← Chapters

အခက်အခဲကျော်လွန်ခြင်း

Vol. 43 Ch. 645

အခက်အခဲကျော်လွန်ခြင်း

Vol. 43 Ch. 645

ဟော်ယင်က သူ့စွမ်းအားကို နောက်တစ်ကြိမ်ထပ်ပြသည်။ လီဟော်ရန်၏ခန္ဓာကိုယ်နှင့်ဦးခေါင်းကို မီးတောက်များဖြင့် ဖုံးလွှမ်းလိုက်သည်။

ညအချိန် ရုတ်တရက်မြင်ရလျှင် လူအတော်များများ ကြောက်လန့်တကြားအော်မိကြလောက်သည်။

လီဟော်ရန်၏ နတ်ဝိညာဉ်အသုံးချပုံများကို လုယန်အလေးအနက်စဉ်းစားသည်။

"ခန္ဓာကိုယ်ကို အပြည့်ခွဲထုတ်နိုင်ရင် အစိတ်အပိုင်းခြောက်ခုနဲ့ တိုက်ခိုက်နိုင်လိမ့်မယ်။ ကောင်းကောင်းထိန်းချုပ်နိုင်ရင် ရန်သူက နေရာခြောက်ခုက တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရမယ်။ ခုခံဖို့ခက်ခဲတယ်။

ခေါင်းတစ်ခုပဲ ပျံထွက်သွားပြီး ခေါင်းပြတ်အလောင်းကိုယ်ထည်နဲ့တိုက်ခိုက်ရင် အရေပြားမပျက်အောင် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းပဲ"

"အကိုလု၊ ကျုပ်မှာ အရေပြာမပျက်အောင်ထိန်းဖို့ တစ်ခြားနည်းလမ်းတွေရှိပါသေးတယ်"

လီဟော်ရန် အော်ရယ်နေရင်းပြောသည်။

"စုစည်းမယ်"

ဦးခေါင်းနှင့်လည်ပင်း ပကတိအတိုင်းပြန်ဆက်သွားသည်။ ခေါင်းပြတ်အလောင်းပုံမျိုးရှိခဲ့သည်ဟုပင် မထင်ရ။

"လာပါအကိုလု၊ ကျုပ်ကိုတိုက်ခိုက်ပါ"

လုယန် အားမနာ။

လက်နှစ်ချောင်းပူး၍ ဓားချီတစ်ခု ထုတ်လွှတ်လိုက်သည်။

လီဟော်ရန် ခန္ဓာကိုယ်အနည်းငယ်လှုပ်လိုက်သည်။ ညာလက်မောင်းက ခန္ဓာကိုယ်မှ ခွဲထွက်သွားသည်။ ဓားရိပ်က ထိုအဟကြားမှာ ဖြတ်သွားသည်။

"ဘယ်လိုလဲ"

လီဟော်ရန် ညာလက်မောင်းကိုပြန်ဆက်ပြီး ကိုယ်တစ်ပတ်လှည့်ပြသည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်မရှိ။

"စိတ်ဝင်စားစရာပဲ။ ဒီလိုဆိုရင်ရောဘယ်လိုလဲ"

လုယန် လီဟော်ရန်ကို တုံ့ပြန်ချိန်မပေး။ ဓားရိပ်ဆယ်ခု ဆက်တိုက်ထုတ်လွှတ်လိုက်သည်။ ကိုယ်'ခွဲ'နည်းလမ်းဖြင့် လီဟော်ရန် ကာကွယ်နိုင်မည်မဟုတ်။

လီဟော်ရန် မျက်နှာပျက်သွားသည်။ ဓားရိပ်ကများလွန်းသဖြင့် သူ့တကယ် ထိုမျှမြန်မြန် ကိုယ်အစိတ်အပိုင်းခွဲထုတ်ပြီး မရှောင်နိုင်။

သို့သော် သူ့မျက်နှာတွင် အပြုံးတစ်ပွင့်ချက်ချင်းပေါ်လာသည်။

နည်းလမ်းမရှိသည်တော့မဟုတ်။

သူ့ခေါင်းကိုဆွဲဖြုတ်ပြီး လေထဲတွင်ဝေ့ယမ်းလျက် အဝေးသို့ပစ်လွှတ်လိုက်သည်။

"ရွီး ရွှီး ရွှီး"

လီဟော်ရန်၏ခန္ဓာကိုယ်က ဓားချက်အားလုံးခံရသည်။ ဦးခေါင်းက အလင်းတန်းအသွင်ပြောင်း၍ အဝေးသို့ ထွက်ပြေးသည်။

အကယ်၍ အသေတိုက်ကွက်များကြုံလျှင် ဤနည်းလမ်းဖြင့် ထွက်ပြေးနိုင်သည်။

လုယန် သဘောကျစွာလက်ခုပ်တီးလိုက်သည်။

ကလေးနီနတ်ဝိညာဉ်က တကယ်အသုံးဝင်ပြီး စွယ်စုံရသည်။ ပိုင်ရှင်၏စိတ်ကူးစိတ်သန်းပေါ်သာ မူတည်သည်။

သိပ်ကြာမီ လီဟော်ရန်၏ဦးခေါင်း ပြန်ရောက်လာသည်။ ခန္ဓာကိုယ်နှင့် မူလအတိုင်းပြန်ဆက်သည်။

"အား..အကိုလုက တကယ်မညှာဘူးပဲ"

ခန္ဓာကိုယ်ပြန်စုစည်းသည်နှင့် ဓားဒဏ်ရာများ၏ဝေဒနာကို လီဟော်ရန်ခံစားရသည်။

ဟော်ယင်နတ်ဝိညာဉ်ကိုကြည့်၍ မုန်ကျင်းကျိုး အတွေးနစ်နေသည်။

သူ့ကိုယ်ပိုင်နတ်ဝိညာဉ်က ခေါင်းသုံးလုံးလက်ခြောက်ခုအသွင် ပြောင်းနိုင်သည်။ လီဟော်ရန်၏ နတ်ဝိညာဉ်ဖြင့် သူ့ခေါင်းသုံးလုံးလက်ခြောက်ခုကို ခွဲထုတ်နိုင်မည်လော...

လီဟော်ရန်က မှော်စွမ်းအင်သုံး၍ တိုက်ခိုက်ခြင်းဖြစ်သည်။ သူကထိုသို့မဟုတ်။ ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်၍ ခန္ဓာကိုယ်အပြည့်ကိုသာ အားကိုးရသည်။

သူ့ခန္ဓာကိုယ်ကို ခွဲထုတ်၍ တိုက်ခိုက်လျှင် သိုင်းဟန်ခင်းပြီးလက်သီးထိုးသလောက် ထိရောက်မည်မဟုတ်။

"နေဦး..ဒီလိုလုပ်လို့ရနိုင်တယ်"

ရုတ်တရက် သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာပြီး လီဟော်ရန်အနားသို့ ကပ်လာသည်။

"ညီလေးလီ၊ ငါမင်းနဲ့ဆွေးနွေးစရာရှိတယ်။ နတ်ဝိညာည်အဆင့်ကျင့်ကြံမှုနဲ့ပတ်သက်ပြီး ငါ့မှာစိတ်ကူးတစ်ခုရှိတယ်။ မင်းပူးပေါင်းပေးဖို့လိုတယ်"

"ဘာစိတ်ကူးလဲ"

"ငါ့ခန္ဓာကိုယ်က နည်းနည်းထူးခြားတယ်။ တစ်ခြားလူတွေရဲ့နတ်ဝိညာဉ်ကို ငှားသုံးလို့ရတယ်။

ရော့..ဒါက မင်းနတ်ဝိညာဉ်ငါ့ဆီငှားနိုင်အောင် လေ့လာရမယ့် ကျင့်စဉ်နည်းလမ်းပါ"

လီဟော်ရန်မျက်နှာ ကြောင့်တက်တက်ဖြစ်နေသည်။ နတ်ဝိညာဉ်ငှားသုံးသည်ဟူသည့်အဖြစ်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

မုန်မိသားစုသည် ငွေချေးလုပ်ငန်းသာမဟုတ်ဘဲ နတ်ဝိညာည်ချေးသည့်လုပ်ငန်းပါ လုပ်နေသလားမသိ။

"ကျုပ်လေ့လာလိုက်မယ်"

ကျင့်စဉ်နည်းလမ်းကို သူမြန်မြန်လေ့လာနိုင်သည်။ မုန်ကျင်းကျိုးက စာရွက်တစ်ရွက်သာပေးသည်။ ရိုးရှင်းသည်။ အရိုးရိုင်းထက် သူပိုတတ်လွယ်သည်။

နှစ်ယောက်သားတင်ပျဉ်ခွေ၍ တစ်ယောက်နှင့်တစ်ယောက် စွမ်းအင်ရောင်ပေါင်းစပ်သည်။

ဟော်ယင်က လီဟော်ရန်ခန္ဓာကိုယ်ထဲမှ ပျံထွက်၍ မုန်ကျင်းကျိုး၏ဒန်ထန်ထဲသို့ ဝင်သွာားသည်။

ဟော်ယင်၏စွမ်းအားကို မုန်ကျင်းကျိုးခံစားမိသည်။ နတ်ဝိညာဉ်သုံးခုစွမ်းအားက ထူးခြားသည်။ ပြိုင်ဘက်ကင်းသည်။

ကျယ်လောင်စွာမာန်သွင်းအော်ဟစ်၍ နတ်ဝိညာဉ်များကိုပေါင်းစပ်လိုက်သည်။ ခေါင်းလေးလုံးလက်ရှစ်ခုကိုယ်ထန် နောက်တစ်ကြိမ်ပေါ်လာသည်။

ထို့နောက် မုန်ကျင်းကျိုးက လက်လေးခုကိုဆွဲဖြုတ်၍ ကျန်သည့်လက်လေးခုဖြင့်ကိုင်ထားသည်။

ထို့ကြောင့် သူ့အသွင်က ခေါင်းလေးလုံး၊ လက်လေးဘက်၊ လက်နက်လေးခုပိုင်သည့် နတ်ဘုရားတစ်ယောက်လိုဖြစ်လာသည်။

ဖြုတ်ထားသည့်လက်များကို မာန်သွင်းဝေ့ယှမ်းသည်။ လေတိုးသံများ ထွက်ပေါ်လာသည်။ ခန္ဓာကျင့်ကြံသူဖြစ်၍ ခန္ဓာကိုယ်အစိတ်အပိုင်းကိုသုံးသည်မှာ သဘာဝကျသည်။ ပြည့်စုံသည်။

"အောင်မြင်ပြီကွ"

သူ့ပုံစံကိုကြည့်ရင်း လီဟော်ရန် မျက်ခုံးလှုပ်မိသည်။ မုန်ကျင်းကျိုးပုံစံက တော်ဝင်လမ်းကျင့်ကြံသူနှင့်မတူ။ နတ်ဆိုးလမ်းစဉ်ခေါင်းဆောင်တစ်ယောက်နှင့် ပိုတူနေသည်။

"မောင်လေးလီ၊ ငါတို့အခုပဲ ကိုးငရဲဂိုဏ်းကပြန်လာတာ။ သူတို့ဂိုဏ်းရဲ့မူလဇစ်မြစ်ကို ပြောပြကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး မင်းမှတ်မိတာရှိလား"

တစ်ချိန်လုံးအသံတိတ်နေသည့်ယွမ်ကျိက စကားစပြောသည်။ သူ့အသံက နူးညံ့သည့်။ ပတ်ဝန်းကျင်ကို ငြိမ်သက်သွားစေနိုင်သည့် စွမ်းအားရှိသည်။

အလေးအနက်ကိစ္စဖြစ်၍ မုန်ကျင်းကျိုးက အလိုက်တသိ စမ်းသပ်မှုရပ်ပြီး လီဟော်ရန်ကို နတ်ဝိညာဉ်ပြန်လွှဲပေးသည်။

ကိုးငရဲဂိုဏ်းမူလဇစ်မြစ်အကြောင်းကြားသည်နှင့် လီဟော်ရန် ခဏတွေသွားသည်။ ထို့နောက် ခေါင်းငြိမ့်သည်။

"ရှိပါတယ်။ ဒါပေမယ့် အပြည့်အစုံတော့မဟုတ်ဘူး။ ချင်ဟော်ရန်က စီနီယာယီရန်ကိုပြောတယ်။ သူ့ဘဝဟာ ရှစ်ခုမြောက်ဘဝတဲ့။ ကျုပ်က ကိုးခု‌မြောက်ဘဝပါ။

ရှစ်ခုမြောက်ဘဝမှန်း သူသေချာသိနေတာက အရင်ခုနစ်ဘဝအကြောင်း သူမှတ်မိနေလို့ပါ။

ဒါပေမယ့် ကျုပ်က ချင်ဟော်ရန်မှတ်ဉာဏ်ကို အပြည့်အဝမရသေးဘူး။ ရှေ့ဘဝတွေနဲ့ပတ်သက်ပြီး မှတ်ဉာဏ်အစိတ်အပိုင်းတွေ ပြန့်ကျဲနေတယ်"

"ကိစ္စမရှိပါဘူး"

လီဟော်ရန်ခေါင်းငြိမ့်သည်။ ချင်ဟော်ရန်၏များပြားသည့် မှတ်ဉာဏ်များထဲမှ သက်ဆိုင်ရာအချက်အလက်များကို ရှာဖွေသည်။

ချင်ဟော်ရန်သည် နှစ်နှေစ်ထောင်နီးပါးမှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထိုပမာဏကို လီဟော်ရန် ထိန်းမထားနိုင်။

မှတ်ဉာဏ်ပင်လယ်ထဲ လမ်းပျောက်မသွားစေရန် သူ့ဆရာကို ထိုမှတ်ဉာဏ်များပိတ်ဆိုပေးဖို့ လိုအပ်သည့်အချိန်မှ နည်းနည်းချင်းဖွင့်ပေးဖို့ တောင်းဆိုခဲ့ရသည်။

"ကျုပ်ရဲ့ ပထမဆုံးသုံးဘဝက အတော်ဝေဝါးတယ်။ ဘာဖြစ်ခဲ့လဲဆိုတာ မမှတ်မိဘူး။ လွန်ခဲ့တဲ့နှစ်ရှစ်ထောင်က ကျုပ်ရဲ့လေးခုမြောက်ဘဝမှာ ကံအကြောင်းတိုက်ဆိုင်ပြီး ကျုပ်'နိုးထ'လာတယ်။ အတိတ်ဘဝမှတ်ဉာဏ်တစ်ချို့ ပြန်ရတယ်။

အဲဒီ့မှတ်ဉာဏ်တွေကနေ ကျင့်ကြံမှုအကြောင်း ကျုပ်လေ့လာခဲ့တယ်။ ကျင့်စဉ်လမ်းကိုဝင်တယ်။ ကျင့်စဉ်အဆင့်တက်လာတော့ ပထမသုံးဘဝက မှတ်ဉာဏ်အစိတ်အပိုင်းတွေလည်း ပေါ်လာတယ်။ 'ငရဲကိုးထပ်'နဲ့ 'ပြန်မွေးဖွားခြင်း'လို ကိစ္စတွေပေါ့။

ဒါတွေကို မူပိုင်ယိက ပြောပြပြီးဖြစ်မှာပါ။ အတိတ်ဘဝသုံးခုက မှတ်ဉာဏ်အစိတ်အပိုင်းတွေပေါ် အခြေခံပြီး လေးခုမြောက်ဘဝမှာ 'ပြန်မွေးဖွားခြင်းသံသရာ'ရဲ့အဓိပ္ပါယ်ကို ရှာဖွေကို ကိုးငရဲဂိုဏ်းကို တည်ထောင်တယ်။

ဒါပေမယ့် ထူးခြားတဲ့ အကျိုးကျေးဇူးမျိုး ဘာမှမရဘူး။ ပြီးတော့ အဆိုးပေါ်အဆိုးဆင့်ဆိုသလိုပဲ အရာရှိနှစ်ယောက်က ဂိုဏ်းနေရာကို တိုက်ခိုက်ဖြိုခွဲခဲ့တယ်။ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့လူဖြစ်လို့ လက်အောက်ခံတွေကို ထွက်ပြေးခိုင်းပြီး သူကအချိန်ဆွဲပေးထားတယ်။ ဒီတော့ ပြေးမလွတ်ဘဲ အဖမ်းခံရပြီး သေဒဏ်ပေးခံရတယ်။

ငါးခုမြောက်ဘဝက ဗုဒ္ဓနိုင်ငံမှာ ကျုပ်ပြန်မွေးဖွားတယ်။ လောကဆန္ဒတွေကိုစွန့်လွှတ်ပြီး သီလရှင်ဖြစ်လာတယ်။ နောက်တာ့ အနီးအနားဘုံကျောင်းက ကျောင်းထိုင်ဘုန်းကြီးနဲ့ ချစ်ကြိုက်မိတယ်။ ကျုပ်တို့နှစ်ယောက် ကျင့်ဝတ်သီလတွေကိုစွန့်လွှတ်ပြီး ဗုဒ္ဓမျက်စိရှေ့မှာ လက်ထပ်ခဲ့တယ်။

ခြောက်ခုမြောက်ဘဝက ကိုးငရဲဂိုဏ်းကို ကျုပ်ဝင်တယ်။ အတိတ်မှတ်ဉာဏ်တွေအားကိုးပြီး ဂိုဏ်းချုပ်နေရာအထိတက်နိုင်ခဲ့တယ်။ ကျုပ်ကိုယ်တိုင်တည်ထောင်ထားတဲ့ဂိုဏ်းကို ချမ်းသာစေချင်တဲ့လောဘဝကြောင့် လစဉ်ကြေးတွေး အချိန်မှန်မပေးလို့ ကျုပ်လုပ်ကြံသတ်ဖြတ်ခံရတယ်။

ခုနစ်ခုမြောက်ဘဝမှာ နန်းတွင်းကိုယ်လုပ်တော်မိန်းမဖြစ်တယ်။ နေ့တိုင်း တော်ဝင်ဟာရမ်ထဲမှာ အကွက်ချပြီး လျှို့ဝှက်ကြံစည်နေခဲ့တယ်"

ထိုအကြောင်းပြောနေချိန်တွင် လီဟော်ရန်မျက်နှာက အတော်ရုပ်ဆိုးသည်။ မနှစ်မြို့စရာကိစ္စများကို ပြန်မှတ်မိလာဟန်ရှိသည်။

"ရှစ်ခုမြောက်ဘဝကတော့ အားလုံးသိပြီးသားပါ။ ဟိုလူယုတ်မာ ချင်ဟော်ရန်ပေါ့။ ကျင့်စဉ်အဆင့်လည်း အမြင့်ဆုံးကိုရောက်တယ်။ ကြွေးရှင်တွေရှောင်ဖို့ ကူးဖြတ်ခြင်းအဆင့်တက်တယ်။ ဒါပေမယ့် ကောင်းကင်လျှပ်စီးချက်နဲ့ သေခဲ့တယ်။

ကိုးခုမြောက်ဘဝကတော့ ကျုပ်ပေါ့။ ကျုပ်ရှင်သန်ခဲ့တဲ့ဘဝတွေက အဲဒါပဲ"

ဇာတ်လမ်းကိုနားထောင်ပြီးနောက် ယွမ်ကျိကမေးသည်။

"လေးခုမြောက်ဘဝက လွန်ခဲ့တဲ့နှစ်ရှစ်သောင်းကဖြစ်ခဲ့တယ်။ ချင်ဟော်ရန်သေပြီးတော့ မင်းအဖြစ်နဲ့ ချက်ချင်းလူပြန်ဝင်စားတယ်။

ဒီတော့ လေးခုမြောက်ဘဝကနေ ငါးခုမြောက်ဘဝကို ချက်ချင်းပြန်ဝင်စားခဲ့တာမဟုတ်ဘဲ ကြားမှာအချိန်ဟာကွက်တစ်ခုရှိခဲ့တဲ့သဘောပေါ့...ဟုတ်လား"

လီဟော်ရန် ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ အတိတ်ဘဝတွေမှာ အစောပိုင်းကျလေ အချိန်ကွာဟလေပဲ။ ကျုပ်ဝင်စားတာကတော့ အဲလိုဟာကွက်မရှိဘူး"

"အချိန်ကာလကိုကြည့်ရင် မင်းရဲ့ပထမသုံးဘဝက မဟာရှားခေတ်မဟုတ်ဘူး။ မဟာယု ဒါမှမဟုတ် မဟာချန်ခေတ်ပေါ့"

"ဟုတ်လောက်တယ်"

"ပြန်မွေးဖွားတဲ့ဘဝတွေကြားမှာ အချိန်ကွာဟာချက်လျော့နည်းလာတယ်။ နောက်ဆုံးကွာဟချက်လုံးဝမရှိတော့ဘူး။...ဒါဆိုဒါက သတ်မှတ်ချက်သဘောမျိုး ဒါမှမဟုတ် တဖြေးဖြေးပြည့်ဝလာတဲ့သဘောပဲ။

ဒီဘဝဟာ မင်းရဲ့နောက်ဆုံးဖြစ်နိုင်တယ်။ ဒါမှမဟုတ် မင်းသေပြီးလို့ ဆယ်ဘဝမြောက်ကျရင် တစ်ခုခုဖြစ်လာနိုင်တယ်"

"ဟုတ်ပါတယ်"

ခဏစဉ်းစားနေပြီးနောက် ယွမ်ကျိက ကျန်းလျန်ယိကို လှည့်မေးသည်။

"ကျွန်မတော့ ဒီလောက်ဆိုရပြီ။ အကြီးအကဲကျန်းကရော မေးချင်တာရှိသေးလား"

ကျန်းလျန်ယိခေါင်းငြိမ့်သည်။

"တော်ဝင်ဟာရမ်မှာ အကွက်ချကြံစည်ခဲ့တဲ့ အတွေ့အကြုံးတွေကို အသေးစိတ်ပြောပြနိုင်မလား"

"...မပြောနိုင်ပါဘူး"

"ဒါဆိုရင်တော့ ငါလည်းထပ်မေးစရာမရှိတော့ပါဘူး"

**********************************

All Chapters