ယန်ချီချင်းဘယ်သူပြိုင်ရဲတာလဲ
Vol. 43 Ch. 642
မုန်ကျင်းကျိုးကိုကြည့်၍ ချီတုန်ဖန်း မျက်လုံးပြူးသွားသည်။
ယန်ချီကို သူအာရုံအခံနိုင်ဆုံးဖြစ်သည်။ မုန်ကျင်းကျိုးကိုယ်မှ ထွက်ပေါ်နေသည် ယန်ချီ၏သိပ်သည်းမှုကို သူခံစားမိသည်။ သူသေချာပြုစုပျိုးထောင်ထားသည့် ဝူချီဟန်ထက်မနိမ့်။
ဘာတွေဖြစ်ကုန်ပြီမသိ။ တစ်ဘက်လူလည်း သန့်စင်ယန်မသေမျိုးခန္ဓာပိုင်ရှင်များ ဖြစ်လေသလော...
လုန်မျိုးရိုး။
ရှေးဟောင်းနဂါးမျိုးနွယ်ပါရမီရှင်များလား...
နဂါးနှင့်လူသားစပ်၍ မွေးဖွားသူများကို လုန်မျိုးနွယ်ဟုခေါ်သည်။ ရှေးဟောင်းခေတ်က သူတို့ကိုယ်ပိုင်ဂြိုလ်ရှိသည်။ ယခု လုန်မျိုးနွယ်သည် အရှေ့ပင်လယ်တွင်နေထိုင်သည်။
"ညီလေးလုန်၊ လေးစားမှုလေးနည်းနည်းထားပါ။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲလျန်ယိက သဘောမတူရသေးဘူးလေ။ မင်းဘာလို့ တိုက်ခိုက်ဖို့ပြင်ရဲတယ်ပေါ့"
လုယန်က အလိုမကျသည့်လေသံဖြင့် ဖိဟောက်သည်။
မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားပြီး ပြန်ပက်သည်။
"နေမင်းဂိုဏ်းက ပညာဖလယ်ချင်တာလေ။ ငါတို့က တိုက်ပွဲကိုရှောင်နေရမှာလား။
လုမျိုးရိုး၊ မင်းကို ကောင်းကင်အရှင်နဲ့ဂိုဏ်းချုပ်က ဦးစားပေးတယ်ဆိုပြီး လုပ်ချင်ရာလုပ်လို့ရမယ်မထင်နဲ့။ မင်းက ဂိုဏ်းချုပ်မဟုတ်ဘူး။
သွေးကြောင်တယ်ဆိုတာ ကောင်းကင်ရုံးတော်ဂိုဏ်းအတွက် သိက္ခာကျတယ်ကွ"
လုယန်က မုန်ကျင်းကျိုးကို အေးစက်စက်ကြည့်သည်။ သူ့စကားကို စိတ်ထဲမထည့်။
"အကြီးအကဲတွေကို လေးစားပြီး ချင့်ချင့်ချိန်ချိန်လုပ်တာဟာ ကောင်းကင်ရုံးတော်ရဲ့လမ်းစဉ်ပါ"
မုန်ကျင်းကျိုး လှောင်ပြုံးပြုံးသည်။
"လုပ်သမျှတိုင်းမှာ ချင့်ချိန်နေရင် ငါဒီလိုဂိုဏ်းမွေခံဖြစ်မလာဘူးကွ။ ဒီရာထူးငါဘယ်လိုရလာသလဲ မင်းမမေ့နဲ့။
အနှေးနဲ့အမြန် ဂိုဏ်းသခင်လေးဆိုတဲ့ မင်းရာထူးကို ငါလွှဲယူမှာ"
ယန်ချီပါရမီရှင်နှစ်ယောက် မျက်နှာချင်းဆိုင်ရပ်ကြသည်။ နေမင်းဂိုဏ်းပါရမီရှင်က အရင်နှုတ်ဆက်သည်။
"ကျုပ်က ဝူချီဟန်ပါ"
မုန်ကျင်းကျိုးက ခပ်အေးအေးလက်ဝေ့ယမ်းပြသည်။
"လုန်ကျင်းကျိုးပါ"
"စော်ကားဖို့ မရည်ရွယ်ပါဘူး"
ကောင်းကင်ရုံးတော်ဂိုဏ်းမွေခံနှင့် ရင်ဆိုင်ရသည်ဖြစ်၍ ဝူချီဟန် မပေါ့ဆရဲ။ အထူးသဖြင့် ပြိုက်ဘက်၏ဦးခေါင်းနောက်မှ သန့်စင်ယန်ထိုက်ချိပုံရိပ်က အတော်ထင်ရှားလွန်းသည်။ သာမန်မဟုတ်နိုင်။
မွေးကတည်းက သူနှင့်ယန်ချီချင်းယှဉ်နိုင်သည့် အဆင့်တူတစ်ယောက်ကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။
မုန်ကျင်းကျိုး လှောင်ပြုံးပြုံးသည်။
"စော်ကားတယ်တဲ့လား။ မင်းငါ့ကိုနိုင်မယ်ထင်နေတာလား"
"စမ်းကြည့်တာပေါ့"
သုံးလေးကြိမ်အရှက်ခွဲခံရသဖြင့် ဝူချီဟန်လည်း ဒေါသထွက်လာသည်။
သူသည် ဂိုဏ်း၏လျှို့ဝှက်ပါရမီရှင်ဖြစ်သည်။ ပါရမီနှင့် တိုက်ခိုက်စွမ်းအားတွင် ရွယ်တူတန်းတူထဲ၌ သူ့ကိုဘယ်သူမှမမီဟု ယုံကြည်ထားသည်။
နှစ်ယောက်သား တစ်ပြိုင်တည်းနီးပါး လှုပ်ရှားသည်။ မိုးခြုန်းသလို ပေါက်ကွဲသံထွက်လာသည်။ မီးတောက်များ အထက်သို့တက်သွားသည်။
နားကွဲမတတ်အသံများ လေထဲတွင်ပြည့်နေသည်။
ယနေ့တွေ့ဆုံပွဲအတွက် ဂိုဏ်းနှစ်ခုလုံး ဤနေရာကို မှော်စက်ဝန်းများကာထားသည်။ အသားကင်ဆိုင်ကို အပြင်လောကနှင့် စည်းခြားထားသည်။
ထို့ကြောင့် အထဲတွင်ဘာဖြစ်နေကို အပြင်ဘက်မှ လုံးဝမသိနိုင်။ ဤတိုက်ပွဲအကြောင်းလည်း မသိနိုင်။
"ညလက်ကျန်က တော်ဝင်နေ့ရက်မွေးဖွား"
ဝူချီဟန်နောက်ဘက်တွင် အံ့ဖွယ်မြင်ကွင်းတစ်ခု ပေါ်လာသည်။ အနက်ရောင်ရေလှိုင်းများက တဖြေးဖြေးမြင့်တက်လာသည့်နေလုံးကို ထောက်ပံ့ပေးသည်။ မျှော်လင့်ချက်နှင့်အလင်းရောင်ကို ကိုယ်စားပြုသည်။
အခန်းအပူချိန် ချက်ချင်းမြင့်တက်လာသည်။ ကြမ်းပြင်နှင့် ပရိဘောဂများတွင် မီးလောင်ရာများကျန်ခဲ့သည်။
တပည့်ဖြစ်သူ၏ဟန်ပန်ကို ချီတုန်ဖန်း သဘောကျစွာကြည့်နေသည်။
ဤတပည့်သည် သူ့သင်ထားသည်များကို မမေ့။ အင်အားကြီးရန်သူနှင့်ရင်ဆိုင်ချိန်တွင် အကဲစမ်းတိုက်ကွက်ဖြင့်တိုက်လျှင် ကိုယ်သာအရေးနိမ့်မည်။ အစကတည်းက စွမ်းအားပြည့်ထုတ်သုံးရမည်။
"ဒါက သန္ဓေကိုခွဲပြီး နတ်ဝိညာဉ်ဖြစ်လာတဲ့ သန့်စင်ယန်မသေမျိုးခန္ဓာရဲ့ပုံရိပ်ပဲ။ ပတ်ဝန်းကျင်အပူချိန်ကို အရင်ဆုံးမြင့်တက်အောင်လုပ်နိုင်စွမ်းရှိတယ်။ ဒါ အခြေခံအကျဆုံးအဆင့်ပါ"
ကျန်းလျန်ယိက နည်းနည်းစိတ်မကောင်းသည့်လေသံဖြင့် ရှင်းပြသည်။
"ရှေးဟောင်းခေတ်က ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ တိုက်ခိုက်စွမ်းအားနဲ့ သန့်စင်ယန်မသေမျိုးခန္ဓာပိုင်ရှင်တစ်ယောက် ရှိခဲ့တယ်။
အသက်ဓာတ်က အားကောင်းလွန်းတော့ ပြတ်သွားတဲ့ခြေလက်တွေတောင် ပြန်ပေါက်နိုင်စွမ်းရှိတယ်။
နေကိုကိုယ်စားပြုတဲ့ ခေတ်ပြိုင်ရွှေကျီးကန်းမျိုးနွယ်တွေက သူ့ကိုအရမ်းမနာလိုဖြစ်ကြတယ်။ ရွှေကျီးကန်းပါရမီရှင်က အဲဒီ့လူကို အကြိမ်ကြိမ်တိုက်ခိုက်တယ်။
တိုက်တိုင်းလည်း ရှုံးတယ်။ သူတို့တာအိုနှလုံး ပျက်စီးသွားလို့ မသေမျိုးတိုက်ပွဲကနေ သူတို့သဘောဆန္ဒအရ နှုတ်ထွက်လိုက်တယ်။
နောက်ပိုင်းမှာ သူတို့နှစ်ယောက် ချစ်ကျွမ်းဝင်သွားတယ်။ နေကိုသက်သေတည်ပြီး တစ်သက်တာအတူနေဖို့ ကတိပြုကြတယ်"
"...နေပါဦး၊ ချစ်ကျွမ်းဝင်တာလား"
ကျန်းလျန်ယိကို လုယန် စကားဖြတ်မေးသည်။ နားကြားမှားသည်ဟု ထင်လိုက်သောကြောင့်ဖြစ်သည်။
"ရွှေကျီးကန်းမျိုးနွယ်ပါရမီရှင် မျက်လုံးတောက်တောက် ဆံပင်နီနီနဲ့ အတော်လေးလှတဲ့ မိုးကျနတ်မယ်ပါ။
သန့်စင်ယန်မသေမျိုးခန္ဓာပိုင်ရှင်ကိုကြိုက်တာ ဘာမှားလို့လဲ"
"မမှားပါဘူး။ ဆက်ပြောပါဦး"
"နောက်တော့ သန့်စင်ယန်ပိုင်ရှင်က သူ့ဘိုးဘေးတွေကို သတိရလို့ မျိုးနွယ်ဆီပြန်သွားတယ်။ အဲဒီမှာ သူလည်း ရွှေကျီးကန်းမျိုးနွယ်သွေးတစ်ဝက်ပါတဲ့လူဆိုတာ သိလိုက်ရတယ်။
သူ့အမေက ရွှေကျီးကန်းမျိုးနွယ်။ သူ့အဖေက လူသားမျိုးနွယ်ပေါ့။ သူ့အမေက လက်မထပ်ချင်လို့ ရွှေကျီးကန်းမျိုးနွယ်က ထွက်ပြေးလာပြီး သူ့အဖေနဲ့ ချစ်ကြိုက်ခဲ့တယ်။
သူ့ကိုမွေးပြီးတော့ သူ့အမေကို ရွှေကျီးကျန်းမျိုးနွယ်ကဖမ်းပြီး ပြန်ခေါ်သွားတယ်။ သူ့အဖေအစွမ်းကုန်တားဖို့ကြိုးစားပေမယ့် ဘာမှမတတ်နိုင်ဘူး။
ပြီးတော့ ရွှေကျီးကန်းမျိုးနွယ်ပါရမီရှင်ဆိုတာ သူ့ရဲ့မအေတူဖအေကွဲညီမဆိုတာလည်း သိလိုက်ရတယ်။ သူအမေ မျိုးနွယ်ကိုပြန်ရောက်ပြီး စီစဉ်ထားတဲ့မျိုးနွယ်တူနဲ့ လက်ထပ်လို့မွေးလာတဲ့သမီးပေါ့"
"နောက်တော့ရော"
"နောက်ဆုံးတော့ သူ့အမေက ရွှေကျီးကန်းမျိုးနွယ်ခေါင်းဆောင်ဖြစ်လာပြီး ယောက်ျားနှစ်ယောက်ရသွားတာပေါ့"
"..."
လုယန် ခေါင်းကိုက်လာသည်။ အတော်ရှုပ်ထွေးသည့် ဆက်နွယ်မှုကြီးဖြစ်သည်။
မုန်ကျင်းကျိုးတိုက်ပွဲကိုကြည့်နေသည်က ပိုကောင်းသည်။
မုန်ကျင်းကျိုးက စစ်နတ်ဘုရားတစ်ယောက်လို ဖြစ်နေသည်။ သန့်စင်ယန်ထိုက်ချိပုံရိပ်က နေတစ်စင်းလို တောက်ပနေသည်။
တောက်ပမှုက သန့်စင်ယန်မသေမျိုးခန္ဓာ၏ပုံရိပ်ထက်ပင် ပိုသာလွန်သည်။ တစ်ခါတစ်ရံ ပြိုင်ဘက်ကို နှိပ်ကွပ်တော့မည့်အခြေအနေမျိုး ပြနေသည်။
ခန္ဓာကျင့်ကြံသူချင်းဖြစ်၍ ခန္ဓာကိုယ်ဖြင့်သာတိုက်ခိုက်ကြသည်။
ရင်ဆိုင်တွေ့သည်နှင့် ဝူချီဟန်က ပိုအထိနာသည်။ မုန်ကျင်းကျိုးခန္ဓာကိုယ်မှယန်ချီက ရွှေခန္ဓာတည်ဆောက်နိုင်လောက်အောင် အားကောင်းသည်။
မယုံနိုင်လောက်အောင် ခိုင်ခံမာကျောသည်။
"မဖြစ်နိုင်ဘူး"
ဝူချီဟန် တအံ့တဩအော်ဟစ်လိုက်သည်။
ပြိုင်ဘက်က သန့်စင်ယန်မသေမျိုးခန္ဓာပိုင်ရှင်ဖြစ်လျှင်ပင် အလွန်ဆုံး သရေသာဖြစ်သင့်သည်။ ယခု စွမ်းအားချင်း အရမ်းကွာခြားနေသည်။
ချီတုန်ဖန်းလည်း မုန်ကျင်းကျိုး၏ခန္ဓာဖွဲ့စည်းပုံကို ခန့်မှန်းနေသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းမှလူများရှိနေသဖြင့် လက်လွတ်စပယ်မစူးစမ်းရဲ။
"ယန်ချီအားကောင်းတဲ့ ခန္ဓာကိုယ်အမျိုးအစား ဒီလောကမှာ နည်းနည်းပဲရှိတယ်။ တစ်ကိုယ်တော် ဝိညာဉ်မြစ်၊ ကလေးရွှေခန္ဓာ။ သန့်စင်ယန်မသေမျိုးခန္ဓာ...
ဒါက တစ်ကိုယ်တော်ဝိညာဉ်မြစ်နဲ့တူသလိုပဲ။ ဒါပေမယ့် တစ်ကိုယ်တော်ဝိညာဉ်မြစ်က သန့်စင်ယန်မသေမျိုးခန္ဓာထက် နည်းနည်းပိုအားနည်းတယ်။
ဒီလောက်စွမ်းအားမရှိသင့်ဘူး"
သူတွေးမရ။ ကောင်းကင်ရုံးတော်ဂိုဏ်း၏အင်အားက မှန်းဆဖို့ခက်လွန်းသည်။ ဤဂိုဏ်းမွေခံသည် ရှေးဟောင်းခန္ဓာတည်ဆောက်ပုံတစ်မျိုး ပိုင်ဆိုင်ထားခြင်းဖြစ်နိုင်သည်။
မုန်ကျင်းကျိုး အေးစက်စက်ပြုံးနေသည်။ သိပ်စကားမပြော။ သိုင်းတာအိုသခင်တစ်ယောက်နှင့် တူသည်။ လှုပ်ရှားမှုတိုင်းက သိုင်းပညာနားလည်နိုင်စွမ်းနှင့် စွမ်းအားထိန်းချုပ်နိုင်စွမ်းကို သက်သေပြနေသည်။
ဝူချီဟန် ထိုအဖြစ်ကို လက်မခံနိုင်။ သူ့လက်သီးများ နီရဲလာသည်။ အရေပြားများ ပူခြစ်လာသည်။ ခန္ဓာကိုယ်မှ အရည်များအငွေ့ပျံသွားသည်။ တရှဲရှဲမြည်၍ အခိုးအငွေ့များထလာပြီး သူ့ကိုလွှမ်းခြုံသွားသည်။
နေမှမွေးဖွားလာသည့် မကောင်းဆိုးဝါးနှင့်တူနေသည်။
"နေမင်းလက်သီး"
မုန်ကျင်းကျိုး တဟားဟားအော်ရယ်သည်။ လက်သီးချင်းယှဉ်လျှင် ဘယ်သူ့ကိုမှ သူမကြောက်။ လုယန်ကိုပင်မကြောက်။
နှစ်ယောက်သား လက်သီးချင်းယှဉ်သည်။ ကြမ်းခင်းသစ်သားပြားမှ သစ်သားမှုန့်များ လွင့်ပျံသွားသည်။ လေထဲတွင် မီးလောင်၍ ဝေ့ဝဲပြန့်ကျဲပြီး ပြာကျသွားသည်။
"ဒါက သန့်စင်ယန်ထိုက်ချိလက်သီးပဲ"
လုယန် မဟာရန်သူတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ အံတစ်ချက်ကျိတ်သည်။
"သူတကယ် ဒီလက်သီးပညာကိုနားလည်သွားတယ်ပေါ့။ ထိုက်ချီဆိုတာ အမာကို အပျော့နဲ့အနိုင်ယူတာ။
ဒါပေမယ့် သူ့သန့်စင်ယန်ထိုက်ချိက အမာကို အမာနဲ့အနိုင်ယူတာ။ အတုမဲ့စွမ်းအားသုံးပြီး ပြိုင်ဘက်ကိုအနိုင်ယူတာပဲ။ ငါတောင် သူ့ကိုအနိုင်ယူဖို့ စွမ်းအားကုန်ထုတ်သုံးရလောက်တယ်"
ဝူချီဟန် လွင့်ထွက်သွားသည်။ နံရံနှင့်တိုက်မိပြီး သွေးချောင်းအဆက်မပြတ်ဆိုးနေသည်။
အလျှော့မပေးလို့သေးသဖြင့် မတ်တပ်ရပ်နေသည့် ပြိုင်ဘက်ကို စိုက်ကြည့်သည်။
"မင်း၊ မင်းရဲ့ခန္ဓာကိုယ်အမျိုးအစားကဘာလဲ"
ယန်ချီက သိပ်သည်းလွန်းသဖြင့် သူကိုယ်တွင်းထဲမှာပင် အေးစိမ့်လာသည်။
မုန်ကျင်းကျိုးက မခိုးမခန့်လှောင်ပြုံးပြုံးသည်။
"မင်းက ခန္ဓာကိုယ်အခြေခံတည်ဆောက်ပုံကိုပဲ အားကိုးတဲ့ကောင်ပါ။ ငါ့ကျင့်စဉ်စွမ်းအားက ပင်ပင်ပန်းပန်းလေ့ကျင့်ပြီး ရထားတာကွ။ ငါ့ခန္ဓာကိုယ်နဲ့ ဘာဆိုင်လဲ။
စွမ်းအားကြီးဖို့အတွက် ငါသည်းခံခဲ့ရတဲ့ အခက်အခဲတွေက မင်းလိုလူ စိတ်ကူးယဉ်နိုင်မှာတောင်မဟုတ်ဘူး"
*********************************