← Chapters

အခန်း (၈၈)

Vol. 8 Ch. 88

အခန်း (၈၈)

Vol. 8 Ch. 88

ကုတ်အင်္ကျီကို အခန်းထဲပြန်ထားရန် ကူညီရင်း လင်းချောင်က စာမေးပွဲ မေးခွန်းလွှာအကြောင်း စကားစလိုက်၏။

"အမေ အရင်က ဘယ်ကျောင်းမှာ စာသင်ခဲ့ဖူးတာလဲ။။ ဒီဘက်နယ်ပယ်ထဲမှာ အသိတွေရှိလား။"

"ငါက ရန်မင်တက္ကသိုလ်ရဲ့ တွဲဖက် အထက်တန်းကျောင်းမှာ သင်ခဲ့တာ။"

ရွှီလီက ပြန်ဖြေလိုက်ပြီး စာမေးပွဲမေးခွန်းလွှာများရအောင် ကူညီပေးမည်ဟု မဆိုင်းမတွ သဘောတူလိုက်သည်။

"ဘာလို့လိုချင်ရတာလဲ။"

"တခြားအဆင့်မြင့်ကျောင်းတွေရဲ့အတွေ့အကြုံတွေကို လေ့လာချင်လို့ပါ။"

ရွှီလီ ခဏတာစဉ်းစားပြီး ပြောလိုက်၏။ "အကြံကောင်းပဲ။ ငါတို့တုန်းက မင်းလိုမျိုး ဆရာကောင်းတွေ မရှိခဲ့ဘူး။"

နှစ်ယောက်သား အခန်းထဲမှ ထွက်လာသောအခါ ရွှီလီက အထဲမဝင်ခင်ကထက် ပိုပြီး စိတ်ကျေနပ်နေပုံရ၏။

"ဒီကိစ္စ ငါ့ကိုသာ လွှဲထားလိုက်။ မကြာခင် ဖုန်းဆက်လိုက်မယ်။"

ကျိသော်က အဘိုးကြီးနှင့်အတူ လက်ဖက်ရည်သောက်နေရင်း သူတို့ကို မော့ကြည့်လိုက်၏။ "ဘာတွေပြောနေကြတာလဲ။"

ရွှီလီ လင်းချောင်ကို ကြည့်လိုက်မိ၏။ သူမ၏ သားသည် ယခင်က သူမ၏ စကားဝိုင်းများကို မေးမြန်းခဲ့ဖူးခြင်းမျိုးမရှိ။

လင်းချောင်ကတော့ ကျိသော်၏ ပုံမှန်အပြုအမူကို မသိသောကြောင့် သိပ်မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ "အမေ့ကို ထိပ်တန်းကျောင်းတွေက နှစ်လယ်စာမေးပွဲမေးခွန်းလွှာတွေ ရနိုင်မလားလို့ မေးနေတာပါ။"

ကျောင်းအကြောင်းဖြစ်သည်ကို ကြားသောအခါ ကျိသော် ထပ်မမေးတော့ပေ။ သူတို့ အခန်းထဲပြန်ဝင်ပြီး ဆောင်းညအတွက် စောင်အထူများ ထုတ်နေချိန်တွင် ရွှီလီက အဘိုးကြီးကို ပြောလိုက်၏။

"ဒီနေ့ ဒုတိယသားက ထူးဆန်းနေတယ်လို့ မထင်ဘူးလား။"

"ဘယ်လို ထူးဆန်းနေတာလဲ။ သူ မဝလာဘူး၊ မပိန်သွားဘူး၊ စိတ်ဓာတ်လည်း ကောင်းနေတာပဲလေ။" အဘိုးကြီးက သတိမထားမိပေ။

"သူ ဒီနေ့ ချောင်ချောင်ကိုပဲ စိုက်ကြည့်နေတာလေ။ ကျွန်မ သူမနဲ့ အခန်းထဲမှာ စကားပြောတော့လည သူက ဘာတွေပြောနေလဲဆိုတာတောင် မေးသေးတယ်။ အရင်တုန်းက သူ အဲ့ဒီလိုလုပ်ဖူးလို့လား။"

အဘိုးကြီးက သတိထားမိတတ်သူ မျိုးမဟုတ်သောကြောင့် ရွှီလီ ရှင်းပြလိုက်၏။

"သူတို့ရဲ့ ဆက်ဆံရေး ဘယ်လိုရှိလဲဆိုတာ ရှင်သိနိုင်ပြီလေ။ သူ့ရဲ့အေးစက်စက်မျက်နှာနဲ့ ချောင်ချောင်က်ို ကြောက်အောင်လုပ်မှာ ကျွန်မ စိုးရိမ်စရာ မလိုတော့ဘူး။ စာမေးပွဲမေးခွန်းလွှာတွေ မရနိုင်ဘူးလို့ ကျွန်မပြောလိုက်ရင် သူက ချောင်ချောင်အတွက် ရအောင် ရှာပေးမှာပဲ။"

"ငါယုံတယ်။"

အဘိုးကြီးက လက်ဖက်ရည်ကို တ

ဖြည်းဖြည်းချင်းသောက်ရင်း ပြောလိုက်၏။

"သူက မင်းတမင်သက်သက် လုပ်နေတယ်ဆိုတာ သိသွားမယ်လို့ ငါယုံတယ်။"

ရွှီလီ - "..."

အဘိုးကြီး၏ စကားကြောင့် ရွှီလီ စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း သူပြောသည်မှာ မှန်၏။ သူမ၏ သားသည် အရာရာတိုင်းတွင် ကောင်းမွန်သော်လည်း ဆက်ဆံရခက်သူဖြစ်သည်။

တစ်ခါတစ်ရံတွင် အမျိုးသားတစ်ဦးကို ဆက်ဆံရခက်ခဲနေခြင်းက အမျိုးသမီးတစ်ဦးအတွက် မကောင်းသည့်အရာ မဟုတ်။ သူတို့၏ ချွေးမအကြီးဆိုလျှင် သားအကြီးအပေါ် အမြဲတမ်း အသာစီးရနေတတ်သည်။

သူမ သားအကြီးအကြောင်း စဉ်းစားမိချိန်မှာပဲ အပြင်ဘက်မှ ကျိလင်၏ ငိုသံထွက်ပေါ်လာ၏။

"အဘိုး၊ အဘွား!"

သူတို့က ထိုအသံကို ကြားသည်နှင့် တစ်ခုခု မှားနေပြီဟု သိလိုက်ကြသည်။ သူတို့ မတ်တပ်ရပ်လိုက်သည်နှင့် ကျိလင်က အထဲသို့ ပြေးဝင်လာကာ ရွှီလီ၏ ရင်ခွင်ထဲသို့ တိုးဝင်သွား၏။

ရွှီလီက သူမ၏ မြေးမလေးကို လျင်မြန်စွာ ဆွဲဖက်လိုက်၏။

"ဘာဖြစ်တာလဲ။ ဘာလို့ ဒီလိုမျိုး ငိုနေတာလဲ။"

အဘိုးကြီးက သူမကို ရွှီလီ၏ ရင်ခွင်ထဲမှ ဆွဲထုတ်၍မရသောကြောင့် အနားလျှောက်သွားကာ ပြောလိုက်၏။

"ဘယ်သူ အနိုင်ကျင့်တာလဲ။ အဘိုးကိုပြော၊ အဘိုး ဖြေရှင်းပေးမယ်။"

"အမေ..."

ကျိလင် ရှိုက်ကြီးတငင် ငိုနေစဉ် ယဲ့မင်ရှူး ရောက်လာ၏။

"စကား နည်းနည်းလေး ပြောလိုက်ရုံရှိသေးတယ်၊ ထွက်ပြေးသွားတော့တာပဲ။"

ယဲ့မင်ရှူး အနည်းငယ် စိုးရိမ်နေပုံပေါ်သော်လည်း အဘိုးကြီးနှင့် ရွှီလီတို့ ကျိလင် အနီးရှိနေသည်ကို မြင်သောအခါ လျင်မြန်စွာ နှုတ်ဆက်လိုက်၏။

"အဖေ၊ အမေ။"

"မင်း သူမကို ဘာပြောလိုက်တာလဲ။ ဒီလောက် အေးနေတာကို သူမက ဒီအထိ ငိုပြီး ပြေးလာတယ်။ ဘယ်လိုလုပ် ဒီလိုဖြစ်ခွင့်ပြုနိုင်ရတာလဲ။"

ယဲ့မင်ရှူး ရှက်ရွံ့သွား၏။ "ဘာမှ သိပ်မပြောလိုက်ပါဘူး။ သူမ ဒီလောက်တောင် စိတ်ဆိုးသွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ..."

"အမေက သမီးကို ယုတ်ညံ့တယ်လို့ပြောပြီးဆူတယ်။ ပြီးတော့ အရှက်မရှိဘူးတဲ့!"

ကျိလင် ရွှီလီရင်ခွင်ထဲသို့ မျက်နှာအပ်ကာ ပို၍ ကျယ်လောင်စွာ အော်ငိုလိုက်၏။

အဘိုးကြီးက အမှန်တကယ်ကို ဒေါသထွက်သွားတော့သည်။

"သူမက ၁၄ နှစ်ပဲ ရှိသေးတယ်။ မင်း ဘယ်လိုလုပ် ဒီလိုစကားမျိုးတွေ ပြောနိုင်ရတာလဲ။ အဲ့ဒါ မိခင်တစ်ယောက်ရဲ့ လုပ်ရပ်လား။"

ယဲ့မင်ရှူး၏ မျက်နှာသည် ပို၍ပင် မသာယာဖြစ်သွားတော့သည်။ အထူးသဖြင့် ထိုအချိန်တွင် ကျိသော်နှင့် လင်းချောင်တို့ ပြန်ရောက်လာသောကြောင့်ပင်။

အဘိုးကြီးနှင့် ရွှီလီတို့က လင်းချောင်ကို "ချောင်ချောင်" ဟု ခေါ်ပြီး ဂရုတစိုက် ဆက်ဆံကြကာ ယဲ့မင်ရှူးကိုတော့ ပြင်းပြင်းထန်ထန် ဆူပူကြသည်။

အိမ်ထောင်ဘက် ပြောင်းလဲခဲ့သည့် ကိစ္စမရှိလျှင်တောင် လင်းချောင်က သူမထက် အသက်နှစ်ဆယ်ကျော်လောက် ငယ်သည်က ယဲ့မင်ရှူးအတွက် ရှက်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်နေ၏။

စိတ်ပူပန်မှုကြောင့် ယဲ့မင်ရှူး၏ မျက်လုံးများ နီရဲလာတော့သည်။

"အဖေ၊ ဆူမယ်ဆိုရင်တောင် ကျွန်မကို ရှင်းပြခွင့်လေးတော့ ပေးပါ။ ဘာအကြောင်းမှ မရှိဘဲ သူမကို ဘာလို့ ဆူရမှာလဲ။"

သူမ ငိုတော့မလို ဖြစ်လာ၏။ ကျိသော်က မျက်မှောင်ကြုတ်ပြီး အဘိုးကြီးကို တွဲပေးလိုက်သည်။ "သွေးပေါင်ချိန်ကို ဂရုစိုက်ပါဦး။"

လင်းချောင်က တဘက်တစ်ထည် ယူလာပြီး ကျိလင်ကို ပေးလိုက်၏။"မျက်နှာသုတ်လိုက်ပါ။"

"ကျေးဇူးပါ အဒေါ်။"

ကျိလင်က တဘက်ကိုယူပြီး နှုတ်ခမ်းဆူကာ ပြောလိုက်သော်လည်း မျက်ရည်များကိုတော့ ထိန်းမထားနိုင်ခဲ့ပေ။

ဒီအခြေအနေက ရွှီလီကို စိတ်မကောင်းဖြစ်စေသည့်အတွက် သူမက အမြန်ဖက်ကာ ကျောကိုပုတ်ပေးလိုက်၏။

ကျိသော်နှင့် လင်းချောင် ဝင်ပြောပေးခဲ့သောကြောင့် အဘိုးကြီးက စိတ်ငြိမ်သွားပြီး ဆိုဖာပေါ် ထိုင်လိုက်ကာ ယဲ့မင်ရှူးကို မေးလိုက်၏။

"ဘာတွေဖြစ်နေတာလဲ။"

ယဲ့မင်ရှူး တုံ့ဆိုင်းနေပြီး ရှင်းပြရခက်နေသော်လည်း ကျိလင်ကတော့ မျက်နှာသုတ်ရင်း ရှိုက်ကြီးတငင်နှင့် အဖြစ်အပျက် အစအဆုံးကို ပြောပြလိုက်၏။

ဖြစ်စဉ်ကတော့ ယန်ဒူရုပ်ရှင်စတူဒီယိုက ရုပ်ရှင်အသစ်တစ်ခုအတွက် သရုပ်ဆောင်ရွေးချယ်နေပြီး ကျိလင်၏ သေးသွယ်ပြီး ချစ်စရာကောင်းသော ပုံပန်းသဏ္ဌာန်က ဇာတ်ရုပ်တစ်ခုနှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။ ကျိလင်က ယဲ့မင်ရှူးကို ပြောပြခဲ့ရာ သူမက ချက်ချင်းပဲ ဒေါသတကြီးဖြစ်သွားပြီး ထပ်ပြောသည့်အခါ ကျိလင်ကို အရှက်မရှိတဲ့သူ၊ ယုတ်ညံ့သည့်အလုပ်များ လုပ်ချင်သည်ဟု ဆူပူခဲ့ခြင်းပင်။

"ဒီလို မိသားစုမျိုးက ကလေးက ဘယ်လိုလုပ် မင်းသမီး ဖြစ်နိုင်မှာလဲ။ အဲ့ဒါက အဖေနဲ့အမေကို မျက်နှာပျက်စေလိမ့်မယ်။" ယဲ့မင်ရှူး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လိုက်၏။

"ငါတို့က အခု ဘယ်ခေတ်ရောက်နေပြီလဲ၊ 'မင်းသား၊မင်းသမီး' ဆိုတာကို အထင်သေးနေတုန်းပဲလား။"

အဘိုးကြီးက သူမ၏စကားကို သဘောမကျပေ။ "မင်းကိုယ်တိုင်လည်း အကသမား မဟုတ်ခဲ့ဘူးလား။"

ယဲ့မင်ရှုး အံ့အားသင့်သွားသော်လည်း ကျိလင်ကတော့ ငိုရင်းနှင့် ထပ်ဖြည့်ပြောလိုက်၏။ "ငယ်ငယ်တုန်းက အကသင်ချင်တော့လည်း အမေက မသင်ခိုင်းဘူး၊ ကျွန်မတို့မိသားစုက အဲ့ဒါမျိုး မသင်သင့်ဘူးလို့ ပြောခဲ့တာ။"

ကျိလင် ပျော်ရွှင်စွာကနေသည်ကို ယဲ့မင်ရှုး အမြဲ မကျေမနပ်ကြည့်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ယဲ့မင်ရှူးက သူမ၏ နောက်ခံကို အလွန်အလေးထားပြီး စိုးရိမ်ပူပန်နေကြောင်း လင်းချောင် သိလိုက်၏။

ဒါက စိုးရိမ်ပူပန်မှုသက်သက် မဟုတ်ဘဲ စွဲလမ်းမှုတစ်ခု ဖြစ်နေခဲ့သည်။ သူမ၏ စိတ်ဓာတ်ကြောင့် သူမက မာနကြီးပြီး တခြားသူများကို သူတို့၏ နောက်ခံပေါ် မူတည်ပြီး တရားစီရင်တတ်သည်။

အဘိုးကြီးကလည်း သူမ၏စိတ်ကို နားလည်၏။ "အကသင်တာ၊ သရုပ်ဆောင်လုပ်တာ၊ ဒါတွေအားလုံးက အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေပဲ။ ဘာရှက်စရာရှိလို့လဲ။ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေရင် တခြားသူတွေကလည်း ကိုယ့်ကို အထင်သေးမှာပဲ။"

သူ့စကားများက ပွင့်လင်းပြီး ကျိုးကြောင်းဆီလျော်သော်လည်း ယဲ့မင်ရှုးက နားမထောင်လိုပေ။ သူမက စကားပြန်ပြောရန် လုပ်လိုက်သော်လည်း ကျိသော်ကို မြင်တော့ ပြောမည့်စကားများကို မြိုသိပ်လိုက်ရ၏။

သူမ လင်းချောင်ကို ဒုတိယသားထံ တွန်းပို့လိုက်ကတည်းက အဘိုးကြီးက သူမအပေါ် အေးစက်နေခဲ့ပြီး မိသားစုကိစ္စများတွင် မပါဝင်စေခဲ့ပေ။ ကျိကျွင်းလည်း ထိုအတိုင်းပင်။ သူမ ဘာပဲလုပ်ချင်နေပါစေ သူက အလုပ်ကိုသာ သွားသည်။ သူမ ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ၊ အပြင်လူများကတောင် သူမက ချွေးမအကြီး ဖြစ်သော်လည်း ချွေးမအငယ်လောက် မျက်နှာသာ မရဘူးဆိုသည်ကို မြင်နိုင်ကြ၏။

အဘိုးကြီးက သူမ ဘာတွေးနေလဲဆိုသည်ကိုသိပြီး သူမကို ဆုံးမပြီးပြီဟုယူဆတာကြောင့် ဆက်ပြောမနေတော့ပေ။

"ရှောင်လင်ကို မင်းအမေနဲ့ ငါ့ကို အဖော်လုပ်ဖို့ ဒီမှာ ထားခဲ့လိုက်။"

"အဖေ!"ယဲ့မင်ရှုးက ပြန်ပြောလာ၏။

အဘိုးကြီး၏ မျက်နှာက အေးစက်သွားတော့၏။ "ငါက ငါ့မြေးမ အဖော်ပြုပေးတာနဲ့ထိုက်တန်ဘူးလား၊ ဒါမှမဟုတ် မင်းလုပ်ခဲ့တာတွေကို မေ့သွားတာလား။"

သူ၏ စကားလုံးများသည် ပြင်းထန်လွန်း၍ ယဲ့မင်ရှုး မငြင်းခုံနိုင်တော့ပေ။ သူမက လင်းချောင်နှင့် ကျိသော်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏သမီးကို သတိပေးသည့် အကြည့်ဖြင့် ကြည့်ကာ ထွက်သွားတော့သည်။

ထိုအကြည့်သည် သူမကို ရည်ရွယ်သည်လား၊ ကျိသော်ကို ရည်ရွယ်သည်လား။

လင်းချောင် မျက်ခုံးပင့်မိသော်လည်း ဆက်မတွေးရသေးမီ ကျိသော်က ကျိလင်ကို လှမ်းခေါ်လိုက်၏။

"ဒီကို လာခဲ့။"

ကျိလင်က သူ့ကိုကြည့်ပြီး လာခဲ့သော်လည်း လင်းချောင်၏ ရင်ခွင်ထဲသာ တိုးဝင်လိုက်ပြီး နှုတ်ခမ်းဆူကာ ရှိုက်သံများဖြင့် ပြောလိုက်၏။

"အဒေါ်။"

ကလေးမလေးက ငိုနေပြီး ကျိသော်က မျက်နှာတည်တည်နှင့် ခေါ်လိုက်သည့်အတွက် ဆူတော့မည့်ပုံ ပေါ်နေ၏။ လင်းချောင်က ကျိသော်ကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုအကြည့်တွင် ဆေးရုံမှာတုန်းကကဲ့သို့ စူးရှမှုအချို့ ပါနေ၏။ ကျိသော် ခေတ္တရပ်သွားပြီး ကျိလင် ကိုင်ထားသော မျက်နှာသုတ်သဘက်ကို ယူကာ သွားလျှော်လိုက်သည်။

သူပြန်လာချိန်တွင်လည်း ကျိလင်က လင်းချောင်ကို ဆက်လက်တွယ်ကပ်နေဆဲပင်။ "အမေက ကျွန်မကို ခွင့်ပြုမှာ မဟုတ်ဘူး။"

ကျိလင်က လင်းချောင်ကို တီးတိုးပြောလိုက်၏။ သူမက အဘိုးကြီးနှင့် ရွှီလီတို့ကို တစ်ချက်ကြည့်လိုက်သည်။

သူမက အဘိုးကြီးတ်ို့ကို ယဲ့မင်ရှူးနှင့် စကားပြောပေးစေချင်ခြင်းဖြစ်ပြီး အဘိုးကြီးနှင့် ရွှီလီတို့က နားလည်သည့်တိုင် ဘာမှမပြောခဲ့ကြပေ။

ကျိလင်က ဆယ့်လေးနှစ်သာ ရှိသေးသည်။ ယဲ့မင်ရှူးကို ပြောဆိုလျှင်လည်း သူမက နားထောင်မည် မဟုတ်။ နားထောင်သည်ပင်ထားဦး၊ အဘိုးကြီးကလည်း သူမကို ငယ်ရွယ်သေးချိန်တွင် ရုပ်ရှင်ရိုက်ရန် အမှန်တကယ် မထောက်ခံလိုပေ။

အဘိုးကြီး ဒေါသထွက်မိခြင်းမှာ ယဲ့မင်ရှူး၏ စကားများက အလွန်ပြင်းထန်လွန်းသောကြောင့်သာဖြစ်သည်။

ကျိလင်က ထိုအချက်ကို သတိထားမိသွားပြီး ထပ်ငိုချင်စိတ် ပေါ်လာပြန်၏။ လင်းချောင်က ကျိသော် လျှော်ပြီးခါစ သဘက်ကိုယူကာ သူမကို မျက်နှာသုတ်ပေးလိုက်၏။

"အဒေါ့်ကို ပြောပါဦး၊ သမီးက ဘာလို့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ချင်ရတာလဲ။"

"တီဗွီမှာ၊ ရုပ်ရှင်ကားကြီးပေါ်မှာ ပါချင်လို့၊ လူတိုင်းက သမီးကို မြင်စေချင်တာ။ အဲ့ဒါက အရမ်းမိုက်တယ်။" ကျိလင် ပြောနေရင်းမှာပဲ မျက်လုံးများက အရောင်တောက်လာခဲ့သည်။

"ဒါပေမဲ့ လွန်ခဲ့တဲ့ရက်က အဒေါ် သမီးက်ို ဓာတုဗေဒ စမ်းသပ်မှုလုပ်ဖို့ သင်ပေးတုန်းကလည်း မိုက်တယ်လို့ ထင်ခဲ့တယ်မလား။" လင်းချောင်၏ အသံသည် နူးညံ့ပြီး သူမ၏ မျက်လုံးများကပါ ပြုံးရယ်နေ၏။

ဒီမေးခွန်းက ကျိလင်က်ို စဉ်းစားရခက်စေသည်။ သူမသည် ကလေးတစ်ယောက် ဖြစ်နေသေးသည့်အတွက် အနာဂတ်နှင့်ပတ်သက်၍ သေချာသော အယူအဆ မရှိသေးပေ။

လင်းချောင်၏ အသံက ပို၍ပင် နူးညံ့သွားတော့သည်။ "ကြည့်ပါဦး၊ သမီးရဲ့ စိတ်ဝင်စားမှုတွေက ပြောင်းလဲနေတယ်။ ကြီးလာတဲ့အခါ သမီး တကယ်ဆက်ပြီးသဘောကျနေတဲ့အရာကမှ သမီးရဲ့ တကယ့်ဝါသနာပဲ၊ အဲ့ဒါကိုပဲ အစွမ်းကုန် ကြိုးစားသင့်တယ်။"

ကျိလင်၏ စဉ်းစားနေသည့် အမူအရာကို မြင်သောအခါ သူမက လွှတ်ပေးလိုက်သည်။"လာ၊ ဆံပင် သွားဖြီးရအောင်။"

လင်းချောင် စကားစပြောသည့် အချိန်မှစ၍ ရွှီလီက သူမကို နွေးထွေးစွာ စောင့်ကြည့်နေခဲ့သည်။ နှစ်ယောက်သား ထွက်သွားသည်ကို မြင်သောအခါ သူမ၏ အကြည့်က ပို၍ စိတ်ကျေနပ်သွားသလိုပင်။

"ချောင်ချောင်က အနာဂတ်မှာ သေချာပေါက် မိခင်ကောင်းတစ်ယောက် ဖြစ်လာမှာ။"

သူမ၏သားသည်လည်း လင်းချောင်၏ ကျောပြင်ကို ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူမက ထပ်ပြောလိုက်၏။ "ချောင်ချောင်ရဲ့ ဓမ္မတာလာတာက ဒီနှစ်လအတွင်း ပုံမှန်ဖြစ်လာတာကို ငါ သတိထားမိတယ်။"

"ဟုတ်ပါတယ်။"

ကျိသော် သူမ၏ မှတ်ချက်ကို ဘာမှပြန်မတုံ့ပြန်ခဲ့ဘဲ လက်ဖက်ရည်အိုးကို စမ်းကြည့်လိုက်ရာ အေးနေပြီဖြစ်သောကြောင့် ရေနွေးအသစ်ထည့်ရန် ထရပ်လိုက်သည်။

သူ ရွှီလီ၏ ဆိုလိုရင်းကို သိသော်လည်း လင်းချောင်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရဦးမည်ဖြစ်သည်။ ကလေးယူရန် စဉ်းစားရမည့် အချိန်မကျသေးသလို သူကလည်း သူမကို ဖိအားပေးချင်စိတ်မရှိပေ။

ကျိလင်က နေ့လယ်ပိုင်းအထိ အိမ်ဟောင်းတွင် နေခဲ့ပြီးနောက် ကျိကျွင်းက ပြန်လာခေါ်သွားသည်။

အဘိုးကြီးက သူ့ကို မည်သူလွှတ်လိုက်သည်ကို ချက်ချင်းသိလိုက်ပြီး သားအကြီးဖြစ်သူကိုပါ ဆူပူလ််ိုက်၏။

"မင်းမိန်းမက စကားကို ကောင်းကောင်း မပြောတတ်ဘူး၊ ကလေးကိုလည်း မသင်ပြတတ်ဘူးဆိုရင် ရှောင်လင်ကို ငါ့ဆီ ပို့ထားလိုက်၊ ငါပဲ ပြုစုမယ်။ ငါက အငြိမ်းစားယူထားပြီ၊ ဘယ်သူမှလည်း ငါ့စကားကို နားမထောင်ကြဘူး။ ဒါကြောင့် ငါ့မြေးအတွက် အချိန်တွေရှိတယ်။"

ကျိကျွင်း၏ မျက်နှာက အဆင်မပြေ ဖြစ်သွားသော်လည်း ကျိလင်ကတော့ စိတ်ငြိမ်သွားခဲ့ပြီဖြစ်သည်။ သူမက နှုတ်ခမ်းဆူနေဆဲ ဖြစ်သော်လည်း သူမအဖေနှင့်အတူ ပြန်လိုက်သွားခဲ့၏။

နေဝင်စောလာသောကြောင့် ရွှီလီက ကျိသော်နှင့် လင်းချောင်ကို အကြာကြီး အချိန်မဆွဲထားတော့ဘဲ အစားအသောက်အချို့ ထုပ်ပိုးပေးပြီး လိုက်ပို့ပေးလိုက်၏။

တနင်္လာနေ့တွင် ဒုကျောင်းအုပ်ကြီးချီက စာမေးပွဲမေးခွန်းလွှာ တစ်စုံကို ယူလာပေးခဲ့သည်။

"ဒါတွေက ဆရာအတတ်သင် တက္ကသိုလ်ရဲ့ တွဲဖက် အထက်တန်းကျောင်းက နှစ်လယ် စာမေးပွဲမေးခွန်းတွေ။ အသုံးဝင်မလား ကြည့်လိုက်ပါဦး။"

ဒါက ဘာသာရပ်ခြောက်ခုစလုံး ပါဝင်သော မေးခွန်းအစုံလိုက်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်ကောက မေးလ်ိုက်၏။

"ဒါတွေက ဆရာအတတ်သင် တက္ကသိုလ်ရဲ့ တွဲဖက် အထက်တန်းကျောင်းက ရတာလား။"

"ဟုတ်တယ်၊ ဒီမနက် အဲ့ဒီမှာ ငါ အလုပ်ကိစ္စလေး ရှိလို့သွားရင်း ဝူဟိုင်ယန်နဲ့တွေ့တော့ သူက ပြောပြလိုက်တာ။"

ဝူဟိုင်ယန်က အမှတ်ကောင်းသူတစ်ဦးဖြစ်ပြီး အလုပ်သင် မဝင်ခင်မှာပင် ဆရာများ၏ အကြံပြုချက်များစွာ ရခဲ့သူဖြစ်သည်။ သူက သူ၏ မူလကျောင်းကို ပြန်ချင်သော်လည်း မကြာခင်မှာပဲ ဆရာအတတ်သင် တက္ကသိုလ်၏ တွဲဖက် အထက်တန်းကျောင်းတွင် အလုပ်သင်ဝင်ခွင့်ရခဲ့သည်။

လင်းချောင်တွင် ကန့်ကွက်စရာမရှိသောကြောင့် ပြုံးလိုက်၏။ "ကျွန်မတို့ သူ့ကို ကျေးဇူးတင်သင့်တယ်။ ဒီစာရွက်တွေက အသစ်အတိုင်းပဲ။ သူ အထူးတောင်းဆိုခဲ့တာ ဖြစ်ရမယ်။"

"ဟုတ်တယ်၊ သူ တောင်းဆိုပေးခဲ့တာ။ သူ့ကို ကူညီပေးတဲ့သူကလည်း သူ့တက္ကသိုလ် ပါမောက္ခရဲ့ ကျောင်းသားတစ်ယောက်ဆိုတော့ သူ့ကို ဂရုတစိုက် လုပ်ပေးလိုက်တာ။"

သိပ္ပံဌာနရုံးခန်းထဲတွင် ဆရာတစ်စုက ဆရာအတတ်သင် တက္ကသိုလ်၏ တွဲဖက်အထက်တန်းကျောင်းမှ နှစ်လယ်စာမေးပွဲ မေးခွန်းလွှာများကို စုပေါင်း စစ်ဆေးခဲ့ကြသည်။ သူတို့က မကြာခင်မှာပဲ ပုံစံအချို့ကို သတိထားမိလာ၏။

"သူတို့ရဲ့ သင်ကြားမှု တိုးတက်နှုန်းက ငါတို့ထက် ပိုမြန်တယ်။ ဒီအကြောင်းကို ငါတို့က လွန်ခဲ့တဲ့နှစ်ရက်ကမှ သင်ပေးထားတာ။"

အဖွဲ့ခေါင်းဆောင်ကောက မေးခွန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ "ဒီမေးခွန်းကလည်း၊ နောက်ဆုံး သုံးခန်းမြောက် သင်ခန်းစာကပဲ။"

သူက သက်ဆိုင်ရာ သင်ထောက်ကူ စာအုပ်ထဲ၌ ထိုမေးခွန်းပါအချက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

ဒါက နေ့ခင်းဘက်တွင် အတူတူ စာသင်ပြီး ညဘက်တွင် ခိုးပြီး စာဖတ်ကာ၊ စာမေးပွဲတိုင်း၌ အမှတ်ပိုကောင်းအောင် ယူနေသော အတန်းဖော်တစ်ယောက်လိုပင်။ နှစ်လယ်စာမေးပွဲများ ပြီးသွားခြင်းဖြစ်သော်လည်း သူတို့က နှစ်ကုန်ပိုင်းမှ အကြောင်းအရာများကိုပါ သင်ပြီးလုနီးပါး ဖြစ်နေခဲ့သည်။ သူတို့က ဘယ်လိုလုပ် မသာလွန်ဘဲ နေမည်လဲ။

လင်းချောင်က စိတ်မပျက်သွားဘဲ အကြံပြုလိုက်၏။ "မေးခွန်းပုံစံတွေကို အာရုံစိုက်ကြရအောင်။ ကျွန်မတို့ မသင်ရသေးတဲ့အရာတွေ ရှိမရှိ ရှာကြည့်ရအောင်။"

သူမ၏ ယခင်ဘဝတွင် စာမေးပွဲများက ဒီထက်ပိုပြင်းထန်ခဲ့သည်။ အထက်တန်းကျောင်း အင်္ဂလိပ်စာကို အလယ်တန်း ကျောင်းဝင်ခွင့် စာမေးပွဲတွင် ထည့်မေးခြင်းမျိုးတောင် ရှိခဲ့ဖူး၏။ ဘယ်သူ ယုံနိုင်မည်လဲ။

သူတို့ စာရွက်များကို ဒုတိယအကြိမ် စစ်ဆေးနေတုန်း တစ်စုံတစ်ယောက်က တံခါးလာခေါက်၏။

"လင်းချောင် ရှိလား။"

လင်းချောင်က အသံကို မှတ်မိပြီး လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ရှိပါတယ်။"

တံခါးဖွင့်လိုက်ရာ တကယ်ပဲ ကျိသော်၏ ယာဉ်မောင်း ရှောင်ဖန်းဖြစ်နေခဲ့၏။

ရှောင်ဖန်းက ထူထဲသော အညိုရောင်စာအိတ်တစ်အိတ်ကို ကမ်းပေးလာ၏။"ကပ္ပတိန်ကျိက ဒါကို လာပို့ပေးခိုင်းလို့ပါ။"

"ကျေးဇူးပါ။"

လင်းချောင် စာအိတ်ကို ယူလိုက်၏။ ဒါက သူမ ရွှီလီကို အကူအညီတောင်းထားသည့် စာမေးပွဲမေးခွန်းလွှာများ ဖြစ်မည်ဟု သူမ ခန့်မှန်းမိလိုက်သည်။

All Chapters