← Chapters

အခန်း (၈၉)

Vol. 8 Ch. 89

အခန်း (၈၉)

Vol. 8 Ch. 89

စာအိတ်ကို ဖွင့်လိုက်ရာ တကယ်ပဲ စာမေးပွဲမေးခွန်းလွှာများ အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ မြန်ဆန်မှုက အထင်ကြီးစရာ ကောင်းသလို အရေအတွက်ကလည်း...

လင်းချောင် အပေါ်ဆုံးမှ စာရွက်များကို ကောက်ယူလိုက်ရာ အပြင်ဘက်တွင် "ရန်မင်တက္ကသိုလ်၏ တွဲဖက် အထက်တန်းကျောင်း" ဟု အညွှန်းစာရေးထားသည်ကို တွေ့လိုက်ရ၏။ ဒါက သိပ္ပံဘာသာရပ် ခြောက်ခုသာမကဘဲ လူမှုရေးဘာသာရပ်များပါ ပါဝင်နေသောမေးခွန်းများဖြစ်သည်။

အောက်တွင်တော့ ဆရာအတတ်သင် တက္ကသိုလ်၏ တွဲဖက် အထက်တန်းကျောင်းနှင့် အမှတ် ၁၄ အလယ်တန်းကျောင်းမှ စာရွက်များပါဝင်၏။ အညွှန်းအချို့က ရွှီလီ၏ လက်ရေးဖြစ်မှန်း သိသာသော်လည်း နောက်ထပ် နှစ်ခုကတော့...

လင်းချောင် အံ့အားသင့်နေခဲ့ပြီး ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်ကောက ပြောလိုက်၏။

"ဒါက အမှတ် ၂၁ အလယ်တန်းကျောင်းက မဟုတ်ဘူးလား။ သူတို့က စာရွက်စာတမ်းတွေကို ဘယ်သူ့ကိုမှ မပေးလောက်ဘူးလို့ထင်ထားတာ။"

အမှတ် ၂၁ အလယ်တန်းကျောင်း၏ သိပ္ပံဌာနမှူးက မေးခွန်းစာရွက်များကို အစပိုင်းတွင် မပေးချင်ခဲ့သော်လည်း လာတောင်းသူက သြဇာအလွန်ကြီးမားနေခဲ့သည်။

ယန်ဒူတွင် အရင်က မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ ရှိခဲ့သော်လည်း ပြန်လည်ထူထောင်ကာလပြီးမှသာ ပြည့်စုံသော ပညာရေးစနစ်ကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှိပြီးသားကျောင်းအားလုံးကို ပြန်လည်ဖွဲ့စည်းပြီး မူလတန်းနှင့် အလယ်တန်းကျောင်းသစ်များ အများကြီး ဆောက်ခဲ့သည်။ ဆင်းရဲသည့်မိသားစုမှ ကလေးအများစုသည် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှသာ ကျောင်းစတက်ခဲ့ရပြီး ရှစ်နှစ်၊ ကိုးနှစ်သားများနှင့် ဆယ်ကျော်သက်များသည် တစ်ခန်းတည်း အတူတူရှိနေခဲ့ကြသည်။ အချို့ဆိုလျှင် ကျောင်းမှပါထွက်ပြီး အိမ်ထောင်ပြုခဲ့ကြရသည်။

အမှတ် ၂၁ အလယ်တန်းကျောင်းသည်လည်း ထိုသို့သော အသစ်ထူထောင်ခဲ့သည့် ကျောင်းများထဲက တစ်ခုဖြစ်သည်။ သက်တမ်းရင့်ကျောင်းများကဲ့သို့ နက်ရှိုင်းသည့် အမွေအနှစ်များ မရှိခဲ့သော်လည်း ထူးချွန်သော ဝါရင့်ဆရာအဖွဲ့ကြောင့် မြို့တွင်းအဆင့်ဆယ်နေရာထဲတွင် ပါဝင်နိုင်ခဲ့သည်။

ဒီဆရာများ အငြိမ်းစားယူပြီးနောက်တွင်တောင် သူတို့၏ တပည့်များက အမှတ် ၂၁ အလယ်တန်းကျောင်းတွင် ဆက်ပညာသင်ပေးနေကြသည်။ စာရွက်များ တောင်းခဲ့သူကတော့ ထိုကျောင်း စတင်ထူထောင်ချိန်ကတည်းက ပါဝင်ခဲ့သော ပထမဆုံး ထူးချွန်ဆရာများထဲက တစ်ဦးဖြစ်ပြီး ဌာနမှူး၏ ဆရာလည်း ဖြစ်၏။

သူ ငြင်းနိုင်မည်တဲ့လား။ သူက မေးခွန်းစာရွက်များကို အမြန်ဆုံး စုစည်းပြီး ပေးအပ်ခဲ့သည်။

စာရွက်များ ပေးပြီးသည့်နောက်မှာတော့ သူက မနေနိုင်ဘဲ မေးလိုက်၏။

"ဘာလို့ ရုတ်တရက်ကြီး ဒါတွေကို လိုချင်ရတာလဲခင်ဗျ။"

"ငါ ကြည့်လို့ မရဘူးလား။"

အဘိုးကြီးက သူ့ကို ဖြည်းဖြည်းချင်း ကြည့်လိုက်၏။ "အရင်က ငါ တစ်ခါမှမရခဲ့ဘူးလေ။ ငါတို့ကျောင်းက စာရွက်တွေက နိုင်ငံတော်လျှို့ဝှက်ချက် ဖြစ်နေပြီလို့တောင် ငါထင်ခဲ့တာ။"

ယခု ထိုမေးခွန်းစာရွက်အစုလိုက်က လင်းချောင်၏ စားပွဲပေါ် ရောက်နေခဲ့ပြီဖြစ်သည်။ လင်းချောင်က သိပ္ပံဘာသာရပ်စာရွက်များကို ချက်ချင်း ဝေပေးလိုက်၏။

အတန်းသုံး၏ အတန်းပိုင်ဆရာက သင်္ချာစာရွက်များကို ယူပြီး ရယ်လိုက်၏။ "ငါ အဖွဲ့ခေါင်းဆောင်ကောဆီက အကျိုးမခံစားခဲ့ရပေမဲ့ မင်းဆီကတော့ ရခဲ့တာပဲ။"

"ဘာကွာခြားလို့လဲ။"

အဖွဲ့ခေါင်းဆောင်ကောက ဂရုမစိုက်ဘဲ လင်းချောင်ပေးသည့် ဓာတုဗေဒစာရွက်ကို စတင်ကြည့်ရှုလိုက်သည်။

"မဆိုးဘူးပဲ။ သူတို့ရဲ့ တိုးတက်မှုက ငါတို့ထက် သိပ်မမြန်ပါဘူး။"

အဖွဲ့ခေါင်းဆောင်ကောက စာရွက်ကို လျင်မြန်စွာ ဖတ်ပြီး လက်ညှိုးနှင့် ခေါက်လိုက်၏။

"ဒါကို အရင်စစ်ကြည့်ရမယ်။"

လင်းချောင်က သူ စိတ်ဆုံးဖြတ်ထားမှန်းသိ၏။ "ကောင်းပြီ၊ ဆရာ အချိန်ရွေးလိုက်ပါ၊ တန်းခွဲလေးခုလုံးကို တစ်ပြိုင်တည်း စစ်ကြည့်မယ်။"

သူမက တခြားကျောင်းများ၏ စာရွက်များကိုပါ ဝေပေးရန် လုပ်နေတုန်း အတန်းသုံး၏ အတန်းပိုင်က လက်ကာပြလိုက်၏။

"တစ်ကြိမ်ကို တစ်ခုပဲကြည့်ကြမယ်။ မင်း ဒါတွေကို စနစ်တကျ မရှုပွရအောင် သိမ်းထားလိုက်ပါ။"

"လိုတဲ့သူ ယူလို့ရအောင် စားပွဲပေါ်မှာပဲ ထားခဲ့လိုက်မယ်။"

လင်းချောင်က ထိုသို့ပြောပြီး သိပ္ပံဘာသာရပ် မေးခွန်းစာရွက်များကို စာအိတ်ထဲ ပြန်ထည့်လိုက်သည်။

သူမက လူမှုရေးဘာသာရပ်စာရွက်များကို လူမှုရေးဘာသာရပ်ရုံးခန်းထံ ယူသွားပေးရန် လုပ်နေတုန်း ဒုကျောင်းအုပ်ကြီးချီက စားပွဲပေါ်ကျန်ခဲ့သော မှတ်စုလေးတစ်ခုကို ကောက်ယူလိုက်သည်။

"ဒါက ဘယ်သူ ရေးထားတာလဲ။"

သူက သိပ္ပံဘာသာရပ် သင်ကြားသော်လည်း လက်ရေးလှဝါသနာပါသူ ဖြစ်သောကြောင့် လှပသည့်လက်ရေးကို မြင်သောအခါ ဤသို့မေးခြင်းဖြစ်သည်။

လင်းချောင် ထိုအကြောင်း မေ့နေခဲ့သော်လည်း သူ့မေးခွန်းကြောင့် ပြန်သတိရသွားခဲ့၏။ "ကျွန်မရဲ့ခင်ပွန်း ရေးထားတာပါ။"

ဒါကြောင့် သူမ အစောပိုင်းက အံ့ဩသွားခဲ့ခြင်းဖြစ်သည်။ သူမက ရွှီလီထံသာ စာရွက်များ တောင်းခဲ့သည်ဖြစ်၍ ကျိသော်၏လက်ရေးက ဒီနေရာတွင် ရှိမနေသင့်ပေ။

"ကပ္ပတိန်ကျိရဲ့ လက်ရေးက အထင်ကြီးစရာပဲ။"

လက်ရေးလှအကြောင်း သိပ်မသိသော အဖွဲ့ခေါင်းဆောင်ကောတောင် မှတ်ချက်ပေးမိခဲ့သည်။ လက်ရေးလှအကြောင်း သိသော ဒုကျောင်းအုပ်ချီက ထပ်ပြောလိုက်၏။

"ဟုတ်တယ်။ စုတ်ချက်တွေက အားပါတယ်၊ ခမ်းနားတယ်၊ စာကြောင်းတစ်ခုနဲ့ တစ်ခုကြား အရှိန်အဟုန်ကလည်း အားကောင်းတယ်၊ အမိန့်ပေးရာထူးမှာရှိတဲ့သူတစ်ယောက်ဆီက ဒီလိုကောင်းတဲ့လက်ရေးမျိုးကို တကယ်တွေ့ရခဲတယ်။"

ဘယ်လိုဖြစ်ဖြစ် အမိန့်ပေးရာထူးဆိုသည်မှာ စစ်သားများနှင့်သာ အဓိက ဆက်ဆံရပြီး၊ စာရေးဝန်ထမ်းများကဲ့သို့ စာရွက်စာတမ်းများ အမြဲရေးနေစရာမလိုသော ရာထူးနေရာဖြစ်သည်။ သို့ရာတွင် ကျ်ိသော်၏ မိခင်က ဘယ်သူလဲဆိုသည်ကို ထည့်စဉ်းစားလျှင်တော့ အဓိပ္ပာယ်ရှိ၏။ ရွှီလီသည် ဝါရင့်ဆရာမ တစ်ဦးသာမကဘဲ စာပေပညာရှင် မိသားစုမှ ဆင်းသက်လာသူလည်း ဖြစ်သည်။

လင်းချောင်က လူမှုရေးဘာသာရပ် ရုံးခန်းထံ စာရွက်များ ပို့ပေးလိုက်သည့်အခါ ထိုနေရာမှ ဆရာများကလည်း ဝမ်းသာအားရ ဖြစ်ပြီး ကျေးဇူးတင်စကား ထပ်ခါတလဲလဲ ပြောခဲ့ကြ၏။

"မင်းကတော့ အမြဲတမ်း နည်းလမ်းရှာတတ်တာပဲ။ ငါတို့လည်း ဒါကိုရှာဖို့ စဉ်းစားနေကြတာ။"

ကျောင်းရော အတန်းပါတူသည့် ရုံးခန်းနှစ်ခုကြားတွင် သတင်းက အမြန်ပြန့်နှံ့သွားခဲ့သည်။ သူတို့ကလည်း လင်းချောင်၏ အကြံကို အလွန်ကောင်းသည်ဟု ထင်မြင်ကြ၏။

သူတို့အားလုံးက မေးခွန်းစာရွက်များကို ဘယ်လိုရအောင် ယူရမလဲ တွေးနေချိန်တွင် လင်းချောင်ကတော့ အဆင့်အမြင့်ဆုံးကျောင်းများမှ စာရွက်များအားလုံးကို ရရှိခဲ့ပြီးသား ဖြစ်နေခဲ့သည်။

ဆရာပိုင်ကလည်း သက်ပြင်းချလိုက်၏။ "နှိုင်းယှဉ်ရင်တော့ နာကျင်ရမှာပဲ။ သူမမှာလည်း သူမရဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ရှိသလို သူမယောက္ခမတွေကလည်း အရမ်းစွမ်းဆောင်နိုင်ကြတယ်လေ။"

လင်းချောင် လူမှုရေးဘာသာရပ်ရုံးခန်းမှ ပြန်ရောက်လာသည့်အခါ အဖွဲ့ခေါင်းဆောင်ကောက အမှတ် ၂၁ အလယ်တန်းကျောင်း၏ မေးခွန်းစာရွက်များကို ပုံနှိပ်စက်ရုံသို့ ယူသွားရန်အတွက် အလျင်လိုနေပြီဖြစ်သည်။ သူ၏ အရပ်ရှည်သော ပုံပန်းသဏ္ဌာန်အောက်တွင် ခေတ်ဟောင်း စက်ဘီးအမြင့်ကြီးက သေးငယ်နေပြီး စီးနင်းရန်အတွက် ခါးကို ကုန်းထားရသည်။

လင်းချောင် ပြတင်းပေါက်မှကြည့်လိုက်ရာ ခပ်လှမ်းလှမ်းတွင် သူ့ကို မြင်လိုက်ရပြီး သူမကလည်း အလုပ်ဆင်းချိန်အတွက် ပစ္စည်းများ သိမ်းရန် ပြင်ဆင်လိုက်သည်။ စားပွဲပေါ် ရှိနေသည့် ကျိသော်၏မှတ်စုလေးကို သတိပြုမိပြီး အိမ်ကို ယူသွားမည့် စာအုပ်ကြားထဲ ထည့်လိုက်၏။

သူမ မေးခွန်းမထုတ်ရသေးမီ အိမ်သို့ပြန်ရောက်သည်နှင့် ကားထဲမှ ဆင်းလာသော ကျိသော်နှင့် ဆုံလိုက်ရ၏။ သူက သော့ကိုကိုင်ထားလျက် ဂိတ်တံခါးဖွင့်ရန် ရပ်နေခဲ့သည်။ သူမကို မြင်တော့ ခေတ္တရပ်သွားခဲ့၏။

"ကိုယ် ဆေးရုံသွားမလို့။ လိုက်ခဲ့ဦးမလား။"

"အဘိုးကုကို သွားတွေ့မလို့လား။"

လင်းချောင် ခဏကြာစဉ်းစားလိုက်ပြီး လက်ထဲမှ စာအုပ်များကို မလိုက်၏။ "ခဏစောင့်ပါဦး၊ ဒါတွေကို အထဲအရင် သွင်းလိုက်မယ်။"

သူမက နောက်ဆုံးအကြိမ် ဆေးရုံသွားပြီးကတည်းက အလုပ်ရှုပ်နေခဲ့သောကြောင့် အဘိုးကုထံ သွားမတွေ့နိုင်ခဲ့သော်လည်း အဘိုးကုက ကျိသော်ထံမှ တစ်ဆင့် လက်ဆောင်ပို့ပေးခဲ့သည်။

အလွန်တန်ဖိုးရှိသော နဂါးပုံ ထွင်းထားသည့် ရွှေလက်ကောက်အစုံလိုက်ဖြစ်ပြီး အလေးချိန်လည်းရှိကာ ရှေးဟောင်းပစ္စည်း ဖြစ်ပုံပေါ်သည်။ လင်းချောင်က အဘိုးကုကို ကျေးဇူးတင်စကားပြောရန်နှင့် သူ့ကျန်းမာရေးကို မေးမြန်းသတင်းမေးသင့်သည်ဟု ခံစားမိသည်။

ကျိသော် သူမထံမှ စာအုပ်များကို ယူပြီး လျင်မြန်စွာ အထဲသို့ သယ်သွားလိုက်သည်။

သူ၏ ခြေတံရှည်များကြောင့် ကျိသော်က လင်းချောင်ထက် ပိုမြန်၏။ စာအုပ်များကိုထားပြီး တံခါးသော့ခတ်ပြီးနောက် လင်းချောင်က အဘိုးကု၏ တူဖြစ်သူအကြောင်း မေးလိုက်၏။

"သူတို့ကို ဇာတိပြန်ပို့လိုက်ပြီ။"

လိုအပ်သော မေးခွန်းများအားလုံးကို မေးပြီးပြီဖြစ်သောကြောင့် သူတို့ကို ဆက်ထိန်းသိမ်းထား၍ မရနိုင်ပေ။ သို့သော် ကျိသော်က ဆက်ပြောလိုက်၏။

"လူတစ်ယောက်ကိုတော့ သူတို့ကို စောင့်ကြည့်ဖို့ လွှတ်ထားတယ်။"

လင်းချောင်က ထပ်မမေးတော့ပေ။ သူတို့ ကားထဲဝင်၊ စားသောက်ဆိုင်တွင် ညစာစားပြီးနောက် အဘိုးကုရှိရာ စစ်ဆေးရုံထံ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။

အဘိုးကုက အရင်ကထက် အများကြီး သက်သာနေပုံရ၏။ သူတို့ ဝင်သွားချိန်တွင် ခုတင်ခေါင်းရင်းကိုမှီပြီး အစ်မကြီးတု စိပ်ပေးထားသော ပန်းသီးကို စားနေ၏။

သူတို့ကို မြင်တော့ အစ်မကြီးတုကို တခြားပန်းသီးတစ်လုံး ထပ်ပြင်ပေးရန် အမြန်ပြောလိုက်သော်လည်း လင်းချောင်က ပြောလိုက်၏။

"စိတ်မပူပါနဲ့။ ကျွန်မတို့ မလာခင်က ထမင်းစားလာပြီးသားပါ။"

သူမက အဘိုးကု၏ ကျန်းမာရေးအကြောင်း စုံစမ်းမေးမြန်းခဲ့သည်။

အခက်အခဲများစွာကို ကျော်ဖြတ်ဖူးသည့် အဘိုးကုက ပြဿနာများအပေါ် အရှုံးပေးလိုစိတ်မရှိပေ။

"ငါသာ သူတို့ကြောင့် စိတ်ဆိုးပြီး သေသွားရင် သူတို့ဆန္ဒ ပြည့်သွားမှာပေါ့။ ငါ ကောင်းကောင်းနေရမယ်၊ ရှောင်ကျန်းကိုလည်း ရှာတွေ့ရမယ်၊ ရှောင်ပင်းရဲ့ သေဆုံးမှု နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ပြီးမှပဲ ငါ စိတ်အေးနိုင်မယ်။"

လင်းချောင် သူ့ကို ကျေးဇူးတင်စကား ပြောလိုက်သောအခါ သူက လက်ကာပြလိုက်၏။ "မင်းနဲ့ ရှောင်သော် လက်ထပ်တာကို မြင်ရတာက ငါ့မြေးရဲ့ မင်္ဂလာပွဲကို မြင်ရသလိုပါပဲ။"

သူက ကျိသော်၏ ကလေးဘဝအကြောင်း ရယ်စရာဇာတ်လမ်းအချို့ကိုလည်း ပြောပြခဲ့သေး၏။ "အခု သူ့ရဲ့ တည်ငြိမ်တဲ့ ပုံစံကိုကြည့်ပြီး အထင်မမှားနဲ့ဦး။ ကလေးဘဝတုန်းကတော့ သူက ဒီဝင်းထဲမှာ ဆိုးသွမ်းခဲ့တဲ့ လူဆိုးလေးပဲ။"

ကျိသော်? ဆိုးသွမ်းတဲ့ လူဆိုးလေး?

လင်းချောင် မယုံနိုင်ဖြစ်ပြီး ကျိသော်ကို လှည့်ကြည့်လိုက်ရာ သူက ပုံမှန်အတိုင်းပဲ ရှိနေပြီး အဘိုးကုကို မေးလိုက်၏။ "ရေသောက်ချင်လား။"

"အကြောင်းအရာ မပြောင်းစမ်းပါနဲ့။"

အဘိုးကုက သူ့အတွေးကို ရိပ်မိပြီး ပြောလိုက်၏။ သူက လင်းချောင်ကို ပြုံးပြလိုက်သည်။ "ရှောင်ကျန်းရဲ့ အမေက မီးဖွားရင်း သေသွားတာမို့လို့ ငါကပဲ သူမကို ပြုစုပျိုးထောင်ခဲ့ရတယ်။ ငါတို့နောက်ကွယ်မှာ ကောလာဟလတွေ အများကြီးရှိခဲ့တယ်။ ရှောင်သော်နဲ့ စူးကျန့်တို့က သူမ အနိုင်ကျင့်ခံရတဲ့အခါတိုင်း အရင်ဆုံး ကာကွယ်ပေးခဲ့တဲ့သူတွေပဲ။"

အဘိုးကုက ခုတင်ကိုမှီပြီး အတိတ်ကို ပြန်ပြောပြနေ၏။ "တစ်ခါကဆိုရင် လူတစ်ယောက်က ငါတို့ကို အရင်ရန်လာစတာကို သူမိသားစုတွေက ရှောင်သော်၊ စူးကျန့်နဲ့ ရှောင်ပင်းတို့ကို ဆဲဆိုကြတယ်။ စူးကျန့်ဆို အရိုက်တောင် ခံလိုက်ရတယ်။ ဒါကြောင့် ရှောင်သော်က နည်းဗျူဟာပြောင်းပြီး ကောင်လေးတွေကိုခေါ်ပြီး ညဘက် သူတို့တံခါးရှေ့မှာ တွင်းသွားတူးခဲ့တယ်။"

"တွင်းတူးတယ်။"

လင်းချောင် နားမလည်နိုင်ခဲ့ပေ။

"ဟုတ်တယ်၊ သူတို့က ညဘက်မှာ တွင်းသွားတူးပြီး ရေဖြည့်တယ်၊ ပြီးတော့ တွင်းက်ို နှင်းတွေနဲ့ ဖုံးလိုက်တယ်။ အဲ့ဒီအချိန်က ဆောင်းရာသီဆိုတော့ မျက်နှာပြင်က တစ်ညတည်းနဲ့ ခဲသွားတာပေါ့။"

မျက်နှာပြင်က ခဲသွားသော်လည်း အတွင်းကတော့ မခဲပေ။ ထိုနေရာကို နင်းလိုက်သည်နှင့် အေးစက်စိုစွတ်သော အံ့ဩစရာတစ်ခုကို ကြုံလိုက်ရလိမ့်မည်။

အဘိုးကုက ဆက်ပြောလိုက်၏။ "ထန်မိသားစုက ကောင်လေးက အပြင်ထွက်သွားပြီးတာနဲ့ ငိုပြီး ပြန်လာတယ်။ ဘယ်သူ လုပ်မှန်းလည်း မသ်ိဘူး။ သူ ညက ပေါက်ချွန်း ငှားသွားမှန်းသာ ငါမသိရင်၊ ဘယ်သူမှန်း ငါလည်းခန့်မှန်းမိမှာ မဟုတ်ဘူး။"

ဒီဇာတ်လမ်းက လင်းချောင်၏ ကျိသော်အပေါ် အမြင်ကို ပြောင်းလဲစေခဲ့သည်။ ဆေးရုံမှ ထွက်လာပြီးနောက် သူမ ကျိသော်ကို အကြိမ်ကြိမ် ခိုးကြည့်နေမိသည်။

ကျိသော်က သူမကို ကြည့်ခိုင်းထားပြီး သူမ၏ အကြည့်ကို ပြန်မတုံ့ပြန်သလို ဘာမေးခွန်းမှလည်း မမေးခဲ့ပေ။ ဒါက သူမကို သူ သတိရောထားမိသလားဆိုပြီး တွေးမိစေခဲ့၏။

အိမ်ပြန်ရောက်ပြီး စားပွဲပေါ်မှ စာအုပ်ကိုမြင်လိုက်သောအခါ သူမ တစ်ခုခုကို သတိရသွားခဲ့သည်။ သူမက မှတ်စုကို ထုတ်ယူလိုက်၏။

"ဒါကို ရှင်ကူညီပေးခဲ့တာလား။"

"ကျောင်းအချို့ ပျောက်နေတာ တွေ့ရလို့ မေးကြည့်လိုက်တာ။ ဒီလောက်ဆို လုံလောက်ပြီလား။"

"လုံလောက်ပါပြီ။"

လင်းချောင် ထိုသို့ပြောလိုက်ပြီး သူ ကူညီပေးခဲ့သည့်ကိစ္စကို အံ့သြနေခဲ့သည်။ သူမက စာရွက်များရအောင် ရွှီလီထံ အကူအညီတောင်းထားခြင်းဖြစ်သည်။

သူမ အကူအညီမတောင်းဘဲ စကားအနည်းငယ်ကြားရုံနှင့် သူ အလိုလို ကူညီပေးခဲ့သည်မှာ ဒါက ဒုတိယအကြိမ်ဖြစ်သည်။

လင်းချောင် ဒီလိုမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ သူမယခင်ဘဝမှ မိဘများက အသေးစိတ် အချက်များကို သတိထားမိရန် အလုပ်များလွန်းနေခဲ့သည်။ သူငယ်တန်းမှစ၍ အဆောင်နေခဲ့ရသောကြောင့် မိဘများထက် ဆရာများနှင့်သာ ပိုအချိန်ကုန်ဆုံးခဲ့သည်။ သူမ တစ်ခုခုလိုအပ်သည့်အခါ သူတို့က အငြင်းပွားလျှင်ပွား၊ ရှောင်လွှဲပစ်လျှင်ပစ်လိုက်ကြပြီး အလျင်အမြန် ဖြေရှင်းပေးဖူးသည်မှာ ရှား၏။

ဒါက သူမ၏ ခံစားချက်များကို ရှူပ်ထွေးစေသောကြောင့် သူမ စကားမပြောဘဲ ကျိသော်ကိုသာ ကြည့်နေမိသည်။

ကျိသော်က သူမကို ငုံ့ကြည့်နေ၏။ သူလည်း တိတ်ဆိတ်နေခဲ့သည်။ သူ လင်းချောင်ကို ကူညီသည်မှာ သူဆန္ဒရှိသောကြောင့် ကူညီခြင်းဖြစ်ပြီး ဘာမှ ပြန်မျှော်လင့်ခြင်းမျိုး မရှိပေ။ သို့သော် သူလုပ်ခဲ့သည်ကိုတော့ ဖုံးကွယ်ထားမည် မဟုတ်။

လင်းချောင်က လွတ်လပ်သူ တစ်ယောက်ဖြစ်ပြီး သူတစ်ပါးကို အားကိုးရခြင်းကို မကြိုက်ပေ။ ဒါကလည်း သူမ ယုံကြည်၊ အားကိုးရမည့် လူမရှိခဲ့သောကြောင့်ပင်။ သူမ ယုံကြည်ရမည့်လူ စာရင်းထဲတွင်လည်း သူမပါဝင်ခဲ့ပေ။ အပိုစကားများပြောပြီး သူ့ကို အမြဲတစေ ယုံကြည်နေရန် တောင်းဆိုနေမည့်အစား လုပ်ဆောင်ချက်နှင့် ပြသခြင်းက ပိုကောင်း၏။

ကျိသော်က အလွန်ပွင့်လင်းဖြောင့်မတ်သူဖြစ်ကာ သူ့အကြည့်ကလည်း ပြတ်သားသည်။ ဒါက လင်းချောင်ကို ကျန်းဟွေ့ဖန်၏ ခင်ပွန်းအကြောင်း ပြောပြနေခဲ့ချိန်မှအငွေ့အသက်မျိုးကို သတိရစေခဲ့ပြန်၏။

သို့သော် ထိုရှုပ်ထွေးမှုက သူမ၏ မျက်လုံးများထဲမှ မကြာခင်မှာပဲ ပျောက်ကွယ်သွားခဲ့သည်။ သူမ သူ့ကို ကြည့်ပြီး မျက်တောင်ခတ်လိုက်၏။

"ကျေးဇူးတင်ပါတယ်လို့ ပြောသင့်တာပေါ့နော်။"

သူမကို ကာကွယ်ပေးရန် လုပ်ခြင်းဖြစ်စေ၊ ထိုနေ့က အဘိုးကုကို ကူညီပေးခဲ့သောကြောင့်ဖြစ်စေ သူ့အကူအညီကိုတော့ သူမ အသိအမှတ်ပြုရဦးမည်။

ကျိသော်ကတော့ နားထောင်နေရင်း အတွေးတစ်ခုတည်းက သူ့စိတ်ထဲ ဖြတ်ပြေးနေ၏။

"ဒီကောင်မလေးက ကျေးဇူးတင်ပါတယ် လို့ပဲ ပြောတတ်တာလား။"

သူက သူ့ရှပ်အင်္ကျီမှ ပထမဆုံး ကြယ်သီးကို ဖြုတ်လိုက်ပြီး ခုံကိုမှီလိုက်သည်။ "မင်း ကိုယ့်ကို အဲ့ဒီလို စကားမျိုး ပြောဖူးတာကို ကိုယ်မမှတ်မိဘူး။"

ဒါက ခံစားချက်တစ်ခုကို ပေါ်ထွက်လာစေခဲ့၏။ လင်းချောင် ခဏလောက် စဉ်းစားပြီး ခြေဖျားထောက်ကာ သူ့မေးစေ့ကို နမ်းလိုက်၏။ ဒီအနမ်းက အလွန်ပေါ့ပါးသော်လည်း ကျိသော်၏ မျက်လုံးများက ချက်ချင်း နက်ရှိုင်းသွား၏။ သူက သူမကို ဆွဲယူပြီး ပြန်နမ်းလိုက်သည်။

လင်းချောင်နှင့်နှိုင်းယှဉ်ရင် သူ၏ ချဉ်းကပ်ပုံက ပိုပြီးအတည်ပြုသည့် ပုံစံရှိသည်။ မကြာခင်မှာပဲ လင်းချောင်၏ သိမ်မွေ့သော သက်ပြင်းချသံများက အခန်းထဲ ပြည့်သွားခဲ့သည်။

"ရှင့်အင်္ကျီ ပြုတ်ကျသွားပြီ။"

"နောက်မှ ကောက်လိုက်မယ်။"

"မီး! မီးက အခုထိ ဖွင့်ထားတုန်းပဲ!"

တုံ့ပြန်မှုကတော့ အခန်းထဲ ချက်ချင်းဆိုသလို မှောင်မဲသွားခြင်းပင်။

သူမ၏ အမြင်အာရုံထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး အိပ်ရာပေါ် ဖိမိလိုက်သောအခါ လင်းချောင် ရုတ်တရက် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရ၏။

"ခဏလေး နေပါဦး!"

သူမက သူ၏ မာကျောသော ရင်ဘတ်ကို တွန်းလိုက်၏။

"ကျွန်မ ဓမ္မတာလာပြီ ထင်တယ်။"

သူမ နောက်ဆုံးအကြိမ် ဤသို့ပြောခဲ့ခြင်းက သူ့ကို လှည့်စားခြင်းဖြစ်သောကြောင့် ကျိသော် ဆက်နမ်းနေခဲ့သည်။

"ကျွန်မ တကယ်ပြောတာပါ။"

ဒီတစ်ကြိမ်မှာတော့ လင်းချောင်က သူ့ကိုတွန်းထုတ်ပြီး အပေါ်ဝတ်အင်္ကျီကို ဆွဲယူကာ ရေချိုးခန်းထဲသို့ ပြေးသွားလ်ိုက်၏။

သူမပြန်လာတော့ လစဉ်သုံးပစ္စည်းက တကယ်ကို ပျောက်သွားခဲ့ပြီဖြစ်သည်။ ကျိသော် သူမကို အချိန်အတော်ကြာ ကြည့်နေခဲ့ပြီးနောက် စိတ်လျှော့ကာ အဝတ်အစားပါးပါးလေးသာရှိသော သူမကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။

"အိပ်ကြစို့။"

သူ့ခန္ဓာကိုယ်က အလွန်နွေးထွေး၏။ လင်းချောင်က သူ့ရင်ခွင်ထဲ တိုးဝင်၍ ယခုနကဝတ်ထားခဲ့သော အပေါ်ဝတ်အင်္ကျီကိုချွတ်ပြီး ကုတင်ဘေးမှ ထိုင်ခုံပေါ် ပစ်တင်လိုက်ကာ မီးပိတ်လိုက်၏။ သူ့ရင်ခွင်ထဲတွင် အလျင်အမြန် အိပ်ပျော်နေကြဖြစ်ပြီး သူမက ခြေထောက်များကို သူ့ခြေထောက်များကြား ထည့်လိုက်သည်။

ကျိသော် စိတ်မတည်ငြိမ်သေးဘဲ သူမ၏ ခြေထောက်သေးသေးလေးများကို တင်းတင်းဆုပ်ကိုင်ကာ စောင်အပေါ်မှ သူမ၏တင်ပါးကို ပုတ်လိုက်၏။

"မရှုပ်နဲ့နော်။"

"ဘယ်လိုများ ရှုပ်နေလို့လဲ။"

လင်းချောင်က လုံးဝ မကျေမနပ်ဖြစ်သွားပြီး ပိုနွေးသောနေရာကို ရှာပြီး ရွှေ့လိုက်သည်။

All Chapters