုတာ တကယ်ရှားပါးတယ်။ ဒီနေရာမှာ တွေ့ရမယ်လို့ ထင်မထားဘူး။ ကျုပ်စမ်းကြည့်ပါရစေ"

လူတစ်ယောက် ရှေ့ထွက်လာသည်။ ကိုယ်ဟန်ခံ့ညားသည်။ သူ့လက်ရှိအဆင့်နှင့်မလိုက်ဘက်သည့် ယန်ချီများထွက်ပေါ်နေသည်။

သူ့ခေါင်းနောက်ဘက်တွင် သန့်စင်ယန်ထိုက်ချိပုံရိပ်တစ်ခု ဖြေးညှင်းစွာလည်ပတ်နေသည်။ နတ်ဘုရားဗီဇဖြင့် မွေးလာသူလိုပင်ဖြစ်သည်။

"ခင်ဗျားက..."

"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းမွေခံ လုန်ကျင်းကျိုးပါ"

***************************************

All Chapters